Wednesday, October 31, 2007

အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ဆီသို့  (မြန်မာဘာသာပြန်)။

အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ဆီသို့  (မြန်မာဘာသာပြန်)။ ဒီနေရာမှာဖတ်ပါ၊

ဘိန်းဘုရင် ခွန်ဆာသေပြီ


အာရှတလွှား အမည်ဆိုးဖြင့် ကျော်ကြားသူ တဦးဖြစ်သော ဘိန်းဘုရင် ခွန်ဆာသည် ရန်ကုန်မြို့တွင် ကွယ်လွန်သွားပြီ ဖြစ်သည်။
အသက် ၇၄ နှစ်အရွယ်ဘိန်းဘုရင်သည် သွေးတိုးရောဂါ ခံစားနေခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ သူသည် နှစ်ပေါင်း ၃၀ ကျော်ကြာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားပြီး အစိုးရကို တော်လှန် ပုန်ကန်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သွားခဲ့သည်။
အမေရိကန်နိုင်ငံက အလိုရှိနေကာ ဖမ်းမိလျှင် ဆုငွေ နှစ်သန်းပေးမည်ဟု ထုတ်ပြန်ထားခံရသော်လည်း မြန်မာ စစ်အစိုးရ၏ အကာအကွယ်ဖြင့် ရန်ကုန်တွင် ကွယ်လွန်ချိန်အထိ နေထိုင်ခဲ့သည်။

Tuesday, October 30, 2007

စစ်တပ်ထဲမှာ ...


ကလိုစေးထူး(Mizzima ၀က်ဘ်ဆိုက်မှ ကူးယူ ဖော်ပြပါသည်)၊မြန်မာပြည်မှာ ယနေ့ ဖြစ်နေတဲ့ အခြေအနေကို ကောင်းမွန်တဲ့ အနေအထား တရပ်ဆီ ရောက်လာအောင် ဘက်ပေါင်းစုံက စဉ်းစားကြပါတယ်။ အဲဒီအထဲမှာကမှ စဉ်းစားမိကြတာ တခုကတော့ `စစ်တပ်ကို ပြည်သူ့ ဘက်တော်သား ဖြစ်လာအောင် ကြိုးစားကြတဲ့နည်း´ ပါပဲ။ စစ်တပ်သာ လူထုဘက် ပါလာရင် အာဏာရှင်ဟာ ဘယ်နည်းနဲ့မှ ရပ်တည်နိုင်တော့မှာ မဟုတ်ဘူးလို့ ယုံကြည် ကြပါတယ်။စစ်တပ်ကို ပြည်သူဘက် ပါလာအောင် ကြိုးစားတာကို `စိတ်ကူးယဉ်တယ်´ လို့ တချို့က သတ်မှတ်ကောင်း သတ်မှတ်နိုင်ပေမယ့် အဲဒါဟာ သိမ်မွေ့စွာ ကြိုးစားလို့ ရနိုင်တဲ့ အရာတခု ဆိုတာကို ကျနော် ယုံကြည်ပါတယ်။လူတဖက်သားကို ကိုယ့်ဘက် ပါလာအောင် စည်းရုံး ဆွဲဆောင်တဲ့ နေရာမှာ သူ့စိတ်ထဲမှာ ဘာတွေ ရှိနိုင်မလဲ၊ သူ လက်ရှိ ခံစားနေရတာက ဘာတွေ ဖြစ်နိုင်မလဲ၊ သူ ဖြတ်သန်းခဲ့တာက ဘာတွေ ဖြစ်မလဲ ဆိုတာကို တတ်နိုင်သလောက် အရင် လေ့လာဖို့ လိုမယ်လို့ ထင်ပါတယ်။

လူမြင်ကွင်းမှာတောင် မရှောင်၊ ရက်ရက်စက်စက် ပက်ပက်စက်စက် ရိုက်နှက်ချင်စိတ်တွေ ဖြစ်လာအောင် ဘယ်အရာတွေက တွန်းအား ပေးနေခဲ့သလဲ…၊ သာမန်အားဖြင့် ဖမ်းဆီး ချုပ်နှောင်ထားရုံနဲ့ လုံလောက်နေတဲ့ ကိစ္စကို အဲဒီလို အငြိုးတကြီးပုံစံနဲ့ ကန်ကျောက် ရိုက်နှက်ရလောက်အောင် သူတို့ရဲ့ စိတ်တွေ ခက်ထန် ကြမ်းတမ်းနေရခြင်းရဲ့ အရင်းခံက ဘာတွေ ဖြစ်နိုင်မလဲ ဆိုတာကို ကျနော် ဆန်းစစ် ကြည့်ချင်ပါတယ်။အဲဒီလိုနဲ့ `စစ်တပ်ထဲမှာ…´ ဆိုတဲ့ စစ်တပ်ထဲက အဆင့် အမျိုးမျိုးနဲ့ ရပ်တည် ရှင်သန်ရတဲ့ စစ်သားတွေရဲ့ ဘဝတွေ အကြောင်းကို ကျနော် တွေ့မြင်ခဲ့ရတာ၊ ကျနော် လေ့လာ သိရှိခဲ့ရတာတွေနဲ့ ကျနော့်မိတ်ဆွေ စစ်သည်တော်များရဲ့ ရင်ဖွင့်ချက်တွေအပေါ် အခြေခံပြီးတော့ တင်ဆက် ဖော်ပြသွားပါမယ်။

