Friday, October 31, 2008

အနှစ် (၂၀) ပြည့်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)။

၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးမှ မွေးဖွားပေါ်ပေါက်လာခဲ့တဲ့ ကျောင်းသားတပ်မတော် - မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ၏ အနှစ် (၂၀) ပြည့်မြောက်အား အထူးဂုဏ်ပြုအပ်ပါသည်။



http://www.absdf8888.org

Thursday, October 30, 2008

သီးလေးသီး (ဂျပန်)

Wednesday, October 29, 2008

အကောင်းဆုံးမြေသြဇာ ပြန်လည်ဖွဲ့စည်းခြင်း


စွမ်းအားမြင့် မြန်မာကျောင်းသားစစ်သည်တော်များအဖွဲ့၏ သံမဏိသူရဲကောင်း (သို့) သံဃာ့အာဇာနည်အား ဂုဏ်ပြုကြောင်း ထုတ်ပြန်ကြေညာချက်

Tuesday, October 28, 2008

မြန်မာ့ပြည်မှ .ဒုက္ခသည်ခလေးများအတွက် သွေးသစ်ကျောင်းကလေး..

Monday, October 27, 2008

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကားလမ်း အတားအဆီးများ ဖယ်ရှား

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာ တက္ကသိုလ်ရိပ်သာ လမ်းမပေါ်မှာ ချထားတဲ့ အတားအဆီးတွေကို ဒီနေ့ မှာ အာဏာပိုင်တွေက ဖယ်ရှားလိုက်ပါတယ်၊ ဘာအကြောင်းကြောင့် ဖယ်ရှား လိုက်သလဲ ဆိုတာ မသိရသေးပေမဲ့ လမ်းမပေါ်မှာ Barbed wire တွေနဲ့  တားထားတာတွေမရှိတော့ဘူး ဆိုတာကို NLD သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးညဏ်ဝင်းက VOA ကို ခုလို ပြောပြပါတယ်၊

“မိတ်ဆွေ တယောက်က ပြောလို့ ခြံအရှေ့တော့ မရောက်ပါဘူး။ ကမ္ဘာအေး ဘုရားလမ်းက ကြည့်တော့ လုံခြုံရေးချထားတဲ့ ၀ါယာတွေ ခါတိုင်းထား ထားတာတွေ မတွေ့ဘူး။ မနက်ကတည်းက အခုထိတော့ ဒါနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား မကြားဘူးခင်ဗျ။”

NLD သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးညဏ်ဝင်းဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ခြံရှေ့ မှာ အရပ်ဝတ်နဲ့  အစောင့် တွေကတော့  ရှိနေဆဲပဲလို့ သိရပါတယ်၊ တက္ကသိုလ် ရိပ်သာလမ်း နှစ်ဘက်လုံးမှာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ လွတ်လွတ်လပ်လပ် ဖြတ်သန်းသွားနိုင်ပြီလို့  သက်ဆိုင်ရာကိုမေးခဲ့ သူက VOA ကို ပြန်ပြီး ပြောပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်တွေက နေအိမ် အကျယ်ချုပ်ချ ဖမ်းဆီးထားတဲ့ အချိန်စုစုပေါင်းဟာ ပြီးခဲ့တဲ့
သောကြာနေ့  အောက်တိုဘာ ၂၄ ရက်နေ့ မှာ ၁၃ နှစ်ပြည့်  သွားခဲ့ ပါတယ်။ နိုင်ငံတကာအစိုးရတွေ ကမ္ဘာတ၀န်းက မြန်မာ့အရေး လှုပ်ရှားနေကြသူတွေလဲ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြဆဲ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက်မှု ဖြစ်ပြီးတဲ့ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ဆိုပြီး စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အခုအချိန်အထိ ထိန်းသိမ်းထားတဲ့ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဥပဒေကြောင်းအရ စိန်ခေါ်ဖို့ သူမရဲ့ ရှေ့နေနဲ့  အတူ ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်လများ ဆက်ပြီး ဖမ်းဆီးထားတဲ့ အပေါ် တရားရုံးမှာ အယူခံတင်ထားတဲ့ ကိစ္စအတွက် ကြားနာမဲ့ ရက်ကိုတော့  ခုချိန်ထိမရသေးဘူးလို့  ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်ရှင်။

http://www.voanews.com/burmese/2008-10-26-voa3.cfm

Sunday, October 26, 2008

DDoS or DoS (Denial of service Attack) ကို တားဆီးနိုင်မဲ့နည်းလမ်းတွေ့ပြီ

DDoS or DoS လို့ခေါ်တဲ့ Denial Of Service attack က ရိုးရှင်းပြီး effect ဖြစ်ပါတယ်။ ခပ်တိုတိုပြောရရင်တော့ Website တစ်ခုကို Hacker ထိန်းချုပ်ထားတဲ့ PC တွေ (Bots) အများကြီးကနေ Request တွေ အများကြီးကို တစ်ပြိုင်ထဲ ပို့လိုက်ရင် အဲဒီ အတိုက်ခံရတဲ့ Website ရဲ့ Web Server က Request တွေကို handle မလုပ်နိုင်တော့ပဲ Down သွားတာပါ။ အဲဒီလို အတိုက်ခံရတာကို ကာကွယ်ချင်ရင် ဒီ php file လေးကို သုံးပြီး prevent လုပ်လို့ရပါတယ်။

How It Works

Little Lady Baby DoS Shield က PHP script တစ်ခုပါ။ Logic က ရှင်းပြီး ကောင်းပါတယ်။ ဘယ်လို အလုပ်လုပ်လဲ ဆိုတော့ သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာ တစ်ခုမှာ သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက်ထက် ပိုပြီးတော့ request ၀င်လာရင် အဲဒီ IP ကို ခဏ ban လိုက်ပါတယ်။

How to Use It

ကျွန်တော်ကတော့ ကျွန်တော့် Blog directory ထဲ
ကို tweety.php ဆိုတဲ့ php file ကို upload လိုက်ပြီးတော့ index.php ထဲမှာ အောက်က ပြထားတဲ့အတိုင်း get_header(); ဆိုတာရဲ့ အနောက်မှာ include(”tweety.php”); ဆိုပြီး ထည့်ပေးလိုက်ရင် ရပါတယ်။

Configuration?

Script file ထဲမှာ Configuration settings တွေ ရှိပါတယ်။ Script က attack အလုပ်ခံရတယ်လို့ ယူဆတိုင်းမှာ ကိုယ့် email ထဲကို Warning mails တွေ ပို့အောင် လုပ်ထားလို့ရပါတယ်။ နောက်ပြီး လောလောလတ်လတ်ပဲ ကျွန်တော့် ဘလော့ကို dos ခံရတယ်လို့ ယူဆပါတယ်။ အောက်မှာ ပါတဲ့ ပုံကိုကြည့်ပါ။
Warning Messagesကို အခုလိုမြင်ရပါမယ်။
mister Rblog

php file ဒေါင်းလုပ်လုပ်ရန်


Image Hosting by Picoodle.com

ပန်းချီဆရာကြီး ၀သုန်၏ ဈာပနာအခမ်းအနား

မောင်ဝိတ်တပည့်များနှင့် စကားများသဖြင့် အန်အယ်ဒီ ပါတီဝင်များ တိုက်ပိတ်ခံရ

.ဖနိဒါ စနေနေ့၊ အောက်တိုဘာလ 25 2008 21:39 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်၏ တပည့်များဖြစ်ပြီး၊ မူးယစ်ဆေးဝါးမှုဖြင့် အင်းစိန်ထောင်တွင် အကျဉ်း ကျခံနေရသူများနှင့် စကားများသဖြင့် အန်အယ်လ်ဒီ ပါတီဝင် ၃ ဦးကို ပြီးခဲ့သည့် တနင်္ဂနွေနေ့မှ စတင်ကာ ထောင်အာဏာပိုင်များက စစ်ခွေးတိုက်သို့ ပို့လိုက်သည်။

မောင်ဝိတ်၏ တပည့်များသည် ထောင်တွင်း ရေချိုးကန်၌ ရေပိုက်ဖြုတ်ပြီး ကန်တွင်းသို့ ရေမထည့်ဘဲ ပိုက်ဖြင့် ချိုးသည်ကို မကျေနပ်ရာမှ စကားများ ရန်ဖြစ်သောကြောင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံထားရသူ ကြည့်မြင်တိုင်မြို့နယ်မှ အန်အယ်ဒီပါတီဝင် ကိုအောင်ထွန်း၊ ကိုရန်နိုင်ထွန်းနှင့် ကိုဖိုးတုတ် ခေါ် ဦးတင်မောင်ချိုတို့အား စစ်ခွေးတိုက်တွင် တိုက်ပိတ်လိုက်ခြင်း ဖြစ်သည်။

"မောင်ဝိတ်ရဲ့ တပည့်တွေက နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ သူတွေနဲ့ ပြဿနာ တက်တယ်။ ရေချိုးတဲ့ နေရာကို သူတို့တွေက မောင်ပိုင်စီးထားတယ်။ နောက် ရိုက်နှက်တယ်။ ဒါကြောင့် မခံနိုင်လို့၊ ရန်ဖြစ်ကြလို့ တိုက်ပိတ်ထားတယ်" ဟု သူတို့၏ ရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။

သူတို့ ၃ ဦးသည် စီးပွားရေးသမား ဘီလျံနာ မောင်ဝိတ် အပါအ၀င် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသည့် ဒဂုံ၊ ကြည့်မြင်တိုင်၊ လသာမြို့နယ်များမှ ကိုအောင်မင်း၊ ကိုနေထွန်းလွင်၊ ကိုကျော်ဖုန်းနိုင်၊ ကိုကျော်လှိုင်၊ အုန်းသီး (ခ) ကျော်ဝင်းတို့နှင့် ပြဿနာတက်ခဲ့ခြင်း ဖြစ်သည်။

သန်းရွှေ အသက်သွင်းတဲ့ ခွေးခြေင်္သေ့မှန်သမျှ ကြက်ခြေခတ် ကန့်ကွက်ကြ


လွတ်လပ်ရေးဖခင်ကြီးနှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် အသက်ပေးကာ ကြိုးပမ်းပေးခဲ့ကြသော နိုင်ငံ့အာဇာနည်စစ်စစ် ခေါင်းဆောင်ကြီးတို့ ၏ ဂုဏ်ကျေးဇူးကိုမှ မထောက်၊ သမိုင်းပျောက်အောင်လုပ်ခဲ့ကြတဲ့ အာဏာရှင်တို့ ရဲ့  လုပ်ရပ်ဖြစ်တဲ့ ငွေစက္ကူတွေမှာ ဗိုလ်ချူပ်အောင်ဆန်း၊ ဆရာစံ၊ သခင်ဖိုးလှကြီး အစရှိတဲ့ ပုံတွေကို ဖယ်ရှားပြီး၊ ခွေးလိုလို ခြင်္သေလိုလိုပုံတွေကို အစားထိုးပြီး ငွေစက္ကူတွေမှာ ပုံနှိပ်သုံးစွဲနေတာတွေကို ကန့် ကွက်တဲ့အနေနဲ့  ခွေးခြင်္သေ့လှုပ်ရှားမှုကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

ဒီလို ငွေစက္ကူတွေမှာသာမက ခွေးလိုလို ခြင်္သေလိုလိုပုံတွေကို နအဖရဲ့  လက်ကိုင်တုတ်အဖွဲ့ ဖြစ်တဲ့ ကြံ့ ဖွတ်အဖွဲ့ မှာပါ အဖွဲ့ တံဆိပ်အနေနဲ့  သုံးနေတာတွေ့ ရတော့ ဒါဟာ နအဖအာဏာရှင်တွေရဲ့  နိုင်ငံတော်တံဆိပ်ပါ ခြင်္သေပုံဖြစ်နေပါတယ်။ ဒါတင်မကသေးဖူး နအဖ မတိုင်ခင် ၁၉၆၂ ခုနှစ်ကတည်းက သုံးခဲ့တဲ့ နေ၀င်းဥိးဆောင်ခဲ့တဲ့ မဆလ တစ်ပါတီရဲ့  နိုင်ငံတော်တံဆိပ်ပါ ခြင်္သေ့ပုံလည်း ဖြစ်ပါတယ်။

အဆိုပါ ခွေးလိုလို ခြင်္သေ့လိုလို ပုံပါ ငွေစက္ကူများနှင့် နအဖလက်ကိုင်တုတ် ကြံ့ ဖွတ်အဖွဲ့ အား ဆန့် ကျင်သည့် အနေဖြင့် ရန်ကုန်တိုင်းအတွင်းရှိ မရမ်းကုန်မြို့နယ်နှင့် လှိုင်မြို့နယ်များတွင် နအဖ စစ်အာဏာရှင် အုပ်စုအား အလိုမရှိသူ လူငယ်များမှ ခွေးခြင်္သေ့ပုံအား ကြက်ခြေခတ်ဆန့် ကျင်သည့် လှုပ်ရှားအား ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

နအဖအာဏာရှင်မှ မည်သို့ မည်ပုံဖမ်းဆီးသည်ဖြစ်စေ မြန်မာပြည်သား မြန်မာလူငယ်များအနေဖြင့် အမျိုးသားရေးတာဝန်အား ပုခုံးထမ်းကာ ရဲရဲဝန့် ၀န့်  အင်အားသစ်များဖြင့် အာဏာရှင်အား ဆက်လက် တော်လှန်တိုက်ပွဲ ၀င်နေမည် ဖြစ်ကြောင်းနှင့် မြန်မာပြည်သူပြည်သားအပေါင်းမှ ပူးပေါင်းပါဝင်လက်တွဲကြကာ အမျိုးသားရန်သူဖြစ်သည့် အာဏာရှင် နအဖလက်တစ်စုစာအား ဆန့် ကျင်ကြရန် တိုက်တွန်းလိုက်ရတယ်။

အထက်ပါ လှုပ်ရှားမှု့များအား NCFF,TBM,NCFF 8888 မျိုးဆက်များမှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပါတယ်။

မြေသြဇာအဖွဲ့ ဘလောက်

Saturday, October 25, 2008

မန္တလေးတိုင်း အဲန်အယ်လ်ဒီအဖွဲ့ဝင်များ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ



ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကတည်းက အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ မန္တလေးတိုင်း စည်း ဒေါ်ဝင်းမြမြ နဲ့ မန္တလေးတိုင်း အဲန်အယ်လ်ဒီ ခေါင်းဆောင်တွေ တိုင်း လူငယ်အဖွဲ့ဝင်တွေကို စစ်အစိုးရက ဒီနေ့ မန္တလေးအကျဉ်းထောင်ထဲက တရားရုံးမှာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု၊ တဖက်နဲ့တဖက် မလိုမုန်းထားမှုတွေ ဖြစ်အောင် ပြောဆိုမှု စတဲ့ ပြစ်မှုမျိုးစုံကို ကျူးလွန်တယ်ဆိုပြီး ပြစ်ဒဏ် နှစ်ရှည် ချမှတ်ခဲ့တာပါ။ အကြောင်းစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က တင်ပြထားပါတယ်။


၂၀၀၇ ခုနှစ်ကတည်းကနေ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ မန္တလေးတိုင်းစည်း တွေနဲ့ ဒီကနေ့မှာပဲ ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်တာ ဖြစ်ပါတယ်။ မန္တလေးတိုင်းစည်း ဒေါ်ဝင်းမြမြရဲ့ အစ်ကို ပြောပြတာကတော့ -

“မန္တလေးတိုင်းက မြို့နယ်လူငယ် ၃ ယောက်ပေါ့လေ။ ဒေါ်ဝင်းမြမြ က ၁၂ နှစ်၊ ဦးကံထူး တိုင်းစည်းအတွင်းရေးမှူးကလည်း ၁၂ နှစ်ပဲ။ ဦးသန်းလွင် တိုင်း ဒု-ဥက္ကဌ ကလည်း ၈ နှစ်၊ ကိုမင်းသူ မိုးကုတ်မြို့နယ် လူငယ်စည်း ကလည်း ၁၃ နှစ်၊ ကိုဝင်းရွှေ ကျောက်ပန်းတောင်း မြို့နယ် လူငယ်စည်း ကလည်း ၁၁ နှစ်၊ ကိုတင်ကိုကို မန္တလေးတိုင်း၊ မိတ္ထီလာ မြို့နယ် လူငယ်စည်း ကလည်း ၂ နှစ်။ အဲဒီလို ကျသွားပါတယ်။”

တကယ်တော့ အာဏာပိုင်တွေ တင်ထားတဲ့ စွဲချက်တွေဆိုတာကလည်း မန္တလေးတိုင်းအတွင်းက မြို့နယ်စည်းအဖွဲ့ဝင် အချင်းချင်း ပြောတဲ့စကားတွေ၊ တွေ့ဆုံနေကျ အမေရိကန်သံတမန်တွေ နဲ့ ထမင်းစားရင်း ပြောတဲ့စကားတွေကို အခြေခံပြီးတော့ စွဲဆိုခဲ့တာလို့လည်း ပြောပြခဲ့ပါတယ်။

“မန္တလေးတိုင်း မြို့နယ် ၃၀ အစည်းအဝေး အတွင်းမှာ အဖွဲ့ချုပ်ဝင် အချင်းချင်း ပြောဆိုတဲ့စကားတွေကို သူတို့ တိပ်ခွေ ဖမ်းထားတယ်။ နောက် ကျနော်တို့ အမေရိကန် သံအမတ်တွေနဲ့ ရွှေဖဲ စားတော်ဆက်မှာ တိုင်းစည်းတွေ လက်ဆုံ ထမင်းစားရင်းနဲ့ အလာပ သလာပ ပြောတဲ့စကားတွေကို တိပ်ခွေနဲ့ ဖမ်းထားတယ်။ သံတမန် ဆိုတာကလည်း ဗဟိုရော မန္တလေးတိုင်းရောမှာ ဟိုးရှေးတုန်းကတည်းက အ၀င်အထွက် ရှိတဲ့အနေအထားပါ။ ဒါတွေက ထုံးစံပဲ။ သူတို့ စာနယ်ဇင်းတွေလည်း မကြာခဏ ဆိုသလို ဖော်ပြနေတာပဲ။ စားရင်းသောက်ရင်းနဲ့ ပြောတဲ့စကားတွေကိုပဲ သူတို့က စွဲချက်တင်သွားတာ ဖြစ်တယ်။”

အခုလို နှစ်တွေ များလာတယ် ဆိုတာကလည်း ပုဒ်မ တခုတည်းကို ၄ ကြိမ်ခန့် စွဲဆိုတဲ့အတွက် ထောင်ကျနှစ် ပိုများလာတယ်လို့လည်း မိသားစုက ပြောပြပါတယ်။ ၅၀၅/ခ ဆိုတဲ့ ပုဒ်မက ၂ နှစ်လောက်ပဲ ချလို့ရတဲ့အတွက် အစိုးရကို အကြည်ညိုပျက်အောင် လုပ်မှုတွေကို ၄ ကြိမ်ခန့် ကျူးလွန်ခဲ့တယ် ဆိုပြီးတော့ အကြိမ်ကြိမ် စွဲချက်တင်တဲ့သဘောပါပဲ။ အခုလို ပုဒ်မတွေကို အကြိမ်ကြိမ် စွဲချက်တင်လို့ ရပါသလား ဆိုတာကိုလည်း သူတို့ရဲ့ ရှေ့နေကြီး ဦးမြင့်တင် ကို မေးမြန်းကြည့်ခဲ့ပါတယ်။

