Thursday, January 31, 2008

ကျောင်းသားဖွဲ့တဲ့သမဂ္ဂ

(ဗသြ)

လူတွေအဖွဲ့အစည်း၊ အသင်းအပင်း ဖွဲ့စည်းတတ်၊ ထူထောင်တတ်တယ်ဆိုတာ လူ့အဖွဲ့အစည်းရဲ့ တိုးတက်မှုတရပ်ဖြစ်တယ်။ နောက်ပြီး ဒီလိုဖွဲ့စည်းတာဟာ လိုအပ်မှုကြောင့်လည်းဖြစ်တယ်။ တနည်း- ပကတိအခြေအနေရဲ့ တောင်းဆိုမှုကြောင့်လည်း ဖြစ်တယ်။ဗမာပြည်မှာ ဒီနေ့လိုအဓိပ္ပါယ်ဆောင်တဲ့ ကျောင်းဆိုတာက ကုန်းဘောင်ခေတ်ကုန်ကာနီးမှာမှ သာသနာပြုတွေကြောင့် ပေါ်လာတာ။

ကျောင်းသားဦးရေမများသေးတဲ့အဲဒီကာလမှာ သမဂ္ဂဖွဲ့စရာမလိုဘူး။ အဲဒီတုန်းက ကိုလိုနီစနစ်ဆန့်ကျင်ရေး၊ ကျောင်း သားအခွင့်အရေး ကာကွယ်ရေး စတာတွေလည်းမရှိသေးဘူး။ နောက်ပိုင်းမှာ နိုင်ငံအနှံ့ကျောင်းတွေအမြောက်အမြား ပေါ်လာမှ၊ တက္ကသိုလ်အပါ ပညာရေးလောက အတောင်အလက်စုံလာပြီးမှ ပေါ်လာတာဖြစ်တယ်။

ဗမာပြည်ကျောင်းသားသမဂ္ဂဟာ သူ့သမိုင်းနဲ့သူပေါ်ပေါက်တာ။ ၁၉၂၀ခုနှစ် အမျိုးသားသပိတ်ပြီးတဲ့နောက် ကျနရှိနေသေးတဲ့ လုပ်ငန်းတွေအတွက် ပေါ်လာတယ်လို့ဆိုရင်မမှားဘူး။ ဟုတ်တယ်၊ အင်္ဂလိပ်အာဏာပိုင်တွေကတော့ သူတို့ဆီကသမဂ္ဂတွေလို မခုတ်တတ်တဲ့ကြောင်မျိုး ဖြစ်မယ်မျှော်လင့်ခဲ့တာ။ ဒါပေမဲ့ တကယ်ဖြစ်လာတာက ဒေါင်း၊ ခွပ်ဒေါင်း။ အမျိုးသားရေးကိုလည်း ကာ ကွယ်တယ်၊ ဖြစ်သင့်တာတွေအတွက်လည်း တိုက်ပွဲဝင်တယ်။ ဒါကြောင့် ဗမာပြည်က ကျောင်းသားသမဂ္ဂဟာ နိုင်ငံရေးလိုအပ်ချက် အရ ပေါ်လာတာဖြစ်တယ်။ ဗမာပြည်ရဲ့ ထူးခြားတဲ့အခြေအနေအရ ပေါ်လာတာဖြစ်တယ်။ အင်္ဂလိပ်ကိုလိုနီကတော့ သူတို့ လို အပ်တဲ့ အရည်အချင်းပြည့် ဗျူရိုကရက်လောင်းကလေးတွေမွေးမြူနိုင်အောင် သမဂ္ဂတွေဖွဲ့စေလိုက်တာ။ ဒါကို ဗမာပြည်သား ကျောင်းသားတွေက ဗမာပြည်အတွက်လိုအပ်တဲ့ မျိုးချစ်တွေမွေးမြူပေးမယ့် သမဂ္ဂတွေအဖြစ် ဖန်တီးယူခဲ့ကြတာပဲ။

သမဂ္ဂရယ်လို့ တည်တည်ကြည်ကြည်နဲ့ ကျောင်းသားထုအသိအမှတ်ပြုတဲ့ အဖွဲ့အစည်းတခုပေါ်ပြီးတဲ့နောက်မှာ အင်္ဂလိပ် အုပ်စိုးသူဟာ ဗမာပြည်က ကျောင်းသားတွေကို ပေါ့ပေါ့ဆဆမဆက်ဆံရဲတော့ဘူး။ သူတို့မျက်နှာဖြူဆရာတွေကို လက်အုပ်ချီခိုင်း တာမျိုး၊ ဘုရားထူးခိုင်းတာမျိုး မလုပ်ရဲတော့ဘူး။ ကိုလိုနီလက်အောက်ခံတွေလို မဆက်ဆံရဲတော့ဘူး။ နောက်ပြီး ဗမာပြည်နိုင်ငံရေး မှာ မငြင်းပယ်နိုင်တဲ့ အင်အားတရပ်ပေါ်လာပြီဆိုတာလည်း အသိအမှတ်ပြုလာရတယ်။တဘက်မှာလည်း ကျောင်းသားတွေအဖို့ သမဂ္ဂမရှိရင် ဘာမှမရှိဘူး။ အုပ်စိုးသူပြုသမျှနုပေတော့။ ကျောင်းသားချင်း အိုးမဲ သုတ်ပြီးချခိုင်းလည်း ချကြတော့မှာပဲ။ နောက်အရေးကြီးတာက နောင်ဗမာပြည်ရဲ့ ပညာတတ်နဲ့ ခေါင်းဆောင်လုပ်မယ့်လူတွေဟာ သမဂ္ဂမရှိတဲ့အတွက် သမိုင်းဆက်ပြတ်၊ ပြည်ချစ်စိတ်ခေါင်းပါးပြီး သိပ္ပံနည်းကျတဲ့ နိုင်ငံရေးအသိကိုလည်း ရမှာမဟုတ်ဘူး။ စဉ်းစား ကြည့်ပါ။ ကျောင်းသားသမဂ္ဂသာ မရှိခဲ့ရင် သခင်အောင်ဆန်း၊ သခင်ဗဟိန်း စသူတွေဟာ ဗမာပြည်နိုင်ငံရေးဇာတ်ခုံပေါ်ကို ရောက် လာပါ့မလား။ ရောက်လာတယ်ဆိုရင်ရော အဲဒီသမဂ္ဂသမိုင်းမရှိခဲ့ပဲနဲ့ သူတို့ကိုအသိအမှတ်ပြုနေရာပေးပါ့မလား။ ဗမာပြည် နိုင်ငံရေးရဲ့ ထိပ်ပိုင်းမှာ သူတို့သာမပါဘူးဆိုရင် ဘယ်လိုဖြစ်မလဲ။ ကလီယိုပက်ထရာရဲ့ နှာခေါင်းသာ နည်းနည်းပိုရှည်ခဲ့ရင်ဆိုတဲ့ ကိစ္စမျိုးမို့ မဆွေးနွေးတော့ဘူး။

ဒီလိုနဲ့များပြားလှတဲ့တိုက်ပွဲစဉ်တွေ၊ အကျအဆုံးတွေ၊ အာဇာနည်တွေပေါ်ထွက်ခဲ့ပြီးနောက်မှာ သမဂ္ဂဟာ ကျောင်းသားထုရဲ့ တပ်ဦး၊ ကျောင်းသားထုရဲ့ခံကတုတ်။ သမဂ္ဂဟာကျောင်းသားထုရဲ့ဂုဏ်။ နောက်ပြီး နိုင်ငံရဲ့ဂုဏ်၊တမျိုးသားလုံးရဲ့ဂုဏ်ဖြစ်လာတယ်။ လွယ်လွယ်နဲ့တော့ ဒီအဆင့်ရောက်လာတာမဟုတ်ဘူး။ ဗိုလ်အောင်ကျော်၊ မန္တလေးအာဇာနည် ၁၇ဦးစသူတွေရဲ့ အသက် သွေးတွေ၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်းစသူတွေရဲ့ အခန်းတွေ။ နောက်ပြီးခေတ်အဆက်ဆက် သာမာန်ကျောင်းသားတွေက သာမာန်မဟုတ်တဲ့သမိုင်းကို အတူရေးခဲ့ကြလို့ပဲ။ တနည်း ညီညွတ်ခဲ့ကြလို့ပဲ။သမဂ္ဂညီမျှခြင်း ညီညွတ်ခြင်းလို့အဓိပ္ပာယ်ရတယ်။မညီညွတ်ရင်သမဂ္ဂရဲ့အခန်း မထွန်းကားဘူး။ ဗမာပြည်နိုင်ငံရေးမှာ ကွန်မြူ နစ်၊ ဆရှယ်လစ်စသဖြင့် ကွဲကြတယ်ဆိုတာ သမဂ္ဂအပြင်ကို ရောက်မှကွဲကြတာ။ သမဂ္ဂထဲမှာတုန်းက တစိတ်ထဲတ၀မ်းထဲပဲ။ အပြင်ရောက်မှကွဲကြတာလည်းမဆန်းဘူး။ ဒါပေမဲ့ သမဂ္ဂသံယောဇဉ်၊ အရှိန်သြဇာတွေရှိနေတော့ ၁၃၀၀ပြည့်အရေးတော်ပုံမှာ အားလုံးညီညီညွတ်ညွတ်နဲ့ ပါဝင်ဦးဆောင်နိုင်ခဲ့ကြတယ်။

ရှစ်လေးလုံးအရေးတော်ပုံကျတော့ အဲဒီစိတ်ဓာတ်တွေကို ပြန်လှုံ့ဆော်တဲ့အခါမှာ ကျောင်းသမဂ္ဂနဲ့ ၁၃၀၀ပြည့်တုန်းက ပါခဲ့သူတွေအားလုံးလိုလို ပြန်နိုးထလာကြ၊ တတ်နိုင်သလောက် ပါဝင်လာကြတယ်မဟုတ်လား။ သမဂ္ဂမှာပါဝင်လုပ်ကိုင်ဖူးသူတိုင်းကို မေးကြည့်ပါ။ စစ်အုပ်စုနောက်လိုက်ခွေး၊ သစ္စာဖောက်လောက်ကလွဲရင် ဘယ်သူမဆို ကိုယ်လုပ်ခဲ့တာအတွက်- နည်းနည်း များများ- ဂုဏ်ယူနေတာကိုတွေ့ရမှာပဲ။

ဒါကြောင့် ကျောင်းသားအရေး၊ နိုင်ငံ့အရေးကို အလေးထားသူတိုင်းဟာ ကျောင်းသားသမဂ္ဂတည်တံ့ရေးအတွက် လုံးပမ်း ရမယ်။ ဒီတာဝန်ဟာ ကျောင်းသားတွေမှာသာရှိတာမဟုတ်ဘူး။ ကျောင်းသားသမဂ္ဂလိုအပ်မှုကို အမြဲလှုံ့ဆော်နေရမယ်။ ကျောင်း သားသမဂ္ဂ တညရှိရေးအတွက် အမြဲကြံဆလုံးပမ်းနေရမယ်။ ကျောင်းသားသမဂ္ဂတစည်းတလုံးထဲ ရှိရေးကို အမြဲနှလုံးသွင်းထား ရမယ်။ကျောင်းသားသမဂ္ဂဟာ ကိုလိုနီဖိနှိပ်မှုနဲ့ ဂျပန်ဖက်ဆစ်ဖိနှိပ်မှုအောက်မှာ မပျောက်ပျက်ခဲ့ဘူး။ ကမ္ဘာစစ်ကြီးဖြစ်လို့လည်း မပွန်းမပဲ့ဖြတ်သန်းလာခဲ့တယ်။

စစ်အုပ်စုနဲ့ စစ်အစိုးရဟာ အဲဒီကိုလိုနီသမားတွေ၊ ဖက်ဆစ်တွေလုပ်လို့ မအောင်မြင်တဲ့ကိစ္စကို သူတို့ကပိုရက်စက်ပြပြီး အောင်မြင်အောင်ကြိုးစားနေတယ်။ ကျောင်းသားသမဂ္ဂဆိုတာ ဖီနစ်ငှက်လိုပဲ မီးတောက်မီးလျှံအကြားက ပျံတက်လာတာပဲ ဆိုတာ ဒင်းတို နားကိုမလည်နိုင်ဘူး။


Suu Kyi tells Myanmar to "prepare for worst"

YANGON (Reuters) - Detained Myanmar opposition leader Aung San Suu Kyi is frustrated at a lack of talks on political reform with the ruling military junta since last year's bloody crackdown on dissent, her party said on Wednesday.

After a rare meeting between the Nobel peace laureate and leaders of her National League for Democracy (NLD), spokesman Nyan Win said Suu Kyi held out little hope that unprecedented international pressure on the generals would bear fruit.

"Let's hope for the best and prepare for the worst," he quoted her as saying, adding she worried that Wednesday's 90-minute meeting, and another immediately afterwards with junta liaison minister Aung Kyi, might give rise to "false hope".

Suu Kyi, who has been in prison or under house arrest for more than 12 of the last 18 years, also passed on details of her fourth and last encounter with Aung Kyi on January 11.

Nyan Win said she had told Aung Kyi, appointed as go-between after the September crackdown, that talks must include representatives of Myanmar's many ethnic groups, which have been struggling for autonomy or independence for five decades.

Suu Kyi also told her colleagues she feared she was being strung along by the junta, a group of generals who have turned promise-breaking into an art form, not least by ignoring their humiliating 1990 election defeat.

"She is not satisfied with meetings with Aung Kyi and with the lack of any time frame," Nyan Win said.

In another sign of junta intransigence, NLD number two Tin Oo, who like Suu Kyi has been under house arrest since May 2003, was barred from attending the meeting, held at a government guest house under heavy armed guard.

Ever since the crackdown, in which the United Nations says at least 31 people were killed, diplomats from Beijing to London to Washington have been pushing the junta to hold talks with Suu Kyi about moving towards civilian rule.

Despite admitting U.N. special envoy Ibrahim Gambari twice, the generals have failed to embark on any sort of programme of negotiations, and human rights groups say they are continuing to arrest dissidents and democracy activists.

Police arrested a popular political blogger, Nay Phone Latt, at a Yangon Internet cafe on Tuesday, a local journalist who asked not to be named told Reuters.

The U.N.'s Gambari, who wanted to return to Myanmar before the end of 2007, is still waiting for a visa.

Suu Kyi and the NLD won an election landslide in 1990 but were denied power by the military, which has ruled in one form or another since a 1962 coup. During that time, the once-promising economy has collapsed.

(Reporting by Aung Hla Tun, additional reporting by Nikolas Lynn; Editing by Ed Cropley and Roger Crabb)




Tuesday, January 29, 2008


Tibet group: Prince to boycott Games



(CNN) -- Britain's Prince Charles will not attend the opening ceremonies of the 2008 Olympic Games in Beijing in solidarity with a group that campaigns against China's human rights records, the Free Tibet campaign said Monday.

Free Tibet said it had written to the Prince of Wales asking him to stay away from the event, which begins on August 8.A spokeswoman for the Prince of Wales told CNN Monday that his office did not comment on private correspondence, but said, "There are no plans to attend the ceremony.

"The group told the prince -- a long-time supporter of Tibetan leader the Dalai Lama -- that human rights conditions in China and Tibet have deteriorated since the country was awarded the summer sporting showpiece despite its promises to improve them.

"With all that in mind, we asked the prince not to go to the Games because to do so would represent the tacit endorsement of the worsening human rights situation in Tibet," spokesman Matt Whitticase told CNN.

Whitticase said his group received a prompt response from the prince's deputy private secretary, informing it of the prince's decision to stay away.

The Free Tibet Campaign said the letter from the prince's office read:"As you know, His Royal Highness has long taken a close interest in Tibet. You asked if the Prince of Wales would be attending the opening ceremony of the Beijing Olympics in 2008. His Royal Highness will not be attending the ceremony.

"Whitticase said his group was now asking other high-profile leaders to follow the prince's "principled example.

""We feel these Games are destined to become known as the 'Games of Shame'," he said.There was no immediate reaction from Beijing. Earlier this month, a foreign ministry spokeswoman told the state news agency that some groups were trying to politicize the Games "to slur China's image and to put pressure on the Chinese government.

""No country in the world is perfect in human right issues," spokeswoman Jiang Yu told Xinhua. "The Chinese people are enjoying many rights that they have never enjoyed before.

"Prince Charles was embroiled in controversy over China in 2005 when British newspapers published details from one of his private journals, in which he called diplomats from the communist country "appalling old waxworks" following the handover of Hong Kong.

The Free Tibet Campaign, founded 20 years ago, advocates an end to China's occupation of Tibet.

Dalai Lama has called for more autonomy from communist China and asked that it grant Tibetans the freedom to practice their religion.

China claims that it is the rightful and legitimate government of Tibet after its 1951 invasion. It sees the Dalai Lama's work as part of "separatist activities."



