Thursday, July 31, 2008

NLD (LA) Japan ၏ ဒီပဲယင်း ၆၂ လပြည့်အခမ်းအနား

Wednesday, July 30, 2008

ပထမဆုံး နာဂစ်ရန်ပုံငွေ ဟစ်ဟော့ရှိုးပွဲ

NEJ/ ၃၀ ဇူလိုင် ၂၀၀၈

နာဂစ်အတွက် ရန်ပုံငွေရရှိစေရန် မြန်မာ့ပထမဆုံး ဟစ်ဟော့ အဆိုတော်များ တစုတပေါင်းတည်း ပါဝင်ကြမည့် ဟစ်ဟော့ပွဲကို သြဂုတ် (၃) ရက် သုဝဏ္ဏ အမျိုးသားအားကစားရုံ၌ ကျင်းပပြု လုပ်မည်။

ဟစ်ဟော့တေးဂီတဖြစ်သော်လည်း နာဂစ်နှင့် ပတ်သက်၍ ရန်ပုံငွေ ရှာသည့်ပွဲဖြစ်သဖြင့် သီဆို ဟန်များ၊ ကခုန်မှုပုံစံများ၊ စင်ပေါ်က ပရိသတ်ကို နှုတ်ဆက်ဟန်ကစ၍ နွေးထွေးမှု ကရုဏာအပြည့် ပုံစံဖြင့် သီဆိုကြမည်ဖြစ်ကြောင်း သိရသည်။

ဟစ်ဟော့ အဆိုတော်များက အခကြေးငွေမယူဘဲ တဦးလျှင်၊ အဖွဲ့တဖွဲ့လျှင် သီချင်း (၂) ပုဒ် သီဆိုပေးကြမည်ဖြစ်သည်။


ပါဝင်သီဆိုကြမည့်သူများမှာ မျိုးကျော့မြိုင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ရသ၊ စောညီညီ (too big)၊ အနဂ္ဂ၊ ဘာဘူ၊ သားစိုး၊ J-me၊ ကြက်ဖ၊ ထွန်းထွန်း(Example)၊ မိုးမိုး၊ လင်းလင်း၊ ကျော်သူစိုး၊ ချမ်းအေးဝင်း၊ ဘိုလေး (ယုန်လေး)၊ လင်းပင်ဟိန်း၊ ဂျောက်ဂျက်၊ Wai လျှံ၊ အာဘွိုင်း၊ ၀ိုင်းစုခိုင် သိန်း၊ နန်းဆုရတီစိုး၊ ပြည့်ဖူးခိုင်၊ စန္ဒီမြင့်လွင့်၊ သီရိဆွေ၊ သဇင်၊ No (ရီမွန်+ရတနာ)၊ Cartoon၊ Blueberry၊ Cyclone၊ Double Beatz၊ Project #1 စသည်တို့ဖြစ်ကြောင်း သိရသည်။

ဝင်ကြေးများကို (၈,၀၀၀) နှင့် (၅,၀၀၀) သတ်မှတ်ရောင်းချမည်ဖြစ်ပြီး လေဘေးသင့် ပြည်သူများ အတွက် ရည်ရွယ်၍ စိတ်ဖြေသိမ့်မည့် သီချင်းများကို သီဆိုပေးသွားမည်ဖြစ်ကြောင်း ဟစ်ဟော့ အဆိုတော် အနဂ္ဂက ပြောသည်။

ဟစ်ဟော့တေးဂီတ အဆိုရှင်များ အနေဖြင့် နာဂစ်နှင့် ပတ်သက်၍ ၎င်းတို့ ရေးစပ်ထားကြသည့် သီချင်းများကို လွတ်လပ်စွာ သီဆိုကြမည်ဖြစ်ကြောင်း၊ ဟစ်ဟော့ လူငယ် (၂၀) တို့က အထူး ရေးဖွဲ့ထားသော သီချင်းတပုဒ်ကိုလည်း စီစဉ်တင်ဆက်သွားမည်ဖြစ်ပြီး ရေးသူမှ မိမိရေးသော သီချင်းပိုဒ်ကို ကိုယ်တိုင်သီဆိုသွားမည် ဖြစ်သည်ဟု စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။

မြန်မာ့ဟစ်ဟော့ အဆိုတော်များကို အစိုးရက စောင့်ကြည့်လေ့ရှိပြီး အက်ဆစ်ဟစ်ဟော့အဖွဲ့မှ အဆိုတော် ဇေယျာသော်ကို ယခုအချိန်အထိ ဖမ်းဆီးထားဆဲဖြစ်သည်။ ထိုကြောင့် နာဂစ်ရန်ပုံငွေ ဟစ်ဟော့ပွဲတွင်လည်း အစိုးရကစောင့်ကြည့်နိုင်သည်ဟု ဟစ်ဟော့အသိုင်းအ၀န်းက ဝေဖန် ပြောဆိုနေကြသည်။

Mizzima website under attack


Mizzima News Tuesday, 29 July 2008

New Delhi — The Burmese website of Mizzima News, a Burmese Independent News Agency based in New Delhi, has come under persistent and severe Distributed Denial of Services attack causing the website to become inaccessible since Sunday.

The DDoS attacks flood the communication channel of Mizzima's servers with data up to the extent that the site can no longer handle.

According the Mizzima's webmaster, a DDoS attack is an attempt to disable a website, by overwhelming the site with information requests so that it cannot respond to regular traffic.

Mizzima website received more than five Gigabytes of data in less than 15 minutes, many times more than it usually receive, said the webmaster adding that the enormous amount of information received is more than the site can handle.

While, technically, the origin of the attack is impossible to trace, Mizzima's friend, a technocrat who monitors the site, said the attack is clearly targeted.

He said, while this is not the first attempt, there had been plenty of attempts t intrusion from servers in China, Russia and Hungary. At least 30 servers are involved in the case of the attack on the Mizzima Burmese website, he added.

Mizzima News Agency, run by Burmese journalists, is an independent Burmese multi-media group focusing on Burma and related news and issues, and maintains four different websites – Mizzima.com, Mizzimaburmese.com, Mizzima.tv, mizzimaphoto.com.

Besides updated daily news both in English and Burmese, Mizzima also Podcast video stories on its mizzima.tv site, which are frequently picked up by other news organizations.

Both Mizzima's Burmese and English site normally attract an average of 10,000 to 15,000 unique visitors per day but the readership suddenly jumped to hundred thousands during the September protests in Burma last year and in the month of May and June 2008, following the killer Cyclone Nargis' hitting the country.

While it is difficult to determine who is behind the recent attack, with intrusion attempts coming from servers in China, Russia, Hungary, the Burmese military junta, which has several of its technocrats and engineers studying in these countries, could be behind the attack.

Burma's military rulers have banned Mizzima's sites in Burma and bypassing the government's internet filtering systems with the use of proxy and browsing the Mizzima's sites, if caught, could lead to users paying a heavy penalty.

Mizzima, however, is not the only Burmese news organization to have recently suffered such attacks. The Oslo based Democratic Voice of Burma's website also came under similar attack since July 20.

In a statement released on Friday, the DVB deputy executive director, Khin Maung Win said the attacker is trying to shut-down the DVB's site from the internet as the attack has been getting more severe and persistent over the last four days.

"And we are still under attack," said Khin Maung Win.

"Technically, it is of course difficult to say who is behind the attack. But we can easily say that Burmese government is behind this attack," Khin Maung Win said.

ကမ္ဘောဇဘဏ် မန်နေဂျင်းဒါရိုက်တာ စစ်ဆေးခံရ ဘဏ်ကငွေတွေ အလုအယက်ပြန်ထုတ်


NEJ/ ၂၉ ဇူလိုင် ၂၀၀၈
ကမ္ဘောဇဘဏ်၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ထိန်းသိမ်းစစ်ဆေးခံနေရသဖြင့် ဘဏ်တွင် ငွေအပ် ထားသူများ ယခုရက်ပိုင်းအတွင်း ငွေပြန်ထုတ်ယူနေကြမှု များနေသည်။

ကမ္ဘောဇဘဏ်သည်လည်း မြန်မာမေဖလားဝါးနှင့် အာရှဓနဘဏ်များကဲ့သို့ မကြာခင် ဖျက်သိမ်း ခံရဖွယ်ရှိသည်ဟု ပြင်ပတွင် ကောလာဟလများ ထွက်လာပြီးနောက် ယခုကဲ့သို့ ဘဏ်အပ်ငွေ များကို ပြန်ထုတ်လာကြခြင်းဖြစ်သည်။

ယခုလလယ်ခန့်က ကမ္ဘောဇဘဏ်၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးဇော်ဝင်းနိုင်ကို သက်ဆိုင် ရာက ဖမ်းဆီးထိန်းသိမ်းစစ်ဆေးမှုများ ပြုရာမှ အဆိုပါ ကောလာဟလ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဦးဇော်ဝင်းနိုင် အဖမ်းခံရသည့် ကိစ္စနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်သို့ ခေတ်ပြိုင်က ဖုန်းအကြိမ် ကြိမ်ဆက်ခဲ့ရာ နံပါတ်အားလုံး ဆက်သွယ်မရသည့်အတွက် သီးခြားအတည်ပြုနိုင်ခြင်း မရှိ သေးပေ။

“မူးယစ်ဆေးကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးနေတယ်ကြားတာပဲ၊ မောင်ဝိတ်တို့နဲ့ ဆက်စပ်နေတယ် လို့ ပြောနေကြတယ်” ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်ကြီးတဦးက ပြောသည်။

အခြားဘဏ်များ ငွေထုတ်ယူမှု ပမာဏကို ကန့်သတ်ချက်ရှိချိန်က အချိန်မရွေး လိုသလောက် မိမိအပ်ငွေကို ထုတ်ပေးနေခဲ့သော ကမ္ဘာဇဘဏ်သည် ယခုအခါ တပတ်တွင် တရက် ကျပ် (၁၀) သိန်းသာ အများဆုံးထုတ်ပေးနေကြောင်း ငွေအပ်ထားသူတဦးက ပြောသည်။

“ဒါက ခုမှမဟုတ်ပါဘူး။ ဒီစည်းကမ်းကို ဗဟိုဘဏ်က ထုတ်ပြန်ထားတာ ကြာပါပြီ။ ကျနော်တို့က ဘဏ်စည်းကမ်းအတိုင်း လုပ်ရတာပါ။ ဒီတပတ် (၁၀) သိန်းထုတ်ပြီးရင် နောက်တပတ်တွေမှာ လည်း တပတ် တရက် (၁၀) သိန်း ထုတ်ယူနိုင်ပါတယ်” ဟု ကမ္ဘောဇ ဘဏ်ခွဲတခုမှ မန်နေဂျာ တဦးက ပြောသည်။

ဘဏ်မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဖမ်းဆီးခံနေရမှုနှင့် ပတ်သက်၍ မေးမြန်းရာ ၎င်းက မသိ ကြောင်း၊ ဘဏ်နှင့် ပတ်သက်၍ ထွက်ပေါ်နေသော ကောလာဟလများမှာလည်း အမှားများ သာဖြစ်ကြောင်း၊ မိမိတို့ဘဏ်အနေဖြင့် ပုံမှန်လည်ပတ်နေနိုင်ပါကြောင်း ထပ်မံရှင်းပြသည်။

ဘဏ်နှင့်ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်လာပြီး တပတ်အကြာတွင် စီးပွားရေးလုပ်ငန်း ရှင် အသိုင်းအ၀န်းတွင် မတွေ့ရသည်မှာ ကြာပြီဖြစ်သော ဘဏ်ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကိုဝင်း (ဆရာကျောင်း) ကို ကမာရွတ်မြို့နယ် ဘဏ်ရုံးချုပ်သို့ လာရောက် အစစ်ဆေးခံသွားသည်ကို တွေ့ရသည်ဟု ဆိုသည်။

