Sunday, June 29, 2008

စစ်အစိုးရရဲ့ ကန့်သတ်ချက်တွေကြောင့် အလှူရှင်နည်းပါးသွား

RFA မှကောက်နုတ်တင်ပြပါသည်။
နာဂစ်ဆိုက်ကလုံးမုန်တိုင်း တိုက်ခဲ့အပြီး ၂ လနီးပါးကြာတဲ့ အချိန်အထိ ဒုက္ခသည်အများစုဟာ ပြန်လည်ထူထောင်ရေးအဆင့်ထက် ကယ်ဆယ်ရေးအဆင့်မှာပဲ ရှိနေပါတယ်။
ဒါတွေဟာ အလှူရှင်တွေက နဂိုက စီးပွားရေး အဆင်မပြေကြတဲ့အချက်နဲ့ ပုဂ္ဂလိက ကယ်ဆယ်ရေး လုပ်သူတွေ ကယ်ဆယ်ရေး မြန်မာစစ်အစိုးရက ကန့်သတ်ချက်တွေကြောင့် ဖြစ်တယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက အာအက်ဖ်အေကို ပြောပြပါတယ်။

စေတနာ့ဝန်ထမ်းတဦး။ ။ "အသွားတော့ ကိုယ့်အလှူကိုယ် မှတ်တမ်းတင်ချင်ဖို့နဲနဲ အခက်အခဲရှိလာတယ်။ နောက်ပြီးရွာတွေမှာ ချထားတဲ့ လုပ်အားပေးဆို ခေါင်းစဉ်တပ်ပြီး ချထားတဲ့ကြံ့ဖွတ်တွေ အကုန်လုံးက များသောအားဖြင့် ထောက်လှမ်းရေးတွေ များတယ်၊ ကိုယ်လှူတာကိုယ် ဓါတ်ပုံရိုက်ရင်တောင်မှ မရိုက်ပါနဲ့ဆို တားတာတွေရှိတယ်လို့ကြားရတယ်၊ အခုဟာက ကင်မရာကိုင်တဲ့သူဆိုရင်လည်း သိပ်မင်္ကာပဲ စွပ်စွဲပြီးတော့ ဖမ်းနေတာ မေးနေတာတွေများတယ်။"
ဒီအကြောင်းတွေကို စုစည်းပြီး မျက်မှောက်ရေးရာ သုံးသပ်ချက် အဖြစ် ဦးကျော်မင်းထွန်းက တင်ပြထားကို နားဆင်နိုင်ပါတယ်။


သခင်သိန်းဖေမှ နအဖသို့ ပေးစာတစောင်


အထိန်းသိမ်းခံ သတင်းစာဆရာကြီး ဦးဝင်းတင် ထောင်ထဲမှာ မကျန်းမမာ

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံတွေ ပါဝင်သင့်တယ်လို့ ကမ္ဘာ့အသိုင်းအ၀ိုင်းမှာ ဆွေးနွေးနေကြပေမယ့် မြန်မာနိုင်ငံမှာတော့ အတိုက်အခံတွေနဲ့ မသင်္ကာသူတွေ အားလုံးကို ဖမ်းဆီး အပြစ်ပေး ထောင်ချတာ ခံနေရာပါတယ်။ အခုဆိုရင် ထိပ်တန်း အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် တဦးလည်းဖြစ်၊ ၀ါရင့်သတင်းစာ ဆရာကြီးတဦးလည်း ဖြစ်တဲ့ ဆရာ ဦးဝင်းတင်ကို ဒီကနေ့မနက် အင်းစိန်ထောင်မှာ ထောင်ဝင်စာ သွားတွေ့တဲ့အခါ ကျန်းမာရေးသိပ်ကောင်းတာ တွေ့ရတယ်လို့ သူ့ကို တွေ့ခဲ့တဲ့ မိတ်ဆွေ ဦးမောင်မောင်ခင်က ဗွီအိုအေကို အခုလို စ ပြောပြပါတယ်။

“ကျန်းမာရေး အခြေအနေကတော့ ဒီ အခု တွေ့တာတော့ ရင်တွေ ကျပ်နေတယ်။ လေးငါးခြောက်ရက် ခုနှစ်ရက်လောက် ရှိပြီ။ ရင်ကျပ်ပြီး ထမင်းလည်း မစားနိုင်ဘူးတဲ့။ အိပ်လည်း မအိပ်နိုင်ဘူးတဲ့။ ချွဲသံပေါက်ပြီး ရှဲရှဲ ဖြစ်နေတာ တွေ့ခဲ့ရတယ်။ မနက်က တွေ့ခဲ့ရတဲ့ပုံအရတော့ နည်းနည်းလေး ပိန်သွားတယ်။”

ဟုတ်ကဲ့ရှင်။ အခု ဆရာ ဦးဝင်းတင်က ရင်ကျပ်ပြီးတော့ အစားတောင်မစားနိုင်ဘူး ဖြစ်နေတယ်ဆိုတော့ အဲဒီအတွက် ဆေးကုသခွင့်တို့၊ သောက်ဆေးပေးခွင့်တို့ ရပါလားရှင်။ -

“အဲဒါကတော့ ဆရာဝန်က သောက်ဆေးပေးတယ်။ သူ သွားပြောတဲ့အခါမှာ ဆရာဝန်က သူ့ကို ဘိုင်ဆော်ဗန်ဆေးကို သောက်ပါဆိုပြီးတော့ အဲဒီလို ညွှန်းတယ်တဲ့။ ဆေးရုံမှာ မရှိလို့ပဲလား ဘာလားတော့ မသိဘူးပေါ့လေ။ အဲဒါနဲ့ တာဝန်ခံတယောက်ကို အဲဒီဆေးလေး ပေးပါဆိုပြီးတော့ ပိုက်ဆံပေးခဲ့တယ်။”

ဒီဆရာ ဦးဝင်းတင်ကို အကျဉ်းထောင်ထဲမှာ သူ့ရဲ့ ပုံမှန် ကျန်းမာရေး ဆေးစစ်ခွင့်ရတယ်လို့ရော ဦးမောင်မောင်ခင် ကြားမိပါလားရှင့်။ -

“ထောင်ထဲမှာကတော့ သူ့ကိုလာပြီး သွေးတွေဘာတွေ ချိန်ခိုင်းတာတွေ ရှိပါတယ်။ ကြည့်တော့ကြည့်နေပါတယ် လာပြီးတော့။ တရက်ခြား နှစ်ရက်ခြား လာကြည့်တယ်ထင်တာပဲလေ။ သူ စောစောပိုင်းတုန်းကတော့ အဲဒီ ခွဲတယ်စိပ်တယ် ဆိုတာကတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ဖူးတယ်လေ။ အခု နောက်ပိုင်းတော့ သူ့ ကျန်းမာရေးကလည်း မဆိုးဘူး ဆိုပြီးတော့ အခုမှ ရင်တော်တော် ကျပ်တာကို တွေ့ခဲ့ရတယ်။ အခုတခေါက် တွေ့ရတာ ကျနော်လည်း တော်တော်လေး စိုးရိမ်သွားတယ်ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ အသက်လည်း ကြီးပြီလေ။ ၇၉ နှစ်။ အခုလို ရင်ကျပ်ပြီးတော့ ချွဲသံပါအောင် အသက်ရှူနေရတာတော့ မကောင်းဘူးပေါ့ဗျာ။ ကျနော်လည်း တော်တော် ခံစားရပါတယ်။”

ဒါကတော့ ဆရာ ဦးဝင်းတင်ကို ပုံမှန် ထောင်ဝင်စာတွေ့နေသူ ဦးမောင်မောင်ခင်က ဆရာကြီးရဲ့ နောက်ဆုံး ကျန်းမာရေး အခြေအနေ အကြောင်းကို ပြောပြခဲ့တာပါ။ ဆရာဦးဝင်းတင်ဟာ အခုဆိုရင် အသက် ၇၉ နှစ် ရှိနေပြီ ဖြစ်သလို အခုလာမယ့် ဇူလိုင်လ ၄ ရက်နေ့ဆိုရင်လည်း ထောင်သက်တမ်း ၁၉ နှစ် ပြည့်ပြီ ဖြစ်ပြီးတော့ ထောင်သက်တမ်း ကျော်လွန်ပြီး ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဖြစ်ပါတယ်။
( VOA)

ဒေါ်အောင်ဆန်းစုကြည်၏ အကြောင်း ရုပ်ပြကာတွန်း အင်္ဂလိပ်ဘာသာဖြင့် ပထမဦးဆုံးထုတ်ဝေ

ဂျပန်ကာတွန်းပညာရှင် Akazu Mizuha သည် ၁၉၉၄ခုနှစ်က ဂျပန်ဘာသာဖြင့် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ကာတွန်းရေးဆွဲထုတ်ဝေခဲ့သည်။ ကာတွန်းစာအုပ်၏အမည်မှာ ဂျပန်ဘာသာဖြင့် tatakau kujaku၊ အင်္ဂလိပ်ဘာသာဖြင့် The Fighting Peacockဟုအမည်ရပါသည်။

(၁၉၉၁)ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် အဖမ်းဆီးခံရနေရစဉ် ကမ္ဘာ့ နိုဘယ်ငြိမ်းချမ်းရေးဆုရရှိခဲ့သည့်အကြောင်း၊ သူမ၏ မြန်မာ့ဒီမိုကရေစီအရေး၊ မြန်မာနိုင်ငံလွတ်မြောက်ရေးအတွက်မဆုတ်မနှစ်၊ အနှစ်နာခံကြိုးပမ်းလုပ်ဆောင်မှုများကို ဂုဏ်ပြုသောအားဖြင့် ၎င်းကာတွန်းကို ၁၉၉၄ခုနှစ်က ရေးဆွဲခဲ့ကြောင်း Akazu Mizuhaကပြောပါသည်။

အနှစ် (၂၀) ကျော် ကြာခဲ့ပြီဖြစ်သောလည်းယခုအချိန်ထိ နိုင်ငံရေးအကျဉ်းသားထောင်ပေါင်းများစွာ၊ ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ်တွင် အဖမ်းဆီးခံရဆဲဖြစ်သည်။

ယခုအခါတွင် ၎င်းစာအုပ်ကို အင်္ဂလိပ်ဘာသာပြန်၍ ပထမဦးဆုံးပြန်လည်ထုတ်ဝေမည်ဖြစ်ပါသည်။ Fighting Peacock ကို ဖတ်ရူအားပေးလိုသူများ ဧရာဝတီ Online မှတဆင့် (၃)ဒေါ်လာဖြင့် ၀ယ်ယူအားပေးနိုင်ပါသည်။ စာအုပ် ရောင်းချရရှိသောငွေများအား မြန်မာ့ဒီမိုကရေစီရေးအတွက် ရံပုံငွေအဖြစ်သုံးမည်ဖြစ်ကြောင်းသိရှိရပါသည်။
source ။ ။ Iraawaddy

Saturday, June 28, 2008

- ၈၈ အနှစ် ၂၀ -

၈၈ နှင့် စာရေးဆရာများ
မောင်စွမ်းရည်

စစ်အစိုးရမှ နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူဦးရေထပ်တိုး


The number of dead following that massive cyclone in Myanmar continues to rise. The country's military government announced on Tuesday that the death toll has now topped 84,000. (June 24)

ယုံကြည်ချက်


စနစ်ယုံသူများကထိုစနစ်ကျင့်သုံးသည့်ပါတီကိုထောက်ခံသည်။လူကိုယုံသူများကထိုလူဦးဆောင်သော
ပါတီကို ထောက်ခံသည်။ မြန်မာနိုင်ငံတွင်စစ်အာဏာရှင်စနစ်ကြောင့်မိမိယုံကြည်ချက်များကိုခေတ္တ
ခေါက်ထား၍အာ ဏာရှင်ဆန့်ကျင်ရေး..ဖယ်ပေးရေးဝိုင်းအော်နေချိန်။။အတိုက်အခံခေါင်းဆောင်များညှိ
ရမလား။တိုက်ရမလား။ လက်ပေါ်နဖူးတင်၊နဖူးပေါ်လက်တင်စဉ်းစားနေချိန်၊ဤလူ၃ဦး၏ယုံကြည်
ချက်ကိုကြည့်ရအောင်...

၁။မြက်ခင်းသစ်ကျောင်းသားများ၊။
၉၀-၉၁လောက်မှာလောက်လေယာဉ်ပေါ်ကနေမြန်မာနိုင်ငံအလံကြီးအရှေ့ကနေကိုင်ဆင်းလာလို့
အောင်ပွဲရဘောလုံးသမားတွေလားပေါ့။ဘယ်ဟုတ်မလဲ၊၈၈တုန်းကနိုင်ငံရေးကိုဒီလိုကြွေးကြော်ပြီး
ခံယူချက်တွေရင်မှာပိုက်လို့စစ်အာဏာရှင်ဆန့်ကျင်မယ်ဟဲ့ဆိုပြီးထွက်သွားသူတွေပါ။အဆင်မပြေ
တော့အညံ့ခံ(အဲလေ)ပြန်လာတယ်...ပြီးပြီပေါ့..မပြီးဘူးဗျ..မြက်ခင်းသစ်ဆိုပြီးတောထဲမြှစ်နဲ့ငပိစားရ
တာတွေရော၊ခြင်ကိုက်လို့အိပ်မရတာတွေရော..မြသန်းစံနဲ့ပေါင်းပြီးကိုထီးရဲ့(သဘာဝရဲ့ရင်သွေးငယ်)
သီချင်းကိုပါဖျက်ဆီးကြတယ်လေ...ဒါတွေကိုစိတ်မ၀င်စားဘူး..စိတ်ဝင်စားတာကသူတို့ရဲ့ယုံကြည်ချက်
ခံယူချက်ကိုပါပဲ။သိတာကတော့သူတို့ပြောတဲ့ဇတ်လမ်းတွေနဲ့..မြသန်းစံဒုဗိုလ်မှုးကြီးဖြစ်၊မြ၀တီမှာညွန်
ကြားရေးမှုးဖြစ်သွားတာပါပဲ။

၂။ကျောင်သားအမည်ခံအေးလွင်
သူလည်းအပေါ်ကလိုပါပဲ။တခုထူးခြားတာကအင်းစိန်ကဈေးတခုရှေ့မှာသူ့ကိုယ်ရေးရာဇ၀င်နဲ့သူ့အဖွဲ့
အကြောင်းစာဝေပြီးတော့နအဖ(...)စုတ်အမတ်လုပ်ဖို့ကြံခြင်းပါ။တခုသတိပေးပါရစေ။အဲဒီစာဝေတဲ့နေရာ
ဟာသူပုန်နယ်မြေပါ။ဒီတခါအရေးအခင်းဖြစ်ရင်အဲဒီဖက်ယောင်လို့တောင်ခြေဦးမလှည့်ဖို့သတိပေးပါတယ်။

၃။ဒေါက်တာစိုးလင်း(NLDမန္တလေးတိုင်းကိုယ်စားလှယ်)
သူကအဆိုးဆုံး။ပြည်သူကယုံလို့ပုံအပ်ခြင်းခံရသူ။ထိပ်ပိုင်းခေါင်းဆောင်နဲ့အဆင်မပြေတာနဲ့NLDကင်းလွတ်
နယ်မြေထလုပ်တာ။ယုံကြည်ချက်ရှိသူမှန်ရင်အဆင်မပြေလို့တယောက်ထဲဖြစ်နေရင်ဦးအုန်းသန်းလိုတ
ယောက်ထဲဆန့်ကျင်ပါ။အဖမ်းမခံချင်ရင်အပြင်ထွက်ခဲ့ပြီးဆန့်ကျင်ပါ။အထဲမှနေပြီးခြံခုန်တာမတတ်ရင်
အဟွာနဲ့အဟွာ...အဟွာဖြစ်တတ်ပါတယ်လို့ပါနော.....

အနှစ်၂၀အတွင်းမှာအရောင်ပြောင်းတဲ့သူတွေပါ။
ဒီအချိန်ဟာယုံကြည်ချက်ထက်ဆန့်ကျင်ချက်ကပိုအရေးကြီးနေချိန်ပါ။ညီညွတ်ကြပါ..သွေးစည်းကြပါ..
စိတ်ဓါတ်ကိုကြံကြံခိုင်အောင်တောင့်ထားကြပါ။ရတဲ့နည်းလမ်းနဲ့ဆန့်ကျင်ကြပါ...
လူဆိုတာမသေခင်လေးမှာအခွင့်အရေးတချက်တော့ရတတ်စမြဲပါ...
သူတို့တောင်ရှေ့ကအနစ်နာခံပြီးတိုက်နေကြသေးတာပဲဗျာ....

G8 pushes Myanmar to accept foreign cyclone aid

KYOTO, Japan (Reuters) - The Group of Eight wealthy nations put pressure on Myanmar to let in more foreign relief workers after a devastating cyclone last month, after accusations it had obstructed aid, a Japanese official said on Thursday.

The G8 foreign ministers, meeting in Kyoto, agreed to maintain support for reconstruction in Myanmar after the cyclone left more than 138,000 dead or missing, the official said.
Foreign leaders have accused Myanmar's military rulers of worsening the storm death toll by stalling on foreign aid, and Italy said it had pushed at the talks for more involvement by U.N. Secretary-General Ban Ki-moon.

"We proposed a formal appeal by the G8 to the U.N. asking that Ban Ki-moon insist on transparency regarding the sums donated by the international community," Frattini told reporters after talks with his fellow ministers.

"We also hope that China can play a stronger role," he said, referring to a country that has been a steady friend of Myanmar's junta.

Japanese foreign ministry spokesman Kazuo Kodama said there was agreement that the G8 would press Myanmar to accept more relief workers from the outside world.

Many of the G8 ministers also expressed concern about how to achieve a transition to civilian rule in Myanmar, he added.