Sunday, January 27, 2008

မြန်မာပြည်က Rumbo

art by Mr.creator

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ပြင်းထန်တဲ့စကားလုံးတွေသုံးပြီး ဖိလစ်ပိုင်သမတပြောသွား

ဖိလစ်ပိုင်သမတ မစ္စ်အာရိုယိုက ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗ်စ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးရာညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ပြောဆိုသွားတာပါ။

သူမအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် အကြိမ်ကြိမ်ပြောဆိုခဲ့ဘူးတာဖြစ်ပေမဲ့ အခုတကြိမ်ပြောဆိုရာမှာ ပြင်းထန်တဲ့စကားလုံးတွေ သုံးသွားတာဖြစ်သလို၊ အာဆီယံအဖွဲ့နဲ့ဒေသတွင်းအခြေအနေတွေကိုပါ ထင်ဟတ်ပေါ်လွင်စေတဲ့စကာလုံးတွေကို ပြောဆိုသွားတာဖြစ်တယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလွဲမှု အမြန်ဆုံးမြင်ချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွတ်ပါလို့ ပြောပါတယ်။ ဒီအခြေအနေတွေဖြစ်လာဖို့ အာဆီယံအနေနဲ့ မိမိရပ်တည်ရမဲ့ အနေအထားကိုလည်း သိနေပြီးသားပါလို့ ဆိုပါတယ်။

အာဆီယံဒေသတွင်း အများကောင်းဖို့ ၀ိုင်းသန်းဆောင်ရွတ်တဲ့နေရာမှာ လူ့အခွင့်အရေးနဲ့ပတ်သတ်တဲ့ ဒီမိုကရေစီနည်းလမ်းကျအဆင့်တခုကတော့ အာဆီယံအနေနဲ့ထားရှိဖို့လိုကြောင်း မြန်မာနိုင်ငံမှာ စစ်မှန်တဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်မလာဘူးဆိုရင် ဖိလစ်ပိုင်အနေနဲ့ အာဆီယံအဖွဲ့ ရေးဆွဲပြီးစီးသွားပြီဖြစ်တဲ့ ပဋိဥာဉ်စာတမ်းကို အတည်ပြုဖို့ လတ်မှတ်ရေးထိုးမှာ မဟုတ်ဘူးလို့ပါ သတိပေးလိုက်ပါတယ်။

အာဆီယံအဖွဲ့ ပီပီပြင်ပြင်ဖြစ်လာရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ခက်ခဲတဲ့နည်းလမ်းတွေကို စုပေါင်းရွေးချယ်ကြဖို့လိုအပ်နေပါပြီလို့လည်း သမတ အာရိုယိုက ပြောဆိုသွားပါတယ်။

ယမမင်းနှင့်အကုသိုလ်များ

မင်းရာမ

ယခုတလော ယမမင်းအလုပ်ရှုပ်နေသည်။ လူ့ပြည်မှ မိုးပြဲဒယ်များသစ်သားယောင်းမ၊ ဆီပုံး၊ ဖိုခနောက်နှင့် မီးသွေးများ ငရဲပြည်မှမှာနေရသည်။ လူ့ပြည်တွင် ရသလောက်လိုက်ဝယ်ရန် ညွှန်ကြား ထားပါလျက် အကုန်လည်း လိုက်ဝယ်ပါလျက် အရေအတွက်က မပြည့်သေးသဖြင့် လူယောင်ဖန်ဆင်း ထားသူ ယမမင်း. စေတမန်ကသတင်းပို့လာသည်။

လူ့ပြည်မှာ အခုကျနော်ဈေးလိုက်ဝယ်နေတုံး သံဃာတော်တွေကို သေနတ်နဲ့ပစ်နေသည်။ တုတ်နဲ့ရိုက်နေသည် မည်သို့လုပ်ရမည်နည်း။ ဟူ၏။ ထိုအခါ “ငရဲသနင်း” ယမမင်းက ငါသိတယ်။ ဒါ ကြောင့် အဲဒီကောင်တွေကို အ၀ီစိမှာ ကြော်ဖို့မင်းတို့ကို (ဒယ်အိုးတွေ Instruments) တွေ လိုက်ဝယ် ခိုင်းတာဟု ပြောလေ၏။

ယမမင်း. လူယုံသည် ဒယ်အိုးပေါင်း (၅၃၂၈၈၁၁) လုံးရပြီး စစ်တပ်က ငါးသိန်းပဲရှိတာဆို တော့ လောက်ပြီးလားဟု ဖုန်းဖြင့်အကြောင်းကြားသောအခါ ယမမင်းက ဟေ့ကောင် ရန်ကုန်နဲ့ပျဉ်းမ နားဧရိယာမှာ ဖုန်းမသုံးရဘူး သုံးရင်အန္တရာယ်ရှိတယ်ဆိုတာ မင်းမသိဘူးလား၊ ပြီးတော့ မင်းဝယ် ထားတဲ့ ဒယ်အိုးတွေက သံကြွပ်တွေ။ သံဒယ်အိုးဝယ်ပါဟု ညွှန်ကြားလေသည်။

နောက်ပြီး ဒယ်အိုးကမလောက်သေးဘူး၊ ရဲတွေ၊ ကြံ့ဖွံ့တွေ စွမ်းအားရှင်တွေ၊ အားလုံးအ၀ီစိ ကိုရောက်မှာဆိုတော့ လိုသေးတယ်ဟု အကြောင်းပြန်လိုက်လေ၏။

ထိုကာလမတိုင်ခင် သီတင်းကျွတ်က တပ်ချုပ်ကြီးက ဗိုလ်မောင်အေးကို ဘာဖြစ်လို့သီတင်း ကျွတ်မှာ မီးထွန်းရတာဟုမေးသောအခါ၊ ဂေါတမနတ်ပြည်ကနေ ပြန်ကြွလာမှာမို့လို့ပါဟု ပြော၏။ ဘာသွားလုပ်တာလဲဟု မေးသောအခါ မူးနေသောဗိုလ်မောင်အေးက မသိသဖြင့် Shopping ထွက် တာ၊ ဈေးဝယ်တာဖြစ်မှာပေါ့ဟု ဖြေ၏။ အပေါ်ကနေလာမှာဆိုတော့ မြေပြင်မှဝေဟင်ပစ်အမြောက် များနဲ့ ပစ်ခတ်ပါဟု လေတပ်ဦးစီးမှူး ဗိုလ်မှူးကြီးမောင်မောင်ကြည် (ဆေးခြောက် မောင်ကြည်) က ညွန်ကြားသဖြင့် မှော်ဘီမှဗိုလ်မှူးချုပ် ခင်မောင်တင် (ကျောက်ရူး) နှင့်မိတ္ထီလာမှ ဗိုလ်မှူးချုပ်ဇော်ထွန်း (နံရုံး ဇော်ထွန်း) တို့အလုပ်ရှုပ်ကုန်၏။ မိုးပေါ်သို့ ဘုရားလာမည့်ဘက်ကို လေယာဉ်ပစ်အမြောက်ကြီး များဖြင့် မိုးပေါ်သို့ ရမ်းသမ်းချိန်ရလေ၏။

ကာကွယ်ရေးဦးစီးချုပ်လုပ်သူ မြတ်ဟိန်း (လေမြတ်ဟိန်း) ခေါ် (အတောင်ပံ) ကမေးသောအ ခါ ကြည်း၊လေ ပူးပေါင်းစစ်ဆင်ရေးခံစစ်စီမံချက်ပါဟု ရမ်းသမ်းရွှီးရလေ၏။ ထိုကဲ့သို့ဖြစ်ရသော အကြောင်းရင်းတို၏ နောက်ခံသမိုင်းကား ဤသို့တည်း။

သံဃာတော်များကို ပခုက္ကူမြို့တွင် ရိုက်နှက်သဖြင့် ပေါ်ပေါက်လာသော တနိုင်ငံလုံးငြိမ်းချမ်း စွာ ဆ၌ပြပွဲကြီးကို နှိမ်နှင်းရန်အတွက် ဗိုလ်ချုပ်မောင်အေးက ဗိုလ်ချုပ်များကို အစည်းအဝေးခေါ်၏။ မည်သူမျှ မျက်တောင်မခတ်ရဲ၊ နားရွက်၊ အမြီးမလှုပ်ရဲ။ ကိုမောင်အေးက ဘုန်းကြီးတွေရဲ့ခေါင်းဆောင် ဘယ်သူလဲဟု မေးသောအခါ ဘယ်သူမှ ချက်ချင်းမဖြေနိုင်၊ အားလုံးငြိမ်နေသောအခါ၊ သက်သာလို သက်သာငြားဖြင့် ကိုရွှေမန်း(သူရရွှေမန်း)က ထောက်လှမ်းရေးက ဒုဗိုလ်မှူးကြီးတင့်ဆန်းကို မနက်ဖြန် သံဃာတွေရဲ့ခေါင်းဆောင် (၉) ဦးအမည်စာရင်း လိုချင်တယ်၊ အခုချက်ချင်းလုပ်၊ မနက်ဖြန်မနက် (၈) နာရီလိုချင်တယ်ဟု ညွှန်ကြားလေ၏။

နောက်နေ့မနက် (၈) နာရီထိုးသောအခါ ဒုဗိုလ်မှူးကြီးတင့်ဆန်းကဖိုင်တခုကို ဗိုလ်ချုပ်ရွှေမန်း သို့ပေး၏။ဗိုလ်ချုပ်ရွှေမန်းက ကိုမောင်အေးကိုပေး၏။ ကိုမောင်အေးက ဖွင့်ဖတ်မကြည့်ပဲ တပ်ချုပ်ကြီး စားပွဲပေါ်သို့ တင်ထားလိုက်၏။

(၁၅) မိနစ်ခန့်နေ၍ တပ်ချုပ်ကြီးရောက်၍ဖွင့်ကြည့်သောအခါ သံဃာတော်များ၏ ခေါင်း ဆောင် (၉) ဦးအမည်မှာ ဂေါတမ၊ ရှင်မဟာမောဂ္ဂလာန်၊ ရှင်သာရိပုတ္တရာ။ ရှင်မဟာကဿပ စသည် ဖြင့် ရဟန္တာကြီးများ၏ အမည်များကိုရေးထားသည်ကို တွေ့ရလေ၏။ ထောက်လှမ်းရေးက ကြံရာမရ သဖြင့် ထိုကဲ့သို့ရေးထားသည်ကိုတပ်ချုပ်ကြီးက အားလုံးကိုဖမ်းရန်ဟု ရေးကာလက်မှတ်ထိုးပေး လိုက်သဖြင့် ထောက်လှမ်းရေးများ အချင်းချင်းငိုရမလိုလို ရယ်ရမလိုလိုဖြစ်ကြကုန်၏။

ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာနမှ သင်္ကန်းအစုံ ၁၄၀၀ ကျော်ထုတ်၍ လေ့ကျင့်ရေးအရာ ရှိချုပ် ဒုဗိုလ်ချုပ်ကြီး အောင်ထွေး (စိန်နားကပ် အောင်ထွေး)က ဗထူးတိုက်ခိုက်ရေးကျောင်းမှ ဗိုလ်မှူး အေးသောင်း၏တပ်ဖွဲ့မှလူ ၂၀၀၊ ရေကြောင်းအင်ဂျင်နီယာမှ ဒုဗိုလ်မှူးကြီး ဇော်ဝင်း (ဗူးသီးကျော်ဝင်း) တပ်ဖွဲ့မှ လူ ၄၀၀၊ အင်းတကော်အခြေချယန္တာယားမှ ဗိုလ်မှူးခင်မောင်သိန်းတို့ထံမှ စစ်သားဒရိုင်ဘာ ၆၀၀ ကျော်တို့ကို ကတုံးတုံးကာ ဘုန်းကြီးအတုများလုပ်လေ၏။

စစ်တပ်မှ လွှတ်ထားသော ဘုန်းကြီးအတုများကို ရပ်ကွက်သူများက အစစ်များဟုထင်၏။ အမှန်တကယ်ဆန္ဒပြနေသော သံဃာတော်များ စာသင်သားဆရာတော်များကို ထောက်လှမ်းရေးနှင့် ရဲတပ်ရင်းများက အတုဟုထင်၏။ ရန်ကုန်တိုင်းရဲမင်းကြီးက ဘယ်သူ့ကို သာသနာဝင်မှတ်တမ်း စစ်ရ မှန်းမသိ။ နောက်တနေ့တွင် ရဲမှူးချုပ်သန်းဟန် (ခြောက်ကျပ်သန်းဟန်)က စစ်သားတဖြစ်လဲ သံဃာ တော်အတုများကို တုတ်ဖြင့်ရိုက်၏။ ရပ်ကွက်ထဲကလူများက ဒေါသထွက်ကာ အမှတ် (၆) ရဲတပ်ရင်း မှူးသိန်းထွန်း (၂ လုံးထီသိန်းထွန်း) နှင့်အဖွဲ့ကိုနပမ်းဝင်လုံးကြလေ၏။

အားလုံး ရှုပ်ထွေးကုန်ရခြင်းအကြောင်းရင်းမှာ အတုပြဿနာကြောင့်ဖြစ်၏။ နိုင်ငံခြားသတင်း ထောက်များကို ရဲများက ဓာတ်ပုံဆရာများဟု ထင်၏။ ကားသမားများကို ရဲများက ထောက်လှမ်းရေး သမားများဟု ထင်၏။ အရပ်ဝတ်ရဲများကို နိုင်ငံခြားသတင်းထောက်များက ဈေးသည်များဟု ထင်၏။ စစ်ထောက်လှမ်းရေးများက သံဃာတော်အစစ်များကို ဘုန်းကြီးအတုများဟုထင်၏။ ထိုအခါ အားလုံး ရှုပ်ကုန်လေတော့သည်။ ထိုသို့ဖြစ်နေသည်ကို အရက်သောက်ထားသော တပ်မ (၃၃) လက်အောက်ခံ ခလရ (၁၄)၊ ခလရ (၇၆)၊ ခမရ (၁၁) နဲ့ (၇၇) လက်အောက်ခံ ခမရ (၃၉၁) တို့မှ စစ်သည်များနဲ့ အမှတ် (၆) ရဲတပ်ရင်းမှ ရဲများက သေနတ်ဖြင့်တလစပ် ပစ်တော့လေသည်။

ကုလသမဂ္ဂမှ ဂမ်ဘာရီလာသောအခါ သူရရွှေမန်းက ဦးဇင်း (၂) ပါးချော်လဲတာပါဟု ဖြေ၏။ ဂျပန်ဝန်ကြီးချုပ်ကမေးသောအခါ ဂျပန်သတင်းထောက်သေတာ ဗိုက်အောင့်လို့ပါဟုဖြေ၏။ အာဆီယံ နိုင်ငံများကမေးသောအခါ အခုဖြစ်တာက ဘာမှမဟုတ်ပါဘူး၊ ဟိုဥစ္စာက ဒီဟာပါ၊ ကျနော်တို့ အမျိုး သားညီလာခံကြီးကို ပြီးအောင်လုပ်နေပါတယ်။ အခုဖြစ်တဲ့ဥစ္စာက ဘုန်ကြီး ၄- ၅- ၆ ပါး ပြဿနာ တက်တာပါ ဟီး… ဟီး… ဟီး… ဟု ကိုသိန်းစိန်က ဖြေရှာ၏။

ထိုသို့ ပြဿနာများဖြစ်နေရင်း- အကြမ်းပရမ်းနည်းဖြင့် ဖြေရှင်းနေရင်း ၀န်ကြီးချုပ်ဖြစ်သူ ကိုစိုးဝင်းသေ၍ ယမမင်းထံ ရောက်လာသောအခါ ယမမင်းက ချက်ချင်းကြိုးတုပ်၍ စစ်ကြောရေးပုံစံ ဖြင့်ရိုက်လေ၏။ ထို့နောက် ၃၆ နာရီခန့်ကြာသောအခါ စစ်ထောက်လှမ်းရေးတို့ထုံးစံအတိုင်း ကုလား ထိုင်ပေါ်တွင် ထိုင်ခိုင်းကာ ငရဲကြီး (၈) ထပ်စလုံးမှ ငရဲအရာများ တယောက်တလှည့် စိစစ်ကြလေ၏။ ထို့နောက် ထောင်ထဲက ပုံစံအတိုင်း ပုံစံထိုင်းကာ မဟာအ၀ီစိငရဲတခုလုံးရှိ ငရဲသားများအားလုံးကို “ဗိုလ်စိုးဝင်း”ဆိုတာသူပဲဟုခေါ်ပြလေသည်၊ အကုသိုလ်အများဆုံးထဲက တယောက်ပေါ့ဟု မိတ်ဆက် ပေး၏။

ငရဲပြည်ရောက် အ၀ီစိငရဲရှိ လူအားလုံးကို ကြည့်လိုက်သောအခါ ကိုစိုးဝင်းအလွန် ထိတ်လန့် အံ့သြသွားလေတော့သည်။ ဗိုလ်ချုပ်နေ၀င်း၊ ဗိုလ်ချုပ် သူရကျော်ထင်၊ ကိုစိန်လွင်၊ ဒေါက်တာမောင် မောင်၊ ဗိုလ်စောမောင်၊ ဗိုလ်မြင့်အောင် အပါအ၀င် ‚အကုန်လေးစားခဲ့ရသော ကြည်း၊ ရေ၊ လေမှ ဗိုလ်များနှင့် ရဲချုပ်များသည် မဟာအ၀ီစိငရဲတွင် စီနီယာငရဲသားများအဖြစ် ပြန်လည်တွေ့ဆုံရကြလေ သောကြောင့်ပင်တည်း။ အားလုံး ကုသိုလ်အပေါင်းနှင့် တွေ့ကြံကြပါစေ၊ အတုအစစ်ခွဲခြားနိုင်ကြပါစေ။

သဗ္ဗေသတ္တာ ကီးမားပလာတာ

Saturday, January 26, 2008

ဓမ္မခွန်အား(video)

Burma: Junta Extends War On Bloggers

Press Release: Terry Evans 25 January
Burma: Junta Extends War On Bloggers

Burma’s generals have been rattled by the success of pro-democracy bloggers inside Burma’s borders and beyond. Recently the junta starting fighting back by denying access to well-known blogging sites inside Burma.

