Sunday, September 30, 2007

ဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီသည် နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ယနေ့ နေ့လယ်က ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်။

မစ္စတာ ဂမ်ဘာရီသည် နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်နှင့် မိနစ် ၂ဝ ခန့်ကြာ အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ကြပ်ပြေး နေပြည်တော်မှ ပြန်လာသော ကုလ ကိုယ်စားလှယ် ခေါင်းဆောင်သော ၃ ဦးပါ အဖွဲ့သည် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် တွေ့ဆုံအပြီး အပြန်တွင် ဒေါ်စုနှင့် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။

လူတိုင်း ခေါင်းဆောင်ပါဟု တပ်ပေါင်းစု ဆရာတော် ဦးဂမ္မီရ ပြော

ပြည်သူလူထု အနေဖြင့် ကိုယ့်ဘာသာကိုယ် ဦးဆောင် ဆန္ဒပြချိန်တန်ပြီ ဖြစ်ကြောင်း စစ်အစိုးရက အပူတပြင်း လိုက်လံ ရှာဖွေနေသော သံဃာ့ တပ်ပေါင်းစုမှ ဦးဆောင်သူ တဦးဖြစ်သူ ဆရာတော် ဦးဂမ္မီရ က ပြေးလွှားနေရင်းက မဇ္ဈိမ ကို ပြောပြသည်။

“လူထုအနေနဲ့ ခေါင်းဆောင်တွေကို မမျှော်နဲ့တော့၊ ကိုယ့်ကိုကိုယ် ခေါင်းဆောင်အဖြစ် ဖော်ထုတ်ပါ၊ ကိုယ့်ကိုကိုယ် ဗဟိုပြုပါ၊ ကိုယ့်ကိုကိုယ် ဦးဆောင်ဖို့ အရေးကြီးတယ်။ သံဃာတော်တွေက ရှေ့မှာ အများကြီး လုပ်ဆောင်သွားပြီးပြီ။ အဖမ်းဆီး ခံရတာတွေ၊ ထောင်ထဲ ရောက်နေတာတွေ၊ စစ်ကြောရေးမှာ ရောက်နေတာတွေ၊ ပြီးတော့ ပျံလွန်တော်မူ သွားကြပြီးပြီ” ဟု ဆရာတော်က ပြောသည်။

“(ဘုန်းကြီးကျောင်းရှေ့မှာ လက်နက် တကားကားနဲ့၊ ယူနီဖောင်း တကားကားနဲ့၊ အဲသလို လုပ်တာဟာ သူတို့ရုပ်လုံးကို နိုင်ငံတကာပေါ်တယ်။ အာဏာရှင်တောင် မကတော့ဘူး အကြမ်းဖက်သမား အဖြစ် ကမ္ဘာက သိတယ်။” ဟု သူက ထပ်ပြောသည်။
“ကျောင်းအပြင်ဘက်မှာ လုပ်လို့ မရရင်၊ ကျောင်းအတွင်းမှာ လုပ်လို့ရတာ ရှိပါတယ်။”

စင်္ကာပူအမတ်များ မြန်မာစစ်အစိုးရကို ရှုတ်ချ

မြန်မာနိုင်ငံတွင်း စစ်အစိုးရက ဆန္ဒပြသူများကို သတ်ဖြတ်မှုများကို ကန့်ကွက်သောအားဖြင့် စင်္ကာပူ အတိုက်အခံ ပါလီမန်အမတ် ၁၁ ဦးက မြန်မာသံရုံး ရှေ့တွင် ဆန္ဒပြကြသည်။အနီရောင်စတစ်ကာပါသော အင်္ကျီများ၊ လက်ပတ်များ ဝတ်ဆင်ပြီး Free Burma, Right to protect, Stop Killing စသည့်စာသားများ ဆိုင်းဘုတ်များတွင် ရေးသားထားပြီး ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများ ကိုင်ဆောင်ထားသော ဆန္ဒပြကြခြင်း ဖြစ်သည်။

အဆိုတော်လားရှိုးသိန်းအောင်ရဲ့ အားပေးစကား..

SAVE BURMA (S.O.S) မြန်မာပြည်ကို အရေးပေါ်ကယ်ကြပါ။


Saturday, September 29, 2007

ဂျပန်သတင်းထောက်သေဆုံးမှု စစ်အစိုးရ၏လိမ်လည်မှုပေါ်ပြီ

နအဖစစ်သားမှ ဂျပန်သတင်းထောက်အား ဤသို့အနောက်မှအနီးကပ် ရက်ရက်စက်စက် ပစ်သတ်ခဲ့ပါသည်၊

အတည်ပြုသတင်းအရ ၂၇ရက်၉လပိုင်းက ဆူးလေဆန္ဒပြပွဲတွင် စစ်တပ်ကလူအုပ်ထဲ တကယ်ပစ်ခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့ ဂျပန်နိုင်ငံသား တိုကျိုမြို့အခြေစိုက် APF TSUUSHINမီဒီယာ ကုမ္မဏီမှသတင်းထောက် မစ္စတာ KENJI NAGAI ဆိုရင် တလံတောက်သာကွာတဲ့နေရာမှာ စစ်သားက ပစ်ထည့်တာ။ လဲကျသွားတာ။ လက်ထဲက ဗီဒီယိုကင်မရာကို သေတဲ့အထိ မလွတ်တမ်းကိုင်ထားတာ။

အဲဒီနောက်စစ်သားတွေက သူ့ရဲ့အလောင်းကိုဆွဲသွားတာတွေကို ရန်ကုန်မှာရှိတဲ့ ဒီဗီဘီ သတင်းထောက်က အသေအချာ ဗီဒီယိုရိုက်ပို့ထားတဲ့အထဲ မြင်နေရပါတယ်၊ ဒါ့အပြင် အခြားသေဆုံးဒဏ်ရာရသူတွေရဲ့ ပုံတွေကိုလဲအတော်ရထားပြီး တချို့ဆိုရင် ဦးခေါင်းတည့်တည့်ကိုတောင် ချိန်ရွယ်ပစ်ခတ်ထားတာ တွေ့နေရပါတယ်၊

ဒီပုံတွေကို စီအင်အင်။ ဘီဘီစီ အပါအ၀င် နိုင်ငံတကာ ရုပ်သံဌာနတွေနဲ့ အထူးသဖြင့်ဂျပန်မီဒီယာတွေမှာ အသေးစိတ်ပြသနေပြီဖြစ်ပါတယ်၊ စစ်တပ်ရဲ့ ပစ်ခတ်မူ့ကြောင့် သေဆုံးသွားခဲ့ရတဲ့ဂျပန်သတင်းထောက်ဟာ ၀ါရင့်စစ်မြေပြင်သတင်းထောက်ဖြစ်ပြီး။ အီရတ်နဲ့အာဖဂန်နိုင်ငံတွေမှာ နှစ်နဲ့ချီသတင်းယူခဲ့ဖူးသူဖြစ်ပါတယ်၊ စစ်ဖြစ်တဲ့ အဲဒီနိုင်ငံတွေမှာ ဘာမှမဖြစ်ဘဲ မြန်မာနိုင်ငံမှာ အသေအပစ်ခံလိုက်ရတယ် ဆိုတာဟာ မယုံနိုင်အောင်ဖြစ်နေတယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြနေပါတယ်၊
နအဖက ဂျပန်အစိုးရကို လိမ်တာက မတော်တဆ ဘေးကချော်ထွက်လာတဲ့ ကျည်ဆံမှန်တာပါလို့  ဂျပန်သတင်းထောက်သေတဲ့ကိစ္စကို ပြောပါတယ်။ ဗွီဒီယို မှတ်တမ်းအထောက်အထားနဲ့  တကမ္ဘာလုံးမြင်နေရတာကတော့ ရှေ့ က လုံထိန်းက လိုက်ရိုက်လို့ လဲကြသွားပြီး လက်မြောက်တောင်းပန်နေတာတောင် နောက်ကလိုက်ပါလာတဲ့ စစ်သားနှစ်ယောက်ထဲက တစ်ယောက်က သေနတ်ကို ရှေ့ စိုက်ပြီး သေသေချာချာကြီး ပစ်သတ်သွားခဲ့တာပါ။