စစ်တပ်ထဲမှာ
…(အခြားအဆင့်)
မြန်မာစစ်တပ်ရဲ့ လက်ရှိ ဖွဲ့စည်းပုံအရ ခြေလျင်/ခြေမြန် တပ်ရင်း တခုရဲ့ အင်အားဟာ ၈၁၆ ဦး ရှိရပါတယ်။ သန္ဓေစစ်သည် ၇၈၆ ဦး၊ တွဲဖက် စစ်သည် ၃၀ ဦး လို့ သိရပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ ရှိတဲ့ ဘယ်စစ်တပ်ထဲမှာမှ သတ်မှတ် ဖွဲ့စည်းပုံ အတိုင်း ပြည့်မီတဲ့ အင်အား မရှိကြပါဘူး။ စစ်စည်းကမ်း အင်မတန် ကောင်းမွန်ပါတယ်လို့ သတ်မှတ်ခံထားရတဲ့ တပ်ရင်းမှာတောင်မှ အလွန်ဆုံး ရှိတဲ့ အင်အားဟာ ၄၀၀ ၀န်းကျင်မျှသာ ဖြစ်ပါတယ်။
တပ်ရင်းတွေ အဲဒီလို အင်အား မရှိရတဲ့ အချက် နှစ်ချက် ရှိပါတယ်။ တချက်ကတော့ ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးများက တပ်ရင်း အသစ်တွေကို မြန်မာပြည် တနံတလျား ဖွင့်လှစ်လွန်းမှုကြောင့် နဂို ရှိနှင့်ပြီးသား တပ်ရင်း အဟောင်းတွေထဲက စစ်သည်တွေကို ခွဲဝေထုတ်နှုတ် နေရာချ ပေးရတာကြောင့်ပါ။ နောက်တချက်ကတော့ ပြုန်းတီး အင်အားတွေကြောင့် ဖြစ်ပါတယ်။ စစ်ပြေး၊ သေဆုံး၊ ကျဆုံး၊ ပျောက်ဆုံး ဆိုတဲ့ ပြုန်းတီး အင်အားလေးမျိုး အနက် အဓိက အများဆုံးကတော့ စစ်ပြေး အင်အားပါပဲ။
အင်အား မရှိတော့ အင်အား ရှိလာအောင် နည်းအမျိုးမျိုး သုံးကြရပါတယ်။ သာမန်အားဖြင့် စစ်တပ်ထဲ ဝင်ဖို့ ဆွယ်ယူခြင်း၊ ဗဟုသုတ နည်းပါးပြီး ဝေးလံခေါင်သီတဲ့ ရွာငယ်တွေမှာ အတင်းအဓမ္မ လူစု ကောက်ခံခြင်း၊ ထင်ရှားတဲ့ မြို့ကြီးတွေက ရထားဘူတာ၊ ကားဂိတ်၊ သင်္ဘောဆိပ်တွေမှာ စစ်သား စုဆောင်းရေး တာဝန်ကျတွေက အသက်မပြည့်သေးသူ ကလေး သူငယ်များ၊ အိမ်ပြေး လူငယ်များနဲ့ အခြေအနေမဲ့များကို ဆွဲဆောင် စုဆောင်းခြင်း၊ အခြားနည်းတွေနဲ့ စုဆောင်းခြင်းတို့နဲ့ အင်အားတိုးအောင် စုဆောင်း ကြပါတယ်။
လူထုက စစ်တပ်ကို `ချဉ်´ နေတဲ့ ဒီခေတ်မှာ သာမန်အားဖြင့် ကိုယ့်သဘောနဲ့ကိုယ် စစ်တပ်ထဲကို ဝင်လာတဲ့ အခြားအဆင့် စစ်သားက အင်မတန် နည်းလွန်းလှတာကြောင့် ကျနော်အထက်က ဖော်ပြခဲ့တဲ့ နည်းတွေနဲ့ စစ်သား စုဆောင်းရေး လုပ်ကြတာကြောင့် စစ်တပ်ထဲကို စရိုက်ပေါင်း သောင်းခြောက်ထောင်နဲ့ လူပေါင်းစုံ ရောက်သွားကြပါတော့တယ်။ အဲဒီ အထဲမှာ တခါတရံမှာ ဝရမ်းပြေး ရာဇဝတ် လူဆိုးတွေတောင် ပါသွားတတ်ပါသေးတယ်။
ကိုယ့်သဘောနဲ့ကိုယ် ရောက်လာတာပဲ ဖြစ်ဖြစ်၊ အတင်းအဓမ္မ ဆွဲသွင်းလို့ ရောက်လာတာပဲ ဖြစ်ဖြစ် အခြားအဆင့် စစ်သားလောင်းတွေကို ပုံစံပေးဖို့ အရင်ဆုံး စောင့်နေတာကတော့ `စစ်သား စုဆောင်းရေးတပ်´ ပါပဲ။ အဲဒီ တပ်ဝင်းထဲကို ရောက်သွားပြီ ဆိုတာနဲ့ သူတို့ အရင်ဆုံး လုပ်တာကတော့ ဆံပင် ညှပ်ပစ်တာပါ။ ဆံပင် ညှပ်တယ် ဆိုရာမှာ ရုပ်ရှင်ထဲက မင်းသားတွေလို ကြည့်ကောင်းရုံ ညှပ်တာ မဟုတ်ပါဘူး။ မညီမညာ၊ မသပ်မရပ် ရှေ့တလက်မ နောက်ပြောင် ဆံပင်ပုံစံ ညှပ်ပစ်တာပါ။ `စစ်သားဆံပင်ပုံ ညှပ်တာ´ လို့ ပြောကြပေမယ့် အဓိက ရည်ရွယ်ချက်ကတော့ စိတ်ပြောင်းပြီး ပြန်ထွက်ပြေးတဲ့ လူတွေကို အဲဒီ ဆံပင် ပုံစံကြောင့် အလွယ်တကူ ပြန်လည် ဖမ်းမိစေဖို့ ရည်ရွယ်လိုရင်းလဲ ပါပါတယ်။
အပြင်မှာ အရပ်သားဘဝ၊ ကျောင်းသားဘဝနဲ့ နေသားကျလာတဲ့ လူတွေရဲ့ စိတ်ဓာတ်ကို အဓိက ပြောင်းလဲပစ်ဖို့ အစပျိုးလိုက်တဲ့ အရာကတော့ စစ်သားတွေရဲ့ အဆဲအဆိုနဲ့ ကြမ်းတမ်းလှတဲ့ စရိုက်ပါပဲ။ အပြင်လောကမှာ ဆိုရင် ဘာမဟုတ်တဲ့ အပြစ်လို့ ယူဆကြတဲ့ အပြစ် သေးသေးလေးအတွက် မိဘက အမြတ်တနိုးထား၊ ချစ်သူက အမြတ်တနိုးထားတဲ့ ပါးကို `ဖြောင်း´ ခနဲနေအောင် အရိုက်ခံရ၊ မအေတွေ နှမတွေ ရစရာမရှိအောင် အသားလွတ် အဆဲခံလိုခံရ စတဲ့ အတွေ့အကြုံတွေက အရပ်သားတွေ အတွက် အံ့အားသင့်တကြီး ဖြစ်သွားစေတဲ့ အပြင် စိတ်ကိုပါ ချက်ချင်း သိမ်ငယ် သွားစေလိုက်ပါတယ်။အဲဒီလို အသားလွတ် အဆဲအဆို၊ အရိုက်အနှက် ခံရတာခြင်း အတူတူထဲကမှ တချို့ အတန်းပညာ အတန်အသင့် ရှိသူနဲ့ တာဝန်ခံတွေက မျက်စိကျသူ တချို့က စစ်သားလောင်း အချင်းချင်း ပြန်ကွပ်ကဲရတဲ့ Leader တာဝန် အပေးခံရတာတွေ ရှိပါတယ်။ အရိုက်ခံ၊ အဆဲခံနေရတဲ့ အခြေအနေကနေ ကိုယ်က ရိုက်ရ၊ ဆဲရတဲ့ အခြေအနေကို ရောက်သွားပြီ ဆိုရင်ပဲ အဲဒီ အရသာကို အဲဒီ ပုဂ္ဂိုလ်တွေက ခံစားတတ် သွားပါတယ်။ အရသာ တွေ့သွားပါတယ်။ ကိုယ့်ကို ကြောက်လို့ တုန်ယင်နေတဲ့ လူတယောက်ကို ပိုကြောက်လာအောင် သဟောက်သဟမ်း လုပ်ရင်းနဲ့ အကြမ်းဖက် စိတ်တွေက အဲဒီ လူတွေရဲ့ စိတ်ထဲမှာ အစပျိုးမှန်းမသိ အစပျိုးခဲ့ပါတော့တယ်။
အဲဒီလိုနဲ့ အဲဒီလူတွေ တပ်သားသစ် သင်တန်းကို ရောက်သွားပြီ ဆိုရင်ပဲ… `သင်တန်း ဖွင့်ပွဲမှာ လေ့ကျင့်ရေး တပ်မှူးက မိန့်ခွန်း ပြောတယ်။ မင်းတို့ အောက်မှာ မြေကြီးပဲ ရှိတော့တယ် ဆိုတာ မှတ်ထားကြတဲ့။ စစ်ထဲကို ဘယ်လိုပုံစံနဲ့ပဲ ရောက်လာ ရောက်လာ မင်းတို့ လက်ရှိ ရောက်နေတဲ့ ဘဝကို အကောင်းဆုံးလို့ မှတ်ယူပြီးတော့ သင်တန်းကို ပြီးဆုံးအောင် တက်ကြတဲ့´စစ်သားတယောက်ရဲ့ အဆွယ်ကောင်းမှုကြောင့် အသက်မပြည့်ခင် စစ်ထဲဝင်သွားလို့ ပင်လောင်းမြို့ကအမှတ်(၄) လေ့ကျင့်ရေးတပ် အထိ ငွေအား၊ လူအားနဲ့ မရမက ပြန်ထုတ်ယူခဲ့ရတဲ့ ကျနော့် ညီက သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။
ဟိုးအရင်ကတော့ တပ်သားသစ် သင်တန်းကာလကို ရက်သတ္တပတ် (၂၄) ပတ် သတ်မှတ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ (၁၆) ပတ်သာ သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီ (၁၆) ပတ် အတွင်းမှာ တပ်သားသစ်တွေဟာ စစ်သင်တန်းက နည်းနည်း အလုပ်ကြမ်းက များများ လုပ်ကြရပါတယ်။ အဆိုးဆုံးကတော့ သူတို့ကို `သင်တန်းသားတွေ´ ဆိုပြီး အလွန်နှိမ်တာနဲ့ ညနေတိုင်းနဲ့ စနေနေ့တိုင်းမှာ ခေတ်သစ် ကျွန်များသဖွယ် ဘယ်ဌာနအတွက် ခွဲတမ်း ဘယ်နှစ်ယောက်၊ ဘယ်ဗိုလ်ကြီးအိမ်မှာ ကူလုပ်ဖို့ ခွဲတမ်း ဘယ်နှစ်ယောက်၊ ဘယ်ဆရာကြီး အိမ်အတွက် ခွဲတမ်း ဘယ်နှစ်ယောက် စသဖြင့် ခွဲတမ်းချ ခိုင်းစေခြင်း ခံရတာပါ။ တခါတရံမှာဆိုရင် တချို့ တပ်သားသစ်တွေကို သင်တန်းချိန် ဖျက်ပြီးတော့တောင် ဝါးခုတ်၊ ထရံယက် အစရှိတာတွေ ခိုင်းစေပြီးတော့ စီးပွားဖြစ် ပြန်လည် ရောင်းချတယ်လို့ သိရပါတယ်။
အဲဒီလိုမျိုး အရာရာတိုင်းမှာ အောက်ကျနောက်ကျ ခံရ၊ အနှိမ်ခံရတာ ကြာလာတော့ တပ်သားသစ်တွေရဲ့ စိတ်ထဲမှာ တခုခုကို ပေါက်ကွဲပစ်ချင်တဲ့ အငုပ်စိတ်က စပြီး အခြေ တည်လာပါတော့တယ်။ သာဓကအားဖြင့် ပြောရရင် တပ်သားသစ် အချင်းချင်း အုပ်ချုပ်ရ လွယ်ကူအောင် ခန့်အပ်ထားတဲ့ တပ်သားသစ် တပ်စုမှူး၊ တပ်ခွဲမှူး တွေဟာ သင်တန်းနည်းပြ စစ်သားတွေထက်တောင် အရိုက်အနှက်မှာ ပိုလက်သံပြောင်တယ်လို့ သိရပါတယ်။ ထောင်ဝါဒါ၊ ထောင်တန်းစီးတွေရဲ့ စိတ်ထားနဲ့ ခပ်ဆင်ဆင် တူမလားပါပဲ။လေ့ကျင့်ရေးကျောင်းတွေရဲ့ အင်မတန်မှ မှားယွင်းတဲ့ လုပ်ဆောင်ချက်တခုကို တင်ပြချင်ပါသေးတယ်။ အဲဒါကတော့ တပ်သားသစ်တွေထဲက စစ်တပ်ထဲကို နောက်တကြိမ် ထပ်မံ ဝင်လာသူ စစ်ပြေးများကို နေရာ ပေးတာပါပဲ။ စစ်တပ်ထဲက ထွက်ပြေးလိုက်၊ စစ်တပ်ထဲကိုပဲ ပြန်ဝင်လိုက် လုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို စစ်စည်းကမ်းအရ အရေးယူရမယ့်အစား အင်အား လိုအပ်ချက်ကိုပဲ ကြည့်ပြီးတော့ ပြန်လည် လက်ခံသေးတဲ့အပြင် အဲဒီလူတွေကို အဆောင်မှူး၊ တပ်စုမှူး အဖြစ်ပါ နေရာပေး တာဝန် ခန့်အပ်လိုက်တာဟာ စစ်သားတွေရဲ့ စိတ်ကို ပိုမိုခက်ထန် လာစေတဲ့ အစပျိုးချက် တချက်ပါပဲ။ နေရာရခိုက်မှာ ကိုယ့်အောက်က လူကို များများ နှိပ်ကွပ်လေလေ ကိုယ်က ပိုသက်သာလေလေဆိုတဲ့ မကောင်းတဲ့ အခြေခံစိတ်က အဲဒီက စပါတယ်။
အဲဒီလိုနဲ့ပဲ စစ်သင်တန်းက နည်းနည်း၊ ဖက်ထိပ်က များများ (ဖက်ထိပ်ဆိုတာဟာ စစ်တပ်ထဲမှာ အင်မတန် လူသိများတဲ့ အခေါ်အဝေါ်တခုပါ။ ပြင်သစ် ဘာသာစကားက ဆင်းသက်လာပြီးတော့ Fatigue `ပင်ပန်းဆင်းရဲစွာ လုပ်ရတဲ့ အလုပ်´ လို့ အဓိပ္ပာယ် ရပါတယ်) နဲ့ ရက်သတ္တပတ် ၁၆ ပတ်တာ စစ်သင်တန်း ပြီးသွားတော့ တပ်သားသစ်ကနေ တပ်သားအဖြစ်နဲ့ တာဝန်ကျရာ တပ်ရင်း အသီးသီးကို ရောက်သွားကြတယ် ဆိုပါတော့…။
***
ဘလော့ဂ်တခုမှာ ရေးထားတာကို တွေ့လိုက်ပါတယ်။ `တပ်မတော် ပျက်ကြောင်း ကြည်းသုံးသောင်း´ တဲ့။ ကျနော် လေ့လာထားဖူး သလောက်ကတော့ အဲဒီလို မဟုတ်ပါဘူး။ အတန်ငယ် လိုနေပါတယ်။ ဒါပေမယ့် အဲဒီ စကားရဲ့ အခြေခံက စစ်တပ်ထဲကို နောက်ကျမှ ဝင်လာတဲ့ လူတွေကို နှိမ်တဲ့ သဘောပါ။ စကားအမှန်က `တပ်မတော် ပျက်ကြောင်း တဝမ်းပူ မျဉ်းစောင်း ကြည်းသုံးသောင်း´ ပါ။ အဲဒီလို ခေါ်ရခြင်းက ဒီလိုပါ။ဟိုးအရင်က အခြားအဆင့်တွေအတွက် ကိုယ်ပိုင်အမှတ်က ဂဏန်း ခြောက်လုံးအထိ ရှိပါတယ်။ ဥပမာ တပ်သား မောင်ဖြူ၊ ကိုယ်ပိုင် အမှတ် ၄၅၆ ၇၈၉ …။
အဲဒီလိုနဲ့ ကိုယ်ပိုင် အမှတ်တွေက တဖြည်းဖြည်းနဲ့ ရှေ့ကို ရောက်လာတော့ ကိုယ်ပိုင်အမှတ် ၉၉၉ ၉၉၉ နောက်ပိုင်းမှာ ဂဏန်း ခုနှစ်လုံးအထိ သတ်မှတ်ရဖို့ ဖြစ်လာပါတယ်။ အဲဒီတော့ ကိုယ်ပိုင်အမှတ်ကို ဂဏန်း ခုနှစ်လုံး မဖြစ်စေချင်တာနဲ့ တ-၀၀၀၀၁ ကနေ အစပြုပြီးတော့ သတ်မှတ် ပေးလိုက်ပါတယ်။ တ ရဲ့ အဓိပ္ပာယ်ကတော့ တပ်မတော် ပါ။ အဲဒီလို ကိုယ်ပိုင်အမှတ် တ- နဲ့ စတဲ့ အခြားအဆင့် စစ်သည်တွေနဲ့ ပြန်တမ်းဝင် အမှတ် ကြည်း/၃၀၀၀၀ နောက်ပိုင်း အရာရှိငယ်တွေကို `စစ်တပ်ဖျက်မယ့် ကောင်တွေ´ လို့ နှိမ်ပြောရင်းနဲ့ `တပ်မတော် ပျက်ကြောင်း တဝမ်းပူ မျဉ်းစောင်း ကြည်းသုံးသောင်း´ ဆိုတဲ့ စကား စစ်တပ်ထဲမှာ ပေါ်လာတယ်လို့ သိရပါတယ်။
တပ်သားသစ် သင်တန်းဆင်းလို့ တပ်ရင်းတပ်ဖွဲ့တွေ အသီးသီးကို ရောက်သွားတဲ့ စစ်သား လက်သစ်ကလေးတွေဟာ တပ်ရင်းရောက်တော့လည်း အနှိမ်ခံရတာပါပဲ။ ဆရာကလည်း နှိမ်၊ ဆရာကြီးကလည်း နှိမ်၊ ဗိုလ်ကြီးကလည်း နှိမ် နောက်ဆုံး… ကိုယ်ပိုင်နံပါတ် အရပါ အနှိမ်ခံရပါတယ်။ အဲ… သူတို့ကလည်း တဖြည်းဖြည်းနဲ့ စစ်သက်လေးတွေ ရင့်လာတဲ့အခါ သူတို့နောက်က ဂျူနီယာ စစ်သားတွေကို သူတို့ အနှိမ်ခံခဲ့ရတုန်းက အတိုင်း ဆက်နှိမ်ပြန်တာပါပဲ။ စစ်စည်းကမ်း သေဝပ်မှု ရှိအောင် ဒီနည်းကို သုံးတာလို့ ပြောနိုင်ပေမယ့် စစ်စည်းကမ်း ပြင်ပကို ကျော်လွန်ပြီး `အမိန့်နာခံမှု´ ဆိုတဲ့ တပ်မတော် အား ဆယ်ပါးထဲက အချက်တချက်ကို အဆင့်ဆင့် အလွဲသုံးစား လုပ်ကြတဲ့အခါမှာ ဘယ်သူ့ကို ဖြစ်ရမှန်းမသိတဲ့ ဒေါသကိုယ်စီက စစ်သားတွေရဲ့ ရင်ထဲမှာ တစတစနဲ့ ကိန်းအောင်း လာပါတော့တယ်။
အခြားအဆင့် စစ်သည်ကနေ ပြန်တမ်းဝင် အရာရှိဖြစ်နိုင်တဲ့ နည်းလမ်း သုံးမျိုး ရှိတယ်လို့ သိရပါတယ်။ အဲဒါတွေကတော့…
(၁) စစ်သက်ငါးနှစ် ပြည့်မြောက်သည့် အချိန်တွင် တပ်ကြပ် အဆင့်ရှိသူ၊ အသက်(၂၈) နှစ်အောက် စစ်သည်များ၏ ဗိုလ်လောင်းသင်တန်း ဖြေဆိုခွင့်။
(၂) စစ်သက် ရှစ်နှစ် ပြည့်မြောက်သည့် အချိန်တွင် တပ်ကြပ်ကြီးစာရေး အဆင့်ရှိသူ၊ အသက် (၂၈) နှစ်အောက် စစ်သည်များ၏ ဗိုလ်လောင်းသင်တန်း ဖြေဆိုခွင့်။
(၃) တပ်သားအဆင့်မှ ဒုတပ်ကြပ်၊ တပ်ကြပ်၊ တပ်ကြပ်ကြီး၊ ဒုအရာခံဗိုလ်၊ အရာခံဗိုလ် စသဖြင့် အဆင့်ဆင့် ရာထူး တက်သွားပြီး ဗိုလ်ကြီး အဆင့်တွင် ဂိတ်ဆုံးသော အရာရှိအိုများ။
အထက်ပါ နည်းလမ်းတွေနဲ့ ပြန်တမ်းဝင် အရာရှိ ဖြစ်နိုင်တယ် ဆိုပေမယ့် တကယ့်တကယ်တမ်း အခြားအဆင့်ကနေ ပြန်တမ်းဝင် အရာရှိ ဖြစ်သွားကြတဲ့ အရာရှိတွေနဲ့ စစ်တက္ကသိုလ်ဆင်း အရာရှိတွေရဲ့ ကြားမှာ ခွဲခြား ခံရမှုတွေက ရှိနေပြန်ပါတယ်။ (ဒီအကြောင်းကို `အရာရှိများ´ အပိုင်းမှာ ဆက်လက် တင်ပြပါမယ်)။
အခြားအဆင့် စစ်သည်တယောက်ဟာ ဘယ်လောက်ပင် ထက်မြက်နေပါစေ၊ အရာရှိ တယောက်ရဲ့ မလို မုန်းထားမှုကို ခံရရင် ဘယ်တော့မှ ရာထူး တိုးမြှင့်ခံရခြင်း မရှိပါဘူး။ အရာရှိနဲ့ အဆင်မပြေလို့ ရာထူးတိုးတာ ဆိုင်းငံ့ခံရတဲ့ အခြားအဆင့် စစ်သည်တွေ စစ်တပ်ထဲမှာ မနည်းလှပါဘူး။ဒီကြားထဲ စစ်တပ်ထဲကလည်း ထွက်ချင်တိုင်း ထွက်လို့က မရ။ (စစ်တပ်ထဲမှာ ငါးနှစ် တာဝန် ထမ်းဆောင်ပြီးရင် ထွက်ခွင့် ရှိတယ်လို့ သတ်မှတ်ချက် ရှိပေမယ့် တကယ်တမ်းမှာ တပ်က ထွက်ခွင့် မပေးကြပါဘူး)။
ဒီလိုနဲ့ပဲ မနေချင်တဲ့ စစ်တပ်ထဲမှာ မထူးကြုံးကြုံးပြီး နေနေရတဲ့ အခြားအဆင့် စစ်သည်တွေ တနေ့တခြား ပိုပို များလာပါတယ်။တကယ်တော့ စစ်တပ်ထဲမှာ အခြားအဆင့် စစ်သည်ဟာ ပြန်တမ်းဝင် အရာရှိတွေရဲ့ အဖြည့်ခံ သက်သက်သာ ဆိုရင် မမှားပါဘူး။ တပ်ရင်းမှူးအိမ်မှာ တပ်ရင်းမှူးကတော် အဝတ်အစားက အစ လျှော်ဖွတ်ပေးရတဲ့ စစ်သား၊ ဗိုလ်မှူးအတွက် အရက် ဝယ်ပေးရတဲ့ စစ်သား၊ ဗိုလ်ကြီးအတွက် အပျော်မယ် ရှာပေးရတဲ့ စစ်သား စသဖြင့် စစ်စည်းကမ်းနဲ့ ဘာမှမဆိုင်တဲ့ အလုပ်တွေမှာ တရားမဝင်စွာနဲ့ အနှိမ်ခံ အနင်းခံ အခြားအဆင့် စစ်သည်တွေဟာ စစ်တပ်ထဲမှာ မပျော်မွေ့ကြပေမယ့် ခြိမ်းခြောက်မှု မျိုးစုံကြောင့် ဆက်နေကြရရင်းနဲ့ အမျိုးအမည် ပေါင်းစုံသော ထွက်ပေါက်မဲ့ မကျေနပ်မှုတွေက သူတို့ရဲ့ ရင်ထဲကို ကိန်းအောင်းနေခဲ့ပါတယ်။
စစ်တပ်ထဲမှာ…
(အရာရှိများ)မြန်မာပြည် စစ်တပ်မှာ ဒုတိယ တပ်ကြပ်အဆင့်ကနေ အရာခံဗိုလ် အဆင့်အထိကို ပြန်တမ်းမဝင် အရာရှိများလို့ သတ်မှတ်ပြီးတော့ ဒုတိယဗိုလ်မှ အထက်အဆင့်ကိုတော့ ပြန်တမ်းဝင် အရာရှိလို့ သတ်မှတ်ကြပါတယ်။ စစ်တပ်ထဲမှာကတော့ ဒုတိယ ဗိုလ်ကနေ အထက်ကို ခပ်လွယ်လွယ်ပဲ `အရာရှိ´ လို့ သတ်မှတ်ကြပါတယ်။
စစ်တပ်ထဲမှာ စစ်ဗိုလ် ဖြစ်နည်းတွေကတော့…
(၁) စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းများမှ တဆင့် စစ်ဗိုလ်ဖြစ်ခွင့်။
(၂) အလုပ်သင်ဗိုလ် ဗိုလ်လောင်း သင်တန်းများမှ တဆင့် စစ်ဗိုလ်ဖြစ်ခွင့် (အခုတော့ အဲဒီသင်တန်းတွေ မရှိတော့ပါဘူး)။
(၃) ဗိုလ်လောင်း သင်တန်းများမှ တဆင့် စစ်ဗိုလ်ဖြစ်ခွင့်။စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းကို ယခင်ကတော့ လေးနှစ်တက်ရောက် စေခဲ့ပေမယ့် ယခုနောက်ပိုင်းမှာတော့ သုံးနှစ်သာ တက်ရောက်စေပါတယ်။ သင်တန်းဆင်းရင် ဘွဲ့ရတယောက်အဖြစ် ပညာ အဆင့်အတန်း သတ်မှတ်ပေးပြီးတော့ ဒုတိယဗိုလ် ရာထူးပေးပါတယ်။ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအတွက် ပညာ အရည်အချင်း သတ်မှတ်ချက် အခြေခံပညာ အထက်တန်းကို (က) အဆင့်မှ အောင်မြင်ရပါမယ်။ (တပ်မတော် ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာ တက္ကသိုလ်၊ အစရှိတဲ့ စစ်တက္ကသိုလ်တွေကိုတော့ သတ်မှတ်ထားတဲ့ ဝင်ခွင့်အမှတ်ကို မှီရပါတယ်။)
အလုပ်သင်ဗိုလ် ဗိုလ်လောင်း သင်တန်းကိုတော့ တနှစ်ခွဲ တက်ရောက်ရပါတယ်။ သင်တန်းဆင်းရင် အလုပ်သင်ဗိုလ် အဖြစ်နဲ့ ခြေလျင်/ခြေမြန် တပ်ရင်းတွေမှာ ကိုးလတာ တာဝန်ထမ်းဆောင်၊ အဲဒီနောက် တပ်စုမှူး သင်တန်းကို ထပ်မံ တက်ရောက်ပြီးမှ ဒုတိယဗိုလ် ရာထူးကို ရပါတယ်။ အဲဒီ သင်တန်းဆင်း စစ်ဗိုလ်တွေကိုတော့ ဘွဲ့ရအဖြစ် သတ်မှတ် မပေးပါဘူး။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ အဲဒီ သင်တန်းတွေကို ဆက်လက် မခေါ်ယူတော့ဘဲ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းသား တွေကိုသာ အရင်ကထက် အရေအတွက် တိုးမြှင့်ခေါ်ယူခဲ့ပါတယ်။
ဗိုလ်လောင်းသင်တန်းမှာ တပ်ကြပ် သို့မဟုတ် တပ်ကြပ်ကြီး စာရေးများမှ ဗိုလ်လောင်း သင်တန်း တက်ရောက်ခွင့် ရသူတွေနဲ့ အသက် (၂၅) နှစ်အောက် ဘွဲ့ရ အရပ်သားများက ဗိုလ်သင်တန်းဖြေဆို အောင်မြင်ပြီး ဗိုလ်လောင်းသင်တန်း တက်ရောက်ခွင့် ရသူတွေ တက်ရောက်ကြပါတယ်။
နောက်ထပ် ချွင်းချက် စစ်ဗိုလ်တွေကတော့ `အခြားအဆင့်´ မှာ ကျနော် တင်ပြခဲ့တဲ့ တပ်သားအဆင့်ကနေ တဆင့်ခြင်းစီ ရာထူး တိုးသွားပြီးတော့ ဗိုလ်ကြီးအဆင့်မှာ ဂိတ်ဆုံးတဲ့ လုပ်သက်ရင့် စစ်ဗိုလ်ကြီးများပါပဲ။
***
စစ်တပ်ထဲမှာ အရာရှိများရဲ့ ရာထူး တိုးမြှင့်ပုံနဲ့ အခြားအဆင့် စစ်သည်တွေရဲ့ ရာထူး တိုးမြှင့်ပုံကတော့ ကွာခြားပါတယ်။အရာရှိ တယောက်ဟာ တစုံတရာ စစ်စည်းကမ်း ဖောက်ဖျက်မှု တခုခု ကျူးလွန်တာ မရှိခဲ့ရင်၊ တနည်းအားဖြင့် ပြစ်မှု တခုခုကို ကျူးလွန်ခြင်း တစုံတရာ မရှိခဲ့ရင် ဒုတိယဗိုလ် လုပ်သက် တနှစ် ပြည့်မြောက်တဲ့အခါ ဗိုလ်အဆင့်ကို တိုးမြှင့်ခံရပါတယ်။ ဗိုလ်လုပ်သက် သုံးနှစ် ပြည့်တာနဲ့ ဗိုလ်ကြီးအဆင့်ကို အလိုအလျောက် တိုးမြှင့်ခံရပါတယ်။ ဗိုလ်ကြီးလုပ်သက် ခုနှစ်နှစ်ပြည့်တဲ့ အချိန်မှာ အသက်လေးဆယ် မပြည့်သေးခဲ့ရင် တပ်ခွဲမှူး/ ဗိုလ်မှူး ဗိုလ်မှူး(ဗိုလ်ကြီး) အဖြစ် ခြေလျင်/ခြေမြန် တပ်ရင်းတခုခုမှာ တနှစ် တာဝန်ထမ်းဆောင်ပြီးနောက် ဗိုလ်မှူးအဆင့်ကို တိုးမြှင့်ခံရပါတယ်။
စစ်သားအလုပ်ဆိုတာ တကယ်တော့ အသက်အန္တရာယ် နီးတဲ့အလုပ်၊ သူတကာထက် ပိုမိုပင်ပန်းရတဲ့ အလုပ်လို့ သာမန်အားဖြင့် သိထားကြပေမယ့် ပင်ပန်းကြတာခြင်း အတူတူ အခွင့်အရေး နည်းပါးလှတာ၊ ဒါမှမဟုတ် အခွင့်အရေး လုံးဝ မရှိတာက အခြားအဆင့် စစ်သည်တွေသာ ဖြစ်ပြီးတော့ အရာရှိတွေ အတွက်ကတော့ ရာထူး ကြီးလာလေလေ ရလာမယ့် စည်းစိမ် ဥစ္စာတွေက များလာလေလေ၊ အခွင့်အရေးတွေက တိုးလာလေလေ ပါပဲ။သာမန်အားဖြင့် ဗိုလ်ကြီးအဆင့် မရောက်သေးသူ စစ်ဗိုလ်ပေါက်စတွေအတွက် တပ်ထဲက လာဘ်လာဘ ဝင်လမ်းက နည်းလှပါသေးတယ်။ ဒါပေမယ့် ဗိုလ်ကြီးအဆင့်ကို ရောက်လို့ တိုင်း/တပ်မတွေမှာ စစ်ဦးစီး အရာရှိ (တတိယတန်း) နေရာကို ရပြီ ဆိုတာနဲ့ သူတို့အတွက် ငွေဝင်လမ်းက စပါတော့တယ်။ အရပ်ဘက်နဲ့ ဆက်ဆံရမှု များလေလေ၊ ငွေဝင် များလေလေပါပဲ။ အလွန်သေးငယ်တဲ့ ကျနော်တို့ နယ်မြို့ကလေးမှာတောင် မှောင်ခိုဆိုင်ကယ်တွေ၊ ကားတွေ တင်သွင်းတဲ့ လူတွေဆီက အေးဓမြ တိုက်တဲ့ ဝင်ငွေနဲ့ ဗျူဟာရုံးက စစ်ဗိုလ်များ အလွန်အင်မတန် ငွေထွားကြပါတယ်။