Now they have extended the cyber war by setting up bogus sites with similar URLs to overseas pro-democracy blogs, and attempting to redirect site traffic to porn sites. Gmail accounts of pro-democracy bloggers have been hacked and message boards bombarded with pro-junta propaganda. The pro-democracy bloggers are fighting back by gathering evidence of the junta's cyber sabotage to present to the International Internet Authority.
Original Link

Friday, January 25, 2008

စစ်ဘီလူးတို့ ဂတိလားရာ

(ဖတ်ရှုလိုပါက စာပေါ်တွင် တချက်ထပ်ကလစ်ပြီး ဖတ်ပါ)

နိုင်ငံကျော် ကဗျာဆရာကြီး ဦးတင်မိုးကွယ်လွန်ခြင်း (၁)နှစ်ပြည့်အမှတ်တရ

ဒီဗွီဘီ (DVB - http://www.dvb.no/) တေးဂီတအစီအစဉ်မှ တင်ဆက်သော ဂီတထဲက ဘ၀၊ ဘ၀ထဲက ပုံရိပ်အချို့  (ကဗျာဆရာကြီး ဦးတင်မိုး အနုပညာ)။

Thursday, January 24, 2008

တကယ့်ကို မလွယ်ပါလား

ချမ်းမြစိုး ရေးထားပြီး သူ့ ဘလော့မှာ တင်ထားတဲ့ စိုင်းထီးဆိုင်ရဲ့ မန္တလေးရောက် ရှမ်းတယောက် သီချင်း အလိုက်နဲ့ ဆိုရတဲ့ စာသားလေးကို ပြန်လည် မျှဝေလိုက်ပါတယ်။ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ မူရင်း Link ကတော့ ဒီမှာပါ။

လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း
သူတောင်းစား လေးတွေက
တတွတ်တွတ် တောင်းကြတယ်


ရုပ်ရှင်ကြည့်တိုင်းလည်း
ဗုံးပေါက်မလားရယ်ပဲ
ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ်


ဓာတ်ပုံရိုက်တိုင်းလည်း
Police လေးတွေက
အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ်
Bus Car တွေ စီးတိုင်းလည်း
စပယ်ယာလေးတွေက
လက်တဆော့ဆော့နဲ့ လုပ်ကြတယ်

လက်မှတ် ၀ယ်တိုင်းလည်း
အရောင်းသမားလေးတွေက
မှောင်ခိုရှိုတိတ် လုပ်ကြတယ်
ဘုရားတွေ သွားတိုင်းလည်း
ဂေါပက လူကြီးတွေက
ပတ်လည် ချက်စား လုပ်ကြတယ်


လေဆိပ်တွေ ရောက်တိုင်းလည်း
လ၀က လေးတွေက
လက်ဆောင်ပါလား မေးကြတယ်
အမှုတွေဖြစ်တိုင်းလည်း
ရဲရဲ လေးတွေက
လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ်

ကျောင်းတွေ အပ်တိုင်းလည်း
ကျောင်းအုပ်ကြီးတွေက
ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ်
နိုင်ငံခြားကို ရောက်တိုင်းလည်း
အပေါင်းအသင်းလေးတွေက
ဗမာဆို နှာခေါင်း ရှုံ့ကြတယ်

အင်တာနက်တွေ သုံးတိုင်းလည်း
ပြိတ္တာလေးတွေက
အကုန်လုံးနီးပါး ဘန်းကြတယ်
ပွဲတွေလုပ်တိုင်းလည်း
ရပ်ကွက်ရုံးတွေက
တစ်အိမ်တစ်ယောက် လိုက်ကောက်တယ်

စလောင်းတွေကြည့်တိုင်းလည်း
လူ့ငနွားလေးတွေက
အခွန် အခွန်ဆိုပြီး ကောက်ကြတယ်
ဆေးရုံတက်တိုင်းလည်း
ဒေါက်ဒေါက် (ဒေါက်တာ) လေးတွေက
ဆေးဖိုးဝါးခ တောင်းကြတယ်

ကုန်ဈေးနှုန်းတွေ တက်တိုင်းလည်း
ဘဘကြီးတွေက
မဆိုင်သူခေါ်ပြီး နှိပ်စက်တယ်
ဖုံးတွေ ဆက်တိုင်းလည်း
ဖုံးထဲက အသံများ
"လူကြီးမင်း" လို့ အမြဲပြောတယ်
ဖုံး၊ မီတာများလည်း
လျောက်ရတော့တာက
ဒီတစ်နိုင်ငံပဲ ရှိတော့တယ်

ည အိမ်ပြန်တိုင်းလည်း
မီးစက်နှိုးသံများ
တဒုတ်ဒုတ်နဲ့ ကြားရတယ်
အိပ်ရာဝင်တိုင်းလည်း
ရပ်ကွက်သီချင်းများ
မနေနိုင်အောင်ပဲ နှိပ်စက်တယ်

အို ... အိုအို့ ... အိုး

နေရာချင်းတော့ မလဲပါဘူး ... သခင်မျိုးတစ်ယောက် ဖြစ်ရတာ ဂုဏ်ယူပါတယ်ကွာ
ဒါပေမဲ့လည်း ... မြန်မာပြည်မှာ လူဖြစ်ရတဲ့အဖြစ်ဟာ တကယ့်ကို မလွယ်ပါလား


ဒီဇိုင်းကိုမျိုး(၈၈)ရဲ့ ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်ခြင်းတနှစ်ပြည့် အထိမ်းအမှတ် ပို့စကတ်

Wednesday, January 23, 2008

ရဲရဲတောက် ကဗျာဆရာစောဝေ ရေပြေးနိုင်မှလွတ်မယ်။

ကဗျာဆရာစောဝေ၏လက်ရာပြောင်မြောက်သောကဗျာ
ဇန်န၀ါရီ(၂၁)ရက်ထုတ်အချစ်ဂျာနယ်စာမျက်နှာ(၆)တွင်ကဗျာဆရာစောဝေ၏ဖေဖေါ်ဝါရီဆယ့်လေးကဗျာ
အားဖေါ်ပြပါရှိခဲ့သည်ဖြစ်ရာကဗျာ၏တစ်ကြောင်းချင်းထိပ်စီးစာသားများမှာ

အာဏာ(နာ)ရူးကြီးမှူးကြီး
သန်းရွှေ
ဖြစ်နေပါသည်။
ဤကဗျာသည်တိုက်ဆိုင်မှုလေလား၊ တမင်တကာရည်ရွယ်လေသလားဟူသည်မှာ ကဗျာဆရာ၏အရည်အချင်း ပင်ဖြစ်ပါသည်။ သို့သော်လည်းထုတ်ဝေသူနှင့်အယ်ဒီတာများအား စာပေစီစစ်ရေးနှင့်ထောက်လှမ်းရေးမှခေါ်ယူစစ်ဆေးနေပြီး ကဗျာဆရာစောဝေမှာ တိမ်းရှောင်နေသည်ဟုသိရသည်။

........................................................................................................................................
ရန်ကုန်မြို့က အထက်တန်းကျောင်းတွေမှာ ရေပန်းစားနေတဲ့ ကဗျာလေး

သန်းထနေလား
ရွှေတရော်နဲ့ လျှော
ပျောက်ဘူးလား
အေတွမ်တီဝမ်းနဲ့ လျှော်
လိုးရှင်းကို လိမ်း …။ ။

ချီးလေးချီး ခွေးရောင်စုံအငြိမ့် ကြည့်ကြမလားတဲ့ ...

(နစ်နေမန်းဘလော့ဂ်မှ ယူပါသည်)

Tuesday, January 22, 2008

ရုံတင်တော့မည့် ရမ်ဘိုဇာတ်ကားနှင့် သန့်စင်ဦး၏အတွေး


တောင်ကိုရီးယားနိုင်ငံတွင် ကပြဖျော်ဖြေမည့် သီးလေးသီးဆေးရောင်စုံအငြိမ့်ကြော်ငြာ

Monday, January 21, 2008

ရွှေဝါရောင်ဒီလှိုင်းများ အမှတ် ၂ (၅၀မိနစ်)

ရွှေဝါရောင်တော်လှန်ရေး မိနစ် ၅၀စာ ဗွီဒီယိုဖြစ်ပါတယ်။ မမြင်ရ မကြားရသေးတဲ့ မြင်ကွင်းများ အသံများစွာ ပါရှိပါတယ်။ ကြည့်စေလိုပါသည်၊

Sunday, January 20, 2008

စကားလုံးမဲ့တဲ့သစ်ပင်

စိုးနေလင်း

မိုးတွင်းပေမယ့်မိုးသားတိမ်လိပ်ကင်းစင်နေတဲ့ကောင်းကင်ပြင်ဟာအပြာရောင်ရင့်ရင့်နဲ့တခုခု လေးနက်နေသလိုပဲ။

နေ၀င်သွားပေမယ့် အမှောင်ဓာတ်ကရုတ်တရက် လှမ်းမလာသေးဘူး။ ဒါပေမယ့် ခေတ်မှီမြို့ပြရဲ့လျှပ်စစ်မီးအလင်းရောင်ပြိုးပြိုးပြက်ပြက်ကို စပြီးမြင်နေရပြီ။ ခပ်လှမ်းလှမ်းကကောင်းကင်အောက်မှာမိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေး အေရီယယ်တိုင်လေးတွေကလည်း တလက်လက်နဲ့ သူတို့အလုပ် သူတို့လုပ်နေကြတယ်။အချိန်မရွေး ဆက်သွယ်ပါလို့ လှမ်းပြီးမျက်စပစ်နေကြလေရဲ့။

ညနေခင်းလေပြေလေညှင်းက တချက်တချက်ဝေ့ကနဲဝေ့ကနဲတိုက်နေတယ်။ ဒွန်မောင်းလေဆိပ်ဖက်ကမကြာမကြာတက်လာနေတဲ့လေယာဉ်ပျံတွေကိုအချက်ပြမီးရောင်တလက်လက်နဲ့တွေနေရတယ်။အသံကတော့သိပ်မကျယ်လှပါဘူး။

အရင်တုန်းကလို ငါးမိနစ် ဆယ်မိနစ်ခြား တစီးတိုက်ခန်း ပေါ်က ဖြတ်ဖြတ်ပျံနေကြတဲ့ လေယာဉ်ပျံကြီးတွေရဲ့ဆူညံမြည်ဟိန်းတဲ့အသံကြီးတွေကိုမကြားရတော့တဲ့အတွက်ဆူဗာနဗွန်လို့ခေါ်တဲ့လေဆိပ်အသစ်ကြီးကိုကျေးဇူးတင်ရပေလိမ့်မယ်။အသံတွေဟာသိပ်ဆူညံလွန်းနေတော့လည်း အနှောက်အယှက်ဖြစ်ရပြန်တယ်။ အိပ်တန်းဝင်တော့မယ့် ချိုးငှက်နှစ်ကောင်က ခပ်လှမ်းလှမ်းက သစ်ပင်ထိပ်မှာလာနားရင်း ဆည်းဆာရည်ကို နှုတ်ခွန်းဆက်သနေကြပုံရရဲ့။ “အိပ်မက်လှလှမက်ကြပါစေ ချိုးငှက်ကလေးတွေရေ” မိုးလင်းမိုးချုပ် ကျေးငှက်ကလေးတွေရဲ့ အော်မြည်သံကိုအချိန်မရွေးကြားရနိုင်တဲ့ နေရာတခုမှာ ခဏတာခိုနားခွင့်ရထားတာဟာလည်း နည်းတဲ့ကံကြမ္မာမှ မဟုတ်ပဲလေ။အဲဒီလိုတွေးမိပြန်တော့လည်း စိတ်ထဲ မှာ အတော်အတန် ကျေနပ်ကြည်နူးသွားမိတယ်။

ခပ်လှမ်းလှမ်းပန်းရုံဘေးမှာဝပ်နေကြတဲ့ယုန်ကလေးနှစ်ကောင်ရုတ်တရက်ထပြေးသွားကြတယ်။သုတ်ကနဲလေဝှေ့မှာ ပါလာတဲ့ မိုးစက်တွေကြောင့်ပဲထင်ပါရဲ့။ မိုးပွားကလေးတွေ ကျလာပြီ။ ဘန်ကောက်မှာတော့ မိုးရွာ တာဟာ ၀မ်းသာစရာတမျိုးပဲ အနည်းဆုံးတော့ အပူချိန်အတော်အတန် လျှော့ကျသွားနိုင်တယ်မဟုတ်လား။ တီဗွီရီမုကို တချက်အနှိပ်လိုက်မှာ TITVလိုင်းကသတင်းကြေငြာနေတာပေါ်လာတယ်။အော်…သူတို့ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေမူကြမ်းကိုလူထုဆန္ဒခံယူပွဲလုပ်နေကြပြီပဲ။

မင်းသားမင်းသမီးတွေအဆိုတော်တွေမဲဆန္ဒလာပေးနေကြတာကိုပြနေတယ်။အားလုံးပြုံးပြုံးရွှင်ရွှင်နဲ့ထောက်ခံမဲပေးနေကြပုံပဲ သတင်းတကွက်အကူးမှာအနီရောင်တီရှပ်တွေဆင်တူဝတ်ထားကြတဲ့သူတွေအုပ်စုလိုက်လက်တွေမြောက်ပြီးရယ်နေကြတယ်။တီရှပ်ကစာသားကိုကောင်းကောင်းဖတ်လို့ရလိုက်တယ်။ We Vote No ဆိုပါလား။ မူကြမ်းရေးဆွဲရေးကော်မတီက ရေးဆွဲလိုက်တာဆို ပေမယ့်စစ်တပ်ကအာဏာသိမ်းပြီးရေးဆွဲခိုင်းတဲ့ အခြေခံဥပဒေဟာ တရားမ၀င်ဘူး။ဒီမိုကရေစီမပြည့်ဝဘူးဆိုပြီးမထောက်ခံတဲ့သူတွေလည်းအများကြီးရှိနေကြတာပဲ။ ဒီမိုကရေစီကို လေးစားတန်ဘိုးထားတဲ့သူတွေ ရှင်သန်အားကောင်းကြပါစေ…။

မြင်ကွင်းထဲမှာ စုတ် ပြတ်လောင်ကျွမ်းနေတဲ့ မော်တော်ဆိုင်ကယ်တွေနဲ့ လမ်းမပေါ်မှာ ဖယိုဖရဲလဲကျသေဆုံးနေတဲ့သူတချို့။ လက်နက်အပြည့်အစုံနဲ့ စစ်သား တချို့။ ဖိုရင်းဆစ် (Forensic) ရဲတချို့အလုပ်ရှုပ်နေကြတယ်။ဒါဟာနာရာတီဝပ်၊ ပါတာနီ၊ ဒါမှမဟုတ် ယာလာဆိုတဲ့ တောင်ပိုင်းခရိုင် တခုခုမှာ ဗုံးခွဲသတ်ဖြတ်တာ ဒါမှမဟုတ် ခြုံခိုတိုက်ခိုက်တဲ့ သတင်းပဲဖြစ်မယ်။ပြင်းထန်ပြီး မှားယွင်းတဲ့ ယုံကြည်မှုတွေဟာ လူသားတွေကို ဒုက္ခအကြီးအကျယ် ပေးခဲ့ဘူးလှပြီပဲ။ သမိုင်းစာမျက်နှာတွေပေါ်က သင်ခန်းစာတွေကို အသိဥာဏ်ကြီးပါတယ်ဆိုတဲ့ လူသားတွေဘာလို့ မယူချင်ကြသေးတာလဲ။ ဒါမှမဟုတ် သင်ခန်းစာယူရကောင်းမှန်း မသိအောင်ကို မိုက်မဲကြတာပဲလား။ ကိုယ့်နိုင်ငံအကြောင်း ပြန်စဉ်းစား လိုက်မိတော့မှ တို့ဆီကဗုဒ္ဓဘာသာဝင်ဆိုတဲ့ စစ်ဗိုလ်ချုပ်တွေက ပိုပြီးယုတ်မာမိုက်မဲနေကြတာပဲ။ ဘုရားသားတော်တွေဖြစ်တဲ့ သံဃာ တော်တွေကိုတောင် ရက်ရက်စက်စက် ရိုက်နှက်ပစ်ခတ်သတ်ဖြတ်ပစ်ခဲ့ကြပြီပဲ။ ဘာမှထူးပြီး အံ့သြတုန်လှုပ်စရာ မရှိတော့ပါဘူး။ ရ၀မ်ဒါ မှာ၊ အီသီယိုးပီးယားမှာ၊ ဆူဒန်ဒါဖါးမှာ၊ အီရတ်မှာ၊ ပါလက်စတိုင်းမှာအို … ၀မ်းနည်းကြေကွဲစရာသင်ခန်းစာတွေ အနမတ္တ။

အနိဌာရုံမြင်ကွင်းတွေရက်စက်မှုတွေကိုစက်ဆုပ်ရွံရှာနေတဲ့စိတ်ကလက်ကတီဗွီရီမုကိုအလိုလိုပြောင်းခိုင်းလိုက်သလိုပဲ။ထိုင်းတက္ကသိုလ်မှာဘွဲ့နှင်းသဘင်ကျင်းပနေတယ်။မင်းသမီးတပါးက ဘွဲ့လက်မှတ်တွေချီးမြှင့်ပေးနေလေရဲ့။ဘာသံမှမကြားရ။တယောက်ပြီးတယောက်လျှောက်လာ၊ဒူးလေးညွှတ်ပြီးအရိုအသေပြု၊လက်ကလေးတဖက်ထိုးပေးဘွဲ့လက်မှတ်ယူပြီးဆင်းသွား ခဏအတွင်းမှာဘွဲ့ယူသူတွေအများကြီးကိုဘွဲ့လက်မှတ်ချီးမြှင့်ပြီးဖြစ်သွားတယ်။ဘာမှဇာချဲ့မနေကြဘူး။လုပ်ရိုးလုပ်စဉ်နိစဓူဝအလုပ်တခုလုပ်နေသလိုပဲ။ ဘာမှကြီးကြီးကျယ်ကျယ်ပြောမနေသလို ဘာမှလည်းဇာချဲ့နေတာမတွေ့ရဘူး။ ဒါတောင်စဉ်းမျဉ်းခံဘုရင်စနစ်နဲ့ဒီမိုကရေစီဖွံ့ဖြိုးစနိုင်ငံ၊ ဒီမိုကရေစီဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာဆို ဘယ်လောက်လွတ်လပ် သက်သောင့်သက်သာ ရှိလိုက်လေမလဲ။ကောင်းလေစ…။