လက်ရှိအမြင်

ယနေ့ဖြစ်ပေါ်နေသောပြည်သူ့အုံကြွမှုကြီးတွင် ရဟန်းသံဃာတော်များ၊ NLD ပါတီဝင်များ၊ ကျောင်းသား/သူများနှင့် ပြည်သူတစ်ရပ်လုံးသည် အသက်သွေးမြေကျခံကာတိုက်ပွဲဝင်လျက် ရှိပါသည်။

၈၈၈၈ အရေးအခင်းတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရဟန်းရှင်လူကျောင်းသား/သူ ပြည်သူ လုထုအသက်ပေါင်းများစွာ စတေးခဲ့ရပြီးဖြစ်ပါသည်။

၈၈၈၈ ကာလနောက်ပိုင်းတွင် မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူ အများအပြားသည် ပြည်ပနိုင်ငံများသို့ရောက်ရှိသွားကာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီထွန်းကားရေးအတွက် တတ်စွမ်း သမျှကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။

ပြည်ပရောက်အတိုက်အခံအင်အားစုများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ တူညီသော သဘောထားအယူအဆတစ်ခုမှာ မြန်မာနိုင်ငံတွင် အပြောင်းအလဲဖြစ်ရန်အတွက် ပြည်တွင်း အင်အားသာလျင်ပဓာနကျသည်ဟူသောအချက်ဖြစ်ပါသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံတွင်းရှိပြည်သူများ တခဲနက်အုံကြွဆန့်ကျင်လှုပ်ရှားမှုသာလျင် အဓိက ဖြစ်သည်ဟူသော အယူအဆသာလျင် ပေါ်လွင်ထင်ရှားလျက်ရှိပါသည်။

ယနေ့ရဟန်းသံဃာတော်များဦးဆောင်ကာကျောင်းသာပြည်သူတစ်ရက်လုံးစစ်အစိုးရကို အာဏာဖီဆန်ကာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့သည်မှာ (၁၀)ရက်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါသည်။

ဤအရေးတော်ပုံတွင် ရဟန်းရှင်လူပြည်သူ(၁၅)ဦးနှင့် ဂျပန်နိုင်ငံသားတစ်ဦး အသက် ဆုံးရှုံးခဲ့ရပါသည်။
မြန်မာနိုင်ငံတွင်းရှိပြည်သူများအဖို့ စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ရန်ငြိမ်းချမ်းသော နည်းလမ်းတစ်ခုသာရှိပါသည်။

ထိုသို့ငြိမ်းချမ်းစွာဆန္ဒပြသူများအပေါ်စစ်အစိုးရက အမှန်တရားကိုမျက်ကွယ်ပြုကာ ရက်စက်စွာ နှိပ်ကွပ်လျက်ရှိပါသည်။ ရက်ကြာမြင့်လာသည်နှင့် စစ်အစိုးရ၏ နှိပ်ကွပ်မှုများကြောင့် ပြည်သူများအသက်ဆုံးရှုံးမှု ပိုမိုများပြားလာမည်မှာ အသေအချာဖြစ်ပါသည်။


သို့ဖြစ်၍ ပြည်ပရောက် အတိုက်အခံအဖွဲ့အစည်းများ၊ မြန်မာ့အရေးကို အနီးကပ် စောင့်ကြည့် နေသည်ဆိုသော USA နှင့် EU နိုင်ငံများ နှင့် ကမ္ဘာ့ကုလသမဂ္ဂ အနေနှင့် ဆူဒန်နိုင်ငံ ဒါဖူးဒေသမှာ ကဲ့သို့ပြည်သူသန်းနှင့်ချီ၍ အသက်ဆုံးရှုံးရသည့်အခြေအနေထိ စောင့်ဆိုင်းနေကြမည်လောဟု မေးမြန်းရမည့်အခြေသို့ ရောက်ရှိနေပါသည်။

ယနေ့မြန်မာနိုင်ငံ၏ ပြဿနာကို အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော တရုတ်နိုင်ငံ၊ ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံအမည်ခံ အိန္ဒိယနိုင်ငံနှင့် အာစီယံနိုင်ငံများသည် ယနေ့မြန်မာနိုင်ငံတွင်ဖြစ်ပျက်နေသည်များကိုမမြင်ယောင်၊ မကြားယောင်၊ မသိယောင်ဆောင်ကာ ပြည်တွင်းရေးသာဖြစ်သည်၊ ဒေသတွင်းနိုင်ငံများကို ထိခိုက်နိုင်သော ပြဿနာမဟုတ်ဟူသော ကိုယ်ကျိုးစီးပွားရှေ့တန်းတင်သည့် မူဝါဒများဖြင့် အရှက်ကင်းမဲ့စွာမျက်ကွယ်ပြုနေကြပါသည်။

ဤသို့သောအခြေအနေတွင် မြန်မာနိုင်ငံတွင်းရှိ ရဟန်းရှင်လူ ကျောင်းသားပြည်သူများ အနေနှင့် စစ်အစိုးရ၏ အကြမ်းဖက် သတ်ဖြတ်နှိမ်နင်းမှုအရှိန် မည်မျှမြင့်မားလာစေကာမူ နောင်လာနောင်သား သားစဉ်မြေးဆက် အတွက်အသက်ပေါင်းများစွာ ပေးဆပ်ကာ ဒီမိုကရေစီ ထွန်းကားရေးအတွက် ဆက်လက် ဆန့်ကျင်တိုက်ပွဲဝင်သွားမည်သာ ဖြစ်ပါသည်။

ယနေ့ဖြစ်ပွားခဲ့သော စစ်အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုကို ကမ္ဘာ့ပြည်သူများ သိရှိနိုင်ရန် သတင်းဓါတ်ပုံ ရိုက်ကူးရင်း အသက်ဆုံးရှုံးခဲ့ရသည့် ဂျပန်နိုင်ငံသား တိုကျိုမြို့ အခြေစိုက် APF Tsushin မီဒီယာ ကုမ္ပဏီမှသတင်းထောက် မစ္စတာKenji Nagai ကိုမြန်မာပြည်သူများကိုယ်စား အထူးဂုဏ်ပြုအပ်ပါသည်။

Friday, September 28, 2007

ယနေ့သတင်းများ

မြန်မာစံတော်ချိန် ၁၃း၅၀

ဘားလမ်းနေသူ တစ်ယောက်၏ သတင်းပေးချက်အရ လူတွေ အများကြီး တဖွဲဖွဲ ဆူးလေဘက်ကို လာနေကြပါတယ်။ စစ်သားတွေ မရှိတော့ပါဘူး။ စစ်ကားနဲ့ မီးသတ်ကားတွေက လမ်းမှာကျန်ခဲ့တဲ့ သွေးတွေ၊ အမှိုက်တွေကို ရှင်းနေကြပါတယ်။နေ့ခင်းကြောင်တောင် မြို့လည်ခေါင်မှာ လူသတ်နေပြီတဲ့၊ ဆူးလေမှာ ပစ်ခတ်နေကြတယ်လို့ ကြားပါတယ်။

မြန်မာစံတော်ချိန် ၁၃း၂၀

တောင်ဥက္ကလာတွင် ဘုန်းကြီးများ၊ လူများနှင့် ရဲ၊ စစ်သားများ အချင်းများနေကြပါသည်။ လူထုက သံဃာတော်များကို ကာကွယ်ပေးသည့် အတွက် ရဲများက လူထုကို ပြဿနာရှာနေပါသည်ဟု ဖုန်းသတင်းမှ ၀င်လာပါသည်။
ဒီနေ့ ဖြစ်နေသော သတင်းများကို တစ်စုတည်းဖြစ်အောင် mizzima မှ ပြန်လည် ကူယူ ဖေါ်ပြလိုက်ပါသည်။