ကမ္ဘောဇဘဏ်သည် ဘဏ်ခွဲပေါင်း (၂၃) ခုနှင့် လည်ပတ်နေကာ မိုင်းရှူး၊ ဖားကန့်တို့တွင်လည်း ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေပြီး စားအုန်းဆီ တင်သွင်းခြင်း၊ လမ်းဖောက် လုပ်ရေး စီမံကိန်းများနှင့် အင်းလေးအမှတ်တံဆိပ်ဖြင့် ပြည်ပပို့ကုန် ဖိနပ်များ ထုတ်လုပ်သော လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

ဖမ်းဆီးစစ်ဆေးခံနေရသော ဦးဇော်ဝင်းနိုင်မှာ ယခင် စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ် သန်း ထွန်း၏ သားဖြစ်ပြီး ဦးအောင်ကိုဝင်း၏ မွေးစားသားဖြစ်သည်။ ဦးအောင်ကိုဝင်းသည် စစ်အစိုးရ နံပါတ်နှစ်ဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီးမောင်အေးနှင့် နီးစပ်ပတ်သက်သူဖြစ်သည်ဟု ဆိုကြသည်။ ။

Tuesday, July 29, 2008

နာဂစ်မုန်တိုင်းရံပုံငွေအတွက် နာမည်ကျော်အဆိုကျော်များမှ ဂျပန်တွင်လာရောက်ဖျော်ဖြေ

တိုကျို၊ ဇူလှိုင်(၂၇)



မြန်မာပြည်တွင်ဆိုးရွားစွာတိုက်ခတ်ခဲ့သည့် နာဂစ်ဆိုက်ကလုန်းမုန်တိုင်းဘေးသင့် မြန်မာပြည်သူများအတွက် ဂျပန်ရောက် မြန်မာများမှစုစည်းပူးပေါင်း၍ ပြည်တွင်းမှ နံမည်ကျော်အဆိုတော်များကိုဖိတ်ကြားကာ Live Showဖျော်ဖြေပွဲတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

ယင်းပွဲကို မြန်မာပြည်တွင်းမှ နံမည်ကျော်အဆိုတော်များဖြစ်ကြသော ခင်မောင်တိုး၊ Rဇာနည်၊ မေခလာ၊ ရတနာ၊ ယခင်(NG(II)K)အဖွဲ့ဝင်ဟောင်း အမျိုးသမီးအဆိုတော်သစ် မေစံပါယ်ညိုအပါအဝင် တေးဂီတမှူးအဖြစ် စန္ဒရားလှထွဋ်၏သား ဂီတမှူးမြတ်မင်းတို့ လာရောက်ဖျော်ဖြေခဲ့ကြသည်။

မြန်မာပြည်တွင်း၌ မုန်တိုင်းရံပုံငွေပွဲအဖြစ်ကျင်းပခဲ့ကြသော်လည်း ပြည်ပဖျော်ဖြေပွဲ အဖြစ် ယခုဖျော်ဖြေပွဲကို ပြည်တွင်းမှနံမည်ကျော်အဆိုတော်များနှင့် ပထမဆုံးပြည်ပတွင် ပြုလုပ်ကျင်းပ နိုင်ခြင်းဖြစ်ပြီး ယခုပွဲနှင့်ပါတ်သတ်၍ အဆိုတော် ခင်မောင်တိုးမှ `ကျနော်တို့က လုပ်နိုင်တဲ့တပိုင်တနိုင်နဲ့ပေါ့၊ ဥပမာ-ကျနော်တို့အနုပညာသည်တွေဆိုတော့ Live Show နဲ့လုပ်မလား၊ စီရီးနဲ့လုပ်မလားပေါ့၊ စီရီးနဲ့ကတော့စီစဉ်နေဆဲဘဲရှိပြီး Live Showကတော့ ဒီမှာ လုပ်ဖြစ်သွားတာပေါ့၊ ကျနော်တို့ရည်ရွယ်ချက်က ပရိတ်သတ်တွေဆီကနေ နာဂစ်နဲ့ပါတ်သတ် တာတွေကို ပိုမိုစိတ်ဝင်စားလာအောင်၊ ပိုမိုကူညီဆောင်ရွက်နိုင်အောင်ပေါ့ မျှော်လင့်ပါ တယ်…`ဟု ဂျပန်တွင်လာရောက်သီဆိုဖြစ်သွားသည့်အကြောင်းရင်းကိုပြောပြသည်။

ရတနာနှင့်မေစပယ်ညိုတို့သီဆိုဖျော်ဖြေကြစဉ်
၎င်းမှပင် `ကျနော်က ဂျပန်ကိုဒါဒုတိယအခေါက်ပါ၊ ပထမတစ်ခေါက်နဲ့တော့ မတူဘူးပေါ့၊ မုန်တိုင်းဖြစ်တဲ့နေရာကို ငါးကြိမ်လောက် Individual ပေါ့၊ သွားခဲ့တယ်ဆိုတော့ အဲ့ဒီခံစားချက်လေးနဲ့ လာခဲ့တာ…`ဟု ကိုခင်မောင်တိုးမှ ပြောပြသည်။

ယခုပွဲကို ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် ဂျပန်လူမျိုးမျာ့းပါ စိတ်ဝင်တစား လာရောက် အားပေးကြည့်ရူခဲ့ကြပြီး ဖျော်ဖြေပွဲအတွင်း အဆိုတော်များမှ နာဂစ်ရံပုံငွေအတွက် အားလပ်ချိန်အတွင်း အလှူငွေများကောက်ခံခဲ့ရာ ဂျပန်ယန်း(၃)သိန်းခွဲခန့်ကို သီးခြားအနေဖြင့် ကောက်ခံရရှိခဲ့ပြီး ပရိတ်သတ်နှင့် တသားတည်းကျ အားပါးတရဖျော်ဖြေခဲ့သူ အဆိုတော် Rဇာနည်မှ `ပျော်ပါတယ်၊ နာဂစ်ရံပုံငွေအတွက်ဖျော်ဖြေရတာဆိုတော့ ဝမ်းလည်းသာတယ်၊ ဂျပန်မှာဆိုရတာအားလုံးအဆင်ပြေပါတယ်…`ဟု ပြောပြသွားသည်။

အဆိုတော်မေခလာမှလည်း `အဝေးရောက်နေတဲ့ ကိုယ့်မြန်မာလူမျိုးတွေကို ပြန်တွေ့ရတော့ပျော်တောပေါ့၊ ကိုယ့်မောင်နှမသားချင်းတွေနဲ့ပြန်တွေ့ရသလိုပါဘဲ၊ ရှိုးပွဲလည်း အစစအရာရာအားလုံး အဆင်ပြေပြေနဲ့ပြီးဆုံးသွာတယ်၊ အလှူငွေတွေကိုလည်း အမရယ်၊ ကိုခင်မောင်တိုးရယ်၊ Rဇာနည်ရယ်(၃)ယောက်တိုင်ပင်ပြီးတော့ အဆင်မပြေတဲ့သူ(ဒုက္ခသည်) တွေ ဆီ ကို သွားရောက်လှူဒါန်းသွားမှာပါ}} ဟုပြေပြသည်။

ဖျော်ဖြေပွဲအပြီး နောက်ဆုံးအစီအစဉ်အဖြစ် ဂျပန်ရောက်မြန်မာနိုင်ငံသားတစ်ဦးမှ အဆိုတော် မေခလာသို့ အလှူငွေများနှင့် ရှိုးပွဲကျင်းပ၍ရရှိသည့်အမြတ်ငွေအားလုံးကို ပေးအပ်လှူဒါန်းခဲ့ပြီး ပြည်တွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အားလုံးကိုယ်စား အဆိုတော်မေခလာမှ ကိုယ်စားသွား ရောက်လှူဒါန်ပေးမှာ ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါပွဲကို တိုကျိုမြို့ အီကဲဘူကုရိုးအရပ်ရှိ ခိုကိုင်းဒိုးခန်းမတွင် ယနေ့ညနေ(၇)နာရီတွင်စတင်ကျင်းပခဲ့ကြပြီး အားပေးကြည့်ရှုသူပရိတ်သတ်(၄ဝဝ)ခန့် အားပေးခဲ့ကြကာ အဆိုတော်မေခလာမှ သူမ၏အအောင်မြင်ဆုံးတေးသီချင်းများထဲမှ ဂိုးသွင်းကောင်းတဲ့ကိုကို၊ လမ်းဆက်လျှေက်မယ်စသည့်သီချင်များ အပြင် တစိမ့်စိမ့်ကြည့် စသည့်မြန်မာသံစဉ်သီချင်းများကိုပါသီဆိုသွားခဲ့ပြီး၊ အဆိုတော်ကို ခင်မောင်တိုးမှ နဒီမင်္ဂလာ၊ ကြိုးကြာသံ၊ ဝိုင်းရဲ့ဆည်းဆာ၊ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေနှင့် ဆယ်လမွန်ငါးတို့အပြန် စသည့်သီချင်းများကို ဖျော်ဖြေခဲ့ကာ ခေတ်အလိုက် ခေတ်အကြိုက်လူငယ်အဆိုကျော် Rဇာနည်မှလည်း ပရိတ်သတ်နှင့်ထပ်တူထပ်မျှခံစားကာ အောင်မြင်ကျော်ကြားနေသော သီချင်းများကို သီဆိုဖျော်ဖြေသွားခဲ့သလို ဖျော်ဖြေပွဲကိုလည်း အောင်အောင်မြင်မြင်ဖြင့် ကျင်းပနိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။

Reported by: Thant Myo Htway

မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း၊ ဦးသန်းဝင်း

အထက်ပါ သတင်းသည် ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက် မိုးသောက်ကြယ်ဘလောက် မှခွင့်ပြုချက်ဖြင့် တင်ထားခြင်းဖြစ်ပါသည်။

နေလသတင်းစာစောင်

နေပြည်တော်ဝန်ကြီးများကို ရာထူးမှထွက်ပြီး နိုင်ငံရေးလုပ်ခိုင်းမည်

NEJ/ ၂၈ ဇူလိုင် ၂၀၀၈

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီတွေ ဖွဲ့ဘို့ နေပြည်တော် ၀န်ကြီးအချို့ကို တာဝန်ပေးမည်ဖြစ်ရာ နိုင်ငံရေးလိုင်းဝင်မည့် ၀န်ကြီးများ ၀န်ကြီးရာထူးမှ နုတ်ထွက်ပြီး အာဏာလက်လွတ်ဖြစ်မည်ကို စိုးရိမ်နေသည်ဟု နေပြည်တော် ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

အထူးသဖြင့် ၀န်ကြီးအဖွဲ့တွင် အသက်အကြီးဆုံးဖြစ်သည့် နေပြည်တော်စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းလို ၀န်ကြီးတွေပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်သည့်တိုင် ရာထူးမှထွက်ပြီး ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီခေါင်းဆောင် လုပ်ခိုင်းမှာ စိုးရိမ်နေသည်ဟု ၀န်ကြီးချုပ်ရုံး သတင်းရပ်ကွက်က ပြောသည်။


သို့သော် အသက်ကြီးသည့် လက်ရှိဝန်ကြီးတွေကို သက်ဆိုင်ရာဇာတိမြေ တိုင်းအလိုက် ကြံ့ဖွံ့ အသွင်ပြောင်း နိုင်ငံရေးပါတီတွေ ဖွဲ့ဘို့ တာဝန်ပေးခြင်းဖြင့် ၀န်ကြီးရာထူး နေရာသစ်များ ပေါ်လာနိုင်သည်- ထို့ပြင် နောက်တက် ဗိုလ်ချုပ်များကို ၀န်ကြီးရာထူး ပေးနိုင်ခြင်း၊ အသက်ကြီး ၀န်ကြီးတွေကို အချိုသတ်ပြီး ရုံခါနိုင်ခြင်းတို့ကြောင့် နေပြည်တော် ၀န်ကြီးများ ရာထူးလက် လွတ်ပြီး နိုင်ငံရေးလုပ်ရမှာ ထိတ်လန့်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အရာရှိတဦးက ပြောသည်။