“စွဲတဲ့အခါမှာ စွဲလို့ရလားလို့ မေးရင် ဥပဒေအရ စွဲလို့ ရပါတယ်။ ဒါပေမေယ့် ကျနော်တို့ ဥပဒေမှာ ၁၂ လအတွင်းမှာ အဖြစ်အပျက် အကြောင်းအရာကို ပစ်မှုဆိုင်ရာ ဥပဒေပုဒ်မ တခုတည်းနဲ့ စွဲမယ်ဆိုရင် တပေါင်းတည်း စွဲရမယ်လို့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာ (၂၃၄)၊ (၂၃၅) တို့မှာ ပြဌာန်း ထားပါတယ်။ ဒါပေမယ့် တရားရုံးက ဒေါ်ဝင်းမြမြ တို့ အဲဒီလို သက်ညှာခွင့် မပေးဘူးပေါ့ခင်ဗျာ။ ဥပမာ - ၆၀၈/၀၈ ဆိုလို့ရှိရင် ၂၀၀၆ မှာ တကြိမ်တွေ့လို့ ပြောတဲ့စကားပေါ့။ ၆၀၉/၀၈ အမှုကျတော့ သူနဲ့ လတော်တော်ကို ကွာပြီးတော့မှ တွေ့တဲ့ ပြောခဲ့တဲ့စကားတွေပေါ့။ နောက် ၆၁၀ ဆိုတာကလည်း အဲဒီလို တနှစ်နီးပါးလောက် ကွာပြီးတော့မှ ပြောတဲ့စကားတွေပေါ့။ အဲဒီလို ရက်စွဲတွေ မတူဘူး။ အကြောင်းအရာတွေ မတူတဲ့ အတွက် ခွဲပြီးတော့ စွပ်စွဲခံရတာ ဖြစ်ပါတယ်။ အဲဒီ ၄ မှုလုံးမှာလည်း ၅၀၅/ခ က ၄ မှုလုံးမှာ ပါနေတယ်ခင်ဗျ။ တစ်မှုတစ်မှုမှာ ဥပဒေအရ ပြစ်ဒဏ် ချမယ်ဆိုရင် အမှုပေါင်းပြီးတော့လည်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၇၁) အရ ချလို့ ရပါတယ်။ ပြစ်မှုကျင်းထုံးအရ အားလုံး ပေါင်းလို့လည်း ရပါတယ်။ ဒါပေမယ့် ဒေါ်ဝင်းမြမြကို မပေါင်းပေးဘူးခင်ဗျ။ ၄ မှုလုံးမှာ တစ်မှုစီ စွဲပြီးတော့ သီးခြားစီ ချလိုက်တဲ့အတွက် ၁၂ နှစ် ဖြစ်သွားတာပါ။”

နောက်ဆုံး ရုံးထုတ်ချိန်မှာတော့ အမိန့်ချမှတ်ရက် ဖြစ်တဲ့အတွက် တရားရုံးမှာ အပြင်လူမ၀င်နိုင်အောင်လည်း စီမံ ဆောင်ရွက်ထားတယ်လို့လည်း ရှေ့နေကြီးက ပြောပြပါတယ်။

“လုံခြုံရေးတွေ သူတို့ အပြည့်ချတယ်။ ထောင်မှာ အရင် စစ်နေကျ ဓမ္မာရုံမှာ စီရင်ချက် မချဘူး။ ထောင်ကနေ ဟိုး အတွင်းထဲကို တော်တော်လေး ၀င်သွားရတဲ့ သင်တန်းကျောင်းထဲက ဓမ္မာရုံထဲမှာ ပြစ်ဒဏ်ချတယ်။ လုံခြုံရေးတွေ အပြည့်ထားတယ်။ ကျနော်တို့ ရှေ့နေ ၃ ယောက်ကိုလည်း အဲဒီ ဓမ္မာရုံကို သီးခြား ပို့ပေးတယ်ပေါ့လေ။ ပို့ပေးပြီးတော့ လုံခြုံရေးတွေကြားမှာပဲ တရားသူကြီးနဲ့ တရားခံနဲ့ ကျနော်တို့ ရှေ့နေတွေပဲ ရှိတယ်။ ဘေးမှာကတော့ သူတို့ လုံခြုံရေး အစောင့်တွေ ထားပြီးတော့ ပြစ်ဒဏ်ချတယ်။ နောက်ဆုံး ကိုဝင်းရွှေ ဆိုတာကို ပြစ်ဒဏ်ချနေတုန်းမှာပဲ ကျန်တဲ့ ၅ ယောက်ကို ထောင်ကို ချက်ချင်း ပို့လိုက်တယ်။ ကျနော်တို့တောင် စကားပြောခွင့်မရလိုက်ဘူး။”

စွဲချက်တင်ပြီးတော့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဒေါ်ဝင်းမြမြ အပါအ၀င် ၅ ဦးကို နောက်ဆုံးမှာတော့ ရှေ့နေနဲ့တောင် စကားပြောခွင့် မပေးတော့ဘဲ နောက်ဆုံး ပြစ်ဒဏ်ချမှတ်ခံရတဲ့ ကိုဝင်းရွှေရဲ့ အမှုကို စီရင်ချက် ချနေတုန်းမှာပဲ အိုးဖို ထောင်ထဲကို ကျန်တဲ့ ၅ ဦးစလုံးကို ခေါ်သွားတယ်လို့လည်း ပြောပြပါတယ်။

အမေရိကန် သံအရာရှိနဲ့ ဒေါ်ဝင်းမြမြတို့ ရွှေဖဲစားတော်ဆက်မှာ စားသောက်ရင်း စကားပြောဆိုခဲ့တာတွေထဲမှာ မန္တလေးတိုင်းအတွင်းက အန်လ်ဒီ ဆိုင်းဘုတ် အဖြုတ်ခံရတဲ့ ကိစ္စ။ မန္တလေးတိုင်း အန်လ်ဒီခေါင်းဆောင် တဦးဖြစ်တဲ့ ဦးသန်းလွင် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရတဲ့ ကိစ္စနဲ့ အန်လ်ဒီ အဖွဲ့ဝင်တွေ နုတ်ထွက်ပါတယ်ဆိုပြီး အာဏာပိုင်တွေ ဘက်က ဖိအားပေးမှုတွေ၊ နုတ်ထွက်ပါတယ်ဆိုပြီး ကြေညာတာတွေနဲ့ ပတ်သက်လို့ ပြောဆိုခဲ့တဲ့အကြောင်း ရှေ့နေဦးမြင့်သွင်က ပြောပြပါတယ်။

ဒီလို အမေရိကန် သံအရာရှိနဲ့ စားသောက်ဆိုင်အတွင်း ပြောပြချက်တွေကို အာဏာပိုင်တွေဘက်က တိတ်တဆိတ် အသံသွင်းခဲ့ပြီး တရားရုံးမှာ ပြန်ဖွင့်ပြရင်း အမှု စွဲဆိုခဲ့တာဖြစ်တယ်လို့လည်း အကျိုးဆောင်ရှေ့နေ ဦးမြင့်သွင်က ပြောဆိုသွားပါတယ်။

နိုင်ငံကျော် ပန်းချီဆရာကြီး ၀သုန်သို့

သနားစရာ ဗမာ့ လက်ရွေးစင်ဘောလုံးသမားများ

ပြည်ချစ်မေ။

မာဒေးကားဖလားပြိုင်ပွဲမှာဗမာအသင်း ကို မလေးရှားဘောလုံးအသင်းက ၄ ဂိုး-ဂိုးမရှိနဲ့ နိုင်သွားတယ်။ အရင်က မာဒေးကားချံပီယံ…ဒို့ ဗမာအသင်းဟာ…နအဖ လက်ထက်မှာမှအရှူံးကြိးရှူံးနေရတာ ဆန်းတဲ့ ကိစ္စုမှမဟုတ်ဘဲ…။အရှက်မရှိ၊သိက္ခာမရှိ…တိုင်းပြည်ရဲ့.မျက်နှာ..ဂုဏ်သိက္ခာကိုမထောက်၊ဘောလုံးပွဲတပွဲကို သူ့ မြေးရွှေသွေးအတွက် ဖျော်ဖြေတဲ့ပွဲလောက်သဘောထားခဲ့ တာဘဲ..။မနှစ်ကဇွန်လ ၇-ရက်နေ့ကကြားလိုက်ပါသေးတယ်။
ကမ္ဘာကျော်ဂျပန်ဘောလုံးသမား..နာကာတာ..ကိုခေါ်ပြီးမြန်မာ့လက်ရွေးစင်ဟောင်းအသင်းနဲ့ ဘောလုံးကန်တာ။ နာကာတာနဲ့ အတူ ရွှေသွေး.ဝင်ကန်တဲ့ အသင်းက နိုင်သွားတယ်ဆိုလား..၃ ဂိုးမှာ နာကာတာက ၁ ဂိုးဘဲသွင်းနိုင်ပြီး ..ရွှေသွေးခေါ် ဖိုးလပြည့်က ၂ ဂိုးသွင်းနိုင်ခဲ့ ပါတယ်ဆိုပါလား။နာကာတာ ပါဝင်ကစားသည့် ဘောလုံးပွဲ၌ ဗိုလ်ချုပ်မှူးကြီး၏မြေးက နှစ်ဂိုးသွင်း
ရှက်စရာကြီးနော်..နာကာတာက ရွှေသွေးလောက်တောင် မတော်ဘဲ နဲ့ ..တကမ္ဘာလုံးကို လှည့်စားထားတာပေါ့နော်…..အဲဒိသတင်းကို ဖတ်လိုက်၇တဲ့ နေ့ က ကျမ ရီရလွန်းလို့ ..သေတော့မယ်..။စဉ်းစားကြည့်ကြပါဦးရှင်။ကျမတို့ ရဲ့ ဗမာဘောလုံးသမားတွေခမျာမှာတောု့ လေ့ကျင့်ရေး၊ခွန်အားဖြည့်တင်းရေး၊(အစာအဟာရလုံလောက်အောင်ကျွေးမွေးခြင်း)စိတ်ဓါတ်မြှင့်တင်ရေး၊စတဲ့ ……စတဲ့ ဘောလုံးသမားတယောက်အတွက်လိုအပ်တဲ့အရာတွေဘာမှ ဖြည့်တင်းပေးတာမခံရဘဲ(ဖြည့်မှမဖြည့်နိုင်တာလေ)…..၊သူတို့ လိုတာကိုအပိုအလျှံတောင်ဖြည့်ပေးနိုင်လောက်တဲ့ တိုင်းပြည်ကထွက်သမျှ..သယံဇာတတွေကိုတော့..စစ်အစိုးရကသူတို့ ဆွေတော်မျိုးတော်တွေအတွက်ဘဲ လက်ဝါးကြီးအုပ် ၊လုပ်ချင်ရာလုပ်၊ရှူပ်ချင်ရာရှူပ်၊ထင်တိုင်းကျဲမူဝါဒကိုလက်သုံးတော်ဓါးလို စွဲကိုင်ထားတာကိုး။အဲဒီဓါးက မတန်မရာကိုင်ထားလို့ကိုယ့်လက်ကိုယ်ပြန်ရှတော့မယ်ဆိုတာလဲ သတိထားပါဥိး။ဗမာတွေကန်တဲ့ ဘောလုံးပွဲ ဘယ်ပွဲကိုဘဲကြည့်ကြည်.့..အားရစရာမှ မရှိတာ..၊သက်လုံမကောင်းတာရယ်..(လိုအပ်တဲ့ .အာဟာရမပြည့်တာလဲပါတယ်)..လေ့ကျင့်မှုနဲနေတာရယ်…ပေါ်နေတာဘဲလေ…။ဘရာဇီးလ်နည်းပြခေါ်ပြိးကျင့်တယ်ဆိုဘဲ…ဘယ်နည်းပြခေါ်ခေါ်လေ…၊အဓိကနဲ့ သာမည ကိုခွဲခြားပြိး ..မဖြည့်တင်းသမျှ..ရှးူံမြဲရှူံ့းနေဦးမှာပါဘဲ…တကယ်ဆိုရင် …မလိုပါဘူး..၊နိုင်ငံခြားနည်းပြ…။အရင်က အာရှတလွှားမှာ နံမယ်ကျော်ကြားခဲ့တဲ့ …ဗမာ့လက်ရွေးစင်ဟောင်းကြီးတွေရှိနေတာဘဲ၊..သူတို့ ကိုနည်းပြပြန်ခန့် ..၊ပြီးရင်…ဘောလုံးသမားတယောက်ချင်းစီအတွက်လိုအပ်တဲ့ ပံ့ပိုးမှုကို..အပြည့်အဝသာ..ပေးလိုက်…(မခိုကြေး၊မခိုးကြေးနော်)…မကြာပါဘူး..ကျမတို့ ဗမာ့လက်ရွေးစင်အသင်းဟာ ..တချိန်ကလို..အာရှတလွှားတင်မကဘဲ ကမ္ဘာမကျော်ဘူး..လို့ဘယ်သူငြင်းနိုင်မလဲ…..။ဒါပေမဲအာဏာရူးတွေကလုပ်ပေးမှာမှမဟုတ်တာ။ အဲံဒီတော့လဲအကောင်းဆုံးအကြံပေးချင်တယ်။ မြေးတော်ရွှေသွေးမအေဘေးကိုသာ ဗမာ့လက်ရွေးစင်အသင်းထဲထည့်ပေးလိုက်ပေတော့လို့ သာပြောချင်ပါတော့တယ်ရှင်။
ပြည်ချစ်မေ။

Thursday, October 23, 2008

သမီးဖြစ်သူကို အဓမ္မပြုကျင့်ရန်ကြိုးစားသူ နစက တပ်ကြပ်ကို ကျေးရွာ ရယက ဥက္ကဌက ဓါးဖြင့် ခုတ်သတ်

22/10/2008
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် သမီးဖြစ်သူကို နစက တပ်ကြပ် တဦးမှ အဓမ္မပြု ကျင့်ရန် ကြိုးစားရာမှ ဖခင်ဖြစ်သူ ရယကဥက္ကဌက ဓါးနှင့် ခုတ်သတ်သည့် မူခင်းတခု အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပေါ်ပေါက်ခဲ့သည်။
အဆိုပါ မူခင်းမှာ မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာအုပ်စု ကံဘုကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဒေသအတွင်းက ပေးပို့သောသတင်းအရ ကံဘုကျေးရွာနေ ရယကဥက္ကဌ ဦးဟာဘီစူလာမှ သမီးဖြစ်သူအား နစက တပ်ကြပ်ဇော်ဝင်းမောင်မှ အဓမ္မပြုကျင့်ရန် ကြိုးစားနေသည်ကို ဖခင်ဖြစ်သူ တွေ့ရာမှ အနီးမှဓါးကိုဆွဲယူပြီး နစကတပ်ကြပ်အား ဓါးဖြင့် အချက်ပေါင်းများစွာ ခုတ်သတ်ခဲ့သည်။
ဇော်ဝင်းမောင်မှာ မောင်တောမြို့နယ် နစက အမှတ် (၇)နယ်မြေမှဖြစ်ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ကာ ယခုအခါ မောင်တောဆေးရုံတွင် တင်ထားရကြောင်း သိရသည်။
ဦးဟာဘီစူလာမှာ အဆိုပါ အခင်းဖြစ်ပွားပြီးနောက် တဘက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့သို့ ထွက်ပြေး တိမ်းရှောင် လာခဲ့သည်။
ဦးဟာဘီစူလာ မိသားစုအား ယခုအခါ နစကမှ ခေါ်ယူစစ်ဆေးနေကြောင်း သတင်းရရှိ သည်။
news by Niranjara

Wednesday, October 22, 2008

ဟက်ကာအကြီးစားသတိထား WHO IS THE HACKER?





လူရွှင်တော်ဇာဂနာကို ကနေဒါကလောင်ရှင်များအဖွဲ့မှ ဆုချီးမြှင့်

ပီတာအောင် / ၂၁ အောက်တိုဘာ ၂၀၀၈

သတ္တိရှိရှိဖြင့် လွပ်လပ်စွာဆန္ဒထုတ်ဖော်ခဲ့မှုများအတွက် လူရွှင်တော်ဇာဂနာကို ကနေဒါ ကလောင်ရှင်များအဖွဲ့ က One Humanity Award (တမျိုးတည်းသောလူသားဆု) ချီးမြှင့်လိုက်သည်။
လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ကနေဒါကလောင်ရှင် များအဖွဲ့၏ (၂၅) နှစ် မြောက် နှစ်ပတ်လည်နေ့၌ မြန်မာနိုင်ငံမှ ဇာဂနာဟုလူသိများသည့် ကဗျာ ဆရာလူရွှင်တော်နှင့် တက်ကြွလှုပ်ရှားသူ မောင်သူရကို ယခုနှစ်တွက် ဆုချီးမြှင့်ရန် ရွေးချယ်လိုက်သည်ဟု ကနေဒါကလောင်ရှင်များအဖွဲ့ PEN Canada ၏ ကြေညာချက်တွင် ပါရှိသည်။
ဆုပေးအပ်ရခြင်းနှင့်ပတ်သက်၍ ကနေဒါကလောင်ရှင်များအဖွဲ့ ဥက္ကဋ္ဌ Nelofer Pazira က “ စာရေးဆရာ တွေဟာ သူတို့ရဲ့ အတွေးအခေါ်တွေကို ထုတ်ဖော်တဲ့အတွက်ကြောင့် အသတ် ခံရ၊ ထောင်သွင်းအကျဉ်းချခံရ၊ ခြိမ်းခြောက်ခံရ၊ အနှောင့်အယှက်ပေးခံရတာတွေ အမြဲလို လိုဖြစ်နေတယ်။ ဒီလိုလူတွေထဲက တယောက် ကတော့ ကျနော်တို့ရဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင် ဇာဂနာပဲဖြစ်ပါတယ်။ သူရဲ့ သတ္တိနဲ့ ဂုဏ်သိက္ခာအတွက် နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာရပ် တည်နေတဲ့အတွက် ကျနော်တို့ဟာ သူ့ကို ဒီဆုချီးမြှင့်ပြီး ဂုဏ်ပြုလိုက်တာပါ”ဟု ကြေညာ ချက်၌ ပြောသည်။

အဆိုပါဆုသည် ကွဲပြားနေသည့် တိုင်းပြည်နယ်နိမိတ်များကိုကျော်ဖြတ်၍ မတူညီသည့်ယဉ် ကျေးမှုများအကြား လှုံ့ဆော်ဆက်သွယ်ပေါင်းကူးပေးရာ၌ ထူးကဲစွာဆောင်ရွက်နိုင်သူများ ကို ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။ စာရေးဆရာ တဦးစီ၏ ရေးသားမှုများသည် ရိုးသား မှုရှိခြင်း၊ ပိုင်းခြားဝေဖန်မှုကောင်းမွန်ခြင်းနှင့် အတွေး အခေါ်များကို ငြိမ်းချမ်းစွာဖော်ထုတ်ပြသရာ၌ မည်သည့်ကြားခံကိုမဆိုဖြတ်၍ သတ္တိရှိရှိ ယုံယုံကြည်ကြည် ဆောင် ရွက်ခြင်းတို့အပေါ်တွင် အကဲဖြတ်၍ ဆုရွေးချယ်သည်ဟုလည်း သိရသည်။

ဆုပေးပွဲကို ကနေဒါနိုင်ငံ တိုရန်တိုမြို့၌ အောက်တိုဘာ (၂၂) ရက်ကျင်းပမည့် နိုင်ငံတကာ စာရေးဆရာများပွဲ တော်ဖွင့်ပွဲ အခမ်းအနားတွင် ချီးမြှင့်သွားမည်ဟု သိရသည်။ လူရွှင်တော်ဇာဂနာ အကျဉ်းကျခံနေရသည့်အတွက် ၎င်းအတွက် ထိုင်စရာနေရာခုံ ကွက်လပ်တခုထား ပေးကာ ဂုဏ်ပြုသွားမည်ဖြစ်ပြီး ဆုရသူသည် ဒေါ်လာ (၅,၀၀၀) ရရှိမည်ဟု သိရသည်။

ဇာဂနာဆု ချီးမြှင့်ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း သူ၏ မိခင်ဖြစ်သူ သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ကြည်ဦး က ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “မောင်သူရဟာ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ သူလုပ်စရာရှိတာကိုလုပ်ခဲ့တယ်။ စက်တင်ဘာမှာ သံဃာတော်ကိုဆွမ်းကပ်တာတွေလုပ်ခဲ့တယ်။ နာဂစ်မှာလည်း သူကိုယ်တိုင် သူ့ပစ္စည်းကိုယ်ပိုင်တွေကိုရောင်း၊ သူများလှူဒါန်းတဲ့ဟာတွေကိုလည်း ဖြန့်ဖြူး ခွဲဝေပေးတာတွေ အဲလိုကြိုးကြိုးစားစားနဲ့လုပ်တဲ့အတွက် သူလုပ်တဲ့အလုပ်ဟာ လူသာဓုခေါ်နတ်သာဓုခေါ်တဲ့ အလုပ်ပါပဲ။ ဒါကို သဘော တူတဲ့ ပုဂ္ဂိုလ်များက ချီးကျူး ဂုဏ်ပြုတယ်ဆိုတာ ဂုဏ်ယူစရာ ၀မ်းသာစရာပါ။ မိဘဆွေမျိုးအနေနဲ့ကတော့ သူလုပ်သမျှဟာ မိဘအတွက် သာမက တိုင်းပြည်နဲ့လူမျိုးအတွက်ပါ အကျိုးရှိတဲ့အလုပ်ကိုလုပ်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဆုပေးတာကိုလည်း ကျေးဇူးတင်ပါတယ်” ဟုပြောသည်။