***
၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာစစ်တပ်ကို လေ့လာကြည့်မယ်ဆိုရင် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း နှစ်များမှာ စစ်ဗိုလ်အလုပ်ကို လူငယ်တွေ စိတ်ဝင်စားမှု ပိုများလာတာကို သတိထားမိပါတယ်။ အရပ်ဘက်ကျောင်းတွေကို မကြာခဏဆိုသလို ပိတ်ထားပြီးတော့ ကျောင်းတွေကိုလည်း ဟိုရွှေ့၊ ဒီပြောင်း (၁၉၉၆ ခုနှစ်တုန်းကဆိုရင် ကျနော်တို့ မြို့လေးရဲ့ အထက်တန်းကျောင်းမှာ တက္ကသိုလ်အဆင့် စာမေးပွဲတွေ ကျင်းပသွားဖူးပါတယ်) နဲ့ မတည်မငြိမ်ဖြစ်လွန်းလှတော့ ဘယ်သောအခါမှ ကျောင်းပိတ်မခံရတဲ့၊ အချိန်တန်ရင် ဘွဲ့လည်းရ၊ ရာထူးလည်းရတဲ့ စစ်ဗိုလ် အလုပ်ကို လူငယ်တွေက မျက်စိကျချင် လာကြပါတယ်။ လက်ရှိ တပ်မတော်ရဲ့ အခန်းကဏ္ဍက တိုင်းပြည်မှာ ဗိုလ်ကျနိုင်မှု အင်အား ကြီးလာလေလေ စစ်ဗိုလ်တွေ မျက်နှာပန်း ပွင့်လေလေ ဖြစ်နေတာကလည်း စဉ်းစားစရာ အချက်တချက်ပါပဲ။
`ငါနဲ့ တနှစ်ထဲ ဆယ်တန်းအောင်တဲ့ ကောင်ကွာ၊ ဆေးကျောင်းအမှတ် မီတာလည်း အတူတူပဲ၊ သူက စစ်ဆေးကျောင်း ဝင်ခွင့်ရတယ်၊ ငါက အပြင်ဆေးကျောင်း တယ်တယ်၊ အခု သူက ဗိုလ်သင်တန်းဆင်းလို့ နှစ်ပွင့်လဲရ၊ ဆရာဝန် ဘွဲ့လဲရ၊ င့ါမှာတော့ အခုမှ တတိယနှစ် ဆေးကျောင်းသားတဲ့၊ ဘယ်လိုလုပ် ကျောင်းက ပြီးနိုင်မလဲ၊ ကျောင်းတွေကို အားအားရှိ ပိတ်ပဲ ပိတ်နေတာကိုး´
ရန်ကုန်ကို ရောက်ခိုက်မှာ အကိုဝမ်းကွဲ ဆေးတက္ကသိုလ် ကျောင်းသားက အဲဒီလို ပြောပြခဲ့ဖူးပါတယ်။တကယ်တော့ အုပ်ချုပ်သူ အာဏာပိုင်တွေဟာ လူငယ်တွေကို အဲဒီလို ဖြစ်အောင်ကို တမင် လုပ်ယူခဲ့တာပါပဲ။ အပြင်လောကမှာ အရပ်သား ပညာတတ်တွေ တဖြည်းဖြည်းနဲ့ ပါးလျားလာအောင် လုပ်ယူရင်းနဲ့ စစ်တပ်ထဲကို လူငယ်တွေ များများ ရောက်လာစေတဲ့ နည်းကို တဖြည်းဖြည်းနဲ့ ဆွဲဆောင် ယူခဲ့တာပါပဲ။ အခုဆိုရင် တပ်မတော် စစ်တက္ကသိုလ်၊ တပ်မတော် ဆေးတက္ကသိုလ်၊ တပ်မတော် အင်ဂျင်နီယာ တက္ကသိုလ်၊ တပ်မတော် သူနာပြု တက္ကသိုလ်၊ တပ်မတော် နည်းပညာ တက္ကသိုလ် အစရှိသဖြင့် အသက် မွေးဝမ်းကျောင်း ဆိုင်ရာ လူငယ်တွေ မျက်စိကျလောက်တဲ့ တက္ကသိုလ် အမျိုးမျိုးကို တပ်မတော် အမည်နဲ့ ဖွင့်လှစ်ခဲ့ပါတယ်။
အကောင်းဘက်က တွေးမယ်ဆိုရင်တော့ စစ်တပ်ထဲမှာ ပညာတတ်တွေ များလာတော့ ဆင်ခြင်တုံတရား ရှိသူ ပညာတတ်လူငယ် စစ်ဗိုလ်လေးတွေ များလာလေလေ နောင်အနာဂတ် စစ်တပ်အတွက် ပိုကောင်းလာမယ်လို့ တွေးစရာ ရှိပေမယ့် `စစ်ဗိုလ်ကွ၊ သူ့ကုသိုလ်နဲ့ သူဖြစ်လာတာ၊ ဘာမှ မနာလိုမရှိနဲ့၊ ဖြစ်ချင်တိုင်း ဖြစ်လို့ရတာ မဟုတ်ဘူး´ ဆိုတဲ့ အမြင်မျိုးရှိတဲ့ စစ်ဘိုပေါက်စတွေ မြန်မာပြည်မှာ ပိုများလာရင်တော့ တိုင်းပြည် အနာဂတ်အတွက် ရင်လေးစရာ ကောင်းပါတယ်။ `အာဏာ´ ဆိုတဲ့ အရာက လူမိုက်တွေလက်ထဲ ရောက်သွားရင် ဘယ်လောက် ကြောက်စရာ ကောင်းတယ်ဆိုတာ လက်ရှိ ကျနော်တို့ နိုင်ငံ အခြေအနေက သက်သေပါပဲ။စစ်တပ်တွင်းမှာ အရာရှိ အချင်းချင်း တရားဝင် မဟုတ်ပေမယ့် မသိမသာ ခွဲခြားထားမှုကို တင်ပြချင်ပါအဲဒါကတော့ အခြားအဆင့်ကနေ ဗိုလ်လောင်း သင်တန်းကို တက်ရောက်ခွင့် ရပြီးတော့ စစ်ဗိုလ်ဖြစ်ခွင့် ရသူတွေနဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းဆင်းတွေ အကြား ကွာခြားမှုပါပဲ။အခြားအဆင့်ကနေ စစ်ဗိုလ်ဖြစ်သူများဟာ များသောအားဖြင့် ဘွဲ့ရသူတွေ မဟုတ်တာ များပါတယ်။ တပ်ကြပ်ကြီး စာရေး တချို့ကနေ ဗိုလ်သင်တန်း အောင်သူများ တချို့နဲ့ အသက်(၂၅) နှစ်အောက် ဘွဲ့ရ၊ အရပ်သားများမှ ဗိုလ်သင်တန်း အောင်သူများသာ ဘွဲ့ရတွေ ဖြစ်ကြပါတယ်။ အရာရှိငယ် ဘဝမှာ အဲဒါတွေက မသိသာသေးပေမယ့် ဗိုလ်မှူး အဆင့်ကို ရောက်ရင်တော့ `တပ်ရင်းမှူး သင်တန်း´ တက်ခွင့်အတွက် `တက္ကသိုလ် တခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်´ ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်က အခြားအဆင့်မှ စစ်ဗိုလ် ဖြစ်လာသူ အများစုကို ဗိုလ်မှူး ဘဝမှာတင် ရာထူး ရပ်သွားစေတဲ့ အဓိက အချက်ပါပဲ။ စစ်တက္ကသိုလ် ဗိုလ်လောင်း ဆင်းတွေကတော့ အဲဒီအတွက် မပူမပင်ရစွာနဲ့ပဲ ရာထူး အဆင့်ဆင့်ကို တက်ခွင့် လမ်းက ဖြူးနေပါတယ်။နောက်တချက်ကတော့ တကယ့် တကယ်တမ်း သေရေးရှင်ရေး စစ်ဆင်ရေး နေရာတွေကို သွားရောက်ရတဲ့ အရာရှိငယ် အများစုဟာ အခြားအဆင့်မှ ဗိုလ်သင်တန်း အောင်လာတဲ့ အရာရှိ အများစု ဖြစ်နေကြတာပါပဲ။ စစ်တက္ကသိုလ်ဆင်း အရာရှိတွေကတော့ ရှေ့တန်းထွက်ရလည်း ခဏပါပဲ။ အချိန်တန်ရင် တိုင်း/တပ်မတွေမှာ စစ်ဦးစီး အရာရှိအဖြစ် လျောလျောရှူရှူ လျင်လျင်မြန်မြန် တာဝန် ထမ်းဆောင်ခွင့် ရကြတာလဲ စစ်တက္ကသိုလ်ဆင်း စစ်ဗိုလ်တွေက ပိုများတယ်လို့ သိရှိရပါတယ်။အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော် အဝေးသင် တတိယနှစ် ဖြေဆိုရစဉ်တုန်းက သိကျွမ်း ခင်မင်ခဲ့ရတဲ့ သင်္ဃန်းညီနောင် အခြေစိုက် တပ်ရင်းတရင်းမှ စစ်ဗိုလ် တဦးက သူ အဝေးသင် လာဖြေခိုက်မှာ အခုလို ရင်ဖွင့်ခဲ့ပါတယ်…`တကယ်တော့ကွာ၊ ငါတို့ အခြားအဆင့်က စစ်ဗိုလ်တွေ ဆိုတာက စစ်တုရင်ခုံက နယ်ရုပ်လေးတွေနဲ့ အတူတူပါပဲကွာ၊ ဘုရင်ကြီး ကောင်းစားဖို့ ချကျွေး ခံရလိုခံရ၊ တခါတလေ ဘီးရှော့တို့၊ မြင်းတို့ နေရာကောင်း ရဖို့အတွက် ချကျွေးခံရလို ခံရ၊ ကံအင်မတန်ကောင်းလို့ ဟိုးဘက်ထိပ် ရောက်သွားတဲ့ နယ်ရုပ် တရုပ်တလေကသာ ပါဝါတခုခု တိုးရသွားသလိုပါပဲ။ အခြားအဆင့် တယောက်ကို စစ်ဗိုလ်ရာထူး ပေးတယ်ဆိုတာ သူများ မနေချင်တဲ့ နေရာ၊ သူများ မသွားချင်တဲ့ နေရာတွေအတွက် ကွက်လပ် ဖြည့်ချင်တာပါပဲ´
တပ်တွင်း အခြေအနေ
သံဃာ့ ကံဆောင်သပိတ်နဲ့ လူထုဆန္ဒပြပွဲတွေကို စစ်တပ်က ပစ်ခတ်အကြမ်းဖက် ဖြိခွင်းခဲ့စဉ်တုန်းက တချို့က အဲဒီ စစ်သားတွေထဲက စစ်သားတချို့ စစ်ဖိနပ် မစီးဘဲ သာမန် ခြေညှပ် ဖိနပ်တွေကိုသာ စီးထားကြတာကို `အဲဒီလူတွေ စစ်သားအစစ်မှ ဟုတ်ပါလေစ´ လို့ ဒွိဟစိတ် ဝင်ခဲ့ကြတာကို သတိထားမိပါတယ်။
ကျနော့် အမြင်အရ သုံးသပ်ကြည့်ရရင်တော့ အဲဒီ စစ်သားတချို့ စစ်ဖိနပ် စီးမထားရခြင်းရဲ့ ဖြစ်နိုင်ခြေ နှစ်ချက်ကို စဉ်းစားလို့ရပါတယ်။
အဲဒါတွေကတော့…ပထမတချက်ကတော့ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့အတွက် တာဝန် ယူထားကြတဲ့ စစ်တပ်တွေ အားလုံးဟာ သူတို့ တည်းခိုတဲ့ နေရာတွေမှာ အမြဲတစေလိုလို Standby အဖြစ်နဲ့ အဆင်သင့် အနေအထားမှာ ရှိနေကြရပါတယ်။ တခါတရံမှာ သူတို့ရဲ့ နားနေချိန်၊ ထမင်းစားချိန် ရောက်တဲ့အခါ ပူပြင်းလှတဲ့ မြန်မာပြည် ရာသီဥတုနဲ့ သိပ်အဆင်မပြေလှတဲ့ စစ်ဖိနပ်တွေကို ခဏတာဖြစ်ဖြစ် ချွတ်ထားတတ်ကြပါတယ်။ အဲဒီလို ချွတ်ထားပြီး သက်တောင့်သက်သာ ဖြစ်တဲ့ ညှပ်ဖိနပ်ကို ဝတ်ဆင်ထားခိုက်မှာ အထက်အမိန့်အရ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ အမြန်ဆုံး ထွက်ခွာရတော့ စစ်ဖိနပ်ကို ပြန်မစီးအားတော့ဘဲ အချိန်တိုတွင်း တန်းစီ၊ လူစစ်ပြီး အခင်းဖြစ်ရာကို ရောက်အောင် သွားကြတဲ့အတွက် သူတို့ ခြေထောက်တွေမှာ ခြေညှပ်ဖိနပ်တွေ စီးလျက်သား ဖြစ်နေကြတာပါ။
ဒုတိယ တချက်ကတော့ တချို့ စစ်သားတွေဆီမှာ စီးစရာ စစ်ဖိနပ် မရှိတာပါပဲ။ စစ်ရေးပြ ဖိနပ်၊ တောစီး ဖိနပ် အစရှိတဲ့ စစ်ဖိနပ် နှစ်မျိုးအနက် ဘယ်စစ်ဖိနပ်မှ စီးစရာ မရှိတဲ့အတွက် တချို့ စစ်သားတွေရဲ့ ခြေထောက်မှာ ခြေညှပ် ဖိနပ်တွေနဲ့ ဖြစ်နေကြတာပါစစ်သားတယောက် စစ်ဖိနပ်ကလေးမှ မရှိဘူးလားလို့ မေးစရာရှိပါတယ်။တကယ်တော့ စစ်ထဲကို ဝင်ကြသူတိုင်းအတွက် စစ်အသုံးအဆောင် ပစ္စည်း အစုံအလင်ကို တပ်က ထုတ်ပေးပါတယ်။ အဲဒီအပြင် စစ်ပစ္စည်း တခုခြင်းအလိုက် သက်တမ်း သတ်မှတ်ချက်နဲ့ လဲလှယ်ပေးရမယ့် စည်းကမ်းလဲ စစ်တပ်ထဲမှာ ရှိပြီးသားပါပဲ။ ဒါပေမယ့် အောက်ခြေအဆင့် အခြားအဆင့် စစ်သည် အတော်များများက အဲဒီ စစ်ပစ္စည်းတွေကို ရောင်းစားပစ်ပါတယ်။ မြန်မာပြည်မှာ စစ်ပစ္စည်း မှောင်ခိုဈေးကွက် ဘယ်လောက်ကြီးတယ် ဆိုတာကိုတော့ မင်္ဂလာဒုံ ဈေးထဲက စစ်ပစ္စည်း အရောင်းဆိုင်တွေက သက်သေပါပဲ။ ငွေသာ ပေးနိုင်ရင်၊ ဘာသက်သေ အထောက်အထားမှ မရှိဘဲနဲ့ စစ်တပ်သုံး ပစ္စည်းတွေကို အဲဒီဈေးမှာ အလိုရှိသလောက် ဝယ်ယူနိုင်ပါတယ်။ အဲဒီလိုနဲ့ စစ်သား အတော်များများမှာ စစ်ဝတ်ချပ်တန်ဆာ မစုံမလင်နဲ့ နောက်ဆုံး စစ်ဖိနပ် စီးစရာတောင် မရှိတော့တဲ့ စစ်သား ဖြစ်ရတော့တာပါပဲ။စစ်တပ်က စားစရာရိက္ခာ၊ သုံးစရာ လစာ ပေးထားပါလျက်နဲ့ အောက်ခြေ စစ်သားတွေက သူတို့ရဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကို ရောင်းစားပစ်ရတဲ့ အကြောင်းရင်းကတော့ နဂိုကတည်းကိုက ဘာခံယူချက်မှ မရှိဘဲ အကြောင်းမျိုးစုံနဲ့ စစ်တပ်ထဲ ရောက်လာသူ စစ်သားတွေက စဉ်းစားဆင်ခြင်ဉာဏ် နည်းလှစွာနဲ့ စစ်ပစ္စည်း ရောင်းစားလို့ ရတဲ့ငွေစ တချို့နဲ့ မူးရူးပျော်ပါး သောက်စားလိုတာက တချက်၊ နောက်တချက်ကတော့ သူတို့ရဲ့ ရိက္ခာနဲ့ လစာတွေကို အထက် အရာရှိ တချို့က ရသင့်တဲ့အတိုင်း မပေးဘဲ ခိုးယူ ဖြတ်တောက်ပြီး ကိုယ်ကျိုးအတွက် အသုံးချကြတာကြောင့် စစ်ပစ္စည်းရောင်းလို့ ရတဲ့ ငွေစလေးနဲ့ လတ်တလော အဆင်ပြေသွားရင် ပြီးရော ဆိုပြီး ရောင်းစား ပစ်ကြတာပါပဲ။ကျနော် စစ်ဆင်ရေး အထမ်းသမား ပေါ်တာအဖြစ် လိုက်သွားခဲ့ရစဉ် တုန်းကဆိုရင် အပေါ်ပိုင်းမှာ စစ်အင်္ကျီ၊ ခါးအောက်ပိုင်း ကျတော့ အရပ်ဝတ် အားကစား ဘောင်းဘီတို၊ ထိုင်း ညှပ်ဖိနပ်နဲ့ ရှေ့တန်းလိုက်ကြတဲ့ စစ်သားတွေကို တွေ့ခဲ့ရဖူးပါတယ်။စစ်တပ်က ပေးတဲ့ ရိက္ခာက တကယ့် အတိအကျဆိုရင် စားဖို့ လုံလောက်ပါတယ်။ အာဟာရလည်း ပြည့်ဝပါတယ်။ ဒါပေမယ့် တပ်ထဲက တာဝန်ရှိသူတွေရဲ့ အဆင့်ဆင့် ဖြတ်တောက် လာဘ်စားမှုရဲ့ ဒဏ်တွေကို ခါးစည်းခံရပြီး အစားအစာ မဝမလင်၊ အဝတ်အစား မတောက်မပြောင်နဲ့ လူတောမတိုး ဖြစ်ကြရတာကတော့ အောက်ခြေအဆင့် စစ်သားအများစုပါပဲ။ ကျနော့်ညီလေး တက်ရောက်ခဲ့ရတဲ့ တပ်သားသစ် သင်တန်းမှာ ဆိုရင် သင်တန်းသား တပ်သားသစ်တွေဟာ အမြဲတမ်းလိုလို ဆာလောင် နေကြပါတယ်တဲ့။လစာနဲ့ ရိက္ခာစာရင်းကို အထက်ဌာန အဆင့်ဆင့်ကို တင်ပြတဲ့အခါ စည်းကမ်းပျက်တဲ့ စစ်ဗိုလ် အချင်းချင်း စည်းဝါး ရိုက်ပြီးတော့ တပ်တွင်းမှာ အမှန်တကယ်ရှိတဲ့ အင်အားထက် ပိုမို တင်ပြ တောင်းခံပေမယ့် အောက်ခြေကိုကျတော့ အဲဒီ ရိက္ခာနဲ့ လစာတွေကို လုံလုံလောက်လောက် ပြန်မပေးတာဟာ အကြီးမားဆုံး တပ်တွင်း ခြစားမှုကြီး ဖြစ်သလို တပ်မတော်အတွက် သုံးစွဲတဲ့ တိုင်းပြည်ရဲ့ ဘဏ္ဍာတော်ကိုလည်း လွန်စွာမှ ပြုန်းတီးစေပါတော့တယ်။စစ်ဗိုလ်ဖြစ်ခွင့် မရှိတဲ့ အခြားအဆင့် စစ်သည်တယောက် အဖို့ စစ်မှုထမ်းသက် ကြာမြင့်လာခြင်း၊ ရာထူး တိုးမြှင့်ခြင်းဟာ သူ့ဘဝရဲ့ တိုးတက်မှုကို ဘာမှ အာမခံချက် မပေးနိုင်ပေမယ့် စစ်ဗိုလ် အရာရှိတယောက် စစ်တပ်ထဲမှာ ကြာလာတာနဲ့ အမျှ ရာထူးတွေ မြင့်မြင့် လာလေလေ၊ ဝင်ငွေလမ်း ဖြောင့်လာလေလေ ဖြစ်နေတာဟာလည်း စစ်တပ်ထဲက အခြားအဆင့် စစ်သည်တွေအတွက် စိတ်ဓာတ် ပျက်ပြားစေတဲ့ အကြောင်းရင်း တရပ်ပါပဲ။
အခြားအဆင့် စစ်သည် တယောက်အဖို့ စစ်တပ်ထဲကနေ ထွက်ခွင့်ရဖို့ဆိုတာ အလွန် ခက်ခဲပါတယ်။ စစ်သက် ဘယ်လောက်ပဲ ကြာမြင့်ကြာမြင့် ခိုင်းစေဖို့အတွက် အားအင် ရှိနေသေးတယ်လို့ ယူဆနေသေးသရွေ့ ဘယ်အခြားအဆင့် စစ်သည်ကိုမှ သူတို့ရဲ့ တပ်မှူးတွေက စစ်တပ်က ထွက်ခွင့်ကို အသာတကြည် မပေးကြပါဘူး။ အသက် ၆၀ ကျော်ပြီး ဘယ်လိုမှ ခိုင်းစေလို့ မကောင်းတော့တဲ့အခါ၊ အေအိုင်ဒီအက်စ် ရောဂါလိုမျိုး ကူးစက်ရောဂါ စွဲကပ်တဲ့ အခါနဲ့ ရှေ့တန်း စစ်ဆင်ရေးမှာ ဒဏ်ရာရလို့ ခြေပြတ်လက်ပြတ် ဖြစ်လာတဲ့ စစ်သည်မျိုးက ထွက်ခွင့်တင်တဲ့ အခါမှသာလျှင် လျှောလျှောရှူရှူနဲ့ ထွက်ခွင့်ရပါတယ်။
စစ်ဗိုလ်တွေအတွက်ကတော့ အသက် ၆၀ ပြည့်တဲ့ အချိန်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူး ရှိသူဟာ ၆၅ နှစ်အထိ တပ်မတော်မှာ တာဝန်ထမ်းခွင့် ရှိတယ်လို့ သတ်မှတ်သေးတဲ့ အပြင် စစ်တပ်ရဲ့ ရာထူး အကြီးမြင့်ဆုံး ပုဂ္ဂိုလ်ကိုယ်တိုင်က အသက် ၇၀ ကျော်လွန်သည့် တိုင်အောင် စစ်တပ်က မထွက်ဘဲ ခပ်တည်တည်နဲ့ စစ်စည်းကမ်းဖောက်လို့ စစ်စည်းစိမ်ကို ခံစားနေဆဲပါပဲ။တနည်းနည်းနဲ့ စစ်တပ်က ထွက်ခွင့် ရကြပြန်တော့လည်း စစ်မှုထမ်းဟောင်းခြင်း အတူတူ စစ်ဗိုလ်ဟောင်းကြီးတွေက အရပ်ဘက် ဌာနဆိုင်ရာတွေမှာ ဘာမှမသိ မတတ်လည်း ညွှန်မှူးတွေ ညွှန်ချုပ်တွေ ဖြစ်လိုဖြစ်နဲ့ ဆက်လက် ကောင်းစားနေကြပေမယ့် အခြားအဆင့် စစ်မှုထမ်းဟောင်းတွေ အတွက်ကတော့ အခွင့်အရေးတွေက နည်းပါးလွန်းလှပါတယ်။ ရင်နင့်စရာ ကောင်းတာကတော့ လူစည်ကားရာ နေရာတွေမှာ တွေ့ရတတ်လေ့ရှိတဲ့ စစ်ပြန် ဒုက္ခိတ သူဖုန်းစားတွေပါပဲ။ ပြည်သူတွေက နဂိုကတည်းကမှ စစ်တပ်ကို မုန်းရတဲ့အထဲ စစ်တပ်ထဲမှာ တာဝန် ထမ်းဆောင်မိလို့ ဒုက္ခိတ ဖြစ်ရတော့လည်း တပ်ကထွက်ပြီး တောင်းရမ်း စားသောက်နေရတဲ့ ဘဝပါ။***ပြည်သူနှင့် စစ်တပ်
တကယ်တော့ စစ်သားဆိုတာဟာ ပြည်သူထဲက ပြည်သူပါလို့ အားလုံးက နားလည် ထားကြပြီးသားပါပဲ။ အာဏာကို ဆုပ်ကိုင်ထားတဲ့ လူတစုက `တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ´ လို့ ကြွေးကြော်ပြီး စစ်တပ်ကို သူတို့ကိုယ်ကျိုးအတွက် လက်ကိုင်တုတ် အဖြစ်အသုံးချနေပေမယ့် တပ်မတော်ရဲ့ မိဘဟာ ပြည်သူတွေပါပဲ။တကယ်တော့ အာဏာပိုင်တွေဟာ ဒီအချက်အလက်ကို ကောင်းကောင်း နားလည်တဲ့ အတွက်ကြောင့် ပြည်သူထဲက ပြည်သူ့စစ်သားနဲ့ သူတို့ရဲ့ အမိအဖ မောင်နှမ ပြည်သူတွေကို သွေးကွဲအောင် စနစ်တကျ လုပ်ဆောင်ပါတယ်။ တပ်သားတွေကို သတင်းမီဒီယာ အမှောင်ချခြင်း၊ ပြည်သူနဲ့ ထိတွေ့ခွင့် နည်းနိုင်သမျှ နည်းအောင် ထိန်းချုပ်ခြင်း၊ အာဏာပိုင်တွေရဲ့ မူဝါဒကို ထပ်ခါတလဲလဲ နားရည်ဝအောင် ရိုက်သွင်းထားခြင်း စတဲ့ နည်းမျိုးစုံနဲ့ ပြည်သူနဲ့ စစ်တပ်ကို တသီးတခြားစီ ဖြစ်အောင် စနစ်တကျ လုပ်ဆောင်ပါတယ်။ထင်ရှားတဲ့ အချက်အလက် တခုကို တင်ပြရမယ်ဆိုရင် ၁၉၉၉ ခုနှစ် နောက်ပိုင်းမှာ စစ်တပ်တွေထဲမှာ `စည်းရုံးရေး ကော်မတီ´ ဆိုပြီးတော့ အဆင့်ဆင့် ကော်မတီတွေ ဖွဲ့စည်းပါတယ်။ ဥပမာ တပ်မတော် စည်းရုံးရေး ကော်မတီ၊ တိုင်းစည်းရုံးရေး ကော်မတီ၊ တပ်မ စည်းရုံးရေး ကော်မတီ၊ တပ်ရင်းစည်းရုံးရေး ကော်မတီ၊ တပ်ခွဲ စည်းရုံးရေး ကော်မတီ စသဖြင့် အောက်ခြေအဆင့်အထိ အဆင့်ဆင့် ဖွဲ့စည်းပါတယ်။ ယုတ်စွအဆုံး စစ်သားမယားတွေကိုပါ `ရဲမေ စည်းရုံးရေး ကော်မတီ´ ဆိုပြီးတော့ လင်ယောက်ျားရဲ့ ရာထူးအလိုက် အဆင့်ဆင့် ဖွဲ့စည်းကြပါတယ်။ အဲဒီ စည်းရုံးရေး ကော်မတီတွေရဲ့ အဓိက ဦးတည်ချက်ကတော့ `တပ်မတော် မူဝါဒ´ လို့ အမည်ခံထားတဲ့ `လက်ရှိ အာဏာရှင်တွေရဲ့ မူဝါဒ´ ကို တပ်တွင်း အဆင့်ဆင့် ရိုက်သွင်းတာပါ။ဥပမာအားဖြင့်… `ကျေးဇူးကန်းကြသူများသို့´ ဆိုတဲ့ ဆောင်းပါး တပုဒ်မှာ ကျနော် တင်ပြခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို အမည်ရင်းအတိုင်း မခေါ်စေဘဲ `ဒေါ်စုကြည်၊ စုကြည်၊ ဘိုကတော် စုကြည်´ စသဖြင့် ခေါ်ဝေါ်ရမယ်ဆိုတဲ့ တပ်တွင်း ညွှန်ကြားချက်ဟာ တပ်ရင်းတခုရဲ့ စည်းရုံးရေး ကော်မတီ အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။အလွန်တရာ ဆိုးဝါးလွန်းတဲ့ အချက်ကတော့ စားဝတ်နေရေး ကျပ်တည်းမှု၊ နိုင်ငံရဲ့ ချွတ်ခြုံကျမှုကြောင့် မခံမရပ်နိုင်လို့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြတဲ့ ပြည်သူတွေကို `အဲဒါ ဗကပတွေ၊ အကြမ်းဖက်သမားတွေ´ လို့ အယုံသွင်း သွေးထိုးပြီး အမုန်းစိတ် သွင်းပေးတာပါ။ နဂိုကတည်းကမှ တပ်တွင်း ခြစားမှုတွေကြောင့် အောက်ခြေအဆင့် စစ်သည်တွေရဲ့ ဘယ်သူ့ကို ပေါက်ကွဲရမှန်း မသိတဲ့ ဒေါသတရားတွေက အဲဒီမှာတင် သူတို့ကို ဘာမှ ပြန်မလုပ်နိုင်တဲ့ သူတို့ရဲ့ အမိအဖ ပြည်သူတွေကို ရက်ရက်စက်စက် ချေမှုန်းခြင်းနဲ့ ဖောက်ခွဲ ပစ်လိုက်ပါတော့တယ်။ရှေ့တန်းစစ်ဆင်ရေး ထွက်တဲ့အခါ စစ်ဆင်ရေး နယ်မြေမှာ `တွေ့တဲ့လူကို အစိတ်သားက အစ မချန်ထားနဲ့´ ဆိုပြီးတော့ သူပုန်၊ အရပ်သားမရွေး ချေမှုန်းစေသလို အဲဒီ `အစိတ်သားကအစ ချန်မထားတဲ့ စိတ်ဓာတ်´ ကို ဆန္ဒပြပွဲတွေကို ချေမှုန်းတဲ့ နေရာအထိ သယ်ဆောင်လာတဲ့ အခါမှာတော့ ယူကြုံးမရ ဖြစ်စရာ ကောင်းလှတဲ့ သွေးထွက် သံယိုမှုတွေက မြန်မာ့မြေပေါ်မှာ အကျည်းတန်လှစွာနဲ့ ပေါ်ပေါက် လာရပါတော့တယ်။
***နိဂုံး…
တကယ်တော့ စစ်တပ်ဆိုတာဟာ တိုင်းပြည်အတွက် မရှိမဖြစ် ဆိုတာကို လူတိုင်းက လက်ခံ ထားကြပြီးသားပါ။ ဒါပေမယ့် မရှိမဖြစ်ရတဲ့ အကြောင်းရင်းဟာ တိုင်းပြည်ကို ကာကွယ်ဖို့နဲ့ ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ လူတစုရဲ့ အကျိုးစီးပွားအတွက် မဟုတ်ပါဘူး။ဖြစ်ပြီးခဲ့တဲ့ ပစ်ခတ် နှိမ်နင်းမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ စစ်သားတိုင်းဟာလည်း အခုလို ရက်စက်မှုကြီးကို အားလုံးက သဘောတူနေကြမယ်လို့ ကျနော် မယုံကြည်ပါဘူး။ လူစိတ်အပြည့်နဲ့ ပြဿနာ တခုကို ငြင်သာ ပျော့ပျောင်းတဲ့ နည်းနဲ့ ပူးပေါင်း အဖြေရှာလိုတဲ့ စစ်ခေါင်းဆောင် အချို့နဲ့ ပြည်သူကို မရက်စက်ချင်တဲ့ အောက်ခြေ စစ်သားတွေ တပ်မတော်ထဲမှာ ရှိနေကြအုံးမှာ အသေအချာပါပဲ။အဓိက အရေးကြီးတဲ့ အချက်က မိမိဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ကြတဲ့ ပြည်သူတွေကို `အကြမ်းဖက် ဆူပူလိုသူတွေ´ လို့ စစ်သားတွေက ထင်မြင်နေတာကို ဖယ်ဖျောက်နိုင်အောင် ကြိုးစားဖို့ပါပဲ။ အဲဒီ အမြင်တွေကို စစ်သားတွေရဲ့ အတွေးထဲက ဖယ်ထုတ်ပစ်နိုင်အောင် ကျနော်တို့ ကြိုးစားနိုင်တဲ့ နေ့မှာ တပ်မတော်ကို ကိုယ်ကျိုးအလို့ငှာ အသုံးချနေတဲ့ လူတစုကို ကျနော်တို့ အောင်မြင်မှာ အသေအချာပါပဲ။
ကလိုစေးထူး