နေပြည်တော်ဝန်ကြီးများကို နိုင်ငံရေးပါတီဖွဲ့ဘို့ တာဝန်ပေးရာတွင် စက်မှု (၁) ၀န်ကြီး ဦးအောင် သောင်းကို မန္တလေးတိုင်း နိုင်ငံရေးပါတီ၊ စွမ်းအင်ဝန်ကြီး ဦးလွန်းသီကို ကွမ်းခြံကုန်းစသဖြင့်
ဝန်ကြီးများ ဇာတိမြေအလိုက် ကြံ့ဖွံအသွင်ပြောင်း နိုင်ငံရေးပါတီများကို ခေါင်းဆောင်ခိုင်းမှာ ဖြစ်သည်ဟု စုံစမ်းသိရသည်။

စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းဆိုလျှင် ၂၀၀၇ စက်တင်ဘာ အရေးအခင်းများ၌ ဆန္ဒပြသူ များအား ရိုက်နှက်ခိုင်းခဲ့သည့် စွမ်းအားရှင်များကိုလည်း နိုင်ငံရေးပါတီထဲ ၀င်ခိုင်းရန် မယုံသဖြင့် ပင်စင်သွားသည့် ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများကို နိုင်ငံရေးပါတီထဲ ၀င်ခိုင်းရန် ညွှန်ကြားထားသည်ဟု သိရသည်။

ဝန်ကြီးရာထူးမှ ထွက်ပြီး နိုင်ငံရေး လုပ်ရမည်ဆိုလျှင် အာဏာမရှိတော့ဘဲ လူထု အရိုက်ခံရမှာကို စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်း စိုးရိမ်နေသည်ဟု စက်မှု (၁) အရာရှိများက ပြောသည်။


Sunday, July 27, 2008

ရန်ကုန်တွင်ပြသသော နာဂစ်ရံပုံငွေ ကာတွန်းပြပွဲမှ ကာတွန်းများ





တောင်အာဖရိက၊ ဆားဗီးယားလှုပ်ရှားမှုနှင့် မြန်မာပြည်

တခါတုန်းက ဧရာဝတီ

Once upon a time in ဧရာဝတီ


မိုးပြင်း လေပြင်း Was ၀ုန်းဒိုင်း ၀ုန်းဒိုင်း အော်မြည်
Lightning, Thunder တို့ရယ် ဒုန်းဆိုင်း အုန်းအိုင်း သံညီ
ဧရာမ “ရေ” Flood လာပေါ့ကွယ် လူတို့ Fear ကိုယ်စီ
ကယ်ယူမဲ့သူ No One ပေမဲ့၊ ယူပါ Help ပါ Cry သည်
Son, Daughter နဲ့ ဇနီး မယားရဲ့ ပွက်လောသံတို့ ညံပြီ
အိမ်ရှေ့ အိမ်နောက် မချန်ပါဘဲ Flood က Rush လို့လာသည်
မိဘတွေမှာ Son, Daughter ကို ခေါင်းပေါ်တင်လို့ ရေလွတ်ဖို့ရွယ်ရည်
သို့ပေမဲ့ကွယ် Wave လုံးကြီးသမို့ Composure ပြိုပျက်ကုန်ပြီ
သူတို့တွေပါ လှိုင်းလုံးအောက်မှာ Life မရှည်ကြာ Lost သည်
ထုပ်တန်း တခို ပြေးဝင် Hide တဲ့ Son, Daughter လည်း Sink ပြီ
မ Run မပုန်း နိုင်တဲ့ အဘိုး အဘွားလည်း Meditate ရင်း မြုပ်ပြီ
Duck, ငှက်၊ Chicken, ၀က်၊ Cow နဲ့ ကျွဲ လဲပဲ မြုပ်ပြီ
Trees ၊ အိမ်၊ စည်းစိမ်တို့ရယ် အရင်းကကျွတ်လို့ Destroyed ပြီ
Nothing ဗလာ မကျန်ပါတော့တယ် Everything တော့ ကုန်ပြီ။

Nargis အလွန် Aftermath
.......................................

ဝန်းကျင်အရပ် Everywhere မှာ Dead Bodies တွေ အတုံးအရုံး
Animals နဲ့ Livestocks တွေလဲ Countlessly ဆုံးရှုံး
မြစ်ဧရာထဲ မြုပ်တာတွေလည်း Still Bloat လို့နေတုန်း … ။

Food, Water နဲ့ Shelter မဲ့တာ အမြင်ရိုင်း
Government က Ignore လုပ်တာ အရင်အတိုင်း
လမ်းပေါ်တက်ကာ Beg for Food တာ အမြင်အတိုင်း
ဒို့လူမျိုးတွေ Starve to Death တာ History ရိုင်း … ။

အဘိုးနဲ့ အဘွားမှာ Dependantds မဲ့လို့ ငိုင်ပြီ
သားသားနဲ့ မီးမီးတို့ Breast Feed သူ မဲ့လို့ ငိုသည်
ရှင်သူတွေမှာ Relatives ပျောက်လို့ မှိုင်ပြီ
နေရာတကာမှာ Devestation ကြီးစိုးနေသည်
ပြည်သူတွေမှာ Tramautized ဖြစ်လို့နေပြီ
ဒါကို Government က Don’t Care ပါ အတည် …

Foreign နိုင်ငံတွေ Help မယ်ဆိုလည်း King တြားကြီးက ပေးမကူ
လာတဲ့ အကူတိုင်း Small တယ် Big တယ် Complain လုပ်က ဂျီးထူ
Army ကလူ သူ့ပြည်သူမို့ ဝေစားမျှစားခွဲယ
နို့မှုန့် Biscuits အကုန်ကစ်လို့ သူတို့ Like တာ ရွေးယူ
စေတနာတွေ Gigantic နဲ့ အပုတ်အသိုးတွေ ပေးလှူ
ဗမာပြည်သူ Donate တဲ့သူ Severely အရေးယူ … ။

Jail ထောင်ချလို့ လှူလို့မရတာ International သိပြီ
US, UN နဲ့ အခြားနိုင်ငံက Concerned ဖြစ်သည် စကားချီ
Force Drop လုပ်မည် ဘာမည် ညာမည် အစဦးကပြောသည်
ပြေသာပြောကာ သဘောမပါဘဲ ပြန်လည် Retract လုပ်သည်
သူတို့တွေရဲ့ လေလုံး Small လောက်တော့ King ကောင်ကြီးက ပျင်းသည်။

ယခုအခါဆို 3, 4 နဲ့ 5 လ ကျော်ကာ
In the End မှာ ဘာဆို ဘာမှ ဖြစ်မလာ
အပျင်းရယ်ဆန့်ကာ King တြားကြီးက Sleep မှာ
ရဲ၊ ဖွတ်၊ စွမ်းအားနဲ့ Soldiers တွေသာ Unite ကာ
King တြားကြီးကောင်းမှုနဲ့ ထောင်းထု Virtues ပြုမှာဒါကိုလဲပဲ You နဲ့ I တို့ အသိပါ။

Let Me Tell You သေချာ Listen လိုက်ပါ
ခံရတိုင်းမှာ Past Karma လို့ မှတ်ကာ
ကိုယ့်ကိုယ်ကိုပဲ Blame လုပ်မနေနဲ့ဗျာ
“Action ဆိုတာ ကိုယ့် Karma လို့မှတ်ပါ”…
ဒါကို ဗုဒ္ဓ Expound လို့မှာခဲ့တာ
သေချာတွေးလို့ Fear တွေ Erase ပစ်ပါ
အခုအချိန်မှာ Critical Moment သို့ရောက်လာ
လုံ့လ၊ ၀ိရိယ Little Bit တော့စိုက်ပါ
ကြောက်ချင်ရာကြောက် Run Away နေလို့မရပါ။

နောက်ဆုံးပြောမယ် ကိုယ့် Colleagues တွေမှတ်ပါ
Sit ရုံ Stand ရုံ နဲ့ Miracle ဆိုတာ ဖြစ်မလာ
ရုန်းမှ ကန်မှ စစ် Shoes အောက်က Escape မှာ
ခင်ဗျားတို့ဘာသာ သေချာ Think it Over ……

“ရရင်ရ မရရင် Fight ကွာ”
ဒါကို အမြဲ စိတ်မှာ Keep in Mind ပါ
ဘယ်လို Fight မလဲ ထပ်ပြီး Ask မနေနဲ့ဗျာ
ရရာကို သာ ကိုင်စွဲ Fight ပွဲဝင်ပါ
Freedom ဆိုတာ ဒီလိုလုပ်မှ သေချာ
Gain ပါလိမ့်မယ် မဝေးတော့တဲ့ Future မှာ။

ပြောင်ဂတုံး July 19th, 2008


ဗိုလ်မှုးဟောင်း အောင်လင်းထွဋ်နှင့် တွေ့ဆုံခြင်း (DVB)


ဂျပန်ရဲ့ ဒုက္ခသည်ဆိုင်ရာအစီအစဉ်

Saturday, July 26, 2008

ရွှေဝါရောင် လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာတော်တပါးကို အမေရိကန်သမတတွေ့ဆုံ

၂ဝဝ၇ခုနှစ် သံဃာတော်များ ဦးဆောင်ခဲ့သော ရွှေဝါရောင်တော်လှန်ရေးကို မြန်မာစစ်အစိုးရက အကြမ်းဖက် ဖြိုခွဲစဉ် စက်တင်ဘာ ၂၆ ရက်နေ့က သံဃာတော်တပါး၏ ဦးခေါင်းကို နံပတ်တုတ်ဖြင့် ရိုက်နှက်ခံရသည်ကို တွေ့မြင်ရပုံ (မှတ်တမ်း) ဖြစ်ပါသည်။

အမေရိကန်သမတ ဂျော့ဘုရှ်ဟာ မြန်မာနဲ့ ဆူဒန်နိုင်ငံအပါအဝင် ၈ နိုင်ငံက ဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဇူလိုင်က ၂၄ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ USAID ခေါ်အမေရိကန် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ခန်းမမှာ ကျင်းပတဲ့ အခမ်းအနားကို မြန်မာနိုင်ငံက ၂ဝဝ၇ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအတွင်း ဦးဆောင်ပါဝင်ခဲ့တဲ့ မဂ္ဂင်ကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်ခဲ့တဲ့ အရှင် ဃောသိတ ကိုလည်းဖိတ်ကြားခဲ့ပါတယ်။

အခမ်းအနားအပြီးမှာ အမေရိကန်သမတကြီး ဂျော့ရှ်ဘုဟာ နိုင်ငံပေါင်း ၈ နိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ တဦးခြင်းတွေ့ဆုံ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ ပါတယ်။

အဲဒီအကြောင်းကို အရှင်ဃောသိတ က အခုလိုမိန့်ကြားသွားပါတယ်။

အရှင်ဃောသိတ။ ။ "ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ပုဂ္ဂိုလ်တွေကို သမတဘုရှ်က အထူးလက်ခံတွေ့ဆုံပြီးတော့ စကားပြောတယ်နောက်မှာ မိန့်ခွန်းတွေပြောတယ်၊ သူ့ကိုလည်း ဦးဇင်းတို့တောင်းဆိုချင်တာတွေလည်း တောင်းဆိုလို့ရတယ်။ ဒါမျိုးတွေကို အခမ်းအနားထဲမှာ စီစဉ်ပေးပါတယ်။"