စွယ်စုံရအနုပညာရှင် လူရွှင်တော် ဇာဂနာသည် နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် ၁၉၈၈ မှ ၁၉၈၉ အထိ၊ ၁၉၉၀ မှ ၁၉၉၄ အထိ နှစ်ကြိမ် (၄) နှစ်ကျော် ထောင်ကျခဲ့ဖူးပြီး ထောင်ကျနေစဉ် ၁၉၉၁ ခုနှစ်ကလည်း လူ့အခွင့် အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ကပေး အပ်သည့် Lillian Hellman and Dashiell Hammett Grant ဆုရရှိခဲ့ဖူးသည်။

ဇာဂနာသည် ၁၉၉၆ ခု မေလ၌ အနုပညာလုပ်ငန်းများဆောင်ရွက်ခွင့်ပိတ်ပင်ခံခဲ့ရပြီး ယမန်နှစ်စက်တင်ဘာ အရေးအခင်း၌ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့သဖြင့် (၁) လနီးပါး ထိန်းသိမ်းခံရသည်။ ပြီးခဲ့သည့် ဇွန်လ၌ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်ပမီဒီယာများမှ တဆင့် စစ်အစိုးရကို ထိထိမိမိ ဝေဖန် ပြောကြားခဲ့သဖြင့် ထပ်မံဖမ်းဆီးအကျဉ်းချခြင်းခံထားရသည်။

Tuesday, October 21, 2008

(၅)နှစ်အတွင်း ကိုယ်ပျောက်ဝတ်ရုံ ထုတ်လုပ်နိုင်တော့မည်


နာမည်ကျော် Harry Potterရုပ်ရှင်တွင် ပါဝင်သည့်ကိုယ်ပျောက်ဝတ်ရုံမျိုး မကြာမီပေါ်ပေါက်လာတော့မည်ဟု သိရှိရသည်။ သို့သော်လည်း အဆိုပါဝတ်ရုံသည် မှော်အတတ်ဖြင့် စီရင်ထားခြင်းမျိုးမဟုတ်ဘဲသိပ္ပံပညာတိုးတက်ထွန်းကားလာမှု၏ရလဒ်တစ်ခုသာဖြစ်သည်။နာနိုနည်းပညာဖြင့်ပြုလုပ်ထားသောကိုယ်ပျောက်ဝတ်ရုံအား (၅)နှစ်အတွင်းထုတ်လုပ်သွားနိုင်တော့မည်ဟုအမေရိကန်နိုင်ငံအင်ဒီယားနားရှိပါဒူးတက္ကသိုလ်မှသုတေသီများက အတည်ပြုပြောကြားလိုက်သည်။ အိုင်းစတိုင်း၏ General Relativity သီအိုရီအား အခြေခံပြီး ယခုဝတ်ရုံအား ပြုလုပ်ထားကြောင်း သိပ္ပံပညာရှင်များကဆိုသည်။ ၀တ်ရုံမှထွက်ပေါ်လာမည့် လျှပ်စစ်သံလိုက်လှိုင်းများသည် ၎င်း၏အတွင်းဘက်ရှိ လူ့ခန္ဓာကိုယ်အား ပျောက်ကွယ်သွားစေနိုင်ရန် စနစ်တကျ သုတေသနပြု တီထွင်ခဲ့ကြပြီးနောက် (၅)နှစ်အတွင်း ကိုယ်ပျောက်ဝတ်ရုံ ထုတ်လုပ်နိုင်မည်ဟု ကြေညာနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုဝတ်ရုံအား ဖန်တီးနိုင်ရန် အလင်းယိုင်ခြင်း နိယာမ သဘောတရားများကိုလည်း အသုံးပြုခဲ့ကြောင်း သိပ္ပံပညာရှင်များက အရိပ်အမြွက် ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် ၀တ်ရုံအား အလင်း ဖောက်ထွင်းနိုင်သည်အထိ အောင်မြင်နေပြီ ဖြစ်သော်လည်း လုံးဝ ကိုယ်ပျောက်သွားရန်မူ အချိန်ယူရဦးမည်ဟု ပါမောက္ခ ဗလတ်မင်ရှာလပ်ဗ်က Scienceမဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောကြားသွားသည်။ ထိုတီထွင်မှုသည် အနာဂါတ်ကာလ ထောက်လှမ်းရေး လုပ်ငန်းစဉ်များအတွက် အလွန် အသုံးတည့်ဖွယ်ရှိသောကြောင့် အမေရိကန်အစိုးရမှ ငွေကြေး ထောက်ပံ့နေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။ ကိုယ်ပျောက်ဝတ်ရုံအား တီထွင်နိုင်ရန် နည်းမျိုးစုံနှင့် စမ်းသပ်ခဲ့ကြပြီး အဆင့်မြင့် နည်းပညာသုံး မိုက်ခရိုချစ်ပ်များနှင့်လည်း စမ်းသပ်ခဲ့ကြသည်ဟု သိရှိရသည်။ လက်ရှိအချိန်တွင် ပါဒူးတက္ကသိုလ်မှ ပညာရှင်များအနေနှင့် ကိုယ်ပျောက်ဝတ်ရုံ ထုတ်လုပ်နိုင်ရေးအတွက် အောင်မြင်မှုရရှိရန် အနီးစပ်ဆုံး ဖြစ်နေကြောင်း သတင်းရရှိသည်။
သတင်း source။ ။ planet

အဖွဲ့ချုပ်ဝင်များ ဖမ်းဆီးသည့်နေ့ မှားယွင်းဖော်ပြမှု လျှောက်လဲ

ဝိုင်းပီး
တနင်္လာနေ့၊ အောက်တိုဘာလ 20 2008 18:02 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ စစ်အစိုးရကိုယ်စား စွဲချက်တင်သူများက အတိုက်အခံ ပါတီကြီးမှ တိုင်းအဆင့် ခေါင်းဆောင်များကို ဖမ်းဆီးထားသည့် နေ့စွဲနှင့် ပတ်သက်၍ မှားယွင်း ထွက်ဆိုထားခြင်းအတွက် တရားဆိုင်များ၏ ရှေ့နေများက ရုံးတော်သို့ လျှောက်လဲ တင်ပြထားသည်။

ထိန်းသိမ်းခံနေရသည်မှာ တနှစ်ကျော်ပင် ကြာမြင့်ပြီ ဖြစ်သော်လည်း မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ၆ ဦးအား ၂ဝဝ၈ ခုနှစ်တွင် ဖမ်းဆီးခဲ့သည်ဟု တရားရုံးတွင် ထွက်ဆိုထားခဲ့ခြင်းအပေါ် အကျိုးဆောင်ရှေ့နေများက တရားရင်ဆိုင်နေသူများ နစ်နာဖွယ် ရှိသည်ဟုဆိုကာ ပြန်လည် ပြင်ဆင်ရန် ယနေ့တွင် တရားရုံးသို့ လျှောက်လဲလိုက်ကြသည်။

“၂ဝဝ၈ ခုနှစ်မှာ ဖမ်းတယ်ဆိုပြီး သူတို့က လွဲလိုက်တာဟာ ချုပ်ရက်တွေအတွက် နစ်နာသွားမှာ စိုးရိမ်ရတယ်။ ဒါကြောင့် သက်သေတွေကို ထွက်ဆိုခိုင်းတာ ဖြစ်တယ်” ဟု ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးမြင့်သွင်က မဇ္ဈိမကို ပြောသည်။

“တရားစွဲဆိုနေတဲ့သူတွေက အစိုးရက ပြန်တမ်းဝင် အရာရှိတွေ ဖြစ်တယ်။ နိုင်ငံတော်ကိုယ်စား တရားစွဲဆိုတာလည်း ဖြစ်တယ်ဆိုတော့ ကျနော့်အနေနဲ့ အမှန်အတိုင်းပဲ ပြောစေချင်တယ်။ အခုလို အမှန်အတိုင်း သူတို့ မပြောကြတာကတော့ သူတို့ကိုယ်တိုင်ကိုက အကြည်ညိုပျက်အောင်လုပ်တာ ဖြစ်တယ်”

မန္တလေးထောင်တွင်း ချုပ်နှောင်ခံထားရသူ တရားဆိုင်နေရသူများ၏ မိသားစုဝင်များက စစ်အစိုးရကိုယ်စား စွဲချက်တင်သူများက နေ့စွဲ မှားယွင်းဖော်ပြမှုသည် ရည်ရွယ် လုပ်ဆောင်မှုဖြစ်ပြီး နောင်တွင် တရားရင်ဆိုင်သူများကို နစ်နာမှု ဖြစ်စေသည်ဟု ဆိုသည်။

တရားရင်ဆိုင်နေသူ တဦးဖြစ်သည့် မန္တလေး အန်အယ်လ်ဒီ စည်းရုံးရေးမှူး ဒေါ်ဝင်းဝင်းမြမြကို ၂ဝဝ၇ ခုနှစ် စက်တင်ဘာလကတည်းက ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း သူမ၏ အကိုရင်းဖြစ်သူ ဦးဘစိုးနှင့် ညီမ ဒေါ်တင်ဝင်းရီတို့က သက်သေ အထောက်အထားများနှင့် ရုံးတော်သို့ တင်ပြခဲ့သေးသည်။

“တနှစ်အတွင်းမှာ ထောင်ဝင်စာတွေ့ခဲ့တာ ၂၄ ကြိမ်ဆိုတော့ ဒေါ်ဝင်းမြမြကို ဖမ်းတာ ၂ဝဝ၈ ခုနှစ် မဟုတ်ဘဲ ၂ဝဝ၇ ခုနှစ်ဆိုတာ ပေါ်လွင်အောင် စာရွက်စာတမ်းတွေ၊ အထောက်အထားတွေနဲ့ ရုံးတော်ကို သက်သေတွေ ပြခဲ့တယ်” ဟု ဦးဘစိုးက ပြောသည်။

ယခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က တရားရုံးတွင် စွဲချက်တင်ရာ၌ အစိုးရ ပြန်တမ်းဝင် အရာရှိများက ဒေါ်ဝင်းမြမြနှင့် မန္တလေးတိုင်း အဖွဲ့ချုပ်ဝင် ၅ ဦးအား ၂ဝဝ၈ ခုနှစ်တွင် ဖမ်းဆီးသည်ဟု တရားရုံး၌ ထွက်ဆိုခဲ့သည်။

ယခုအမှုသည် အထူးခုံရုံးဟု ဆိုသော်လည်း အရပ်ဘက်ခုံရုံး ဖြစ်သဖြင့် ချုပ်ရက်များကို လျှော့ရက်ထဲတွင် ထည့်သွင်း ရေတွက်ခွင့်၊ ခံစားခွင့် ရှိရမည်ဖြစ်ကြောင်း ရှေ့နေ ဦးမြသွင်က ပြောသည်။

မန္တလေးတိုင်း အဖွဲ့ချုပ် အမျိုးသမီးတာဝန်ခံ ဒေါ်ဝင်းမြမြ (မန္တလေးတိုင်းစည်း အဖွဲ့ဝင်)၊ ဦးကံထွန်း (မန္တလေးတိုင်းစည်း အဖွဲ့ဝင်)နှင့် ဦးသန်းလွင် (မတ္တရာလွှတ်တော်အမတ်) အား အစိုးရကို အကြည်ညိုပျက်စေရန် ပြောဆိုမှု - ပုဒ်မ ၅ဝ၅ (ခ)၊ ပုဒ်မ လူတဦးနှင့်တဦး၊ တဖွဲ့နှင့်တဖွဲ့ကို မလိုမုန်းထားဖြစ်စေရန် မသမာသည့်စိတ်ဖြင့် မရိုးမဖြောင့် လုပ်ဆောင်မှု - ၁၅၃ (က) တို့ဖြင့် တရားစွဲဆိုထားသည်။

ကျန်ရှိသည့် မိုးကုတ်မြို့နယ်စည်း ကိုမင်းသူ၊ ကျောက်ပန်းတောင်းမြို့စည်း ကိုတင်ရွှေ၊ မတ္တီလာမြို့နယ်စည်း (လူငယ်) ကိုတင်ကိုကို အား ပုဒ်မ ၅ဝ၅ (ခ)၊ ၁၅၃ (က)၊ ဘာသာသာသနာအား အကြည်ညိုပျက်စေရန် လုပ်ဆောင်မှု - ပုဒ်မ ၁၉၅ (က)၊ တားဖြစ်မိန့်ထုတ်ထားသည်ကို သိလျက်နှင့် ပါဝင်မှု - ပုဒ်မ ၁၄၅၊ လူစုလူဝေးတွင် ပါဝင်ကာ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု - ပုဒ်မ ၁၄၇၊ ဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးတွင် ပါဝင်မှု - ပုဒ်မ ၁၅၂ တို့ဖြင့် စွဲချက် တင်ထားသည်။

လာမည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမှုကို စီရင်ချက်ချမည်ဟု သိရသည်။

Sunday, October 19, 2008

ရန်ကုန်မြို့ ဘောလုံးကွင်းတခုအနီးတွင် အသေးစား ဗုံးတလုံး ပေါက်ကွဲ


ပုံကို မနှိပ်ပါနှင့် ပေါက်ကွဲတတ်ပါသည်။
YANGON - A small bomb exploded near a football field in northeast Yangon late Saturday, a Myanmar police official said, causing minor damage but no injuries.

"No one was hurt or killed in the bomb blast," said a police official who did not want to be named as he was not authorised to talk to the media.

The blast hit at about 8:00 pm (1330 GMT), and police immediately sealed off the area, an AFP correspondent on the scene said.

Saturday's incident follows four blasts last month, one of which killed two people and wounded 10 at a video cafe also northeast of Yangon.

Myanmar's ruling military has in the past blamed similar explosions on armed exile groups or ethnic rebels who have been battling the military rulers for decades.

State-run media has also begun blaming blasts on democracy activists, accusing two members of detained opposition leader Aung San Suu Kyi's National League for Democracy (NLD) of bombing pro-government offices in July.
- AFP

မြန်မာနှင့် လာဘ် လောင်း ယစ်

ဆောင်းပါး
အောင်မော်ဦး

(၁)
ကမ္ဘာ့ချန်ပီယံ ဘရာဇီးအသင်းနှင့် ထိုင်းအသင်းတို့ ချစ်ကြည်ရေးပွဲကစားစဉ်ကလောင်းကြေးကို တိတိကျကျမမှတ်မိတော့။ ကျနော့်အထင် "နှစ်လုံး-ငါးမူးရှုံး"ဖြစ်မည် ထင်သည်။ သို့သော် ထိုစဉ်က မိတ်ဆွေတဦး ပြောသည့်စကားလေးတခွန်းကိုမူ ခုထိ နားထဲ စွဲနေသေးသည်။

"နှစ်လုံး-ငါးမူးရှုံး မကလို့ သုံးလုံးကျောပဲ ပေးရပေးရ၊ အပေါ်ကထိုင်မယ်ကွာ။ ထိုင်းဆိုတာ ခုမှ ဘောလုံးမှာ အမည်း ဘယ်နှစ်ကွက်၊ အဖြူဘယ်နှစ်ကွက် ရှိသလဲ သိဖို့ ဂဏန်းပေါင်းစက် တလုံးနဲ့ တွက်တုန်းချက်တုန်းရှိသေးတာ။ ဘရာဇီး ဆိုတာက အမိ ၀မ်းထဲမှာကတည်းက ဘယ်ညာ အတော့ကျင့်လာတဲ့ကောင်တွေ။ ဘာပဲဖြစ်ဖြစ် ဘရာဇီးဘက်ကပဲ ထိုင်မယ်ကွာ"ဟု ပြောပါသည်။


(နှစ်လုံး-ငါးမူးရှုံး ဆိုသည်မှာလောင်းကြေး အခေါ်အဝေါ်တခု ဖြစ်ပါသည်။ အကယ်၍ဘရာဇီးအသင်းက ထိုင်းအသင်းကို နှစ်ဂိုး-သုညဖြင့် နိုင်လျှင်သော်မှ ဘရာဇီးအသင်းဘက်မှ လောင်းထားသူသည် သူ၏ လောင်းကြေးငွေ ထက်ဝက် ရှုံးရပေမည်။ဘရာဇီးအသင်းက သုံးဂိုး ပြတ်နိုင်ပါမှ ဘောနိုင် ငွေနိုင်
ပြုံးနိုင်ပေလိမ့်မည်။)

ထိုင်းအသင်းကို နှိမ်ချလို၍ ပြောခြင်းမဟုတ်ဘဲဘရာဇီးအသင်းကို ကြိုက်လွန်း၍ ငွေမနိုင်ခင်စကားအနိုင်ရအောင်လုပြောထားနှင့်သည့်သူ့ကိုဆန့်ကျင်၍မည်သူမျှထိုင်းအသင်းဘက်မှမလောင်းရဲကြခြင်းကို မှတ်မိသည်မှလွဲ၍ ဘယ်နှစ်ဂိုး ပြတ်သွားသည်ကိုမူအမှတ်မရတော့။

(၂)

တုတ်တုတ်မျှ လှုပ်၍မရ၊ နည်းနည်းမျှ လုပ်ခွင့်မရသည့် ဖက်ဆစ်အုပ်စုလက်အောက်၌ တရားဝင်နှယ် လုပ်ခွင့်ရနေသည့် အရာ(၃)ခု ရှိနေပါသည်။ တခုမှာ"အဂတိ လိုက်စားမှု"၊ နောက်တခုမှာ "လောင်းကစားမှု" ဖြစ်၍ အခြားတခုမှာ"မူးယစ် ဆေးဝါးသုံးစွဲမှု" တို့ပင် ဖြစ်ပါသည်။ ဌာနဆိုင်ရာတိုင်း
လာဘ်စားကြ၍၊ ပေါင်းနုတ်မြှောက်စား နားလည်သူတိုင်း လောင်းကစားကြသည်ဟုမနှိုင်းအပ်လင့်ကစား "၀ိုင်းကြီး ၀ိုင်းကြီး ဘယ်လောက်ကြီး၊ဟောဒီလောက်ကြီး"ဟု ဆို၍ မြန်မာပြည် မြေပုံကြီးကို ၀ိုင်းပြရတော့မတတ်ကြီးသည်ထက် ကြီးမားလာနေသည့် ၀ိသမလောဘ နွံအိုင်ကြီးကိုတွေ့နေရသည်မှာ
ရင်ထဲမချိလှ။