Democracy icon Aung San Suu Kyi's confinement to her home in Yangon was extended in May despite international pleas to Myanmar's military rulers to free her. Pro-junta thugs last week broke up a rally marking Suu Kyui's birthday.

The G8 ministers agreed that any signs of progress towards civilian government should be encouraged, Kodama said.
"In order to improve the current situation, it is also important for us the G8 to apply not only pressure but if Myanmar side shows any forward looking movement it is also important to provide an incentive," he said.

Friday, June 27, 2008

GJC President Janet Benshoof gives speech on Burma at Google headquarters



Janet Benshoof, President of the Global Justice Center (GJC), is an internationally known human rights lawyer and Burma expert. During this presentation, she will explain how the geopolitical favoritism afforded war criminal Than Schwe in Burma undermines the rule of law globally. The Global Justice Center in partnership with the Burma Lawyers' Council (BLC), the legal arm of the exiled democracy groups, is advocating for a Security Council Resolution referring Burma to the ICC.

Than Schwe, who controls Burma using the largest standing army in South East Asia, has routinely flouted all U.N. efforts, and, chooses to have tens of thousands of people die preventable deaths from the effects of Cyclone Nargis rather than open up access to the people of Burma.

Professor Benshoof will put the recent forced "death by disease" in the context of clearly documented and ongoing grave crimes including the destruction of villages, torture, murder of monks, systematic gang rape of ethnic women, genocide of Karen and Shan peoples, forced labor, and recruitment of child soldiers.

Although Than Schwe rules by the same crimes and terror as did Saddam Hussein, Hitler, Charles Taylor, and Molosovic, so far Burma is protected by the Security Council. This is not just about China but about all countries who have been too timid to say "stop". Thanks to Google satellite, we have seen photos of some of the over 3,000 villages estimated to have been destroyed by the SPDC in the on-going conflict in Eastern Burma in 2005. Even more villages were destroyed the SPDC than by Cyclone Nargis, but that is a story much less known.

Professor Benshoof will also point out how by declaring a victory on the May 10th referendum, Than Schwe is trying to transform his rule into a constitutional right by inserting criminal immunity for himself and his cohorts into the constitution. The constitution attempts to legitimize permanent military rule, give blanket amnesties for all military crimes, and simply put, it is possibly the worst constitution ever drafted with regard to women in modern history.

This event took place on May 21, 2008, as a part of the Women@google series.


အသက်အန္တရာယ် ရင်းပြီး ကူညီနေကြသူများအား ဂုဏ်ယူလေးစားပါတယ်။

ပေးပို့သူ။ ။ ကိုခိုင်

ဘူးသီးတောင် အခြေစိုက် စကခ ၁၅ တွင် ၂၀၀၇-၂၀၀၈ ခုနှစ်အတွင်း တိုက်ပွဲတွင် စစ်သား ၆၀ ကျဆုံး

Narinjara News

ရခိုင်ပြည်နယ် ဘူးသီးတောင် အခြေစိုက် စကခ ၁၅ တွင် ၂၀၀၇-၀၈ ခုနှစ်အတွင်း ရှေ့တန်းတိုက်ပွဲများတွင် ကျဆုံးသူ စစ်သား အရေအတွက် ၆၀ ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ကျဆုံးသွားသူ စစ်သားများမှာ စကခ ၁၅ လက်အောက်ခံ စစ်တပ် တပ်ရင်း ၁၀ ရင်းမှ ဖြစ်ပြီး အများစုမှာ မြန်မာနိုင်ငံ အရှေ့ဘက် ကရင်နှင့် ရှမ်း ရှေ့တန်းနယ်မြေများတွင် ကျဆုံးသွားခြင်း ဖြစ်သည်။

များမကြာမှီက စကခ ၁၅ မှ ထုတ်ပြန်သော အစီရင်ခံစာ တစောင် အရ စကခ ၁၅ တွင် ၂၀၀၇-၀၈ ခုနှစ်အတွင်း ရိုးရိုးသေဆုံးသွားသူ စစ်သား အရေအတွက်မှာ ၆ ဦးရှိပြီး တိုက်ပွဲတွင် ခြေနှစ်ဖက် ပြတ်သွားသူမှာ ၂ ဦး ရှိကြောင်း သိရှိရသည်။

၎င်းပြင် ခြေတဖက် ပြတ်သွားသူမှာ ၆၆ ယောက်ရှိပြီး မျက်လုံး တဖက် ကန်းသွားသူမှာ ၅ ဦးရှိသည်။ တိုက်ပွဲများ အတွင်း ဒဏ်ရာရပြီး မသန်မစွမ်း ဖြစ်သွားသူမှာ ၄၄ ဦးရှိပြီး ရိုးရိုး ထိခိုက်ဒဏ်ရာ ရသွားသူမှာ ၈၃ ဦးရှိကြောင်း အဆိုပါ အစီရင်ခံစာ၌ ဖေါ်ပြသည်။

အဆိုပါ စကခ ၁၅ အား ဗိုလ်မှူးချုပ် အောင်နိုင်မှ ဦးစီးကွပ်ကဲပြီး ယခုအခါ စကခ ၁၅ တပ်မှူးမှာ ကရင်ရှေ့တန်းသို့ရောက်နေကြောင်း သတင်း တရပ်တွင် ဖေါ်ပြသည်။

စကခ ၁၅ လက်အောက်ခံ တပ်ရင်းများမှာ ခမရ ၃၅၂၊ ၃၄၅၊ ၃၅၃၊ ၅၃၅၊ ၅၅၁၊ ၅၅၂၊ ၅၆၄၊ ၅၆၅၊ ၅၃၆ နှင့် ၅၃၇ တို့ဖြစ်ကြပြီး အဆိုပါ တပ်ရင်းများ အားလုံးမှာ စစ်တွေမြို့ မြောက်ဘက် မိုင် ၈၀ အကွာတွင် တည်ရှိသော ဘူးသီတောင် မြို့နယ်တွင် အခြေစိုက်ကြသည်။

မြို့တော်ခန်းမအနီး ဆန္ဒပြသူအမျိုးသမီး (၁) ဦးဖမ်းဆီးခံရ

NEJ / ၂၆ ဇွန် ၂၀၀၆

ရန်ကုန်မြို့လယ်၌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တကိုယ်တော် တောင်းဆိုဆန္ဒပြသည့် အမျိုးသမီးတဦးကို ရဲက ဖမ်းဆီး လိုက်သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။

အဆိုပါအမျိုးသမီး မည်သူမည်ဝါဆိုသည်ကို မသိရှိရသေးသော်လည်း သူမသည် မြို့တော်ခန်းမ အနီး လူစည်ကားရာနေရာ၌ ယမန်နေ့ မွန်းလွဲပိုင်းက (၁၀) မိနစ်ခန့် ကြွေးကြော်သံများ အော်ဟစ်၍ တကိုယ်တော် ဆန္ဒပြခဲ့ပြီးနောက် ရဲ၏ ဆွဲခေါ်ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု မျက်မြင် သက်သေတို့၏ ပြောဆိုချက်ကိုကိုးကားပြီး သတင်း၌ ဖော်ပြသည်။

ဆန္ဒပြသည့်သတင်းကို ကြားသိရသော်လည်း ဆန္ဒပြသူအမျိုးသမီးသည် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဝင် ဟုတ်မဟုတ် မသိရှိရသေးဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

မြန်မာစစ်အစိုးရသည် ဆန္ဒပြသူများကို ပြင်းထန်စွာအရေးယူလေ့ရှိပြီး ယမန်နှစ် သြဂုတ်လက အမေရိကန်သံရုံးရှေ့၌ တကိုယ်တော်ဆန္ဒပြခဲ့သည့် ဦးအုန်းသန်းကို ထောင်ဒဏ်တသက် တကျွန်းချမှတ်ခဲ့ပြီး စစ်ကိုင်းတိုင်းရှိ ခန္တီးထောင်၌ အကျဉ်းချထားခဲ့သည်။

Thursday, June 26, 2008

သတင်းထောက်ကို နိုင်ငံတော် အကြည်ညို ပျက်စေသည်ဟု တရားစွဲ

နန်းဒေဝီ (မဇ္ဈိမ )
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 25 2008


နယူးဒေလီ။ ။ ရန်ကုန် လေဘေး ဒုက္ခသည်များအရေး သတင်းလိုက်ယူသဖြင့် လွန်ခဲ့သည့် နှစ်ပတ်က ဖမ်းဆီးခံရသူ Ecovision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးအား အစိုးရက ကြီးလေးသော ပြစ်မှုများ တပ်၍ စွဲဆိုထားကြောင်း ထပ်မံ စုံစမ်း သိရှိရသည်။

ယနေ့တွင် စတင်၍ ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်ရသူ အသက် ၂၄ နှစ်အရွယ် သတင်းထောက် မအိမ့်ခိုင်ဦးအား အများပြည်သူ အထိတ်တလန့် ဖြစ်စေမှု ပုဒ်မ ၅ဝ၅ (ခ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့ဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

“တာမွေရဲစခန်းကနေ တရားရုံးကို ထုတ်လာတယ်။ ၅ဝ၅ (ခ) နဲ့  ၁၂၄ (က) ဆိုပြီး ဒီနေ့ တည်တယ်။ ပြီးတော့ ညနေပိုင်းမှာ အချုပ်ကားနဲ့ပဲ အင်းစိန်ထောင်ကို ခေါ်သွားတယ်” ဟု တရားရုံးသို့ သွားရောက်ခဲ့သူ မအိမ့်ခိုင်ဦး၏ ဆွေမျိုးတဦးက မဇ္ဈိမကို ပြောသည်။ သူက ပြည်ပ မီဒီယာ များသို့ သတင်း ထုတ်ပြန်ပေးမှုအပေါ် အာဏာပိုင်များက အညိုးထားကာ ဒုက္ခပေးမည် စိုးရိမ်သဖြင့် သူ့အမည် မဖော်ထုတ်ရန် မေတ္တာရပ်ခံ ခဲ့သည်။

ပီးခဲ့သည့် ဇွန်လ ၁ဝ ရက်နေ့က တောင်ဒဂုံမြို့နယ် ရပ်ကွက်အချို့မှ လေဘေးဒုက္ခသည် ၃ဝ ခန့်သည် စစ်အစိုးရပေးသည့် အထောက်အပံ့ နည်းပါးသဖြင့် ရန်ကုန်အခြေစိုက် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့ (အန်ဂျီအို) များထံ သွားရောက်ချဉ်းကပ် အကူအညီတောင်းစဉ် သတင်းယူရာမှ မအိမ့်ခိုင်ဦး တာမွေ ရဲစခန်းတွင် ဖမ်းဆီးထားခဲ့ကာ ယနေ့တွင် စတင်ရုံးထုတ်ခြင်း ဖြစ်သည်။

ပုဒ်မ ၅ဝ၅ (ခ) သည် ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ၂ ခုစလုံး ကျခံနိုင်ပြီး၊ ပုဒ်မ ၁၂၄ (က) သည် နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် ထောင်ဒဏ် နှစ် ၂ဝ အထိ ပြစ်ဒဏ် ချမှတ်နိုင်သည်။

“မိသားစုဝင်တွေကတော့ ရှေ့နေငှားဖို့ စီစဉ်မယ် ပြောတယ်။ သူကိုယ်တိုင်ကလည်း ဥပဒေနဲ့ ကျောင်းပြီးထားတာဆိုတော့ သူ့ဆရာတွေလည်း ရှိတယ်။ အခုလောလောဆယ် ဘယ်သူ့ကို ငှားထားလဲဆိုတာတော့ မသိရသေးဘူး” ဟု မိသားစုဝင်များနှင့် နီးစပ်သူက ပြောသည်။

မအိမ့်ခိုင်ဦးသည် ဥပဒေ အထူးပြု ဘာသာရပ်ဖြင့် ဘွဲ့ရပြီးသူတဦး ဖြစ်ပြီး ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် Ecovision ဂျာနယ်တွင် သတင်းထောက် လုပ်ငန်းသက် ၂ လခန့်သာ ရှိသေးသည်။

အန်ဂျီအိုထံ သွားရောက် အကူအညီ တောင်းသည့် ဒုက္ခသည်အချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်က ခေတ္တဖမ်းဆီးပြီးနောက် အချို့ကို ပြန်လွှတ်ပေးခဲ့ ကြောင်း သိရသည်။

၂ဝဝ၆ ခုနှစ် စက်တင်ဘာလတွင် စတင်ထုတ်ခဲ့သည့် စာမျက်နှာ ၄၈ မျက်နှာရှိပါ Ecovision အပတ်စဉ်ထုတ် ဂျာနယ်သည် ယခင်က စီးပွားရေး ကဏ္ဍကိုသာ အသားပေး ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်တွင်းနှင့် နိုင်ငံတကာအပြင် ကျန်းမာရေး သတင်း၊ ဆောင်းပါးများကိုပါ ထည့်သွင်းရေးသား ထုတ်ဝေသည့် မဂ္ဂဇင်းပုံစံ အပတ်စဉ်ထုတ် ဂျာနယ်ဖြစ်သည်။

Burma Redux: နားဂစ်မုန်တိုင်း ပုံရိပ်တစိတ်တဒေသ


When Burma was hit by a devastating cyclone, MobLogic gave a Flip camera to disaster relief workers. This is the footage they captured.

Wednesday, June 25, 2008

လေဘေးဒုက္ခသည်များကို လက်မခံရန် မြ၀တီမြို့ရှိ ဘုန်းကြီးကျောင်းများကို ညွှန်ကြား

ဧရာဝတီ ဇွန် ၂၃၊ ၂၀၀၈

ဧရာဝတီ မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ လေဘေးဒုက္ခသည်များ လာရောက်တည်းခိုပါက လက်မခံကြရန် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့ရှိ ဘုန်းတော်ကြီးကျောင်းများကို အာဏာပိုင်တို့က ညွှန်ကြားထားသည်ဟု ဒေသခံ များက ပြောသည်။

လွန်ခဲ့သည့် ၄ ရက်မှစ၍ အာဏာပိုင်တို့က ဘုန်းတော်ကြီးကျောင်းများကို ဒုက္ခသည်များအား လက်မခံရန် အကြောင်းကြား ခဲ့ခြင်းဖြစ်ပြီး လက်ခံပါက ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း အမိန့်ထုတ်ထားသည်ဟု မြ၀တီမြို့ခံက ပြောသည်။

“ဧရာဝတီတိုင်းကလူတွေ မြ၀တီဘက်ကို ထွက်လာတာများတယ်လေ။ အဲဒါကို ဖြေရှင်းရတဲ့ပြဿနာတွေ များနေလို့ဆိုပြီး ဘုန်းကြီးကျောင်းတွေကို လိုက်တားတယ်။ ကြခတ်တော၊ ကိုးန၀င်းကျောင်းတွေကို အဓိကထား လိုက်ပြောတယ်” ဟု မြ၀တီမြို့ခံက ပြောသည်။

၎င်းအပြင် မဲဆောက်မြို့သို့သွားရာ လမ်းကြောင်းပေါ်ရှိ စစ်တောင်းတံတား၊ သံလွင်တံတားနှင့် ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီး၊ ကော့ကရိတ်တို့ရှိ စစ်ဆေးရေးဂိတ်များတွင် မုန်တိုင်းသင့်ဒေသမှတ်ပုံတင် ကိုင်ဆောင်သူများကို နေရပ်သို့ ပြန်ခိုင်းနေကြောင်း သိရသည်။

“တချို့ကျတော့လည်း ဘာမှတ်ပုံတင်မှမပါဘဲ ကားသမားကတဆင့် စစ်ဆေးရေးဂိတ်တွေကို ပိုက်ဆံပေးပြီး လာကြတာပေါ့။ တချို့လည်း စစ်တဲ့အခါ အမှန်အတိုင်းပြောလိုက်လို့ နေရပ်ပြန်ပို့ခံရတယ်၊ ကြုံတဲ့ကားနဲ့ ပြန်တင်ပေးလိုက်တာပေါ့” ဟု မြ၀တီမြို့ခံက ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် (အန်ဒီဒီ) အဖွဲ့ကထုတ်ပြန်သည့် အစီရင်ခံစာတစောင်၌ တနင်္သာရီတိုင်းရှိ ဇာဒက်ကြီးကျွန်းအနီးတွင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှ လေဘေးဒုက္ခသည်တချို့ကို မြန်မာ့ ရေတပ်က ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။

လေဘေးဒုက္ခသည်များသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများမှတဆင့် နီးစပ်ရာ ဆွေမျိုးများနှင့် မဲဆောက်အခြေစိုက် မုန်တိုင်းကူည်ီရေးအဖွဲ့များကို ဆက်သွယ်ကာ ရောက်ရှိလာခြင်း ဖြစ်သည်။

ယခုလဆန်းပိုင်းက လေဘေးဒုက္ခသည် တရာခန့် မဲဆောက်မြို့သို့ ရောက်ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

Tuesday, June 24, 2008

ဇာဂနာ ဘယ်ရောက်နေသည်ကို မသိရ

နိုင်ငံကျော်အနုပညာရှင် ဇာဂနာ၏ မိခင် ဒေါ်ကြည်ဦး၏ ပြောဆိုချက်ကို အောက်မှာနားထောင်နိုင်ပါတယ်။ (dvb)