အရှင်ဃောသိတဟာ စက်တင်ဘာရွှေဝါရောင်ရောင် တော်လှန်ရေးအပြီး မြန်မာစစ်အစိုးရရဲ့ ဖမ်းဆီးခံရမှာကို စိုးရိမ်တဲ့အတွက် ထိုင်း-မြန်မာ နယ်စပ်ကို တိမ်းရှောင်ခဲ့ပြီး ၂ဝဝ၈ ခုနှစ် မတ်လအတွင်းမှာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

အရှင်ဃောသိတ နဲ့ အာအက်ဖ်အေ ဦးအောင်ဆန်းမြင့်က ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။


ဂျပန်နိုင်ငံမှ နာဂစ်အတွက် ရံပုံငွေဂီတပွဲ

Friday, July 25, 2008

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ကုလသမဂ္ဂသို့ အိတ်ဖွင့်ပေးစာ

Thursday, July 24, 2008

ရန်ကုန်-ဘန်ကောက်၊ ရန်ကုန်-မလေးရှား အမ်အေအိုင်လေကြောင်းလိုင်း အရေးပေါ် ရပ်ဆိုင်းပြီ


သတင်း-ခေတ်ပြိုင် ဂျာနယ်
ဓာတ်ပုံ-ms
ပီတာအောင်/ ၂၃ ဇူလိုင် ၂၀၀၈

လတ်တလော ယာယီအပိတ်ခံရသည့် ထိုင်းလေကြောင်းလိုင်းတခုမှ လေယာဉ်များငှားရမ်း အသုံး ပြုနေရသည့် မြန်မာနိုင်ငံတကာ လေကြောင်းလိုင်း (အမ်အေအိုင်) ပြေးဆွဲနေသော ရန်ကုန်-နိုင်ငံ တကာခရီးစဉ်အချို့ကို ယနေ့မှစ၍ အရေးပေါ် ရပ်ဆိုင်းလိုက်ရသည်။

ရန်ကုန် အမ်အေအိုင်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးမြသာက “၀မ်းတူးဂိုးကိစ္စကြောင့်ပါ။ သူတို့ ရပ်ဆိုင်းခံရတဲ့အခါကျတော့ ကျမတို့လည်း အဲဒီလေယာဉ်ပျံကို ငှားထားမိရက်သားဖြစ်သွားတော့ နောက်ပိုင်း ဘယ်လိုမှလဲ အဆင်မပြေနိုင်တော့ဘဲ ပြန်အပ်လိုက်တာပေါ့နော်။ အခု အဲယားဘတ်စ် လေယာဉ်တစီး အသစ်ရထားတော့ အဲဒါနဲ့ပြန်ပြီး (၂၅) ရက်နေ့ကျရင် ပြန်ဆွဲမှာပါ။ ၀မ်းတူးဂိုးက တစီးပဲ ယူထားတာပါ” ဟု ပြောသည်။

ရန်ကုန်-ဘန်ကောက်နှင့် ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ် (၂) ခုကို ယနေ့စ၍ ရပ်ဆိုင်းလိုက် ကြောင်း၊ လေယာဉ်လက်မှတ် ကြိုတင်ဝယ်ထားသူများကို ငွေပြန်လိုချင်ပါက ငွေပြန်အမ်းပေး ကြောင်းနှင့် ယခုရက်အတွင်း ခရီးသွားလိုသူများကို ဘန်ကောက်လေကြောင်းလိုင်း၊ ထိုင်းလေ ကြောင်း (တီဂျီ) တို့ဖြင့် ခရီးသွားနိုင်အောင် စီစဉ်ပေးနေကြောင်း ၎င်းက ပြောသည်။ ရန်ကုန်-စင်ကာပူ ခရီးစဉ်ကိုမူ ပုံမှန်အတိုင်း ပြေးဆွဲနေကြောင်း သိရသည်။

သတ်မှတ်သည့် လုပ်ငန်းစံချိန်စံညွှန်း မမီသည့်အတွက် ထိုင်းနိုင်ငံ ၀မ်းတူးဂိုးလေကြောင်းလိုင်း အား ရက်ပေါင်း (၃၀) ပျံသန်းခွင့် ပိတ်လိုက်ကြောင်း ထိုင်းအစိုးရ မြို့ပြလေကြောင်းဦးစီးဌာနက ကြေညာပြီး ရက်ပိုင်းအတွင်း ရန်ကုန်နှင့် ပြေးဆွဲနေသည့် နိုင်ငံတကာလေယာဉ် ခရီးစဉ်အချို့ကို ရပ်ဆိုင်းကြောင်း မြန်မာနိုင်ငံတကာလေကြောင်းလိုင်း (အမ်အေအိုင်) က ထုတ်ဖော်ပြောဆို ခြင်းဖြစ်သည်။

ဝမ်းတူးဂိုး လေကြောင်းလိုင်းသည် လေကြောင်းဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး စည်းမျဉ်း များကို ချိုးဖောက်ခဲ့သည့်ပြင် လေကြောင်းလိုင်းကိုလည်း မှန်ကန်စွာ စီမံအုပ်ချုပ်နိုင်ခြင်းမရှိဟု ထိုင်းအစိုးရ မြို့ပြလေကြောင်းဦးစီးဌာနက စစ်ဆေးတွေ့ရှိသည်။ နောက်ဆက်တွဲအဖြစ် ၀မ်းတူးဂိုး လေကြောင်းလိုင်းမှ လေယာဉ်မှူး (၉) ဦးကိုပါ လေယာဉ်မောင်းနှင်ခွင့်လိုင်စင် ပြန်ရုပ်သိမ်းခဲ့သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာတွင် ၀မ်းတူးဂိုး လေကြောင်းလိုင်းပိုင် လေယာဉ်တစီး ဖူးခက်တွင် ပျက်ကျ၍ လူ (၈၉) ဦးသေဆုံးသည့်ကိစ္စ စစ်ဆေးအပြီးတွင် ၀မ်းတူးဂိုးလေကြောင်းလိုင်းအား ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတကာလေကြောင်းလိုင်း (အမ်အေအိုင်) ကို ၁၉၉၃ ခုနှစ်တွင် စစ်အစိုးရပိုင် မြန်မာ့လေ ကြောင်းနှင့် ဘရူနိုင်းဘုရင့်လေကြောင်းလိုင်း အထောက်အပံ့ ယူထားသည့် စင်ကာပူ ကုမ္ပဏီတခု တို့ဖြင့် ဖက်စပ်တည်ထောင်ခဲ့သည်။ ယမန်နှစ်က မြန်မာ့လေကြောင်းက (၅၁) ရာခိုင်နှုန်း ရှယ်ယာထည့်ဝင်ပြီး စင်ကာပူပိုင် Region Air (HK) Ltd. က (၄၉) ရာခိုင်နှုန်း ရှယ်ရာထည့်ဝင်၍ လုပ်ကိုင်နေသည်။ ။

ကမ္ဘာမကြေဖူး။


ရေးသားသူ ။ ။မခင်မမမျိုး

Wednesday, July 23, 2008

ဘော်လကန် သားသတ်သမားတစ်ယောက်ရဲ့နိဂုံး

စာရေးဆရာဗိုလ်မှူး သော်က (တိုက်ရေယာဉ် ၁၀၃)ပြောသောပုံပြင်


ကျနော်တို့ငယ်ငယ်က ငယ်တာပေါ့ဗျာ ဟုတ်ဘူးလား ။
ငယ်တော့ ပေါက်တတ်ကရ လူပျိုသိုးပုံပြင်တွေ နားထောင်ရရင် ကြိတ်ရင်တွေခုန်ရတာ အမော။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကောင်းစဉ်ကပေါ့။ တိုက်ပုံ တကားကားနဲ့ လူကြီးတွေ များ မြို့တော်သိန်းအောင်ဇာတ်က လူရွှင်တော်ကြီး ဦးပေါစံနဲ့နင်လားငါလား။
အဲလိုနားထောင် နေရရင် ပျော်လို့ ရယ်လိုက်ရင်လဲ အူလှိုက်သည်းလှိုက် ပြောပြတဲ့ လူကြီးတွေကလဲ သွားတဖြီးဖြီးနဲ့။

နွေဆည်းဆာ အသက်ငင်ကာစပေါ့ ။ အဲဒီအချိန်ကြီးမှာ အဘိုးကလဲ ယပ်တောင်ကြီးတကားကားနဲ့
သူ့ ပက်လက်ကုလားထိုင်မှာထိုင်လို့ ဘီဘီစီဖွင့်လို့ပေါ့ ။
ရှေ့သို့ဂျာနယ်တွေ စစ်ပညာဂျာနယ်တွေ ကလဲ အိမ်မှာ တပုံကြီး ပေါ့။ အဘိုးက ရေဒီယိုကို နားထောင်လိုက် မြည်တွန်တောက်တီးလိုက် ကျနော်တို့ မသိတဲ့ကမ္ဘာ့အကြောင်းအရာတွေပေါ့။
အဲဒီနေ့ကအဘိုးက ဘာစိတ်ကူးပေါက်တယ်မသိပါဘူး ရေဒီယို အစီအစဉ်ဆုံးတော့
သူ့ ပက်လက်ကုလားထိုင်ကထ ခြေလက်တွေဆန့်ရင်း သူ့  ဖင်ကြားညပ်နေတဲ့
ပုဆိုးစကိုပါ ဆွဲဆန့် လိုက်တယ်။
ပြီးတော့ မမေးစဖူး မေးတယ် ငါ့မြေး ပုံပြင် တပုဒ်နားထောင်မလားကွတဲ့ ။ အော် ဘယ်ရမလဲလေ ဒါမျိုးဆိုသိပ်နားထောင်ချင်နေတာနဲ့ကအတော်ပေါ့။

“ဟုတ်ကဲ့ အဘိုး နားထောင်မှာပေါ့”
“ဟုတ်ပြီ ကဲ ကြောင်အိမ်ထဲက ဖန်ဘူးထဲမှာထန်းလျက် နှစ်ခဲ ယူ ၊ နှစ်ခဲနော် ငါ့မြေး”
“ဟုတ်ကဲ့အဘိုး” ဆိုပြီးသကာလ တက်တက်ကြွကြွ ထန်းလျက်ဖြူဖွေးဖွေးလေးနှစ်ခဲယူလိုက်ပြီးအဘိုးဆီပြန်လာတော့ ....။
“ အဘိုး ဇက်ကြောဆွဲပေးစမ်းကွာ”တဲ့။

“ဒီလိုကွ အဘိုး တို့ ကန်တော်ကြီးစောင်းက ဗိုလ်ချုပ် ကြေးရုပ်သိတယ်မဟုတ်လား ”
“ဟုတ်ကဲ့အဘိုး”
“အေး အဲဒီကြေးရုပ်က မြင်းမစီးဘူးကွ သတိထားမိလား”
“ဟုတ်ကဲ့ အဘိုး ၊ သား ကိုတောင် မှ အဲဒီရှေ့  မှာ လေးလေးကြီးဓါတ်ပုံရိုက်ပေးသေးတယ်လေ”
“အေးပေါ့ ကွာ ...အဲဒီ လို ဗိုလ်ချုပ် မတ်တပ်ကြီးဖြစ်နေတာရှေ့ မှာ မင်း ဓါတ်ပုံရိုက်ခွင့်ရခဲ့တာ ကံကောင်းတယ်မှတ် ပုံပြင်က အဲဒါနဲ့ဆက်စပ်နေတယ် ဒါပေမယ့် ဒီပုံပြင်ကအဘိုး လဲ သူများပြောပြခဲ့လို့ ကြားဖူးတာ
ပုံပြင်ရဲ့ မူလ ပိုင်ရှင်ကတော့ ဗိုလ်မှူးသော်က ပဲ ကွ တပ်မတော်(ရေ) က ”
အဘိုးက စကားအရှည်ကြီးပြောပြီး ကျနော့် ညာဘက်လက်ကိုလှမ်းကိုင်ကာ ပုခုံးသားကိုနှိပ်နေရာမှ သူ့ လည်ကုတ်ပေါ်သို့ တင်ပေးလိုက်၏၊ ယပ်တောင်ကိုခပ်ကာ ဖင်တချက်ကြွလျှက် “ဘူ..........” ကနဲနေအောင်သံရှည်ဆွဲကာ
လေလည်လိုက်သေး၏။


.................................................