မြန်မာစံတော်ချိန် ၁၃း၁၀ (သတင်းလွှင့်တင်ချိန်)
ရန်ကုန်မြို့ ကန်ဘဲ့တွင် စစ်တပ်ပါဝင်သော စွမ်းအားရှင်များက သံဃာတော်များကို လိုက်လံ ဖမ်းဆီးပြီးနောက် အခြေအနေ တင်းမာနေသည်။

မန်မာစံတော်ချိန် ၁၂း၅၀ (သတင်းလွှင့်တင်ချိန်)
လုံထိန်းများက သံစည်းရိုးအတွင်းမှ ၁ဝ ပေလောက် အကွာအဝေးတွင် ရှိပြီး ဆန္ဒပြသူများက စည်းရိုးအပြင် ၁ဝ ပေလောက် အကွာမှာ ရှိနေသည်။ ဆူးလေအနီးရှိ ဦးတေဇပိုင် Myanmar Shopping Mall ကို ပိတ်ထားပြီး စစ်တပ်နှင့်ရဲ လုံခြုံရေး အစောင့်များလည်း ချထားသည်။ မြန်မာ့ အာမခံရုံးအထိ တောက်လျှောက် ဆိုင်များ ပိတ်ထားပြီး AA Phamacy ဆေးဆိုင် တခုသာလျှင် ဖွင့်ထားသည်။
ဆူးလေဘုရားအနီး လမ်းကြားများ အားလုံးကို သံဆူးကြိုးများနှင့် ပိတ်ကာလိုက်ပြီ ဖြစ်သည်။

မြန်မာစံတော်ချိန် ၁၂း၄၅ (သတင်းလွှင့်တင်ချိန်)
သံဃာတော်များ ဦးစီးသော ဆန္ဒပြအဖွဲ့တခု အနော်ရထာ လမ်းအတိုင်း ချီတက်လာနေသည်။ လူထောင်ပေါင်းများစွာလည်း ဘေးမှ လိုက်ပါလာနေသည်။ လုံထိန်းများကလည်း အနား ကပ်လာနေရာ ပေအနည်းငယ်သာ ကွာဝေးတော့သည်။

မြန်မာစံတော်ချိန် ၁၂း၃၀ (သတင်းလွှင့်တင်ချိန်)
ရန်ကုန်မြို့တွင်း အစိုးရရုံးများ ဖွင့်ထားသော်လည်း ဝန်ထမ်းများကို ရုံးချိန်အတွင်း အပြင်ထွက်ခွင့် ကန့်သတ်ထားသည်။ ပုဂ္ဂလိကရုံး အများစု နှင့် ဈေးဆိုင် အများစု ပိတ်ထားပြီး စာသင်ကျောင်းများလည်း ခြောက်ကပ်နေသည်။ လမ်းပေါ်တွင် ဘတ်စ်ကားများ ပြေးဆွဲမှု သိသိသာသာ လျော့နည်းသွားသည်။

ဆူးလေ ပြင်ဆင်မှု(မြန်မာစံတော်ချိန် ၁၁း၅၅)
ဆူးလေဘုရားအနီး စစ်သားနှင့် လုံထိန်းများ မြို့တော်ခန်းမထဲမှ ထွက်လာပြီး လမ်းပိတ်လိုက်ပြီ ဖြစ်သည်။ အနားရှိသူများ အားလုံးကို မောင်းထုတ်ကာ ရင်ဘောင်တန်းကာ ရှေ့သို့ ချီတက်လာနေသည်။ စစ်ထရပ်ကား ၁၂ စီး ဆူးလေပန်းခြံရှေ့ ရပ်ထားပြီး မီးသတ်ကား ၇ စီးလည်း ပါဝင်သည်။
မြန်မာစံတော်ချိန် ၁၁း၃၀ရန်ကုန် ဘုန်းကြီးကျောင်းများကို စစ်တပ်ဝင်စီး၊ သံဃာတော်အပါး ၂ဝဝ ကျော်အဖမ်းခံရ

တောင်ဥက္ကလာပမြို့နယ် ငွေကြာရံ ကျောင်းတိုက် အပါအဝင် ရန်ကုန်ရှိ ဘုန်းကြီးကျောင်း အနည်းဆုံး ၅ ကျောင်းကို စစ်တပ်က ယနေ့ နံနက်အစောပိုင်း ဝင်ရောက် စီးနင်းပြီး သံဃာတော်အပါး ၂ဝဝ ကျော်ကို ဖမ်းဆီးခဲ့သည်။
ငွေကြာရံ ကျောင်းတိုက်ကို နံနက် ဝဝး၁၅ နာရီ အချိန်တွင် နံရံ ဖြိုဝင်ရောက်ရာ သံဃာတော်များနှင့် စစ်တပ်တို့ ထိပ်တိုက် ရင်ဆိုင် တွေ့ကြပြီး သံဃာတော် အများအပြား ထိခိုက်ဒဏ်ရာ ရသွားခဲ့သည်။
“သွေးသံရဲရဲနဲ့ပဲ။ ကားတစီးက ဦးဇင်းတွေဆိုရင် အောက်ကဟာတွေပါ ပေါ်တာ။” ဟု ရန်ကုန်မြို့ခံ တဦးက မဇ္ဈိမကို ပြောပြသည်။
၂ နာရီခန့်ကြာ စီးနင်းမှုအတွင်း သံဃာတော်များက တုန်းမောင်းများ ခေါက်၍ အော်ဟစ် အသိပေးရာ ရပ်ကွက် လူထုများ အကူအညီပေးရန် ကြိုးပမ်းသော်လည်း အရပ်သားများကို ပစ်မည်ဟု စစ်တပ်က အမိန့် ထုတ်ပြန်သဖြင့် အကူအညီ မရခဲ့ပေ။
“ရိုက်လို့ အော်သံ၊ ဟစ်သံ တွေ ပွက်လော ရိုက်သွားတာပဲ” ဟု ကျောင်းတိုက်အနီး နေသူတဦးက မဇ္ဈိမ သို့ တယ်လီဖုန်းဖြင့် ပြောပြသည်။
တပြိုင်နက်တည်း လိုလိုပင် နောက်ထပ် အနည်းဆုံး ဘုန်းကြီးကျောင်း ၄ ကျောင်းကို စစ်တပ်က ဝင်စီးပြီး သံဃာတော် အချို့ကို ဖမ်းဆီးသွားခဲ့သည်။

ခြောက်ထပ်ကြီးရှိ သာသနာ့ သိပ္ပံကျောင်း၊ ရန်ကင်းရှိ မိုးကောင်းကျောင်း၊ သင်္ကန်းကျွန်းရှိ မဂ္ဂင်ကျောင်း၊ သိမ်ဖြူရှိ သိမ်ဖြူကျောင်းတို့မှ သံဃာတော်များ အဖမ်းခံရသည်ဟု မဇ္ဈိမ က အတည်ပြုချက် ရရှိသည်။

မြန်မာစံတော်ချိန် ၁၁း၀၀
ယမန်နေ့ ဆန္ဒပြမှုကို အင်အားသုံး ဖြိုခွင်းရာတွင် အမျိုးသားတယောက် သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။

အေအက်ဖ်ပီ သတင်းတရပ် အရ လူ ၃ ဦးသေဆုံးကြောင်း အမည်မဖော်လိုသော အစိုးရ တာဝန်ရှိသူ တဦးက ပြောကြားသည်ဟု ပါရှိသည်။

သူတော်စင်ရဲ့ မျက်ရည်..၀သုနြေ္ဒသိကြားစေ..