တပ်တွင်း ရာထူး အပြောင်းအလဲများ


တပ်တွင်း ရာထူး အပြောင်းအလဲများ ကို ဖော်ပြထားပါသည်။


























































































စဉ်အမည်မူလရာထူး ပြောင်းရွှေ့ ရာထူး
ဒုတိယဗိုလ်ချုပ်ြကီ်း ရဲမြင့် ကစထမှုးအငြိမ်းစား
ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ထွေး တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်အငြိမ်းစား
ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဝင်း ကစထမှုးအငြိမ်းစား
ဒုတိယ ဗိုလ်ချုပ်ကြီး ခင်မောင်သန်း ကစထမှုးအငြိမ်းစား
ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ဘို ကစထမှုးအငြိမ်းစား
ဗိုလ်ချုပ် မောင်မောင်ဆွေ
-
ဝန်ကြီး ( ဆိုင်ကလုံး ကယ်ဆယ်ရေး နှင့်ပြန်လည်ထူထောင်ရေး ဝန်ကြီးဋ္ဌာန
ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိမ်းစစ်ဦးစီးချုပ်(ရေ)ဝန်ကြီး ( စက်မှု (၂) ဝန်ကြီးဋ္ဌာန)
ဗိုလ်ချုပ် စောလွင်ဝန်ကြီး ( စက်မှု (၂) ဝန်ကြီးဋ္ဌာန)ဝန်ကြီး ( လှုဝင်မှုကြီးကြပ်ရေး ဝန်ကြီးဋ္ဌာန)
ဗိုလ်ချုပ် အုန်းမြင့်တိုင်းမှုး ( မြောက်ပိုင်းတိုင်း)ဒုတိယ ဗိုလ်ချုပ်ကြီး (ကစထ)
၁၀ဗိုလ်ချုပ် မင်းအောင်လှိုင်
-
ဒုတိယ ဗိုလ်ချုပ်ကြီး (ကစထ)
၁၁ဗိုလ်ချုပ် ကိုကိုတိုင်းမှုး ( တောင်ပိုင်းတိုင်း)ဒုတိယ ဗိုလ်ချုပ်ကြီး (ကစထ)
၁၂ဗိုလ်မှုးချုပ် ကျော်ဖြိုးကျောင်းအုပ်ကြီး(စစ်ဦးစီး တက္ကသိုလ် -ကလော)ဗိုလ်ချုပ် (တိုင်းမှုး-တြိဂံတိုင်း-ကျိုင်းတုံ)
၁၃ဗိုလ်မှုးချုပ် ရာပြည့်တပ်မှုး(အမှတ်(၁) စစ်မမြေပြင်ဆေးတပ်)ဗိုလ်ချုပ် (တိုင်းမှုး-အရှေ့ ပိုင်းတိုင်း- တောင်ကြီး)
၁၄ဗိုလ်မှုးချုပ် စိုးဝင်းကျောင်းအုပ်ကြီး(စစ်ဦးစီး တက္ကသိုလ် -သံတောင်)ဗိုလ်ချုပ် (တိုင်းမှုး-မြောင်ပိုင်းတိုင်း-မြစ်ကြီးနား)
၁၅ဗိုလ်ချုပ် လှဋ္ဌေးဝင်းတိုင်းမှုး-ရန်ကုန်တိုင်း ဒုတိယ ဗိုလ်ချုပ်ကြီး (တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်)
၁၆ဗိုလ်မှုးချုပ် ထူးထိန် ကျောင်းအုပ်ကြီး(စစ်သူနာပြု တက္ကသိုလ်) ဗိုလ်ချုပ်(ဒုတိယ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်)
၁၇ဗိုလ်မှုးချုပ် ဝင်းမြင့် တပ်မမှုး(တပ်မ (၇၇)) ဗိုလ်ချုပ် (တိုင်းမှုး-ရန်ကုန်တိုင်း)
၁၈ဗိုလ်မှုးချုပ် လှမင်း တပ်မမှုး(တပ်မ (၁၁)) ဗိုလ်ချုပ် (တိုင်းမှုး-တောင်ပိုင်းတိုင်း-တောင်ငူ)
၁၉ဗိုလ်မှုးကြီး ထွန်းသန်း
-
ဗိုလ်မှုးချုပ် (တပ်မမှုး-တပ်မ (၇၇)
၂၀ဗိုလ်မှုးကြီး သန်းထွတ်
-
ဗိုလ်မှုးချုပ် (တပ်မမှုး-တပ်မ (၁၁)
၂၀ဗိုလ်မှုးကြီး တောက်ထွန်း
-
ဗိုလ်မှုးချုပ် (တပ်မမှုး-တပ်မ (၄၄)
၂၁ဗိုလ်မှုးကြီး လှမြင့်ဆွေ တပ်မမှုး-တပ်မ (၄၄) ကျောင်းအုပ်ကြီး(စစ်သူနာပြု တက္ကသိုလ်)
၂၂ဗိုလ်မှုးကြီး စန်းမြင့်
-
ဗိုလ်မှုးချုပ် (တပ်မမှုး-တပ်မ (၆၆)
၂၃ဗိုလ်မှုးချုပ် မောင်မောင်အေး တပ်မမှုး-တပ်မ (၆၆) ကျောင်းအုပ်ကြီး(စစ်ဦးစီး တက္ကသိုလ်)
၂၄ဗိုလ်မှုးချုပ် စန်းဦးOCSMA (2) ကျောင်းအုပ်ကြီး(စစ်ဦးစီး တက္ကသိုလ်)
၂၅ဗိုလ်မှုးကြီး စိုးလွင်
-
ဗိုလ်မှုးချုပ် (ဒုတိုင်းမှုး-ရခိုင်-စစ်တွေ)
၂၆ဗိုလ်မှုးကြီး အောင်စန်း
-
ဗိုလ်မှုးချုပ် (ဒုတိုင်းမှုး-ချင်း-ကလေးမြို့ )
၂၇ဗိုလ်မှုးကြီး ကျော်နိုင်ဦး
-
ဗိုလ်မှုးချုပ် (စစ်ဦးစီးအရာရှိချုပ်)


UNICEF needs help

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထွက်လိုသူများကို (၃) နှစ်စောင့်ခိုင်း

.NEJ/ ၂၃ ဇွန် ၂၀၀၈

နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှ နုတ်ထွက်လိုကြောင်း လျှောက်ထားသူများကို နုတ်ထွက်ခွင့်တောင်းပြီး (၃) နှစ်ကြာမှ ထွက်ခွင့်ပြုသည့်အတွက် အမှုထမ်း အရာထမ်းများ စိတ်ဓာတ်ကျနေသည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။

နိုင်ငံခြားမြန်မာသံရုံးများတွင် တာဝန်ထမ်းဆောင်နေသည့် သံတမန်များ မကြာခဏ ထွက်ပြေးခြင်း အကြောင်းတရားများအနက် နေပြည်တော်မှာ မနေချင်သည့်အချက်က အဓိကအချက်ဖြစ်သည်ဟု နေပြည်တော်အရာရှိတဦးက ပြောသည်။

နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်ရာမှ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြန်ရောက်လျှင် နောက်တခေါက် နိုင်ငံခြားပြန်ထွက်ရန် အနည်းဆုံး (၃) နှစ်စောင့်ရလေ့ရှိသည်။ သို့သော် အထက်လူကြီးနှင့် ပြေလည်သူများကိုမူ နေပြည်တော်ရောက်ပြီး (၃) လနှင့် (၆) လကြား နိုင်ငံခြားမြန်မာသံရုံးတခုခုသို့ ပြန်လွှတ်လေ့ရှိသည်ဟုပါ ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမီး (၄) ဦး အပါအ၀င် ဆွေမျိုးစုစုပေါင်း (၈) ဦးခန့်ရှိပြီး အထူးအခွင့်အရေးများ ရနေသည်ဟု စုံစမ်းသိရသည်။

ကျပ်သိန်း ၁ဝဝဝ တန် အောင်ဘာလေထီ ဆုအသစ် ဖွင့်လှစ်ရန် စစ်အစိုးရကြံ

မဇ္ဈိမသတင်းဌာန တနင်္လာနေ့၊ ဇွန်လ 23 2008

နယူးဒေလီ။ ။ အမြင့်ဆုံး ဆုငွေ ကျပ် သိန်း ၁ဝဝဝ အထိပေးမည့် အောင်ဘာလေထီ ပုံစံသစ်တခုကို သြဂုတ်လအတွင်း ဖွင့်လှစ်သွားရန် ရှိကြောင်း ထီရုံးအရာရှိတဦး အပြောအရ သိရသည်။

“၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာရေး နှစ်ကုန်ပိုင်းကတည်းက စီမံကိန်း ချထားပြီးသား။ ဒါပေမဲ့ လျှို့ဝှက်ချက် အနေနဲ့ပဲ ရှိနေသေးတယ်” ဟု နိုင်ငံပိုင် အောင်ဘာလေထီရုံးမှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

ထီဆုသစ် သတင်းက ဆယ်စုနှစ်နှင့်ချီ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေခဲ့သော ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် ငွေကြေး ဖောင်းပွမှုကို ဆက်လက် တွန်းအားပေးနေဖွယ် ရှိနေသည်။

ဆုမဲ အစီအစဉ်သစ်သည် လက်ရှိ ရောင်းချနေသော ထီလက်မှတ် တစောင်လျှင် ကျပ် ၁ဝဝ ဈေးနှုန်းကိုမူ တိုးမြှင့်မသွားဘဲ လက်မှတ် အရေအတွက်သာ ပိုမိုလာမည်ဟု အရာရှိက ပြောသည်။

အစိုးရအနေဖြင့် အခွန်တော် များများလိုသဖြင့် ထီလက်မှတ် အရေအတွက် ပိုမို ထုတ်ရောင်းရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ထီစီမံကိန်းအသစ် ဖွင့်လှစ်ပြီးနောက် ထီပေါက်သူများကို အပိုဆုငွေပေးကာ ထီလက်မှတ် အရောင်းအဝယ် လုပ်နေသည့် ထီပွဲစားများကို အရေးယူ နှိမ်နင်းသွားဖွယ် ရှိသည်ဟု ရန်ကုန်အခြေစိုက် ထီပွဲစားတဦးက ပြောသည်။

တရားမဝင် နှစ်လုံးထီ၊ သုံးလုံးထီ (ချဲထီ) လောင်းကစားခြင်းများ ရေပန်းစားလွန်းနေသော နိုင်ငံတွင် ထီဆု အစီအစဉ်သစ်က နောက်ထပ် ဝန်ထုပ်ဝန်ပိုးတခု ဖြစ်လာနိုင်သည်။



Sunday, June 22, 2008

ဧရာသတို့ သမီး နှလုံးသွေးပေါ်က လှေ အို တစင်း


အိပ်ပျော်နေဆဲ ဧရာသတို့ သမီးရဲ့ 
နလုံးသွေး မြစ်ပြင် ကြောမှာ
အတွေးအိုကပျက် နှစ်ချို့ ဝိုင်တကျိုက်နဲ့ 
လှော်ရင်း၊ မျောရင်း ၊ စားသောက်ရင်းပေါ့၊

မေးကြ ပြောကြ ၊ ရေးကြ တွေးကြ
ဆဲကြ ဆိုကြ ၊ငြင်းကြ ခုန်ကြ
ကွဲကြ ပြဲကြ .............
ကိုယ်သာတော် ခြေရင်လည်း အရင်ဦှး၊
အချင်းချင်းဂုဏ်တင် လှည့်လည် ယူ
တက်လူမရှိ ၊ နင်းချေကြရင်း
နံမည်ကို သတ် တံဆိပ်ကပ်ကြ
အချိန်တွေသာ တဖြေဖြေး ပြုန်း
အဖြေတွေလည်း ဝေးဝေးသာရှိတုံး
ညနေဦး လေပြေ ကြားမှာ ….ကြယ်တပွင့်ကြွေသွားတယ် ။

မိ နိုင်ငံဝယ်၊
အစာကပြတ်၊ ရေလည်းငတ်ကြ ၊
ပညာအငတ်၊ မျိုးလည်းပြုတ်ကြ
တွေးခေါ်နိမ့်ကျ၊ ဘ၀က ဆုံးပ
သေအံမှုးဆဲ၊ မီးဖွားမဲ့ သူ၊
နထ္ထိဆေးနဲ့  ဟချာလောင်း အတတ်
ဤကမ္ဘာမှာရှား၊ ဤ နိုင်ငံလား၊

ခေတ်ခေါင်းဆောင် နဲ့ က၀ိအိုလည်း
အခန်းကျဉ်းထဲ ၊ ဝှေ့ လည့်ရင်းပေါ့
မိုးသက်ပြင့်းတေးသံ၊ ညည်းဆိုရင်းနဲ့ 
ညနှောင်း အိပ်မပျော်ခြင်းတ၀က်မှာ.... .ကြယ်တပွင့် ကြွေသွားတယ်။

အလုပ်လုပ် နေကြတယ်၊ ဘာတွေလုပ်နေသလဲ …
စီမံကိန်းချ နေကြတယ် ၊ ဘယ်တော့ စမှာလဲ…
ပြည်ရဲ့အားက ပြည်တွင်းသာ
အားလုံးလာမယ် ၊ တောင့်ကာထားတဲ့ 
မြေပုံ တောင် မကျော် ၊ အသံတွေကျော်
ဘယ်ကို ဘယ်တော့ ရောက်မှာလည်း။

အသွင်မတူ ဆင်မယောင်နဲ့ ၊ ပုံစံမတူ၊ နည်းဟန်မထူး
လမ်းကြောင်း ထွေပြား ၊
မဝေးခရီး လျှောက်လမ်းခဲ့ ကြ၊
ပြန်တွက်ကြည့် မဝေးခရီး နှစ် ၂၀
ဘယ်မှာလည်းဟဲ့ တူတယ် ဆိုယုံ
ဖန်တစ်ရာပေ့ ညီညွတ်ရေး
ရှာရင်းဖွေရင်း ခရီးကမလှမ်းခင်
ညတစ်ညမကုန်ဆုံးသေး….ကြယ်တပွင့် ကြွေသွားတယ်။

ဒီခရီးသမိုင်း ၊ မင်း ၊ငါ ၊ သူ ကိုယ် ရေးလို မရ
သမိုင်း မော်ကွန်း၊ ရေးသူရှိရဲ့ 
လုပ်သူ မှ မရေး ၊ ရေးသူ ကိုယ်မသိ ၊
ကိုယ့်ကို ကိုယ် နိုးထကြလို့ 
အတွေးတွေထဲက အသိမြင်
မနာလို၊ မပြိုင်ဆိုင်ခြင်း၊ ဖယ် ခွာ ကာထုပ်
နိုးထခြင်းတွေက အိပ်ပျော်ယောင်မဆောင် ဖို့ 
ပူးပေါင်းခြင်း၊ တွဲခေါ်ခြင်း….
ဖေးမခြင်း၊ ဆေးကြောခြင်း ……
မင်းလား ငါလား သူတဲ့ လား…

မိုးသောက်ရောင်ခြည် နိုးထ အင်အားနဲ့ 
တန်ဖိုးရှိ တဲ့ ကြယ်တပွင့် ပြိုကျ မသွားခင်။

(စောသူဝေ)

ဗြိတိန်ဘုရင်မကြီးနှင့် ဟယ်ရီပေါ်တာ ၀တ္တုရေးသူ ကမ္ဘာ့အချမ်းသာဆုံး စာရေးဆရာမ J.K. Rowlingတို့ မြန်မာနိုင်ငံ လေဘေးအတွက် လှူဒါန်းမည်။

မြန်မာနိုင်ငံလေဘေးသင့်ဒေသများအတွက် ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အယ်လီဇဘက်နှင့် ကမ္ဘာကျော်ဟယ်ရီပေါ်တာဝတ္တုတွဲများ ရေးသားသူ ကမ္ဘာ့အချမ်းသာဆုံး စာရေးဆရာမ ဂျေကေရိုးလင်းတို့ သည် ထူးခြားသော ထည့်ဝင်လှူဒါန်းမှုများ ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရှိရပါတယ်။

ဘုရင်မကြီး အယ်လီဇဘက်မှ လှူဒါန်းမည့်ပမာဏကို အတိအကျမပြောနိုင်သေးသော်လည်း ပမာဏ တော်တော်များများလှူဒါန်းမှုဖြစ်နိုင်ကြောင်း ဘက်ကင်ဟန်နန်းတော်မှ အတည်ပြု ပြောကြားပါတယ်။ Britain's Disasters Emergency Committee (DEC) မှတစ်ဆင့် လှူဒါန်းသွားမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။


ထိပ်သီးစစ်ခေါင်းဆောင်နှစ်ဦး စစ်တပ်ရာထူးမှ အနားယူ

သတင်း - ဗထူး (ရိုးမ ၃)၊ ဇွန် ၂၂-၂၀၀၈
မြန်မာစစ်အစိုးရ ထိပ်သီးခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှစ်ဦး စစ်တပ်တွင် ထိန်းချုပ်ထားသည့် တာဝန်များမှ အနားယူ သွားသည်ဟု စစ်တပ်အသိုင်းအ၀ိုင်းက ယနေ့ပြောဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေရာများမှ အနားယူကာ အခြားအဆင့်မြင့်ဗိုလ်ချုပ်ကြီးများနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးနေရာတွင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့(ကစထ)မှူး တဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေအား အစားထိုးခန့်အပ်ခဲ့သည် ဟု အမည်မဖော်လိုသည့် စစ်ဖက်အရာရှိတဦးက ပြောသည်။

“တပ်ချုပ်နဲ့ ဒုချုပ်က တပ်အမိန့်ပုံစံမျိုးနဲ့ တပ်က အနားယူတဲ့သဘောပဲ၊ (နယက)ကောင်စီမှာ တော့ ဆက်ရှိနေမယ်၊ အရင် (ကစထ)မှူးတွေလည်း အနားယူတယ်ဆိုပေမဲ့ အဲ့ဒီကောင်စီမှာ ဆက်ပါနေအုံးမယ်၊ တပ်ချုပ်နဲ့ ဒုချုပ်က ရန်ကုန်ပြန်လာမယ်၊ သူတို့နဲ့အတူ (ကစထ)မှူးတွေ ထဲက ဒုတိယဗိုလ်ချုပ်မှူးကြီး ခင်မောင်သန်းလည်း ပါလာမယ်၊ သူလည်း အနားယူပြီ”ဟု အဆိုပါတပ်မတော်အရာရှိတဦးက ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်း၊ တောင်ပိုင်းတိုင်းနှင့် အရှေ့မြောက်တိုင်းမှ တိုင်းမှူးသုံးဦးမှာလည်း ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူးများအဖြစ် တဆင့်တိုးခန့်အပ်လိုက်ပြီး ထိပ်ပိုင်းခေါင်းဆောင်အများအပြား အပြောင်းအလဲပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆို သည်။

ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်ချုပ်ဝင်းမြင့်နှင့် မုံရွာခရိုင်မှ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်ချုပ်ရာပြည့်တို့ ပြောင်းလဲရောက်ရှိလာမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

“ဒါက တပ်တွင်းနေရာအပြောင်းအလဲတွေဖြစ်တော့ သတင်းစာတွေကတော့ တရားဝင် ပုံ ဘယ်သူဘာညာဆိုပြီးတော့ ထွက်လာမှာမဟုတ်ဘူး၊ အရင် (ကစထ)မှူးဟောင်းတွေ နားတယ် ဆိုပေမဲ့ နိုင်ငံတော်ကောင်စီထဲမှာ ဆက်ရှိနေအုံးမယ်၊ ၂၀၁၀ ကျရင် နေရာယူမယ်လို့တော့ ခန့်မှန်းနေတာပဲ”ဟု ပြောသည်။

တိုင်းတပ်မအတွင်းရှိ စစ်ဦးစီးအရာရှိ ပထမတန်း အယောက် (၂၀) ခန့်မှာလည်း တိုင်းတပ်မ ဗျူဟာမှူး များအဖြစ်အပြောင်းအလဲများရှိမည်ဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

ယခုအပြောင်းအလဲများနှင့်ပတ်သက်၍ တပ်တွင်းတင်းကြပ်နေသော ရာထူးနေရာအများအပြား အပြောင်းအရွှေ့များ ဖြစ်ပေါ်လာသည့်အတွက် ရှေ့အလားအလာကို ခန့်မှန်းရခက်နေသေးပြီး အာဏာအရပ်ရပ်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆက်လက်ထိမ်းနိုင်မည့် အခွင့်အလမ်းအချို့ အတွက် စဉ်းစားစရာဖြစ်နေသည်ဟု အဆိုပါစစ်ဘက်အရာရှိက ပြောဆိုသွားခဲ့သည်။

Home. အိမ် သီချင်း

( နာဂစ်မုန်တိုင်းဒဏ်ခံစားခဲ့ရသော ကလေးငယ်များကို ရည်ရွယ်ပြီး ဒီသီချင်းလေးကိုနားထောင်စေချင်ပါတယ်။)

အိမ်

ကမ္ဘာမြေမှာ ခိုလှုံရာ ခေါ်ဆိုတဲ့ အိမ်၊
ရံရွေလယ်၊ ထယ်ဝါစွာ ဆင်စွယ်နန်းအိမ်၊
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်၊
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်၊

အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ၊
ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ၊
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ၊

ကလေးလေးတွေ နွေးထွေးဖို့လေ...
ကမ္ဘာမြေမှာ အိမ်တစ်အိမ် ဆောက်ကြမယ်လေ။
မြင့်မြတ်ခြင်းတွေ၊ နွေးထွေးခြင်းတွေ...
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ...။

အိမ်အပြင်မှာ ၀ါပင်တွေ ကိုယ်တိုင်စိုက်မယ်၊
ကိုယ်တိုင်ငင် ၀ါချည်မျှင် ဖျင်တဘက်ရယ်...။
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ၀ိုင်းဖွဲ့မယ် ဆန်အရက်ရယ်...။

ဒီအချိန်ဆို အိမ်ကပြင်မှာ ကဗျာတွေရွတ်မယ်။
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်။
ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ်...။
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူ က မယ်။

(ကလေးလေးတွေ နွေးထွေးဖို့လေ...)

ရင်ခွင်မှာ ရှင်သန်ရာ မှီခိုရာ အိမ်တစ်အိမ်ကို ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်။
အဆောင်အယောင်တွေ မဆင်ရင်စေ ရင်ခွင်အိမ်ပျော်ရွှင်ပါစေ...
ဒဏ္ဍာရီရာဇ၀င်လို ၀ိဥာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ်...။

တစ္ဆေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ
တို့အိမ် ငါတို့အိမ်
ရဲရင့်လိုက် ချစ်တဲ့အိမ် တို့ဆောက်ကြမယ်။

(ကလေးလေးတွေ နွေးထွေးဖို့လေ...) x ၂


မုန်တိုင်းဘေးသင့်သူတွေကို ဆက်လက်ကူညီဖို့ သီတဂူဆရာတော်ကြီး တိုက်တွန်း


2008-06-21
ကမ္ဘာ့ကုလသမဂ္ဂနဲ့ စားနပ်ရိက္ခာအဖွဲ့က မြန်မာနိုင်ငံ မုန်တိုင်းဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှု ပြတ်လတ်တော့မှာဖြစ်တယ်လို့ ကြေညာပြီးနောက်ပိုင်းမှာ မုန်တိုင်းဒုက္ခသည်တွေအတွက် အကူအညီပေးရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေတဲ့ သီတဂူဆရာတော်က ပြည်တွင်း၊ ပြည်ပက အလှုရှင်တွေအနေနဲ့ ရေရှည် ဆက်လက်ပြီး ကူညီရေး၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေအတွက် ရေရှည် လှူဒါန်းမှုတွေ လုပ်ဆောင် သွားကြဖို့ လိုအပ်တယ်လို့ တိုက်တွန်း တော်မူလိုက်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး အာအက်ဖ်အေ ဒေါ်အင်ကြင်းနိုင်က သီတဂူဆရာတော် ဦးညာဏိဿရကို ဆက်သွယ်မေးမြန်း လျှောက်ထားတာကို နားဆင်နိုင်ပါတယ်။(RFA)


ကယ်သူမဲ့လက်များ


ဖန်တီးသူ - J J
သံစဉ်၊ စာသား၊ ရေးသား၊ တီးခတ်၊ သီဆို သူ - မျိုးချစ်မြန်မာ

Saturday, June 21, 2008

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၏ အထူးတောင်းဆိုကြေညာချက်။

Read this document on Scribd: 198m9f5dquexql4n6i23

NLD ဗဟိုဌာနချုပ်တွင် ကျင်းပသော ဒေါ်စုမွေးနေ့ ဗီဒီယိုမှတ်တမ်းတို

ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ရှေ့မှာ ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် စာကလေး ၆၃ ကောင်ကို လွှတ်ပြီး ဆုတောင်းနေစဉ် စွမ်းအားရှင်လို့ ယူဆရသူများဟာ ကား ၁၀ စီးခန့်နဲ့ ရောက်ရှိလာပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် များကို ရိုက်နှက် ထိုးကြိတ် ဖမ်းဆီးသွားကြကြောင်း သိရ ပါတယ်။ မြန်မာပြည်ဆိုင်ရာသတင်းများမှာ ဖမ်းဆီးသွားသူ စုစုပေါင်း ၁၃ ဦး ရှိကြောင်း ဖော်ပြထားပါတယ်။
အခုလို စွမ်းအားရှင်လို့ ယူဆရသူများက တရားမဲ့ ရိုက်နှက် ထိုးကြိတ် ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး အမျိုးသား ညွန့်ပေါင်း အစိုးရ ၀န်ကြီးချုပ် ဦးစိန်ဝင်းရဲ့ သဘောထားကို မေးမြန်း ကြည့်ရာ “စွမ်းအားရှင် ဆိုတာ မရှိသင့်ဘူး ဗျ။ စွမ်းအားရှင် ဆိုတာ ဘာလဲ၊ နိုင်ငံရေး လူမှုရေး အဖွဲ့အစည်းလား၊ ဒါမှမဟုတ် စစ်တပ်၊ ရဲ အဖွဲ့အစည်းလား၊ ဘာတွေလဲ။ လူမိုက်တွေကို မြှောက်ပင့်ပေးပြီး ပြည်သူလူထုဆိုတဲ့ အမည်တပ်ပြီးတော့ နအဖ ခိုင်းသမျှ လုပ်တဲ့ လူတွေ ဖြစ်နေတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ လုံးဝ လက်မခံဘူး။ ဒါဟာ တရားဥပဒေနဲ့ မညီဘူး။ (လူငယ်စကားနဲ့ ပြောရင်) လူမိုက် ဆန်တယ် ပေါ့ဗျာ။” လို့ မှတ်ချက်ပေးပါတယ်။

၂၀၀၇ စက်တင်ဘာ အရေးအခင်းမတိုင်မီက ဓါတ်ဆီဈေး ကြီးမြင့်တဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို မြန်မာစစ်အစိုးရက အကြမ်းဖက် ရိုက်နှက် ထိုးကြိတ်ခဲ့ရာ စစ်အစိုးရရဲ့ လူမှုရေးအဖွဲ့ အမည်ခံ ကြံ့ဖွံ့အဖွဲ့ဝင်များပါ ပါဝင်ပတ်သက်ကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ သာမာန်ကြံ့ဖွံ့အဖွဲ့ဝင်များက အဲဒီလို ဝေဖန်မှုတွေကို ဒီ လုပ်ရပ်တွေဟာ သူတို့နဲ့ မပတ်သက်ကြောင်း၊ အခုလုပ်ရပ်ဟာ စစ်အစိုးရ တာဝန်ရှိသူ များ သီးသန့် ဖွဲ့စည်းထားတဲ့ စွမ်းအားရှင်ဆိုသူများက လုပ်ကိုင်တာဖြစ်ကြောင်း တုံ့ပြန် ပြောကြားခဲ့ပါတယ်။
ဘားမားတူဒေးမှ ကောက်နုတ်ဖော်ပြသည်။



ငွေကြာယံတွင်အရိုက်ခံခဲ့ရသည့် အမျိုးသားတဦး သေဆုံး

ဗထူး။ ဇွန် ၂၀၊ ၂၀၀၈
၂၀၀၇ စက်တင်ဘာလ သံဃာနှင့် ပြည်သူလှုပ်ရှားမှု မြင်ကွင်းတနေရာ
ယမန်နှစ် စက်တင်ဘာလအတွင်းက ရန်ကုန်မြို့၊ ငွေကြာယံဘုန်းကြီးကျောင်းရှေ့တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုအတွင်း ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရသူ အမျိုးသားတဦး နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။

စစ်အစိုးရတပ်ဖွဲ့များမှ ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ကာ ဖမ်းဆီးသွားခဲ့ပြီး ပြန်လည်လွတ်မြောက် လာခဲ့သူ ကိုကျော်ကျော်သည် နေအိမ်တွင် ကာလရှည်ကြာစွာ ဆေးကုသခဲ့ပြီးနောက် ဦးခေါင်း တွင် ပြင်းထန်စွာရရှိခဲ့သည့် ဒဏ်ရာဖြင့် ယခုလ (၁၈) ရက်နေ့တွင် ကွယ်လွန်သွားခြင်းဖြစ် သည်။

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်တွင် နေထိုင်သူ ကိုကျော်ကျော်အား ပြီးခဲ့ သည့်နှစ် စက်တင်ဘာလ (၂၇) ရက်နေ့က ငွေကြာယံဘုန်းကြီးကျောင်းရှေ့တွင် သံဃာတော် များအား ဖမ်းဆီးရိုက်နှက်ခဲ့ပြီး ကျောင်းအား ဖျက်ဆီးသွားသည့်အပေါ် ဒေါသထွက်နေသည့် ဒေသခံပြည်သူများအား စစ်အစိုးရက ပစ်ခတ်နှိမ်နင်းခဲ့သည့်အချိန်တွင် စတင်ရိုက်နှက် ဖမ်းဆီး သွားခဲ့ခြင်းဖြစ်သည်။

“သူ့အသက်က (၃၂) နှစ်ပါ၊ အလုပ်အကိုင်က နွားမွေးတယ်၊ ဆန္ဒပြတဲ့အထဲမှာတော့ မပါဘူး၊ ဖြစ်တုန်းက သူက ငွေကြာယံဘေးနားက ဦးဖေသိန်းလျှပ်စစ်ဆိုင်နားမှာ ထိုင်နေတာ၊ ဆန္ဒပြ တော့ သူက အဲမှာပဲ ထိုင်နေတာ၊ နောက် ညနေ (၅) နာရီလောက်မှာ တော်တော်ဆိုးလာတယ်၊ သေနတ်တွေပစ်ဖောက်၊ မျက်ရည်ယိုဗုံးတွေခွဲပြီး လိုက်ဖမ်းပြီးတော့ ရိုက်တာ၊ အဲ့ဒီမှာတင် သူ့ကို ရိုက်ပြီး ဖမ်းသွားတာ”ဟု မိသားစုနှင့်နီးစပ်သူတဦးက ပြောသည်။

နောက်လ အောက်တိုဘာလ (၅) ရက်နေ့တွင် အမှတ် (၁၂) ရပ်ကွက်မှ ရယကဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များက ကိုကျော်ကျော် အရူးထောင်တွင်ရောက်နေကြောင်းနှင့် မိဘများ သွားရောက်တွေ့ဆုံ ကာ ပြန်လည်ခေါ်ယူနိုင်သည်ဟု အကြောင်းကြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်အစိုးရတပ်ဖွဲ့များက ကိုကျော်ကျော်အား ဖမ်းဆီးသွားပြီးနောက် ကျိုက်က္ကဆံစစ်ကြောရေး စခန်းတွင် ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရသည့် ဒဏ်ရာကြောင့် ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်မြို့ စံပြဆေးရုံတွင် ကာလကြာမြင့်စွာ မိသားစုက ငွေကြေးကုန်ကျခံ ကုသခဲ့ရသည်။

“သွေးတွေ ခဏခဏအန်တော့ ဆေးရုံခဏခဏပို့ထားရတယ်၊ အဲလိုဖြစ်နေရင်း (၁၈) ရက်နေ့၊ ည (၉) နာရီမှာ ဆုံးသွားတာပါ၊ ငွေလည်း တော်တော်ကုန်တယ်၊ ဆေးရုံက ဆရာဝန်တွေက နောက်ဆုံး မရတော့ဘူးပဲပြောပါတယ်၊ အတွင်းကြေကြေတယ်၊ ခေါင်းမှာလည်းထိတယ်လို့ပဲ ပြောတယ်၊ အရူးထောင်မှာလဲ (၇) ရက်လောက်ကြာတယ်၊ မိဘတွေကတော့ လုံးဝမကျေနပ် ဘူး၊ ကြောက်လဲကြောက်နေကြတော့ ဖြစ်ချင်တာဖြစ်ဆိုပြီး ရင်ထုမနာဖြစ်နေကြတယ်လေ”ဟု (၁၂) ရပ်ကွက်တွင်နေထိုင်သူတဦးက ပြောသည်။

အဖ ဦးစိုးသန်း၊ အမိ ဒေါ်မြမြသန်းတို့နှင့်အတူ အိမ်အမှတ် (၂၅၇)၊ အမှတ် (၁၂) ရပ်ကွက်တွင် နေထိုင်သူ ကိုကျော်ကျော်၏ရုပ်အလောင်းအား နေအိမ်တွင် ၅ ရက်ထားပြီးမှ မီးသင်္ဂြိုလ်မည်ဖြစ် သည်။

စစ်အစိုးရအနေဖြင့် ပြီးခဲ့သည့် နှစ်စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် သံဃာနှင့် ပြည်သူ များ၏ ဆန္ဒပြမှုအား အကြမ်းဖက်နှိမ်နင်းခဲ့ရာတွင် ဘုန်းတော်ကြီးကျောင်းများအား ညအချိန်တွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် သံဃာတော်နှင့် ပြည်သူအများအပြားကို ရိုက်နှက်ဖမ်းဆီး ထိန်းသိမ်းထားဆဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဂျပန်နိုင်ငံရောက်မြန်မာများချီတက်ဆန္ဒပြခြင်း

ဇွန်လ (၁၉)။ တိုကျို


Friday, June 20, 2008

ဗြိတိန်ဝန်ကြီးချူပ် ဂေါ်ဒန်ဘရောင်း နှင့် ပြင်သစ်သမ္မတ ဆာကိုဇီး တို့က ဒေါ်အောင်ဆန်းစု ကြည် လွတ်မြောက်ဘို့တောင်းဆို



ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းနှင့် ပြင်သစ်သမ္မတ နစ်ကိုးလပ်စ်ဆာကိုဇီ တို့မှ
ဒေါ်အောင်ဆန်းစုကြည်သို့ အိတ်ဖွင့်ပေးစာ (မြန်မာပြန်)
၁၉-၆-၂၀၀၈

ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား …
ဗမာပြည်မှာ ဒီမိုကရေစီနဲ့ လူသားဘဝ ပီသရေးအတွက် အမရဲ့တသက်တာ ကြံ့ကြံ့ခံ တိုက်ပွဲဝင်မှုဘက်မှာ ကျနော်တို့ ထောက်ခံရပ်တည်ကြောင်း ထပ်လောင်းပြောပြဖို့ အမရဲ့မွေးနေ့အခါသမယ အခွင့်အလမ်းကို ကျနော်တို့ သုံးပါရစေ။ အမဟာ တခြားလူတွေရဲ့ လွတ်လပ်ခွင့်အတွက် ကိုယ့်လွတ်လပ်ခွင့်ကို စတေးခဲ့ပါတယ်။ အမရဲ့ ပြည်သူတွေအတွက် သူမတူတဲ့ သတ္တိနဲ့ စွန့်လွှတ်ပိုင်းဖြတ်မှုကို အမ ပြခဲ့ပါတယ်။