နိုင်ငံတော်အကြီးအကဲတဦး ဖြစ်သော ဦးမောင်မောင်ခ သည် ဘောရစ်ဘက်ကာ လို တင်းနစ်သမားများဝတ်သော ဘောင်းဘီ အဖြူ အရောင်နုနုဖြင့် ရှူးဖိနပ် အိအိကိုစီးကာ စပို့ ရှပ် အကောင်းစား ကိုဝတ်လျှက်
သဘက်ကလေး ပုခုန်းပေါ်တင်၍ ဗိုလ်ချုပ်ကြေးရုပ် တ၀ိုက်မနက်တိုင်း ပတ်ပြေးနေကြဖြစ်၏။

ယနေ့ မနက်လည်း ထုံးစံအတိုင်း ကျန်းမာရေးအတွက် ရွရွလေးပြေးနေ၏။
“ဟေ့ကောင် မောင်မောင် ခ ”
ဦးမောင်မောင်ခ လန့် သွားသလိုဒေါသလဲထွက်သွား၏။
လူငယ်တယောက်၏ အသံဖြင့် သူကဲ့သို့ အကြီးအကဲကို မောင်မောင်ခဟု ဘယ်သကောင့်သားခေါ်သနည်း။
“ဘယ်သူလဲကွ ငါ့ကိုမောင်မောင်ခလို့ခေါ်တာ”
ဒေါနှင့်မောနှင့်ပြန်မေးလိုက်ကာ လိုက်ကြည့်တော့ဘယ်သူမှမရှိ...။

“ဟေ့ကောင် မောင်မောင်ခ မင်းကန်းနေသလား ငါခေါ်နေတာကွ”အသံက အထက်မှလာ၏။
ဦးမောင်မောင်ခ မော့ကြည့်လိုက်တော့ မျက်နှာထားတင်းတင်းဖြင့်ဗိုလ်ချုပ်က သူ့ ကိုငုံ့ကြည့်နေ၏။

“ဗိုလ်ချုပ် ...ဗိုလ်ချုပ်စကားပြောတာလား”
“ အေး ဟုတ်တယ် ၊ ငါညောင်းတယ်ကွ မောင်မောင်ခ ”
“နှိပ်ပေးရမလားဗိုလ်ချုပ်”
“ ဖားလိုက်တာလဲ ပြာနေတာပဲ နှိပ်ပေးခိုင်းနေတာမဟုတ်ဘူး ကွ ငါဘယ်တုန်းက ဇိမ်ခံဖူးလို့ လဲ”
“ဒါဆို ဘာလုပ်ပေးရမလဲဗိုလ်ချုပ်”
“ငါညောင်းတယ်ကွ ငါမြင်းစီးချင်တယ်”
“ကောင်းပါပြီ ဗိုလ်ချုပ် ဖြစ်စေရပါမယ်” ဦးမောင်မောင်ခ ကတိပေးပြီး အိမ်သို့ ကုတ်ချောင်းချောင်းဖြင့်ပြန်လာခဲ့၏။

လမ်းတွင် ကိုယ်ရံတော်များ သက်တော်စောင့်များအားတခွန်းမှ ကားထဲတွင်စကားမပြောတော့။
အိမ်သို့ရောက်သောအခါ ရေချမ်းချမ်းလေး တခွက်တောင် မသောက်နိုင်ပဲ ဦးစန်းယု ကို ဖုန်းဆက်ပါတော့၏။
“ဟယ်လို ..ဦးစန်းယုလား မောင်မောင်ခ ပါ ..ဟုတ်ကဲ့ အရေးကြီးလို့ ဗျာ ဦးစန်းယုကို ဖုန်းပေးလိုက်ပါ နှိုးပေးပါ ဟုတ်ကဲ့ ...အင်း...ဟုတ်ကဲ့...ဟုတ်ကဲ့... ”
“ဘယ်လိုဖြစ်တာလဲဗျာ စောစောစီးစီး ရေးကြီးသုတ်ပြာ ဗကပတွေ ရန်ကုန်ဝင်စီးလို့ လား ”
“မဟုတ်ဘူးဗျို့..ကျုပ် မနက်က ကန်တော်ကြီးပတ်ပြေးတာ ဗိုလ်ချုပ်ကြေးရုပ်ကစကားပြောတယ်ဗျ”
“ဘယ်လို ...ဘယ်လို ဗိုလ်ချုပ်ကစကားပြောတယ် ဟုတ်လား” ဦးစန်းယုစိတ်ထဲတွင် ပဲပြုတ်နှင့်နံပြား တော့ တောင်းပြီထင့် ဟု တွေးလိုက်မိ၏။
“ဟုတ်တယ်ဗျို..ဟုတ်တယ် မြင်းစီးချင်တယ်တဲ့ ဗျ”
“ဟေ့ မဟုတ်တာဗျာ ပေါက်တတ်ကရ” ဦးစန်းယု စိတ်မရှည်တော့ ဖုန်းချရန်ပြင်၏။
“ဦးစန်းယုရေ မယုံရင် ခင်ဗျားကိုယ်တိုင်မနက်ဖြန်မနက် လိုက်လာခဲ့ မပြောမရှိနဲ့”
“အေးဗျာ ကြားကြားဖူးပေါင် ခင်ဗျားပြောတာဆိုတော့လဲ မနက်လိုက်ရတော့မှာပေါ့”

.....................................................................................................

ဝေလီဝေလင်း မနက်စောစောတွင် ဦးမောင်မောင်ခနှင့် ဦးစန်းယုနှစ်ယောက်သား ဗိုလ်ချုပ်ကြေးရုပ်ကို ပတ်၍ ပြေးနေကြ၏
ဗိုလ်ချုပ် ထံမှ စကားသံထွက်မလာသေး။ ပဲပြုတ်သည် ပဲပြုတ် အစိတ်သားခန့်  စက္ကူကန်တော့ လေးထဲထည့်ပြီးချိန်လောက်အကြာတွင်တော့
“ဟေ့ကောင်တွေ ....ဒီနေ့ မင်းတို့ က နှစ်ယောက်ပါလားကွ”
ဦးစန်းယု မရှိမယ့်ရှိမယ့် ဆံပင်မွှေးများထောင်ကုန်၏ အီးပါချင်သလိုလို သေးပေါက်ချင်သလိုလိုဖြစ်လာ၏ ပြီးတော့တဆက်ထဲပင် သတိပါဖမ်းဆွဲမိသွားပြီး “ဟုတ်ကဲ့ပါဗိုလ်ချုပ်”
“အေး ..ငါညောင်းတယ်ကွ မြင်းစီးချင်တယ် ကြားလား”
“ဟုတ်ကဲ့ပါဗိုလ်ချုပ် ဖြစ်စေရပါ့မယ်” ဟု သံပြိုင်ဖြေလိုက်ကြကာ နှစ်ဦးသား ကုတ်ကုတ် ကုတ်ကုတ်ဖြင့် အိမ်အပြန်လမ်းတွင်တိုင်ပင်လာခဲ့၏ ။ “နံပါတ်ဝမ်းကြီးကိုတော့အသိပေးမှဖြစ်မယ် ”
ဟု ဦးစန်းယုကအဆိုတင်သွင်းသောအခါ...
ဦးမောင်မောင်ခက“ ဥက္ကဌကြီးသိမှဖြစ်မယ်ဗျ ဟုတ်တယ်” ဟု ထောက်ခံလိုက်၏ ။ သို့ ကလို ဆရာများက မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် အဆိုတင်သွင်းကာ ရှယ်ယာခွဲပြီး လစ်နေကြဆိုတော့ အလုပ်ကိုဖြစ်နေကြ၏။
သို့ဖြင့် ဦးမောင်မောင်ခနှင့်ဦးစန်းယုတို့  သည် ဗိုလ်ချုပ် ညောင်းတော်မူသည့်ကိစ္စကို မယားများကြားဗျာများနေသော ဥက္ကဌကြီး ဦးနေ၀င်းအားမည့်အချိန်ကို စနည်းနာကာ တင်ပြလိုက်ကြ၏။
ဦးနေ၀င်းက မယုံ သူပါလိုက်မည်ဆိုလာပြန်သဖြင့် နောက်နေ့ မနက်စောစော ဦးနေ၀င်း ပါ ပါလာမည့်အတွက် လုံခြုံရေး ထပ်မံချရန် ညွှန်ကြားကြရပြန်၏။
...................................................................................................................
မနက်စောစော သုံးယောက်သား ဘောင်းဘီတိုများ ဖြင့် ဗိုလ်ချုပ်ကို ပတ်ပြေးနေခဲ့ကြသည်မှာ တော်တော်ကြာခဲ့ပြီ ဦးနေ၀င်းဆာလှပြီ ဦးမောင်မောင်ခနှင့် ဦးစန်းယုလဲ ပြာလှပြီ ။
ဗိုလ်ချုပ်ကျောက်ရုပ်က စကားတခွန်းမှမထွက် ... နေလည်းအတော်မြင့် ပြီ ဦးနေ၀င်း ဒေါသူပုန်ထကာ ဦးစန်းယုနှင့် ဦး မောင်မောင်ခ အား ငါ ချင်းမအေချင်းမိုးမွှန်အောင်ဆဲဆိုပြီး
ပြန်သွားတော့၏။ ဦးမောင်မောင်ခနှင့် ဦးစန်းယုလဲမျက်နှာငယ်လေးများဖြင့် အိမ်သို့ ပြန်ကြတော့၏။
အိမ်အပြန်လမ်းတွင် ဦးမောင်မောင်ခနှင့်ဦးစန်းယုတို့ မကျေနပ်ကြ ဗိုလ်ချုပ် ကတော့ သူတို့ ကို ချောက်ချတာပဲဟု တွေးကာ ၀မ်းနည်းနေကြရင်း နောက်ထပ် တခေါက်နှစ်ယောက်ထဲ ထပ်သွားရန် ဦးမောင်မောင်ခ မှ အဆိုတင်သွင်းပြီး
ဦးစန်းယုကထောက်ခံကာ သဘောတူလိုက်ကြ၏ ။

...........................................................................................................................

မနက်စောစောတွင် ဦးမောင်မောင်ခ နှင့်ဦးစန်းယုနှစ်ယောက်သား ဗိုလ်ချုပ်ကြေးရုပ်ရှေ့ ကျောက်သမံသလင်း ကြမ်းပြင်ပေါ်သို့ ခြေမှမချခင် ဗိုလ်ချုပ် ၏ ကြိမ်းမောင်းသံကိုကြားလိုက်ရသဖြင့် လန့် သွားကြ၏။
“ဗိုလ်ချုပ်ရယ်မနေ့ က ကျနော်တို့ ကို တမင်သက်သက် အချွန်နဲ့မလိုက်သလိုပါပဲလား ဗျာ ” ဟု ဦးစန်းယုက မရဲတရဲ ငြီးပြောပြောလိုက်သောအခါ
ဗိုလ်ချုပ်က“ ဟေ့ကောင် စန်းယု နဲ့မောင်မောင်ခ ၊ ငါ မင်းတို့ ကိုပြောတာ က မြင်းစီးချင်တယ်ပြောတာ မင်းတို့ခေါ်လာတာက နွားကြီးကိုကွ ” ဟု ဒေါနှင့်မောနှင့်ပြောလိုက်ပါတော့သတည်း။

..............................................................................................................................................