ဝန်ထမ်းအတော်များများကို အဂတိလိုက်စားမှုနှင့် စာရိတ္တ ပျက်ပြားနေစေ၍၊မိသားစုကြီးငယ်လိုက်ကို လောင်းကစားမှုနှင့် စိတ်ဓာတ် ပျက်ယွင်းနေစေပြီး၊လူငယ်အတော်များများကို မူးယစ်ဆေးဝါး လောကထဲ၌ မှိုင်းမိနေစေသည့်လုပ်ကြံမှုသည် ဖက်ဆစ်အုပ်စု၏ သက်ဆိုးရှည်ရေး စီမံချက်များထဲမှ အဓိကလုပ်ငန်းစဉ်တခုပင် ဖြစ်ပေမည်။ လုပ်ခွင့်ကိုင်ခွင့်ရှိသည့် လူတန်းစားကအဂတိလိုက်စားမှုကို ကျူးလွန်၍၊ လုပ်ခွင့်ကိုင်ခွင့်မဲ့သည့် လူတန်းစားကလောင်းကစားမှုကို ကျူးလွန်နေကြသည်။ ထိုလူတန်းစား နှစ်ရပ်ပေါင်းကမူးယစ်ဆေးဝါးအမှုကို ကိုယ့်နည်းကိုယ့်ဟန်နှင့်ကို ကျူးလွန်၍
နေကြပြန်ပါသေးသည်။ ထို့ကြောင့် ယင်းလူတန်းစား(၂ရပ်အားကိုယ့်သိက္ခာကိုယ်တန်ဖိုးထားလာအောင် မလုပ်ဆောင်နိုင်ကြပါလျှင်တိုင်းပြည်အပြောင်းအလဲဖြစ်ရန် မျှော်မှန်းသည်ထက် ပို၍
ကြာမြင့်ပေလိမ့်မည်။ ဘောလုံးပွဲ လောင်း၍ မိသွားလျှင်လာဘ်ထိုးလိုက်ရုံပင်။ နှစ်လုံးထီထိုး၊ ချဲထီထိုး၍ ဖမ်းမိသွားလျှင်လာဘ်ထိုးလိုက်ရုံပင်။ လွန်ရောကျွံရော အချုပ်ထဲ ခဏသွားနေလိုက်ရုံပင်။
ထို့ကြောင့် မနက်စာအတွက်မပူ၊ ညနေစာအတွက် မကြောင့်ကြ။စိတ်ကူးကောင်းလျှင်အိတ်ကြီးဖောင်း၍ စိတ်ကူးမှားလျှင် အိတ်ကြီးပြားသည့်ထုံး နှလုံးပိုက်၍ရရစားစား လောင်းကြစားကြသည်။ မိမိတို့ရသည့် မစို့မပို့ နေ့တွက်စာတကျပ်တပြားကို မနှမြော၊ ၀မ်းဟောင်းလောင်းဖြင့်နေ၍ လောင်းကစားပစ်ကြသည်။
နိုင်ငံရပ်ခြား၌ အလုပ်လုပ်၍ အိမ်ပြန် ပို့နေကြသည့် မိသားစုဝင်များ၏ချွေးနှဲစာကို မငဲ့မညှာ လောင်းကစားပစ်ကြသည်။ ဤသို့ဖြင့် ရှုံးသွားလျှင်ပေါင်နှံချေးငှား၍ နိုင်လျှင် ဖဲ့ဆပ်ကြသည့် တိုးရင်းပေါင်း သံသရာထဲ၌လုံးပါးပါး နေကြသည်။ တစ်လုံး(ဘောလုံး)၊ နှစ်လုံး(နှစ်လုံးထီ)၊သုံးလုံး(ချဲထီ)ဖြင့် ဘ၀ဆုံးတော့မည့်အရေး၊ မျိုးဆက် သုဉ်းတော့မည့်အရေးသည် စေ့စေ့တွေးကြည့်လျှင် တိုင်းပြည်၏ အနာဂတ်နှင့် တိုက်ရိုက်ဆက်စပ်နေသဖြင့် ရင်လေးဘွယ်ရာပင်။

(၃)

လူအတော်များများသည် "အဂတိလိုက်စားမှု"နှင့် "လောင်းကစားမှု"တို့အထဲ၌ အာရုံရောက်နေသဖြင့် အခြား အရေးကိစ္စများကို နေရာမပေးနိုင်တော့၊အချိန်မပေးနိုင်တော့။ အထူးသဖြင့် နိုင်ငံ့အရေးအရာ ကိစ္စများကို ကိုယ့်အရေးမဟုတ်သလို သဘောထားလာကြသည်အထိပင်။ တဘက်၌လည်းနိုင်ငံရေးနှင့် ပတ်သက်ပါကလာဘ်ထိုးရုံနှင့်မရ၊ အချုပ်ထဲ ခေတ္တသွား နေရုံနှင့်မရ။ ထို့ကြောင့်နိုင်ငံရေးဆိုလျှင် "နားမလည်" ဟုဆို၍ ရှောင်ကြသည်။ "ကျနော်/ကျမကနိုင်ငံရေး မဆွေးနွေးချင်ဘူး"ဟု ဆို၍ ချဲတွက်နေကြသည်။ ဘောလုံးပွဲလောင်းနေကြသည်။ နှစ်လုံးထီ ထိုးနေကြသည်။ ဆေးခြောက် ရှူနေကြသည်။ညကလပ်များ၌ ကြိတ်ကြိတ် တိုးနေကြသည်။

သို့သော် ကျနော်တို့ လူငယ်များ၊ ကျနော်တို့ ပြည်သူများတွင်လည်း ဘရာဇီးလိုအသင်းမျိုးနှင့် တပွဲတလမ်းလောက်တော့ အကဲစမ်းလိုက်ချင်သေးသပ ဟူသည့်အိပ်မက်တခု မရှိနိုင်ဘူးဟု မည်သူ အတတ်ပြောနိုင်ပါမည်နည်း။ သို့သော်ထိုလူငယ်များကို အားကစားကွင်းများ၊ လေ့ကျင့်ရေး စခန်းများတွင် မတွေ့ရ။နံနက် လင်းအားကြီး အချိန်ကျကာမှ အိပ်မှုန်စုံမွှားနှင့် စောင်ကြမ်းကိုယ်စီပတ်၍ တီဗွီစလောင်းရုံများမှ လေးတိလေးကန် ခြေလှမ်းများဖြင့်ခေါင်းငိုက်စိုက်ချ ထွက်လာကြသည် ကိုသာ စိတ်မကောင်းခြင်းကြီးစွာတွေ့မြင်နေကြရပါသည်။

စတုတ္ထမဏ္ဍိုင်ဟုဆိုရမည့် သတင်းစာများက စစ်တပ် ကြီးစိုးရေးတရားကိုတွင်တွင်ဟော၍၊ အားကစား ဂျာနယ်များက လောင်းကစားလမ်းညွှန်ကျမ်းကြီးကျမ်းခိုင်များသဖွယ် ကိုးရန်ကားရန် ဟောကိန်းများ
ထုတ်ပြန်ပေးနေကြသည်မှာ ရေနစ်သူကို ၀ါးကူထိုးနေကြသည်လား၊ မနစ်နစ်အောင်
ထိုးနှစ်နေကြသည်လား မပြောတတ်တော့။

ကိုလိုနီခေတ်က တရုတ်ပြည်သည် "ဘိန်းစစ်ပွဲ"ကို အမျိုးသားရေးလှုပ်ရှားမှုအဖြစ် သတ်မှတ်၍ အလေးထား ဆင်နွှဲခဲ့ကြရ သကဲ့သို့ ကျနော်တို့တိုင်းပြည်သည်လည်း "အဂတိ လိုက်စားမှု၊ လောင်းကစားမှုနှင့် မူးယစ်ဆေးဝါးနွံအိုင်ထဲမှ ရုန်းထွက်ရေး တိုက်ပွဲ" ကို အမျိုးသားရေး လှုပ်ရှားမှုအဖြစ်
သတ်မှတ်၍ အလေးထား ဆင်နွှဲကြရပေလိမ့်မည် ထင်သည်။ တိုင်းပြည်တပြည်၏အပြောင်းအလဲသည် ယင်းတိုင်းပြည်ရှိ နိုင်ငံ့အရေး စိတ်ပါဝင်စားသည့်နိုင်ငံသူနိုင်ငံသားများ (တနည်း) ကိုယ့်အရေးကိုယ် အလေးထားသည့်တိုင်းသူပြည်သားများ များသည်ထက် များပြားလာရုံမျှမက ၎င်းတို့၏
အပြောင်းအလဲကို လိုလားသည့် စိတ်ဆန္ဒအပေါ်၌လည်း မူတည်လိမ့်မည်ဟု ထင်မိသည်။

(၄)

အာဇာနည်ခေါင်းဆောင် ဆရာကြီးဦးရာဇတ်တို့၊ လူထုဦးလှတို့၊ ကျားဘညိန်းတို့ခေတ်တုန်းက ဆိုလျှင် စိတ်လေနေသည့် လူငယ်များ၊ တွေဝေနေသည့် လူငယ်များ၊စိတ်ဓာတ် ပျက်ပြားနေသည့် လူငယ်များအား အားကစား လှုပ်ရှားမှုများလုပ်စေခြင်းဖြင့် လူငယ့်အားမာန်ကို လေ့ကျင့်မွေးမြူ ပေးခဲ့ဖူးပါသည်။နိုင်ငံနှင့်အ၀န်း ကျယ်ပြန့်၍ အမျိုးသားရေး လှုပ်ရှားမှုအသွင် ဆောင်ခဲ့သည့်
ထိုလှုပ်ရှားမှုများသည် လူငယ်ထုကို သာမက ယင်းလူငယ်ထု၏မိဘမောင်ဘွားများနှင့် ဆွေမျိုးသားချင်းများ ကိုပါ လမ်းမှန်ကိုပြသပေးခဲ့ပါသည်။ အမြော်အမြင်ရှိ၍ လက်တွေ့ကျသည့် ခေါင်းဆောင်မှု အောက်၌လိုက်ပါခွင့်ရခဲ့သည့် ထိုစဉ်ကလူထုသည် ရုပ်ပိုင်းဆိုင်ရာအရ သာမက
စိတ်ဓာတ်ရေးရာ အရပါ ဖွံ့ဖြိုး တိုးတက်ခဲ့ကြရပေသည်။ ထိုခေတ်က မြန်မာ့အားကစားသည်လည်း အာရှတလွှား၌ လူရိုသေရှင်ရိုသေ ရှိခဲ့ရသည်အထိ အဆင့်အတန်းမြင့်မားခဲ့ရဖူးပါသည်။ ကျနော်တို့တိုင်းပြည်ရှိ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်ကြီးငယ်များ အနေဖြင့်လည်း (တလွဲဆံပင်ကောင်းနေသည့် စစ်အုပ်စု၏ဟန်ပြ စီမံချက်များကို ဘေးချိတ်ထား၍) ဆရာကြီး ဦးရာဇတ်တို့၊လူထုဦးလှတို့၊ ကျားဘညိန်းတို့ကဲ့သို့သော ရည်ရွယ်ချက် ကောင်းများ ထားရှိ၍
လမ်းလွဲနေသည့် မိသားစုများ၊ ၀န်ထမ်းများနှင့် မျက်မှောက်ခေတ်လူငယ်ထုကြီးအား လမ်းမှန်ကို ညွှန်ပြပေးသင့်သည်၊ ထိုသို့ ညွှန်ပြပေးရန်လည်းတာဝန်ကိုယ်စီ ရှိကြသည်ဟု ထင်မြင်မိပါသည်။

"ဧရာဝတီသာ မြန်မာပြည် အလယ်ပိုင်းကို ဖြတ်မစီးဘူးဆိုရင်၊ ဧရာဝတီသာတနှစ်တခါ ရေမလျှံဘူးဆိုရင် အထက်အညာ ဒေသဟာ ဆန်ရေစပါး ပါးရှားရှာမယ်" ဟုဒေါက်တာမောင်ဖြူးက ဆိုခဲ့ပါသည်။အကယ်၍လူငယ်များသာလောင်းကစားနွံနှင့်မူးယစ်ဆေးဝါးနွံထဲမှရုန်းမထွက်နိုင်ကြဘူးဆိုလျှင်၊ မိသားစုကြီးငယ်များသာလောင်းကစားနွံထဲမှ ရုန်းမထွက်နိုင်ကြ ဘူးဆိုလျှင်၊ ဌာနဆိုင်ရာ
ဝန်ထမ်းကြီးငယ်များသာ အဂတိလိုက်စားမှုနွံထဲမှရုန်းမထွက်နိုင်ကြဘူးဆိုလျှင် တိုင်းပြည်၏ အနာဂတ်သည်လည်း ……….။



"နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့ စဉ်နှင့်အမျှ လူ့ လောကတွင် တွေ့ကြုံနေကြရသော ကိစ္စပင်ဖြစ်ပေသည်။ တနည်းအားဖြင့်ဆိုသော်နိုင်ငံရေးဆိုသည်မှာ လူ့ ကိစ္စဟု ဆိုရပေမည်။ ကျွန်ုပ်တို့ စားမှု၊ သောက်မှု၊နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုသည် နိုင်ငံရေးပင်ဖြစ်၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်ခြင် မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့်အမြဲတစေ ဆက်သွယ်နေ၏" (ဗိုလ်ချုပ်အောင်ဆန်း)


"မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်...
သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ"
"If you are neutral in a situation of injustice,
you have chosen to side with the oppressor."

Saturday, October 18, 2008

ကိုမင်းကိုနိုင်ရဲ့ (၄၆) နှစ်ပြည့်မွေးနေ့ အမှတ်တရ

ImageChef.com - Custom comment codes for MySpace, Hi5, Friendster and more
သစ္စာ


အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည်သစ္စာပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေး မနီသေးလျှင်
အသင်တို့သွေး ပတ်ဖျန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိဉာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနဲလျှင်
သင်တို့ဝိဉာဉ် ပူးကပ်ဝင်၍
ကျွန်ုပ်အား ထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား
အမျိုးဂုဏ်မောက် သစ္စာဖေါက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွှတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပစ် ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်အသက် လမ်းတ၀က်မှ ပေးဆပ်ရလည်း
လူ့ဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တစ်ရပ် ကျေပြွန်မှတ်၍
ထပ်ဆင့်ပျော်ရွှင် ကျွန်ုပ်ဝိဉာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုဆိုကြပါလေ။

မင်းကိုနိုင်

စင်္ကာပူမှာဆေးကုသခွင့်ငြင်းပယ်ခံလိုက်ရတဲ့၊ မြန်မာစစ်အာဏာရှင်၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ။

ImageChef.com - Custom comment codes for MySpace, Hi5, Friendster and more

မြန်မာစစ်ဆရာဝန်တွေကိုအယုံအကြည်မရှိဆိုတဲ့အကြောင်းပြချက်နဲ့ အူကင်ဆာရောဂါဖြစ်နေတဲ့ဗိုလ်ချုပ်မှူး ကြီးသန်းရွှေဟာစင်္ကာပူနိုင်ငံမှာဆေးရုံတက်ကုသရန်စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။သူ့ရဲ့လုံခြုံရေးအတွက်ဆေးရုံတက်စဉ် သူနေထိုင်မဲ့အခန်းရှိအထပ်တခုလုံးအား စင်္ကာပူမှလုံခြုံရေး တာဝန်ယူ ပေးရန်နှင့်စင်္ကာပူအစိုးရ၏ဧည့်သည်တော်အဖြစ်ဖိတ်ကြားပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှစင်္ကာပူအစိုးရထံ တင်ပြတောင်းခံခဲ့ကြောင်းကြားသိရပါတယ်။ ဒီလိုတောင်းဆိုချက်တွေထဲက စင်္ကာပူအစိုးရဘက်ကသည်းမခံနိုင် တဲ့တောင်းဆိုချက်ကတော့ သူ့ရဲ့ရောဂါပျောက်ကင်းမှုကို ဆေးရုံမှအာမခံရမယ်ဆိုတဲ့အချက်ပါဘဲ။ဒီလိုမဖြစ်နိုင်တဲ့တောင်းဆိုမှုတွေကိုသည်းမခံနိုင်တဲ့အဆုံးမှာတော့ စင်္ကာပူတာဝန်ရှိပုဂ္ဂိုလ်များမှ “ဒီလိုရောဂါမျိုးဟာစင်္ကာပူထက်UKနိုင်ငံမှာ ကုသတာဟာပိုမိုသင့်လျှော်ပြီး အာမခံချက်ပိုရှိလို့အဲဒီကိုဘဲသွားရန်အကြံပြုပါ တယ်။“ဆိုတဲ့အကြောင်းပြချက်နဲ့ ငြင်းပယ်ခံရတာကြောင့်စင်္ကာပူခရီးစဉ်ကိုဖျက်သိမ်းလိုက်ရတာလို့နေပြည် တော်စစ်ရုံးချုပ်အသိုင်းအ၀ိုင်းမှသတင်းများထွက်ပေါ်လျှက်ရှိပါတယ်။
(ထိုင်းနှင့်တရုတ်နိုင်ငံတနေရာရာမှာ ဆေးကုသခွင့်အတွက်မြန်မာနိုင်ငံရှိသံရုံးများမှတဆင့်စီစဉ်ဆောင်ရွက်နေတယ်လို့ယုံကြည်ယူဆရပါတယ်။)

သူရဲကောင်း။

HOSPITAL ADMISSION WAS REFUSED FOR SR.GEN.THAN SHWEIN SINGAPORE.It was arranged to get medical treatment in Singapore for Sr.Gen.Than Shwe intestine cancer as Burmese Military doctors were not trusted. So many demands for security arrangement were asked by Burmese Authority that responsible party in Singapore finally frustrated. Sr.Gen.Than Shwe tries to persuade Singapore Government to invite him for State visit through Ministry of Foreign Affair but turn down by Singapore Government. One more shameful thing is that Sr.Gen.Than Shwe team ask for recovering guarantee from Singapore hospital and finally Singapore side advise them to get better and sure treatment in UK. It is a relief for Singapore hospital that they can finally sort out the problem by stupidity of patient own fault. Sr.Gen.Than Shwe medical treatment is presently postpone as they found nowhere to go. All was learnt from Sr.Gen.Than Shwe’s inner circle grapevine.(It was said among them in Nay-Pyi-Taw inner circle that Sr.Gen.Than Shwe is seeking for another suitable country to accept him and give him a medical treatment. Probably China, Thailand or any other if not accepted in Singapore.)