သခင်အောင်ဆန်း နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ၊ ပေတရာပေါ်မှာ သွေးသစ်တွေ ထပ်စီးခဲ့ပြီ




Thursday, September 27, 2007

ဆူးလေတွင် လူထုနှင့် စစ်တပ်ထိပ်တိုက်တွေ့စဉ် (စက်တင်ဘာ ၂၆ရက် ၂၀၀၇)






ရိုင်းစိုင်းသော နအဖနှင့် သူ၏နောက်လိုက်များ သံဃာတော်များကို ကိုယ်ထိလက်ရောက် စော်ကားပုံ





မြန်မာစံတော်ချိန် ၁၄း၀၀ ဆူးလေ




Wednesday, September 26, 2007

လိမ်တုန်းညာတုန်း ပြစ်မှားတုန်း။


သာသနာရေးဝန်ကြီး ဗိုလ်ချုပ်သူရမြင့်မောင်မှ နာယကသံဃာတော်ကြီးများကို မဟုတ်တာတွေလျှောက်ပြောပြီး တိုင်တည်ကာ လိမ်ညာသွားပါတယ်။

သံဃာနာယကဆရာတော်တွေကိုလျှောက်ပြီး ဓမ္မစက်ဖြင့်ဆက်လက်အရေးယူမည်ဟုပြောပြီး၊ သံဃာတော်ကြီးတွေကိုအကြံဥာဏ်တောင်းခံတော့ နာယကသံဃာတော်ကြီးတွေက ၀ိနည်းစည်းကမ်းတွေကိုပြန်ပြောပြပါတယ်။ ဒီတော့ဒီကိစ္စကိုဘယ်လိုကိုင်တွယ်ရမလဲလို့မေးတယ်။ နာယကသံဃာတွေကဘာမှပြောစရာမရှိတော့ဘူးလို့ပြောတော့ ဓမ္မစက်ဖြင့်ဆက်လက် အရေးယူမည်ဟု ဗိုလ်ချုပ်သူရမြင့်မောင်က အတင်းပြောသွားပါတယ်။ အခုလိုလမ်းပေါ်မှာလျှောက်တာ ၀ိနည်းနဲ့မညီဘူးလို့  ပြောပါတယ်။ ပြီးတော့အခုလမ်းလျှောက်နေတာသံဃာတော်ဦးရေဟာ အားလုံးရဲ့(၂)ရာနုန်းပဲရှိတယ်လို့ပြောပြီး၊ ပဲခူးကြခတ်ဝိုင်းကျောင်းတိုက်မှာလည်း NLD ၅၀ ဦးနဲ့သံဃာတွေကကျောင်းကိုရေသန့်ဗူးနဲ့ပစ်လို့ မှန်တံခါးတေတွေကွဲသွားတယ်လို့လဲစွတ်စွဲပါတယ်။ အဲဒီလိုပြုလုပ်ရင် ရဟန်းသည် သင်္ဃန်းရုံတာပဲရှိပြီး ရဟန်းမမည်လို့ပြောပြီး ထို့ပြင် သံဃာတစ်ပါမှထိုသို့ပြုမူလျှင်ကျန်သံဃာများပါအကျုံးဝင်သည်ဟု လိမ်လည်ပြောဆိုသွားပါတယ်။ သံဃာနာယကဆရာတော်တ်ေကြီးတွေကိုတောင် ဘုန်းကြီးစာချလုပ်ပြီး လက်ရှိ အေးချမ်းစွာ ဆန္ဒပြနေတဲ့  ရဟန်းသံဃာတော်တွေကို စွပ်စွဲပြောဆိုကာ တိုင်းပြည်ကို လိမ်ညာသွားပါကြောင်း။


၂၅.၉.၀၇ ပုံ




ဟာသ

ဗိုလ်ချုပ်မှူးကြီးက ဒေါသဖြင့် ပြောနေသည်။

"ဘယ်လိုလဲ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး ဗိုလ်ချုပ်ကြီး၊ ဘုန်းကြီးတွေ ဆန္ဒပြတာ မရပ်သေး ပါလား။ မင်းပြောတော့ လွယ်လွယ်လေးဆို၊ ခေါင်းဆောင်တွေ ရွေးဖမ်းလိုက်ရင် ငြိမ်သွားမယ်ဆို။

""ဟုတ်ကဲ့၊ ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ခေါင်းဆောင်တွေ တိတိကျကျမသိရဘူးလို့ တင်ပြ လာလို့ပါ ဗိုလ်ချုပ်၊ ကျွန်တော်နည်းပေါင်းစုံနဲ့ ခေါင်းဆောင်တွေကို ဖော်ထုတ်ခိုင်းထားပါတယ်။

"ထိုစဉ် ရုံးခန်းတွင်းသို့ ဗိုလ်မှူးကြီး တဦး ရေးကြီး သုတ်ပျာ ၀င်လာသည်။

"ဗိုလ်ချုပ်၊ ဗိုလ်ချုပ် ကျွန်တော် သံဃာတွေရဲ့ ခေါင်းဆောင် ဘယ်သူလဲဆိုတာ သိပြီ။ ဟောဒီစာအုပ် ထဲမှာပါတယ်။

""ဟုတ်လား ဘယ်သူလဲ အမြန်ပြောစမ်း။

"" "ဂေါတမ" တဲ့ ဗိုလ်ချုပ်။

""အေး- အဲဒါဆို သူ့ကို ဖမ်းလိုက်။

Monday, September 24, 2007

ကမ္ဘာပေါ်မှာ ပထမဦးဆုံး ငြိမ်းချမ်းစွာ ဆန္ဒပြတတ်တဲ့ လူသားလှိုင်းလုံးတွေကို မြန်မာလူမျိုးတွေ မော်ကွန်းထိုးလိုက်ပါပြီ။

ယနေ့ငြိမ်းချမ်းစွာ ဆန္ဒပြကြသော လူသားလှိုင်းလုံးများ

ယနေ့ ပူးပေါင်းပါဝင်ကြသူများ သတင်း

(နေ့လည် ၂း၀၀နာရီ) လွှတ်တော်အမတ်များနဲ့ အန်အယ်လ်ဒီဥက္ကဌ ဦးအောင်ရွှေအပါအ၀င် ရဟန်း၊ ကျောင်းသား သောင်းနဲ့ချီတဲ့ လူအုပ်ကြီး ရန်ကုန်တွင် ဆန္ဒပြနေ။ မန္တလေးတွင် သံဃာအပါး (၃၀၀၀)ကျော် လမ်းလျှောက်ဆန္ဒပြ၊ လူထုသောင်းနဲ့ချီပြီး လိုက်ပါချီတက်နေ။

မင်းသားကျော်သူဖမ်းဆီးခံရသည့်သတင်း မဟုတ်မှန်ကြောင်း နောက်ဆက်တွဲ ကြားသိရ။ ရွှေတိဂုံဘုရားတွင် ကိုဇာဂနာတို့နဲ့အတူ ဆန္ဒပြကြမယ့် သံဃာတော်တွေကို ဆွမ်းကပ်နေဟုသိရ။ ကိုဇာဂနာနဲ့ ကိုကျော်သူတို့ ဦးစီးတဲ့ ဆွမ်းကပ်ပွဲကို ကဗျာဆရာ အောင်ဝေး၊ စာရေးဆရာမ သန်းမြင့်အောင်၊ ဇော်သက်ထွေး၊ မသီတာ(စမ်းချောင်း)၊ ကာတွန်းအော်ပီကျယ်၊ ဒီဇိုင်းစိုးဝင်းငြိမ်းအပါအ၀င် ကဗျာဆရာ၊ စာရေးဆရာ၊ ကာတွန်းဆရာ၊ အယ်ဒီတာ အင်အား(၁၀၀)ကျော်၊ ကိုရဲလွင်၊ စံလင်း၊ ထွန်းအိန္ဒြာဗိုလ်၊ ဖြူဖြူကျော်သိန်း အပါအ၀င် ဂီတသမား (၇၀)ကျော် ပူးပေါင်းပါဝင်နေပြီး မင်းသားလွင်မိုး ဦးဆောင်တဲ့ ရုပ်ရှင်မင်းသားမင်းသမီးတွေလည်း ထပ်မံပူးပေါင်းပါဝင်လာဖို့ ရှိတယ်လို့ သိရပါတယ်။