ပုံပြင်ဆုံးသွားသောအခါ အဘိုးသည် “တဟားဟားရယ်ရင်း အဲသလို ငါ့မြေးရေ ငါတို့တိုင်းပြည် အုပ်ချုပ်နေတဲ့ ကောင်က နွားဆိုတာ လူမပြောနဲ့ အသက်မဲ့ တဲ့ကြေးရုပ်ကတောင်သိတယ်ကွ ”
ဟုပြောရင်း သူ၏ လေးလံ သော ခန္ဓာကိုယ်ကြီးဖြင့် ဖြေးဖြေးလေးလေးထကာ စစ်သဘက်လေးဖြင့် သူ့ လက်ဖျံသို့ပုတ်လိုက်ရင်း ခြံရှေ့ တံခါးပိတ်ရန်တရွေ့ရွေ့ဖြင့် ထွက်သွားပါတော့၏။

ငြိမ်းဇေဦး ဘလောက်မှကူးယူဖော်ပြပါသည်။

နာဂစ်စ်မုန်တိုင်းကြောင့် ၄ဘီလီယံဆုံးရှုံး

နာဂစ်စ်ဆိုက်ကလုံးမှ လွတ်မြောက်လာသူများအနေနဲ့ နောက် သုံးနှစ်အတွင်း အမေရိကန်
ဒေါ်လာ တဘီလီယံ လိုအပ်ကြောင်း တနင်္လာနေ့ (ဇူလိုင် ၂၁ ရက်နေ့) က ထုတ်ပြန်တဲ့
အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။


မြန်မာ စစ်အစိုးရ၊ အာစီယံနဲ့ ကုလသမဂ္ဂတို့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ သုံးပွင့်ဆိုင် အဖွဲ့က
ထုတ်ဝေတဲ့ အစီရင်ခံစာထဲမှာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်း နာဂစ်စ်ဆိုက်ကလုံး
ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဘိုး လေး ဘီလီယံ ရှိခဲ့ကြောင်း၊ အခြေခံ အဆောက်အဦ
အပါအ၀င် ဆုံးရှုံးမှု တစ်ဒဿမ ခုနှစ် ဘီလီယံ (၁.၇ ဘီလီယံ) ရှိပြီး ၀င်ငွေ ဆုံးရှုံးမှု နှစ်
ဒဿမ သုံး ဘီလီယံ (၂.၃ ဘီလီယံ) ရှိကြောင်း ဖော်ပြထားပါတယ်။ တရုပ် မြေငလျင်
ကြောင့် ဆုံးရှုံးမှုတန်ဘိုး ဆယ်ဘီလီယံ ရှိကြောင်း သတင်းများ ထွက်လာပြီးနောက်ပိုင်း
မြန်မာ စစ်အစိုးရက နာဂစ်စ်ဆိုက်ကလုံးကြောင့် ဆုံးရှုံးမှု ဆယ့်တစ် ဘီလီယံ (၁၁ ဘီလီယံ)
ရှိကြောင်း ကြေငြာခဲ့ပါတယ်။ အခု အစီရင်ခံစာအရ မြန်မာစစ်အစိုးရ ပြောဆိုချက်များဟာ
နိုင်ငံတကာ ခန့်မှန်းချက်နဲ့ ခုနှစ် ဘီလီယ ( ၇ ဘီလီယံ)ံ ကွာခြားနေတာ တွေ့ရပါတယ်။

နိုင်ငံတကာရဲ့ နာဂစ်စ်ဆိုက်ကလုံးဆိုင်ရာ အစီရင်ခံစာ ထွက်ပေါ်လာတဲ့နေ့မှာ စစ်အစိုးရက
သူတို့အာဘော်သတင်းစာထဲမှာ အစိုးရအနေနဲ့ ဂရုစိုက်မှုရှိကြောင်း၊ စစ်အစိုးရရဲ့ ကျေးဇူးကို
မြင်တတ်စေချင်ကြောင်း ရေးသားထားပါတယ်။ မေလ ၅ ၇က်နေ့မှာ ဧရာဝတီတိုင်းအတွင်း
လှည့်လည်ခဲ့တဲ့ မြန်မာစစ်အစိုးရ အရာရှိများက့ သူတို့မှာ အကူအညီပစ္စည်းများ မပါခဲ့ကြောင်း၊
မုန်တိုင်းကြောင့် အားလုံး ဒုက္ခရောက်ကြရကြောင်း၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို
ဒေသခံများအနေနဲ့ ကိုယ်ထူကိုယ်ထ လုပ်ကြရမှာ ဖြစ်ကြောင်း အမျှော်အမြင်ကြီးစွာ
ပြောကြားခဲ့ပါတယ်။


နာဂစ်စ်မုန်တိုင်းကြောင့် အနည်းဆုံး လူပေါင်း ၈၄,၅၃၇ ဦး
သေဆုံးခဲ့ပြီး အနည်းဆုံး ၅၃,၈၃၆ ဦး ပျောက်ဆုံးကာ သေဆုံးပြီ
လို့ ယူဆရပါတယ်။ ဒါ့ကြောင့် နာဂစ်စ်မုန်တိုင်းကြောင့် သေဆုံးသူ
အနည်းဆုံး တသိန်း လေးသောင်းခန့် ရှိကြောင်း ခန့်မှန်းနိုင်
ပါတယ်။ အိမ်ခြေ လေးသိန်းခွဲ ဆုံးရှုံးခဲ့ပြီး သုံးသိန်းခွဲခန့် ပျက်စီးခဲ့
ပါတယ်။ ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှု ၇၅ ရာခိုင်နှုန်းနဲ့
စာသင်ကျောင်း လေးထောင်ကျော် ပျက်စီးခဲ့ပါတယ်။
ဇွန်လလယ်အထိ မုန်တိုင်းမှ လွတ်မြောက်လာသူ ၅၅ ရာနှုန်းဟာ တနေ့စာ ဒါမှမဟုတ် တနေ့ထက် နည်းတဲ့ အစားအသောက်သာ
ရရှိကြပါတယ်လို့ အခု ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်အစိုးရကတော့ မေလ ၃ - ၄ ရက်များ က စပြီး
ကယ်ဆယ်ရေးစခန်းတွေမှာ အိုးကြီး အိုးငယ်တွေနဲ့ ချက်ပြုတ် ကျွေးမွေးခဲ့တယ်လို့ သူတို့ရဲ့ သတင်းစာမှာ ရေးထားထားပါတယ်။
ဘားမားတူဒေး ဆက်သွယ် မေးမြန်းချက်များအရ မုန်တိုင်းဘေးမှ လွတ်မြောက် လာသူများဟာ သူတို့ကိုယ်တိုင် ဒါမှမဟုတ် ဒေသဆိုင်ရာ
အကူအညီ ပေးသူတွေရဲ့ ချက်ပြုတ် ကျွေးမွေးတာကို စားသောက်ခဲ့ရပါတယ်။ အချို့ဒေသတွေမှာတော့ ဒေသအာဏာပိုင်တွေ ပေးတဲ့ ဆန်
အနည်းငယ် ရခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်အစိုးရဟာ နာဂစ်စ်မုန်တိုင်းကြောင့် ပျက်စီးမှုအတွက် နိုင်ငံတကာ အကူအညီ မလိုအပ်ကြောင်း မေလအစောပိုင်းမှာ ထုတ်ဖော်
ပြောကြားခဲ့သလို ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးစီးကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်ဖို့အချိန်ရောက်ပြီဖြစ်ကြောင်း မေ ၂၅
ရက်နေ့က ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂကတော့ သြဂုတ် ၁၀ ရက်နေ့မှာ သူတို့ရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လျှော့ချတော့မှာ
ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

နာဂစ်စ်မုန်တိုင်းနဲ့ ပတ်သက်လေ့လာနေသူတဦးကတော့ “မြန်မာစစ်အစိုးရဟာ လိမ်တတ်တယ်။ အဲဒါ သိတ်ဆိုးတယ်။ လိမ်ပြောတယ်ဆိုတာ
သိတ် လွယ်တယ်။ ဒါပေမယ့် လူတွေရဲ့ ယုံကြည်ချက်ရဖို့က သိတ် ခတ်တယ်။ လိမ်တတ်တဲ့သူကို ဘယ်သူမှ မယုံဘူး။
နာဂစ်စ်မုန်တိုင်းနဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရဟာ အမျိုးမျိုး လိမ်ပြောခဲ့တယ်။ နိုင်ငံတကာက အကူအညီတွေ ဘီလီယံနဲ့ ချီပြီး ပေးဖို့
စိတ်ဝင်စားနေချိန်မှာ အကူအညီမလိုဘူး၊ ကိုယ့်ဖာသာ လုပ်နိုင်တယ်လို့ ပြောခဲ့တာ စစ်အစိုးရရဲ့ အဆိုးဆုံး အမှားပဲ။ သူတို့ အဲဒီလို လုပ်ခဲ့တဲ့
အတွက် နိုင်ငံတကာက စေတနာ တော်တော် ပျက်သွားတယ်။ မြန်မာစစ်အစိုးရဟာ ပွင့်လင်းမှု မရှိဘူး။ အားလုံးကို လက်ဝါးကြီးအုပ်ချင်
တယ်။ ဒ့ါကြောင့် ကုလကို အကူအညီပေးမယ့်နိုင်ငံ အတော်များများဟာ နောက်ဆုတ်သွားတယ်။ အကျိုးဆက်ကတော့ ပြည်သူတွေ ရနိုင်တဲ့
အခွင့်အရေးတွေ အများကြီး လက်လွှတ်လိုက်ရတယ်။“ ဆိုပြီး မြန်မာစစ်အစိုးရကို ဝေဖန်လိုက်ပါတယ်။

(ဘားမားတူဒေး)

ချင်းပြည်နယ် အငတ်ဘေးနှင့် ကြုံနေရ

အေးလဲ့ ဇူလိုင် ၂၂၊ ၂၀၀၈

ချင်းပြည်နယ်ရှိ ၁ သိန်းနီးပါးသော ချင်းတိုင်းရင်းသားများသည် အစားအစာ ရှားပါးမှုပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့နေရ ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ ကထုတ်ပြန် ကြေညာသည်။

ချင်းပြည်နယ်တွင် ရွာပေါင်း ၂၀ ကျော်မှ ချင်းတိုင်းရင်းသား ၁သိန်း နီးပါးက အစားအစာ ငတ်ပြတ်မှုနှင့် ရင်ဆိုင်ကြုံတွေ့ နေရပြီး၊ ချင်းပြည်သူလူထု၏ ၂၀ ရာခိုင်နှုန်းသည်လည်း အန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ဘက်သို့ ရွှေ့ပြောင်းနေထိုင်လာကြ ကြောင်းကို ချင်းလူ့အခွင့်အရေးအဖွဲ့က ယခုလ ၉ရက်နေ့တွင် ထုတ်ပြန်ထား သည်။

“ချင်းတိုင်းရင်းသား ၉ သောင်းကနေ တသိန်းကြား အထိ အစားအသောက် ငတ်ပြတ်မှုကိုရင်ဆိုင်နေရတယ်၊ အဓိက ပလက်ဝမြို့နယ်၊ မတူပီ မြို့နယ်၊ ထန်တလိုင်၊ ဖလန်း၊ တွန်းဇောင် စတဲ့ ဒေသခံများက ဒီ ဒုက္ခတွေ ကို အရင်နှစ်အစောပိုင်း ကတည်းက စပါးရိတ်သိမ်းချိန် အတွင်း ကြွက်တွေ စိုက်ခင်းထဲဝင်ဖျက်တာနဲ့ ရင်ဆိုင် ရ တယ်” ဟု ချင်းအမျိုးသားတပ်ဦး (CNF) မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဆူးခါးကပြော သည်။