Sunday, October 28, 2007

ဂျပန်သတင်းထောက်mr. nagai kenji ၏ တလပြည့်အခမ်းအနား

နအဖစစ်သားမှ ဂျပန်သတင်းထောက် mr. nagai kenjiအား အနီးကပ်ရက်စက်စွာပစ်သတ်ခံရပြီး၁ လအကြာ မနေ့ကဂျပန်နိုင်ငံရှိ မြန်မာသံဃာတော်များ။ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ။ ဂျပန်နိုင်ငံသားများစုစုပေါင်း ၄၀၀ခန့်တက်ရောက်၍ mr.nagai kenji အပါအ၀င် အရေးအခင်းတွင် ပျံလွန်တော်မူသွားသောသံဃာကျောင်းသားပြည်သူများအား မေတ္တာပို့ခြင်း။ ဆွေးနွေးခြင်း အခမ်းအနားပြုလုပ်ခဲ့ပါသည်၊
အခမ်းအနားတွင် အရေးအခင်းအတွင်း နအဖ၏ စစ်သားများမှ ရဟန်းကျောင်းသားပြည်သူများအား မည်သို့မည်ပုံရက်စက်ကြမ်းကြုတ်စွာဖိနှိပ်သတ်ဖြတ်နေပုံကိုဂျပန်ပြည်သူများသိရှိစေရန် ရုပ်ရှင်ပိတ်ကားဖြင့်ပြသခဲ့ပါသည်၊
အစည်းအဝေးတွင် ဂျပန်အစိုးရအားယခုအချိန်အထိ မြန်မာစစ်အစိုးရမှ မြန်မာပြည်သူများအား ရက်စက်ကြမ်းကြုတ်စွာဖိနှိပ်နေမှုကို ရပ်တန့်သွားရန်နိုင်ငံရေးအရဖိအားပေးရန်၊ ODAအား လုံးဝထိန်းချုပ်ထားရန် တောင်းဆိုခဲ့ကြကြောင်းသိရပါသည်၊

တွေ့ ဆုံမှုဆိုတာ နဲ့  တွေ့ ဆုံဆွေးနွေးခြင်းဆိုတာတို့ ဟာ တခြားစီပဲ။


နအဖမီဒီယာတွေမှာ ပြီးခဲ့တဲ့စက်တင်ဘာသံဃာ့အရေးတော်ပုံကို ကြံဖန်လည်ဆယ် အပုပ်ချတိုက်ခိုက်နေကြတယ်၊ ဒါ မဆန်းဘူးလို့  ပြောနိုင်တယ်၊ သဲသဲမဲမဲပဲ၊ ဒါပေမဲ့ နွားပြာကြီးအောက်သွားမရှိတာကိုတော့ ဘယ်လိုမှဖုံးမရဘူး၊ ဟိုလူက ခေါင်းခေါက် မာန်လိုက်။ ဒီလူက ကျောသပ်ဆုံးမလိုက်။ သကာရည်လူးထားတာနဲ့  လူးမထားတာပဲကွာတယ်။ တကမ္ဘာလုံးက ၀ိုင်းပြီးပညာပေး နေကြတာတွေကို မျက်ထောင့်နီကြီးနဲ့ ငုံ့ ခံနေရတယ်၊

နိုင်ငံတကာနယ်ပယ်မှာ ဒီနေ့ လောက် နိုင်ငံရေးအရ နအဖ ခံစစ်ရောက်တာမရှိသေးဘူးလို့  ဆိုနိုင်တယ်၊ သူတို့ မောက်မောက် မာမာ မောင်းထုတ်ခဲ့တဲ့ ပီညဲရိုးကို သွားဖြီးလေးနဲ့ပြန်ကြိုနေရပြီ၊ ဂမ်ဘာရီကိုလည်း တလလောက်အတွင်း ထပ်လာတာကို လက်ခံနေရတယ်၊ နောက်ဆုံးပြည်တွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ပြင်ထုတ်လာရတယ်၊ ဒါတွေဟာ နအဖ စစ်အစိုးရအနေနဲ့  သံဃာ့အရေးတော်ပုံနဲ့  နိုင်ငံတကာဖိအားကို အသိအမှတ်ပြု။ အလျှော့ပေးနေရတာဖြစ်တယ်ဆိုတာ မငြင်းနိုင်ဘူး၊

ဒါပေမဲ့- ဒေါ်အောင်ဆန်းစုကြည်ဟာ ခြေကျင်းတန်းလန်းနဲ့  ရုံးထွက်ရတဲ့တရားခံလိုဖြစ်နေတယ်၊ ဗိုလ်အောင်ကြည်နဲ့ ထိုင်ကြတော့ ကင်မရာတွေတဖြတ်ဖြတ်။ လူတွေတရုန်းရန်းနဲ့ ၊ ဒါပေမဲ့ ဒါဟာတဒင်္ဂကိစ္စ။ ပြီးတာနဲ့ သူ့ ရဲ့  တကိုယ်တော်အိမ်ချုပ်ဆီ ပြန်ဝင်သွားရတယ်၊ ထောင်ဝင်စာတွေ့ တာနဲ့  မထူးလှဘူး၊ ရေးထားသည်ဖြစ်စေ။ ရေးမထားသည်ဖြစ်စေ၊ ထုတ်ပြောသည်ဖြစ်စေ။ ထုတ် မပြောသည်ဖြစ်စေ။ ငါတို့ စိတ်ကြိုက်မတွေ့ ရင် အပြင်လောကကို မထွက်ရဘူးဆိုတဲ့ ခြိမ်းခြောက်မှုဟာ ဒီတွေ့ ဆုံမှုမှာ အထင်အရှာား လွမ်းမိုးနေတယ်၊

တန်းတူရည်တူမရှိခြင်း။ လွတ်လပ်ပွင့်လင်းမှုမရှိခြင်း။ ဒီမိုကရေစီနည်းလမ်းမကျခြင်းတို့ ဟာ ဒီတွေ့  ဆုံမှုရဲ့  သင်္ကေတဖြစ်တယ်၊ မီဒီယာဖော်ပြမှု။ ၀ါဒဖြန့် မှုတို့ ဟာ ဒီတွေ့ ဆုံမှုရဲ့  ပကာသနသာဖြစ်တယ်။

ဒါတွေအပြင် အင်မတန်သတိပြုသင့်တဲ့အချက်တချက်က ဒါဟာ တွေ့ ဆုံမှု သက်သက်သာဖြစ်တယ်ဆိုတာပဲ၊ တွေဏ္ဍဆုံမှုဆိုတာ နဲ့  တွေ့ ဆုံဆွေးနွေးခြင်းဆိုတာတို့ ဟာ တခြားစီပဲ၊ တွေ့ ဆုံရုံသက်သက်နဲ့ တော့ ဘာမှဖြစ်မလာဘူး၊ စကားပြောတယ်ဆိုတိုင်းလည်း ဆွေးနွေး ညှိနှိုင်းတယ်လို့  ပြောမရဘူး၊

နအဖဟာ ဗိုလ်ခင်ညွန့် လက်ထက်တုန်းကလုပ်သလို ဗိုလ်သန်းထွန်းနဲ့ လွဲထားတဲ့ဇာတ်မျိုး ပြန်ကလို့ ကတော့ ခွင့်မပြု နိုင်ဘူး။ အခုနအဖလုပ်နေပုံက အဲဒီအချိုးနဲ့  နည်းနည်းတူနေတယ်၊ ပြည်သူလူထုကြီးဟာ သူတို့ လိမ်သမျှအလိမ်မိနေတယ်လို့  ထင်နေရင် တော့မှားပြီဘဲ။ လူတွေဟာ စိတ်မရှည်စွာစောင့်ဆိုင်းနေတာ ဆိုတာမမေ့ပါနဲ့ ၊ အနှစ်နှစ်ဆယ်နီးပါးဝါးလာတာ ခါးမှန်းမသိပဲ ရှိပါ့မလား၊

နအဖမှာ အဆိုးကြီးဆုံးချို့ ယွင်းချက်ဟာ မရိုးသားတာပဲ၊ မရိုးသားတော့မပွင့်လင်းနိုင်ဘူး၊ မပွင့်လင်းတော့ သူများကမယုံဘူး၊ သူများဆိုတာလည်း နည်းတဲ့သူများမဟုတ်ဘူ၊ ပြည်တွင်းမှာ တပြည်လုံး။ ပြည်ပမှာနိုင်ငံအားလုံး၊ သူများမယုံလို့ ကတော့ အာဏာဆက်မယူနေသင့်တာအမှန်ပဲ။

နှစ်ဘက်ဆွေးနွေးကြတယ်ဆိုရာမှာ ဘယ်သူမဆို။ ဘယ်အချိန်မဆို ကိုယ့်ရည်မှန်းချက်ရယ်လို့  ရှိတာချည်းပဲ၊ ခြွင်းခွင်းချက်မရှိဘူး၊ ဒါမဆန်းဘူး၊ ဒါပေမဲ့အဲဒီရည်မှန်းချက်ဟာ ရိုးသားဖို့ လိုတယ်၊ အချိန်ဆွဲချင်လို့ ။ သူတို့ အပေါ် ပြည်တွင်းပြည်ပက ဖိအားတွေလျော့ ကျစေချင်လို့ ဆိုတာမျိုးနဲ့  ဆွေးနွေးတယ်ဆိုလို့ ကတော့ ဘာမှဖြစ်မှာမဟုတ်ဘူး၊

မကောင်းတဲ့အကျိုးဆက်ပဲဖြစ်မယ်၊ ဗိုလ်နေ၀င်းဟာ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ”ဆိုတာတွေ ခေါ်ခဲ့တယ်၊ ဒါပေမဲ့ ခေါ်တဲ့အခါတိုင်းဟာ ၀ါဒဖြန့် ရေးသက်သက်။ ဟန်ဆောင် သက်သက်ဖြစ်ခဲ့လို့  ဘယ်ဆွေးနွေးပွဲမှ မအောင်မြင်ခဲ့ဘူး၊ ဒါတောင်ပြောစရာတခုရှိတယ်။ အဲဒါက ဗိုလ်နေ၀င်းက “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ”ခေါ်တယ်ဆိုရာမှာ ကြိုတင်သတ်မှတ်ချက်ဘယ်တော့မှမထားဘူး၊ နအဖကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးပွဲ မစမီ လက်နက်ချခိုင်းနေတယ်၊ စစ်အုပ်စုချင်းအတူတူ။ မရိုးသားတာချင်းအတူတူ ဘာလို့ ဒီလိုကွာခြားနေတာလဲ၊