မန္တလေးမြို့သတင်း၊ ၊
ယနေ့ ၂၄၊ ၉၊ ၂၀၀၇ နေ့လည် ၂ နာရီခန့် က မန္တလေး တွင် သံဃာတော်များ စီတန်းလှည့်လည်ခဲ့ပါသည်။ ၃၅ လမ်းဖက်မှ ၇၃ လမ်းတစ်လျှောက်သွားခဲ့တာဖြစ်ပါတယ်။ အရှေ့ဆုံးတန်းတွင် သာသနအလံ နှင့်အတူ မဟာမုနိပုံတော်ကို ကိုင်ဆောင်ထားပါတယ်။ ဒုတိယအတန်းတွင် သပိတ် ၄ လုံးကို မှောက်လျှက်ကိုင်ဆောင်ထားပါတယ်။ သံဃာတော်များ မှာ သုံးပါးတစ်တန်းစီးတန်းလျှက်ကြွချီကြပြီး ၅ ပြခန့် ကျုံးထိပ်သို့ကြွပြီး ၂၆ လမ်းအတိုင်း အောက်သို့ ဆင်းသွားပါတယ်။ မင်္ဂလာတံတားထိပ်တွင် အရှေ့ဘက်မှ ဆင်းလာသော (၁ ပြခန့် ရှည်သော) သံဃာအုပ်စုနှင့် ပေါင်းသွားတယ်လို့ ပြောပါတယ်။ သံဃာတော်များကို ရေဘူး၊ အချိုရည် ဆက်ကပ်သူများ လဲရှိပါတယ်။ တစ်ချို့မှာ လမ်းဘေးမှ တစ်ချို့မှာ ဆိုင်ကယ်နှင့် လိုက်၍ဆက်ကပ်ကြပါတယ်။ ဘေးမှာ ဆိုက်ကား ၂ စီးမှလဲ ရေဘူးများတင်ဆောင်၍လိုက်ပါလာပါတယ်။ ယခု (၂း၃၀ ခန့်)တွင် ၂၆ လမ်းအတိုင်းဆင်းသွားပါတယ်။ ၇၃ လမ်းအတိုင်း သံဃာအုပ်စု တစ်စု ၃၅ လမ်းဘက်သို့ ကြွသွားပါတယ်။ ၁ ပြခန့်ရှည်လျားပြီး နောက်မျာ လူတချို့က မေတ္တာပို့ကို ရွတ်ဆို၍လိုက်ပါသွားကြတာကို တွေ့ရပါတယ်။ ဘယ်ကို ကြွတယ်ဆိုတာကိုတော့ မသိသေးပါ၊

မိုးကုတ်မှာသံဃာ 5000 ကျော်နဲ့ လူထု အင်အား 200000 ကျော်ခန့်ဆန္ဒပြနေပါတယ်။

ယနေ့ ဂျပန်သတင်းဌာနမှ သတင်း

ဒေါ်အောင်ဆန်းစုကြည်အကြောင်းလည်းပါဝင်ပါသည်၊

ယနေ့ပုံများ ဖြစ်ပါသည်၊













ဆရာတော်ကြီးလည်း သက်တော်ရွယ်တော်မငဲ့ညှာအားဘဲ ပြည်သူတွေအတွက်တဲ့ဗျာ။


“အောင်ခြင်းကိုးပါး”

“အောင်ခြင်းကိုးပါး”
လူတိရစ္ဆာန် ယုတ်စွယုတ်စွာ
ရှိလေရာကို
ဂေါတမ ချက်ချင်းသွားနေကျ
အောင်ခြင်းကိုးပါး လာတော့မယ်
မင်းမမီမှာ စိုးသကွယ်ရေးသူအမည် မင်းသိတယ်။
(ဒေါက်တာ သန်းထွန်း)

ဟုတ်ကဲ့ အထက်က ဖွင့်ဆိုထားသလို ကျနော်တို့ မြန်မာနိုင်ငံတော်ကြီးအတွက် အောင်ခြင်းကိုးပါးလာပါတော့မယ်။ဒါတခါတော့ ဗုဒ္ဓဘာသာရဲ့ အမြင့်မြတ်ဆုံး ဗုဒ္ဓမြတ်စာဘုရားရဲ့ ပုံတော်တွေ ဆင်းတုတော်တွေကို ကိုင်ဆောင်ဦးထိပ်တင်ပြီးတော့ သာသနာ့အလံကို လွှင့်ထူပြီး စစ်အာဏာရှင်ကို အနိုင်ယူဖို့ အကြမ်းဖက်မှုတွေကနေ ကာကွယ်ဖို့ ၊ အားဖြည့်လိုက်ပါသူ ပြည်သူလူထုတွေကို အားမာန်တက်ကြွလာစေဖို့ မဖြစ်မနေ ရှေ့တန်းတင်ရပါတော့မယ်။


အကြမ်းဖက်လာမယ့် လူတွေကိုလည်း ဗုဒ္ဓဘုရားရှင်ကို မြင်တွေ့ခြင်းအားဖြင့်လည်း အသိတရားများရလာပြီး လက်နက်ချ ပူးပေါင်းပါဝင်လာစေဖို့လည်း အကျိုးရှိနိုင်ပါတယ်။
ကျနော်တို့ဖက်မှာ မြတ်ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ရှိနေပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တိုင် ကလည်း အကြောက်တရားကင်းဖို့အတွက် ဟောာကြားခဲ့ဖူးတဲ့ တရားတော်တွေရှိပါတယ်။“

စစ်သည်ရဲမက်တွေဟာ စစ်ကို အနိုင်ရဖို့အတွက် တပ်ဦးမှာ လွှင့်ထူထားတဲ့ တံခွန်တွေ အလံတွေကို ကြည့်ပြီး အားမာန်တက်ကြွစွာနဲ့ စစ်ကို နိုင်အောင်တိုက်ကြတယ်။

ထို့အတူ ရဟန်းသံဃာတော်တွေကလည်း အကြောက်တရားများနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ငါဘုရားရှင်ရဲ့ ကျေးဇူးဂုဏ်တော်များကို အောက်မေ့ဆင်ခြင်ပြီး သတိနဲ့ရင်ဆိုင်က အကြောက်တရားကို အောင်မြင် အနိုင်ရရာ၏”လို့ ဟောကြားခဲ့တော်မူပါတယ်။ကျနော်တို့ဖက်က အာဏာရှင်စနစ် ချုပ်ငြိမ်းပျောက်ကွယ်အောင် ရိုးသားသန့်ရှင်းတဲ့ တရားမျှတသော နည်းလမ်းပေါင်းစုံကို သုံးရပါမယ်။ ကိုယ်တတ်နိုင်သမျှ နည်းပေါင်းစုံကို စဉ်စားတွေးခေါ်ပြီး ဒီနေ့ ဒီအချိန်မှာ သံဃာတော်များနှင့် ပြည်သူလူထုကို တင်ပြ အကြံဥာဏ်ပေးဖို့ အထူးလိုအပ်နေပါတယ်။

နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီးအတွက် လုပ်သင့်တဲ့အချက်များကတော့ ...