လေလုံးထွားစကားကြီးစကားကျယ်ပြောဟိတ်ဟန်ထုတ်မဟုတ်တာလုပ်နဲ့အလုပ်ရှုပ်နေကြတဲ့မြန်မာနိုင်ငံကဘုရင်ရူးစစ်ဗိုလ်ချုပ်တွေ။ကိုယ်ကျိုးရှာဖော်လံဖားတွေရဲ့အပြောနဲ့အလုပ်တွေကို ပိုလို့ပိုလို့စက်ဆုပ်ရွံရှာလာမိတယ်။ တော်ပါသေးရဲ့MWDနဲ့MRTVဆိုအတော်ဒေါသ ထွက်နေရပြီ။ပြည်သူတွေကိုအ လိမ်အညာလုပ်ဇာတ်နဲ့သတင်းလိမ်တွေကို လွှင့်ထုတ်လှည့်စားလာခဲ့တာကြာပေါ့၊ တခြားကြည့်စရာ တီဗွီလိုင်းကလည်းမရှိ၊ တခြားအပမ်းဖြေစရာကလည်းမရှိရှာကြသူပြည်သူလူထုခမျာ ကိုယ့်ပိုက်ဆံနဲ့ကိုယ်စိတ်ဆင်းရဲခံကြရရှာတယ်။ကိုယ့်အမျိုးသား ကိုယ့်လူမျိုးနဲ့ပါတ်သက်ပြီး နာနာကျည်းကျည်းခါးခါးသည်းသည်းခံစားလာရတာကြာပြီ။

ဒီလောက်အတွေးအခေါ်ဖောက်ပြန်ညံ့ဖျင်းယုတ်ကန်ပြီးလူမဆန်အောင်ဆိုးသွမ်းနေတဲ့သူတွေကိုယ့်လူမျိုးကိုယ့်အမျိုသားထဲမှာရှိနေတာတိုင်းပြည်ကိုဗိုလ်လုပ်အုပ်ချုပ်ခွင့်ရနေသေးတာကိုက ခံပြင်းဒေါသဖြစ်စရာ၊အလိုမကျစရာဖြစ်လို့နေတော့တယ်။ရာစုနှစ်တ၀က်ကိုတောင်ဖြတ်သန်းခံစားလာခဲ့ကြရပြီ၊ ပြည်သူလူထုလူများစုကြီးကဆင်းရဲဒုက္ခအမှောင်တွင်းနက်ကြီးထဲမှာ ဝေဒနာမျိုးစုံကိုတလူးလူးတလွန့်လွန့်ခံစားအော်ဟစ်နေကြတဲ့အချိန်မှာ လက်တဆုပ်စာစစ်အာဏာရှင်လူနည်းစုနဲ့ဆွေမျိုးသားချင်းတွေ ပြည်သူ့သစ္စာဖောက် အခွင့်အရေးသမား လူစုက ပြည်သူတွေရဲ့ပိုင်ဆိုင်တဲ့ အဖိုးတန်သယံဇာတ ပစ္စည်းတွေကို မောင်ပိုင်စီး အလွဲသုံးစား ကိုယ်ကျိုးရှာစည်းစိမ်ခံစား မာန်တက်နေကြလေရဲ့။ အရှက်မဲ့လိုက်ကြပလေ။

“ဖြောင့်မတ်သောသူတို့သည် အခွင့်ရသောအခါ
ပြည်သူပြည်သားတို့သည် ၀မ်းမြောက်တတ်ကြ၏။
မတရားသော သူတို့သည် အုပ်စိုးသောအခါမူကား
ပြည်သူပြည်သားတို့သည် ၀မ်းနည်းတတ်ကြ၏”
(သုတ္တံကျမ်း ၂၉း ၂)

ပြည်သူတွေဝမ်းပမ်းတနည်း ခဲလေသမျှသဲရေကျဖြစ်ရတဲ့အကြိမ်လည်းမနည်းလှတော့။ မတရားသောသူတို့အုပ်စိုးခွင့်အကြိမ်ကြိမ်ရခဲ့ကြ၊ ရနေကြဆဲ၊ ပြည်သူပြည်သားတို့စိတ်နှလုံးလည်းကြေပြုန်းဝမ်းနည်းနေကြရဆဲသဲထဲရေသွန်အဖြစ်ထက် သဲနွံတွင်းနက်ထဲကျွံနစ်လှုပ်ရုန်းထမရ၊ နစ်မြှုပ်သွားကြရတော့မှာလား၊ အဲဒီလိုတွေးလိုက်ပြီဆိုကတည်းက ကိုယ့်ကိုယ်ကို၏စိတ်တိုင်းမကျ စက်ဆုတ်စိတ်ပျက်လှပြီ။ ရေဒီယိုအသံလှိုင်းတွေကမြန်မာနိုင်ငံရေးရဲ့လိပ်ခဲတင်းတင်းရှေ့မတိုးနောက်ဆုတ်အဖြစ်တွေရဲ့ထူးမခြားနားဖြစ်စဉ်တွေကိုပြောပြနေပြန်ပြီ။အားတက်ဝမ်းသာရမဲ့သံစဉ်တွေ စကားလုံးတွေ ရှားပါးလှတယ်။ တလင်းတခုထဲမှာ စပါးအနယ်ခိုင်းခံနေရတဲ့ နွားတွေရဲ့ဘ၀မျိုးဖြစ်နေကြပြီလား။ ကြိမ်အတို့ခံပြီးတလင်းကွင်းကိုတပတ်ပြီးတပတ်လှည့်ပတ်နေရပေမယ့်ကိုယ်နယ်နေရတဲ့စပါးကိုစားခွင့်မရ၊ပါးစပ်မှာခြင်းစွပ်ခံရ၊ မြင်သာမြင်ရမစားရ၊ဒီလိုနဲ့မိုးကြီးချုပ်ခဲ့ရ၊ ဓားပြမှန်းသိခဲ့ကြတာလည်းကြာပြီပဲ။ သဲသဲကွဲကွဲမြင်လိုက်ကြရတဲ့မင်းသားခေါင်းဆောင်းအောက်က ဘီလူးမျက်နှာကို ဘယ်နှစ်ကြိမ်ထပ်ကြည့်စရာ လိုပါဦးမလဲ။

အနောက်ဖက်တံခါးကတိုးရှဲဝင်ရောက်လာတဲ့ လေနုအေးတစဝေ့၀ဲသွားလို့ကိုယ်ရောစိတ်ပါ လန်းဆန်းသွားသလိုပဲ၊ ညပိုင်းရောက်လာပေမဲ့ အခန်းရဲ့အပူချိန်ကသိပ်မကျချင်သေးဘူးအကြိမ်ကြိမ်ကြည့်ရှုခဲ့ရပြီးဖြစ်ပေမဲ့အမေရိကန်ကမက္ကဆီကန်အမေရိကန်ကျောင်းသား ကျောင်းသူလေးတွေရဲ့လူ့အခွင့်အရေးတန်းတူညီမျှရေး၊ပညာရေးတန်းတူညီမျှရေး ဆန္ဒပြသပိတ်တိုက်ပွဲအကြောင်း ၁၉၈၆ ခုနှစ်လောက်က တကယ့်အဖြစ်အပျက်ကို အခြေခံရိုက်ပြထားတဲ့“WalkOut”ဆိုတဲ့ရုပ်ရှင်ကားကလေးကိုကြည့်လို့ကိုအားမရနိုင်ခဲ့ဘူး။ HBO ကခဏခဏ ပြန်ပြ ခဲ့သလို ကြည့်ခွင့်ရတိုင်းလည်း ရင်ခုန်အားရ ကြက်သီးမွေးညှင်းထခဲ့ရတယ်။ မနက် ၉ နာရီထိုးတာနဲ့ စာသင်ခန်းထဲကကျောင်းသားကျောင်းသူတွေက“WalkOut”“WalkOut”လို့တတွတ်တွတ်အော်ဟစ်ရင်းကျောင်းစာသင်ခန်းတွေကထွက်ပြီး သပိတ်မှောက် ဆန္ဒပြတိုက်ပွဲဝင်ကြပုံကို ကြည့်ရင်းသူတို့ကို ရုပ်ရှင်တခုမှာ သရုပ်ဆောင်နေကြတာပဲလိုက မမြင်တော့ပဲ တကယ့်တိုက်ပွဲဝင်နေကြတဲ့ ကျောင်းသား ကျောင်းသူတွေလို့ မြင်ယောင်လာတယ်။အတိတ်က ကိုယ်တိုင်ပါဝင်လှုပ်ရှားခဲ့ရတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲသပိတ်တွေရဲ့ပုံရိပ်ဟာ တဖျတ်ဖျတ်ပြန်ပြီး ထင်ဟပ်လာသလိုပဲ ရင်ထဲမှာ တဆက်ဆက်တုန်ခါခုန်လှုပ်လာတယ်။ ကျောင်းသားကျောင်းသူလေးတဦးစီတယောက်စီရဲ့ရင်ထဲကအမှန်တရားနဲ့တရားမျှတမှုကိုချစ်မြတ်နိုးစိတ်မတရားမှုကိုခေါင်းငုံ့အညံ့မခံတတ်ပဲ ခုခံကာကွယ်တွန်း လှန်တိုက်ဖျက်လိုစိတ်တွေဟာ တစုတစည်းတည်း ပေါင်းစုမိသွားတဲ့အခါ မတရားတဲ့ မမှန်ကန်တဲ့ဥပဒေတွေဟာ ကျောင်းသား ကျောင်း သူတွေရဲ့ ခြေဖနောင့်တွေအောက်မှာ မှုန့်မှုန့်ကြေသွားခဲ့ရတယ်။ အလေးပြုလိုက်ပါတယ်… ချီကာနို တီဗီဖန်သားပြင်ပေါ်ကလမ်းတွေဟာမြင်ကွင်းမှာဝေေ၀၀ါးဖြစ်လာနေတယ်။ဗဟန်းကြားတောရလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ရွှေဂုံတိုင်လမ်း၊ အလံပြဘုရားလမ်း၊ ဆူးလေ ဘုရားလမ်း၊ဗိုလ်တထောင်ဘုရားလမ်း၊

အို…ရန်ကုန်မြို့ကလမ်းတွေ၊ ရန်ကုန်မြို့ကလမ်းတွေ။ ကြည့်လိုက်စမ်းပါအုံးတော့…ကျောင်းစာသင်ခန်းတွေ၊ဘုန်းကြီးကျောင်းတွေ၊လူနေအိမ်တွေ တိုက်ခန်းတွေကနေ အလျှိုအလျှိုကလေး၊ လူလတ်၊ လူကြီးတွေ အဆက်မပြတ် ထွက်လာနေကြပြီး

“Walk Out” “Walk Out” “Walk Out” အဆက်မပြတ်အော်ဟစ်သံတွေ … ဟာမဟုတ်ဘူး မဟုတ်သေးပါဘူး …“စစ်အာဏာရှင်အစိုးရ ကျဆုံးပါစေ”
“သန်းရွှေအလိုမရှိ”
“ဒေါ်အောင်ဆန်းစုကြည်ချက်ချင်းလွှတ်ပေး”
“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”
“ဒီမိုကရေစီချက်ချင်းပေး”
“စစ်အာဏာရှင်စနစ်အလိုမရှိ”
“သန်းရွှေ၊ မောင်အေး၊ ရွှေမန်း၊ သိန်းစိန် ကျဆုံးပါစေ”
“Walk Out” “Walk Out” “Walk Out” æ æ æ?



Chinese Blogger beaten to Death

BEIJING, China (CNN) -- Wei Wenhua was a model communist and is now a bloggers' hero -- a "citizen journalist" turned martyr.

The construction company manager was driving his car when he witnessed an ugly scene: a team of about 50 city inspectors beating villagers who tried to block trucks from unloading trash near their homes.
Wei took out his cell phone and began taking pictures. The city inspectors saw Wei and then attacked him in a beating that lasted five minutes. By the time it was over, the 41-year-old Wei was slumped unconscious. He was rushed to the hospital but was dead on arrival.
His death earlier this month continues to stir controversy. In China's mainstream media and in
the blogosphere, angry Chinese are demanding action.
After the Web site sina.com published news of Wei's beating, readers promptly expressed their outrage. In one day alone, more than 8,000 posted comments. Bloggers inside and outside
China bluntly condemned the brutal killing.


Goldkorn said: "It's the kind of trouble that is very threatening to the party and the government, because it's the kind of trouble that questions their reason d'etre. So when looking at things like this, in the back of their minds, is always, 'Could this develop into a real mass incident that has the power to threaten the stability of China?' "
Meanwhile, bloggers are heaping eulogies for Wei. So far, no one has seen the pictures Wei took that day. It is thought his camera was destroyed in the beating.
"Eternal repose to Citizen Wei Wenhua," wrote blogger Wang Gongquan. "In the face of violence and brute power, he lifted a citizen's rights, conscience, responsibility and courage."
Reporters Without Borders said, "Wei is the first 'citizen journalist' to die in China because of what he was trying to film."

Saturday, January 19, 2008

Burma Region and Poverty

တရုပ်စစ်ကားသစ်များ ရွှေလီနယ်စပ်သို့ ထပ်ရောက်

Friday, January 18, 2008

ဂျပန်နိုင်ငံက ပေးမယ့် မဲခေါင်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေး အထောက်အပံ့မှာ မြန်မာနိုင်ငံ မပါဝင်


မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ် မဲခေါင်ဒေသ (၅)နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မာရှိကို ကူမူရားMasahiko Koumura တို့ ဒီကနေ့ တွေ့ဆုံပွဲဟာ ပထမဆုံး အကြိမ်ဖြစ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ယဉ်ကျေးမှု ဖလှယ်ရေး ကဏ္ဍတွေကို ဆွေးနွေးဖို့ရှိတယ်လို့သိရပါတယ်၊ ဒါ့အပြင် စည်းဝေးပွဲအတွင်း မဲခေါင်ဒေသ(၄)နိုင်ငံတို့ကို အိုဒီအေအထောက်အကူ ယန်းကုဋေ (၆၀၀၀) ဖိုးပေးဖို့ ထုတ်ပြန် ကြေငြာဖို့ ရှိတယ်လို့ လည်း သိရပါတယ်၊ မနက်ဖန် ညနေပိုင်းမှာတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးဖို့ ရှိတယ်လို့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌါန ပြောခွင့်ရပုဂ္ဂိုလ် မစူအို ဆကာဘာက ဗွီအိုအေကို ပြောခဲ့ပါတယ်။

“ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ နှစ်နိုင်ငံအကြားဆွေးနွေးရာမှာ ဒီမိုကရေစီ ဖေါ်ဆောင်မှု အကြောင်း အပြင် ဂျပန်သတင်းထောက် အသတ်ခံခဲ့ရတဲ့အကြောင်းလည်း မိနစ်(၃၀)ကြာဆွေးနွေးဖို့ရှိတယ်လို့ မစ္စတာ ဆာကာဘာက ပြောသွားတာဖြစ်ပါတယ်၊ ဆွေးနွေးမယ့်အကြောင်းအရာတွေနဲ့ မြန်မာ စစ်အစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အပြင် တခြားအတိုက်အခံခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ တိုက်တွန်းမှာလို့လည်း မစ္စတာ ဆာကာဘာကပြောပါတယ်၊ ”

“ ဒေါ်အောင်ဆန်းစုကြည်အပြင် တခြား နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အခြေအတင် ဆွေးနွေးမှု စတင်ဖို့ ဂျပန်အစိုးရက မြန်မာနိုင်ငံကို ပြင်းပြင်းထန်ထန်တိုက်တွန်းမှာဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖေါ်ဆောင်ရာမှာ လူတဦး၊ နှစ်ဦးနဲ့မပြီးပါဘူး၊ အုပ်စုအားလုံးပါဝင်ကြရမှာပါ၊ မြန်မာ စစ်အစိုးရအနေနဲ့ ဒီမိုကရေစီဖေါ်ဆောင်ဖို့အခြေအတင်ဆွေးနွေးမှုမှာ အတိုက်အခံ အင်အားစုတွေ ကိုလည်း ပါဝင်ဖို့လိုတာကို ကျနော်တို့ ထောက်ပြဖို့လိုတယ်လို့လည်း မစ္စတာ ဆာကာဘာက ပြောသွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ ဖေါ်ဆောင်ရေးအတွက် ခြေလှမ်းများယူဖို့နဲ့ အခြေအတင် ဆွေးနွေးမှုစတင်ဖို့ မြန်မာ အာဏာပိုင်တွေဘက်က သတ္တိရှိရှိနဲ့ ခြေလှမ်းယူပါဆိုတာကို ဂျပန် အစိုးရဘက်က ပြင်းပြင်းထန်ထန် ဖိအားပေးသွားမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဌါန ပြောခွင့်ရက ပြောသွားတာဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့စက်တင်ဘာလက ရဟန်းရှင်လူတွေ ပါဝင်တဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှုကို မြန်မာအာဏာပိုင်တွေက သွေးထွက်သံယို ဖြိုခွင်းခဲ့ရာမှာ ဗွီဒီယိုရိုက်ရင်း ဂျပန်သတင်းထောက် ခန်းဂျိနာဂါးအိ မြန်မာစစ်အစိုးရရဲ့ စစ်သား တဦးရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့အမှုအကြောင်းလည်း ဆွေးနွေးဖို့ရှိတယ်လို့ မစ္စတာ ဆာကာဘာက ပြောပါတယ်၊”