ဗိုလ်နေ၀င်းအာဏာသိမ်းတာဟာ ပထစအစိုးရလက်ထဲကသိမ်းတာဖြစ်ပြီး နိုင်ငံရေးအစိုးရလက်ထက်က အစဉ်အလာတွေ ကျန်နေသေးတယ်၊ ပုဂ္ဂလိကမီဒီယာတွေလည်းရှိနေသေးတယ်၊ ဒီတော့ထောက်ထားရတာတွေ မနည်းဘူး၊ နအဖကျတော့ သူ့ ရှေ့ က အစဉ်အလာဆိုတာကိုက စစ်အာဏာရှင်စနစ်ရဲ့  အစဉ်အလာဖြစ်နေတယ်၊ ပြည်တွင်းမှာ လွတ်လပ်တဲ့မီဒီယာဆိုတာလည်း လုံးဝ မရှိတော့ဘူး။

နောက်ပြီး သိပ်အခရာကျတဲ့ ခြားနားချက်တခုက ဗိုလ်နေ၀င်းအာဏာသိမ်းစတုန်းက ဗိုလ်နေ၀င်းဟာ သူ့ တပ်ကို ပိုင် တယ်၊ ပြည်တွင်းပြည်ပမှာ သူ့ ကိုဆန့် ကျင်နေကြတဲ့ အင်အားဟာလည်း အခုလောက်မများဘူး၊ ဗိုလ်သန်းရွှေကျတော့ ချောင်ပိတ် မိနေသလိုဖြစ်နေတယ်၊ သူ့ တပ်ကလည်း သူ့ ကိုနည်းနည်းမှ ကြည်ညိုတာမဟုတ်ဘူး၊ ဒီလိုအခြေအနေမျိုးမှာ ရေနစ်သူကောက်ရိုးး မြှင်ကို လှမ်းဆွဲသလို လုပ်နေရတာဆိုတော့ နပိန်ကန် ကန်တော့တာပဲ၊

မြန်မာပြည်သူတွေဟာ လွတ်လပ်ရေးရပြီးကတည်းက အမျိုးသားစည်းလုံးညီညွတ်ရေးကို အာသာငမ်းငမ်းတောင့်တခဲ့ကြ တာ ကနေ့ အထိဆိုရင် အနှစ် (၅၀) ကျော်သွားပြီ၊ ဒီကာလအတွင်း သေကြေသူတွေ။ ပျက်စီးသွားတဲ့အိမ်ထောင်စုတွေ။ စည်းစိမ်ဥစ္စာ တွေ။ ဘယ်လိုရေတွက်လို့ မှ အမှန်မသိနိုင်တော့ဘူး၊

စစ်အုပ်စုဟာတဘက်က ဖြစ်နေပြီး တလျှောက်လုံးပဲ အင်မတန်တင်းမာတဲ့ သဘောထားကို ကိုင်စွဲထားခဲ့တယ်၊ လက်နက်ရှိရင် အရာရာကိုဖြေရှင်းနိုင်တယ်။ အရာရာကို စိုးမိုးနိုင်တယ်ဆိုတဲ့ အတွေးအခေါ်နဲ့  ငါမှတပါးဝါဒကို ကျင့်သုံးနေတယ်။

နှစ်ပေါင်း (၅၀) ကျော်ကျင့်သုံးလို့ မှ မအောင်မြင်တဲ့။ အဆိုးတွေသာ ဆက်တိုက်ကြုံတွေ့ ရတဲ့။ တိုင်းပြည်ကိုပြာပုံထဲ ဆွဲပို့ တဲ့ ၀ါဒဟာ မှားကြောင်းမသိလောက်အောက် ဗိုလ်သန်းရွှေတို့  အသိခေါက်ခက် အ၀င်နက်ရသလား၊ ဗိုလ်နေ၀င်းကတော့ အသက် (၇၀) ကျော်တဲ့အခါမှာ မအောင်မြင်မှန်းသိလို့  သူ့ ဖာသာပလ္လင်ပေါ်က ဆင်းချသွားတယ်၊ ဗိုလ်သန်းရွှေရဲ့  အာဏာတဏှာာဟာ ပိုဆိုးတယ်လို့  ပြောရတော့မယ်၊

ရေးသားသူ - ဗသြ

Saturday, October 27, 2007

အရေးကြီးပြီ ညီနောင်အပေါင်းတို့


သံဃာအရေခြုံ ထောင်ထွက်များဟုစစ်အစိုးရ စွပ်စွဲမှုအပေါ် သံဃာတော်များ တုံ့ပြန် ဒီနေရာမှာဖတ်ပါ၊

စစ်အစိုးရကို စီးပွားရေးအရ ဆန္ဒပြနိုင်တဲ့ နည်းလမ်းကောင်းလေးတခု (ထီမထိုးကြပါနဲ့)

အောင်ဘာလေ” ကို “ရှုံးပါလေ” လုပ်ကြပါစို့။ စစ်အစိုးရကို စီးပွားရေးအရ ဆန္ဒပြနိုင်တဲ့ နည်းလမ်းကောင်းလေးတခုပါ။ အန္တရာယ်မများသလို၊ လူတိုင်းလည်း လိုက်ပါ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းကလေးတခုဖြစ်ပါတယ်။လွယ်လွယ်လေးပါ။ လူတွေက အစိုးရရောင်းတဲ့ “အောင်ဘာလေထီ” တွေကို မ၀ယ်ကြဖို့ပါပဲ။

ဘာဖြစ်လို့ ထီမထိုးကြဖို့ လိုအပ်သလဲ။ ဘာဖြစ်လို့ အစိုးရထီ မ၀ယ်ရမှာလဲ။

၁။ ထီဆိုတာက လောင်းကစားတမျိုးပါ။ ထီဆိုတာမျိုးက ပေါက်ဖို့အခွင့်အလမ်း အလွန်နည်းပြီး၊ ဒိုင်ကိုင်တဲ့သူဖက်က အမြဲတစေ မြတ်ပါတယ်။ ရောင်းရငွေရဲ့ ရာခိုင်နှုန်းတချို့ကိုသာ ပြန်ထုတ်ပေးတာ ဖြစ်ပါတယ်။ အဲသည်ထဲက ၀င်ငွေ တွေက အစိုးရရဲ့ အိပ်ကပ်ထဲ၊ ဘဏ္ဍာငွေထဲကို ရောက်သွားလို့ပါပဲ။ စေတနာရှိလွန်းလို့ ဆုကြေးတွေ မြှင့်ပေးတယ် မထင်ပါနဲ့။
အနောက်နိုင်ငံတွေမှာ ထီထိုးမယ်ဆိုရင် "Responsibly Play" (ကစားပေမယ့် ကိုယ့်တာဝန်ကိုသိပါ) ဆိုတာမျိုး သတိပေး ထားတာ ရှိပါတယ်။ ထီထိုးဖို့ မိမိဘာသာ ထိန်းချုပ်လိုက်တာဟာ ကိုယ်ကျင့်တရားအရလည်း ကောင်းမွန်တဲ့ စိတ်ဓါတ် ဖြစ်ပါတယ်။

၂။ ကျနော်တို့က နိုင်ငံခြားတိုင်းပြည်တွေမှာ စစ်အစိုးရအိပ်ကပ်ထဲ ငွေမ၀င်ရလေအောင် စီးပွားရေးအရ ကန့်သတ်ချုပ်ချယ်မှုတွေ လုပ်ဖို့ တောင်းဆိုနေတာ ရှိပါတယ်။ ဒီကိစ္စကတော့ အစိုးရထံ ငွေမ၀င်ရလေအောင် ကျနော်တို့ ဘာသာ ဆောင်ရွက်နိုင်တဲ့ ကိစ္စပါ။ နိုင်ငံခြားကိုလည်း အားမကိုးဘဲ ဆောင်ရွက်နိုင်ပါတယ်။

ကိုးကားလို့ရတဲ့ သတင်းတပုဒ်အရ ၂၀၀၅ ခုနှစ်၊ စတ်တင်ဘာလ စာရင်းတွေအရ မြန်မာနိုင်ငံမှာ အစိုးရထီတစောင်ကို ကျပ် (၁၀၀) ပေးရပြီး၊ ဆုကြီးတွေက ကျပ်သန်း (၃၀) ကနေ သန်း (၅၀) အထိ ရနိုင်ပါတယ်။ မက်စရာပါပဲ။ လစဉ် ရောင်းရတဲ့ ထီက စောင်ရေ ၃၂-သန်းခန့်ရှိတယ်လို့ ဆိုပါတယ်။ ၂၀၀၅ ခုနှစ်မှာ ဆုကြေး ပိုပေးလာလို့ စစ်အစိုးရက ထီစောင်ရေ နောက်ထပ် ၂၁-သန်း ရိုက်နှိပ်ရောင်းချရမယ်လို့ တွက်ထားပါတယ်။ ဆိုပါစို့- ရောင်းရနိုင်တဲ့ ထီအစောင်ရေက ၅၃- သန်း ရှိလာနိုင်ပါတယ်။ တစောင်ကို ၁၀၀ ကျပ်နဲ့ မြှောက်လိုက်တဲ့အခါ အစိုးရအတွက် ကျပ်သန်း ၅၃၀၀ ရလာပါလိမ့်မယ်။

ဒီအထဲက စစ်အစိုးရက ၄၀% ကို အခွန်အနေနဲ့ ကောက်ယူလို့ရရှိပါတယ်။ အဲသည်တော့ လစဉ် အခွန်ငွေ ကျပ် ၂၁၂၀ သန်း၊ (နှစ်စဉ်တွက်ရင် ကျပ် ၂၅၄၄၀ သန်း) ၀င်ငွေ ရစေမယ့် ကိစ္စပါ။ ဒီငွေတွေနဲ့ ပြည်သူလူထုကို ဖိနှိပ်ညှဉ်းပမ်းနေတာ ဖြစ်ပါတယ်။(အကိုးအကား။ AFP: Myanmar's lottery dreams twice as pricey: report , Thu 22 Sep 2005)

၃။ ဒီမိုကရေစီဆိုတာ ရွေးချယ်နိုင်တဲ့ အခြေအနေ များများ ရှိခြင်းပါပဲ။ တခုမကြိုက်ရင် တခုရွေးခွင့်ရှိနေပါတယ်။ ဒီထီကို ထိုးမှ မဟုတ်။ မနေနိုင်လွန်းရင်တောင် တရားမ၀င်ချဲထီ ထိုးနိုင်သလို၊ မြန်မာနိုင်ငံမှာ ဘောလုံးပွဲ လောင်းနေတာလည်း အများပါ။ အားပေးလိုခြင်း မဟုတ်ပေမယ့်၊ ထီမထိုးရ မနေနိုင်သူတွေအတွက် အခြားနေရာလေးတွေ ရှိကြောင်း လက်တို့ တာပါ။

ဘယ်လို ဆန့်ကျင်ကြမလဲ။
- တာဝန်သိသိဖြင့် ထီမထိုးပါနဲ့။- မနေနိုင်ရင် အစိုးရဆီတိုက်ရိုက် မရောက်စေမယ့် ထီထိုးပါ။ - မိတ်ဆွေများကို အစိုးရထီ မထိုးရန် တိုက်တွန်းပါ။- ထီရောင်းချနေသည့် ဆိုင်များကို တိုက်တွန်းပါ။- ထီအရောင်းမြှင့်တင်ရေး လုပ်ပေးနေကြသည့် ရုပ်ရှင် မင်းသား၊ မင်းသမီး၊ ဖက်ရှယ်မယ်များကို တိုက်တွန်းပါ။ စစ်အစိုးရ ကျဆုံးရပါလိမ့်မည်။ အောင်ဘာလေလည်း ရှုံးပါလေ ဖြစ်တော့မည်။
ရွတ်မွန်

သီတင်းကျွတ်တွင် သံဃာတော်များအား ပြန်လွှတ်

ဆန္ဒပြရာမှာ ခေါင်းဆောင်တဲ့ သံဃာအချို့ကို ပြန်လွှတ်ပေးပါတယ်။ သာကေတက ဦးကေါသလ၊ သိပံ္ပကျောင်းတိုက် ကျောင်းထိုင်ဆရာတော်၊ ပုဇွန်တောင်က ရွှေကျင်ကျောင်းထိုင် ဆရာတော်၊ ဘုရားဖြူ ကျောင်းထိုင် ဆရာတော်၊ မဂ္ဂင်ကျောင်းတိုက်အုပ် ဆရာတော်၊ မိုးကောင်းကျောင်းတိုက်အုပ် ဆရာတော်၊ ငွေကြာရံကျောင်းက သံဃာနှစ်ပါး၊ မြောက်ဥက္ကလာက နှစ်ပါးအပါအဝင် သံဃာ(၁၃) ပါး။ NLD ပါတီဝင် (၅၇)ဦး အပါအဝင်လူ(ရဝ)ဦးကို သီတင်းကျွတ်လပြည့်နေ့က ပြန်လွှတ်လိုက်ကြောင်း သိရှိရသည်။မနေ့က ပြန်လွှတ်လိုက်တဲ့ သက်တော်(၇၆)နှစ်ရှိ ဆရာတော်ဦးတေဇောဘာသကို ဖူးတွေ့နေတဲ့ ကိုဇာဂနာရဲ့ပုံပါ။

ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖအရာရှိ ဦးအောင်ကြည်တို့ တွေ့ဆုံသော ဗီဒီယိုအပိုင်းအစ

စက်တင်ဘာလ အရေးအခင်းအပြီး စစ်အာဏာရူးများ၏ အကြမ်းဖက် နှိမ်နှင်းမူအပြီး (၁)လပြည့်မြောက်သော သီတင်းကျွတ်လပြည့်နေ့တွင် ရွှေတိဂုံစေတီသို့ သွေးမြေကျ ပျံလွန်တော်မူသွားသော ရဟန်း.၊ကျောင်းသားပြည်သူများအတွက် ဆုတောင်းမေတ္တာပို့သတာတွေပြုလုပ်ခဲ့ပါသည်၊ မေတ္တာပို့ဆုတောင်းတဲ့သူတွေကို လုံခြုံရေးအစောင့်တွေက ရှာဖွေစစ်ဆေးမူတွေ ပြုလုပ်ခဲ့တာကြောင့် ဘုရားဝတ်ပြုသူများ စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ကြားသိရပါသည်၊

ပြီးခဲ့တဲ့ ၂၅ရက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖ ဆက်သွယ်ရေးအရာရှိ ဦးအောင်ကြည်တွေ့ဆုံစကားပြောပုံကိုလည်း အထက်ပါ ဗီဒီယိုတွင် ကြည့်ရူနိုင်ပါသည်၊

တရုတ်သမ္မတ ဟူကျင်းတောင်နဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ ပို့ဖို့ လက်မှတ် ၁သန်း ပြည့်အောင် မြန်မြန် ထိုးကြစို

http://www.avaaz.org/en/burma_hope_lives/98.php/?cl_tf_sign=1ကို click ၍ လက်မှတ်ထိုးကြပါ။

Friday, October 26, 2007

အရှက်မဲ့မျက်နှာ။


စက်တင်ဘာ (၂၇)ရက်က ငွေကြာယံကျောင်းတိုက်မှာ နအဖစစ်ခွေးတသိုက် လူမဆန် စွာ ရက်စက် ရမ်းကားပုံကို ကြည့်ရှုလိုပါလျှင် ...http://www.irrawaddy.org/protests/video/ngwekyaryan.phpကို click ၍ ကြည့်ပါ။

Tuesday, October 23, 2007

အာဏာမက်မောသူကြီးအတွက် အမျိုးသမီးများက ပေးပို့ သော Panty Power

This is your chance to use your Panty Power to take away the power from the SPDC (military regime in Burma).
You can post, deliver or fling your panties at the closest Burmese Embassy any day from today. Send early, send often!

For more info on the campaign, see



Sunday, October 21, 2007

Further sanctions to spdc from White house

အမေရိကန်သမ္မတ ဘုရှ်မှ အာဏာရူး စစ်ဗိုလ်ချုပ်များနှင့် အပေါင်းအပါစီးပွားရေးလုပ်ငန်းရှင်များအား နံမည်နှင့်တကွ စီပွားရေးအရေးယူဒဏ်ခတ်ခြင်းကို အောက်တွင် downloadကြည့်ပါ၊
http://www.mediafire.com/?4y49ztizzby
http://www.mediafire.com/?99y153sz3jt

နေပြည်တော်သို့ အမျိုးသမီး အတွင်းခံဘောင်ဘီများ၊ အင်္ကျီများ လက်ဆောင်ပေးပို့

နိုင်ငံတကာမှ မြန်မာ့အရေး လှုံ့ဆော်ဆောင်ရွက်မှု များစွာရှိသည့်အနက် ထူးခြားသည့် လှုပ်ရှားမှုတစ်ခု အရှိန်ရ နေသည်။ အမျိုးသမီးများက ၄င်းတို့၏ အတွင်းခံဘောင်းဘီ၊ အင်္ကျီများကို မိမိတို့နှင့်အနီးဆုံး မြန်မာသံရုံးများသို့အရောက်ပို့ရမည့် လှုပ်ရှားမှုဖြစ်သည်။"ငြိမ်းချမ်းရေးအတွက် အတွင်းခံ အ၀တ်အစား" ဟူသော စီမံကိန်းကို ထိုင်းနိုင်ငံ ချင်းမိုင်(ဇင်းမယ်)မြို့ အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်သူများက Lanna Action for Burma အမည်ဖြင့် စီစဉ်လုပ်ဆောင် နေခြင်းဖြစ်သည်။ ထိုလှုပ်ရှားမှုနှင့် ပတ်သက်၍ http://lannaactionforburma.blogspot.com/ တွင် ဖတ်ရှုနိုင်သည်။မြန်မာနှင့် အရှေ့တောင် အာရှနိုင်ငံများတွင် ဤကဲ့သို့အတွင်းခံ အ၀တ်အစားများ ပေးပိုခြင်းမှာ အလွန့်အလွန် ပြင်းထန်သည့် ဖော်ပြချက်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိအမျိုးသမီးများက သတင်းဌာနများသို့ ပြောကြား ကြသည်။ အဆိုပါအဖွဲ့က မြန်မာပြည်တွင် မကြာသေးမီက ပြုလုပ်ခဲ့သော သံဃာတော်များအား ချေမှုန်းနှိပ်ကွပ်မှု အပါအ၀င် အကြမ်းဖက် ဖမ်းဆီး၊ သတ်ဖြတ်မှုများ၊ ထောင်သွင်း အကျဉ်းချမှုများကို ကန့်ကွက်လျက်ရှိသည်။"ဒီနေ့ကစပြီး အနီးဆုံး မြန်မာသံရုံးကို ရှင်တို့ရဲ့ အတွင်းခံ အ၀တ်အစားတွေ ပို့လို့ရပြီ၊ သွားပေးလို့ရပြီ။ မြန်မြန်ပို့ပါ၊ ခဏခဏ ပို့ပါ" ဟု အဆိုပါ အင်တာနက်စာမျက်နှာတွင် လှုံ့ဆော်ထားသည်။
မြန်မာသံရုံးတွေကတဆင့် နေပြည်တော်သို့ ပေးပို့ကြ
အယူသီးလွန်းတဲ့ မြန်မာစစ်ခေါင်းဆောင်များဟာ အမျိုးသမီး အောက်ခံ အ၀တ်အစားတွေနဲ့သန့်ရှင်းသည် ဖြစ် စေ၊ ညစ်ပေနေသည် ဖြစ်စေ တနည်းနည်းနဲ့ပတ်သက်ထိတွေ့မိရင် ဘုန်းတန်ခိုး ယုတ်လျော့ ကျဆင်းတယ်လို့ယုံကြည်ကြတယ်" ဟု အဆိုပါ အဖွဲ့မှ တာဝန်ရှိ အမျိုးသမီး၏ ပြောဆိုချက်ကို ဒီဗွီဘီ သတင်းဌာနက ကိုးကား ဖော်ပြခဲ့သည်။ ဤအတောအတွင်း "အောက်ခံ ဘောင်းဘီတွေ အင်္ကျီတွေ ရောက်လာခြင်းရှိမရှိနဲ့ပတ်သက်လို့လန်ဒန်မြို့ မြန် မာသံရုံးက အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး …" ဟု အင်္ဂလန်နိုင်ငံ အခြေစိုက် ဂါးဒီးယန်း သတင်းစာက ရေးသား ဖော်ပြထားသည်။ အမျိုးသမီး အဖွဲ့အစည်းတစ်ခုက ဂျနီဗာမြို့ မြန်မာသံရုံးသို့ အောက်ခံအ၀တ်အစား အစုံ ၁၄၀ ပေးပို့ခဲ့ပြီးဖြစ်ကြောင်းလည်း ရေးသားထားသည်။နိုင်ငံတကာ သတင်းဌာန အများအပြားကလည်း …"အမျိုးသမီးများက မြန်မာပြည်သို့အတွင်းခံ အ၀တ်အစားများ ပေးပို့ကန့်ကွက်""အတွင်းခံ လှုပ်ရှားမှု မြန်မာသံရုံးတွေကို ထိပြီ""မြန်မာအာဏာရှင်တွေကို ခြိမ်းခြောက်လှန့်တဲ့ အမျိုးသမီး အတွင်းခံ အ၀တ်အစားများ"ဟူသော ခေါင်းစဉ်များဖြင့် ရေးသား ဖော်ပြလျက်ရှိသည်။