၁။သံဃာတပ်ဦးနှင့် လူထုတပ်ဦးများတွင် မြတ်ဗုဒ္ဓရဲ့ ရုပ်ပုံများ၊ ဆင်းတုတော်များနှင့် သာသနာ့အလံတော်များကို ခပ်များများသုံးပြီး တောင်းဆိုချက်များနဲ့ ချီတက်သင့်ပါတယ်။

၂။ အကြမ်းဖက်လာမည့် အင်အားစုများကို အတတ်နိုင်ဆုံး သံဃာတော်များမှ တရားဟောပြ စည်းရုံး နားချသင့်ပါတယ်။

၃။ အကြမ်းဖက်လာပါကလည်း စုစုစည်းစည်းထား တောင့်ခံပြီး “မင်းတို့တတွေ အန္တရယ်ခပ်သိမ်း ကင်းငြိမ်းကြပါစေ” ဆိုတဲ့ မေတ္တာပို့သတဲ့ စကားတွေ မပြတ်တမ်း ရွတ်ဆိုနေသင့်ပါတယ်။

၎။ ထိပ်တိုက်ရင်ဆိုင်မှုများတွေ့ပါက “ပြည်သူ့သံဃာ တို့သံဃာ ပြည်သူ့စစ်သား တို့စစ်သား ပြည်သူ့အရေး တို့အရေး သံဃာစစ်သား ပြည်သူအားနှင့် အာဏာရှင်စနစ် တိုက်ဖျက်ပစ်” လို့ ကြွေးကြော်သင့်ပါတယ်။

၅။ နိုင်ငံရေးသမားများ ကျောင်းသားခေါင်းဆောင်များက ပြည်သူလူထုကို နိုင်ငံရေးတရားများ ဟောပြောစည်းရုံးခြင်းတွေလည်း အမြန်ဆုံး အကျယ်ပြန့်ဆုံး လုပ်ဆောင်သင့်ပါတယ်။

သန့်ရှင်းရိုးသား၍ တရားမျှတသော ဒီမိုကရေစီစနစ်သို့ ရည်ရွယ်လျှက်
(နေမိုး)

သံဃာ့ကံဆောင်ခြင်းကို နှစ်သက်ပြီး အပြောင်းအလဲတရပ်ဟု



တေးသီချင်းများစွာ ရေးဖွဲ့သီကုံးခဲ့ကာ နာမည်ရတေးရေးဆရာ ကိုရဲလွင်က ယနေ့ဖြစ်ပေါ်နေ သည့် သံဃာများ ဆန္ဒဖော်ထုတ်မှုများကို နှစ်သက်ပြီး အပြောင်းအလဲတရပ်ဟု ပြောဆိုသည်။
အနုပညာရှင်များက သံဃာ့လှုပ်ရှားမှုများကို ထောက်ခံကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး နောက် နာမည်ကြီးအဆိုတော် ခိုင်ထူး၊ ခင်မောင်တိုးတို့အတွက် သီးချင်းများစွာ ရေးပေးခဲ့သူ မဇ္ဈိမလှိုင်းဂီတအဖွဲ့မှ ဘေ့(စ်)ဂစ်တာတီးခတ်သူ ကိုရဲလွင်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

အဉ္ဇလီဆိုသည့်အခွေဖြင့် စတင်ကျော်ကြားခဲ့သူ ကိုရဲလွင်က ယနေ့ နိုင်ငံအနှံ့ဖြစ်ပေါ်နေသည့် သံဃာများ အေးချမ်းစွာ မေတ္တာပို့ဆန္ဒဖော်ထုတ်ခြင်းကို များစွာ နှစ်သက်မိကြောင်း ပြောဆိုခဲ့ သည်။
“လူထုကတော့ သူတို့ ပီတီလည်း ဖြစ်တယ်။ စိတ်မကောင်းလည်း ဖြစ်တယ်။ ၀မ်းလည်း ၀မ်းသာ ခဲ့ကြတယ်။ ကြောက်လန့်ကြတဲ့ လူတွေလည်း ရှိတာပေါ့ဗျာ။ မဟုတ်တာလုပ်ထားတဲ့ လူကတော့ ကြောက်ကြတာပေါ့။ ကျနော်တို့ကတော့ စင်စင်ကြယ်ကြယ် ငါးပါးသီလကို လုံခြုံဖို့ တိုက်တွန်း နှိုးဆော်နေတာ ကြာပါပြီ။ အဲဒီတော့ ကျနော်တို့ ဒီဥစ္စာကတော့ အပြောင်းအလဲဖြစ်မဲ့ လမ်းစဉ်ပဲ။ မေတ္တာနဲ့ လှည့်လည်နေတာ ကျနော်တို့ နှစ်သက်ပါတယ်”ဟု တေးရေးဆရာ ကိုရဲလွင်က ဆိုသည်။

ယနေ့ သံဃာတော်များကြွချီမှုကို မြင်တွေ့လိုက်ရပြီး လူအများစုမှာ ရင့်ကျက်လာသဖြင့် ငိုသူမဲ့ လာပြီး သူနေထိုင်နေသည့် မြင်ကွင်းတွင် သီလရှင်များပါ ပါဝင်လာကြောင်း ကိုရဲလွင်က ဆက်လက်ပြောဆိုသည်။ “ကျနော်ကိုယ်တိုင် အမြီးသတ်လေး ဖူးလိုက်ရတယ်။ ကျနော်နဲ့ လွဲနေတယ် သံဃာတွေနဲ့လေ။ မြင်ကွင်းတည့်တည့်ကတော့ လွဲနေတယ်။ ဒါမို့လို့ အများစုကတော့ အဲလို အချို့လည်း ငိုကြတယ်။ အဲလိုဟာလေးကတော့ ကြားတာပေါ့လေ။ ကျနော်ကိုယ်တိုင် အခုတွေ့ရတဲ့အချိန်မှာ ငိုတဲ့လူ မရှိတော့ဘူး။ တနေ့ထက်တနေ့တော့ ရင့်ကျက်လာကြတယ်။ ဒီနေ့ သံဃာတွေ ပိုပြီး တော့ များတယ်ဗျာ။ နောက်ဆုံးပိတ် သံဃာတွေကို တွေ့လိုက်တယ်”ဟု သူက ဆိုသည်။
ရွှေတိဂုံစေတီဘက်မှဆင်းလာသည့် သံဃာများကိုလည်း တွေ့လိုက်ရပြီး နောက်ပိုင်းတွင် သီလရှင်များပါ အပါး (၁၀၀) ခန့် မြင်လိုက်ရပြီး လူအများစုက အပြောင်းအလဲများအတွက် လမ်းစကို ခံစားနေကာ သုံးသပ်နေသည်ဟု ဆက်လက်ပြောဆိုသည်။
မြန်မာ့လွတ်လပ်ရေးထက် တလပိုအသက်ကြီးသည်ဟု ကိုရဲလွင်က ပြောဆိုပြီး “ကျနော့်အနေနဲ့ ကတော့ သူတို့ဘက်ကတော့ မှားနေပြီ၊ အဓမ္မဘက်ပဲ ဖြစ်လိမ့်မည်။ တကိုယ်ရေကတော့ သီလ စောင့်တဲ့သူကိုတော့ သီလအကျိုးပေးမှာပေါ့”ဟု ဆိုသည်။
‘ကဗျာမပီ စာမမှီ’ စီးရီးဖြင့် လူငယ်များကိုဖမ်းစားခဲ့သူ အဆိုတော်စံလင်းက “ကြားတဲ့သတင်း က အဲဒီလိုပဲ၊ သံဃာတွေ ရိုက်နှက်ခံရတယ်ဆိုတာတော့ မကောင်းဘူးပေါ့ဗျာ။ အဲတော့ သူတို့ လည်း သူတို့တတ်နိုင်တဲ့ ဘက်ကနေ သံဃာတွေကလည်း မေတ္တာပို့ကြတာပေါ့၊ ကျနော်တို့ ကတော့ ပြည်သူတွေ စီးပွားရေးချောင်လည်နေတာ ပိုကောင်းတာပေါ့ဗျာ၊ ကျနော်တို့အတွက် လည်း ကောင်းတာပေါ့။ အဲတော့ ကျနော် ဘယ်လို့ပြောရမလဲ။ ဒါလုပ်သင့်လုပ်ထိုက်တယ်လို့ ထင်တာတယ်”ဟု ပြောဆိုခဲ့သည်။