Reported by Thu Ye Kaung

8888 ပြည်သူ့ သတင်းစဉ်


PDF file ဒေါင်းလုပ်ဆွဲရန်
Pdf_48x48

မခင်မိုးအေးနှင့် ကိုကျော်စိုးအား ထောင်ဒဏ်ချမှတ်

ကိုကျော်စိုး မခင်မိုးအေး
၂၀၀၇ ခုနှစ် ဒီဇင်ဘာလကတည်းက မွန်ပြည်နယ် ကျိုက်ထီးရိုးရင်ပြင်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည့် မခင်မိုးအေးနှင့် ကိုကျော်စိုး (တော်ကီ) တို့ကို အင်းစိန်ထောင်တွင်ရုံးထိုင်သည့် စမ်းချောင်းမြို့နယ်တရားရုံးက နိုင်ငံခြားငွေ လက်ဝယ် တွေ့ရှိမှုဖြင့် ယမန်နေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်သည်ဟု ၎င်းတို့၏ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ရှိန်က ဧရာဝတီကို ပြောသည်။

၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မခင်မိုးအေးနှင့် ကိုကျော်စိုးတို့ကို မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စအဖ က ဖမ်းဆီးခဲ့ပြီး နိုင်ငံခြားငွေလဲလှယ်မှုအက်ဥပဒေ ပုဒ်မ ၂၄ (၁) နှင့် တရားစွဲဆိုခဲ့သည်ဟု ဦးခင်မောင်ရှိန်က ပြောသည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “သူတို့ကို စဖမ်း ကတည်းက ဘာကြောင့်ဖမ်းတယ်ဆိုတာ အကြောင်းပြချက်မရှိဘူး၊ စစ်ဆေးတွေ့ရှိချက်တွေအရ ဘာပြစ်မှုမှ ကျူးလွန်ခဲ့တာမတွေ့ရဘူး၊ အာဏာပိုင်က ထောင်ချမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိတဲ့အတွက် စွပ်စွဲချက်တွေတပ်၊ ပုဒ်မတွေဆင်ပြီး ထောင်ချတာပါ” ဟု ပြောသည်။

မခင်မိုးအေးသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကတည်းက ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့သူ တဦးဖြစ်ပြီး ကျောင်းသားအရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးတို့ကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

“၁၉၉၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆုရတဲ့အချိန်တုန်းက ရန်ကုန်တက္ကသိုလ်မှာလုပ်တဲ့ ထောက်ခံပွဲ ကို ဦးဆောင်ခဲ့သူတဦးလည်း ဖြစ်တယ်။ အဲဒါကြောင့် အဖမ်းခံရတယ်။ ထောင် ၁၀ နှစ်ကျခဲ့တယ်” ဟု ဦးတိတ်နိုင်က ပြောသည်။

မခင်မိုးအေးသည် အကျဉ်းထောင်တွင် နှစ်ပြည့်မနေရဘဲ၁၉၉ ၂ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း မြန်မာ နိုင်ငံကျောင်းသားသမိုင်းစာအုပ်ကို ကိုအောင်ထွန်းက ရေးသားပြုစုနေစဉ် အကူအညီပေးခဲ့သဖြင့် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ လတွင် နောက်တကြိမ်အဖမ်းခံရသည်။ ၂၀၀၃ ခုနှစ် မေလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဒုတိယအကြိမ် ထောင်မှလွတ်မြောက်လာပြီးနောက်ပိုင်း ဒီမိုကရေစီရေးလုပ်ငန်းများကို အားပေးကူညီသကဲ့သို့ လူမှုရေး လုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ အဖမ်းမခံရမီက အာဏာပိုင်တို့၏ ခေါ်ယူစစ်ဆေးခြင်းနှင့် ဖိအားပေးခံရမှုများ ကြုံခဲ့ရသည်။

ကိုကျော်စိုးသည်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး ၎င်းအား စစ်အစိုးရက ထောင် ၃ နှစ် ချခဲ့သည်။

ကိုကျော်စိုးသည် ၁၉၉၀ ခုနှစ် ကိုဖုန်းမော် ၂ နှစ်ပြည့်အခမ်းအနားဖြစ်မြောက်ရေး ၁၉ ဦး ကော်မတီတွင် ပါဝင်ခဲ့သော ကြောင့် တခြားကော်မတီဝင်များနှင့်အတူ အဖမ်းခံခဲ့ရသည်။
ထောင်မှပြန်လည်လွတ်မြောက်လာပြီးနောက် ဒီမိုကရေစီရေးနှင့် ကျောင်းသားရေးရာကိစ္စများကို ဆက်လက်လုပ်ဆောင် ခဲ့သူ ဖြစ်သည်။

ပြည်တွင်း လူငယ်များ၏ အခြေနေမှန် အားတင် ပြ လိုက် သည်

NLD ပါတီ ၀င် လူငယ် ( ၁၀၀ ) ကျော် နုတ်ထွက် ခဲ့ ကြသည် ဟု သတင်းများ ပြည်တွင်း ပြည်ပ တွင် ပျံ နှံ နေ သည့် အတွက် ၊ ပြည်တွင်း ပြည်ပ ရှိ ဒီမိုကရေစီ အင်အားစုများ အမှန်တကယ် ဖြစ်ရပ် အပေါ် သိမြင် စေရန် တင် ပြလိုက် ရ ပါသည် ။

ပြီးခဲ့ သည် ရက် ပိုင်းများက မီဒီယာ များတွင် ပါရှိလာ သော လူငယ်များ ၏ နုတ်ထွက်ကြောင်း လက် မှတ်ထိုးကြသည် လူငယ် အများစု သည် ပါတီ ပြင်ပ မှလူငယ်များဖြစ် ကြပြီး ပါတီတွင် တရားဝင် အသင်း ၀င် ထားသူများမဟုတ်ကြပါ ။ အချို့ သော မြို့  နယ်များရှိ ပါတီဝင် လူငယ် များသည် ထိုသူတို့  ကိုယ်တိုင် ပင် မသိ ရှိလိုက် ပဲ နုတ်ထွက် သည့်  အထဲ တွင် ပါ ၀င် နေသည် ကို တွေ့  ရပါသည် ။ ထိုကဲ့ သို မိမိဆန္ဒ သဘော ထား မပါ ပဲ နုတ်ထွက် သည့်  အထဲတွင် ပါဝင်နေသော လူငယ်များသည် အချိန်မှီ ဖြေရှင်း နိုင်ရန်ဆောင်ရွက် နေပြီ ဖြစ် ပါသည် ။ အမှန်တကယ် နုတ်ထွက် သည့်  လူငယ်များမှ ခန်မှန်းခြေ အားဖြင့်  ( ၁၅ ) ယောက် ၀န်းကျင် သာရှိပါသည် ။ ကျန်သည့်  လူငယ် များမှာ ယခု ကိစ္စ ကို ဦးဆောင် နေသူများ၏ တဖက်လှည့်  ဖြင့် သွေး ဆောင် သိမ်းသွင်း ခြင်းခံ လိုက် ကြရသော လူငယ် များဖြစ်ပါသည် ။ မီဒီယာများတွင် ပါရှိလာသည့်  လူငယ်( ၁၀၀ ) ကျော် နုတ်ထွက် သည် ဆိုသော်လည်းပဲ အမှန်တကယ် လူငယ်ပါတီ ၀င် များမဟုတ်သည် အတွက် ဒီမိုကရေစီ အင်အားစု များအနေဖြင့်  အဆိုပါကိစ္စအား စိုးရိမ်ကြောင့် ကြ နေရန် မလိုပါကြောင်း အသိ ပေး လိုက် ရပါသည် ။

ယခုကဲ့သို့ ပါတီ ၀င် လူငယ် များအကြားစိတ်ဝမ်း ကွဲ စေရန် ၊ ပါတီအား အင်အားယုတ်လျှော့ စေ ရန် သပ်လျှိုသွေးခွဲလုပ်ဆောင် နေသူများအား ဒီမိုကရေစီအင်အားစုများအနေနှင့်  ၀ိုင်းဝန်း ဆန့် ကျင် သွားကြပါရန် နိုးဆော် လိုက် ရ ပါ သည် ။
ခွပ်ဒေါင်းသွေး ဘလော့မှ

Friday, October 17, 2008

NLD လူငယ်များသို့ထုတ်ပြန်ကြေငြာချက်

Thursday, October 16, 2008

နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များတရားခွင်၌ ၀င်ရောက်ကြားနာခွင့်တောင်းဆို

ထောင်တွင်းအကျဉ်းချခံထားရသောနိုင်ငံရေးအကျည်းသားများ၏မိသားစုဝင်များတရားရုံးတော်၌၀င်ရောက်ကြားနာခွင့်ပြုဖို့ တောင်းဆိုခဲ့တဲ့စာပါ။နိုင်ငံရေးအကျဉ်းးသားများ၏မိသားစုဝင်များတရားခွင်၌၀င်ရောက်ကြားနာခွင့်
ကိုပိတ်ပင်တားမြစ်ခြင်းခံခဲ့ရပါတယ်။ဒါဟာလူသားချင်းစာနာမှုကင်းမဲ့တဲ့၊တရားမျှတမှုမရှိတဲ့ လူအခွင့်အရေး ချိုးဖောက်မှုကြီးတခုဖြစ်ပါတယ်။



ဝာာဝန်ပျက်ကွက်မှုဖြင့် ပါရဂူဘွဲ့ရဆရာ (၂၃) ဦး အလုပ်မှအထုတ်ခံရ

NEJ / ၁၅ အောက်တိုဘာ ၂၀၀၈။ ။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်နှင့်ကောလိပ်များမှ ပါရဂူဘွဲ့ရ ဆရာဆရာမ (၂၃) ဦးကို တာ ၀န်ဝတ္တရားဆောင်ရွက်ရန် ပျက်ကွက်မှုဖြင့် ထုတ်ပယ်လိုက်ကြောင်း အဆိုပါဝန်ကြီးဌာန၏ အင်တာနက်စာမျက် နှာ၌ ထုတ်ပြန်ကြေညာထားသည်။

ထုတ်ပယ်ခံရသူ အများစုမှာ ကွန်ပျူတာတက္ကသိုလ်မှဖြစ်ပြီး အခြားသူများမှာ စစ်ကိုင်း၊ ကလေး၊ အေးသာယာ၊ စစ်တွေ၊ ထားဝယ်နှင့် တောင်ငူစသည့် ဒေသများရှိ နည်းပညာတက္ကသိုလ်နှင့် နည်းပညာကောလိပ်များမှ ဆရာ ဆရာမများဖြစ်သည်။

၎င်းတို့အားလုံးသည် သက်ဆိုင်ရာဌာနများတွင် တာဝန်ထမ်းဆောင်နေစဉ် မိခင်ဌာနနှင့် အဆက်အသွယ်ပြတ်သွားပြီးနောက် ဌာနကလိုက်လံစုံစမ်းကာ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။ ထုတ်ပယ်ခံရသူအချို့ အနက် စင်ကာပူနှင့် ဂျပန်နိုင်ငံများသို့ နိုင်ငံတော်စရိတ်ဖြင့် ပညာသင်ကြားရန် စေလွှတ်လိုက်သူများလည်း ပါဝင်ကြောင်း သိရသည်။

ပါရဂူဘွဲ့ရ ဆရာ ဆရာမများ မည်သည့်အတွက် သက်ဆိုင်ရာဌာနမှ ထွက်ပြေးသွားသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော် အမည်မဖော်လိုသည့် ရန်ကုန်တက္ကသိုလ် ဆရာဟောင်းတဦးကမူ ဒေါက်တာဘွဲ့ရများ ထွက်ပြေးသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး “နိုင်ငံခြားမှာ နိုင်ငံတော်က စရိတ်တွေအကုန်ခံပြီး ပညာသင်ပေးထားတဲ့ ဒေါက်တာဘွဲ့ရတွေကို ထိုက်ထိုက်တန်တန် နေရာပေးရမယ့်အစား သူတို့သင်ခဲ့တဲ့ အဆင့်မြင့်ပညာအတွက် facility မရှိတဲ့ တောကြိုတောင်ကြားက ကောလိပ်တွေမှာ Posting ထားပေးတော့ ပြေးမှာပေါ့၊ အနာဂတ်မှ မရှိတော့တာ၊ ရတဲ့လခကလည်း မစားလောက်၊် ကိုယ့်ပညာကိုလည်း စစ်အစိုးရက အသိအမှတ်မပြုတဲ့အတွက် ထွက်ပြေးတာများမယ် ထင်တယ်၊ တခုတော့ရှိတယ် ထွက်ပြေးတဲ့ ဒေါက်တာတွေကို နာမယ်ပျက်စာရင်းသွင်းတဲ့အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တခြား သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားပြီးမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက စာရင်းထုတ်ပြန်တာဖြစ်ပါလိမ့်မယ်၊ ခုလို နိုင်ငံခြားပညာသင်ပြီးမှ ထွက်ပြေးတဲ့ ပညာရှင်တွေ တခြားဌာနတွေမှာလည်း အများကြီးပါပဲ။ စစ်ဗိုလ်အုပ်ချုပ်တဲ့ဌာနတွေမှာ ပိုပြီးတောင် ထွက်ပြေးကြတာများပါတယ်” ဟု ပြောသည်။

ထုတ်ပယ်ခံရသူတို့ အနေဖြင့် ၀န်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုထားသည့်အတိုင်း သက်ဆိုင်ရာဘွဲ့များအလိုက် မြန်မာ ကျပ်ငွေ အနည်းဆုံး (၅) သိန်းမှ အများဆုံး (၃၄) သိန်းထိ လျော်ကြေးပေးရမည်ဖြစ်ပြီး လျော်ကြေး မပေး သူများသည် တည်ဆဲဥပဒေအရ စာချုပ်ချိုးဖောက်မှုဖြင့် တရားစွဲခံရမည်ဟု ပြီးခဲ့သည့် သြဂုတ်(၇) နေ့ထုတ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထုတ်ပယ်ခံရသူ (၂၃) ဦးတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ဒေါက်တာဝင်းနိုင် Ph.D (EP) ရန်ကုန်နည်းပညာတက္ကသိုလ် (ဒီဇင်ဘာ ၂၀၀၇ ထုတ်ပယ်၊ (၂၃) သိန်းလျော်ရန်)
၂။ ဒေါက်တာ ဇော်နိုင် Ph.D (EP) နည်းပညာကောလိပ် (ကလေး)၊ (ဇန်န၀ါရီ ၂၀၀၇ ထုတ်ပယ်၊် (၂၃) သိန်းလျော်ရန်)
၃။ ဒေါက်တာသီသီမိုး Ph.D. (Mech) နည်းပညာတက္ကသိုလ် (ပခုက္ကူ)၊ (ဖေဖော်ဝါရီ ၂၀၀၈ ထုတ်ပယ်၊ (၂၃) သိန်းလျော်ရန်)
၎။ ဒေါက်တာအောင်ခိုင်ဟိန်း Ph.D. (Civil) နည်းပညာတက္ကသိုလ် (တောင်ငူ)၊ (ဖေဖော်ဝါရီ ၂၀၀၈ ထုတ်ပယ်၊ (၂၃) သိန်းလျော်ပြီး)
၅။ ဒေါက်တာ ကလျာဆွေ Ph.D. (Civil) နည်းပညာတက္ကသိုလ် (တောင်ငူ)၊ (မတ် ၂၀၀၈ ထုတ်ပယ်၊ (၃၄) သိန်းလျော်ရန်)
၆။ ဒေါက်တာ မန်းသူဇာထွန်း Ph.D. (Arch) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (နေပြည်တော်)၊ (မတ် ၂၀၀၈ ထုတ်ပယ် (၃၄) သိန်းလျော်ပြီး)
၇။ ဒေါက်တာ သက်သက်နွယ် Ph.D. (Arch) စက်မှုနှင့်သက်မွေးပညာဦးစီးဌာန (ဧပြီ ၂၀၀၈ ထုတ်ပယ်၊ (၃၄) သိန်းလျော်ရန်)
၈။ ဒေါက်တာ ဌေးဌေးရွှေ Ph.D. (Civil) စက်မှုနှင့်သက်မွေးပညာဦးစီးဌာန (နေပြည်တော်) ( ဧပြီ ၂၀၀၈ ထုတ်ပယ် (၃၄) သိန်းလျော်ရန်)
၉။ ဒေါက်တာ စုလှိုင်အောင် Ph.D. (EC) နည်းပညာကောလိပ် (စစ်ကိုင်း)၊ (ဒီဇင်ဘာ ၂၀၀၇ ထုတ်ပယ်၊ (၃၄) သိန်းလျော်ရန်)
၁၀။ ဒေါက်တာ နန္ဒာထွန်းဦး Ph.D. (EC) နည်းပညာတက္ကသိုလ် (မိတ္ထီလာ)၊ ( မတ် ၂၀၀၈ ထုတ်ပယ်၊ (၃၄) သိန်းလျော်ရန်)
၁၁။ ဒေါက်တာ နွယ်နီ Ph.D. (Engg: Physics) နည်းပညာတက္ကသိုလ် (ထားဝယ်)၊ ( ဇန်န၀ါရီ၂၀၀၆ ထုတ်ပယ်၊ (၅) သိန်းလျော်ပြီး)
၁၂။ ဒေါက်တာ ချိုချို Ph.D. (Engg: Maths) ဂျီတီစီ (အေးသာယာ)၊ ( စက်တင်ဘာ ၂၀၀၆ ထုတ်ပယ်၊ (၅) သိန်းလျော်ပြီး)
၁၃။ ဒေါက်တာ ဇော်နိုင်ဦး Ph.D. (Engg: Maths) နည်းပညာတက္ကသိုလ် (တောင်ကြီး)၊ ( မေ ၂၀၀၇ ထုတ်ပယ်၊ (၅) သိန်းလျော်ပြီး)
၁၄။ ဒေါက်တာ ယဉ်မူသန့် Ph.D. (Engg: Physics) နည်းပညာတက္ကသိုလ် (စစ်တွေ)၊ ( အချက်အလက်မရ)
၁၅။ ဒေါက်တာ မျိုးမျိုးနိုင် Ph.D.(IT) ကွန်ပျူတာတက္ကသိုလ် (ရန်ကုန်)၊ ( စက်တင်ဘာ ၂၀၀၆ ထုတ်ပယ်၊ (၁၀) သိန်းလျော်ပြီး စင်ကာပူနိုင်ငံ နန်းယန်းနည်းပညာတက္ကသိုလ် နှင့် ဂျပန်နိုင်ငံသို့ ပညာတော်သင်စေလွှတ် မြန်မာနိုင်ငံပြန်လာပြီးနောက် တာဝန်ပေးအပ်ထားသည့်နေရာသို့ သွားရောက်တာဝန်ထမ်းဆောင်ခြင်းမရှိ)
၁၆။ ဒေါက်တာ ခင်မျိုးဝင်း Ph.D.(IT) ကွန်ပျူတာတက္ကသိုလ် (ရန်ကုန်)၊ (စက်တင်ဘာ ၂၀၀၆ ထုတ်ပယ်၊ (၁၀) သိန်းလျော်ပြီး စင်ကာပူနိုင်ငံ နန်းယန်းနည်းပညာတက္ကသိုလ် ပညာတော်သင်စေလွှတ်၊ မြန်မာနိုင်ငံပြန်လာပြီး လအနည်းငယ်သာ တာဝန်ထမ်းဆောင်ပြီး ဌာနခွင့်ပြုချက်မရဘဲ နိုင်ငံခြားသို့ထွက်ခွာသွားသည်)
၁၇။ ဒေါက်တာ နွယ်နီထွန်း Ph.D.(IT) ကွန်ပျူတာတက္ကသိုလ် (ရန်ကုန်)၊ ( ဒီဇင်ဘာ ၂၀၀၇ ထုတ်ပယ်၊ (၅) သိန်းလျော်ပြီး ဂျပန်နိုင်ငံသို့ ပညာတော်သင်စေလွှတ် မြန်မာနိုင်ငံပြန်မလာတော့ဘဲ စင်ကာပူအမျိုးသားတက္ကသိုလ်တွင်ဝင်ရောက်လုပ်ကိုင်နေသည်)
၁၈။ ဒေါက်တာ သီသီဇင် Ph.D.(IT) ကွန်ပျူတာတက္ကသိုလ် (မန္တလေး)၊ (ဇန်န၀ါရီ ၂၀၀၈ ထုတ်ပယ်၊ (၁၀) သိန်းလျော်ပြီး ဂျပန်နိုင်ငံ အိုဆာကာမြို့တက္ကသိုလ် ပညာတော်သင် စေလွှတ်လိုက်ပြီးကတည်းက အဆက်အသွယ်မရတော့)
၁၉။ ဒေါက်တာ ဥမ္မာခိုင် Ph.D.(IT) ကွန်ပျူတာတက္ကသိုလ် (ရန်ကုန်)၊ (အောက်တိုဘာ ၂၀၀၆ (၁၅) သိန်းလျော်ရန်)
၂၀။ ဒေါက်တာ လှသန်း Ph.D.(IT) ကွန်ပျူတာတက္ကသိုလ် (ရန်ကုန်)၊ (မေ ၂၀၀၈ ထုတ်ပယ်၊ (၁၈)သိန်းလျော်ရန်)
၂၁။ ဒေါက်တာ အေးသန္တာ Ph.D.(IT) ကွန်ပျူတာတက္ကသိုလ် (ရန်ကုန်)၊ ( ဇွန်၂၀၀၇ ထုတ်ပယ်၊ (၁၈) သိန်းလျော်ရန်) မလေးရှား၊ စင်ကာပူ၊ ဂျပန်နှင့် သြစတြေးလျတို့တွင် အစိုးရအထောက်အပံ့ဖြင့် သင်တန်းနှင့်အစည်းအဝေးများ တက်ရောက်ခဲ့သည်)
၂၂။ ဒေါက်တာ အေးအေးနွယ် Ph.D.(IT) ကွန်ပျူတာတက္ကသိုလ် (ရန်ကုန်)၊ ( ဇွန် ၂၀၀၇ ထုတ်ပယ၊် (၁၅) သိန်းလျော်ရန်)
၂၃။ ဒေါက်တာ ဇင်မာသန်းနှင့် Ph.D.(IT) ကွန်ပျူတာတက္ကသိုလ် (ရန်ကုန်)၊ ( မေ ၂၀၀၈ ထုတ်ပယ်၊ (၁၈)သိန်းလျော်ပြီး )

ချင်းပြည်နယ်တွင်း အစားအစာအခမဲ့ မဖြန့်ဝေရန် အာဏာပိုင်များ အမိန့်ထုတ်

ကိုထွေး အောက်တိုဘာ ၁၅၊ ၂၀၀၈

ချင်းပြည်နယ်အတွင်းရှိ အစာရေစာရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေရသော ကျေးရွာများကို စားရေရိက္ခာများ အခမဲ့ ဖြန့်ဝေခြင်း မပြုရန် အာဏာပိုင်များက ညွန်ကြားချက်ထုတ်ထားကြောင်း ရန်ကုန်အခြေစိုက်ချင်းကျေး လက်ဒေသဖွံဖြိုးရေး အဖွဲ့ (စီအေဒီ) ကပြောသည်။
ယင်းညွန်ကြားချက်ကို ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီက ပြီးခဲ့သည့် တနလာင်္နေ့ တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့က အစာငတ်မွတ်ခေါင်းပါးနေသော ရွာသားများကို အစားအစာ အခမဲ့ရယူလိုသည့် နည်းလမ်းကိုမပြသရန် ညွန်ကြားချက် ထုတ်ထားခြင်းဖြစ်ကြောင်း စီအေဒီက ပြောသည်။