စင်္ကာပူနဲ့ အဆက်အသွယ်ရှိတဲ့ ကုမ္ပဏီ ၃ ခု နောက်ဆုံး အရေးယူမှုမှာပါဝင်

တေဇနဲ့ သူပိုင်လေယာဉ်တစီး
မြန်မာစစ်အစိုးရအပေါ် အမေရိကန် ပြည်ထောင်စုရဲ့ အသစ်ချမှတ်လိုက်တဲ့ စီးပွားရေး ပိတ်ဆို့မှုအရ နာမည်ပျက် စာရင်းဝင် စီးပွားရေးလုပ်ငန်း ၇ ခုထဲမှာ စင်္ကာပူနဲ့အဆက်အသွယ် အခိုင်အမာရှိတဲ့ ကုမ္ပဏီ ၃ ခု ပါဝင်နေပါ တယ်။
အဲဒီကုမ္ပဏီကတော့ Pavo ကုမ္ပဏီလီမိတက်၊ Air Bagan ကုမ္ပဏီလီမိတက်နဲ့ ထူး ကုမ္ပဏီလီမိတက်တို့ဖြစ်ကြပါ တယ်။ ဒီကုမ္ပဏီတွေဟာ စင်္ကာပူနိုင်ငံမှာ အခြေစိုက်တာရှိသလို၊ စင်္ကာပူနဲ့အခိုင်အမာ ဆက်သွယ်နေတာလည်း ရှိပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က ကြေညာခဲ့တဲ့ အမေရိကန်ပိတ်ဆို့မှုဟာ စစ်အစိုးရနဲ့ပတ်သက်မှုရှိတဲ့ အဖွဲ့အ စည်းတွေကို ပစ်မှတ်ထားပြီး ပုံဖေါ် ထားတာဖြစ်ပါတယ်။ သူတို့အနေနဲ့ စစ်အစိုးရကို ဖိအားပေးဖို့ အမေရိကန်က မျှော်လင့်ပါတယ်။
ဘန်ကောက်မြို့မှာရှိတဲ့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာဒေ့ဗ် မ သီဆန်က အခုအချိန်ဟာ အမေရိကန် ပြည်ထောင်စုက အခုလိုမျိုး တခုခုလုပ်ရမယ့် အချိန်ပါ၊ ဒါဟာ မြန်မာစစ်အ စိုးရရဲ့ အကျိုးစီးပွား ထိခိုက်ဖို့ သက်သက်လောက်သာ မကပါဘူး၊ စင်္ကာပူကိုလည်း လှန့်နှိုးလိုက်တာပါလို့ဆိုပါ တယ်။
ပြီးခဲ့တဲ့လက Air Bagan ကုမ္ပဏီလီမိတက်က စင်္ကာပူကို သူ့ရဲ့ ဒုတိယ နိုင်ငံတကာ လေကြောင်းလိုင်းအဖြစ် ပြေးဆွဲခဲ့ပါတယ်။ အမေရိကန် သမ္မတမစ္စတာဘွတ်ရှ် ကြေညာခဲ့တဲ့ နာမည်ပျက် စာရင်းဝင် လူပုဂ္ဂိုလ် ၁၁ယောက် စာရင်းသစ်ထဲမှာ Air Bagan လေကြောင်းလိုင်းရဲ့ ဥက္ကဌဖြစ်သူ ဦးတေဇ ပါဝင်ခြင်းမရှိပါဘူး။ Air Bagan ကုမ္ပဏီ နဲ့ တခြားနာမည်ပျက် စာရင်းဝင် ကုမ္ပဏီနှစ်ခုဟာ စင်္ကာပူရဲ့ စီးပွားရေး အချက်အခြာ ရပ်ကွက်တခုက အ ဆောက်အဦးတခုရဲ့ ၂၄ထပ်မှာ ရုံးခန်းဖွင့် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
ဒါပေမယ့် ဘေးနားနီးချင်း ရုံးခန်းတွေကတော့ ဒီကုမ္ပဏီတွေမှာ လူတွေဝင်ထွက် သွားလာနေတာ တွေ့ရပေမယ့် ဘာလုပ်ငန်းတွေ လုပ်ကိုင်နေမှန်း မသိပါဘူးလို့ဆိုကြပါတယ်။ Pavo ကုမ္ပဏီကို ဖုန်းခေရင်၊ အီးမေးပို့ရင်လည်း ချက်ခြင်း အကြောင်းပြန်တာမျိုး မရှိဘူးလို့သိရပါတယ်။ Pavo Trading ကုမ္ပဏီဟာ ထူး ကုမ္ပဏီအုပ်စုတွေနဲ့ ညီ အမ ကုမ္ပဏီဖြစ်ကြောင်း၊ ၁၉၉၉ ခုနှစ်မှာ စတင်တည်ထောင်ကြောင်း၊ အဲဒီကုမ္ပဏီရဲ့ အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတရာပြောဆိုနိုင်သူ စင်္ကာပူအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် တစုံတယောက် နဲ့မှ ဆက်သွယ်လို့မရသေးကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

Saturday, October 20, 2007

Freedom

သေပြည်တော်

အမှန်တကယ် မှားယွင်းရိုက်မိသလား စစ်အာဏာရူးများကို ပညာပေးချင်လို့ လားတော့ မသိ၊ နေပြည်တော်မှ သေပြည်တော်သို့ အမည် ပြောင်းရွေ့ သွားပါကြောင်း ကြေညာမောင်း ခတ်လိုက်ရပါတယ် ခင်ဗျာ။ပုံကတော့ ဂူးဂဲမှကက်ရှ်မှာ ရှာထားတာပါ ခင်ဗျာ။ ကိုယ်တိုင် သိချင်ရင်တော့ commission for drafting state constitution formed site:myanmar.com လို့  ဂူးဂဲမှာ ရိုက်ရှာပြီး ပေါ်လာတဲ့ မြန်မာဒေါ့ကွန်လင့်အောက်က ကက်ရှ်ကို နှိပ်ကြည့်ရင် ဒီပုံအတိုင်း ပေါ်လာပါလိမ့်မယ်။

"သီတင်းကျွတ် တန်ဆောင်တိုင် မီးထွန်းပွဲမှာ မီးပုံးပျံလေးတွေ လွှတ်ကြရင်း ပြည်သူ့ဆန္ဒဖော်ထုတ်ကြရအောင်"


လတ်တလော ဖြစ်ပွားခဲသော သာသနာ့ အာဇာနည်၊ ကျောင်းသား အာဇာနည်များ၏ ဆန္ဒပြပွဲများကြောင့် ကျွန် တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ကမ္ဘာက သိရှိကာ အကူအညီများလည်း ပေးလာကြပြီ ဖြစ်ပါ တယ်။ ဒါဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ အောင်မြင်မှုပါ။ စစ်အစိုးရ လက်အောက်က လွတ်မြောက်ဖို့ရာ အရေးပါတဲ့ ခြေလှမ်းတွေပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဒီခြေလှမ်းတွေကို ရပ်လိုက်လို့ မဖြစ်ပါဘူး။ စစ်မှန်တဲ့ လူ ထုလှုပ်ရှားမူများနဲ့ ဆက်လက်၍ လျှောက်လှမ်းသွားရမှာ ဖြစ်ပါတယ်။
ဒီအတွက် စစ်အစိုးရရဲ့ ဖိနှိပ်မူတွေကြားထဲက လူထုပါဝင် လှုပ်ရှားနိုင်မယ့် နည်းလမ်းများ ရှာကြံတဲ့အခါမှာ တခု သတိထားမိတာက သီတင်းကျွတ် တန်ဆောင်တိုင် မီးထွန်းပွဲတွေမှာ မီးပုံးပျံလွှတ်ကြတာကို သွားသတိရမိပါ တယ်။ ဒီတော့ ဒီနှစ် မီးထွန်းပွဲမှာ ကျွန်တော်တို့ ပြည်သူ့ဆန္ဒမှန်တွေပါတဲ့ မီးပုံးပျံလေးတွေ လွှတ်ကြရင် မ ကောင်းဘူးလား။ သာသနာ့ အာဇာနည်တွေကို ကိုယ်စားပြုတဲ့ သာသနာ့အလံပါတဲ့ မီးပုံးပျံ အနီလေးတွေ၊ ကျောင်းသား အာဇာနည်တွေကို ကိုယ်စားပြုတဲ့ ခွပ်ဒေါင်းပုံပါတဲ့ မီးပုံးပျံ အနီလေးတွေ၊ ပြည်သူ့တွေရဲ ဆန္ဒမှန် "Free Burma" ဆိုတဲ့ စာတန်းပါတဲ့ မီးပုံးပျံ အနီလေးတွေ၊ ကျဆုံးသွားတဲ့ သာသနာ့ အာဇာနည် ကျောင်းသား အာဇာနည်တွေကို ကိုယ်စားပြုတဲ့ မီးပုံးပျံ အနီလေးတွေကို ကောင်းကင်ထက်စီ လွှတ်တင်ကြရအောင်လားဗျာ။

မီးပုံးပျံလေးတွေ ကောင်းကင်ယံစီ ပျံဝဲသွားပြီဆိုတာနဲ့ ဒီနအဖတွေ၊ ကပ်ဖားရပ်ဖား ကောင်တွေ ငုတ်တုတ်ထိုင် ကြည့်ရုံမှတပါး ဘာမှမလုပ်နိုင်ပါဘူး။ ၀ါးရင်းတုတ်နဲ့လည်း လိုက်ရိုက်လို့မရ၊ အဲ…သေနတ်တွေနဲ့ လိုက်ပစ်ချရင် တော့ မပြောတတ်ဘူးပေါ့ဗျာ။လူတစ်စုကို လိမ်ညာလို့ရချင်ရမယ်၊ လူထုကိုတော့ လိမ်ညာလို့မရကြောင်း သက်သေပြလိုက်ကြပါစို့။ စစ်မှန်တဲ့ ပြည်သူ့ဆန္ဒတွေ ထက်ကောင်းကင် ဘ၀ဂ်ထိတိုင် သိနိုင်ကြပါစေလို့…..။

မြန်မာကျောင်းသူ/သားများ

New Opportunity to Show People's DesireComing Lighting Festival, and Thazaungdine Festival we can show People's Desire by releasing Hot Balloon with attachment.

People's Desire
• We favour stability
• We favour peace
• We oppose spdc's violence
We encourage to participate everyone who loves the truth! in this festival.
Win your fear with the truth!
Show your desire over the sky!
Now Lighting Festival and Thazaungdine Festival are very close.I'm thinking of how to show our desire to the Junta. Ok what we can do is releasing Hot Air Balloon (Mie Pone Pyan) to air, with Sar Sa Na flag, NLD logo, "Free Burma" letter or even Red ballon can show our desire. Once the balloon is up to the air it's very hard to
take it down. Means our desires are up in the sky and not easily crack down by gun. Let the key full with people desire in ThaDinKyout Night.

Pls spread the idea to other, hope our country will free soon.
myanmar students

ပြည်တွင်းကနောက်ဆုံးပေါ် ဘုရားရှစ်ခိုးသစ်အကြောင်း

မြန်မာပြည်မှာ ဘုရားရှစ်ခိုးအမျိုးမျိုးတွေ ရှိနေတဲ့ကြားက ယခုခေတ်နဲ့အချိန်နဲ့ အကိုက် ဘုရားရှစ်ခိုးအသစ် ထွက်လာပါတယ်၊ ကြားရတာက ဒီလိုပါ၊
တလောက ဖမ်းထားတဲ့ လူရွှင်တော် အနုပညာရှင်ကို ထောက်လှမ်းရေးက မေးပါတယ်၊ မင်းမှာ ပြက်လုံးအသစ်လေး ဘာလေးများ ရှိသလားတဲ့၊ သူက လောလောဆယ် ငါဘုရားရှစ်ခိုးနေတယ်လို့ ပြန်ဖြေပါတယ်၊ ထောက်လှမ်းရေးက- ကဲ ခုချိန်မှာ မင်းမှာ ဘုရားရှစ်ခိုးစရာ ဘာရှိသေးသလဲလို့ မေးတော့ သူက အခုလို ပြန်ဖြေလိုက်ပါသတဲ့၊


"ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ …
ဓမ္မံ သရဏံ ဂစ္ဆာမိ …
အဲ ... သံဃာံ သရဏံ ကတော့ 'ဂန်းစာမိ' ဖြစ်သွားပြီ၊

နင်တို့စစ်တပ်က သံဃာတော်တွေကို သေနတ်နဲ့ပစ်လိုက်လို့… " ဆိုပြီး ဘုရားရှစ်ခိုးအသစ်ကို ရွတ်ပြလိုက်သည်နှင့် တပြိုက်နက် ဘုရားရှစ်ခိုးအသစ်တန်ခိုးနဲ့ "၀ုန်း … " ဆို မီးခိုးလုံးတွေတက်လာပြီးထောက်လှမ်းရေးတွေ ၊ သူ့အိမ် ပြန်ရောက်သွားတယ်ဆိုလား၊

ပြည်တွင်းပြည်ပကဗုဒ ဘာသာဝင်အပေါင်း သူတော်ကောင်းတို့လည်း ဒီလို တန်ခိုးကြီးလှတဲ့ဘုရားရှစ်ခိုး အသစ်ကို များများနာနာ ဖိရွတ်ကြစို့လို့တိုက်တွန်းလိုက်ရပါကြောင်း၊

(သံခိတ်ဖြည့်စာ - ဂန်း = Gun ဖြစ်ကြောင်း။ နားဝေးသူများ နားရှင်းရအောင် ရှင်းပြလိုက်ရပါတယ်)


Friday, October 19, 2007

လူရွှင်တော် ဇာဂနာ ပြန်လည် လွတ်မြောက်လာ



UN စစ်တပ်များ ကိုဖိတ်ခေါ်ပါတယ်

UN စစ်တပ်များကို မြန်မာပြည်တွင်းသို့ ၀င်ရောက်ကယ်တင်ရန် ဆိုင်းထိုးပေးကြပါဦး
http://www.petitiononline.com/mod_perl/signed.cgi?untroops

Wednesday, October 17, 2007

မစ္စတာဂမ်ဘာရီ ထိုင်းခေါင်းဆောင်များနှင့်တွေ့ဆုံ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီသည် ထိုင်းနိုင်ငံ၌ ရောက်ရှိနေပြီး ထိုင်းအစိုးရ ထိပ်တန်းခေါင်းဆောင်များနှင့် ယနေ့တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးသည်။

မစ္စတာဂမ်ဘာရီသည် ယနေ့နံနက်ပိုင်း၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နစ်ဖိဘွန်ဆွန်ဂရာနှင့် သွားရောက်တွေ့ဆုံ၍ မွန်းလွဲပိုင်း၌ ထိုင်းဝန်ကြီးချုပ် စူရာယွတ်ချူလာနွန်ကို သွားရောက်တွေ့ဆုံသည်။

မြန်မာပြဿနာကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် နီးကပ်စွာ အတူပူးပေါင်း လုပ် ကိုင်ခြင်းဖြင့် ရှေ့တိုးဆောင်ရွက်နိုင်မည်ဟု ကုလသမဂ္ဂအနေဖြင့် ယုံကြည်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီးနောက် မစ္စတာဂမ်ဘာရီက သတင်းထောက်များကို ပြောကြားသည်။

၎င်းက “ကျနော်တို့ ပိုမိုကောင်းမွန်လာအောင်လုပ်နိုင်ပါတယ်။ ထိုင်း၊ တရုတ်၊ အင်ဒိုနီးရှားနိုင်ငံတို့ အပါအ၀င် ကျ နော်တို့အားလုံးပဲပေါ့။ ကျနော်တို့လုပ်နိုင်သလောက် အကောင်းဆုံးလုပ်နေပါတယ်။ ပြီးတော့ မြန်မာအစိုးရက လူ့ အခွင့်အရေး ငြိမ်းချမ်းရေးနဲ့ မြန်မာပြည်သူတွေရဲ့ သာယာဝပြောမှုကို အပြည့်အ၀ လေးစားလိုက်နာဖို့ တောင်းဆို ပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးမှုရှိနေဆဲဖြစ်ပြီး ခြိမ်းခြောက်မှုများသည် အလွန်အမင်း ထိတ်လန့်စရာ ကောင်းကြောင်း၊ ကမ္ဘာ့အဖွဲ့အစည်းများနှင့် မြန်မာအာဏာပိုင်တို့အကြား ပူးပေါင်းဆောင်ရွက်လို စိတ်နှင့် စေ့စပ်ညှိနှိုင်းချင်စိတ်တို့မှာ ဆန့်ကျင်ဘက် ဖြစ်နေကြောင်းလည်း မစ္စတာဂမ်ဘာရီက ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ အဖမ်းအဆီးများ ဆက်လက်ဖြစ်ပေါ်နေခြင်းကို လက်မခံနိုင်ကြောင်း၊ လူ့အခွင့်အရေး ချိုး ဖောက်မှုများကို ရပ်တန့်ရန်၊ အင်တာနက် ပိတ်ပင်ထားမှု ရုပ်သိမ်းပေးရန်၊ ညမထွက်ရအမိန့် သတ်မှတ်ချိန် လျော့ချပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန်တို့ကို မြန်မာစစ်အစိုးရထံ တောင်းဆိုကြောင်း လည်း ၎င်းက ဆက်လက်ပြောကြားသည်။

မစ္စတာဂမ်ဘာရီသည် ထိုင်းနိုင်ငံခရီးစဉ်အပြီး မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့သို့ ဆက် လက်သွားရောက်၍ မြန်မာနိုင်ငံပြဿနာ အဖြေရှာနိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများမှ အစိုးရခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးရန်ရှိသည်။

ပြည်သူ့ တာဝန် (၉) ရပ်။

၁။ ငါတို့သည် နအဖ နှင့် အဆက်အနွယ်များကို အားပေးသော အလုပ်မှန်သမျှကို ရှောင်ရှားမည်။

၂။ ငါတို့သည် နအဖ အတွက် အလုပ်ကို ဆိုးဆိုးရွားရွားလုပ်ပေးမည်။ ဖြည်းလေးစွာ လုပ်ပေးမည်။

၃။ ငါတို့သည် နအဖ ၏ အရေးပါသော စက်ကိရိယာများ၊ စက်ယန္တရားများ၊ ကို ဖျက်ဆီးပစ်ရမည်။

၎။ ငါတို့သည် နအဖအတွက် အကျိုးရှိနိုင်မည့် အရာမှန်သမျှကို ဖျက်ဆီးပစ်ရမည်။

၅။ ငါတို့သည် နအဖ ထုတ်ဝေသော ရုပ်မြင်သံကြားသတင်း၊ ရုပ်ရှင်၊ ဗီဒီယို၊ စာစောင်များကို သပိတ်မှောက်ရမည်။

၆။ ငါတို့သည် နအဖ နှင့် အဆက်အနွယ်များပိုင် ဆိုင်များတွင်ဈေးမ၀ယ်တော့ပါ။ နအဖ နှင့် အဆက်အနွယ်များ ပိုင် ကုန်ပစ္စည်းအမျိုးမျိုးကို မစားသုံးတော့ပါ။

၇။ ငါတို့သည် နအဖ တို့၏ ဆက်သွယ်ရေး၊ နအဖ၏ အင်ထရာနက် ကွန်ယက်များ၊ သယ်ယူပို့ဆောင်ရေးများ အားလုံးကို နှောင့်နှေး ပိတ်ဆို့ အောင်ပြုလုပ်မည်။

၈။ ငါတို့သည် နအဖ နှင့် အဆက်အနွယ်များအား သူတို့နှင့်ထိုက်တန်သည့်အတိုင်း ဆက်ဆံရမည်။ အရေးတယူ မဆက်ဆံတော့ပါ။ ရှောင်ကျဉ်ရေးမူကို လုပ်ဆောင်မည်။

၉။ ငါတို့သည် ရဟန်းတော်များ၊ ကျောင်းသားခေါင်းဆောင်များ၊ ပြည်သူများ ကို နအဖ တို့ မတရား ဖမ်းဆီးချုပ်နှောင်ခြင်းမခံရအောင် အတတ်နိုင်ဆုံး ကာကွယ်ကြမည်။ လွတ်မြောက်အောင် ကြံဆောင်ပေးကြမည်။ ကျန်ရစ်သော ဘုန်းတော်ကြီးကျောင်းများ၊ ကျန်ရစ်သူမိသားစုများ ၏ စားဝတ်နေရေး၊ ပညာရေးများကို လူအားငွေအားစသည့် နည်းလမ်းပေါင်းစုံဖြင့် ထောက်ပံ့ ကူညီစောင့်ရှောက်ကြမည်။

၂၀၀၇ မျိုးဆက်သစ်ကျောင်းသားများသမဂ္ဂ ဂုဏ်ရောင်ပြောင်မြောက်စွာဖြင့် ပေါ်ထွက်လာပါပြီ။



Tuesday, October 16, 2007

အီရတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲဆိုပြီး FREE BURMA ဆိုပါလား၊ တော်တော် နောက်တဲ့ နအဖသတင်းစာ (ကြည့်ကြပါခင်ဗျာ ... ကြည့်ကြပါခင်ဗျာ ...)