အကျယ်ချုပ်ကနေ အမ လွတ်မြောက်ရေးနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးအနာဂတ်မှာ အမ လွတ်လပ်စွာ ပါဝင်ဆောင် ရွက်ခွင့်ရှိရေးဟာ အချက်အချာ ဖြစ်နေဆဲပါ။ မကြာခင်က လုပ်သွားခဲ့တဲ့ ဆန္ဒခံယူပွဲဟာ ပြည်သူ့ဆန္ဒ သဘောထားကို အမှန်တကယ် ထင်ဟပ်မှုအဖြစ် ယုံကြည်အားထားနိုင်စရာ မရှိသလို အခြေခံဥပဒေသစ်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုအတွက် ခိုင်ခန့်တဲ့ အခြေအမြစ်ကို မဆောင်ကျဉ်းပေးနိုင်လို့ ကျနော်တို့ ယုံကြည်မိပါတယ်။ အရပ်ဖက် အတိုက်အခံတွေ၊ တိုင်းရင်းသားလူမျိုးတွေရဲ့ ကိုယ်စားလှယ်တွေ အပြည့်အစုံ ပါဝင်တဲ့၊ အားလုံးအကျုံးဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တခုကို အချိန်မဆိုင်းဘဲ စတင်ဖို့ မြန်မာအစိုးရကို ကျနော်တို့ တောင်းဆိုလိုက်ပါတယ်။

လက်ရှိ လိပ်ခဲတည်းလည်း အခြေအနေကနေ ဖောက်ထွက်နိုင်ဖို့အတွက် စစ်ခေါင်းဆောင်ပိုင်းနဲ့ စစ်မှန်ပြီး အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ အမအနေနဲ့ အသင့်ရှိတာကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒီလို လူသားပီသပြီး ဆင်ခြင်တုံတရားလွှမ်းတဲ့ စကားသံဟာ နားပေါက်တွေကို ထွင်းဖောက်နိုင်လိမ့်မယ်ဆိုတာ ကျနော်တို့ သေချာပေါက် ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိအနေအထားဟာ ဘယ်လိုမှ ကျေနပ်စရာလည်းမကောင်း၊ အရှည်သဖြင့်လည်း တည်တံ့နေလို့ မရနိုင်ဘူးဆိုတာနဲ့ ပြတ်သားရဲရင့်တဲ့ ရှေ့ဆောင်ရှေ့ရွက် အစချီချက်တွေ၊ အပေးအယူ အလျှော့အတင်းတွေ လုပ်ဖို့လိုတယ်ဆိုတာကို လူအများက အခုအခါ သဘောပေါက်ဖို့ လိုအပ်လာလို့ ဖြစ်ပါတယ်။

ကျနော်တို့ဟာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ပြီးနောက်ပိုင်း လူသားချင်းစာနာရေး အခြေအနေအပေါ် အလွန်တရာမှ စိုးရိမ်ပူပန်မိပါတယ်။ နဂိုကတည်းက အခြေခံလူ့လွတ်လပ်ခွင့်တွေ စီးပွားရေး အခွင့်အလမ်းတွေ ဆုံးရှုံးကင်းမဲ့နေရတဲ့ မြန်မာပြည်သူတွေဟာ အဲသလို ကြီးကျယ်လှတဲ့ သဘာဝကပ်ဘေးကြီးဒဏ် ခံရလေခြင်းဆိုပြီး အထူးဝမ်းနည်း စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါ့အပြင် နိုင်ငံတကာက အကူအညီပေးဖို့ ကမ်းလှမ်းချက်တွေကို စောစီးစွာကတည်းက လုံလုံလောက်လောက် လက်မခံတဲ့ အပေါ်မှာလည်း ရင်နင့်အောင် ဝမ်းနည်းမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဆီယံနိုင်ငံတွေနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့က လှုပ်ရှားတုန့်ပြန်မှုတခုကို အစချီနိုင်လိုက်ပြီး ဘန်ကီမွန်းကလည်း ဒီဖြစ်စဉ်ကို ကိုယ်တိုင်ကိုယ်ကျ အားပေးထောက်ခံခဲ့တာကြောင့် ကျနော်တို့ ဝမ်းသာမိပါတယ်။ ဒေသဆိုင်ရာ ကူညီရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ ကူညီရေးအဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေဟာ အားတက်စရာပါပဲ၊ ဒါပေမယ့် အရေးတကြီးလိုအပ်နေတဲ့ ပြည်သူလူထုဆီ ဒီအကူအညီတွေ သေချာပေါက်ရောက်စေဖို့နဲ့ နောက်ထပ် အသက်ဆုံးရှုံးမှုတွေ၊ ဝေဒနာခံစားရမှုတွေကို ကာကွယ်တားဆီးနိုင်ဖို့ လုပ်ဆောင်စရာ အများကြီး လိုအပ်နေပါသေးတယ်။ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က ကယ်ဆယ်ရေး လုံးပမ်းမှုမှာ အားဖြည့်ကူညီပေးဖို့ ချက်ချင်းဆုံးဖြတ် တာဝန်ယူခဲ့ပြီး ရေရှည်ပြန်လည်တည်ဆောက်ရေးအတွက် အာဆီယံယန္တရားကိုလည်း အားပေးထောက်ခံသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှ ကြိုးပမ်းအားထုတ်မှုရဲ့ အောင်မြင်မှု မအောင်မြင်မှုဟာ မြန်မာအစိုးရရဲ့ လုပ်ရပ်တွေ၊ မြန်မာအစိုးရ ချမှတ်တဲ့ စည်းကမ်းချက်တွေအပေါ် မူတည်ပါလိမ့်မယ်။

မြန်မာနိုင်ငံက များပြားလှတဲ့ အစုအဖွဲ့တွေရဲ့ မျှော်လင့်ချက်တွေကို ရင်ကြားစေ့ ညှိနှိုင်းပေးနိုင်တဲ့ အမရဲ့ စွမ်းအားကိုရော တိုင်းပြည်ရဲ့ အမျိုးသားစုစည်း တည်တံ့ရေးအပေါ် အမရဲ့ ထက်သန်စူးနစ်မှုကိုပါ ကျနော်တို့ လေးစား သဘောကျမိပါတယ်။ ဒီတိုက်ပွဲထဲမှာ အမနဲ့တကွ အမပြည်သူတွေကို ကျနော်တို့ မေ့ပစ်မှာ မဟုတ်ပါဘူးခင်ဗျား။

ဂေါ်ဒွန်ဘရောင်း၊ နစ်ကိုးလတ်စ်ဆာကိုဇီ

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပြည်သူ့ လွှတ်တော် အမြန်ဆုံးခေါ်ယူ ဖွဲ့ စည်းပေးပါတဲ့။




ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲအခမ်းအနားသို့ စွမ်းအားရှင်များဝင်ရောက်ရိုက်နှက်ဖမ်းဆီး

ပီတာအောင်/ ၁၉ ဇွန် ၂၀၀၈ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်၌ ယနေ့နံနက်တွင် ကျင်းပသည့် ဒေါ်အောင်ဆန်း စုကြည်၏ (၆၃) နှစ်ပြည့် မွေးနေ့ပွဲသို့ စစ်အစိုးရလက်သပ်မွေးထားသည့် စွမ်းအားရှင်နှင့် ကြံ့ဖွံ့ များက ၀င်ရောက်ရိုက်နှက်ပြီး လူ (၄) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အန်အယ်လ်ဒီက ပြောသည်။

အန်အယ်လ်ဒီ ပါတီဝင်တဦးက “မနက်က (၁၁) နာရီလောက်က ဒီမှာ ဒေါ်စုမွေးနေ့ လုပ်တာ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆုတောင်းကြတာပေါ့။ ဆုတောင်းပြီး ကျနော်တို့ရုံးရှေ့ ပလက်ဖောင်းပေါ်ကနေ ငှက်လွှတ်တယ်ပေါ့။ စာကလေးတွေ သက်စေ့လွှတ်ပြီးတဲ့အချိန်မှာ ကြံ့ဖွံ့တွေ ကားတွေနဲ့ ရောက်လာပြီးတော့ ဆင်းလာပြီး ရှေ့မှာရှိတဲ့ လူတွေကို ဆွဲလွှဲရိုက်နှက်ပြီး ဖမ်းချုပ်ခေါ်သွားတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူများမှာ အဖွဲ့ချုပ် ဗဟန်းမြို့နယ် လူငယ်အတွင်းရေးမှူးနှင့် မှတ်တမ်းတင်ဓာတ်ပုံ
ဗီဒီယို ရိုက်ကူးသူ ဦးထွန်းမြင့်၊ လှိုင်သာယာမှ ဦးလှအေး၊ မင်္ဂလာဒုံမြို့နယ်မှ ကိုမောင်မောင်သိန်းနှင့် အမျိုးသမီးအဖွဲ့ဝင်တဦးတို့ဖြစ်ကြောင်း၊ သံဃာတော်တပါး ဖမ်းဆီးခံရသည်ဟု သတင်းထွက်နေ သော်လည်း အတည်မပြုနိုင်သေးကြောင်းနှင့် အမျိုးသမီးငယ်တဦး အရိုက်ခံရပြီး ဒဏ်ရာရရှိ သွားကြောင်း အန်အယ်လ်ဒီ ရန်ကုန်တိုင်း အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က ပြောသည်။

ယခုနှစ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့၌ ပြည်သူလူထုနာဂစ်မုန်တိုင်းဒဏ်ခံနေရသဖြင့် ပျော်ပွဲရွှင်ပွဲ မကျင်းပဘဲ အလှူဒါနပွဲသာ ကျင်းပခဲ့ကြောင်း၊ အဖွဲ့ချုပ်ရုံး၌ မွေးနေ့ဆွမ်းကပ်လှူရန် သံဃာတော် များအား ပင့်ဖိတ်ခဲ့သော်လည်း အာဏာပိုင်တို့၏ တားမြစ်ပိတ်ပင်မှုကြောင့် သံဃာတော်များ ကြွခွင့် မရဘဲ ဆွမ်းချိုင့်သာပို့ခွင့်ရခဲ့ကြောင်း အန်အယ်လ်ဒီဗဟိုအမျိုးသမီးအဖွဲ့မှ ဒေါ်လဲ့လဲ့က ပြောသည်။

၎င်းက “မွေးနေ့မှာ ဘုန်းတော်ကြီးတွေကိုဆွမ်းကပ်ပြီး ကုသိုလ်ကောင်းမှုလုပ်တယ်။ အကျဉ်းကျနေ တဲ့လူတွေ လွတ်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငှက်ကလေးတွေ လွှတ်တယ်။ ဒီလိုလုပ်တာကို အဟန့် အတား အနှောင့် အယှက်တွေပေးတာ။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မလုပ်ကောင်းပါဘူး။ အန်တီ တို့က သူများကို အနှောင့်အယှက်ပေးတာလည်း မဟုတ်ဘူး၊ ကိုယ့်ရုံးရှေ့မှာကိုယ် ကုသိုလ် ကောင်းမှုလုပ်ခြင်းဖြစ်တယ်။ ခုလိုဝင်ပြီးတော့ ဖမ်းလားဆီးလား ရိုက်လားနှက်လား လုပ်တာဟာ ဗုဒ္ဓဘာသာနဲ့ လုံးဝမအပ်စပ်ပါဘူး။ ဘယ်လိုမှ မကောင်းပါဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းကျ ထိန်းသိမ်းခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ၏ သားသမီး (၇၀) ကျော်တို့အား အန်အယ်လ်ဒီက ပညာသင်ဆု ချီးမြှင့်ပေးအပ်ခဲ့ ကြောင်းလည်း သိရသည်။

အလားတူ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ဂျပန်၊ တိုင်ဝမ် စသည့် နိုင်ငံတို့၌လည်း မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပွဲများ အသီးသီး ကျင်းပခဲ့ကြပြီး နေအိမ်အကျယ်ချုပ်မှ အမြန်ဆုံးပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

Mr. Creator ရဲ့ အမေ့အတွက် အမှတ်တရ

Thursday, June 19, 2008

Fear and Silence




မုန်တိုင်းကို ဦးလှည့်ပေးကြစို့

ဗိုလ်မှူးအောင်လင်းထွဋ်၏ စာ




မိုးကုတ်မြို့ရေကြီးခြင်း နအဖ စိတ်မ၀င်စား ရေကြီးမှုထပ်ဖြစ်မည်ကို မြို့ခံများ စိုးရိမ်နေ

NEJ/ ၁၈ ဇွန် ၂၀၀၈

မိုးကုတ်မြို့ရေကြီးရခြင်း၏ အဓိက အကြောင်းရင်းမှာ ကျောက်မျက် ဖက်စပ်လုပ်ငန်းများ တောင်ဖြို ချခြင်းကြောင့်ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

ဇွန်လ (၁၂) ရက်တွင် မိုးကုတ်မြို့၌ ရေကြီးပြီး မြေပြိုခဲ့သည့်အတွက် လူများသေဆုံးပြီးနောက်ပိုင်း အလားတူဖြစ်ရပ်မျိုး ထပ်မံ ကြုံလာမည်ကို မြို့ခံများက စိုးရိမ်ထိတ်လန့်နေကြသည်။

ယခုကဲ့သို့ မိုးကုတ်မြို့ ရေကြီးရခြင်းမှာ မိုးကုတ်မြို့တွင် အဓိကစီးဆင်းနေသည့် ရေနီချောင်း ရေလျှံမှုကြောင့်ဖြစ်ပြီး ယင်းရေနီချောင်းသည် ကျောက်မျက်တူးဖော် လုပ်ကိုင်နေကြသော ရပ်ကွက်များအနီးမှ မြစ်ဖျားခံလာပြီး မြို့လယ်ရှိ ရပ်ကွက်များကို ဖြတ်၍ စီးဆင်းကြောင်း သိရသည်။

“ကျောက်မျက်ဖက်စပ်လုပ်ငန်းတွေက တောင်တွေကို ဖြိုချတာ။ အဲဒီကနေ ရေနဲ့အတူ မျောလာတဲ့ သဲမြေတွေဒဏ်ကို မခံနိုင်ဖြစ်တာ၊ ရေတွေဒလဟော စီးလာတာတွေကို မခံနိုင်လို့ အခုလို ရေကြီး တာဖြစ်တာပဲ” ဟု မိုးကုတ်ဒေသခံ ဦးကံညွန့်က ပြောသည်။

အခြား မိုးကုတ်မြို့ခံတဦးကလည်း “အရင်နှစ်တွေက ရေကြီးတယ်။ ဒါပေမယ့် လူမသေဘူး။ ဒီနှစ်က လူသေတာ ပထမဦးဆုံးပဲ။ (၁၅) ယောက်ဝန်းကျင်လောက် သေတယ်။ ဒဏ်ရာရတဲ့
သူတွေများတယ်၊ အခု မိုးရာသီ စတာပဲရှိသေးတယ်။ နောက်ထပ် (၄) လလောက် မိုးတွေ ရွာနေမယ်ဆိုရင် အခုလိုမျိုး ရေကြီးမှုတွေ ပေါ်နေမှာပဲ၊ သေချာတယ်” ဟု ပြောသည်။

ရေကြီးရခြင်းအကြောင်းရင်းမှာ မိုးကုတ်မြို့ နေရာအနှံ့မှ စီးဆင်းသော ရေများ ရေနီချောင်းသို့
စီးဝင်ပြီး မြို့လယ်တည့်တည့်ကိုဖြတ်ကာ စီးဆင်းခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

မိုးကုတ်မြို့ခံ ဦးနီတွတ်က “ကျောက်မျက် ဖက်စပ်လုပ်ငန်းတွေ၊ မြန်မာ့စီးပွားရေး ဦးပိုင် လုပ်ကွက် တွေက ကျောက်တူးတဲ့နေရာကနေ ဖြိုချလိုက်တဲ့ တောင်မြေတွေ ရေနဲ့တိုက်စားပြီးကမ်းပါးတွေ၊ ကျင်းထဲက ထုတ်ထားတဲ့ သဲမြေတွေဟာ ဒီချောင်းထဲကိုပဲ ရောက်လာကြတာ။ ပြီးတော့ မြေတူး စက်တွေကလည်း မြေတွေကို ရေနီချောင်းထဲကိုပဲ သွန်ချတယ်။ ဒါကြောင့် ဒေသခံတွေက ရေနီ ချောင်းကို ရေတွေ လျှံမတက်လာနိုင်အောင် အုတ်ရိုးစီကာထားတယ်။ ရေက မြင့်လာလိုက်၊ အုတ်ရိုးအကာ မြင့်လာလိုက်ပေါ့။ ရေနီချောင်းမှာ ရေတွေနဲ့အတူ ကျောက်ခဲတွေ အားလူးသီးကနေ ထောပတ်သီးအထိ ရှိတယ်” ဟု ပြောသည်။

ယင်းသို့ ကျောက်မျက်ဖက်စပ်လုပ်ငန်းများကြောင့် မိုးကုတ်မြို့၏ အနေအထားမှာ နှစ်စဉ်ရေကြီး ရေလျှံကာ မြေပြိုမှုများဖြစ်နေသည်ကို နအဖက မသိကျိုးကျွန်ပြုနေသည်ဟုလည်း ၎င်းက ပြောသည်။

“အစိုးရမသိတာဆိုလို့ ဘာမှမရှိဘူး၊ မသိသလိုနေတာ။ ဦးပိုင်ဆိုတာလည်း နအဖလုပ်ငန်းပဲ။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်မယ်ဆိုပြီး ပညာပေး ပိုစတာတွေ၊ နံရံကပ်ကြော်ငြာတွေ ပလူပျံနေတယ်။ ဘာတခုမှ မလုပ်ဘူး။ တနှစ်ပြီးတနှစ် ဒီသဘာဝပတ်ဝန်းကျင် သတိပေး နှိုးဆော် စာတွေကို အသစ်ပြောင်းကပ်တယ်။ ဒါပေမယ့် ဒီကျောက်မျက်တူးတာကြောင့် ရေကြီးတဲ့ကိစ္စကို ဘယ်လိုမှ ခေါင်းထဲမထည့်ဘဲ မသိသလိုနေတာ” ဟု ဦးနီတွတ်က ပြောသည်။