ထိုကြောင့် စီအေဒီ အနေဖြင့် ချင်းပြည်နယ်အတွင်း စားရေရိက္ခာကို အခမဲ့ မဖြန့်ဝေတော့ဘဲ ပထမဦးစွာ ဒေ သခံတို့ကို ဒေသဖွံဖြိုး တိုးတက်ရေး လုပ်ငန်းတခု လုပ်ဆောင်စေ၍ လုပ်အားခအဖြစ် အစားအစာများကို ပြန် လည်ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။
စီအေဒီ မှတာဝန်ခံအရာရှိတဦးက “ကျနော်တို့က သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ နေရတာဆိုတော့ သူတို့ ပြောသလိုလုပ် ရမှာပါ၊ ဘာတခုမှမကူညီရတာထက် စာရင် ဒီလောက်လေး ကူညီခွင့်ရတာ တော်သေးတာ ပေါ့” ဟုပြောသည်။

ရိုမန်ကတ်သလစ် ဘာသာရေး အဖွဲ့အစည်း တခုဖြစ်သော စီအေဒီ သည် ချင်းပြည်နယ်အတွင်းရှိ ဝေးလံ ခေါင်းပါးသည့် ရွာများကို ပညာရေး နှင့်ဆောက်လုပ်ရေး စီမံကိန်းများအတွက် အထောက်အကူပစ္စည်းများ၊ မိလ္လာအစရှိသည်တို့အတွက် သန့်ရှင်းရေးအသုံးအဆောင် ပစ္စည်းများကို ကူညီထောက်ပံ့ပေးနေသော အဖွဲ့ အစည်းတခု ဖြစ်သည်။
ချင်းပြည်နယ်အတွင်းရှိ အစာရေစာရှားပါးသည့် ပြဿနာမှာ ၂၀၀၇ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက စတင်ခဲ့ သော်လည်း အာဏာပိုင်များက တစုံတရာ အကူအညီပေးခဲ့ခြင်းမရှိကြောင်း သိရသည်။

ချင်းအမျိုးသားကောင်စီ အထွေအထွေ အတွင်းရေးမှူး ဦးဇန်ယင်းတန်က “အာဏာပိုင်တွေအနေနဲ့ ဒီအစာ ရေစာ ရှားပါးမှုကို အကူအညီပေးဖို့ထားဦး ဖုံးကွယ်ဖို့ ကြိုးစားနေတယ်၊ ဒါ့အပြင်နေ့တိုင်း အကြောင်း အမျိုး မျိုးပြပြီး အခွန် ကောက်သေး တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုဒေသရှိ ရာပေါင်းများစွာသော စိုက်ပျိုး မြေဧကများကို ကြွက်များဝင်ရောက် ဖျက်ဆီးခဲ့သဖြင့် စားပင်သီး ပင်များ ကင်းမဲ့လျက်ရှိပြီး ဒေသခံ အများစုမှာ အလုပ်လက်မဲ့ဖြစ်ကာ ပိုင်ဆိုင်သော ကျွဲ၊ နွားများကို ၎င်းတို့ အသက်ရှင်သန်ရေး အတွက်ရောင်းချနေကြရသည်။
လက်ရှိတွင် အစားအစာ မလုံလောက်သဖြင့် ကျန်းမာရေးချို့တဲ့သည့် ပြဿနာများကို ပိုမိုခံစားနေရပြီး နယ်စပ်ဒေသ များသို့ ထွက်ပြေးသူ ပိုများလာကြောင်းသိရှိရသည်။

“ဒီပြဿနာတွေကို မဖြေရှင်းနိုင်ရင် နောက်ပိုင်းပိုဆိုးလာဖို့ပဲရှိတယ်” ဟု ဦးဇန်ယင်းတန် က ဆက်လက် ပြောဆိုသည်။
ယခုလကုန်ပိုင်းတွင် ၎င်းရွာများမှာ စားရေရိက္ခာများ ပြတ်တောက်သွားနိုင်သည်ဟု စီအေဒီ၏ တာဝန်ရှိသူက ပြောသည်။
ယခုအခါ အစာရေစာရှားပါးသည့်ဒဏ်ကို ခံစားနေရသော ဟားခါးမြို့တောင်ဘက် ကီလိုမီတာ ၈၀ ၀န်းကျင် ရှိ ရွာပေါင်း ၂၀ ခန့်ကို စားရေရိက္ခာများ ထောက်ပံ့ပေးရန် စီအေဒီ က စီစဉ်နေသည်။

ချင်းပြည်နယ်တွင်းရှိ ဘာသာရေးအဖွဲ့အစည်းများ အပြင် ပြည်ပအခြေစိုက် ချင်းအဖွဲ့အစည်းများကလည်း အစာရေစာ ရှားပါးသည့် ဒေသများကို ပံ့ပိုးနိုင်ရန် ဆောင်ရွက်နေကြကြောင်း ကြားသိရသည်။

မီဇိုရမ် အခြေစိုက် ချင်းတိုင်းရင်းသားများ ကူညီကယ်ဆယ်ရေးအဖွဲ့ က ချင်းပြည်နယ်တွင် လူဦးရေ ၅ သိန်း ရှိသည့် အနက် ၁ သိန်းခန့်မှာ အစာရေစာရှားပါးမှု ရင်ဆိုင်နေရပြီး အဆိုပါပြဿနာမှာ ၂၀၀၇ ခု ဒီဇင်ဘာ လမှ စတင်ခဲ့ကြောင်းနှင့် လူအများစုမှာ ဆန်ပြုတ်၊ သစ်သီးသစ်ဥနှင့် ဟင်းသီးဟင်းရွက် များကိုသာ စား သောက်၍ အသက်ဆက်နေရကြောင်း ထုတ်ပြန်ခဲ့သည်။

သြဂုတ်လကလည်း အစာရေစာရှားပါးမှုကြောင့် ကလေးငယ် ၃၁ ဦး အသက် ဆုံးရှုံးသွားကြောင်း ချင်းအမျိုးသား ကောင်စီက ထုတ်ပြန်ခဲ့သေးသည်။
ယခုအခါတွင် ချင်းပြည်နယ်မှ ထောင်ပေါင်းများစွာသော ဒေသခံများမှာ ဆန်ပြုတ်နှင့် သစ်သီးသစ်ဥများ ကို မှီခို စားသောက်ကာအသက်ဆက် နေရကြောင်း ကြားသိရသည်။
http://www.irrawaddy.org/bur/news2008/October/Oct_15a_08.html

Wednesday, October 15, 2008

ဆန်ဈေးကျတော့မည်

Bangkok Post/USDA / ၁၄ အောက်တိုဘာ ၂၀၀၈။ ။
ကမ္ဘာ့ဆန်ဈေးကွက်အေးနေချိန်တွင် မြန်မာစစ်အစိုးရက ပုဂ္ဂလိက ဆန်ကုန်သည်များအား ဆန်ပြည်ပတင်ပို့ခွင့်ပြုသော်လည်း အနုတ်အသိမ်းမရှိသည့်အတွက် ဈေးကွက်အေးနေသည်ဟု ရန်ကုန် ဆန်ကုန်သည်များက ပြောသည်။


မြန်မာနိုင်ငံ၏ နိုင်ငံခြားဆန်တင်ပို့မှုက လာမည့်နှစ်တွင် တန်ချိန်(၄)သိန်းကျော် ထိ ကျဆင်းပြီး ဆန်ထုတ်လုပ်မှုက တန်ချိန် (၁) သန်းခွဲနီးပါးကျဆင်းမည်ဟု အမေရိကန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက မှန်းထားသည်။ သို့သော် အာရှဆန်တင်ပို့သူများက ဆန်ဈေးကို အပြိုင်ချပြီး ရောင်းနေသည့်အတွက် မြန်မာဆန်များ ရောင်းမထွက်ဖြစ် နေသည့်အပြင် ဆန်အရည်အသွေးကောင်းသည့် ထိုင်းဆန်ဈေးကွက်ပါ အေးနေသည်။

ထိုင်းနိုင်ငံ၏ နိုင်ငံခြား ဆန်တင်ပို့မှုသည် ၂၀၀၇ ခုနှစ် ပထမ (၈) လမှ ၂၀၀၈ ခု ပထမ (၈) လအတွင်း (၄၄) ရာနှုန်းနီးပါး ထောင်တက်ခဲ့သော်လည်း ယခုနှစ်ကုန်ထိ ထိုင်းဆန်ဈေးကွက်အေးနေမည်ဟု ဆန်ကုန်သည်များက မှန်းထားသည်။

လွန်ခဲ့သည့် တနှစ် ဆန်ဈေးအ၀ယ်လိုက်နေချိန်တွင် ထိုင်းနိုင်ငံမှ ဥရောပသို့ ဆန်တင်ပို့မှု (၆၅) ရာနှုန်းထိတက်ခဲ့ပြီး အာဖရိကတိုက်သို့ တန်ချိန် (၃) သိန်းခွဲနီးပါးထိ တင်ပို့နိုင်ခဲ့သည်။ ယခုနှစ်လယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော အစားအစာအကျပ်အတည်းကာလက ပမာဏအမြောက်အမြား ၀ယ်ယူမှုရှိခဲ့သော်လည်း
ယခုအခါ နိုင်ငံခြားမှတင်သွင်းသူများက ပမာဏအနည်းငယ်သာ ၀ယ်ယူနေကြသဖြင့် ထိုင်းဆန်ဈေးကွက်အတွင်း ရောင်းဝယ်ရေး ကျဆင်းနေမှုသည် ယခုနှစ်ကုန်အထိ ဆက်လက်ဖြစ်သွားမည်ဟု မျှော်လင့်ရကြောင်း ဆန်ကုန်သည်များက ပြောသည်။

“၀ယ်ယူအားက စားလောက်ရုံလောက်ပဲဖြစ်နေတယ်။ တချို့တင်ပို့မှုတွေဆိုရင် တန်ချိန် (၁,၀၀၀) အောက်လောက်ပဲရှိတယ်” ဟု ထိုင်းနိုင်ငံ ဆန်တင်ပို့မှုထိပ်တန်းကုမ္ပဏီများထဲမှတခုဖြစ်သော Kamolkij Group of Companies ၏အကြီးအကဲ Korbsook Iamsuri က ပြောသည်။

ယခုကဲ့သို့ ရောင်းဝယ်မှုကျဆင်းသွားရခြင်းသည် ဗီယက်နမ်ကဲ့သို့သော ဆန်အဓိကတင်ပို့နေသည့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ် လျှင် ထိုင်းဆန်ဈေးနှုန်းကြီးမြင့်နေမှုကြောင့်လည်းဖြစ်သည်ဟု Korbsook Iamsuri က ထောက်ပြသည်။ ဗီယက်နမ်ဆန်ဖြူဈေး သည် တတန်လျှင် အမေရိကန်ဒေါ်လာ (၅၀၀) သာဖြစ်သဖြင့် ထိုင်းဆန်တင်ပို့သူများက လိုချင်သော တတန် ဒေါ်လာ (၆၀၀-၇၀၀) ထက်နှိုင်းယှဉ်လျှင် သက်သာနေခြင်းဖြစ်သည်။

ဆန်အဓိကထုတ်လုပ်တင်ပို့သည့် အခြားနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၌လည်း သိုလှောင်ဆန်အမြောက်အမြားရှိနေပြီး အိန္ဒိယ အာဏာပိုင်များကလည်း ဆန်တင်ပို့မှုတားမြစ်ချက်ကို လာမည့်လ (သို့) လာမည့်နှစ် ဖေဖော်ဝါရီလနောက်ဆုံးထား ပယ်ဖျက်ပေး မည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်း Korbsook က ပြောသည်။

ကမ္ဘာ့အစားအစာထုတ်လုပ်မှုကျဆင်းခြင်းနှင့် ရေနံဈေးတက်ခြင်းတို့ကြောင့် နိုင်ငံခြားမှ ဆန်ဝယ်ယူမှုပမာဏတက်လာသဖြင့် ယခုနှစ်မေလအတွင်း ဆန်ဖြူ တတန်လျှင် ပျှမ်းမျှ ဒေါ်လာ (၉၉၀)၊ ဟုမ်းမားလီးဆန်မွှေးက (၁,၁၈၇) ဒေါ်လာ အထိတက်ခဲ့ပြီးနောက် သြဂုတ်လမှစ၍ ဈေးကွက်အတွင်း ဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

“(၈) လကြာ ရောင်းဝယ်မှုအတွင်း တချို့နိုင်ငံတွေက ပမာဏအမြောက်အမြား ၀ယ်ယူသွားခဲ့ကြတယ်။ အဲဒီဝယ်ယူမှုဟာ တနှစ် စာ ဖူလုံတဲ့အနေအထားဖြစ်လို့ ဒီအချက်ဟာလည်း ဒီနေ့ ရောင်းဝယ်မှုကျဆင်းရတဲ့ အချက်တချက်ဖြစ်နိုင်ပါတယ်” ဟု Korbsook ကပြောသည်။

နိုင်ဂျီရီးယားနိုင်ငံကလည်း ယခုနှစ် (၈) လအတွင်း ဆန်တန်ချိန် (၆) သိန်း ပြည်ပသို့တင်ပို့ခဲ့ကြောင်း၊ အဆိုပါတင်ပို့မှုသည် ယခင် နှစ် ကာလတူအတွင်း တင်ပို့မှု၏ (၃၃၈) ရာခိုင်နှုန်းကျော်ဖြစ်သည်သာမက ပြီးခဲ့သည့် (၂) နှစ်အတွင်း ၎င်းနိုင်ငံက ၀ယ်ယူခဲ့သည့် တန်ချိန် (၃-၄) သိန်းထက် ပိုနေကြောင်း ထိုင်းနိုင်ငံကုန်သွယ်ရေးအဖွဲ့၏ စာရင်းအင်းများက ဖော်ပြနေသည်။

ဆန်ဈေးနှုန်းများသည် အနည်းဆုံးအဆင့်သို့ ကျဆင်းသွားခြင်း မရှိသေးသောကြောင့် နိုင်ငံခြားဝယ်လက်များအနေဖြင့်လည်း တုံ့ဆိုင်းနေကြခြင်းလည်းဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံဆန်တင်ပို့သူများအဖွဲ့ အတွင်းရေးမှူးလည်းဖြစ်သူ Korbsook ကတွက်ဆ သည်။

ထို့အပြင် လာမည့်လ စပါးရိတ်ရာသီအတွင်း ထိုင်းနိုင်ငံ၏ ဆန် ဈေးနှုန်းကြီးကြပ်ရေးအစီအစဉ်အရ သတ်မှတ်မည့် ဈေးနှုန်းဆိုင် ရာ အသေးစိတ်အချက်အလက်များကို နိုင်ငံခြားဈေးကွက်က စောင့်ဆိုင်းနေခြင်းကြောင့်လည်း ရောင်းဝယ်မှုကျဆင်းရခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

Korbsook က “ဆန်ဈေးကွက်ဟာ ၀ယ်လက်အတွင်းမှာ ထပ်ရှိနေဦးမှာပါ။ ဒီနှစ်အတွင်း ထိုင်းဆန်ထုတ်လုပ်ရေးလုပ်ငန်းတွေ အတွက် အကျိုးဖြစ်ထွန်းသလိုမျိုး နောက်နှစ်မှာတော့ ဖြစ်နိုင်လိမ့်မယ်လို့ ကျမ မထင်ပါဘူး” ဟု ဖြည့်စွက်ပြောသည်။

ထိုင်းနိုင်ငံ ဆန်တင်ပို့ကုမ္ပဏီအကြီးဆုံးဖြစ်သော Capital Rice ကုမ္ပဏီအုပ်စုမှ တာဝန်ရှိသူ Wanlop Pichpongsa ကမူ လက်ရှိအခြေအနေများအရ ထိုင်းအစိုးရအနေဖြင့် လာမည့်စပါးရိတ်ရာသီအတွင်း ၎င်း၏ ဈေးနှုန်းကြီးကြပ်ရေးအစီအစဉ်အား သတိထား ဆောင်ရွက်သင့်ကြောင်းပြောသည်။

ထိုသို့ ဈေးနှုန်းသတ်မှတ်ရာတွင် ကမ္ဘာ့ ဂျုံထုတ်လုပ်ရောင်းဝယ်မှုအပါအ၀င် ဈေးကွက်အတွင်း၌ ဗီယက်နမ်၊ အိန္ဒိယတို့နှင့် ပြိုင်ဆိုင်နေရမှုတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု Wanlop က ပြောသည်။

လာမည့် စပါးရိတ်ကာလအတွက် ဈေးနှုန်းသတ်မှတ်ရာတွင် ၂၀၀၇-၀၈ ခုနှစ် ဒုတိယကြိမ်မြောက်ဖြစ်သည့် ယခုနှစ်လယ် စပါးရိတ်ကာလအတွင်း အစိုးရကသတ်မှတ်ပေးခဲ့သည့် ဈေးနှုန်းအတိုင်း မမြင့်မားသင့်ကြောင်း Wanlop က ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ စပါးရိတ်ကာလအတွက် ဈေးနှုန်းမြင့်ပေးခဲ့တာကို ကျနော်သဘောတူပါတယ်။ ဒါပေမယ့် အခု အခြေအနေကတော့ မတူနိုင်ပါဘူး” ဟု ပြောသည်။

လာမည့်ကောက်သစ်ရာသီတွင် အရည်အသွေးပြည့် ဆန်ဖြူအတွက် စပါး တန်ချိန် (၈) သန်းကို တတန်လျှင် (၁၄,၀၀၀) ဘတ်ဖြင့် ၀ယ်ယူသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက အစောပိုင်းတွင်ပြောခဲ့သည်။ သို့သော် အဆိုပါဈေးနှုန်းကို ပြန်လည် ပြင်ဆင်မည်ဟု မျှော်လင့်ရသည်။

ထိုင်းနိုင်ငံက ယခုနှစ်အတွက် ဆန်တင်ပို့မှုကို တန်ချိန် (၉.၅-၁၀) သန်း အစီအစဉ်ရှိသည်။ ၎င်းအထဲမှ တန်ချိန် (၁.၈-၁.၉) သန်းသည် Capital Rice ကုမ္ပဏီအုပ်စုမှ ကုမ္ပဏီများက တင်ပို့မည်ဖြစ်သည်။

ခေတ်ပြိုင်ဂျာနယ်

ဥပေက္ခာဟူသည်..