အောက်တိုဘာ (၁၀)ရက်နေ့ ထုတ် New Light of Myanmar သတင်းစာ၏ စာမျက်နှာနံပါတ် (၃) အပေါ်ထိပ်တွင် ကြည့်ကြပါ။ ကမန်းကတမ်း လိမ်လိုဇောဖြင့် ဖြတ်ညှပ်ကပ်လိုက်ရာ၊ နအဖတို့  ၏ မီဒီယာများတွင် လိမ်နေကျဇာတ်မှာ ဘူးပေါ်သလို ပေါ် သွားလေသည်။

ကျောင်းသားများ သွေးချင်းဆက်၍ လှုပ်ရှားသွားမည်ဟု ၈၈ မျိုးဆက် ကျောင်း သားများ ပြောကြား

NEJ/ ၁၅ အောက်တိုဘာ ၂၀၀၇
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် အတော်များများ အဖမ်းဆီးခံခဲ့ရသော်လည်း ကျောင်းသား လှုပ်ရှားမှု သည် ရပ်တန့်သွားမည်မဟုတ်ဘဲ ပြည်သူများနှင့်အတူ အမှန်တရားဘက်မှ ဆက်လက် ရပ်တည်သွားမည်ဟု ၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်သူ ကိုစိုးထွန်းက ပြောကြားသည်။
၎င်းက “အခုလောလောဆယ်တော့ ကျနော်တို့က လုံခြုံရေးအရ ခေတ္တခဏငြိမ်သက်ပြီးတော့ လှုပ်ရှားမှုတွေကို ခ ဏ ငြိမ်သက်လိုက်တာပါ၊ လူထုထဲမှာ အချိတ်အဆက်ရှိရှိနဲ့ ရှိနေပါတယ်။ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုအရှိန် အဟုန်ဟာ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ အခုဆိုရင် ကျနော်တို့ရဲ့ ငြိမ်းချမ်းစွာဆန္ဒပြလှုပ်ရှားမှုကြောင့် ကျနော် တို့ရဲ့ မျိုးဆက်သစ်တွေ သွေးသစ်တွေ အကုန်လုံးဟာ သွေးချင်းဆက်မိကြပါပြီ” ဟု ပြောသည်။
နအဖ အာဏာပိုင်များက ငြိမ်းချမ်းစွာဆန္ဒပြခဲ့သူများကို လိုက်လံဖမ်းဆီးနေခဲ့ရာမှ ယခုလ (၁၃) ရက်တွင် ၈၈ မျိုး ဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ် အပါအ၀င် ကျောင်းသား (၄) ဦးကို ဖမ်းဆီးခဲ့သည်။(၁၃)ရက်နေ့ နံနက်ပိုင်းတွင် ၎င်းတို့တိမ်းရှောင် ပုန်းအောင်းနေသည့် နေအိမ်ကို စစ်အစိုးရ အာဏာပိုင်များက ၀င် ရောက်စီးနင်းခဲ့ပြီးနောက် ကိုဌေးကြွယ်နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားများဖြစ်သည့် ကိုအောင်သူ၊ မမီးမီးခေါ် မသင်းသင်းအေးနှင့် အခြားကျောင်းသားတဦးဖြစ်သည့် ဇော်ထက်ကိုကို တို့ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။
နအဖစစ်အစိုးရက ပြီးခဲ့သည့် သြဂုတ် (၁၅)ရက်တွင် လောင်စာဆီဈေးနှုန်း တိုးမြှင့်လိုက်သောကြောင့် လူထုလမ်း လျှောက်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ရာတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို အာဏာပိုင်များက ဖမ်းဆီး ခဲ့သည်။ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ စသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို သြဂုတ်လအတွင်း စတင်ဖမ်းဆီးခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသော ကိုဌေးကြွယ်ကို အာဏာပိုင်များက ပိုက်စိပ်တိုက် ရှာဖွေ နေရာမှ ဖမ်းမိသွားခြင်းဖြစ်သည်။ကိုဌေးကြွယ်သည် တိမ်းရှောင်ပုန်းအောင်းနေရင်းမှ စစ်အာဏာရှင်များကို သံဃာတော်များ၊ ကျောင်းသားများနှင့် အတူပူးပေါင်း တွန်းလှန်ရာတွင် ပါဝင်ရန် ပြည်သူလူထုကို တိုက်တွန်းခဲ့သူ ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ် အတွင်းကလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုလှမျိုးနောင်နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဗဟိုစည်းရုံးရေး ကော်မတီဝင် ကျော်ကိုကို အပါ အ၀င် ကျောင်းသား (၃) ဦးတို့ကို စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ထိုသို့ကျောင်းသားများကို ဖမ်းဆီးနေသော်လည်း ကျောင်းသားမျိုးဆက်သစ်များအနေဖြင့် တိုင်းပြည်အတွက် သ မိုင်းပေး ပခုံးပြောင်းတာဝန်ကို ဆက်လက် ယူဆောင်သွားမည်ဖြစ်ကြောင်း ကိုစိုးထွန်းက ပြောသည်။၎င်းက “အခု ကျောင်းသား အတော်များများဟာ အဖမ်းဆီးခံနေရတယ်။ ထောင်တွေထဲမှာ ထိန်းသိမ်းရေး စခန်း တွေထဲမှာ ရှိကြတယ်။ ဒါပေမယ့် ထောင်တွေကို အောင်မြေအဖြစ်မှတ်ပြီး သူတို့တွေ ရဲဝံ့စွာနဲ့ လှုပ်ရှားမှုတွေကို လုပ်နေကြတယ်။ ကျနော်တို့ ကျောင်းသားမျိုးဆက်တွေကို ဘယ်တော့မှ နှိပ်ကွပ်လို့မရဘူး” ဟု ပြောသည်။
အလားတူ ပြည်သူများကလည်း ပစ်ခတ်နေသည့်ကြားမှ ရဲဝံ့စွာထွက်၍ ၎င်းတို့၏ဆန္ဒများကို ဖော်ထုတ်ပြသကြ ကြောင်း ကိုစိုးထွန်းက ပြောသည်။“ဒီလိုပဲ ကျနော်တို့ ပြည်သူတွေမှာလည်း အဓမ္မနဲ့ဓမ္မကို ခွဲခြားပြီးတော့ ပြတ်ပြတ်သားသားသိတဲ့ စိတ်တွေ ဓမ္မ ဘက်က ရပ်တည်ချင်တဲ့ စိတ်တွေရှိနေကြပြီ၊ သူတို့တွေ အဖမ်းခံရပေမယ့်လည်း ဆက်လက်လှုပ်ရှား နေကြမယ် လို့ ကျနော်တို့ ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ရဟန်းရှင်လူ ကျောင်းသားပြည်သူများ၊ အလုပ်သမား၊ လယ်သမားအားလုံး စုစည်းညီညွတ်စွာဖြင့် ဆက်လက် ချီတက်သွားမည်ဆိုပါက မတရားမှုကို တော်လှန်နိုင်မည်မှာ သေချာကြောင်း ၈၈ မျိုးဆက် ကျောင်း သားတဦးဖြစ်သူ ကိုစိုးထွန်းက ပြောသည်။


Sunday, October 14, 2007

ယနေ့ မြန်မာ့နိုင်ငံရေးအခြေအနေ သုံးသပ်ချက် (ဘားမားတူဒေး)

ထွန်းအောင်ကျော် (ဥက္ကဌဟောင်း)
ကျောင်းသား တပ်မတော်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊၊


၁၉၈၈ခုနှစ်တုန်းက ပြည်သူတွေကို ကျောင်းသားတွေက ဦးဆောင်ခဲ့တယ်။ ယခု ၂၀၀၇ခုနှစ်မှာ ရဟန်းသံဃာ တော်တွေက ဦးဆောင်ခဲ့ပြန်တယ်၊၊ ဒါပေမယ့် ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်ရေးတွေ ရမ လာဘဲ ရဟန်းသံဃာတော်တွေ သွေးမြေကျခဲ့ရတယ်။ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးကို ဦးဆောင်မယ့် ပညာတတ် ကျောင်းသားတွေ ပညာအညွန့်ကျိုးခဲ့ရသလို တိုင်းသူပြည်သားတွေ အကျင့်စာရိတ္တ ကောင်းမွန်ရေးမှာ အဓိက သွန်သင် လမ်းပြမယ့် သံဃာတော်တွေ ခေါင်းကွဲ၊ လက်ကျိုး၊ ဘက်နက်နဲ့ထိုး ရက်ရက်စက်စက် ပစ်သတ်ခံခဲ့ရ တာဟာ ယနေ့မြန်မာနိုင်ငံမှာ အုပ်စိုးနေတဲ့ စစ်အာဏာရှင်စနစ်ရဲ့ ရက်စက်ဆိုးသွမ်းယုတ်မာတဲ့ ပြယုဂ်တခုအဖြစ် တွေ့ရမှာ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂမ်ဘာရီတွေ့ရင် အခြေအနေကောင်းများ ပေါ်လာလေမလား။ သန်းရွှေ၊ မောင်အေးတို့ ဆီက အလျှော့ပေးချက်များ ကြားရလေမလား။ မျှော်လင့်နေကြတဲ့သူတွေကို ရှင်းရှင်းတင်ပြပါ့မယ်။ ဂမ်ဘာရီ မ လာခင် သံဃာ့ဦးဆောင်သပိတ် မပေါ်ခင်ကတည်းက ဂမ်ဘာရီလာရင် ဘယ်လို လှိမ့်ရမယ်ဆိုတာကို သန်းရွှေတို့ က အကွက်ဆင်ပြီးသား ဖြစ်တယ်၊၊ ဂမ်ဘာရီနဲ့ သူတို့ ဇာတ်တိုက်ထားတဲ့သူတွေနဲ့ တွေ့ပေးဖို့ လွန်ခဲ့တဲ့ ဇွန်၊ ဇူ လိုင်လကတည်းက ဇာတ်တိုက်နေတဲ့ သတင်းရပြီးဖြစ်တယ်၊၊ ကျောင်းသားလိုင်းက ခြံခုန်လာတဲ့သူတွေ၊ အဲန် အယ်လ်ဒီအမတ်ကနေ အဲန်အယ်လ်ဒီကို ခြေကန်ပြီး အမျိုးသားညီလာခံတက်တဲ့လူတွေ အားလုံးကို ဘယ်လိုမေး ရင် ဘယ်လိုဖြေရမလဲဆိုတာ သင်တန်းပေးပြီးသား၊၊ ဒါ့ကြောင့် ဂမ်ဘာရီလာတာ အကျိုးမရှိတဲ့အပြင် အကျိုး တောင် ယုတ်နိုင်တယ်လို့ မြင်တယ်။

ဂမ်ဘာရီ ရောက်လာပုံကို ကြည့်ကြရအောင်၊၊ ဂမ်ဘာရီ ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာ သိရ တယ်။ နောက် နေပြည်တော်ကိုသွားပြီး သန်းရွှေကို တွေ့ဖို့စောင့်ရတယ်။ ရန်ကုန်မှာ ဂမ်ဘာရီကို ဖင်ပူအောင်မ ထားဘူး၊၊ နေပြည်တော်ကို ချက်ခြင်း ခေါ်သွားတယ်။ သန်းရွှေနဲ့လည်း ချက်ခြင်း တွေ့ခွင့်မရဘူး၊၊ နောက်ပြီး ဂမ် ဘာရီကို လားရှိုးမြို့ကို ခေါ်သွားတယ်။ အဲဒီမှာ အစိုးရထောက်ခံပွဲကြီးကို ကြည့်ရှုခိုင်းခဲ့တယ်။ ဂမ်ဘာရီဟာ သံ ဃာတော်တွေကိုတွေ့ဖို့ ကြိုးစားအားထုတ်ခဲ့တာ မရှိခဲ့ဘူး၊၊ အကျဉ်းကျ (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင် တွေကိုလည်း တွေ့ဖို့ မကြိုးစားခဲ့ဘူး၊၊ ဒါပေမယ့် ဝေးဝေးလံလံ လားရှိုးမြို့ဆီသွားပြီး လုပ်ပွဲကြီးကိုတော့ ကြည့်ရှု ခဲ့တာကိုကြည့်ရင် ဂမ်ဘာရီဟာ သူ့ကို ကမ္ဘာ့ကုလသမဂ္ဂက အပ်နှင်းထားတဲ့ အရှိန်အ၀ါကိုသုံးပြီး တွေ့သင့်တွေ့ ထိုက်တဲ့သူတွေကို တွေ့ဖို့ ကြိုးစားအားထုတ်မှု မလုပ်ဘဲ နအဖရဲ့ အစီအစဉ်အတိုင်း ရေသာခိုမျှောပြီး လိုက်သွား ခဲ့တာကို တွေ့ရတယ်။ ဒါကြောင့် ဂမ်ဘာရီဟာ ကောက်ကျစ်ယုတ်မာတဲ့ နအဖစစ်အစိုးရကို ကိုင်တွယ်နိုင် လောက်တဲ့ အရည်အချင်း မပြည့်ဝဘူးလို့ ယူဆရမှာဖြစ်တယ်။

မြစ်ကြီးနားမြို့မှာ ကြံ့ဖွတ်တွေဦးစီးပြီး နအဖထောက်ခံပွဲတွေကို လုပ်ခဲ့ရာမှာ ကျောင်းသားတစုက ဒို့အရေး၊ ဒို့အ ရေးလို့ အော်ပြီး ကြွေးကြော်ကြလို့ အစိုးရထောက်ခံပွဲ ပျက်သွားခဲ့တယ်။ အမေရိကရောက် မန္တလေးမစိုးရိမ် ကျောင်းတိုက် (တိုက်ဟောင်း) ဆရာတော်ကြီး ဦးကောဝိဒက “ဒီပွဲမှာ အလျှော့ပေးလိုက်ရင် မြန်မာလူမျိုးတွေ မိမိ လွတ်လပ်ခွင့်တွေ ဆုံးရှုံးရုံတင်မကဘူး။ သာသနာပါ ပျက်ကိန်းဆိုက်မှာ ဖြစ်တယ်” ဆိုတာ သွေးထွက်အောင်မှန် တယ်၊၊

နအဖဟာ လူမျိုးပျောက်လည်း အရေးမစိုက်၊ သာသနာပျောက်လည်း အရေးမစိုက်တဲ့ မျိုးချစ်စိတ်ဓာတ် လုံးဝမရှိ တဲ့ အာဏာရူးမိစ္ဆာကောင်တွေ ဖြစ်တာဆိုတာကို မျိုးချစ်စိတ်ရှိသူတိုင်း သိထားကြဖို့လိုတယ်။ သံဃာတော်တွေရဲ့ ရွှေဝါရောင်တော်လှန်ရေးဟာ အဆုံးမသတ်သေးဘူး၊၊ လက်နက်အားကိုးနဲ့ ဗိုလ်ကျနေတဲ့ လူမိုက်တွေဟာ တ ကယ်တော့ သတ္တိရှိသူတွေ မဟုတ်ဘူး၊၊ လက်နက်အားကိုးနဲ့ မိုက်နေကြသူတွေသာ ဖြစ်တယ်။ ဒါကြောင့် ရွှေဝါ ရောင်တော်လှန်ရေးကို အရှိန်မြင့်တင်ပေးဖို့ မျိုးချစ်စိတ်ရှိသူတိုင်း ကိုယ်နိုင်ရာအလုပ်ကိုလုပ်ကြဖို့ အချိန်ရောက် ပြီလို့ နှိုးဆော်လိုက်ပါတယ်။

ကျနော်တို့ဟာ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် လွပ်လပ်စွာ ဆွေးနွေးပိုင်ခွင့်၊ ရေးသားပိုင်ခွင့်၊ စုဝေးပိုင်ခွင့် စတဲ့ အခြေခံလူ့အခွင့်အရေးတွေ မြန်မာပြည်သူပြည်သားတိုင်း ရရှိစေဖို့ ကြိုးစားနေကြတဲ့သူတွေ ဖြစ်တယ်။ ဒီအ ခွင့်အရေးတွရှိမှသာ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် ညီညီညွတ်ညွတ်နဲ့ အများသဘောကျ လုပ်နိုင်ကြ မယ်လို့ ယုံကြည်တယ်။

မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် လွပ်လပ်ရေးတိုက်ပွဲကြီး အောင်မြင်စေချင်ရင်

၁၊၊ တက်တက်ကြွကြွ နိုင်ငံရေးလုပ်နေသူတွေကို ငွေကြေးပံ့ပိုးကူညီရေးဟာ အလုပ်တခုဖြစ်တယ်။
၂၊၊ ကိုယ်အားကိုယ်သုံးပြီး ချီတက်ပွဲတွေ၊ ဆန္ဒပြပွဲတွေမှာ ပါဝင်ခြင်းဟာလည်း အကျိုးပြုတဲ့ အလုပ်ဖြစ်တယ်။
၃၊၊ ကိုယ်ခင်ရာ မိတ်ဆွေသားချင်းတွေဆီက တိကျတဲ့သတင်း၊ အချက်အလက်တွေ ဓာတ်ပုံအထောက်အထား တွေကို စုဆောင်းပြီး ဦးဆောင်လုပ်နေသူအားလုံးကို သတင်းဖြန့်ဝေပေးခြင်းဟာလည်း အရေးကြီးတဲ့ အလုပ်တခု ဖြစ်တယ်။
၎၊၊ ကိုယ်တွေးမိ မြင်မိတာတွေကို ဆွေးနွေးတင်ပြခြင်းဟာလည်း အရေးကြီးတဲ့ ပံ့ပိုးကူညီမှုတခုလို့ မြင်တယ်။ တ ချို့အတွေးအခေါ်ကောင်းများ၊ အကြံအဉာဏ်ကောင်းများကို လူငယ်တွေထံက ရတတ်တာကို သတိပြုသင့်တယ်။
၅၊၊ နိုင်ငံခြားအစိုးရများ၊ နိုင်ငံခြား ဘာသာရေး၊ လူမှုရေး၊နိုင်ငံရေးအဖွဲ့အစည်းများ၊ ပညာရေးဌာနများ၊ သတင်းဌာ နများသို့ မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်သော အချက်အလက်များကို ရေးသားပေးပို့ခြင်း၊ ရှင်းလင်းတင်ပြ ဆွေးနွေးခြင်း၊ အစည်းအဝေးများတွင် တက်ရောက်ဟောပြောခြင်း၊ စာစောင် ထုတ်ဝေ ဖြန့်ချိခြင်းဖြင့် မြန်မာ့အ ရေးကို ကမ္ဘာကသိအောင် တတ်စွမ်းသမျှ ပါဝင်လုပ်ဆောင်ခြင်းဟာ အရေးကြီးတဲ့ လုပ်ငန်းစဉ်တခု ဖြစ်တယ်၊၊
၆၊၊ အရေးကြီးဆုံးအချက်က အလုပ်လုပ်နေတဲ့ တော်လှန်ရေးအုပ်စု အချင်းချင်း ညီညွတ်ရေးရရှိဖို့အတွက် ကြိုး စား ကူညီပေးခြင်း ဖြစ်တယ်။ အချင်းချင်း အထင်မှား၊ အမြင်မှားမှုတွေ နည်းနိုင်သမျှ နည်းအောင် ကြိုးစားခြင်း ဟာ အလွန်ပဲ အရေးကြီးတယ်လို့ ပြောချင်တယ်။