မြန်မာ့ဆက်သွယ်ရေးက ဘလော့ဂ်ဆိုဒ် ပိတ်ပင်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုင် ရန်ကုန်မြို့ရှိ Internetဆိုင်တခု
မဇ္ဈိမသတင်းဌာန
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ယနေ့နံနက်မှစ၍ ဘလော့ဂ် တင်၍ရသော www.blogger.com ကို ၀င်ရောက်ကြည့်ရှု သုံးစွဲမရအောင် ပိတ်ပင်လိုက်ပြီ ဖြစ်သည်။

ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွားပြီးချိန်မှစ၍ ဘလော့ဂ်များကို မြန်မာနိုင်ငံတွင်း ကြည့်ရှုခွင့်ကို အင်တာနက် ၀န်ဆောင်မှုပေးသော ပုဂံတယ်လီပေါ့ (Bagan Teleport) က တားမြစ်ခဲ့ပြီး ယခုအခါ နောက်ထပ် ကျန်ရှိသည့် အင်တာနက် ၀န်ဆောင်မှုပေးသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (ဆသရ) အောက် အင်တာနက် သွယ်ထားသော ကွန်ပြူတာများမှ ကြည့်ရှုခွင့် မရခြင်း ဖြစ်သည်။

အင်တာနက် ၀န်ဆောင်မှု နှစ်ခုလုံးကိုတော့ စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော်လည်း စီမံခန့်ခွဲမှုဌာန ကွဲပြားခြင်း ဖြစ်သည်။
သို့သော် မဇ္ဈိမသတင်းဌာနက ရန်ကုန်ရှိ မြန်မာ့ဆက်သွယ်ရေးသို့ ဆက်သွယ်မေးမြန်းရာတွင် အရာရှိတဦးက ပိတ်ပင်ခြင်း မဟုတ်ကြောင်းနှင့် မည်သည့်အတွက် ၀ဘ်ဆိုဒ်သို့ သွားရောက် ကြည့်ရှုမရသည်ကို မသိရှိကြောင်း ပြောဆိုလိုက်သည်။
နေပြည်တော်ရှိ ဆက်သွယ်ရေး ၀န်ထမ်းကလည်း ပိတ်ပင်ရန် တရားဝင် ညွန်ကြားချက် မရှိကြောင်း ပြောသော်လည်း အသေးစိတ် ပြောရန်ကိုမူ ငြင်းဆန်လိုက်သည်။
ဘလော့ဂ်များသည် ယမန်နှစ် စက်တင်ဘာလ ရဟန်းရှင်လူ အုံကြွသည့် အရေးတော်ပုံအတွင်း စစ်အစိုးရ လွန်စွာ ထိန်းချုပ်သည့်ကြားမှ မြန်မာပြည် အခြေအနေကို ပြင်ပကမ္ဘာက သိရှိအောင် စွမ်းဆောင်ရာတွင် ထိပ်တန်းက ပါဝင်ခဲ့သည်။

Thursday, January 17, 2008

နအဖ ကို ပေးသည့် ဂျပန့်အကူအညီကို မြန်မာများ ကန့်ကွက်


မဲခေါင်မြစ်ဝှမ်းဒေသဆွေးနွေးပွဲဆိုသည့်ခေါင်းစဉ်ဖြင့် မြန်မာ။ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုတို့မှ နိုင်ငံခြားရေးဝန်ကြီးအဆင့်ဆွေးနွေးပွဲကိုတက်ရောက်လာသည့် နအဖနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းအား ဇန်န၀ါရီ ၁၆ရက်နေ့က ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာ့ဒီမိုကေ၇စီအရေးနှင့် ငြိမ်းချမ်းရေးအတွက်လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းများနှင့် မြန်မာ့ဒီမိုကရေစီအရေးကိုထောက်ခံအားပေးနေကြတဲ့ ဂျပန်လူမျိုးများနှင့် နိုင်ငံခြားသားများက နအဖနိုင်ငံခြားရေးဝန်ကြီးတည်းခိုသည့်နေရာ(New Otani Hotel)နယူးအိုးတနီ(အကာဆကမိစုကဲဘူတာ)တွင် နေ့လည် ၂နာရီမှ ညနေ ၄နာရီအထိ၎င်း ခမိယာချိုမှာရှိတဲ့ နိုင်ငံခြားသံတမန်တွေကို ဧည့်ခံတဲ့ ဧည့်ဂေဟာမှာ မဲခေါင်မြစ်ဝှမ်းဒေသဆွေးနွေးပွဲကိုတက်ရောက်လာကြတဲ့ ၀န်ကြီးတွေကို ညစာတည်ခင်းက္ဈေးမွေးပွဲမှာကိုပါ သွားရောက်ခဲ့ကြပြီး ညနေ ၅နာရီမှ ည၇နာရီအထိ ဆန္ဒပြတောင်းဆိုမှုတွေကို ပြင်းပြင်းထန်ထန်ပြုလုပ်သွားခဲ့ကြပါတယ်။

မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့အတွက် မဲခေါင်မြစ်ဝှမ်း ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ရောက်ရှိနေကြသော နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြုလုပ်ရာ မြို့တော်တိုကျိုရှိ New Otani Hotel ရှေ့တွင် မြန်မာ စစ်အစိုးရကို ခေါ်ဖိတ်မှုနှင့် စီမံကိန်းများအတွက် ကူညီထောက်ပံ့ ပေးနေမှုများ ရပ်တန်းက ရပ်ရန်အတွက် မြန်မာများက ဂျပန်အစိုးရကို တောင်းဆို ဆန္ဒပြလိုက်ခြင်း ဖြစ်သည်။
ဂျပန်အခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (နိုင်ငံခြားရေးရာ ကော်မတီ) မှ အဖွဲ့ဝင်တဦးဖြစ်သူ ဦးဘုန်းမြင့်ထွန်းက မဲခေါင်မြစ်ဝှမ်း စီမံကိန်း ကူညီပံ့ပိုးမှုနှင့် ပတ်သက်၍ ဂျပန်အစိုးရတွင် လုံးဝ တာဝန်ရှိသည်ဟု ပြောဆိုကာ ဆန္ဒပြရသည့် ရည်ရွယ်ချက်ကိုလည်း ယခုလို ဆက်ပြောသည်။
“အဓိက မဲခေါင်မြစ်ဝှမ်းဒေသ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ဂျပန်အစိုးရမှာ တာဝန်ရှိတယ် ဆိုတဲ့အကြောင်းရယ်၊ နောက်ပြီးတော့ အခု ကျင်းပနေတဲ့ အစည်းအဝေးဟာက မြန်မာ စစ်အစိုးရကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီ ဆိုပြီးတော့ အကူအညီပေးနေတဲ့ အထောက်အပံ့အားလုံး ရပ်တန့်ဖို့ အတွက်ရယ်၊ ရဟန်းပြည်သူတွေကို သတ်တဲ့ နိုင်ငံခြားရေးဝန်ကြီး အခုချိန်ကနေ ထွက်သွားဆိုတာတွေကို တောင်းဆိုခဲ့ပါတယ်” ဟု ပြောသည်။
ဂျပန်အစိုးရမှ အဆိုပါ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၅၅ သန်း ထောက်ပံ့မည်ဖြစ်ပြီး၊ ထောက်ပံ့ငွေသည် ဒေသအတွင်းရှိ ထိုင်း၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ကို ဆက်သွယ်ပေးမည့် အဝေးပြေးလမ်းမ နှစ်ခုအပြင်၊ အခြား ဒေသတွင်း ဖွံ့ဖြိုးရေး အကောင်အထည် ဖော်ရေးအတွက် သုံးစွဲသွားမည် ဖြစ်သည်။ ဂျပန်နိုင်ငံဟာ မဲခေါင်ဒေသနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေကို အဓိကပေးနေတဲ့ နိုင်ငံတနိုင်ငံဖြစ်သလိုပဲ အဲဒီဒေသနိုင်ငံတွေမှာ ဂျပန်ရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေဟာလည်း တော်တော်များများကို လုပ်ထားတဲ့တိုင်းပြည်ဖြစ်တဲ့အပြင်အခုအစိုးရသစ်ဟာ တရုတ်နဲ့စီးပွားေ၇းဆက်ဆံမှုအဆင်ပြေနေတာကြောင့် တရုတ်ကြီးအလိုတော်အရဆိုရင် ခေါင်းခါဘို့ ၀န်လေးနေတဲ့အနေထားမျိုးမှာရှိပါတယ်။
ဂျပန်အစိုးရ၏ တရားဝင် ဖိတ်ခေါ်ချက်ဖြင့် ပြီးခဲ့သည့် အင်္ဂါနေ့မှ လာမည့် သောကြာနေ့အထိ ဂျပန်တွင် ရောက်ရှိနေမည့် နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို မြန်မာ့ ဒီမိုကရေစီ အင်အားစုများက မနက်ဖြန်အထိ ဆက်လက်၍ ဆန့်ကျင် ဆန္ဒပြသွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - လွတ်မြောက်နယ်မြေ (ဂျပန်ဌာနခွဲ) ဒုဥက္ကဌ ဦးလင်းအောင်က ယခုလို ပြောသည်။
“ကမ္ဘာကသိတဲ့ မြန်မာစစ်အစိုးရ၊ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံမှာ သံဃာတွေကိုတောင် သတ်တဲ့ လူသတ်သမား မြန်မာအစိုးရကို ဂျပန်နိုင်ငံရဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေကို ဆက်လက်ပြီး နာမည်ပြောင်းပြီး ကူညီမယ့် ဂျပန်တွေကို ရှင်းရှင်းပြောမယ်ဆိုရင် ဒီ့ထက်ပိုပြီး၊ ဒီ့ထက်မက ပြင်းပြင်းထန်ထန် ကန့်ကွက်ဖို့ အစီအစဉ် ရှိပါတယ်။ ပါးစပ်ကလည်း ပြောမှာဖြစ်သလို အဖွဲ့အစည်းအားလုံး ပေါင်းပြီးရေးထားတဲ့ ကျနော်တို့ရဲ့ သဘောထား မူဝါဒတွေကို တရားဝင် ပေးမှာဖြစ်တယ်” ဟု သူက ပြောသည်။
ဆန္ဒပြသူများသည် ဝန်ကြီးများ ညနေစာစားသည့် နေရာနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရုံးရှေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ကျောင်းသားခေါင်းဆောင်များ၏ ဓာတ်ပုံများကို ကိုင်ဆောင်ပြီး၊ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရန်အတွက် ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။






Wednesday, January 16, 2008

ဂျပန်အလှူငွေများကို ပြန်လည်ဆန်းစစ်ရန် လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

မြန်မာပြည်က ငြိမ်းချမ်းစွာဆန္ဒပြကြတဲ့ ရဟန်းရှင်လူ ပြည်သူအများကို အစိုးရက နှိပ်ကွပ်ပြီး သတင်းယူနေတဲ့ ဂျပန်သတင်းထောက် ကန်ဂျိနာဂါအိ ပစ်သတ်ခံရလို့ မြန်မာပြည်ကို အထောက်အပံ့ လျှော့ချထားခဲ့ရာကနေ အခု အထောက်အပံ့ အမေရိကန်ဒေါ်လာ တသန်းခုနှစ်သိန်းကိုးသောင်းပေးမယ်လို့ ကတိပြုလိုက်ပါတယ်။

မြန်မာပြည်မှာ ကလေးများနဲ့ အမျိုးသမီးများကို သေစေနိုင်လောက်တဲ့ ရောဂါအတွက် ကာကွယ်ဆေးများ၊ ကုသဆေးများနဲ့ စမ်းသပ်ကိရိယာများအတွက် သုံးစွဲဖို့ဖြစ်တယ်လို့ ရန်ကုန်မြို့ရှိ ဂျပန်သံရုံးနဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) တို့က ကြေညာလိုက်တာပါ။
အဲဒီလို ထောက်ပံ့ပေးမယ်လို့ သဘောတူညီချက်ကို မြန်မာပြည်ဆိုင်ရာ ဂျပန်သံအမတ် ယာဆူဝါကီ နိုဂါဝါ (Yasuaki Nogawa) နဲ့ ယူနီဆက်ဖ်ဌာနေကိုယ်စားလှယ် ရာမက်ရှရတ်စ်သာ (Ramesh Shrestha) တို့ ဒီကနေ့ လက်မှတ်ရေးထိုးကြတယ်လို့ သိရပါတယ်။သတင်းအကျဉ်းကိုအောက်မှာနားထောင်နိုင်ပါတယ်။


ဂျပန်နိုင်ငံတွင် ပြုလုပ်မည့် ဂျပန်နှင့် မဲခေါင်ဒေသ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအတွင်း ဒေသတွင်း လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ ထည့်သွင်း ဆွေးနွေးသွားရန် လူ့အခွင့်အရေး စောင့်ကြည့်ရေး (Human Rights Watch) အဖွဲ့က တိုက်တွန်းလိုက်သည်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီး မာဆာဟီကို ကိုမူရာ (Masahiko Koumura) သို့ ပေးပို့သော နယူးယောက်ခ် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့၏ အာရှတာဝန်ခံ ဆိုဖီ ရစ်ချတ်ဆန် (Sophie Richardson) ၏ စာတွင် တိုကျိုမြို့တွင် မနက်ဖြန်တွင် ပြုလုပ်မည့် အစည်းအဝေးကို အိမ်ရှင်အဖြစ် ကျင်းပမည့် ဂျပန်နိုင်ငံကို တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
“မဲခေါင်ဒေသတွင်း အကြီးဆုံး အလှူရှင်နိုင်ငံအဖြစ် ရပ်တည်သော ဂျပန်နိုင်ငံ အနေဖြင့် ဒေသတွင်း လွတ်လပ်စွာ ထုတ်ဖော်ခွင့် မရှိသည့် အခြေအနေ အပါအဝင် အခြားဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကို လူသိရှင်ကြား ထုတ်ဖော်ဆွေးနွေးသင့်သည်” ဟု ဖော်ပြထားသည်။

ဂျပန်နိုင်ငံက ဒေသတွင်း နိုင်ငံများသို့ ထောက်ပံ့ ပေးငွေများသည် ဆိုးရွားသော အစိုးရ အာဏာပိုင်များ လက်ထဲတွင် အလွဲသုံးစား ဖြစ်နေသည့် ကိစ္စကို စနစ်တကျ ပြန်လည် စိစစ်သင့်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသို့ ဂျပန်က ပေးပို့သော ထောက်ပံ့ငွေများသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း၏ စီမံခန့်ခွဲမှု လက်ထဲ ရောက်သွားခြင်းမျိုးကို လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဥပမာပေး ထောက်ပြထားသည်။

ကံ့ဖွံ့အဖွဲ့က အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ လိုလားသူများကို တိုက်ခိုက်သော အဖွဲ့အစည်းဟုလည်း ပါရှိသည်။ ၂ဝဝ၆ ခုနှစ်တွင် ဂျပန်က မြန်မာပြည်သို့ ယန်ငွေ (၂၆) (ဒေါ်လာ ၂ သိန်း ၄သောင်း ) သန်း ထောက်ပံ့ခဲ့သည်။
“ဂျပန်နိုင်ငံ အနေနဲ့ ဒီအစည်းအဝေးမှာ လူ့အခွင့်အရေး ကိစ္စဟာ ဂျပန်နိုင်ငံခြားရေး ပေါ်လစီရဲ့ အဓိကကျောရိုး ဖြစ်တယ်ဆိုတာကို ပြဖို့ အခွင့်အရေး ရှိပါတယ်။ မြန်မာ အပါအဝင် မဲခေါင်ဒေသ လူ့အခွင့်အရေး အခြေအနေတွေ အပေါ်မှာ နှုတ်ဆိတ်နေတဲ့ ကိစ္စကို အဆုံးသတ်ဖို့ လိုပါတယ်” ဟု ရစ်ချတ်ဆန် က ပြောသည်။

အလားတူ ဂျပန်နှင့် မဲခေါင်ဒေသ နိုင်ငံခြားရေး ဝန်ကြီများ အစည်းအဝေးသို့ တက်ရောက်ရန် တိုကျိုသို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေးဌာနမှ လက်ထောက် အတွင်းဝန် စကော့ မာဆီရယ် (Scot Marciel) ကလည်း တရုတ်နိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများသည် မြန်မာပြည်၏ လမ်းမှား ရောက်နေသော အဖြစ်ကို တညီတညွတ်တည်း ထောက်ပြ ပြောဆိုသင့်သည်ဟု ပြောလိုက်သည်။

“တရုတ်၊ အာဆီယံ၊ ဂျပန်၊ အမေရိကန် ပြည်ထောင်စု၊ အီးယူ၊ အိန္ဒိယ အားလုံးက မြန်မာပြည်အတွက် အခုအချိန်မှာ တသံတည်း ထွက်ဖို့ အရေးကြီးပါတယ်။ အဲဒါကတော့ ကျနော်တို့ အားလုံးဟာ မြန်မာပြည် ဆန့်ကျင်ရေးသမားတွေ မဟုတ်ကြဘူး။ စစ်အစိုးရက အခု သွားနေတဲ့လမ်းဟာ လမ်းမှားဖြစ်တယ်။ ကြာလာရင် မြန်မာပြည်အတွက်သာ မကဘူး၊ ဒေသတွင်း နိုင်ငံတွေအတွက်ပါ အန္တရာယ်ဖြစ်လာမယ် ဆိုတာပါ” ဟု မာဆီရယ်က သတင်းထောက်များကို ပြောကြားသွားသည်။