ယင်းပြဿနာဖြစ်ရခြင်းးမှာ ဝါးပင်မှပွင့်သော ဝါးပွင့်များကို စားသုံးရန် ရောက်ရှိလာသည့် ထောင်ပေါင်းများစွာသော ကြွက် များက လယ်ယာစိုက်ခင်းများထဲသို့ပါ ဝင်ရောက်ဖျက်ဆီးခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် ရှိမြို့နယ်အနှံ့မှဒေသခံ ချင်းတိုင်းရင်းသားများသည် စားဝတ်နေရေးပိုမိုကြပ်တည်းခြင်းကြောင့် အန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲသို့ ထောင်နှင့်ချီ ရွှေ့ပြောင်းနေထိုင်သူများကို မီဇိုရမ်ရှိ ဒေသဆိုင်ရာ အစိုးရမှ အကူအညီပေးသည်ဟု ဒေါက်တာဆူးခါးက ပြောသည်။

“ထောင်နဲ့ ချီပြီးတော့ အန္ဒိယနိုင်ငံ မီဇိုရမ်ဘက်ကို ရွှေ့ပြောင်းလာကြတယ်၊ အခုလိုအခြေအနေမှာဆိုရင် ရွေ့ပြောင်းနေ ထိုင်တဲ့ သူတွေ ပိုမိုများပြားလာဖို့ရှိတယ် အန္ဒိယနိုင်ငံ ဒီမီဇိုရမ်မှာရှိတဲ့ ဒေသဆိုင်ရာ အစိုးရ တွေနဲ့ ပြည်သူတွေက ဒီလို အစာရေစာရှားပါးလာတော့ ကိုယ်ချင်းစာပြီး ကူညီပါတယ် ” ဟု ဒေါက်တာဆူးခါး ကပြောသည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇီုရမ်ပြည်နယ်တွင်လည်း ကြွက်များ ထောင်နှင့်ချီ၍ ရောက်ရှိလာပြီး ဖျက်ဆီး သဖြင့် ပုံမှန် စားသုံး နိုင်သည့် ဆန်စပါး ၅ ပုံ တပုံ ခန့်ပျက်စီးခဲ့ပြီး လူပေါင်း ၁ သန်းခန့် အစားအစာ ရှားပါးမှု ပြဿနာနှင့်ရင်ဆိုင် ကြုံတွေ့ခဲ့ရဖူးသည်။

ယခုကဲ့သို့ ချင်းပြည်နယ်တွင် ကြွက်ထောင်ပေါင်းများစွာက ၀ါးပွင့်များကို လာရောက်စားသုံးရာမှ ဖြစ်ပွား သည့် အစားအစာ ပြဿနာသည် နှစ် ၅၀ တွင် တကြိမ်သာဖြစ်လေ့ရှိသော်လည်း ပျက်စီးသွားသည့် စိုက်ခင်း များ ပြန်လည်ထူထောင်ရန်မှာ ၄-၅ နှစ် ခန့် အချိန်ယူရမည်ဖြစ်သည်ဟုလည်း ဒေါက်တာဆူးခါး က ဆိုသည်။

အဆိုပါ ချင်းပြည်သူများကြုံတွေ့နေရသည့် အစားအစာရှားပါးငတ်မွတ်မှုအခက်အခဲ နှင့်ပတ်သက်ပြီး ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်(UNDP)နှင့် ကမ္ဘာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)တို့က အကန့် အသတ်ဖြင့် ထောက်ပံ့ကူညီပေးသွား မည်ဟု ကတိပေးပြောကြားကြောင်း ချင်းတိုင်းရင်းသားများ ကူညီ ကယ်ဆယ် ရေး အဖွဲ့ ၏ ပြောဆိုချက်အရ သိရသည်။

ယခုနှစ် အစောပိုင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်လည်း ယင်းကြွက်များ ပေါက်ပွား ဖျက်ဆီးမှုကြောင့် အစားအစာ ရှားပါးမှု ပြဿနာ ကျယ်ကျယ်ပြန့်ပြန့် ကြုံတွေ့ခဲ့ရကြောင်း နိုင်ငံတကာ ဆန်စပါး သုတေသန အဖွဲ့(IRRI) က ပြောသည်။

Monday, July 21, 2008


အာဇာနည်ဗိမာန်တွင် သတင်းဓာတ်ပုံရိုက်ယူခွင့် တားမြစ်ခံရ

ကြည်ဝေ/ ရန်ကုန် ဇူလိုင် ၂၁၊ ၂၀၀၈

၆၁ နှစ်ပြည့် အာဇာနည်နေ့က အာဇာနည် ဗိမာန်အနီး သတင်းယူရန် သွားရောက်ခဲ့ကြသော ပြည်တွင်းဂျာနယ် သတင်း ထောက်များကို စစ်အစိုးရ၏ လုံခြုံရေးများက သတင်းဓာတ်ပုံရိုက်ယူခွင့် တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ရွှေတိဂုံစေတီ အနီးနှင့် အာဇာနည်ဗိမာန်အနီးတွင် စစ်အစိုးရချထားသော လုံထိန်းများ၊ ရဲများနှင့် အရပ်ဝတ်လုံခြုံရေးများက ပြည်တွင်းဂျာနယ်တိုက် အသီးသီးမှ သတင်းထောက်များ သတင်းဓာတ်ပုံရိုက်ယူစဉ် ဓာတ်ပုံမရိုက်ရန်ပြောဆိုခြင်း၊ ကင်မရာ ထဲမှ ရိုက်ပြီးသား ဓာတ်ပုံများကို ဖျက်ခိုင်းခြင်း၊ ကင်မရာများ သိမ်းယူခြင်း၊ သတင်း ထောက်ကတ်များ သိမ်းယူခြင်း ပြုလုပ် ခဲ့သည့်အပြင် သတင်းထောက်တဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ကြောင်း သတင်းထောက်များက ပြောပြသည်။


“ကျနော်တို့နဲ့ လုံထိန်းတွေ ပြဿနာတက်ကြတယ်။ သူတို့က ကျနော်တို့ကို မိုက်မိုက်ရိုင်းရိုင်း ပြောတယ်။ ပြီးတော့ ကျနော့် မျက်နှာကို ရိုက်လိုက်တာ ကျနော်က လက်နဲ့ ကာလိုက်လို့ လက်ကိုပဲ ရိုက်မိသွားတယ်” ဟု ဓာတ်ပုံသတင်းထောက်တဦးက သတင်းဓာတ်ပုံရိုက်ယူရန် ကြိုးပမ်းစဉ် ကိုယ်ထိလက်ရောက် ရိုက်နှက်ခံခဲ့ရပုံကို ပြောပြသည်။

တခြားသော ဂျာနယ်သတင်းထောက်တဦး ဓာတ်ပုံရိုက်ယူရာတွင်လည်း ကင်မရာနှင့် သတင်းထောက်ကတ် သိမ်းဆည်းခံ ခဲ့ရပြီး ထိုသတင်းထောက်၏ ဂျာနယ်တိုက်သို့ ဖုန်းနှင့် ဆက်သွယ်မေးမြန်းကာ သက်ဆိုင်ရာဂျာနယ်တိုက်မှ အာမခံပေးမှ ထိုသတင်းထောက်ကို ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

“ဓာတ်ပုံရိုက်တဲ့ သူတိုင်းကို လုံခြုံရေးတွေက ပြဿနာရှာတာပဲ။ ရိုက်ပြီးသား ပုံတွေကိုလည်း ဖျက်ခိုင်းတယ်။ ပြီးတော့ ကျနော်တို့ကိုလည်း နာမည်မေးပြီး ဓာတ်ပုံပြန်ရိုက်ထားတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးကလည်း ပြောသည်။

ရွှေတိဂုံစေတီ အရှေ့ဘက်မုခ်၊ ဓာတ်လှေကား အဆောက်အအုံ အနီးတွင်လည်း သတင်းထောက် အမျိုးသမီးတဦးနှင့် လုံထိန်းများ ပြဿနာဖြစ်ပွားခဲ့သေးသည်ဟု သတင်းထောက်များက ပြောသည်။

အဆိုပါ အမျိုးသမီး သတင်းထောက် သတင်းဓာတ်ပုံ ရိုက်ယူနေစဉ် လုံထိန်းများရောက်လာပြီး ဓာတ်ပုံများကို ဖျက်ခိုင်းရာ သတင်းထောက်က ဖျက်မပေးသည့်အတွက် ရဲမေတဦးကိုခေါ်ကာ ကင်မရာဆွဲလုသိမ်းခိုင်းရင်း ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ် အရပ်ဝတ်ရဲတဦး ရောက်လာပြီး သတင်းထောက် အမျိုးသမီးကို ပြန်ရန်ပြောဆိုကာ နောက်ယောင်ခံလိုက်ရန် လူ ၂ ယောက် ထည့်ပေးလိုက်ကြောင်း သိရသည်။

ထို့အပြင် ရွှေတိဂုံစေတီမြောက်ဘက် ဘုရားစောင်းတန်းပေါ်မှနေ၍ အာဇာနည်ကုန်းသို့ ဓာတ်ပုံရိုက်ယူရန် ကြိုးပမ်းသော သတင်းထောက် တဦးကိုလည်း လုံခြုံရေးများက ကင်မရာသိမ်းကာ အမည်မေးခြင်း၊ မှတ်ပုံတင် ယူထားခြင်း၊ ဂျာနယ်တိုက် နှင့်ပတ်သက်၍ မေးမြန်းစစ်ဆေးခြင်းများကို မိနစ် ၃၀ ခန့်ကြာအောင် ပြုလုပ်ကြောင်း အဆိုပါသတင်းထောက်နှင့် နီးစပ်သူ တဦးက ပြောပြသည်။

လုံထိန်းများ၊ ရဲများ၊ အရပ်ဝတ်ရဲများနှင့် စွမ်းအားရှင်များမှာ ရွှေတိဂုံစေတီ၏ လေးဘက် လေးတန် စောင်းတန်းများတွင် လည်းကောင်း၊ အာဇာနည်ကုန်း အနီးပတ်ဝန်းကျင်တွင် လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့နှင့် ရုံးအနီး ပတ်ပတ်လည်တွင် လည်းကောင်း စောင့်ကြည့်လျက်ရှိပြီး ဓာတ်ပုံရိုက်သူ မှန်သမျှကို ၎င်းတို့က ပြန်လည် ဓာတ်ပုံရိုက် မှတ်တမ်းယူထားခြင်းများ၊ နောက်ယောင်ခံလိုက်ခြင်းများ ပြုလုပ်ကြောင်း သိရှိရသည်။

၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သော ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲနှင့် စက်တင်ဘာ ရွှေဝါရောင် တော်လှန် ရေးတို့တွင် သတင်းဓာတ်ပုံ ရိုက်ယူခဲ့ကြသော ပြည်တွင်း သတင်းထောက်များကို စစ်အာဏာပိုင်တို့က ဖမ်းဆီးစစ်ဆေးခဲ့ပြီး နာဂစ် မုန်တိုင်းအပြီး ဧရာဝတီတိုင်းသို့ သွားရောက် သတင်းယူသည့် ပြည်တွင်း သတင်းထောက်များကိုလည်း ဖမ်းဆီး စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

(ဧရာဝတီ ၀က်ဆိုဒ်မှ)



မူးယစ်မှုခင်းများဖော်ထုတ်ရခက်ခဲ၊ ထောက်လှမ်းရေးကနိုင်ငံရေးသမားကို ဖမ်းဆီးပြီး အကူအညီတောင်း


ဘီဘီစီ (မြန်မာပိုင်း) - ဇူလိုင် ၂၀၊ ၂၀၀၈
ဇူလိုင်လ ၁၇ ရက်နေ့က အာဇာနည်နေ့ ကျင်းပရေး ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး အဖမ်းအဆီး ခံထားရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ၇ ဦးထဲက ၅ ဦးကို ဒီကနေ့ နေ့ခင်းပိုင်းမှာ အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်ကြောင်းနဲ့ သူတို့ကို အိမ်တိုင်ရာရောက် ကားနဲ့ ပြန်ပို့ပေးခဲ့တယ်လို့ လွတ်မြောက်လာသူ တစ်ဦးဖြစ်တဲ့ ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြို့နယ် အင်န်အယ်လ်ဒီအဖွဲ့ဝင် လူငယ် ကိုသီဟန်က ပြောပြပါတယ်။