မိုးကုတ်မြို့၏ အဓိကချောင်းဖြစ်သည့် ရေနီချောင်းထဲသို့ အမှိုက်များမပစ်ရန်၊ ကျောက်မျက်တူးဖော် သည့်အခါ အသုံးပြုထွက်လာသည့်ရေများကို ရေစစ်ကန်ပြုလုပ်ပြီး အနည်ထိုင်ပြီး ရေများကိုသာ ချောင်းတွင်းလွှတ်ရန်နှင့် ကျောက်မျက်တူးဖော်နေသည့် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး ရှေ့တန်းမတင်ဘဲ မြို့နေပြည်သူများကို စာနာရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။

နအဖအနေဖြင့် ယခုကဲ့သို့ ရေကြီးမှုဖြစ်ပေါ်နေခြင်းကို စိတ်ဝင်စားမှုမရှိကြောင်း၊ ယမန်နှစ်ကလည်း ရေကြီးခဲ့ကြောင်း၊ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် ကျောက်မျက်တူးသူများအား နှိုးဆော်မှုများ မပြုလုပ်ခဲ့ကြောင်း၊ ထိုကျောက်မျက်သမားတို့၏ ပယောဂကြောင့် ယခုကဲ့သို့ ရေကြီးခြင်းဖြစ်ပြီး ၎င်းတို့မှာ နအဖလက်အောက်ခံ ဦးပိုင်ကုမ္ပဏီဖြစ်ကြောင်း မြို့ခံများက ပြောသည်။

Wednesday, June 18, 2008

အနိုင်းမဲ့ မေတ္တာရှင်

မကြာခင် မြောင်းထဲရောက်တော့မယ့် သူများ

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ပြည်ပရောက်ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ၏ ကြေညာချက်။

Daw Aung San Suu Kyi Birthday celebration in Korea

Tuesday, June 17, 2008

MRTV ဆိုသည်မှာ

MRTV
•နိုင်ငံတကာသတင်းဆိုသည်မှာ CCTV ကိုဆိုလိုခြင်းဖြစ်သည်။

•အခြားနိုင်ငံမှ မိမိထံလာပါက "ဂါဝရပြုတွေ့ဆုံ"ရန်လာခြင်းဖြစ်ပြီး ၊မိမိကသွားရသူဖြစ်ပါက "သွားရောက်တွေ့ ဆုံ" ဟုသုံးစွဲရသည်။

•သတင်းကြော်ငြာနေစဉ် နောက်မှလူတစ်ယောက်စ နှစ်ယောက်စ မှအလုပ်ရှုပ်ဟန်ဆောင်ပြရသည်။(ဥပမာ ကျောပေး၍တောင်ခြစ်မြောက်ခြစ်လုပ်နေရန်)

•နိုင်ငံခြားဇာတ်လမ်းဆိုသည်မှာ "တရုတ်" သို့မဟုတ် "ကိုရီးယား" ဇာတ်လမ်းများကို ကိုဆိုလိုခြင်းဖြစ်သည်။

•နိုင်ငံတော်အကြီးအကဲများသည် "လိုအပ်သည်များကိုဖြည့်စွက်မှာကြား၍ပြန်လည်ထွက်ခွာ" သွားသူများသာဖြစ်ကြသည်။

•ပြည်သူလူထုဆိုသည်မှာ "အဖြူနှင့်အစိမ်း" သို့မဟုတ် “အဝါရောင်ဝမ်းဆက်” သို့မဟုတ် “အပြာရောင်ဝမ်းဆက်" များသာ ဝတ်ဆင်ကြသည်။

•မြန်မာနိုင်ငံတော်သည် ကြီးမားလွန်းသဖြင့် နေ့မအားညမနား အနှစ် နှစ်ဆယ်နီးပါးတည်ဆောက်သော်လည်း လမ်း၊တံတားများ ဆောက်၍မကုန်နိုင်။

•နိုင်ငံတော်၏အသုံးစရိတ် နှင့်ရသုံးမှန်းခြေငွေစာရင်း သည်ပြည်သူများအားထုတ်ပြန်ရန်မလိုအပ်ချေ။(ဝါ) အသိပေးရန်မလိုအပ်။

•ယင်းသို့မထုတ်ပြန်သော်လည်းလမ်း၊တံတား၊ဆည်မြောင်းများဆောက်လုပ်ရာတွင်နိုင်ငံတော်မှစေတနာဖြင့်အကုန်အကျခံပေးနေရသည်။

•စစ်သားများပင်ဖြစ်လင့်ကစား နိုင်ငံတော်အကြီးအကဲများ သည် လယ်ယာလုပ်ငန်းမှအစ ပိဋိကတ်သုံးပုံးအဆုံး ကျွမ်းကျင်နှံ့စပ်ကြရာ ဝိနည်းတော်နှင့်အညီ နေထိုင်နိုင်ရန် ရဟန်းများအားညွှန်ကြားနိုင်သည်။

•မည်သည့်အခါမှ အစိုးရနှင့်ပြည်သူ သဘောထားကွဲလွဲမှုများမရှိသော်လည်း "ပြည်ပအားကိုးပုဆိန်ရိုး"ဆိုသည့်လူနည်းစု အတွက် မြန်မာ့အသံမှ "စစ်မှန်သောမျိုးချစ်စိတ်ဓာတ်" ဆိုသည့်ဖွင့်ဆိုချက်ကိုလွင့်ထုတ်ပေးနေရသည်။

•နိုင်ငံတော်အကြီးအကဲများ ဘုရားကျောင်းကန်တက်ခြင်း သည် သတင်းထူးဖြစ်သည်။

•ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမ များသည် ပညာရေး၏အရေးပါပုံကို မသိကြချေ။နိုင်ငံတော်အကြီးအကဲများက ရံခါမလပ်
ပညာရေးသည်အရေးကြီးသည်ဟုမှာကြားရသည် ဟူ၏။

•အမြဲကြားရလေ့ရှိသည့်စကားလုံးများ"ဖွံ့ဖြိုးတိုးတက်လာခြင်း နှင့် အချိန်နှင့်တပြေးညီဆောင်ရွက်ခြင်း"

•အမြဲ မကြားရ သောစကားလုံးများ "စီးပွားရေးကျဆင်းခြင်း ၊ နှောင့်နှေးကြန့်ကြာ သွားခြင်း"

•မေးခွန်းနှင့်အဖြေ မှန်အောင်မဖြေ နိုင်ပါက ပြန်ကြားရေး ဝန်ကြီး ဖြစ်နိုင်သည်။ (မှတ်ချက်။ ဥပဓိကောင်းရန်မလို။)

စစ်ခေါင်းဆောင်များအား ဖမ်းဆီး၍ရုံးတင်စစ်ဆေးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များတောင်းဆို

ရိုးမ ၃။ ဇွန် ၁၆၊ ၂၀၀၈

ဧရာဝတီမြစ်ဝကျွန်းပေါ်သို့ ကယ်ဆယ်ရေးတပ်ဖွဲ့များ အမြန်ဆုံးအင်အားသုံးဝင်ရောက်ပြီး လေဘေး ဒုက္ခသည်များအပေါ် တာဝန်မဲ့လျစ်လျူရှူနေသည့် မြန်မာစစ်ခေါင်းဆောင်များအား ဖမ်းဆီး၍ နိုင်ငံတကာတရားရုံးတွင် ရုံးတင်စစ်ဆေးရန် ပြည့်သူကိုယ်စားလှယ်များက ယနေ့ တောင်းဆိုလိုက်သည်။

(၁၉၉၀) ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ ပြည်သူလွှတ်တော်ကိုယ်စားလှယ်များက နအဖ စစ်အစိုးရ၏ လေဘေးသင့်ဒုက္ခသည်များအပေါ် လူသားချင်းဆိုင်ရာ ညှာတာထောက်ထားခြင်း မရှိဘဲ ရက်ရက်စက်စက်ပြစ်မှုများ ကျူးလွန်လုပ်ဆောင်နေသည့်ကိစ္စရပ်များကို အမှတ်စဉ် အလိုက် ရေးသား၍ တိုက်တွန်းတောင်းဆိုလိုက်ခြင်း ဖြစ်သည်။

စစ်အစိုးရအနေဖြင့် မုန်တိုင်းသတင်းကို ကြိုတင်သိရှိထားသော်လည်း ပြည်သူလူထုအား မှားယွင်းစွာ ထုတ်ပြန်အသိပေးခြင်း၊ မုန်တိုင်းကျရောက်သည့်ဒေသများမှ ပြည်သူများအား ကြိုတင်အသိပေး ပြောင်းရွှေ့ခိုင်းခြင်း လုံးဝမရှိခဲ့ကြောင်း လွှတ်တော်အမတ်များ၏ ပြောသည်။

ထို့ပြင် ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းမလုပ်ဆောင်သည့်အပြင် ဆန္ဒခံယူပွဲကို ရက် မရွှေ့ဆိုင်းဘဲ အတင်းအကြပ်ပြုလုပ်ကြောင်း၊ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားကာ အကူညီပေးပစ္စည်းများကို အလွဲသုံးစားပြုကြောင်းနှင့် ဒုက္ခသည်များထံ ပြည်တွင်းလုပ် ပစ္စည်းအညံ့စားများဖြင့် အစားထိုးလဲလှယ်မှုများ ပြုလုပ်ခဲ့ ကြောင်း ယင်းတိုက်တွန်းချက်တွင် ဖော်ပြထားသည်။

လေဘေးဒုက္ခသည်များအား ၎င်းတို့ယာယီနေထိုင်သည့် ဒုက္ခသည်စခန်းများမှ မောင်းထုတ်ခြင်း၊ မုန်တိုင်းကြောင့် မိဘမဲ့ဖြစ်သွားသည့်ကလေးများကို ကလေးစစ်သားအဖြစ် စုဆောင်းခြင်း၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းများကို ကျူးလွန်နေသည့်အပြင် ထိရောက်သည့် ဆေးဝါးရိက္ခာများမရသည့်အတွက် ပြည်သူလူထုမှာ အာဟာရချို့တဲ့ကာ ကူးဆက်ရောဂါများ ဖြစ်ပွားနေသည်ဟုလည်း ဖော်ပြထားသည်။

ထို့အပြင် စစ်အစိုးရအနေဖြင့် နိုင်ငံတကာကယ်ဆယ်ရေးလုပ်သားများ ဝင်ရောက်ခွင့်ကို ဆက်လက်ဟန့်တား နှောင့်ယှက်နေခြင်း၊ သေဆုံးသွားသူများအလောင်းကို ကောင်းမွန်စွာ မြုပ်နှံသဂြိုလ်ခြင်းမရှိသည့်အပြင် လူသတ်မှုနှင့် လုယက်မှုများဆက်လက်ဖြစ်ပွားအောင် လုပ် ဆောင်နေခြင်းသည် ပြည်သူများအား အစုလိုက်အပြုံလိုက် သေစေလိုသည့်သဘောဖြင့် ရက်ရက်စက်စက်နှိပ်ကွက်နေကြောင်း တိုက်တွန်းချက်တွင် ဆက်လက်ဖော်ပြထားသည်။

ထိုကဲ့သို့ စစ်အစိုးရသည် မုန်တိုင်းဒုက္ခသည်များအပေါ် တာဝန်မဲ့မှု၊ လျစ်လျူရှူထားမှု၊ ဖိနှိပ်ရက် စက်မှု၊ အဖြစ်မှန်များကို ဖုံးကွယ်ထားပြီး အာဏာဆက်လက်တည်မြဲရေးကိုသာ လုပ်ဆောင်နေ သည့်အတွက် ကုလသမဂ္ဂလုပ်ပိုင်ခွင့် (Responsibility to Protect) ကိုအသုံးပြု၍ ကယ်ဆယ် ရေးအဖွဲ့များ အင်အားသုံးဝင်ရောက်ပြီး ပြစ်မှုကျူးလွန်နေသည့် စစ်ခေါင်းဆောင်များကို နိုင်ငံ တကာတရားရုံးတွင် ရုံးတင်စစ်ဆေးရန်အတွက် ဖမ်းဆီးခေါ်ဆောင်ရန် လွှတ်တော်အမတ်များ က တိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။

ကျမရဲ့ဧရာဝတီ

ငယ်ဆူးအိမ်

Scrambling for classrooms in Myanmar

June 11: Teachers in cyclone stricken Myanmar search for books and classrooms. Msnbc.com's Dara Brown reports.

ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ဦးဆောင်သည့် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထား

ကိုသက် ဇွန် ၁၆၊ ၂၀၀၈

လူရွှင်တော် ဇာဂနာနှင့် အာကစားအယ်ဒီတာ ဇော်သက်ထွေးတို့ ၂ ဦးကို အာဏာပိုင်တို့က ဖမ်းဆီးထိန်းသိမ်း ထားသဖြင့် ၎င်းတို့ဦးဆောင်လုပ်ကိုင်နေသည့် ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့နှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သူတဦးက “တယောက်ပြီး တယောက် အဖမ်းခံနေရလို့ အဲဒီလုပ်ငန်းကို ကျနော်တို့ ခဏဆိုင်းထားပါတယ်။ နောက်ဆုံး အသုတ်အနေနဲ့ လပ္ပတ္တာကို ဦးအောင်လွင် ဦးဆောင်ပြီးသွားလှူတာ မနေ့ညက ပြန်လာခဲ့ပြီ။ တဘက်က (အာဏာပိုင်က) ကိုင်တွယ်တာတွေက သိပ်ကြမ်းတယ်လေ … တယောက်တလေမှာ သူတို့မကြိုက်တာရှိရင် အကုန်လုံး တနွယ်ငင် တစင်ပါ ဖြစ်သွားမှာ ဆိုးရိမ်တယ်။ အဲဒါကြောင့် တိုင်ပင်ပြီးရပ်လိုက်တာ၊ အလှူရဖို့လည်း မကြိုးစား တော့ဘူး” ဟု ဧရာဝတီကို ပြောသည်။

မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့ကို နာဂစ်အမည်ရှိ အင်အားကြီး မားသည့် ဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်းတိုက်ခိုက်ခဲ့ရာ အသက်ပေါင်းတသိန်းကျော်ဆုံးရှုံးခဲ့ပြီး လူသန်းချီကာ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသည်ဟု ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ကြေညာခဲ့သည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက် ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့သည် စာပေနှင့် ရုပ်ရှင်အသိုင်းအ၀န်းရှိ လုပ်ဖော်ကိုင်ဖက် များအပါအ၀င် လူမှုကယ်ဆယ်ရေးလုပ်ကိုင်လိုသူများနှင့် ပူးပေါင်းကာ မုန်တိုင်းဒဏ်ခံရသည့် ဒေသများသို့သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြသည်။

အာဏာပိုင်တို့က ဇွန်လ ၁၃ ရက်နေ့က ကိုဇော်သက်ထွေးအား မြန်မာနိုင်ငံအလယ်ပိုင်း မကွေးမြို့တွင် ဖမ်းဆီးခဲ့ပြီး ကိုဇာဂနာအား ယခုလ ၄ ရက်နေ့ညတွင် ရန်ကုန်မြို့နေအိမ်၌ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ကိုဇော်သက်ထွေးအား ရန်ကုန်မြို့ အောင်သပြေ စစ်ကြောရေးစခန်း၌ ဖမ်းဆီးထားကြောင်းကို မိသားစုမှတဆင့် စုံစမ်းသိရှိရသည်။

၎င်းတို့ ၂ ဦးကို မည့်သည့်အတွက်ကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည်ကို အာဏာပိုင်တို့က မိသားစုဝင်များကို အသိပေး အကြောင်းကြားခြင်း မရှိပေ။

၎င်းတို့ ၂ ဦးသည် မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့်အတောအတွင်း အကူပစ္စည်းများအား အာဏာ ပိုင်အဖွဲ့အစည်းများက အလွဲသုံးစားပြုလုပ်ပုံနှင့် ဝေးလံသီခေါင်သည့် ရွာများရှိ လေဘေးဒုက္ခသည်များ ကူကယ်ရာမဲ့နေပုံ များကို လွတ်လပ်သည့်သတင်းဌာနများအား ပြောဆိုခဲ့ရာ ယင်းလုပ်ရပ်များကြောင့် အဖမ်းခံရခြင်းဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သူများက သုံးသပ်ကြသည်။

“ကျနော်တို့ကတော့ အမျိုးသားရေးအမြင်နဲ့ ကူညီရတာပါ။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်လိုက်ရပေမယ့် ကျနော်တို့က တဆင့် လှူဒါန်းချင်တဲ့ အလှူရှင်တွေရှိပါသေးတယ်။ လေဘေးဒုက္ခသည်တွေမှာလည်း အကူအညီ လိုအပ်နေဆဲပါ” ဟု ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့နှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်ခဲ့သူက ပြောသည်။

Sunday, June 15, 2008

“အောင်ပွဲအတွက်ပြင်ဆင်ကြပါစို”့ 

ကောင်းဇေ
နအဖစစ်အုပ်စုကတော့ သိန်းပေါင်းများစွာသော ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေတာကိုလည်း ဂရုမစိုက်၊ နိုင်ငံတကာ က တောင်းဆို မေတ္တာရပ်ခံနေတာကိုလည်း ဂရုမစိုက်ဘဲသူတို့လုပ်ချင်တာလုပ် မည်။ ကြမ်းချင်သလို ကြမ်းမည်ဆိုပြီး ဘီလူးဆိုင်းတီးပြီး ထွက်လာလေပြီ။