Sunday, September 23, 2007

ယနေ့ ဆူးလေမှ ဓာတ်ပုံများ






ဘုန်းဘုန်းတို့စွမ်းပကား

ဝမ်းနည်း ၀မ်းသာ မျက်ရည်တွေနဲ့ သံဃာတွေကို လက်အုပ်ချီ ကန်တော့နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို မြင်ခဲ့ရပါတယ်။



ဒေါ်စုအိမ်ရှေ့ ခြံဝင်းအနီး

Jim Carrey - Message for Ban Ki Moon on Burma

IT Webmasters & Bloggers များသို့  ပေးစာ။




ကြံ့ ခိုင်ဖွံ့ ဖြိုးရေးအသင်း အဖွဲ့ ဝင်များသို့  ပေးစာ။ (ပြည်တွင်း)။


Saturday, September 22, 2007

ဆန္ဒပြသူများကို ဒေါ်အောင်ဆန်းစုကြည် တွေ့မြင်


ဆန္ဒပြ သံဃာတော်များနှင့် လူစုကြီးကို နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်း စုကြည်က ၁၅ မိနစ်ခန့် နေအိမ်ဝင်း အတွင်းမှ ထွက်ကြည့်ခဲ့သည်။

ဆန္ဒပြသူများက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။” ဟု ဆုတောင်း အော်ဟစ် ခဲ့ကြပြီး ဆက်လက် ချီတက်ခဲ့ကြရာ ယခု ဆူးလေဘုရားသို့ ရောက်ရှိနေပြီဟု သိရသည်။“ဒေါ်အောင်ဆန်း စုကြည် ထွက်လာတယ်။ အင်္ကျီအဝါလေးနဲ့ အဲဒီမှာ ၁၅ မိနစ်လောက် ဒေါ်အောင်ဆန်း စုကြည်ကို ဒေါ်အောင်ဆန်း စုကြည် ကျန်းမာပါစေ ဆိုပြီးတော့ အော်ပြီးတော့ ဆက်ပြီး လျောက်လာတာ အခု ဆူးလေဘုရားကို ရောက်ပြီး ဘုရားပေါ် တက်သွားကြပြီ။ ဒေါ်အောင်ဆန်း စုကြည် ခြံဝင်းဘက်ကနေပဲ ထွက်လာတာပေါ့။” ဟု မျက်မြင်သက်သေ တဦးက ပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ အရောက်တွင် ဆန္ဒပြ သံဃာတော်ပေါင်း ၂ဝဝဝ ကျော် ရှိခဲ့ပြီး ဒေါ်စုကလည်း သံဃာတော်များကို ရှိခိုး ဖူးမျှော်ခဲ့သည်။
“၁၂ နာရီ ကျော်ကျော်လောက်မှာ လှည်းတန်းကနေ တက္ကသိုလ် ရိပ်သာလမ်း ဒေါ်စု အိမ်ရှေ့ကို ဖြတ်တယ်။ ဒေါ်စုက ဘုန်းကြီးတွေကို ထွက်ဖူးမျှော်ခဲ့တယ်။ အထဲကနေပေါ့။ သံဃာထုကတော့ ၂ဝဝဝ ကျော် ရှိတယ်။ လုံခြုံရေးကတော့ ပုံမှန် အရင်အတိုင်းပဲ၊ အားလုံး အေးအေးဆေးဆေးပါပဲ။ လမ်းတွေလည်း ရှင်းထားတာ ထင်တယ်၊ ရှင်းနေတာပဲ။ ကမ္ဘာအေး ဘုရားလမ်းအတိုင်း တောက်လျှောက် လျှောက်လာတာ အခုဆူးလေမှာ ရောက်နေပြီ။ လူထုတွေကတော့ အများကြီးပဲ။ ကျနော်တို့က နောက်မှ ရောက်တာဆိုတော့ အရေအတွက်တော့ သိပ်မှန်းမရဘူး” ဟု လိုက်ပါ အားပေးနေသူ တဦးက ပြောသည်။
ဒေါ်အောင်ဆန်း စုကြည်သည် မျက်ရည်ကျခဲ့ပြီး သူလည်း မျက်ရည် ကျခဲ့ရကြောင်း သံဃာတော် တပါးက ပြန်လည် ပြောပြသည်။

တပြည်လုံးအထွေထွေသပိတ်ကြီးစတင်ကြမည့်အချိန်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ၊ ၂၄ ရက်။
တနင်္လာနေ့၊ နေ့လည် (၁) နာရီတိတိ၊
ကိုယ့်အခွင့်အရေးကို ကိုယ်ကိုယ်တိုင်စည်းကမ်းရှိစွာ စနစ်တကျ အကြမ်းမဖက်သည့် နည်းလမ်းဖြင့်တောင်းဆိုကြပါရန်။

ရဟန်းရှင်လူ ကျောင်းသားပြည်သူ တပ်မတော်သားအားလုံး ပူးပေါင်းပါဝင်ကြရန်။

ဒေါမာန်ဟုန်

မြန်မာနိုင်ငံတွင်လက်ရှိစစ်အုပ်စုမှ လက်နက်အားကိုးဖြင့်ပြည်သူပြည်သားတို့ပိုင်ဆိုင်သော အချုပ်အချာအာဏာကို မတရားသိမ်းပိုက်ခဲ့သော မမေ့အပ်သည့်မမေ့နိုင်သော အဖြစ်အပျက်များ အစပျိုးခဲ့သည့် နေ့ရက်များအမှတ်ရစေနိုင်သည့် စာအုပ်ကောင်းတအုပ်ဖြစ်သော ဒေါမာန်ဟုန် စာအုပ်အား နောင်လာနောင်သားများသိရှိစေရန် ထိုစဉ်က ကိုယ်တွေ့ကြုံခဲ့ရသောသူများလည်း အချိန်ကာလ၏ တိုက်စားမှုကြောင့် မေ့လျောခြင်း မဖြစ်ကြစေရန် pdf file ဖြင့် အပိုင်းလိုက်ခွဲ၍ ပြန်လည်ရေးသားဖော်ပြပါမည်၊ (မူရင်း စာအုပ်မှာေ၀၀ါးနေသည် ။ဖတ်၍မကောင်းဟု လူပြောများနေခြင်းကြောင့်လစဉ် အပိုင်းလိုက်ရေးသားဖော်ပြသွားပါမည်၊)
Thanhtutaung

ဒေါမာန်ဟုန် အပိုင်း (၁)download
ဒေါမာန်ဟုန် အပိုင်း (၂) download

နိုင်ငံရေးစာအုပ်များ ( အတွဲလိုက်)

ဒေါမာန်ဟုန် ဒီနေရာမှာဖတ်ပါ
ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ရေး ဒီနေရာမှာဖတ်ပါ

အာဏာရှင်စံနစ်မှ ဒီမိုကရေစီစံနစ်သို့ (Gene Sharp)
ဒီနေရာမှာဖတ်ပါ

လျှို့ဝှက်ရေးလုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွတ်နည်း
ဒီနေရာမှာဖတ်ပါ

ပြည်သူတို့၏ လွတ်မြောက်လမ်း
ဒီနေရာမှာဖတ်ပါ

မိုးသီးဇွန်၏ နာခံမှုကို စမ်းစစ်ခြင်း
ဒီနေရာမှာဖတ်ပါ

နေလင်း( အ.က.သ) ၏ လူရှင်သင်းချိုင်းများအကြောင်း
ဒီနေရာမှာဖတ်ပါ

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း( ၀င်းနိုင်ဦး)
ဒီနေရာမှာဖတ်ပါ