"သူတို့ ပြောတယ်၊ နေ့ခင်းပိုင်း ၁ နာရီ ၂ နာရီ ၀န်းကျင်လောက်မှာ၊ ၅ ဦးလုံး လွတ်ပြီတဲ့။ ပြန်လွှတ်ပေးတဲ့ အခါမှာလည်း လက်မှတ်ထိုးခြင်း ဘာခြင်းတော့ မရှိဘူး။ ဒီတိုင်းပဲ အိမ်တိုင်ရာရောက် လိုက်ပို့ပေးလိုက်တာပဲ။"

ကိုသီဟန်နဲ့အတူ လွတ်ပေးလိုက်သူ နောက် ၄ ဦးကတော့ တာမွေမြို့နယ်က ကိုမြင့်ဌေး၊ ခရမ်းမြို့နယ်က ကိုဝင်းမြင့်မောင်၊ တောင်ဒဂုံ(မြို့နယ်)က ကိုသိန်းမြင့်ထွန်းနဲ့ ရွှေပြည်သာ(မြို့နယ်)က မထက်ထက်ဦးဝေ တို့ ဖြစ်ပါတယ်။


နောက်ထပ် အဖမ်းခံရသူ ၂ ဦးဖြစ်တဲ့ ကျူရှင်ဆရာ ကိုအောင်ဖေနဲ့ မြောက်ဥက္ကလာပ(မြို့နယ်)က ကိုကျော်ဇေယျ တို့ကိုလည်း ပြန်လွှတ်ပေးလိုက်တယ်လို့ အာဏာပိုင်တွေက ပြောကြောင်းကို ကိုသီဟန်က ပြောပြပါတယ်။ သူတို့ကို ဖမ်းဆီးထားတဲ့ အချိန်မှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ စစ်မေးတာမရှိဘဲ မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါး သုံးစွဲမှုရှိမရှိ မေးမြန်းခဲ့တာသာ ဖြစ်တယ်လို့ ကိုသီဟန်က ဆက်ပြောပြပါတယ်။

“ကြားတာ ပြုတာရှိရင် သူတို့ကို အကူအညီပေးပါတဲ့။ သတင်းတွေ အရမ်းပြတ်နေလို့ပေါ့နော်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ သတင်းတွေ သူတို့က သိပ်မရဘူးပေါ့။ နောက်ပြီးတော့ အခုအချိန်မှာ ဖမ်းဆီးရတာ အရမ်းကျပ်နေတယ်တဲ့၊ အဲဒါကြောင့် သူတို့ အကူအညီ တောင်းရခြင်း ဖြစ်ပါတယ်တဲ့။ အဲသလိုမျိုး ပြောတယ်၊ ကျနော်တို့ကို။ ကျနော်တို့တောင် ကြောင်သွားတယ်။ ကျနော်တို့က နိုင်ငံရေးပဲ၊ ဒီအရေးနဲ့ ဘာဆိုင်လို့လဲပေါ့။ ကျနော်တို့ကို အက်စ်ဘီဌာနမှာ မထားဘဲ ပြည်ထဲရေး(၀န်းကြီးဋ္ဌာနရုံး)ရဲ့ ဒုတိယထပ်လောက်မှာရှိတဲ့ မူးယစ်ဌာနမှာ ကျနော်တို့ကို ထားတယ်။ ကျနော်တို့ ၅ ယောက်ကို"

ပြန်လွတ်လာတဲ့ ကိုသီဟန် ရှင်းပြသွားတာ ဖြစ်ပါတယ်။ အာဇာနည်နေ့ မတိုင်ခင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ ဖမ်းဆီးခံထားရသူ အင်န်အယ်လ်ဒီအဖွဲ့ဝင် ၁၄ ဦးတို့ကိုတော့ ရုံးတင်တရားစွဲဆိုထားပါတယ်ခင်ဗျာ။

ASEAN demands Myanmar to free Aung San Suu Kyi

ASEAN, the Association of Southeast Asian Nations, has urged Myanmar to release detained opposition leader Aung San Suu Kyi.

Foreign ministers of 10 ASEAN member countries held an unofficial meeting on Sunday night over dinner.After the meeting, Singapore Foreign Minister George Yeo said in a statement that the participants conveyed their disappointment to Myanmar over the decision in May to extend the house arrest of Aung San Suu Kyi.
Yeo also said Myanmar's government should hold talks with all political groups and move forward on democratization.Yeo quoted Myanmar's Foreign Minister Nyan Win as saying that a six-year limit on the opposition leader's detention will come up in about six months.
On Monday, the foreign ministers will hold talks aiming at putting into effect the ASEAN charter within 2008. The charter upholds the principles and rules to realize regional integration.Our correspondent says the strong stance on Myanmar appears to reflect the concerns of the Philippines and other members which have yet to ratify the charter due to their dissatisfaction with delay of democratization in the country.

နောက်ထပ် ၆ လလောက်ကြာရင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်နိုင်ကြောင်း စင်ကာပူကပြော

နောက်ထပ် ၆ လလောက်ကြာလို့ရှိရင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်နိုင်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ မြန်မာ စစ်အစိုးရရဲ့ ဥပဒေတွေအရ ဒေါ်အောင်ဆန်းစုကြည်ကို အများဆုံး ချုပ်နှောင်ထားနိုင်ချိန်ဟာ ၆ နှစ် ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက တနှစ်၊ ၀န်ကြီးချုပ်ရဲ့ အတည်ပြုချက်နဲ့ အစိုးရအဖွဲ့က ချုပ်နှောင်ထားနိုင်ချိန်ဟာ ၅ နှစ်၊ စုစုပေါင်း ၆ နှစ် ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ရှိုက မြန်မာ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဆိုသူ ဦးဉာဏ်ဝင်းကို ကိုးကား ပြောဆိုခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများရဲ့ ညစာစားပွဲအပြီး ပြောကြားရာမှာ “သူ (ဦးဉာဏ်ဝင်း) က ခြောက်နှစ်သက်တမ်းဟာ နှစ်ဝက် လောက်ဆို ရောက်လာမှာဖြစ်ကြောင်း ကျွန်တော်တို့ကို ပြောကြားခဲ့ပါတယ်။“ လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆက်လက် ပြောကြားလိုက်ပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောကြားချက်ဟာအခုတပတ်အတွင်းကျင်းပဖို့ရှိတဲ့အာစီယံအစည်းအဝေးများ မတိုင်ခင်မှာ ထွက်ပေါ်လာ ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ညစာစားပွဲမှာ အဓိကထား ဆွေးနွေးကြတာကတော့ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ နယ်စပ် အငြင်းပွားမှုနဲ့ မြန်မာနိုင်ငံ အရေးတို့ပဲ ဖြစ်ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးတွေက ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်မယ့်နည်းလမ်းရှာကြမယ်လို့ပြောခဲ့ကြပြီးမြန်မာနိုင်ငံခြားရေးဝန်ကြီးဆိုသူကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အများဆုံး ချုပ်နှောင်နိုင်တာဟာ ၆ နှစ် ဖြစ်ကြောင်း စင်ကာပူနိုင်ငံ ရုက္ခဗေဒဥယျာဉ်က စားသောက်ဆိုင်တခုမှာ ပြုလုပ်ခဲ့တဲ့ ညစာစားပွဲအတွင်း ပြောကြားခဲ့ပါတယ်။

စင်ကာပူဘက်က အခုလို ပြောခဲ့ပေမယ့် မြန်မာစစ်အစိုးရဟာ ၂၀၀၈ ခုနှစ် မေလ ၂၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် အကျယ်ချုပ် သက်တမ်းကို တနှစ် တိုးခဲ့ပါတယ်။ အဆိုပါ အကျယ်ချုပ်သက်တမ်း တနှစ်ပြည့်ဖို့ ဆယ်လ လိုနေသေးတဲ့အတွက် စင်ကာပူ နိုင်ငံခြားရေး ၀န်ကြီး ပြောခဲ့တာဟာ ဖြစ်နိုင်ခြေ ရှိ မရှိ စဉ်းစားစရာ ဖြစ်နေပါတယ်။ စည်းရုံးရေးခရီးထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီးရှိ ကျည်ရွာအနီးမှာ စစ်အစိုးရ ကျောထောက်နောက်ခံ ကြံ့ဖွတ်အဖွဲ့တွေက ၀ိုင်းဝန်း ရိုက်နှက်အပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ သူရဦးတင်ဦးကို စစ်အစိုးရက ဖမ်းထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက်ထိမ်းသိမ်းထားတာဖြစ်ကြောင်းစစ်အစိုးရဘက်ကပြောဆိုခဲ့ပေမယ့်အစောပိုင်းကာလများမှာအင်းစိန်ထောင်အတွင်းဒေါ်အောင်ဆန်းစုကြည်အတွက် ဆောက်လုပ်ထားတဲ့ အဆောက်အဦမှာ ချုပ်ထားကြောင်း သတင်းထွက်ခဲ့ပါတယ်။

နောက်တခါ ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြကြောင်း သတင်းများ ထွက်ခဲ့ပြီး သူ့ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲ ချုပ်နှောင်ခဲ့ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည် ခွဲစိတ်ကုသခဲ့ရပါတယ်။ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဆိုသူကို ကိုးကားပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တဲ့အပေါ် အမျိုးသား ညွန့်ပေါင်းအစိုးရ ၀န်ကြီးချုပ် ဦးစိန်ဝင်းက “ဒါက စင်ကာပူက မှတ်ချက်ချလိုက်တာာပေါ့ နော်။ စစ်အစိုးရက တိုက်ရိုက် ကျူပ်တို့ လွှတ်မယ် ဗျာလို့ ပြောတာ မဟုတ်ဘူး။ ဒီတော့ စောင့်ကြည့်ရမှာ ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည် လွတ်ရုံတင် မကဘူး။ ကျွန်တော်တို့ လိုချင်တာက တိုင်းပြည် ကောင်းရာကောင်းကျိုး လုပ်နိုင်ဖို့ မြင်ချင်တာကိုး။“ လို့ ပြောကြားလိုက်ပါတယ်။

(burma today)

ရန်ကုန် NLD ရုံးချုပ်မှာပြူလုပ်တဲ့ အာဇာနည်နေ့အခမ်းအနားး



ဓာတ်ပုံ ။ ။ ap ၊ afp ၊ဒေါက်တာလွမ်းဆွေ ၊

Sunday, July 20, 2008

Two very ancient statues of Buddha found in Mandalay city , Burma

The very ancient statue of Buddha, found in Mandalay
Two statue of Buddhas can be seen, one is huge and the other is small

Ashin Mettacara
In Mandalay, the second city of Burma ( also known as Myanmar) three very ancient Buddha statues have been found . According to a local resident source, the Buddha statues appeared in the Irrawaddy river two days ago.

Unfortunately, one disappeared and only two of them have been saved. Their size and age are not mentioned yet, but one is said to be huge. At the moment the two statues of Buddha are being honored by the people at the Yan Myo Lone Temple, 41 street in Mandalay city.

မန္တလေးအကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသားတဦး ထပ်မံသေဆုံး

G-Talk ကနေဖုန်းအလကားခေါ်နည်း


ရုရှားက အကူအညီပေးနေတဲ့ မြန်မာ အနုမြူစီမံကိန်း ထောက်လှမ်းတွေ့ရှိချက်များ












Download (original article): russia1.doc
Download (translation) : translation-russia-burma-nuclear-intelligencec2a0report