နအဖအာဏာပိုင်တွေရဲ့  တာဝန်ယူမှုမဲ့စွာ၊ ပစ်စလက်ခတ်နိုင်မှုများကြောင့်ပြည်သူတွေ သိန်း၊သန်း ပေါင်းများစွာရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်များ၊ ဘ၀များ နာဂစ်မုန်တိုင်းအောက်တွင် ချေဖျက်ခံခဲ့ရသည်။ ခံလည်းခံနေရဆဲဖြစ်သည်။ အဲဒီအတွက် သူတို့ကိုယ်တိုင်လည်း ဘာမှ ဟုတ်တိပတ်တိ မလုပ်နိုင်၊ အခြေအနေမှ အမြတ်ထုတ်ရန်သာစဉ်းစားနေပြီး စေတနာနဲ့ ကူညီပေးဖို့လည်း ဆန္ဒကမရှိ။ ဒုက္ခရောက်နေ သောပြည်သူ တွေကို တကယ်ကူညီချင်သူတွေ၊ ထိထိ ရောက်ရောက် ကူညီနိုင်သူတွေ၊ အလှုရှင် တွေကိုကြတော့ ပိတ်ပင်တားဆီးထားပြီး ဒုက္ခသည် ပြည်သူ တွေကို ခွေးစားစား၊ ကျီးထိုးထိုး၊ (ငါးပူတင်းထိုးထိုး) ဆိုပြီး ပစ်ထားသည်။

ထို့အပြင် တတိုင်းပြည်လုံးအား စစ်ကျွန်ဇာတ်သွင်းမည့် သူတို့ရဲ့  ဆန္ဒခံယူပွဲကိုတော့ ဒုက္ခရောက် နေတဲ့ ပြည်သူတွေကို မှ မထောက်ထားဘဲ အမြတ်ထုတ်ပြီး အရှက်မဲ့စွာဖြင့် တွန်းတင်လုပ်ဆောင်ခဲ့သည်။ အောက်လမ်းနည်းမျိုးစုံ၊ ညစ်ပတ်မှုမျိုးစုံ၊ ခြိမ်းခြောက်မှုမျိုးစုံကို အသုံးချ၍ မရှက်မကြောက် လုပ်ဆောင်ခဲ့ သည်။ ဒီလို အခြေအနေမျိုးမှာတောင် မဲမေးနိုင်သူ အားလုံး၏ ၉၂ ရာခိုင်နှုန်း က ထောက်ခံပါသည်ဆိုပြီး ကြေညာရဲသည်မှာလည်း တကယ်တော့ အထူးအဆန်း မဟုတ်တော့ချေ။ ကြိမ်းသေတာကတော့ရှိသည၊် သူတို့ ဘယ်လိုပင် အတင်းအဓမ္မ ကြေညာနေပါစေ ဒီရလဒ်ဟာ လူထုရဲ့ဆန္ဒအစစ်အမှန် မဟုတ်မှန်း သူတို့ကိုယ်တိုင်လည်း သိသည်၊ ထို့အပြင် ဒါကို ကမ္ဘာကလည်း သိနေသည်။ လူထုအနေနဲ့ကတော့ ပြောစရာပင်မလို။

တကယ်တော့ နှစ်ပေါင်းများစွာ တလျှောက်လုံး အတိုက်အခံဘက်က တောင်းဆိုလာခဲ့သည်မှာ နှစ်ဘက်တွေ့ဆုံဆွေးနွေး၍ စားပွဲဝိုင်းတွင် တိုင်းပြည်ပြဿနာကို အဖြေရှာရေး ဖြစ်သည်။ သို့သော် နအဖ က မသိကျိုးကျွံပြုပြီး အတိုက်အခံကို အတင်း သူတို့ရဲ့လမ်းပြမြေပုံအောက်ကိုဝင်လာပြီး လက်နက်ချခိုင်း သည်။ တွေဆုံဆွေးနွေးရေးကို မလုပ်ဘဲ တံခါးတွေကို တဖက်သတ်ပိတ်ပစ်ထားသည်။ ယခုလည်းသူတို့  ရဲ့လမ်းပြမြေပုံကို တဖက်သတ် ဆက်သွားနေသည်။ သည်လိုတဖက်သတ် ဆက်သွားနေရင်တော့ဖြင့် ဘာ တွေဆက်ဖြစ်လာမယ် … ဘယ်လမ်းကြောင်းကိုဦးတည်နေတယ် ဆိုတာကတော့ ဗေဒင်မေးရင်တောင် ဆန်ကုန်အုံးမှာဖြစ်သည်။ ကြိမ်းသေသည် လူထုတိုက်ပွဲတွေ တခြိမ်းခြိမ်းဖြစ်လာတော့မည်။ အထွေထွေရှားပါးမှု၊ နိုင်ငံရေးအရအနိုင်ကျင့်ခံရမှု မျိုးစုံတို့ကြောင့် ပြည်သူထူထုတွေရဲ့ ဒေါသမှာ ကြိမ်အုံးမီးဖြစ်နေတာကြာပြီ။ စက်တင်ဘာတုံးက သံဃာတော်တွေအပေါ် ကိုပြုမူလုပ်ဆောင်ခဲ့ပုံတွေက မီး ဇာကိုမြှင့်စေခဲ့သည်။ ယခုတော့ ဒီဒေါသတွေကို ဒီမေလ မှာ တိုက်ခတ်သွားခဲ့သည့် မုန်တိုင်း၂ခု(နာဂစ်နှင့် နအဖ၏ နိုင်ငံရေးမုန်တိုင်း) နှင့် အထွတ်အထိပ်သို့ ပို့ဆောင်ပေးခဲ့လိုက်ပြီ။

ဆန်အကြပ်အတည်း၊ လောင်စာဆီ၊ ကုန်ဈေးနှုန်း၊ လစာကိစ္စ၊ ကျောင်းလခကိစ္စ၊ ဆုတောင်းပွဲ၊ မျိုး စုံက တိုက်ပွဲ အစတွေ ဖြစ်လာနိုင်သည်။ မုန်တိုင်းဒဏ်ခံ ဒေသတွေမှာလည်း အကူအညီတွေကို မတရား ပိတ်ပင်နေတာတွေ၊ ဒေသခံအာဏာပိုင်တွေက အကူအညီတွေကို ခေါင်းပုံဖြတ်သိမ်းယူတာတွေ အာခံပြီး လူထုကိုကယ်ဆယ်ကူညီနေရတဲ့ တိုက်ပွဲငယ်လေးတွေကလည်း နေ့စဉ်လိုတခြိမ်းခြိမ်း ဖြစ်နေသည်။ ဒီတော့ တိုက်ပွဲရဲ့အစဟာ အမျိုးမျိုးဖြစ်နိုင်ပြီး၊ မထင်မှတ်တဲ့ ပုံစံအမျိုးမျိုးနဲ့ လာတော့မှာဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးပန်းတိုင်ကတော့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးကို ဦးတည်တဲ့ တိုက်ပွဲကြီးတွေကိုသာ ဦးတည်မှာပဲ ဖြစ်သည်။ ဤသည်ကတော့ မြေကြီးလက်ခတ်မလွဲပင်။

ဒီတော့ အခုအချိန်မှာ ကိုယ့်ကိုကိုယ် မညှာဘဲ မေးခွန်းထုတ်ရတော့မည်။ မေးရမဲ့မေးခွန်း က ဘယ် လမ်းကြောင်းတွေ ကိုအသုံးပြုမှာလဲ။ ဘာ way တွေ ညာ way တွေမဟုတ်၊ ကြွေးကြော်သံတွေ အတွက် အငြင်းပွားနေရမယ့် အချိန်လည်းမဟုတ်။ (လက်နက်ကိုင်မှတို့ ၊စားပွဲဝိုင်းမှတို့ ၊ ပူးသတ်မှတို့ ၊ နိုင်ငံတကာ အကူ အညီယူမှတို့မဟုတ်။ လူထုရဲ့အင်အားနဲ့တိုက်ပွဲပုံသဏ္ဌာန်တွေကပဲ နောက်ဆုံးပိတ်တိုက်ပွဲရဲ့ လမ်း ကြောင်းကို ပြဋ္ဌာန်းပေးသွားလိမ့်မည်။) အဓိက,က ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေမျိုးစုံ၊တိုက်ပွဲမျိုးစုံ အတွက် ဘယ်လောက်လက်တွေ့ကျကျနဲ့ စနစ်တကျပြင်ဆင်ထားပြီးပြီလဲဆိုတာသာ ဖြစ်တယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်လာနိုင်တဲ့ ဒီတိုက်ပွဲငယ်လေးတွေကို ဘယ်လို တစက်ကနေ တမျက်နှာ လုပ်ပစ်နိုင်မလဲ၊ ဒီတိုက်ပွဲတွေနဲ့ လူထုကို ဘယ်လိုစနစ်တကျပေါင်းစပ်ပါဝင်စေနိုင်မလဲ၊ အဲဒီအတွက် စည်းရုံးရှေ့ဆောင်နိုင်မယ့်သူတွေ၊ အဖွဲ့အစည်းတွေ လူထုကြားထဲမှာဘယ်လောက် ခိုင်ခိုင်မာမာ ထိုးဖေါက်ထားနိုင်ပြီလဲ ဆိုတာမျိုးတွေ ဖြစ်သည်။ တကယ်လို့ ရန်သူက နည်းမျိုးစုံနဲ့ဖြိုခွင်းလာပြီဆိုရင် လည်း ဘယ်လိုဆက်လုပ်သင့်တယ် ဆိုတာမျိုးတွေကိုလည်း စဉ်းစားပြင်ဆင်ထားရမည်။ တော်လှန်ရေးအနု ပညာကို လှလှပပ ကပြတင်ဆက်နိုင်ဖို့  ဖြစ်သည်။

ပွဲသိမ်းတိုက်ပွဲကြီးဖြစ်လာဖို့အတွက် ပုံစံအမျိုးမျိုးသောတိုက်ပွဲငယ်တွေက တဆင့်ပြီးတဆင့် တက်လှမ်းယူရမှာဖြစ်သည်။ ဒီမှာသတိပြုရမှာ တခုလည်းရှိသည်။ အင်အားကြီးပြီး ကြိုတင်ပြင်ဆင်မှုရှိနေ သောရန်သူကို တိုက်နေရခြင်းဖြစ်တဲ့အတွက် ကိုယ့်ဖက်ကလည်း စနစ်တကျကြိုတင် ပြင်ဆင်မှုရှိဖို့၊ ညီ ညွတ်ဖို့၊ နည်းပရိယာယ်ကြွယ်ဝဖို့ လိုတာပဲဖြစ်သည်။ ပြင်ဆင်မှုမရှိဘဲ မထိတထိနဲ့ တပွဲတိုး ကိုယ့်ဘက်က သွားလုပ်တိုင်း သူတို့ဘက်က (တန်ပြန်တော်လှန်ရေးဖက်က) အင်အားပိုကြီးလာတယ်ဆိုတဲ့ အချက်ကို လည်း မမေ့သင့်ပေ။ ဒါကြောင့် ဘယ်လောက်လက်တွေ့ကျကျ နဲ့  စနစ်တကျ ပြည်သူလူထုကြားထဲမှာ ပြင်ဆင်ထားပြီးပြီလဲဆိုတာနှင့် အဲဒီလို တွေးဆပြင်ဆင်ထားတာ အားနဲနေသေးသည်၊ ပြည့်စုံရန် လိုသေးသည် ဆိုရင် ဒီအတွက် အားသွန်ခွန်စိုက်နဲ့ ညီညွတ်ရေးမှာအခြေခံပြီး ပြင်ဆင်ဖို့လိုနေသည်။ ဒီနေရာမှာ ၈-လေးလုံးနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာအရေးအခင်းတွေမှာ တွေ့ကြုံခဲ့ရတဲ့ အားသာချက် အားနဲချက် တွေကို ပြန်လည်လေ့လာကြည့်သင့်တယ်။ သင်ခန်းစာယူစရာတွေ အများကြီးရှိသည်။

Statement တွေ ကြွေးကြော်သံတွေ ထုတ်ပြီး action ဆို တဲ့ လုပ်ဆောင်ချက်တွေ နောက်က မပါ လာဘူးဆိုရင် ကြာလာရင် သင်္ကြန်အမြောက်ဖြစ်သွားလိမ့်မည်။ လူထုကလည်း ကိုယ့်အပေါ်လေးစားမှု ကျလာနိုင်သည်။ နောက်အင်အားနဲ့လုပ်ငန်းစဉ်မပါတဲ့ ကြေညာချက်တွေကို နအဖ က ဘယ်လိုမှ ဂရုမစိုက် ဘူးဆိုတာကို အနှစ်၂၀ သင်ခန်းစာက ထုတ်နှုတ်ယူပြီးသား ဖြစ်နေသင့်ပြီ။ ဒီလို ပြင်ဆင်မှုတွေကို ဒီလောက် ဖိနှိပ်တဲ့ အစိုးရအောက်မှာ ပေါ်ပေါ်ထင်ထင်လုပ်လို့မရနိုင်တာ ကတော့ ကြိမ်းသေသည်။ ထို့ကြောင့် လျှို့ဝှက်ရမယ်။ တနည်းပြောရရင်မြေအောက်လှုပ်ရှားမှုပုံသဏ္ဌာန်မျိုး ဖြစ်ရလိမ့်မည်။ မလုပ်တတ်သေး ရင်လည်း လုပ်တတ်အောင်သင်ယူရလိမ်မည်။ လုပ်ချင်တဲ့ဆန္ဒရှိပြီး လျှို့ဝှက်ရေးကိုသာ အခြေခံရင် အလုပ်ကပဲ သင်သွားပေးလိမ့်မယ်။ ဒီလုပ်ငန်းမှာ အတွေ့အကြုံရှိသူတွေနှင့်လည်း ပူးတွဲလုပ်ဆောင်သင့်သည်။

ထို့အပြင် နိုင်ငံတကာအခြေအနေကိုလည်း မှန်မှန်ကန်ကန် ရှုမြင်ဖို့လိုသည်။ တခါတရံလိုတာထက် ပိုပြီး အားကိုးမိနေ၊ ရနိုင်တာထက်ပိုပြီး မျှော်လင့်နေသလိုဖြစ်နေသည်။ ပြည်သူလုထုကို အခြေအနေမှန်ကို တင်ပြဖို့နဲ့မျှော်လင့်ချက်အမှားတွေ မပေးမိစေဖို့က အားလုံးမှာတာဝန်ရှိသည်။ တကယ်တော့ နိုင်ငံတကာ အခြေအနေက မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး။ ဒီမိုကရေစီစနစ်ပေါ်ထွန်းဖို့ဆိုရင် မြန်မာပြည် သူတွေကို ကိုယ့်ဖာသာကိုယ် လုံးပန်းတိုက်ခိုက်မှရတော့မယ်ဆိုတာကို ပြဋ္ဌာန်းနေတယ်။ အကူအညီ ပေး ချင်လွန်းလို မြန်မာရေပိုင်နက်အစပ်မှာ စောင့်နေတဲ့သူတွေလည်း လှည့်ပြန်သွားရပြီ။ UN၊ ဘန်ကီမွန်း၊ အီး ယူနဲ့အာစီယံလည်း လုပ်ပေးချင်သလောက်၊ ဆန္ဒရှိသလောက် မလုပ်နိုင်သေး။ ဘာလို့လဲဆိုလျှင် နအဖ ဟာ အကျိုးစီးပွားကို အခြေခံတဲ့ ဒီနေ့ခေတ်နိုင်ငံတကာအခင်းအကျင်းမှာ ကောင်းကောင်း ကစားတတ်နေ ပြီး၊ ကစားနိုင်တဲ့ အနေအထားလည်းရှိနေလို့ ဖြစ်သည်။ ရှေ့မှာလည်း ဒီလိုကစားနိုင်ခဲ့၊ အမြတ်ထုတ်နိုင်ခဲ့၊ အချိန်တွေကိုလည်း ၀ယ်ယူနိုင်ခဲ့တဲ့ သာဓကတွေ က အများကြီး ရှိခဲ့ပြီးပြီ။ ဒီတခေါက်မရရင် နောက် တခေါက်တော့ ရမှာပဲ ဆိုတဲ့ မရေရာတဲ့ မျှော်လင့်ချက်နဲ့ မြန်မာကပြည်လူထုရဲ့ကံကြမ္မာကို ပုံအပ်ထားလို့ မရတော့ပေ။ တကယ်တော့ အချိန်က ကိုယ့်ဖက်မှာ ဒီလောက် ရှိမနေတော့တာလည်းပါသည်။

နိုင်ငံတကာအကူအညီတွေကို ပစ်ပယ်လို့ ဆိုလိုချင်တာ မဟုတ်ပေ။ နိုင်ငံတကာက ဖိအားတွေ ၊ ဒီ မိုကရေစီလှုပ်ရှားမှုပေါ်မှာ ထောက်ခံစာနာတာတွေကြောင့် ဒီနေ့အထိနအဖဟာ နိုင်ငံတကာအလယ်မှာ မျက်နှာသာမရနိုင်တာ၊ လူယောင်သူယောင်မပြောင်နိုင်တာဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတကာ ဖိအား က နအဖကို အသက်ရှုမ၀အောင်လည်ပင်းညှစ်ထားနိုင်တဲ့ အနေအထားမှာပဲ ရှိသေးသည်။ ဒူးထောက်လာ နိုင်အောင်တော့မလုပ်နိုင်သေးပေ။ ဒူးထောက်လာနိုင်အောင်လုပ်နိုင်တဲ့ အင်အားဟာ ပြည်တွင်းမှာပဲ ရှိနေ သည်။ ပြည်သူလူထုရဲ့အားပဲဖြစ်သည်။ ဒီတော့ နိုင်ငံတကာ ဖိအားနဲ့အကူအညီတွေကို အသုံးချ၊ ပြည် တွင်းကလူထုအားနဲ့ ပေါင်းစည်းပြီး ဟန်ချက်ညီညီနဲ့ အပြောင်းအလဲကို ဖန်တီးယူကြရမှာပဲ ဖြစ်သည်။