Tuesday, October 14, 2008

သီတင်းကျွတ် လပြည့် ( အဘိဓမ္မာ အခါတော်နေ့ )

သီတင်းကျွတ်လသည် မြန်မာတို့ ၏ (၁၂) လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည် ။ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်ပါသည် ။
သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုးကြသည် ကိုတွေ့ရပါသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟု လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလဟု လည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။ မြန်မာတို့ သည့် စိတ်ရင်းရိုးသား တည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို ပုဂံခေတ် အနော်ရထာမင်းတရား နှင့်ရှင်အရဟံ မထေရ်မြတ်တို့၏ ကျေးဇူးတရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ တရားတော်များနှင့် လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှုဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော ၊ ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကိုခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများ ဖြစ်ကြပါသည် ။ ဤစိတ်ဓာတ်များ အရင်းခံဖြင့် (၁၂) လရာသီရှိသည့်အနက် အခါကြီး၊ ရက်ကြီးနေ့များတွင် ရတနာသုံးပါးအား ရည်စူး၍ ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြပါသည် ။

သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ (၁၂) လရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည့် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ်အခါကပင် ဖြစ်ပါသည် ။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော
သန္တုဿီတနတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူသည် ။သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ပတ္တမြားစောင်းတန်းများဖြင့် စီခြယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။ ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူးမီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ပန်း၊ ရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည် ။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သည် ။
သီတင်းကျွတ် လပြည့်နေ့တွင် ပုရိမ၀ါမှ ထမြောက်ကြသော သံဃာတော်အရှင်မြတ်များ သည် မိမိတို့အချင်းချင်း အပြစ်ကြီးငယ်ရှိပါက သည်းခံခွင့်လွတ်ရန်၊ လမ်းမှန်ကိုညွန်ပြရန်၊ သွန်သင်ဆုံးမရန် တောင်းပန်ကြပြီး ပ၀ါရဏာပြုကြပါသည်။ ထို့ကြောင်း သီတင်းကျွတ် လပြည့်နေ့ကို ပ၀ါရဏာနေ့ဟုလည်း ခေါ်ကြပါသည်။

ထို့အတူ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာလူမျိုးတို့သည်လည်း မိမိထက်အသက် ဂုဏ်ဝါကြီးသူ၊မြင့်မြတ်သူ၊ ရိုသေလေးစားထိုက်သူတို့အပေါ် အပြစ်ကြီးငယ်များရှိပါက သည်းခံခွင့်လွတ်ကြရန် ငယ်သူ ၊ နိမ့်ကျသူတို့က ပူဇော်ကန်တော့လေ့ ရှိကြသည်။ ထို့ပြင် ဤထူးမြတ်သော ၀ါကျွတ်သော အချိန် အခါသမယတွင် မိမိတို့တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို ပူဇော်ကန်တော့လေ့ရှိကြ၏ ။ထို့ကြောင့် ၀ါကျွတ်ကာလသည် မြန်မာတို၏ တစ်ဦးကို တစ်ဦး ရိုသေလေးစားတတ်သော သဘော ၊မာန်မာနကို နှိမ့်ချတတ်သော သဘော၊ အပြန်အလှန် မေတ္တာစေတနာ ထားတတ်သောသဘော စသည်ဖြင့် အမျိုးကောင်း သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက် ကိုဖော်ကျူး ပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် အချိန်အခါ ဖြစ်ပါသည်၊၊
သို့ဖြစ်ရာ မြန်မာပြည်များအားလုံး `ကောင်းသောအကြံ ၊မှန်သောအကျင့် ၊ သင့်သောအယူ ၊ဖြူသောနှလုံး ၊ သူတော်ထုံး´ တို့ ဖြင့် သီတင်းကျွတ် မီးထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေ..ဟု ဆန္ဒပြုလိုက်ပါသည်။ ။
ဖော်ပြပါကဲ့သို့ သီတင်းကျွတ်ကာလ၏ ပျော်ရွှင် ချမ်းမြေ့.သာယာပုံကို ရှေးစာဆိုတစ်ဦး၏ ကဗျာတသ်ပုဒ်ဖြင့် နိဂုံးချုပ်လို့်က်ရပါသည်။



..ဆီမီးရယ်ထိန် ၊ အိုင်မင်းရေကြည်က .. ၊
...ကြာငါးမည် ငုံအာစွင့်တယ်.. ၊ ဖူးပွင့်ချိန်ခါ .. ။
...အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊ လင်းလာတဲ့

ငွေတာရိန်ရယ်.. ၊
...ပြာမှိန်လျက် မြူချေဆိုင်း .. ။
...ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
...မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊ မျိုးမြန်မာတိုင်း။ ။

Lankaမြေ

Monday, October 13, 2008

ကားပေါက်ကွဲမှုဖြစ် လူ ၇ ဦးသေဆုံး၊ တဦး အပြင်းအထန် ဒဏ်ရာရရှိ

ဓာတ်ပုံ။ ။ AFP
ယနေ့ နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်သီရိမင်္ဂလာဈေး - တိုက်ကြီး အဝေးပြေး ဟိုင်းလတ်စ်ကားတစီး ပေါက်ကွဲမှု ဖြစ်ပြီး လူ ၇ ဦး ပွဲချင်းပြီးသေဆုံးကာ လူ ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားသည်။ ပေါက်ကွဲမှု ဖြစ်ရတဲ့အကြောင်းရင်းကတော့ ဈေးသက်သာတဲ့ဂက်စ်ကို လောင်စာဆီအစား အသုံးပြုလို့  ပေါက်ကွဲမှုဖြစ်ရတာလို့  အမည်မဖေါ်လိုတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်အနီးမှာ ဖြစ်ပွားတာ ဖြစ်ကြောင်း သိရှိရပါတယ်။

ရန်ကုန်တွင်ခရီးသည်တင်ဘတ်စ်ကားများကို သဘာဝဓာတ်ငွေ့သုံးယာဉ်အဖြစ် ပြောင်းလဲလျှက်ရှိရာ ယခင်ကလည်း ဂတ်စ်အိုး ပေါက်ကွဲမှုများ ရှိခဲ့ဖူးသည်။

ထွီ






















ပြည်တွင်း က အမည်မသိလူငယ်များရဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။

ပေးပို့သူ ။ ။ oakaraphyu

ဖုန်းနံပါတ်သိလျှင် အိမ်လိပ်စာသိအောင်လုပ်ချင်


Post from sainnatkha.blogspot.com

ဖုန်းနံပါတ်သိလျှင် အိမ်လိပ်စာသိအောင်လုပ်တဲ့ Web Site တခုတင်ပြချင်ပါတယ်။ ဒီ Web Site လေးကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ Name (or)Phone နေရာတွင် မိမိသိလိုသောဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး Enter ခေါက်ပါက ဖုန်းပိုင်ရှင်နာမည် နှင့်တကွ လိပ်စာပါတွေရပါလိမ့်မယ်။ အရေးကြီးသောဖုန်းနံပါတ်များပါဖော်ပြထားပါတယ်။ဒီနေရာမှ Click နှိပ်ပြီးသွားပါ။

Sunday, October 12, 2008

GW အဖွဲ့ဝင်များနှင့် လူငယ်၈ဦးဖမ်းဆီးခံရ

ဝန်ကြီးမောင်သောင်းမတရားအလုပ်ထုတ်ပြစ်ခဲ့သောမြန်မာပညာရှင်များ

No. Name Degree Unit
1. Dr. Win Naing Ph.D (EP) Yangon Technological University
2. Dr. Zaw Naing Ph.D (EP) Government Technological College (Kalay)
3. Dr. Thi Thi Moe Ph.D. (Mech) Technological University (Paukokku)
4. Dr. Aung Khaing Hein Ph.D. (Civil) Technological University (Taunggu)
5. Dr. Kalayar Swe Ph.D. (Civil) Technological University (Taunggu)
6. Dr. Man Thu Zar Tun Ph.D. (Arch) Ministry of Science and Technology, Nay Pyi Taw
7. Dr. Thet Thet Nwe Ph.D. (Arch) Bill Quality ection, DTVE
8. Dr. Htay Htay Shwe Ph.D. (Civil) Bill Quality section, DTVE, Nay Pyi Taw
9. Dr. Su Hlaing Aung Ph.D. (EC)

Technical College (Sagaing)

10. Dr. Nandar Tun Oo Ph.D. (EC) Technological University (Meikhtila)
11. Dr. Nwe Ni Ph.D. (Engg: Physics) Technological University (Dawei)
12. Dr. Cho Cho Ph.D. (Engg: Maths) GTC (Ayetharyar)
13. Dr. Zaw Naing Oo Ph.D. (Engg: Maths) Technological University (Taunggyi)
14. Dr. Yin Mu Thant Ph.D. (Engg: Physics) Technological University (Sittwe)
15. Dr. Myo Myo Naing Ph.D.(IT) University of Computer Studies, Yangon
16. Dr. Khin Myo Win Ph.D.(IT) University of Computer Studies, Yangon
17. Dr. Nwe Ni Tun Ph.D.(IT) University of Computer Studies, Yangon
18. Daw Thi Thi Zin Ph.D.(IT) University of Computer Studies, Mandalay
19. Dr. Ohnmar Kyin Ph.D.(IT) University of Computer Studies, Yangon
20. Dr. Hla Than Ph.D.(IT) University of Computer Studies, Yangon
21. Dr. Aye Thanda Ph.D.(IT) University of Computer Studies, Yangon
22. Dr. Aye Aye Nwe Ph.D.(IT) University of Computer Studies, Yangon
23. Dr. Zin Mar Than Ph.D.(IT) University of Computer Studies, Yangon
Last Updated ( Thursday, 07 August 2008 )

မြန်မာပညာရှင်များ၏ နံမည်ကို နှိပ်၍ personal detaအကြောင်းအရာများကိုဖတ်ရူနိုင်ပါသည်။

အပြည့်အစုံကို http://www.most.gov.mm/index.php?opt...sk=view&id=114
တွင်ကြည့်ကြပါ။

လှောင်အိမ်ထဲက လွတ်လာတဲ့ ခြင်္သေ့ကြီး

မောင်စွမ်းရည်
အောက်တိုဘာ ၉၊ ၂၀၀၈

တင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ထောင်က လွတ်လာပြီဆိုတော့ ဦးလေးနဲ့ ဒေါ်ဒေါ် (လူထုဦးလှ နဲ့ ဒေါ်အမာ)တို့ကို ပြေးပြီး သတိရလိုက်မိပါတယ်။ ဦးဝင်းတင်က လူထုဦးလှ နဲ့ ဒေါ်အမာ တို့ကို မန္တလေးလူငယ်တွေ ခေါ်ကြသလိုပဲ ဦးလေးနဲ့ ဒေါ်ဒေါ်လို့ ခေါ်ပါတယ်။ တကယ့်ဆက်ဆံရေးကလည်း တူ သား အရင်းလိုပါပဲ။ ဦးလေး ကွယ်လွန်ပြီး ဒေါ်ဒေါ် ရန်ကုန်ကို အလည်လာတော့ မန္တလေးဇာတိ တူသားတယောက်လိုပဲ ရင်းနှီးတဲ့ မင်းသားကြီး ဦးထွန်းဝေက သူ့အိမ်မှာ ဂုဏ်ပြု ဧည့်ခံပွဲ လုပ်တယ်။


စာရေးဆရာ၊ သတင်းစာဆရာတွေနဲ့ အနုပညာလောကက လူစုံပါတယ်။ အဲဒီပွဲမှာ ဧည့်သည် လေးငါးယောက်က ဂုဏ်ပြုစကား ပြောကြတော့ ဦးဝင်းတင်က “ကျနော့်အမေအရင်းရဲ့ အမည်ကလည်း ဒေါ်အမာပါ၊ လူထုဒေါ်အမာကိုလည်း ကျနော် အမေလိုပဲ သဘောထားပါတယ်။ အမေ မသေပါနဲ့အုံး။ နှစ် ၃၀ လောက် တောင့်ထားပါအုံး” လို့ ပြောခဲ့ပါတယ်။ အမေကလည်း နှစ် ၂၀ လောက်တောင် အောင့်ထားပြီး သတင်းစာဆရာတို့ရဲ့ ကိုယ်စား တိုင်းပြည်အတွက် ပြောစရာ ဆိုစရာ ရှိတာကို ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ပြောဆိုခဲ့ပါတယ်။

ဦးဝင်းတင်ဟာ ငယ်စဉ် စာတွေပေတွေ ဖတ်ရှုလာစကတည်းက သတင်းစာဆရာ ဖြစ်ဖို့ကိုပဲ စိတ်သန်ခဲ့ပါတယ်။ ၁၉၄၉ ခုနှစ် တက္ကသိုလ်ရောက်စ၊ အသက် ၁၉-၂၀ အရွယ်ကတည်းကစပြီး ၀င်ခွင့်ရသမျှ စာနယ်ဇင်း ကြီးငယ်တွေမှာ သတင်းစာတိုက်တခု မပြုတ်မချင်း၊ မပိတ်မချင်း ၀င်ရောက်လုပ်ကိုင်ခဲ့တာဟာ ၁၉၇၈ ခုနှစ် ဟံသာဝတီသတင်းစာတိုက် ပိတ်ပြီး စစ်အစိုးရက သူ့ကို အလုပ်ဖြုတ်ပစ်လိုက်ချိန် အထိ ပါပဲ။ ဒါတောင် ရှစ်လေးလုံးကာလမှာ ရသမျှ အခွင့်အရေးကလေး ယူပြီး သတင်းစာ ထုတ်လိုက်ပါသေးတယ်။ ၀င်ရေးစရာရှိတဲ့ တခြားစာနယ်ဇင်းတွေမှာလည်း ရေးခဲ့ပါတယ်။ သူအလုပ်ပြုတ်တော့ အသက် ၅၀ မပြည့်သေးပါဘူး။ ဉာဏ်မီးတောက်တဲ့အရွယ်ပဲ ရှိပါသေးတယ်။ နိုင်ငံအတွက် အဖိုးတန် သားရတနာတွေကို စစ်ဝါဒီဗိုလ်ချုပ်တစုက အခုလိုပဲ ဖြုတ်ထုတ်သတ်နေတာ ကြာပါပြီ။

ဟံသာဝတီသတင်းစာဆိုတာက ၁၈၉၇ ခုနှစ်မှာ မစ္စတာ ရစ်ပလီက တည်ထောင်ခဲ့တာပါ။ သူက မင်းတုန်းမင်းကြီးရဲ့ မွေးစားသားတယောက်ပါ။ သားတော်ရင်းတွေနဲ့ ရွှေမြို့တော်မှာ ပညာသင်ဖက်ပါ။ သူ့ပုံနှိပ်တိုက်ဟာ ပိဋိကတ်သုံးပုံရော၊ ပုံမနှိပ်ဖူးသေးတဲ့ ရှေးစာပေတွေရော၊ လွှတ်တော်သုံး ရေးထုံးသတ်ထုံးတွေနဲ့ တလုံးတပါဒ အမှားမခံဘဲ ရှေးဦးဆုံးပုံနှိပ်ထုတ်ဝေခဲ့တဲ့ ပုံနှိပ်တိုက်ကြီးပါ။ ၁၇၉၈ ခုနှစ်က တည်ထောင်တာ ဆိုတော့ ခုဆိုရင် ၁၁၁ နှစ် သက်တမ်း ရှိခဲ့ပါပြီ။ဟံသာဝတီသတင်းစာလည်းရှိ၊ ဦးလေးတို့ ဒေါ်ဒေါ်တို့လည်းရှိ၊ ဦးဝင်းတင်ရော ကျနော်တို့ရော မန္တလေးမှာ အတူရှိနေခဲ့ကြရင်တော့ ရာပြည့်ပွဲကြီး ၀ှဲချီးကျင်းပခဲ့ကြမှာ မလွဲပါဘူး။ ခုလို အဖိုးတန် သက်တော်ရှည် စာအုပ်တိုက်ကြီးတွေ၊ သတင်းစာတိုက်ကြီးတွေကို ပိတ်ခဲ့ဆို့ခဲ့ ဖျက်ဆီးခဲ့တာလည်း စစ်ဗိုလ်ချုပ်တစုပါပဲ။ ဒီလို အကုသိုလ်တွေ ရပ်ကြဖို့ ကောင်းလှပါပြီ။

ကြေးမုံသတင်းစာကြီးမှာ ဆရာအောင်ဗလ ခေါ် ကြေးမုံဦးသောင်းက စီမံအုပ်ချုပ်ရေးမှာသာ အဓိက လုပ်ခဲ့တာပါ။ ဦးသောင်းက စည်းရုံးရေး၊ စီမံအုပ်ချုပ်ရေး ကောင်းပါတယ်။ ဆရာဇ၀န၊ စိန်ခင်မောင်ရီ၊ ဦးကြီးမောင်၊ ဦးဝင်းတင် စတဲ့ စာပေ လူရည်ချွန်တွေကို စုစည်းပြီး ကြေးမုံသတင်းစာကြီးကို ထူထောင်ခဲ့ရာမှာ ဦးဝင်းတင်ဟာ အမှုဆောင်အယ်ဒီတာအဖြစ်နဲ့ တိုက်ထိုင်အယ်ဒီတာကြီ ဖြစ်ပါတယ်။ အသောက်အစား၊ လောင်းကစား စတဲ့ ကိစ္စတွေ ကင်းပါတယ်။ လွန်ကျွံတာ ဘာမှ မရှိပါဘူး။ ဆေးလိပ် မသောက်ပါဘူး။ သူ့ပတ်ဝန်းကျင်မှာက “လူပေလူတေ”ကြီးတွေ များပေမဲ့ သူက မပေ မတေဘဲ တိုက်ကိုလာသမျှ လူငယ်ကဗျာဆရာတွေ ပန်းချီကာတွန်းဆရာတွေကို ဧည့်ခံပြုစုနေလေ့ရှိပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အပြီးမှာ သတင်းစာအယ်ဒီတာတချို့ အဖမ်းခံရတော့ အပြင်မှာ ကျန်ရစ်တဲ့ သားသမီးတွေ ကျောင်းနေရေးကအစ သူ့လခ သူမသုံးဘဲ ထောက်ပံ့ကူညီခဲ့သူပါ။ သူက သတင်းစာနဲ့ အိမ်ထောင်ကျနေသူလို့ ပြောခံရသူပါ။ အိမ်ထောင် မရှိပါ။ သူနဲ့ တသက်လုံး ရင်းနှီးလာတဲ့ ဆရာဒဂုန်တာရာကတော့ “သူကား သတင်းစာအလုပ်ကို ဧကမူစိတ်နှင့် လုပ်နေသူတည့်”လို့ မှတ်ချက်ချခဲ့ပါတယ်။ [ဒီအကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်လည်း ရေးဖူးပါတယ်။]
ဦးဝင်းတင်က ဂျာနယ်ကျော်ဦးချစ်မောင်၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ် စတဲ့ သတင်းစာဆရာကြီးတွေကို အထူး လေးစား အားကျပါတယ်။ ဦးခင်မောင်လတ်တို့နဲ့လည်း တူသားအရင်းလို ခင်မင်ရင်းနှီးပါတယ်။ ဟံသာဝတီသတင်းစာတိုက်ကို မန္တလေးမှာ ဖွင့်ပွဲလုပ်တော့ ဆရာကြီးရွှေဥဒေါင်း၊ ဆရာမြမျိုးလွင်၊ လူထုဦးလှ၊ လူထုဒေါ်အမာ စတဲ့ မန္တလေး သတင်းစာဆရာ၊ စာရေးဆရာကြီးများကို အမှူးထားပါတယ်။ ဦးလေး လူထုဦးလှက ဂုဏ်ပြုကြိုဆိုစကား ပြောတော့ ထုံးစံအတိုင်း ပုံပြင်လေးတခုနဲ့ ခြေဆင်းပြောပါတယ်။

တခါက ခြင်္သေ့မကြီးတကောင် သားဖွားတော့ သားသမီးတွေ တပြုံကြီး မွေးလေ့ရှိတဲ့ မြေခွေးမက မီးနေ မေးလာသတဲ့။ ခြင်္သေ့မကတော့ သားတကောင်းတည်းပဲ မွေးထားတယ်။ မြေခွေးမက “ဟင်-ရှင် မွေးတာ တကောင်တည်းပါလား”လို့ မလိုတမာ လေသံနဲ့ မေးသတဲ့။ ဒီတော့ ခြသေ့င်္မကြီးက “အေး ဟုတ်တယ်၊ တကောင်းတည်းတော့ တကောင်တည်းပါပဲ၊ ဒါပေမဲ့ ခြသေ့င်္ဟဲ့” လို့ ပြန်ပြောလိုက်သတဲ့။ မြန်မာသတင်းစာ စတင်ပေါ်ထွန်းရာ မန္တလေး ရတာနာပုံမြို့ကြီးမှာ စစ်အစိုးရရဲ့ကောင်းမှုကြောင့် စာနယ်ဇင်း တစောင်တလေမျှ မရှိတော့တဲ့ကာလမှာ ဦးဝင်းတင်လို ပုဂ္ဂိုလ်တဦး ဦးဆောင်တဲ့ သတင်းစာကြီးတစောင် လာဖွင့်တာဆိုတော့ ဦးလေး လူထုဦးလှက ဒီဖွင့်ပွဲအတွက် အထိုက်တန်ဆုံးပုံပြှုလေးနဲ့ ချီးမြှင့်ခဲ့တာဟာ ပြောစမှတ် ပြုရပါတယ်။ ခု ဦးဝင်းတင်တယောက် ထောင်ကလွတ်လာပြီဆိုတော့ ဦးလေးကို အမှတ်ရပြီး “ဦးလေးရဲ့သား ခြသေ့င်္ကြီး လှောင်ချိုင့်က လွတ်လာပြီ ဦးလေးရေ”လို့ ဟစ်အော် တိုင်တည်လိုက်ချင်မိတာကတော့ ကျနော့်ရင်ထဲမှာ ပေါ်လာတဲ့ ဆန္ဒပါပဲ။