မြန်မာနိုင်ငံအား ဒေါ်လာ ၁ ဒဿမ ၈ သန်းနီးပါး ထောက်ပံ့သွားမည်ဟု ဂျပန်နိုင်ငံက ယမန်နေ့တွင် ကြေညာထားသည်။ မြန်မာပြည်ရှိ ဂျပန်သံရုံးနှင့် ကုလသမဂ္ဂ အေဂျင်စီ (ယူနီဆက်ဖ်)၏ ကြေညာချက်အရ ဂျပန် ထောက်ပံ့ကြေးများသည် အမျိုးသမီးနှင့် ကလေးများအတွက် အသက် အန္တရာယ်ရှိသော ရောဂါရှိ၊ မရှိ စစ်ဆေးသည့် ကိရိယာ၊ ဆေးဝါးများအတွက် ရည်ရွယ်သည်ဟု ဆိုသည်။

ဂျပန်သည် စီးပွားရေး ပိတ်ဆို့ခံနေရသော မြန်မာပြည်၏ အဓိက အထောက်အပံ့ ပေးနေသော နိုင်ငံဖြစ်သည်။ သို့သော် စက်တင်ဘာ အရေးအခင်းအတွင်း မြန်မာစစ်တပ်က ဂျပန် သတင်းထောက်ကို ပစ်သတ်မှုကြောင့် အလှူငွေ ဒေါ်လာ (၅) သန်း မပေးတော့ပေ။
ကုလသမဂ္ဂ၏ ကိန်းဂဏန်းများအရ မြန်မာ စစ်အစိုးရသည် ဂျီဒီပီ၏ (ဝ ဒဿမ ၃) ရာခိုင်နှုန်းကိုသာ ကျန်းမာရေး ကဏ္ဍအတွက် အသုံးပြုသည်ဟု ဆိုသည်။




နအဖ လက်ပါးစေ ဥာဏ်ဝင်း မဲခေါင်မြစ်ဝှမ်းအကြောင်းပြ၍ ဂျပန်နိုင်ငံသို့ ငွေတောင်းရန်လာမည်

နိုင်ငံတကာလျှောက်လိမ်နေသော နအဖနိုင်ငံခြားရေးဝန်ကြီးဆိုသူ ဥာဏ်ဝင်းသည် ဂျပန်နိုင်ငံသို့ မဲခေါင်မြစ်ဝှမ်းဒေသဆိုင်ရာဆွေးနွေးပွဲ အကြောင်းပြပြီး ဂျပန်နိုင်ငံရဲ့ငွေကြေးကို မျက်နှာပြောင်တိုက်ပြီး လာယူမည်ဖြစ်ပါသည်၊ မြန်မာပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသော ဂျပန်ရောက်မျိုးချစ် မြန်မာများလည်း ယနေ့နေ့လည် မှစ၍ ဆန္ဒပြကန့်ကွက်ကြမည်ဖြစ်ပါသည်၊

Italian director to make film about Burma's Suu Kyi

Tornatore courts a Nobel 'Lady'

By ADAM DAWTREY
Italian director Giuseppe Tornatore is planning to make his first English-language movie about the Burmese democracy icon and Nobel Peace Prize winner Aung San Suu Kyi.
Tornatore is developing the script for "The Lady" with Japanese producer Naofumi Okamoto, with production to begin later this year.

Okamoto is producing the $30 million project alongside Avi Arad and Steven Paul and Benedict Carver of L.A.-based Crystal Sky Pictures. Crystal Sky is financing the pic.

Okamoto is one of only a handful of foreigners to have met with Suu Kyi since her arrest 17 years ago by Burma's military junta. He overcame her initial reluctance and secured her permission to develop a movie based on her life.He asked Tornatore to direct because of the Italian helmer's empathy with female characters.

Okamoto said, "We want to use the politics as the background to a story about a woman who chose to be the mother to a nation rather than the mother of a family.

"Suu Kyi is the leader of the pro-democracy movement in Burma and an advocate of nonviolent resistance.

The daughter of the general who negotiated Burmese independence from Britain after WWII, she was educated at Oxford U. and married an English scholar before returning to her homeland in 1988. Her party won elections in 1990, but she was prevented from taking power by the country's ruling junta.
She has spent much of the past 17 years under house arrest and was awarded the Nobel Prize in 1991.

When her husband was diagnosed with cancer in 1997, the Burmese government denied him an entry visa to visit his wife. Suu Kyi was told she could leave to see him, but only on condition that she never return. She chose to stay in Burma and never saw her husband again before his death in 1999.

She also remains separated from her two sons, who live in England.For Arad, best known for movies based on Marvel Comics superheroes such as Spider-Man and X-Men, the project represents something of a departure."At first I thought it wasn't my kind of movie, but then I realized it was. To me, Suu Kyi was like a character from 'X-Men,' except she's a real hero, not an imaginary one -- she didn't need to do what she did, and she gave up a lot to do it.

"Arad is determined that "The Lady" be a movie for the broadest possible audience. "There's a real commercial opportunity to tell this story. I don't want to do a biopic like HBO or the BBC would do. We have to find a way of making it bigger than that. It's a love story and a political thriller. If it's not commercially successful, we will have missed the mark," he said.

"The Lady" will span the time from Suu Kyi's return to Burma in 1988, when she was 43, to the present day. The movie will be in English -- the language in which Suu Kyi was educated and which she speaks at home. No cast is yet attached.

The producers will have to negotiate the delicate political sensitivities of Burma's neighboring countries if they want to shoot in the region with local talent. Although Burma, or Myanmar as it is styled by the ruling junta, is a pariah state, it retains powerful links with China, India and Thailand.

Tornatore, best known outside Italy for his 1988 movie "Cinema Paradiso," most recently directed "The Unknown Woman," set for U.S. release in March, and the comedy "Baaria," which will open in Italy later this year.



AddThis Social Bookmark Button

Tuesday, January 15, 2008

Britney Spears and Paris Hilton to Visit Burma

Rangoon - Singer and Kojak impersonator Britney Spears and her pal Paris Hilton are planning image makeovers with a trip to Burma in April for the 'Thingyan' water festival. Whilst there the singer and tabletopdancer hope to meet with and offer support to Nobel prize laureate 'Aung San Suu Kyi'.


Britney hit the headlines last weekend after a squabble with her ex-husband and wanna be rap singer Kevin Federline who sent round a couple of heavies to take back custody of their two children, Britney locked herself in a cupboard and after Police were called she was taken to Cedars-Sinai Medical Centre on a 5150.

In an interview accompanied by her personal paparazzi Adnan Ghalib, Britney told The Spoof.com, "Aung San Suu Kyi has long been estranged from her own two children through her involuntary detention and house arrest, I now believes that this was a sign and that she, Paris and I have a special connection. I also shaved my head last year and attacked a car with an umbrella, I saw the monks in Burma carrying umbrellas during their demonstartions last year and I need to act upon this synchronicity, first we'll visit Rangoon and then travel to Yangon." When it was pointed out to Britney that they were alternative names for the same place she paused before replying "You mean like Paris Hilton and Paris Hilton.

"When asked their reasons for attending Burma during its "Thingyan" festival in April, Britney replied "We heard that its a really good piss up and we wouldn't want to miss that, Paris is going to join me there after her trip to Rwanda.

"Staff at the Burmese Embassy in Washington DC would not comment on whether Britney or Paris Hilton would be granted visas.

With their antics a little more synchronicity they might both end up in the Insein Jail.

Monday, January 14, 2008

စစ်အစိုးရရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဘွဲ့တံဆိပ်များ

စက်တင်ဘာအရေးအခင်းနဲ့ ပြည်တွင်းပြည်ပမှာ ဂုဏ်သိက္ခာ အကြီးအကျယ်ကျဆင်းခဲ့ရတဲ့ စစ်အစိုးရဟာ ၀ါဒဖြန့်ချီရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးအတွက် လူမှုထူးချွန်ဆုများအပါအ၀င် ဘွဲ့တံဆိပ် အမျိုးမျိုးကို မကြာသေးမီကပေးအပ်ခဲ့ပြီး၊ ဘွဲ့တံဆိပ်ရရှိသူများကို နိုင်ငံတော်သတင်းစာများမှ ၀မ်းမြောက်ဝမ်းသာ ဂုဏ်ယူကြောင်း ကြော်ငြာထည့်သွင်းဖော်ပြဖို့ အတင်းအကြပ်ဖိအားပေးခဲ့တယ်လို့သိရပါတယ်၊

ဘွဲ့တံဆိပ်ချီးမြှင့်ခံရသူများက ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြမှုများကို သတင်းစာများမှာ နေ့စဉ်တွေ့မြင်ရခြင်းက ပြည်သူများအနေနှင့် စစ်အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ ၀န်ထမ်းများကြား ယုံကြည်မှု ခိုင်မာနေတယ်လို့ ထင်မြင်အောင် ယခုလိုပြုလုပ်ခြင်းဖြစ်တယ်လို့ ဆိုကြပါတယ်။

တဆက်တည်းမှာဘဲ လူထုကို နှိပ်စက်သူများအား နအဖမှ လူမှုထူးချွန်ဆုတွေပေးအပ်တယ်လို့သိရပါတယ်၊ မြို့ နယ်များထဲမှ လမ်းမတော်မြို့နယ်ရှိ ကြံ့ဖွတ်စွမ်းအားရှင် နိုင်ထွန်းဆိုသူသည် စက်တင်ဘာလတွင် ရဟန်းသံဃာများနှင့် ပြည်သူများအား ရိုက်နှက်ရာတွင် စွမ်းစွမ်းတမံ ဦးဆောင်ခဲ့၍ ယခုနှစ်တွင် လူမှုထူးချွန် တတိယအဆင့် ပေးအပ်ခြင်းခံရသည်။ ၎င်းသည် လမ်းမတော်မြို့နယ် ၁၄ လမ်း၊ အိမ်အမှတ် (၆၉)၊ ဒုတိယထပ်တွင် ဖွင့်လှစ်ထားသော သံစဉ် Beauty Saloon ဟု အမည်ခံထားသော ပြည့်တန်ဆာလုပ်ငန်းတွင် အစုရှယ်ယာများ ထည့်ဝင်ထားပြီး အကာအကွယ်ပေးထားကြောင်း သိရှိရပါသည်။
source မိုးမခ


ဖို့ဝိန်းမြို့တွင် မြန်မာဒုက္ခသည်များအတွက် ဒေါ်လာ၁၃၃၀၀၀ ခန့် ကူညီထောက်ပံ့

မြန်မာဒုက္ခသည်များအားအဓိကတာဝန်ယူကူညီပေးနေသောကက်သလစ်ချာရတီ(Catholic Charities)အားမြန်မာဒုက္ခသည်များ၏ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များပိုမိုဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍The St. Joseph Community Health Foundation မှထောက်ပံ့ငွေနှစ်ရပ်စုစုပေါင်း ဒေါ်လာ၁၃၃၀၀၀ကျော်ခန့် လွှဲပြောင်းပေးအပ်မည်ဟုဖို့တ်ဝိန်းမြို့ တွင်နေ့စဉ်ပုံနှိပ်ထုတ်ဝေသောဂျာနယ်ဂေဇက်(The Journal Gazette)သတင်းစာ၌ဆောင်းပါးရှင်Amanda Iacone မှဇန်န၀ါရီ ၁၂ ရက်နေ့ ထုတ်သတင်းစာတွင်ဖေါ်ပြရေးသားထားပါသည်။ ထိုသတင်းသည်မြန်မာဒုက္ခသည်များအတွက်ဝမ်းသာစရာပင်ဖြစ်ပါသည်။
ဖို့တ်ဝိန်းမြို့ ရှိကက်သလစ်ချာရတီရုံးဝန်ထမ်းများထဲတွင် ၈၈မျိုးဆက်မြန်မာကျောင်းသားများလည်းဝန်ထမ်းများအဖြစ်တာဝန်ထမ်းဆောင်နေကြရာတွင် ကိုငြိမ်းချမ်းဦးသည် ကက်သလစ်ချာရတီ၏ ဒါရိုက်တာတဦးအဖြစ် မြန်မာဒုက္ခသည်များ၏ အခက်အခဲပြသနာများအား ကူညီဖြေရှင်းပေးနေသူတဦးဖြစ်ပါသည်။
http://www.journalgazette.net/apps/pbcs.dll/article?AID=/20080112/LOCAL/801120381/1002/LOCAL

Sunday, January 13, 2008

တွေ့တော့တွေ့နေတာပါဘဲ

တိုင်းပြည်အရေးဆွေးနွေးတာလား၊ ထုတ်ပြန်တဲ့ပုံတွေကို ကြည့်ရတာကတော့ စကားတော့ပြောနေကြပုံ ရှိပါရဲ့။ဘာတွေဆွေးနွေးတယ်ဆိုတာလည်း လူသိရှင်ကြားလည်းထုတ်မပြန်ဘူး။ဒေါ်အောင်ဆန်းစုကြည်ကို တရားခံတယောက်ကို စစ်ဆေးသလိုမျိုး စစ်ကြောရေးထုတ်တာလား-လို့ မေးရမလို ဖြစ်နေပါပြီ..။ တိုင်းပြည်အရေးကို ဆွေးနွေးတယ်ဆိုရင် အခုဝန်ကြီးမှာ ဘာအာဏာမှ မရှိသလို.. ဒီလောက် တနာရီဝန်းကျင်ဆိုတာကလဲ “ဟဲလို.. မင်္ဂလာပါ..” လို့ နှုတ်ဆက်လိုက်တာနဲ့ အချိန်စေ့သွားမှာပါ..။ဆွေးနွေးနေပါတယ်-ဆိုပြီး UN ကို ညာချင်တာလား.. ဆိုတာကတော့ နအဖ-ကိုယ်တိုင်သာ အသိဆုံးပါ..။

ဗုံးကွဲ ပြန်ပြီ

ဇန်န၀ါရီလ ၁၃ ရက် နေ့  ၇ နာရီ ခန့် တွင် ဖြူးမြို့ ညောင်ပင်သာ ဘောလုံးကွင်း မှာ အလွန်ပြင်းထန်တဲ့ ဗုံးတလုံးပေါက်ကွဲသွားခဲ့ပါတယ်။ ပျဉ်းမနားမှာ စေလွတ်ထားတဲ့ စွမ်းအားရှင် အဖွဲ့ ဝင် ၄ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့နအဖကိုယ်စားလှယ်ဗိုလ်မူးချုပ်အောင်ကြည်တို့တွေ့ဆုံမှုဖြစ်ပြီးမကြာခင်မှာခုလိုဗုံးကွဲမှုဖြစ်ပွားလာတဲ့အတွက်နိင်ငံရေးအကဲခတ်များကနအဖလက်ချက်လားလို့သံသယရှိနေကြပါတယ်။နအဖကနိင်ငံတော်လုံခြုံရေးမကောင်းသေးလို့  အကြောင်းပြပြီး တွေ့ ဆုံဆွေးနွေးပွဲကို အချိန်ဆွဲလေ့ရှိလို့ ဖြစ်ပါတယ်။ ဒီဗုံးကွဲ မှု နဲ့ ပတ်သက်ပြီး ကေအင်ယူ တပ်မဟာ၃၊တပ်ရင်း၈မှာတပ်ကြပ်စောဒီသောမူးလက်ချက်လို့စွပ်စွဲထားပါတယ်။ကေအင်ယူတပ်မဟာသုံးလှုပ်ရှားတဲ့နယ်မြေကဖြူးကိုလက်လှမ်းမီနိင်တဲ့အနေထားမှာရှိတဲ့အတွက်ကေအင်ယူကိုစွပ်စွဲတာဖြစ်နိင်ပါတယ်။ ဒါဟာ တပတ်အတွင်းမှာ ဒုတိယအကြိမ်မြောက်ဗုံးပေါက်ကွဲခြင်းဖြစ်ပါတယ်။ ပထမအကြိမ်ဗုံးပေါက်ကွဲမှု က နအဖ အမာခံနယ်မြေဖြစ်တဲ့ ကြပ်ပြေး မြို့  မှာပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

Rambo ၏ လက်နက်ဖြင့် နေ၀င်း၏ သားဆိုးမြေးမိုက်များဖြစ်သော သန်းရွှေ ဂိုဏ်းအား ဆုံးမခြင်း


Rambo ရုပ်ရှင် ပြသ သည်နှင့် တပြိုင်နက်တည်း နိုင်ငံတကာတွင်ရောက်ရှိနေကြသော တိုင်းပြည် ဒီမိုကရေစီနှင့်ငြိမ်းချမ်းသာယာရေးလိုလားသည့် တိုင်းချစ်ပြည်ချစ်မြန်မာလူမျိုးများအနေဖြင့် ရုပ်ရှင်ရုံတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပုံ ပါသော တီရှပ် သို့ မဟုတ် မည်သည့်မြင်သာထင်သာသည့် အက်ျီ လက်ပတ် အလံ ဖြင့်မဆို သွားရောက်ကာ ရုပ်ရှင်လာပရိသတ်များအားမိမိတို့ မြန်မာလူမျိုးများဖြစ်ကြောင့်း မြန်မာပြည် ဒီမိုကရေစီရေးအတွက်လူသားချင်းစာနာမှုဖြင့် ဘက်ပေါင်းစုံမှ ၀ိုင်းဝန်းကူညီကြပါရန် မေတ္တာရပ်ခံစာများ လက်ကမ်းစာစောင်များဝေငှကြပါ။..