တကယ်တော့ ပြည်သူလုထုကြီးက အသင့်ဖြစ်နေပြီ။ ဒါကို စက်တင်ဘာလနဲ့ ပြီးခဲတဲ့ ဆန္ဒခံယူပွဲမှာ ဒီလောက်ဖိနှိပ်မှုတွေကြားထဲက ကန့်ကွက်မဲတွေကိုပေးခဲ့ပြီး သက်သေပြခဲ့ပြီးဖြစ်သည်။ အသင့်မဖြစ်သေးတာ ကိုယ့်ဘက်ကသာ ဖြစ်သည်။ အောင်ပွဲဆီကိုရောက်အောင် ခေါ်ဆောင်သွားနိုင်တဲ့ ခိုင်မာတဲ့လုပ်ငန်းစဉ်တွေ၊ ပြင်ဆင်မှုတွေ၊ ဦးဆောင်မှုတွေ၊ ညီညွတ်မှုတွေကို သေသေချာချာ လူထုကြီးကို မချပြနိုင်သေးရင်တော့ လူထုကြီးက တိုက်ပွဲထဲကို လိုက်လာအုံးမှာမဟုတ်ပေ။ statement တွေ၊ ကြွေးကြော်သံတွေလောက် ထုတ်ပြီး လူထုကိုခေါ်လို့ လူထုကလိုက်လာမှာ မဟုတ်ပေ။ ထို့ ကြောင့် လူထုထဲမှာရှိနေပြီး၊ လူထုနဲ့ တသားထဲဖြစ်နေဖို့ လိုသည်။ ဒီနေရာမှာ ခေါင်းဆောင်တွေမရှိလို့၊ အဖမ်းခံထားရလို့ ဆိုတဲ့ဆင်ခြေလောက်နဲ့ က မပြည့်စုံတော့ပေ။ ခေါင်းဆောင်မရှိရင် ကိုယ့်ဖာသာကိုယ် ခေါင်းဆောင်ဖြစ်အောင် လေ့ကျင့်ယူရမှာပဲ ဖြစ်သည်။ တိုက်ပွဲသာရှိနေပါစေ အဲဒီထဲကနေ ခေါင်းဆောင်ဆိုတာ ပေါ်လာပါလိမ့်မည်။ တကယ်တော့ လူတိုင်းဟာ ခေါင်းဆောင်ကောင်းဖြစ်ဖို့ လိုနေသလို နောက်လိုက်ကောင်းလည်း ဖြစ်ဖို့ လိုနေသည်။

ဤတွင် ပြည်သူလူထုဆိုတာကို နဲနဲပြောဖို့လိုသည်။ ပြည်သူလူထုဆိုသည့်ထဲ မှာ နအဖရဲ့စနစ်ကြီး ထဲမှာ မလှုပ်သာ မလူးသာဖြစ်နေရတဲ့ တပ်မတော်သားတွေ ၊ ၀န်းထမ်းတွေလည်းပါသည်။ အခွင့်အရေး ကြောင့်ဖြစ်စေ၊ ပညာမဲ့မှုနဲ့ ဆင်းရဲချို့တဲ့မှုတို့ကြောင့်ဖြစ်စေ၊ ဘ၀ရပ်တည်ရေးကြောင့်ပဲ ဖြစ်စေ အခြေနေအမျိုး မျိုးတို့ကြောင့် ကြံ့ဖွတ်ထဲကို ရောက်နေရတဲ့သူတွေကိုလည်း မမေ့ထားသင့်ပေ။ သူတို့ဟာ အနှစ်၂၀ဆိုတဲ့ အချိန်အတွင်းက စနစ်ရဲ့သားကောင်တွေ ဖြစ်သည်။ တချို့ကြတော့လည်း အခြေအနေတွေအရ မချစ်သော်လည်း အောင့်ခါနမ်းဆိုတဲ့ အနေအထားမှာ နေနေရသူတွေ ရှိနေသည်။ ဒီတော့ အခြေအနေပေးလာတဲ့ အချိန်မှာ သူတို့ကြားနေလာအောင်၊ ကိုယ့်ဖက်ကအင်အားတွေ ဖြစ်လာနိုင်အောင်လည်း ကြိုတင်ပြင်ဆင် ထားရလိမ့်မည်။ လက်ရှိအခြေအနေကို မကျေမနပ်ဖြစ်ပြီး၊ အပြောင်းအလဲကို မျှော်နေတဲ့ တပ်မတော်အရာ ရှိကြီးတွေ အစိုးရအရာရှိကြီးတွေ အများကြီး ရှိနေတယ် ဆိုတာကို ကြားနေရသည်။ တခါတလေ ဒီလူတွေ မီဒီယာပေါ် အထိတောင် တက်လာ၊ ရောက်လာတက်သည်။ သူတို့လို လူတွေ များများပေါ်လာအောင် သူတို့ လှုပ်သာရှားသာ ရှိလာအောင် လုပ်ပေးဖို့လိုသည်။ ကိုယ့်လှုပ်ရှားမှုအတွက် သူတို့ကို အသုံးချတတ် ဖို့လည်း လိုသည်။

တကယ်တော့ ဖြစ်လာမှ ပြည်သူစစ်သား တို့စစ်သား အော်လို့မရနိုင်ပေ။ အဲဒီလို အချိန်မှာ သစ္စာ အရှိဆုံးတပ်ကိုသာ လူထုကိုဖြိုခွင်းဖို့ရွေးလွှတ်တာချည်းဖြစ်သည်။ ဒီမှာဆရာကြီးဒဂုန်တာရာပြောတဲ့ စကား တခုဟာ အရမ်းတန်ဖိုးရှိပါသည်။ “နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်တာ” ဆို၍ ဖြစ်သည်။ ဒီစကားရဲ့အနှစ်သာရကို လိမ်မာပါးနပ်စွာနဲ့  အကောင်အထည်ဖေါ်နိုင်ဖို့ လိုအပ်သည်။ ဒီလို ဆို လို့ ရန်သူကို မတိုက်ရတော့ဘူးတော့ မဟုတ်ပေ။ တိုက်ပွဲတိုင်းမှာတော့ နောက်မဆုတ်တမ်း ရန်သူကို ပြတ် ပြတ်သားသားတိုက်ဖို့ရင်ဆိုဖို့ လိုပါသည်။ ဒါပေမဲ့ တချိန်ထဲမှာလည်း အမြင်မှန်ရပြီး ဘက်ပြောင်းလာသော ရန်သူအပေါ်ကို သဘောထားကြီးဖို့လည်းလိုတယ်။ ခေတ်နဲ့စနစ်ကို ပြောင်းဖို့တော်လှန်ရေးလုပ်နေ ကြတာ ဖြစ်သည်။ ကလဲ့စားချေရေးအတွက်မဟုတ်ပေ။ လက်တဆုပ်စာ စစ်အုပ်စု က သူတို့အာဏာနဲ့ သူတို့ရဲ့ ဆွေစဉ်မျိုးဆက်အခွင့်အရေးတွေအတွက် တပ်မတော်နဲ့၊ တိုင်းပြည်ရဲ့ယန္တရားတွေကို ချုပ်ကိုင်ပြီး အသုံး ချနေတာဆိုတာကို ခွဲခြားသိမြင်ဖို့လိုသည်။ ဒီလူတွေကတော့ သူတို့စိုက်တာကို သူတို့ ရိတ်သိမ်းရမှာပဲ ဖြစ်သည်။

နအဖတွင် အတွင်းရော၊အပြင်ပန်းမှာရော ဖြေရှင်းဖို့ခက်နေတဲ့ ပဋိပက္ခပေါင်းစုံကို ရင်ဆိုင်နေရ သည့် အချိန်ဖြစ်နေသည်။ ဒါကြောင့်လည်း သူတို့ အတိုင်း အတာနဲ့ အပေါ်ယံ အပြောင်းအလဲတခု ကို ဖန်တီး လာသည်။ အဲဒီအချိန်မှာ လူထုကလည်း အပြောင်းအလဲ အတွက် စတင်ရုန်းကန် လှုပ်ရှား လာနေသည်။အခုအချိန်ကဒီနှစ်ခုထိပ်တိုက်တွေ့နေတဲ့ အချိန်ဖြစ်နေသည်။ ဒါကြောင့်မို့လည်း အနာဂတ်ဟာတိုက်ပွဲပုံစံမျိုးစုံနဲ့ပြည့်လွှမ်းနေတော့မှာဖြစ်သည်။ဒီတော့တဦးတယောက်ခြင်းအနေနဲ့ရော၊ အဖွဲ့အစည်းတခုခြင်းအနေနဲ့ရော၊လှုပ်ရှားမှုတခုလုံးကိုလွှမ်းခြုံတဲ့အနေနဲ့ရောဘယ်လောက်စနစ်တကျ ပြင်ဆင်ထားပြီးပြီ၊ တိုက်ပွဲနဲ့ လူထုကိုပေါင်းစပ်ပေးလိုက်ဖို့ ဘယ်လောက်အသင့်ဖြစ်နေပြီ၊ အောင်ပွဲကိုရယူဖို့ ဘယ်လောက် အသင့်ဖြစ်နေပြီ စတဲ့ စတဲ့မေးခွန်းတွေကို မေးလည်းမေး၊ အကောင်အထည်လည်း ဖေါ်နိုင်အောင် ညီညွတ်ရေးကိုရှေ့ တန်းတင်ပြီး အပူတပြင်း လုပ်ဆောင် ကြရတော့မှာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပြည်သူလူထုကြီးကအသင့်အနေအထားနှင့် စောင့်မျှော်နေကြလို့ပဲ ဖြစ်သည်။

http://www.naytthit.com/မှ ကူးယူဖော်ပြပါသည်။

လေဘေး ကယ်ဆယ်ရေးလုပ်သူ အယ်ဒီတာ ဇော်သက်ထွေး ဖမ်းဆီးခံရ

သတင်း - ဗွီအိုအေ
လေဘေးဒုက္ခသည်တွေအတွက် စေတနာ့ဝန်ထမ်း တပိုင်တနိုင် ကူညီဆောင်ရွက်ပေးနေသူ တဦးဖြစ်တဲ့၊ အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေးကို အာဏာပိုင်တွေက မကြာသေးခင်ကပဲ ထိန်းသိမ်းလိုက်တယ်လို့ နီးစပ်သူ မိတ်ဆွေတွေက ပြောပါတယ်။ အာဏာပိုင်တွေဖက်က ကူညီကယ်ဆယ်ရေး အလုပ်တွေ လုပ်နေသူတွေကို အဖမ်းအဆီးတွေ လုပ်နေတဲ့အထဲမှာ ဒါဟာ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းလည်း ဖြစ်ပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးပါမယ်။

လေမုန်တိုင်း ဘေးဒဏ်သင့်သူတွေအတွက် တပိုင်တနိုင် အကူအညီပေးနေတဲ့ အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေးကို အာဏာပိုင်တွေက ဒီတပတ်ထဲမှာပဲ ဖမ်းဆီးလိုက်တာလို့ သူနဲ့ ရင်းနှီးသူ စာပေမိတ်ဆွေ အသိုင်းအ၀ိုင်းက ပြောပြကြတာပါ။ မကွေးမြို့က မိခင်ဖြစ်သူနေအိမ်မှာ ထိန်းသိမ်းခံခဲ့ရပြီးတဲ့နောက် အခုဆိုရင် ကိုဇော်သက်ထွေးကို ရန်ကုန်မြို့က စစ်ကြောရေးစခန်းတခုမှာ ထိန်းသိမ်းထားတယ်လို့ သူ့ရဲ့ မိတ်ဆွေတယောက်က ပြောပြပါတယ်။

"ကိုဇော်သက်ထွေးနဲ့ ကိုငှက်ပျောကြော်တို့ လေဘေးကယ်ဆယ်ရေး လုပ်ကြတယ်။ လုပ်ရင်းနဲ့ ၁၂ ရက်နေ့က မကွေးက သူ့အမေအိမ်ကို သွားရင်းနဲ့ မကွေးမှာ ဖမ်းပြီးတော့ သူ့ကို ၁၃ ရက်နေ့က အောင်သပြေကို ပို့လိုက်တယ်။ ဖမ်းတယ်ဆိုတာပဲ သိရတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာ မေးလို့မရဘူး။ ဖမ်းတဲ့အဖွဲ့ ကိုယ်တိုင်ကလည်း ဘာကြောင့်ဖမ်းမှန်းမသိဘူး။ ဖမ်းဆိုလို့ ဖမ်းလိုက်တာပဲ။ မကွေးက သူ့အမေအိမ်မှာ အဖမ်းခံရတယ်။"

ဒီလို အာဏာပိုင်တွေဖက်က ဘာအကြောင်းကြောင့် ဖမ်းဆီးထိန်းသိမ်းလိုက်တယ်ဆိုတာ ရှင်းလင်းပြောဆိုတာမျိုး မရှိပေမယ့် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ တက်တက်ကြွကြွ လုပ်ဆောင်နေတဲ့ ကိုဇော်သက်ထွေးရဲ့ လုပ်ရပ်တွေနဲ့ ဆက်စပ် ပတ်သက်လိမ့်မယ်လို့ ယူဆနေကြတာပါ။

"ဒီ လူမှုရေးပေါ့နော်။ ကိုယ်ကျိုးမဟုတ်ဘူးလေ။ ဒါဟာ ဒုက္ခရောက်နေတဲ့ လူတွေကို ကူညီတာပဲ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကူညီတာ။ ကိုယ့်မှာရှိသမျှ ခွန်အားရော၊ ငွေအားရော၊ လူအားရော အကုန်စိုက်ထုတ်ပြီးတော့ ဒါကို အများအတွက် ဆောင်ရွက်တာပေါ့ဗျာ။ အဲဒီတော့ ဒီဟာ အနုပညာရှင်တွေနဲ့လည်း သူလုပ်တယ်။ နောက်တချက်က သူက ၈၈ မျိုးဆက်သစ်ဆိုတော့ သူတို့ ဒီလိုလုပ်တာ မကြိုက်လို့လား။ ထင်ပေါ်သွားလို့လား။ ကျနော်တို့ဖက်က တွေးစရာတွေ အများကြီးပဲလေ။ သူတို့ ဒီလို လှုပ်ရှားမှုက သူတို့အတွက် သိက္ခာကျတယ်လို့ ယူဆပြီး သူတို့ ဖမ်းတာလို့ပဲ ကျနော်တို့ ထင်တယ်ဗျာ။"

ဒါဟာဆိုရင် လေဘေးကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့သူတွေ အဖမ်းအဆီးခံနေရတဲ့ အထဲက နောက်ဆုံးကြားရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ထဲတုန်းကလည်း မုန်တိုင်းဘေးသင့်သူတွေကို စေတနာ့ဝန်ထမ်း အကူအညီတွေ ပေးနေတဲ့ နိုင်ငံကျော် လူရွှင်တော် စွယ်စုံအနုပညာရှင် ဇာဂနာ ခေါ် ကိုသူရကို အာဏာပိုင်တွေက ထိန်းသိမ်းထားတာပါ။ အခုဆိုရင် သူ့ကိုလည်းပဲ ရန်ကုန်မြို့က ဒီအောင်သပြေ စစ်ကြောရေး စခန်းမှာပဲ ထိန်းသိမ်း စစ်ဆေးနေတယ်လို့လည်း မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အခုလို လူမှုရေး အကူအညီတွေကို တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့ ကိုဇော်သက်ထွေးတို့လို လူတွေကို ထိန်းသိမ်းခံရတာဟာ ဒီလုပ်ငန်းတွေအတွက် ထိခိုက်နစ်နာစေတယ်လို့လည်း ရှုမြင်ကြတာပါ။

"ကိုဇော်သက်ထွေးကတော့ သူ စပြီးတော့ နာဂစ်မုန်တိုင်းဖြစ်ပြီး လူတွေ ဒုက္ခရောက်ပြီ ဆိုကတည်းက သူ အားကျိုးမာန်တက် တနေရာပြီး တနေရာ အဲဒီလို ပစ္စည်းတွေ စုဆောင်းပြီးလိုက်ပို့၊ အဲဒီလိုတွေတော့ သူ အားသွန်ခွန်စိုက် လုပ်နေတယ်ဗျာ။ သူ ရက်နားတာတောင် သိပ်မတွေ့ရဘူး။ ဒီလို လူမျိုးတွေကို ဒီလိုလူမှုရေးကို အကြိတ်အနယ် လိုက်လုပ်နေတဲ့ သူတွေက ရာခိုင်နှုန်းနဲ့တွက်ရင် အရမ်းနည်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူနည်းတဲ့အချိန်မှာ ဒီလို စိတ်ပါလိုက်ပါနဲ့ ခွန်တိုက်အားတိုက်နဲ့ ကိုယ်ကျိုးမဖက်ဘဲ လုပ်နေတဲ့ သူတယောက် ဆုံးရှုံးသွားတာဟာ ကျနော်တို့ လုပ်နေတဲ့သူတွေ အတွက်ကတော့ အကြီးအကျယ် ဆုံးရှုံးမှုလို့ ယူဆရပါတယ်။"

ရန်ကုန်မြို့ စာပေအသိုင်းအ၀ိုင်းက ကိုဇော်သက်ထွေး နဲ့ နီးစပ်သူ မိတ်ဆွေတဦး ဖြစ်ပါတယ်။

ကိုဇော်သက်ထွေးဟာ မြန်မာနိုင်ငံက အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ (ILO) ကို တိုင်ကြားမှုအတွက် ၂၀၀၃ ခုနှစ်တုန်းကလည်း တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးသူ တယောက်ပါ။ ဒါပေမယ့်လည်း နောက်ပိုင်း ILO ရဲ့ ဖိအားပေး ဆောင်ရွက်ချက်တွေ ရှိလာတဲ့နောက် ၂ နှစ်လောက်အကြာမှ အာဏာပိုင်တွေက သူ့ကို ဖမ်းဆီးရာက ပြန်လွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။