ဦးဝင်းတင်က မန္တလေးမှာဆိုရင် ဦးလေးနဲ့အတူ ဘာသာရေး၊ လူမှုရေး၊ သာရေးနာရေး အရေးကြီးငယ်ဟူသမျှ လက်ညီ တက်ညီ ဆောင်ရွက်ခဲ့ပါတယ်။ ဦးလေး သူ့ကိုယ်သူ ပြောလေ့ရှိသလို “မယားပါ မန္တလေးသား”မျိုး ဖြစ်အောင်အထိ ဦးဝင်းတင်အတွက် မြို့မိမြို့ဖတွေက လိုလားခဲ့ကြပါတယ်။ ပါမောက္ခချုပ်ဦးကျော်ရင်၊ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း နဲ့ သတင်းစာဆရာ ဦးဝင်းတင် တို့ဟာ ဦးလေးနဲ့တကွ မြို့လူထုကပါ အသည်းစွဲ ချစ်ခင်ခြင်းခံကြရတဲ့ အမိ မန္တလေးရဲ့ အမွေစား အမွေခံ မွေးစားသားရတနာတွေ ဖြစ်ခဲ့ကြပါတယ်။ ဦးလေးနဲ့ ဒေါ်ဒေါ်တို့ရဲ့ အရင်းနှီးဆုံး ချစ်မိတ်ဆွေတွေလည်း ဖြစ်ခဲ့ကြပါတယ်။

တကယ်တော့ ဦးဝင်းတင်က ရတနာပုံမြို့တော်သားတွေ ပြောလေ့ရှိခဲ့တဲ့ “မန်းမနီး ရေဝေး”ကပါ။ ကြို့ပင်ကောက် ဇာတိပါ။ မိဘတွေက ဦးပု၊ ဒေါ်အမာ တဲ့။ ကုန်သည်မျိုးရိုးပါ။ သားသမီး မွေးချင်း သုံးယောက်အနက် သားကြီးသြရဿပါ။ ၁၉၃၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့မှာ မွေးဖွားခဲ့တာ ဆိုတော့ မန္တလေး ဈေးချိုတော် ခေါင်မိုးပေါ်မှာ မွေးဖွားခဲ့သူ ရွှေမန်းသားစစ်စစ် ဆရာမောင်သာရနဲ့မှ ရွယ်တူပါ။ နိုင်ငံရေးကိုတော့ ငယ်စဉ်ကပဲ ၀ါသနာပါခဲ့ဟန် တူပါရဲ့။ နိုင်ငံရေးဗေဒ နဲ့ ခေတ်သစ်သမိုင်းကို ယူခဲ့ပါတယ်။ စာပေ၀ါသနာ အရင်းခံရှိလို့ အင်္ဂလိပ်စာပေကိုလည်း တွဲယူခဲ့ပြီး ၁၉၅၃ မှာ ၀ိဇ္ဇာဘွဲ့ ယူခဲ့သူပါ။

ဘွဲ့ရတော့ စာပေဗိမာန်မှာ ၀င်လုပ်တယ်။ ၀င်လုပ်ရင်း နယ်သာလန်နိုင်ငံ ဒတ်ခ်ျ အမျိုးသားသတင်းစာနဲ့ ပုံနှိပ်လုပ်ငန်း ကုမ္ပဏီကြီးဖြစ်တဲ့ ဂျမ်ဘာတမ်ကုမ္ပဏီကို သွားပြီး “လူထုသိပ္ပံ”အတွဲများနဲ့ နှစ်ငါးဆယ် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ဆိုတဲ့ စာအုပ်တွဲများကို ကြီးကြပ် ပုံနှိပ်ရင်း သတင်းစာပညာ၊ ပုံနှိပ်ပညာ၊ စာအုပ်တည်းဖြတ်မှုပညာ၊ ထုတ်ဝေမှုပညာတွေကို သုံးနှစ်မျှ သင်ယူခဲ့ရပါတယ်။ နယ်သာလန်မှာက ဗင်ဂိုးပြတိုက်ကြီးလည်း ရှိတယ်ဆိုတော့ ဥရောပက ပန်းချီပြတိုက်တွေ၊ ပြပွဲတွေကို လေ့လာခံစားဖို့လည်း မမေ့မလျော့ လုပ်ခဲ့ပါတယ်။ နယ်ချဲ့တို့၊ ဖက်ဆစ်တို့ရဲ့ ခြေရာလက်ရာတွေကိုလည်း လက်တွေ့ ရှုမြင် သုံးသပ်ခွင့် ကြုံခဲ့ရပါတယ်။

ကျနော် နယ်သာလန်က စာပေစာတမ်းဖတ်ပွဲတခုကို သွားတော့ သူငယ်ချင်း တင်မိုးရဲ့ သမီး ဒေါက်တာ မိုးမိုးနျင်းလိုက်ပြလို့ ဦးဝင်းတင်တို့၊ ဦးတင်မိုးတို့ သွားခဲ့ ရောက်ခဲ့ လေ့လာခဲ့တဲ့ နေရာတွေကို ရောက်ခဲ့ရတော့ သူတို့နှစ်ဦးလုံးနဲ့ လည်ပင်းဖက်ပြီး သွားချင်လိုက်တာလို့ တမ်းတမိခဲ့ဖူးပါတယ်။ ဆရာတင်မိုးက နယ်သာလန်မှာ နေပေမယ့် ဂျပန်ကို စာပေဟောပြောပွဲ သွားနေခိုက်ဖြစ်လိုပ မဆုံခဲ့ရတာပါ။ ဦးဝင်းတင်ကတော့ ထောင်ထဲမှာပေါ့။ ရှစ်လေးလုံးအရေးတော်ပုံ မပေါ်ခင်ကတော့ ဦးဝင်းတင်ရဲ့အခန်းဟာ ကျနော်တို့ရဲ့ စုရပ်ပါ။ ပန်းချီပြပွဲတွေ ရှိရင်တော့ ဦးဝင်းတင်နဲ့ အတူကြည့်ရတာ အလွန် ပညာလည်းတိုး၊ ရသလည်းတိုးပါတယ်။ ဦးဝင်းတင်ဟာ “အလှရှာတော်ပုံ” ဆိုတဲ့ စာအုပ်တအုပ် ပြုစုပြီး မြန်မာလူငယ်တွေကို မြန်မာ့ပန်းချီသမိုင်း၊ ကမ္ဘာ့ပန်းချီသမိုင်းနဲ့ မိတ်ဆက်ပေးခဲ့သူတဦး မဟုတ်ပါလား။

ရန်ကုန် သရက်တောဘုန်းကြိးကျောင်းတွေနားက၊ လမ်းသစ်ရိပ်သာထပ်က တိုက်ခန်းတခုမှာ ဦးဝင်းတင် နေခဲ့ပါတယ်။ သူ့အိမ်ပြတင်းမှာ သစ်ခွပန်းလှလှကြီးတွေ ပွင့်နေတဲ့ ပန်းအိုးကြီးတွေ ချိန်ထားတယ်။ အဲဒီတိုက်ခန်းမှာ ဆရာဒဂုန်တာရာ၊ ဆရာမြသန်းတင့်တို့ရဲ့ အခန်းတွေလိုပဲ စာအုပ်ပုံအကြီးကြီးတွေ အပြည့် ရှိပါတယ်။ အဲဒီအခန်းမှာ စာရေးဆရာ၊ ပန်းချီဆရာ၊ ရုပ်ရှင်မင်းသား စတဲ့ သူ့အပေါင်းအသင်းတွေကို ဖိတ်ခေါ်ပြီး သူ့ကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးလေ့ ရှိပါတယ်။ မန္တလေးမှာ အိမ်နေရာ နှစ်ခါပြေင်းခဲ့ပါတယ်။ နှစ်ခါလုံး ကျနော်နဲ့ အိမ်နီးချင်း ဖြစ်ခဲ့ပါတယ်။ အဲဒီမှာလည်း သူ့အပေါင်းအသင်း ကြီးငယ်တွေကို ဖိတ်ခေါ် ကျွေးမွေးရင်း စာအကြောင်း ပေအကြောင်းတွေကို ဆွေးနွေး ပြောဆိုလေ့ ရှိခဲ့ပါတယ်။
ဦးဝင်းတင်ဟာ သတင်းစာဆရာအသင်း အတွင်းရေးမှူးလည်း လုပ်ခဲ့၊ သတင်းစာဆရာ သင်တန်းတွေမှာလည်း ကထိက လုပ်ခဲ့ ဆိုတော့ သတင်းစာသမား တပည့်တပန်း အပေါင်းအသင်းကလည်း အလွန်များပါတယ်။ တပည့်တွေထဲမှာ စစ်ဗိုလ်တွေလည်း ပါကြပြီး သူ့ကို လေးစား ချစ်ခင်ကြပေမယ့် အကျွမ်းတ၀င်တော့ နေရလောက်အောင် ကံမကောင်းကြရှာပါ။ သူ့အိမ်မှာ ဆုံလေ့ရှိတဲ့ ပရိသတ်ကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ မဖိတ်ခေါ်ရဘဲ ဦးဝင်းတင်နဲ့အတူ စွန့်လွှတ်စွန့်စား ပါဝင်ခဲ့ကြပါတယ်။

ဦးဝင်းတင်ဟာ ပေါ်သစ် အမည်နဲ့ စာပေဝေဖန်ရေး၊ ပန်းချီဝေဖန်ရေးတို့ကို ရေးသားရာမှာ ပညာရှင်များ လေးစားလောက်အောင် အဆင့်အတန်း မြင့်ပါတယ်။ မောင်ဝန်ဇင်း၊ ပြည့်စုံ၊ မောင်ကြီးမြိုင်၊ ကိုဒေါင်း၊ စာသမား၊ မောင်သစ်ဆင်း စတဲ့ နာမည်တွေနဲ့လည်း သူ့သူငယ်ချင်း မင်းယုဝေရဲ့ ငွေတာရီမဂ္ဂဇင်းမှာ စာစုံ ရေးခဲ့ပါတယ်။ ဒီအမည်တွေနဲ့ သူရေးခဲ့တယ်လို့ သူက မပြောဖူးခဲ့၊ ကျနော်တို့ကလည်း မမေးဖူးခဲ့ပါဘူး။ ဒါပေမဲ့ ဒီလက်ရာတွေကိုကြည့်ပြီး သူမှတပါး တခြားလူတွေ ရေးနိုင်ဖွယ်မရှိပါ ဆိုပြီး ကျနော်ကတော့ ဒီအမည်တွေကိုလည်း သူ့အမည်အဖြစ်နဲ့ စာရင်းကောက်ထားလိုက်ပါတယ်။ ခု သူ ထောင်ကလွတ်လာတော့ သူ့ကို လှမ်းမေးပြီး ဒီကလောင်အမည်ခွဲတွေကို အတည်ပြုရပါဦးမယ်။
ဟံသာဝတီသတင်းစာဟာ မဆလသတင်းစာပါ။ မြန်မာ့ဆိုရှစ်လစ်လမ်းစဉ်ကို ၀ါဒဖြန့်ခိုင်းတာပါ။ ဒါပေမဲ့ ဦးဝင်းတင်က “သတင်းစာဆိုတာ ဘာလဲ” ဆိုတဲ့ ခေါင်းကြီးနဲ့ စပြီး “ချဲ”ပါတယ်။ နောက်ထပ်လည်း အကြိမ်ကြိမ် ဒါကိုပဲ ဖွင့်ဆိုခဲ့ပါတယ်။ သတင်းစာဆိုတာ အာဏာရှင်တွေ ငွေရှင်ကြေးရှင်တွေ မဟုတ်တာ လုပ်ရာမှာ ကာကွယ်ပေးတဲ့ “စက္ကူကန့်လန့်ကာ” မဟုတ်၊ ပြည်သူတွေ အမှန်မမြင်ရအောင် နားမျက်စိကို ဖုံးကွယ်ပေးတဲ့ “စက္ကူမျက်နှာဖုံး”လည်း မဟုတ်၊ ၀ါဒဖြန့်စာရွက်လည်း မဟုတ်၊ “ဘုန်းတော်ဘွဲ့”လည်း မဟုတ်၊ အားလုံးကောင်းပါသည် ဆိုတဲ့ “အစီရင်ခံစာ”မျိုးလည်း မဟုတ်၊ လက်ညှိုးညွှန်ရာ ရေဖြစ်ချင်သူတို့ရဲ့ “ဖောင်တော်စီးလက်မှတ်”လည်း မဟုတ်၊ ပြည်သူတွေနဲ့ အစိုးရကြား၊ အစိုးရနဲ့ အစိုးရချင်းတို့ရဲ့ကြား၊ ပြည်သူတွေနဲ့ ပြည်သူတွေရဲ့ကြား ဘာသာပြန်ပေးတဲ့ ပြည်သူတို့ရဲ့ စကားပြန်၊ ပြည်သူတို့ရဲ့ အာဘော၊ ပြည်သူတို့ကို အသိပညာပေးတဲ့စာ၊ ပြည်သူတို့ကို လှုံ့ဆော်တဲ့ စာကိုမှသာ သတင်းစာခေါ်တယ်။ ပြည်သူတွေကို မှောင်ချခြင်းဟာ မကောင်းမှုလုပ်ချင်လို့ အမှောင်ကြိုက်တဲ့ ခိုးသားဓားပြတွေရဲ့ အကြိုက်သာဖြစ်တယ်လို့လည်း သတင်းတွေကို ပိတ်ဟဲ့၊ ဆို့ဟဲ့၊ တားဟဲ့၊ ဆီးဟဲ့ လုပ်ချင်သူတွေကို ဒဲ့ဒိုး ချဲခဲ့ပါတယ်။ အဓိကကတော့ ပြည်သူတွေအတွက် သတင်းလွတ်လပ်ခွင့်၊ စာပေလတ်လပ်ခွင့်ရှိဖို့ပါပဲ။

မန္တလေးမှာ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း အနေနဲ့ ဦးလေး လူထုဦးလှ ဦးဆောင်ပြီး ကျနော်တို့ လုပ်နေတဲ့ စာတမ်းဖတ်ပွဲတွေဟာ မဆလအစိုးရရဲ့ စာပေလုပ်သားအဖွဲ့ ပေါ်လာတော့မှာမို့ ရပ်လိုက်ရတယ်။ ဦးဝင်းတင်က စာတမ်းဖတ်ပွဲတွေကို သူ့ရဲ့ ဟံသာဝတီသတင်းစာ “စနေစာပေ၀ိုင်း” မှာ ဆက်လုပ်တယ်။ ကြုံရင်ကြုံသလို လုပ်ရင်းက ရန်ကုန်က စာရေးဆရာတွေလည်း ပါဝင်လာကြတယ်။ စာအုပ်တွေလည်း ထုတ်တယ်။ မန်း ဟံသာဝတီ ငါးနှစ်မြောက်အထိမ်းအမှတ် စာအုပ်လည်း ထုတ်တယ်။ အဓိကကတော့ စာပေလွတ်လပ်ခွင့်ပါပဲ။ ဒီလိုဟာတွေ ပြောလွန်းလို့လည်း ဗိုလ်နေ၀င်းကိုယ်တိုင် မျက်စိစပါးမွေး စူးလာပြီး သတင်းစာလည်း ပိတ်၊ အယ်ဒီတာကိုလည်း ဖြုတ်ချလိုက်ခဲ့တာ ဖြစ်ပါတယ်။

ခု ဦးဝင်းတင် ထောင်က လွတ်လာပြီ။ ပြည်ပက သတင်းဌာနမျိုးစုံနဲ့ ပြောကြ ဆိုကြတာတွေကို ကြားရသူတိုင်းက သဘောကျကြပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း ချီးကျူးတယ်။ စစ်တပ်ထဲက စစ်ဗိုလ်ချုပ်တွေကိုလည်း စစ်တပ်နဲ့ စစ်အာဏာရှင်စနစ် ခွဲခြားပြီး ပြောတယ်။ ဒီလို အမြင်ရှင်းလင်း ပြတ်သားတဲ့ စကားမျိုးကို မကြားရတာ ကြာပြီဖြစ်တဲ့ ပြည်တွင်းပြည်ပ မြန်မာများကလည်း အားရ တက်ကြွကြပါတယ်။ “စု-လွှတ်-တွေ့”လမ်းစဉ်ကိုလည်း ဆုပ်ကိုင်ဆဲပါ။
မျက်မှောက်ကာလမှာ သတင်းစာဆရာအစစ်တွေဟာ ဒီမိုကရေစီရေးဘက်က အပြတ်အသား ရပ်ကြပါတယ်။ အလုပ်ပြုတ်ကြ၊ ထောင်ကျကြတာ များပါတယ်။ ဒီအထဲမှာ အမေလူထုဒေါ်အမာ၊ ဦးဝင်းတင် နဲ့ လူထုစိန်ဝင်းတို့က သတင်းစာဆရာတွေရဲ့ ရှေ့ဆုံးက အရဲရင့်ဆုံး ရပ်တည်ကြပါတယ်။ အမေလူထုဒေါ်အမာဟာ ဦးဝင်းတင်လွတ်မြောက်ရေးကို တဖွဖွ ပြောဆိုပြီး ပူပန်ကြောင့်ကြခဲ့ရှာပါတယ်။ ဦးဝင်းတင်နဲ့တကွ သူ့ရဲဘော် သတင်းစာဆရာတွေအားလုံးဟာ ဘယ်တော့မှ ဒီမိုကရေစီလမ်းကြောင်းက သွေဖည်သွားကြမှာ မဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်။ တကယ့် သတင်းစာဆရာတွေဟာ ကမ္ဘာအရေး၊ ဗမာ့အရေးတွေကိုလည်း အမြဲ လေ့လာ သုံးသပ်နေကြသူတွေ ဖြစ်တဲ့အပြင် ပြည်သူ့ဘ၀တွေကို ထောင့်စေ့အောင် သိနေကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်တော့မှ အမြင်စောင်းကြမှာ မဟုတ်ပါဘူး။

သူများမက်မောတဲ့ ၀န်ကြီးဘ၀က နှုတ်ထွက်ခဲ့သူ ပြည်တော်သာခေတ်က ဟံသာဝတီသတင်းစာ အယ်ဒီတာ သူရိယဦးထွန်းဖေ ခေါ် ထွန်းနေ့စဉ်ဦးထွန်းဖေက ပြောဖူးတာ ရှိပါတယ်။ “သတင်းစာဆရာ၊ သတင်းထောက်တွေ ခေါင်းဆောင်မှု မပါတဲ့ ခေတ် တခေတ်မှ မရှိပါဘူး၊ အမြဲ ခေါင်းဆောင်မှု ပေးနေတာပဲ ဆိုတာ ကျွန်တော် ရဲရဲကြီး ပြောချင်တယ်။ အဲဒီတော့ မေးစရာရှိတယ်။ ခေါင်းဆောင်မှုပေးလို့ သတင်းစာဆရာတွေ၊ သတင်းထောက်တွေကပဲ ယခုအခါ တာဝန်ရှိပုဂ္ဂိုလ်ကြီးတွေ ဖြစ်လို့လား ဆိုရင် မဟုတ်ပါဘူး။ သူတို့ အငတ်ခံပြီး ခေါင်းဆောင်မှု ပေးတယ်။ အသတ်ခံပြီး ခေါင်းဆောင်မှု ပေးတယ်။ ထောင်ချခံပီး ခေါင်းဆောင်မှု ပေးတယ်” တဲ့။ မှန်ပါပေတယ်။ သတင်းစာဆရာတွေဟာ ဆက်လက်ပြီး အငတ်ခံ အသတ်ခံကြဦးမှာပဲ လို့ မြေကြီးလက်ခတ်မလွဲ ယုံကြည်လျက် ရှိကြပါကြောင်း။ ။
မောင်စွမ်းရည် ၂၀၀၈၊ အောက်တိုဘာ ၂(မိုးမခမှကူးဟူဖေါ်ပြပါသည်။)