သီးလေးသီး ဂျပန်နိုင်ငံသို့လာရောက်ဖျော်ဖြေတင်ဆက်ရန်ရှိ

ဆေးရောင်စုံအဖွဲ့၏ ၁၂-၀၁-၂၀၀၈ ဘန်ကောက်မြို့ပွဲစဉ် အမှတ်တရ ပုံရိပ်
မြန်မာပြည်တွင်းသာမက ပြည်ပသို့ရောက်ရှိနေကြသော မြန်မာ နိုင်ငံသားများကြားမှာ လူကြိုက်များရေပန်း စားနေသော သီးလေးသီးဆေးရောင်စုံ အငြိမ့်အဖွဲ့ဟာ အနုပညာအင်အား လည်းတောင့်တင်းပြီး။ မြန်မာ့ဒီမိုကရေစီ အရေးလုပ်နေကြသည့် အဖွဲ့အစည်းများပေါ များသောဂျပန်နိုင်ငံသို့ လာရောက်ဖျော် ဖြေတင်ဆက်တော့မယ်လို့ သိရပါတယ်၊လောလောဆယ်အခြေအနေမှာတော့ ထိုင်းနိုင်ငံတွင် ဖျော်ဖြေတင်ဆက် နေပြီး အဲဒီကပြီးရင် တောင်ကိုရီး ယားနှင့် အမေရိကားတို့အထိပါ ကပြ အသုံးတော်ခံ ဖျော်ဖြေတင်ဆက်ဖို့ ဖိတ် ခေါ်ခြင်းခံထားရတယ်လို့ အဖွဲ့ခေါင်း ဆောင် ကိုဂေါ်ဇီလာက ပြောဆိုပါတယ်၊ဂျပန်နိုင်ငံကိုလာရောက်ဖျော်ဖြေနိုင်ဖို့ အတွက် မြန်မာ့အနုပညာကိုလေးစားမြတ်နိုးတဲ့ ဂျပန်ရောက်မြန်မာတွေက ကြိုးစားနေကြပြီး မကြာခင်အ ချိန်အတောအတွင်းမှာ အားပါးတရ ရှူစားနားဆင်ရတော့မှာဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါတယ်၊

Saturday, January 12, 2008

စက်တင်ဘာ ပတ်ပျိုး (အောင်ဝေး)

(မဇ္ဈိမ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)

“ရန်...ငါ မပြတ်လို့
သံဃာ အသတ်ခံရတာ
သွေးကြွေးမှာ
ဆွေးနွေးစရာ အကြောင်းမရှိ....”

(အောင်ဝေး)


ခြေဆင်း

ပြီးခဲ့သည့် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ဘာ့ကြောင့် ကြံ့ကြံ့မခံနိုင်ဘဲ ရှုံးနိမ့်သွားခဲ့ရတာလဲ ဆိုသည့် မေးခွန်းမှာ ကျနော်လွတ်မြောက်နယ်မြေသို့ ရောက်လာလာချင်း အမေးခံရသည့် မေးခွန်းဖြစ်ပါသည်။ ထိုမေးခွန်းကို ကျနော် ဉာဏ်မီသလောက်၊ ကျနော်ကိုယ်တိုင် ပါဝင်ခဲ့သည့် တိုက်ပွဲအထိအတွေ့အလျောက် ကျနော်ကြုံရာဆုံရာ စကားဝိုင်းတွေမှာ တော်သလို သင့်သလို ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ နောက်တခါ စစ်အစိုးရ ပြုတ်ကျသွားဖို့ဆက်ပြီး တိုက်ပွဲဝင်သွားရန် ဘာတွေဘယ်လို ပြင်ဆင် ရမလဲဆိုသည့် မေးခွန်းကိုလည်း ကျနော်အတတ်နိုင်ဆုံး ကြိုးစားပြီး စဉ်းစားသုံးသပ် ဖြေကြားခဲ့ပါသည်။ (အောင်ဝေး စစ်တမ်း - တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်းပိုက်ရေး လမ်းစဉ် - ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်တွင် ကြည့်ပါရန်)

ရွှေဝါရောင် ပဲ့တင်

်ယခု ကျနော့် ကိုယ်ပိုင်အမြင်တချို့ကို တင်ပြ ကြည့်ချင်ပါသည်။ မှားလျှင် ပညာရှင်များ ပြင်ဆင်ပေးကြပါ။ စက်တင်ဘာလ အရေးတော်ပုံကို “ရှုံးနိမ့်သွားတယ်” လို့တော့ ကျနော် မသတ်မှတ်ပါ။ ကျနော်တို့ မရှုံးပါ။ ကြံ့ကြံ့ မခံနိုင်ခဲ့တာကိုတော့ ကျနော်လက်ခံပါသည်။ သို့သော် တိုက်ပွဲဆက် ပြတ်မသွားကြောင်း၊ လူထုတိုက်ပွဲ အရှိန်သေမသွားကြောင်း ကျနော်ယုံကြည်ဆဲ ဖြစ်ပါသည်။ ဘာကြောင့် တိုက်ပွဲမှာ ကျနော်တို့ ကြံ့ကြံ့မခံနိုင်ခဲ့တာလဲ။ ကျနော့်အမြင်က ဒီလိုဖြစ်ပါသည်။

ပထမအချက် -

ကျနော်တို့ ရန် - ငါ မပြတ်ခဲ့ဘူး။ ရန် - ငါ မပြတ်လို့ သံဃာအသတ်ခံရတာ ဖြစ်သည်။ ဒါဟာ အတွေးအခေါ်နှင့် ဆိုင်သည်။ Without revolutionary theory there can be no revolutionary movement. တော်လှန်သော အတွေးအခေါ်တရပ် မရှိဘဲနှင့် တော်လှန်သော အရေးတော်ပုံတရပ် မရှိနိုင်ပါ။ ကမ္ဘာ့သမိုင်း လက်တွေ့ကြားက စကားဖြစ်ပါသည်။ ဘုံရန်သူ ချေမှုန်းရေး တိုက်ပွဲတွင် ကျနော်တို့ တိုက်ပွဲ အတွေးအခေါ်ကို ခိုင်မာပြတ်သားအောင်၊ သံမဏိသားကျအောင် မစည်းရုံး မစုစည်းနိုင်ခဲ့ပါ။ (စည်းရုံး စုစည်းနိုင်ခွင့်လည်း ပိတ်ပင်ချုပ်ချယ် ခံထားရပါသည်။)

ထိုအခါ ကျနော်တို့ ရန် - ငါ စည်းမပြတ်ဘဲ တွေတွေဝေဝေနှင့် နအဖ စစ်အစိုးရအပေါ် လျှော့တွက်မိခဲ့သည်။ အဲဒီမှာ ရန်သူက လက်ဦးမှု ရယူသွားပြီး၊ ရက်ရက်စက်စက် အကြမ်းဖက် ချေမှုန်းလိုက်တာပဲ ဖြစ်သည်။ စက်တင်ဘာ ၂၄ - ၂၅ သံဃာပင်လယ်၊ လူပင်လယ် ဒီမိုကရေစီ တောင်းဆိုအုံကြွမှုကို အထွေထွေသပိတ် လမ်းကြောင်းပေါ်သို့ ဆွဲတင်သွားရန် ကျနော်တို့ ကြိုတင်စီစဉ်ထားချက် မရှိမဟုတ် ရှိပါသည်။ သို့သော် ကျနော်တို့ ရန်သူက ဆန္ဒပြပွဲကို တုံ့ပြန်ဖြိုခွင်း လာလျှင် အလွန်ဆုံး မျက်ရည်ယိုဗုံးနှင့် မီးသတ်ပိုက်လောက်ကိုသာ ရင်ဆိုင်ရမည်ဟု ကြိုတင် တွက်ဆ ထားခဲ့ပါသည်။ ကျနော်တို့ နောက်နှစ်ရက် သုံးရက်အတွင်း ရွှေတိဂုံအရှေ့မုခ်၊ ကြေးသွန်းဘုရားက ယာယီ သပိတ်စခန်းကို၊ ပို၍ ခိုင်မာလုံခြုံ ကျယ်ဝန်းသော နေရာကြီးတခု (ဘုန်းကြီးကျောင်းတိုက် တခု ဖြစ်ပါသည်။ အမည်ထုတ်ဖော် ပြောဆိုရန် မသင့်၍ ခွင့်လွှတ်ပါ) သို့ ပြောင်းရွှေ့ဖွင့်လှစ် အခြေစိုက်ပြီး တိုက်ပွဲကို အရှိန်မြှင့်တင်သွားရန် လျှို့ဝှက် ကြံစည်ပြီး ဖြစ်ပါသည်။သို့ရာတွင် ကျနော်တို့ ဆန္ဒပြပွဲထဲတွင် မျောပါပြီး အချိန်ဆွဲသလို ဖြစ်သွားခဲ့ပါသည်။ ရန်သူက အငိုက်ဝင် တိုက်ခိုက်လိုက်သည့်အခါ ကျနော်တို့ အထိနာခဲ့ရပါသည်။ ဤသည်မှာ ရန် - ငါ မပြတ်ခဲ့၍ ဖြစ်သည်။ တော်လှန်သော တိုက်ပွဲဝင် အတွေးအခေါ် ရာနှုန်းပြည့် မခိုင်မာ၊ မပြတ်သားသောကြောင့် ဖြစ်သည်။

ဒုတိယအချက် -

ကျနော်တို့ အရေးတော်ပုံ ကြံ့ကြံ့မခံနိုင်ခဲ့ခြင်း အကြောင်းရင်းများထဲတွင် ကျနော်တို့မှာ လူထုအုံကြွမှုကို စုစည်း ဦးဆောင်နိုင်စွမ်းသော တော်လှန်သော၊ ညီညွတ်သော တပ်ဦး တခုမရှိခဲ့သော အချက်လည်း ပါဝင်သည်ဟု ကျနော်ယူဆပါသည်။ တော်လှန်သော တပ်ဦးတခု အခိုင်အမာ မရှိဘဲနှင့် တော်လှန်သော အရေးတော်ပုံကြီး အောင်ပွဲမခံနိုင်ပါ။ ကမ္ဘာ့သမိုင်း လက်တွေ့သင်ခန်းစာ ရှိပါသည်။ ယခု အရေးတော်ပုံမှာ ပြန့်ကျဲနေသော ဒီမိုကရေစီ အင်အားစု အသီးသီးကို ကျနော်တို့ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် မစုစည်းနိုင်ခဲ့တာကို အမှန်အတိုင်း ဝန်ခံရမည်။ ဥပမာ - Mass Alliances for Democracy (လူထုဒီမိုကရေစီ မဟာမိတ်များအဖွဲ့) ဆိုတာလိုမျိုး ကျနော်တို့ တပ်ပေါင်းစု(တပ်ဦး) မဖွဲ့နိုင်ခဲ့ပါ။

ကျနော်တို့ ရန်သူကို လျှော့တွက်ခဲ့သဖြင့်၊ တိုက်ပွဲကို အချိန်ဆွဲခဲ့သဖြင့် တပ်ပေါင်းစု (တပ်ဦး) ဖွဲ့ဖို့ အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးခဲ့ရပါသည်။ နအဖလို ရက်စက်ကြမ်းကြုတ် လှည့်ဖျား ကောက်ကျစ်သော ဘုံရန်သူကို သူသေကိုယ်သေ တိုက်ရသည့် တိုက်ပွဲမျိုးမှာ ခိုင်မာပြတ်သားသည့် ညီညွတ်သော တပ်ပေါင်းစုမျိုး ဦးစီးဦးဆောင်မှု မရှိမဖြစ် မလွဲမသွေ လိုအပ် နေပါသည်။ ကျနော်တို့ တိုင်းပြည် ဒီမိုကရေစီတိုက်ပွဲ မပြီးသေးပါ။ ဆက်ပြီး တိုက်ပွဲ ဝင်သွားကြရပါဦးမည်။ ဒီအတွက် ကျနော်တို့ ဘာတွေပြင်ဆင်ရဦးမလဲ ဆိုလျှင်တော့ -

(၁) ဒီတခါ ရန် - ငါ ပြတ်မှ ဖြစ်မည်။
(၂) တပ်ပေါင်းစု (တပ်ဦး) တခု အခိုင်အမာ ဖွဲ့ရမည်။သားသုံးသား ပေါင်းစည်းရေးကို အလေးအနက်ထား ဆောင်ရွက်ရမည်။ဥပဒေတွင်း၊ ဥပဒေပ တိုက်ပွဲများ ဆက်စပ်ရေးကို မျက်ခြည်မပြတ် ဆောင်ရွက်ရမည်။ (ပြည်တွင်း ပြည်ပ နိုင်ငံတကာ ဖိအား)

တိုက်ပွဲကို နိုင်အောင် မတိုက်နိုင်ခဲ့သည့် အပေါ်မှာ ကျနော် မည်သူ့ကိုမျှ အပြစ်တင်နေခြင်း မဟုတ်ပါ။ ကျနော်၏ ခံစားချက်ကို ကျနော် ရိုးသားစွာ တင်ပြကြည့်ခြင်းသာ ဖြစ်ပါသည်။ ယခု စစ်အာဏာရှင်စနစ် ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး တိုက်ပွဲသည် အဖွဲ့အစည်းတရပ်၊ လူထုတပ်ဦးတဖွဲ့၊ စစ်မျက်နှာတခု စသည်ဖြင့် တဖက်တခုတည်းနှင့် တိုက်နေသည့် အထီးကျန်တိုက်ပွဲ မဟုတ်ပါ။ ယခု တိုက်ပွဲမှာ ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစုများ အားလုံး၊ တိုင်းရင်းသား လက်နက်ကိုင်တပ်များ စည်းလုံးညီညွတ်စွာ မဆုတ်မနစ် တိုက်သွားရမည့် တိုက်ပွဲ ဖြစ်ပါကြောင်း …။

အောင်ဝေး
မြန်မာနိုင်ငံ ကဗျာဆရာ



အင်းစိန်ထောင်တွင်း နောက်ဆုံးအခြေအနေ

ကိုမင်းကိုနိုင် ၊ ကိုသိန်းဆွေ တို့ အခန်းမှာရေချိုးခန်းရှိတယ်။ ဒီတော့သူတို့ ကို အပြင်မထွက်ရဘူးဆိုပြီ နအဖ ကလုပ်ထားတယ်။ သူတို့ လမ်းလျှောက်ခွင့် လုံးဝမရကြဘူး။ အပြင်ကိုလုံးဝမထွက်ရဘူး။

အရှင်သုတဥာဏ.၊ ကိုကိုကြီး ၊ ကိုဌေးကြွယ် ၊ ကိုမြအေး ၊ ကိုမာကီး ၊ ကိုဂျင်မီ တို့ အခန်းတွေမှာတော့ ရေချိုးခန်းမရှိဘူး။ ဒီတော့သူတို့ ကိုအပြင်ထွက်ပြီးရေချိုးခွင့်ရကြတယ်။ ရေချိုးတဲအချိန်လေးမှာသူတို့ လမ်းလျောက်ခွင့် နည်းနည်းပါးပါးရတယ်။ မျက်နာသစ်ချိန် ၁၅ မိနစ်၊ ရေချိုးချိန်က ၁နာရီ။
ကိုလှမျိုးနောင်အခြေအနေက အဆိုးဝါးဆုံးဖြစ်နေတယ်။ သူရဲ့ ညဖက်မျက်လုံးက ကွယ်လုနီးပါးဖြစ်နေတယ်။ ဆေးဝါးကုသခွင့် မရဘူး။ ဆေးရုံတက်ဆေးကုသခွင့်မရဘူး။ သူကိုစစ်ကြောရေးလုပ်စဉ်က ရိုက်နက် ညင်းပန်းခဲ့ကြတယ်။သူထွက်ချက်တွေကို ရဲထောက်လှမ်းရေးခွေးတွေက လက်မှတ်ကိုအတင်းအကြပ်ထိုးခိုင်းတယ်။ သူကမထိုးပဲ ငြင်းဆန်ခဲ့တဲ့အတွက် သူမျက်နာကိုရိုက်နက်ခဲ့တယ်။ ညာဖက်မျက်စိ ထိခိုက်သွားပြီး ကွယ်မလိုဖြစ်နေပြီ။ ဒါဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်။ ဒီကိစ္စအတွက်တာဝန်အရှိဆုံးက ကတော့ နအဖ ဖြစ်တယ်။

နောင်တ မရသေးသော သန်းရွှေနှင့် တိုင်းပြည်အဖျက်သမားများ

၂၀၀ရ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းကစပြီး နအဖခေါင်းဆောင်သန်းရွှေရဲ့  ကျန်းမာရေး အခြေအနေ ဟာ အထက်ပါပုံတွင်မြင်သည့်အတိုင်း တရှိန်ထိုးကျဆင်းသွားခဲ့သည်၊ အခုဆိုရင် အနောက်မှနေ၍ လူတယောက်က လိုက်မတွဲပေးလျှင်မဖြစ်အခြေအနေထိပင်ဖြစ်နေသည်၊

ကိုယ်ကျိုးအတွက် သူများ အသတ်တွေ၊ ဘ၀တွေကို ထောင်ထဲမှာ၊ လမ်းမမှာ၊ သူများမိသားစုတွေကို လက်မတွန့်ဘဲ ဖြိုခွဲခဲ့တာ၊ လက်ရှိလည်း ထောင်ထဲမှာ နှိပ်စက်နေတာ၊ အဲဒီလို လက်မရွံ့ လူသတ်သမား သန်းရွှေက သူ့အသက်ကို
သေမှာကြောက်ပြီး ရှေ့နောက် ၀ဲယာမှာ လက်နက်ကိုင် အစောင့်တွေ အပြည့်နဲ့။
မသေခင်မှာ ပြုလုပ်ခဲ့သမျှ အမှားတွေ သံဃာနဲ့ ပြည်သူတွေကို သတ်ဖြတ် စော်ကားခဲ့တဲ့ လုပ်ရပ်တွေ အတွက် အမြင်မှန်ရပြီး သူရဲ့ နောက်လိုက်ငယ်သားတွေနဲ့  တစ်ကွ တိုင်းပြည်ကို ၀န်ချတောင်းပန်ပြီး မတရား ယူထားတဲ့အာဏာ ကို ပြည်သူထံ အမြန်ပြန်အပ်မယ် ဆိုရင်တော့ အသေဖြောင့်ပြီး မိုက်ကြွေးမိုက်ပြစ် တွေအ တွက် အ၀ီစိငရဲမှာ သက်သာ ကောင်းပါရဲ့ ။

ဒီလောက် အိုမင်း နေတာတောင် မကောင်းတာတွေ ထပ်မလုပ်တော့ဘဲ၊ ဘ၀မှ တခဏလေး လူကောင်း အဖြစ် နေသွားမယ်ဆိုတဲ့ စိတ်ကူးမျိုး မထားဘဲ မိုက်တွင်းနက်နေတဲ့ သန်းရွှေအား တိုင်းပြည်မှ ဖယ်ရှားပြီး လက်ရှိတပ်မတော်ခေါင်းဆောင်တွေက ပြည်သူပြည်သားများနှင့်အတူ ပူးပေါင်းပြီး လွတ်လပ်သော အနာဂတ်နိုင်ငံတော်သစ်ကြီးဆီသို့ လျှောက်လှမ်းကြပါဆို့လို့ .....