စစ်အာဏာရူးတွေ ပြုတ်ကျအောင်လုပ်ရမယ့် နည်း (၃)နည်းရှိတယ်။
၁၊၊ပြည်တွင်း အုံကြွမှုကြီးနှင့် မြို့ပြောက်ကျားတိုက်ပွဲ တွဲဖက်ဖေါ်ဆောင်ပြီး ပြည်သူ့တော်လှန်ရေးတရပ်ကို ဖန်တီး ဖြုတ်ချဖို့၊
၂၊၊ သန်းရွှေ၊ မောင်အေးဂိုဏ်းကို ၄င်းတို့ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို ဖွင့်ချပြီး နိုင်ငံတကာတရားရုံးမှာ ရာဇ ၀တ်ကောင်တွေအဖြစ် တရားစွဲပြီး အရေးယူအပြစ်ပေးခြင်းနည်းနဲ့ ဖြုတ်ချဖို့၊
၃၊၊နိုင်ငံခြားတိုင်းပြည် အထူးသဖြင့် အမေရိကန်၊ ဗြိတိသျှ၊ ဥရောပမဟာမိတ်တပ်များ အကူအညီနဲ့ ကုလသမဂ္ဂ တပ်ဖွဲ့အောက်မှာ အမည်ခံပြီး ၀င်ရောက်စွက်ဖက် ဖြုတ်ချဖို့ ဖြစ်တယ်။ တပ်ပြိုကွဲဖို့မှာ နိုင်ငံခြားဝင်ရောက်စွက် ဖက်မှု မပါဘဲ တပ်မှုးတွေ၊ ပြည်သူ့ဘက် ပြောင်းမလာနိုင်ဘူး၊၊ ခေတ်သစ် မြန်မာရာဇ၀င်ကို ပြန်ကြည့်ရင် သီပေါ မင်း ပြုတ်ကျတာ ဗြိတိသျှတပ်ဝင်လို့ ဖြစ်တယ်၊၊ တခါဗြိတိသျှတွေ မြန်မာပြည်က ထွက်သွားတာ ဂျပန်ဝင်လာလို့ ဖြစ်တယ်၊၊ တခါ ဂျပန်ပြေးတာကလည်း ဗြိတိသျှ ပြန်လာလို့ဆိုတာ တွေ့ရမယ်။ မြန်မာနိုင်ငံမှာ အစိုးရတွေ ပြုတ် ကျတာ နိုင်ငံခြားက ၀င်ရောက်စွက်ဖက်လို့ ဖြစ်တယ်ဆိုတာ ထင်ရှားစွာ တွေ့ရမှာ ဖြစ်တယ်။

ထိုနည်း (၃) နည်းထဲက နံပါတ်(၃)နည်းဟာ အမြန်ဆုံး အလွယ်ကူဆုံး ဖြုတ်ချနိုင်တဲ့နည်း ဖြစ်တယ်၊၊ ဒါကြောင့် ထိုနည်း (၃)နည်းစလုံးကို ကိုယ်သန်ရာသန်ရာ ၀ိုင်းဝန်း ကြိုးပမ်းကြဖို့ လိုပြီ၊၊

အရေးတော်ပုံ အောင်ရမည်။
ဒီမိုကရေစီ မုချရ ရမည်၊၊
စစ်အာဏာရှင်စနစ် လုံးဝ ကျဆုံးရမည်။

တုံဏှိဘာဝေ နိုင်ငံမှာ


တုံဏှိဘာဝေ နိုင်ငံမှာ
(In the quiet Land)
ဒီ တုံဏှိဘာဝေနိုင်ငံမှာ..
ဒင်းတို့ ရောင်းဝယ် ဖောက်ကားနိုင်တ
လျို့ဝှက်ချက်တွေကို
တစုံတယောက်က နားထောင်နေတယ်ဆိုတာ
ဘယ်သူမှ ပြောမပြနိုင်ဘူး။

သတင်းတွေကို
ဒီနိုင်ငံရဲ့ သွေးတွေနဲ့ ပေးချေ၊
အာဏာရှင်တွေရဲ့ အားနည်းချက်ကိုတောင
ဘယ်သူမှ မပြောရဲကြဘူး။

ဒီတုံဏှိဘာဝေ မြန်မာနိုင်ငံမှာ
ဘယ်သူမှ မရယ်မောဝံ့ကြသလို
ကျယ်ကျယ်ပြန့်ပြန့်လည်း မတွေးဝံ့ကြဘူး။
ဒီ တုံဏှိဘာဝေ မြန်မာနိုင်ငံမှာ
ရယ်မောမှုတွေကို
လူအုပ်ကြီးရဲ့ ဆိတ်ငြိမ်မှုထဲမှာ
တွေ့မြင်နိုင်ကြပါရဲ့။

ဒီတုံဏှိဘာဝေနိုင်ငံမှာ
သူတို့ကို ခေါ်ဆောင်သွားမယ့်
စစ်သားတွေလာနေတာတောင်
ဘယ်သူတစ်ဦးတစ်ယောက်ကမျှ
ပြောမပြနိုင်ပေဘူး။

တရုတ်တွေကလမ်းတွေကိုလိုချင်တယ်....
ပြင်သစ်တွေကတော့လောင်စာဆီကို လိုချင်တယ်...
ထိုင်းတွေက သစ်တွေကို ယူတယ်...
နအဖ ကတော့
အမြတ်အစွန်းတွေကို ယူတယ်လေ...။

ဒီ တုံဏှိဘာဝေနိုင်ငံမှာလေ..
ဟော့ဒီ တုံဏှိဘာဝေနိုင်ငံမှာလေ..
လူသတ်သမားတွေကြောင့်
တေမိဇာတ် ခင်းနေရတာ...
စိုးရိမ်မှုတွေ ဖုံးလွှမ်းနေတာကို
မကြားသိနိုင်ပေဘူး။

ဒါပေမဲ့ ဘယ်လိုပဲ အင်အားသုံးသုံး
လွတ်လပ်မှုအသံကိုတော
လူညာတွေ လိမ်လို့မရသလို
ဘယ်လိုအသံမျိုးနဲ့မှလည်း
မဖုံးလွှမ်းနိုင်ပေဘူး...။

ဒေါ်အောင်ဆန်းစုကြည်
(အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့)
(မြန်မာပြန်..ဖေသက်နီ)

ဆန္ဒပြမှုမှာ ပါဝင်ခဲ့သူတွေကို ဆက်လက်ဖမ်းဆီးနေမှုအား ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ပီညဲရိုး ပြင်းပြင်းထန်ထန် တုန့်ပြန် (၁၄-၁၀-၀၇)



Saturday, October 13, 2007

ကျောင်းသားခေါင်းဆောင်များ ထပ်အဖမ်းခံရ (၁၃၊ ၁၀၊ ၀၇)


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ကိုဌေးကြွယ်၊ ကိုအောင်သူ၊ မမီးမီးတို့နှင့် ၎င်းတို့အား အကူအညီပေးနေသူ ကိုကိုတို့ ၄ ဦး ၎င်းတို့ရှောင်တိမ်းနေသည့် အိမ်တွင် ယနေ့နံနက်ပိုင်းက အဖမ်းခံရကြောင်း သိရသည်။

ကိုဌေးကြွယ်သည် သြဂုတ်လ ၂၁ ရက်နေ့ည ကဖမ်းဆီးခဲ့သည့် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုကိုကြီးတို့အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အဖမ်းခံရစဉ်ကတည်းက ရှောင်တိမ်းနေရင်း လူထုလှုပ်ရှားမှုများကို ဆက်လက်ဦးဆောင်နေသူ ဖြစ်သည်။
ကိုအောင်သူနှင့် မမီးမီးတို့မှာ သြဂုတ်လ ၂၂ ရက်နေ့တွင်စတင်သည့် ဆန္ဒပြလမ်းရှောက်ပွဲများကို ဦးဆောင်ခဲ့သူ များ ဖြစ်ကြသည်။
စစ်အစိုးရ၏ လတ်တလော ဖမ်းဆီးနှိပ်စက်မှုများနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကို စိုးထွန်းက နိုင်ငံတကာကြက်ခြေနီအဖွဲ့မှ အကူအညီပေးရန် တောင်းဆိုလိုက်သည်။“အနည်းဆုံး နိုင်ငံတကာ ကြက်အခြေနီအဖွဲ့က ထိန်းသိမ်းထားသူတွေကို စောင့်ရှောက်ခွင့်တွေရရင် နည်းနည်းတော့ သက်သာမယ်။ နောက်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုတယ်။ ဒီကိစ္စကို ပြောနေတာလည်း ထပ်တလဲလဲ ရှိနေပါပြီ။ အဲဒါမှ မဖြစ်ဘူးဆိုရင် ကျနော်တို့အားလုံး လည်ဆင်းခံနေရတဲ့ သဘော ဖြစ်နေတယ်။ နိုင်ငံတကာ အသိုင်းအ၀န်းကလည်း ဒီကိစ္စကို ၀ိုင်းဝန်းလုပ်ဆောင်စေချင်တယ်” ဟု ကိုစိုးထွန်းက ပြောသည်။

ပြည်သူတရပ်လုံးက ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာ့နိုင်ငံရေးအခြေအနေအား ပြုပြင်ပြောင်းလဲ နိုင်မည့်ဆုံးဖြတ်ချက်မျိုးကို မျှော်လင့်ခဲ့သော်လည်း ဖြစ်မလာကြောင်း ကိုစိုးထွန်းက ပြောသည်။
အောက်တိုဘာလ ၁၁ ရက်နေ့က လုံခြုံရေးကောင်စီဥက္ကဌက မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာ နအဖ စစ်အစိုးရ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချကြောင်းကိုသာ ဖော်ပြထားပြီး အရေးယူဆောက်ရွက်မှုများ ၎င်းကြေညာချက်တွင် မပါဝင်ပေ။
ကိုဌေးကြွယ်သည် ၁၉၉၁ ခုနှစ်မှ ၂၀၀၄ ခုနှစ် အောက်တိုဘာလအထိ အင်းစိန်ထောင်နှင့် သာယာဝတီထောင် တို့တွင် အကျဉ်းကျခံခဲ့ရပြီး ကိုအောင်သူမှာ ၁၉၉၀ ခုနှစ်မှစ၍ အင်းစိန်ထောင်တွင် ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရ သည်။
“၈၈ ကျောင်းသားတွေအပြင် ကျနော်တို့နဲ့ ဆက်နွယ်မှု အနည်းအကျင်း ရှိသူတွေကိုလည်း အငြိုးတကြီးနဲ့ လိုက်ဖမ်းနေတယ်။ ရှစ်လေးလုံး နှစ်ပတ်လည်ပွဲကို လာသူမှန်သမျှကို ဖမ်းဆီးမေးမြန်းတာတွေ ရှိနေတယ်။ ကျနော်တို့ အင်အားစုတွေ အားလုံးကတော့ ဒီလိုဖမ်းဆီးမှုတွေကို ကြံ့ကြံ့ခံရင်း လူထုလှုပ်ရှားမှုတွေကို ဆက်လက် ဖော်ဆောင်သွားမှာ ဖြစ်တယ်” ဟု ကိုဌေးကြွယ် အဖမ်းမခံရမီ ရက်ပိုင်းအတွင်းက ဧရာဝတီကို ပြောဆိုခဲ့သည်။
မမီးမီးသည် ၁၉၉၆ ခုနှစ်တွင် အင်းစိန်ထောင်နှင့် သာယာဝတီထောင်တို့တွင် ထောင်ဒဏ် ၇ နှစ် ကျခံခဲ့ရသူဖြစ် သည်။
ကုန်ဈေးနှုန်း ကျဆင်းရေးကော်မတီမှ ကိုအောင်ကြီးကိုလည်း ယမန်နေ့ညက ၎င်းရှောင်တိမ်းနေသည့်အိမ်တွင် အာဏာပိုင်တို့က ဖမ်းဆီးလိုက်သည်။ ကုန်ဈေးနှုန်းကျဆင်းရေးကော်မတီကို ဦးဆောင်သူ ကိုထင်ကျော်မှာ သြဂုတ်လအတွင်းက ရန်ကုန်မြို့ သိမ်ကြီးဈေးအနီးတွင် မြန်မာနိုင်ငံ အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့မှ ဦးဇော်ညွန့်နှင့်အတူ ဆန္ဒပြရင်း အဖမ်းခံခဲ့ရသည်။

လုံခြုံရေးကောင်စီ ထုတ်ပြန်ချက် အားမပါ

ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌ ၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် မြန်မာစစ်အစိုးရကို အရေးယူ ဆောင်ရွက် မည့် ဆုံးဖြတ်ချက်မပါရှိသောကြောင့် မြန်မာပြည်အခြေအနေသည် ပြောင်းလဲလာရန် အလားလာ မရှိနိုင်ဟု အတိုက်အခံ များက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို မြန်မာစစ်အစိုးရက အကြမ်းဖက်နှိမ်နင်းနေခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချကြောင်း လုံခြုံရေးကောင်စီ ဥက္ကဌ၏ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်သည် အရေးယူမှု ပါသော ဆုံးဖြတ်ချက် ချ၍ မရသောကြောင့်ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)၏ ပြောခွင့် ရ ပုဂ္ဂိုလ်တဦးဖြစ်သည့် ဦးဟံသာမြင့်က ပြောသည်။
ဒီလိုကျေညာချက်ပဲ ထွက်တယ်ဆိုတာက အရေးယူမှုပါတဲ့ ဆုံးဖြတ်ချက်ချလို့မရဘူး ဆိုတာ ထင်ရှားနေတာပဲ၊ တရုတ်နဲ့ ရုရှနဲ့က ဗီတိုသုံးပယ်ချမှာ ဆိုတော့၊ ဒါပေမယ့် ဒီလို ကြေညာချက်မျိုးကိုတော့ တခါမှ မရဘူး”ဟု ဦးဟံသာမြင့်ကပြောသည်။သို့သော် အဆိုပါကြေညာချက်ကိုလက်ခံကြိုဆိုကြောင်းနှင့် အပြုသဘောဆောင်သည်ဟု ထင်မြင်ကြောင်း လည်း ၎င်းက ပြောသည်။

ပထမဆုံးအကြိမ် ဖြစ်သော လုံခြုံရေးကောင်စီဥက္ကဌ၏ ယခုထုတ်ပြန်ချက်တွင် အောက်တိုဘာလ ၂ ရက်နေ့က ချမှတ်ခဲ့ သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကိုလည်း လုံခြုံရေးကောင်စီ အနေနှင့် ကြိုဆိုသည်ဟု ပါရှိသည်။အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာ့အရေးကို ငြိမ်းချမ်းစွာ ပြောင်းလဲရန်အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသားအဖွဲ့အစည်းများပါဝင်သော စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရန် မြန်မာစစ်အစိုးရကို တိုက်တွန်း ထားသည်။

မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ဦးအောင်ထူးက မြန်မာစစ်အစိုးရ၏ ရာဇ၀တ်မှုကျူးလွန်နေခြင်းကို ကမ္ဘာ့ကုလ သမဂ္ဂ အဖွဲ့က အရေးယူဆောင်ရွက်မှုမရှိဘဲ လျစ်လျူရှုထားသည်ဟု ပြောသည်။“အခု ဖြစ်တာကိုလည်း နိုင်ငံတကာက ဒီဘက်က မကြည့်ဘူး၊ ဒါ က ရာဇ၀တ်မှု ဖြစ်နေပြီ၊ နိုင်ငံတကာ ဥပဒေနဲ့ အရေးယူ လို့ရတဲ့ အခြေအနေရောက်နေပြီ ၊ အဲဒါကို တာဝန်ရှိသူကို ထုတ်ဖော်အရေးယူပါဆိုတာကို ဂန်ဘာရီ ကိုယ်တိုင်လည်း မပြောဘူး၊ ကုလသမဂ္ဂကလည်း မပြောဘဲ လျစ်လျူရှုထားပြီး ဆွေးနွေးညှိနှိုင်းဖို့ကိုပဲ အတင်း တွန်းနေတယ်၊ ဒါက လုံးဝ ထင်ရှားနေတယ်”ဟု လည်း ဦးအောင်ထူးကပြောသည်။စစ်အစိုးရက နိုင်ငံတကာဥပဒေကို ချိုးဖောက်ကျူးလွန်နေသော်လည်း လုံခြုံရေးကောင်စီက ထောက်ပြအရေးယူ ဆောင်ရွက်ခြင်းမျိုးမရှိသည့်အတွက်လွတ်မြောက်နေကြောင်း၊ အကြမ်းမဖက်ရေးတောင်းဆိုနေရုံမျှနှင့်မြန်မာပြည် အခြေအနေ ပြောင်းလဲလာမည်မဟုတ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။“ကြည့်မယ်ဆိုရင် ဂန်ဘာရီဘက်က အားနည်းတယ်၊ လုံခြုံရေးကောင်စီကလည်း တွေ့ဆုံဆွေးနွေး ရေးကိုပဲ ဖိအားပေးနေတယ်”ဟု ဦးအောင်ထူးက ဆက်လက်၍ ဝေဖန်သည်။

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၂၉ ရက်နေ့က ရောက်ရှိခဲ့ပြီး ၎င်း၏ ၄ ရက်ကြာ ခရီးစဉ် အတွင်း စစ်အစိုးရထိပ်ပိုင်း ခေါင်းဆောင်များဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ယာယီဝန်ကြီးချုပ် ဒု ဗိုလ်ချုပ်ကြီး သိန်းစိန်တို့နှင့်တွေ့ဆုံခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း ၂ ကြိမ်တွေ့ဆုံခဲ့သည်။မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်မှာပင် စစ်အစိုးရက အကြမ်းဖက်ဖမ်းဆီးနှိပ်စက်မှုများကို ဆက်လက်၍ ပြုလုပ်နေခဲ့သည်။

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှကိုစိုးထွန်းက နိုင်ငံတကာ၏မြန်မာ့အရေးကိုအရေးယူစောင့်ကြည့်ပြောဆိုမှုများအား ကြိုဆိုသော်လည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေနှင့် မြန်မာပြည်အရေးကို ထိရောက် လက်တွေ့ကျသည့် လုပ်ဆောင်မှုမျိုးဖြစ်စေချင်သည်ဟု ပြောသည်။

“နိုင်ငံတကာရဲ့ မြန်မာ့အရေးကို စောင့်ကြည့် ပြောဆိုမှုတွေကိုတော့ ကြိုဆိုပါတယ်၊ ဒါပေမယ့် ကျနော်တို့ မြန်မာပြည်သူ တွေအနေနဲ့ ဥပဒေရဲ့ အကာအကွယ်ကို မရဘဲနဲ့ စိုးရိမ်ထိတ်လန့်စွာနဲ့ နေထိုင်နေကြရတယ်၊ နေ့တိုင်း အဖမ်းဆီးတွေ ရှိတယ်၊ နေ့တိုင်း ညဘက်မှာ ကောင်းမွန်စွာ မအိပ်ရဘဲနဲ့ အချိန်မတော် လာရောက် ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတယ်၊ သံဃာတော်တွအပါအ၀င် မဆိုင်တဲ့လူတွေပါ ခံနေကြရတယ်”ဟု ကိုစိုးထွန်း က ပြောသည်။

မြန်မာနိုင်ငံ၏ အခြေအနေသည် ယခုထုတ်ပြန်ချက်မျှနှင့် မလုံလောက်ကြောင်း၊ ယခုထက်လက်တွေ့ကျသည့် အရေးယူ ဆောင်ရွက်မှုမျိုးလိုအပ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။“ဒီထက် လက်တွေ့ကျတဲ့ အနိမ့်ဆုံးအဆင့် စစ်ကြောရေးစခန်းတွေမှာ သတ်ဖြတ်နေတာတွေ၊ မတရားသဖြင့် ဖမ်းနေတာ တွေ ချက်ချင်းရပ်တန့် သွားအောင်တော့ လုံခြုံရေးကောင်စီက အပူတပြင်းလုပ်ဆောင်ဖို့ လိုတယ်၊ ဒီလိုမှ မဟုတ်ရင် ထောင်ပေါင်းများစွာရဲ့အသက်တွေဟာ မမြင်ကွယ်ရာမှာ၊ အကျဉ်းထောင်တွေမှာ၊ စစ်ကြော ရေး စခန်းတွေမှာ ဆုံးရှုံးသွား နိုင်စရာ ရှိတယ်”ဟုလည်း ဦးဘိုကြည်ကပြောသည်။

လုံခြုံရေးကောင်စီဥက္ကဌ၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန်ကိစ္စသည်အရေးကြီးသောကြောင့် ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စဖြစ်သည်ဟု သဘောထားကြောင်း ပါရှိသည်။