Friday, January 11, 2008

ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို ထောက်ခံသည်

Thursday, January 10, 2008

စစ်ကျွန်စံနစ်ကို အမြစ်ပြတ် တော်လှန်ချေမှုန်းကြပါစို့ …

စစ်ကျွန်ပြုတာကို ခံရတဲ့ သူတွေထဲမှာ လူဘုံအလယ်မှာ နအဖ စစ်ဗိုလ်ချုပ်ကြီးတွေကို ဖိနပ်တိုက် ဖိနပ်စီးပေးနေရတဲ့ ဗိုလ်ချုပ်လေးတွေလည်း အပါအ၀င် ဖြစ်တယ်ဆိုတာ (အပေါ်က ပုံကိုကြည့်ရင်) ထင်ရှားပါတယ်။ စစ်တပ်အတွင်းက စစ်သည်တော်တွေ ဘာကြောင့် စစ်ထဲ ၀င်ခဲ့သလဲ၊ စစ်သင်တန်း တက်စဉ်မှာ ဘာတွေ ဆိုခဲ့ရသလဲ၊ သင်တို့ရဲ့ လက်ရှိ ဘ၀အခြေအနေက ဘယ်လိုလဲ ဆိုတာကို စဉ်းစားကြပါ။ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချီတက်နေပါတယ်လို့ ဓာတ်ပြားပေါက်မတတ် ပြောနေကြတဲ့ နအဖ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ်တွေက ပဒေသရာဇ်နဲ့ ကျွန်ပိုင်ရှင်ခေတ်ဆီ နောက်ပြန်လှည့် ချီတက်နေကြတာကို တပ်မတော် အကြီးအကဲကြီးတွေနဲ့ ပြည်သူလူထု တရပ်လုံး အသိပဲ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ ပြည်သူတွေက သင်တို့တတွေ စစ်ကျွန်ဘ၀က လွတ်မြောက်အောင် တိုက်ပွဲဝင်ပေးနေကြတာပါ။ ပြည်သူနဲ့အတူ သင်တို့လက်တွဲပြီး စစ်ကျွန်ပြုနေသူ နအဖစစ်ဗိုလ်ချုပ်ကြီး တသိုက်ကို တိုက်ထုတ်ဖယ်ရှားဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။ ရုရှားက ရဲဘော်တို့ သင်တို့သင်နေတဲ့ ပညာတွေက ဖိနပ်တိုက်ဖို့ မဟုတ်ဘူးဆိုတာကို နားလည်ကြဖို့ အချိန်ရောက်ပါပြီ။ ကျနော်တို့အားလုံး အတူလက်တွဲပြီး တိုက်ပွဲဝင်ကြပါစို့။ စစ်ကျွန်စံနစ်ကို အမြစ်ပြတ် တော်လှန်ချေမှုန်းကြပါစို့။

(www.didfortwayne.blogspot.com မှ ကူးယူဖော်ပြပါသည်)

အိမ်ကျယ် (သို့မဟုတ်) မိမိကိုယ်ကို ယုံကြည်မှု လုံးဝမရှိတော့သော စစ်အစိုးရ

ဒီမိုကရေစီအရေးအတွက် ရန်ကုန်သို့ သွားရောက်ဆန္ဒပြသည့် အသက် ၂၇ နှစ်အရွယ် အင်္ဂလန်နိုင်ငံသူ ရေချယ်လ် ဂိုးဝင်းအကြောင်း ဖော်ပြထားသည့် ဆောင်းပါး လေး ဖြစ်သည်။ သူမက လမ်းမီးတိုင်တွင် မိမိဘာသာ လက်ထိပ်ခပ်၍ ဒီမိုကရေစီသီချင်းတပုဒ်ကို မြန်မာဘာသာဖြင့် သီဆို ခဲ့သည်။ ဤပြစ်မှုကြောင့် ထောင်ဒဏ် (၇) နှစ် ချမှတ်ခံခဲ့ရသည်။ (သို့သော် ၂-လအကြာတွင် လွတ်မြောက်လာခဲ့သည်။) သတင်းစာကြီးတစောင်၏ ဆောင်းပါးက ဤသို့ရေးခဲ့သည်။ “တချိန်တွင် မြန်မာနိုင်ငံတွင် မည်သည့် ဧည့်ခရီးသွားများ သွား နိုင်ကြပါတော့မည်နည်း။ ငါတို့ တနေ့နိုင်ရမည် (We shall over come one day) ဆိုသည့် အဲန်ဂျီအိုနှင့် တက်ကြွလှုပ်ရှားသူ အများအပြား သီဆိုလေ့ရှိကြသည့် သီချင်းလေးကို လေချွန်မိ၍ပင် မြန်မာ ပြည်တွင် ဖမ်းခံရဖွယ် ရှိသည်။ ” ဟု ရေးသားခဲ့ သည်။ သို့သော်လည်း ၉ နှစ်အကြာတွင် အခြေအနေက ဤအတိုင်း ဖြစ်လာခဲ့သည်။

ယခုတော့ စစ်အစိုးရက မေတ္တာပို့သံကြားလျှင်ပင် ကြောက်နေပြီ။
“ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ…
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ…
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ…” ရဟန်းများက ဗုဒ္ဓ၏ မေတ္တာဒေသနာ မေတ္တာသုတ်ကို ရွတ်ဆိုခဲ့ကြခြင်းကိုပင် ကြောက်နေပေပြီ။ ယောဂီဝတ်စုံဖြင့် ထွက်လာ လျှင် ငါ့ကို ဆန္ဒပြနေကြပြီလားဟု ထင်နေသည်။ လက်၌ ပုရိတ်ကြိုးချည်ထားလျှင်လည်း အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုဟု ထင်နေသည်။ ဆရာတော် သံဃာတော်ကြီးများက ဒေ၀ဒတ်အကြောင်း တရားဟောသည်ကိုပင် သူ့ကို စောင်းမြောင်း ပြောဆိုနေသည်ဟု ထင်နေသည်။ တရားပွဲများ ပိတ်သည်။ တရားခွေများ လိုက်သိမ်းဆည်းနေသည်။

အလားတူ အတိုက်အခံအဖွဲ့ဝင်များနှင့် တွေ့ဆုံစကားပြောဆိုရမည်ကိုလည်း ကြောက်နေပြန်သည်။ ကြေငြာချက် အမှတ် (၁/၂၀၀၇) ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဆိုရေး ကိစ္စကိုပင် ကြိုတင်သတ်မှတ်ချက်များချကာ ခံစစ်လုပ်နေ ပြန်သည်။ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများက ပြောထားပြီးဖြစ်သည်။ အနာဂတ်တွင် တပ်မတော်အတွက် ထိုက် တန် သည့် ဂုဏ်ယူစွာ တပ်မတော်သားဟု ခံယူနိုင်သည့် နေရာမျိုး ရှိလိမ့်မည်။ ယခု ဒီမိုကရေစီပြောင်းလဲရေး လုပ်ဆောင် နေကြ သော ကိစ္စသည်လည်း စစ်တပ်ကို ချေမှုန်းဖြုတ်ချရေးအတွက် မဟုတ်။ တိုင်းပြည်နှင့် နိုင်ငံသားများ မျက်နှာကို ထောက်ထား ၍ အုပ်ချုပ်ပုံစနစ် ပြုပြင်ပြောင်းလဲမှုများ လုပ်ရန်သာ တောင်းဆိုနေကြခြင်း ဖြစ်သည်။ ဤသို့ တွေ့ဆုံရမည့် အရေးကိုလည်း ကြောက်နေပြန်သည်။

ယခု အင်တာနက်များကို ဖြတ်တောက် ပိတ်ဆို့နိုင်ရန် လုပ်နေပြန်သည်။ စည်းကမ်းများ တင်းတင်းကျပ်ကျပ် ထုတ်သည်။ ဂြိုဟ်တုစလောင်းများကို အဆမတန် အခွန်တိုးကောက်၍ လူအများမကြည့်နိုင်စေရန် လုပ်သည်။ မျက်စိပိတ် နားပိတ်ထား ခြင်း အားဖြင့် လူအများက သူတို့ပြောသမျှ ယုံကြည်ကြမည်ဟု ထင်နေသည်လားမသိ။ သေချာသည်မှာ ပြည်သူအများက မြန်မာ့အလင်းသတင်းစာကိုလည်း ယုံကြည်မှု မရှိကြခြင်းပင်။

စစ်အစိုးရက မည်သို့ဝါဒဖြန့်ဖြန့် လူအများက လက်ခံကြ တော့ မည် မဟုတ်ပါ။နိုင်ငံတကာ သံတမန်ရေး ဆက်ဆံရေးတွင်လည်း အညှိုးငယ်ရဆုံး အခြေအနေ ဖြစ်နေသည်။ အာဆီယံအစည်းအဝေး တွင် လည်း သူ့အကြောင်း၊ နိုင်ငံတကာ အစည်းအဝေးများတွင်လည်း သူ့အကြောင်း၊ ယခုတော့ လုံခြုံရေးကောင်စီတွင်ပါ သူ့ အကြောင်း ဖြစ်လာပြီ။

စင်္ကာပူနိုင်ငံ၏ ခေါင်းဆောင်ဟောင်း လီကွမ်ယူက စစ်အစိုးရခေါင်းဆောင်များကို “ငတုံးတွေ” (rather dumb) ဟု ပြောခဲ့ သည်။ သံတမန်ရေးအရ ပြန်လှန် ကန့်ကွက်နိုင်ခြင်း မရှိခဲ့။ အကယ်၍ မိမိကိုယ်ကိုသာ ယုံကြည်မှုရှိပါက ဖြစ်သင့်သည်မှာ မြန်မာနိုင်ငံရှိ စင်္ကာပူ သံတမန်ကို ခေါ်၍ ကန့်ကွက်စာပေးရမည်။ နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်နစ်နာသွားနိုင်ကြောင်း နည်း နည်းတော့ ကြိမ်းမောင်းရမည်။ ယခုတော့ ဟုတ်၍ ငုံ့ခံသလို ဖြစ်နေသည်။ တလောက စင်္ကာပူနှင့် ထိုင်းတို့ အနည်းငယ် တင်းမာမှု ဖြစ်ကြသည်။ ၂၀၀၆ စက်တင်ဘာတွင် ထိုင်းနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းတော့ စင်္ကာပူက ဆရာကြီးလုပ်၍ ဒီမိုကရေစီ လက်ချာပေးသည်။ ထို့နောက် ၂၀၀၇ ဇန်န၀ါရီလတွင် ဖြုတ်ချခံရသူ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ကို စင်္ကာပူက ပုဂ္ဂလိက အလည်အပတ်ခရီးလက်ခံခဲ့သည့်အခါ ထိုင်းနိုင်ငံက ပြဿနာရှာတော့သည်။ စင်္ကာပူနိုင်ငံကို သံတမန် ရေးအရ ကြိမ်းမောင်းသည်။ ထိုင်းနိုင်ငံတွင် အေဆီယံအစီအစဉ်ဖြင့် စစ်ရေးလေ့ကျင့်ရေးဆင်းနေသည့် စင်္ကာပူ စစ်သားများ ၏ အစီအစဉ်များကို ရပ်ဆိုင်းပစ်မည်ဟု ခြိမ်းခြောက်သည်။ တော်တော် တင်းတင်းမာမာ ဖြစ်ခဲ့ကြသည်။ လ အတော်ကြာမှ ပြန်ပြေလည်ခဲ့သည်။ သို့သော် ယုံကြည်မှုနည်းနေသော မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ဤသို့မလုပ်ရဲခဲ့ပါ။ ဆေးကုစရာ နေရာ လေးလည်း ပျောက်သွားနိုင်သေးသည် မဟုတ်ပါလား။

တဖန် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်ဇ်က မြန်မာနိုင်ငံကို အာဏာရှင်များ၏ နောက်ဆုံး ကျွင်းကျန်သည့် ခံကတုတ်ကျင်းဟု အမည်တပ်ခေါ်ခဲ့သည်။ အမေရိကန်သမတ ကတော် လော်ရာဘုရှ်က ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး မလုပ်နိုင်လျှင် ဆင်းပေးဟု လူသိရှင်ကြား ပြောခဲ့သည်။ မြန်မာစစ်ဗိုလ်ချုပ်များက မည်သို့မျှ မတုံ့ပြန် ရဲပါ။ ငုံ့ခံနေကြသည်။ အနည်းဆုံး သံတမန်ရေးအရ ကန့်ကွက်မှုမျှပင် မလုပ်ရဲကြပါ။ ကိုယ်မှန်လျှင် ငုံ့ခံမည် မဟုတ်သော် လည်း၊ ကိုယ်က မှားတော့ ငြိမ်နေရသည်။ စစ်အစိုးရ၏ ယုံကြည်မှု အကြီးအကျယ် ကျဆင်းနေသည်ကတော့ သိသာလှသည်။မြန်မာစစ်ဗိုလ်ချုပ်တွေက အိမ်တွင်သာ အလိုလိုက်ထား၍ ဆိုးနေသည့် အိမ်ကျယ် မျိုးနှင့် တူနေသည်။ မိမိ ကိုယ်တွင်း၌ ယုံကြည်မှုအားနည်း၍ အခြားကလေးများကို လိုက်ဗိုလ်ကျ အနိုင်ကျင့်တတ်သည့် ကလေးဆိုး (Bully) မျိုးနှင့် တူနေသည်။ သူ့ထက်ကြီးသူဆိုလျှင် ကြောက်သည်။ အိမ်အပြင်ကွင်းတွင်ဆိုလျှင် ကြောက်သည်။ သို့သော်လည်း မြန်မာစစ်ဗိုလ်ချုပ်များ က ကလေးဆိုးထက် ပို၍အန္တရာယ်ကြီးသည်။ အင်အား ၄ သိန်းကျော်ရှိ စစ်တပ်ကြီးကိုင်ထားပြီး ဗိုလ်ကျနေသောကြောင့် ဖြစ်သည်။ နိုင်ငံကို ထင်ရာကျဲ ရောင်းစားပြီး၊ အရုပ်ကလေးများကို ဖျက်ဆီးချိုးဖဲ့လေ့ရှိသည့် ကလေးဆိုလို ဖျက်ဆီးနေ သောကြောင့် ဖြစ်သည်။စက်တင်ဘာ သံဃာ့လှုပ်ရှားမှု အပြီးတွင်တော့ စစ်အစိုးရ၏ ယုံကြည်မှုရေချိန်က အနိမ့်ဆုံး ဖြစ်နေခဲ့ပြီ။ မိမိဘာသာ အားတင်းပြောနေသော်လည်း မစွမ်းနိုင်တော့ကြောင်း သိနေသည်။ အချို့လှုပ်ရှားသူများကို မဖမ်းမဆီးရဲတော့။ အထူး သဖြင့် သီးလေးသီးအငြိမ့်ကခဲ့သူ ၀န်ထမ်းများကို အလုပ်ဖြုတ်ပြီးမှ ပြန်ခန့်သည်။ ပြည်သူများကလည်း ပို၍ ရဲရင့် လာကြသည်။ ဤပုံဖြင့် မိုးကြီးချုပ်၍ မရနိုင်တော့ကြောင်း သိလာကြသည်။ အထူးသဖြင့် ရေဒီယိုအင်တာဗျူးများကို နားထောင်လျှင် ပို သိသာသည်။ ပြည်သူများက ပို၍ ရဲရင့်ပြောင်မြောက်စွာ ပြောလာကြသည်။

စစ်အစိုးရက ဤအသံများကို မကြားလိုပါ။ ကုလားအုပ်က သဲထဲသို့ ခေါင်းဝှက်ထားလျှင် လုံလှပြီဟု ထင်နေသည့် အပေါက် မျိုး ချိုးနေသည်။ ဤနည်းဖြင့် ရေရှည်ရပ်တည်နိုင်လိမ့်မည် မဟုတ်သလို၊ အဖြေလည်း ရှာတွေ့လိမ့်မည် မဟုတ်ပါ။

အောင်သူငြိမ်း