ဗိုလ်မူးချုပ်ဟောင်း ကျော်ဇော၏ ပန်ကြားချက်

ပြည်သူ့အရေး ဘုန်းဘုန်းတို့အရေး

Friday, September 21, 2007

နိုင်ငံတကာရောက် မြန်မာဘုန်းတော်ကြီးများသို့ လျှောက်ထားချက်။

ဒီမှာ download လုပ်ပြီး နိုင်ငံတကာရှိ မြန်မာဘုန်းတော်ကြီးကျောင်းများနှင့် မြန်မာမိသားစုများသို့  ဖြန့် ဝေပေးပါ။

Thursday, September 20, 2007

ဘာသာရေးအဓိကရုန်းကို နအဖမှ ဖန်တီးလိမ့်မည်။

ဘာသာရေးအဓိကရုန်းဖြစ်ရန် နအဖမှ ယုတ်မျာစွာ ကြံစည်နေသည်ဟု ပြည်သူဘက်ကိုလိုက်လိုသော ကြံ့ ဖွတ်အချို့ မှ ၈ မျိုးဆက်ကျောင်းသားများအား သတင်းပေးထားပါသည်။ မြန်မာနိုင်ငံတွင်ရှိသော ဘာသာ ၀င်များအားလုံး သတိထားပြီး ရှောင်ရှားနိုင်ရန် မိမိလက်ကမ်းမှီရာသို့  သတိပေးကြစေလိုပါသည်။

ကျောင်းသား ခေါင်းဆောင်များကို နအဖမှ မတရားနှိပ်စက်ေ



သာသနာ ဖျက်များ၏ နောက်ထပ် သာသနာဖျက်စီးနေပုံ

ဗုဒ္ဓဘာသာ တိုင်းပြည်မှာ သံဃာတွေကို ရန်ကုန်မြို့လယ်ခေါင်ရှိ ဗိုလ်တထောင် ဘုရားဝင်းထဲ ၀င်ခွင့်မပေးဘဲ သံဃာတွေ ဘုရားဝင်း ပြင်ပ လမ်းမပေါ်မှာ ဘုရားရှိခိုးနေရပုံ မြင်ရတာ ... ဒါ ဗုဒ္ဓဘာသာ နိုင်ငံလား ....

Wednesday, September 19, 2007

သံဃာတော်များ လမ်းလျှောက်တော်မူခြင်း။




Monday, September 17, 2007

ရဟန်းတော်တစ်ပါး၏တချိန်တုန်းက လျှောက်တင်ချက်

အာဏာပိုင်များကပ်လှူသောဆွမ်းကို သံဃာများငြင်းပယ်။

မန္တလေးတိုင်း မြင်းခြံမြို့တွင် အာဏာပိုင်များကပ်လှူသော ယမန်နေ့နံနက်အာရုံဆွမ်းကို သံဃာတော်များ ဆွမ်း ဘုံးမပေးပဲ ငြင်းပယ်ခဲ့ကြသည်။ မြင်းခြံမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက ဦးဆောင်ပြီး ကိုးဆောင်ကျောင်းတိုက်တွင် ယမန်နေ့ ဆွမ်းကပ် လှူ ဒါန်းရာ သံဃာတော်အပါး ၃၅၀ အတွက် ပြင်ဆင်ထားသော်လည်း အပါး ၅၀ သာ ကြွရောက် ဆွမ်းစားကြ ကြောင်း ရဟန်းတော် တစ်ပါးက မိန့်ကြားသည်။ “အဲဒါကတော့ ဟုတ်ပါတယ်။ ဆွမ်းကပ်တာကတော့ ခ၀တ၊ မ တ ကြံ့ခိုင်ဖွံ့ဖြိုးရေးတို့ပေါ့လေ။ အဲဒီ အဖွဲ့ကပါပဲ။ အပါးသုံးရာလောက်ကတော့ မစားဘူး၊ မလာဘူး။ ငါးဆယ်လောက်ပဲ ရှိပါတယ်။ ”

ယခုလ ၅ ရက်နေ့ ပခုက္ကူမြို့တွင် သံဃာတော် အပါး ၅၀၀ ကျော် စီတန်းလှည့်လည်ကြွချီပြီး ဆုတောင်း မေတ္တာ ပို့သသည်ကို အာဏာပိုင်များက သေနတ်ဖြင့် ပစ်ဖောက်တားဆီးပြီး အကြမ်းဖက်သည့်နည်းဖြင့် သံဃာတော် များကို ကြိုးကွင်းဖြင့် ပစ်ဖမ်းမှု၊ ဓာတ်တိုင်တွင် တုပ်နှောင်၍ ရိုက်နှက်မှု၊ သင်္ကန်းအတင်းချွတ်ပြီး ဖမ်းဆီးချုပ် နှောင်မှုများကို ကျူးလွန်ခဲ့ခြင်းကြောင့် ကံအကျိုးကို ပေးဆပ်ရမည်ဟု သံဃာတော်တပါးက မိန့်သည်။ “သံဃာ စော်ကားတာဆိုတော့လည်း ဒကာကြီးရယ် လောကက ကိုယ်ကိုးကွယ် ဆည်းကပ်နေတဲ့ ဒီ သံဃာကို စော်ကားတာဆိုတော့ ဘယ်ကောင်းပါ့မတုံး။ လောကလည်းမကောင်း၊ သံသရာလည်းမ ကောင်း၊ လူကြားလို့လည်းမကောင်း။ ဟုတ်လား။ ပစ္စုပ္ပန် သံသရာ နှစ်ဖြာလုံး မကောင်းတဲ့အလုပ်။ ရှက်လည်းရှက်စရာကောင်းသေး။ ယိုသူမရှက် မြင်သူရှက် ဆိုသလိုပါပဲ။ ဒါကတော့ မလုပ်သင့်ပါဘူး။ မလုပ်သင့် မလုပ်ထိုက်တာတွေ လုပ်တော့လည်း သူ့ထိုက်သင့်အားလျှော်စွာ လုပ်တဲ့ ကံကတော့ ပေးရမှာပေါ့။” ဟု မိန့်ကြားသည်။ ပခုက္ကူ သံဃာတော်အပေါ် အကြမ်းဖက် ကျူးလွန်ခဲ့မှုကြောင့် စစ်အစိုးရအား သံဃာတော်ကို ၀န်ချတောင်းပန်ရန် သံဃာအဖွဲ့များ စုပေါင်းထားသော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်က ယနေ့ ၁၇ ရက်နေ့တွင် နောက် ဆုံးထား န်ချတောင်းပန်ရန် တောင်းဆိုခဲ့ပြီး မလိုက်နာပါက ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်မည်ဟု ကြေ ညာချက် ထုတ်ပြန်ထားသည်။
ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ မြင်းခြံနှင့် သာယာဝတီရှိ ဘုန်းတော်ကြီးများက သပိတ်မှောက်ကံဆောင်ရာတွင် ပါဝင်ကြမည်ဟု အတည်ပြုပြောဆိုကြသည်။ အခြား အတည်မပြုနိုင်သေးသော မြို့များမှ သံဃာတော်များ လည်း ပါဝင်ကြမည်ဟု ရဟန်းပျိုသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူ ဆရာတော်က မိန့်ကြားသည်။

ဗုဒ္ဓဘာသာ နဲ့ သန်းရွှေမိသားစု ဘယ်သူ ပိုမြတ်ပါသလဲ




...အငြိမ့်ခွေလေး တစ်ခု ကြည့်မိလိုက်ပါတယ်။ သီတဂူ ဆရာတော်ရဲ့ မွေးနေ့ပွဲမှာ ကကြတဲ့ အငြိမ့်ပေါ့။ အဲဒီမှာ ပျက်လုံးတွေက ဆရာတော်ကြီး တစ်ပါးရဲ့ မွေးနေ့မှ ဟုတ်ပါလေစ။ ညစ်ညမ်းပြီး ဗုဒ္ဓဘာသာကို အကြည်ညို ပျက်စေနိုင်တဲ့ ညစ်ညမ်းမူတွေပါ ပါနေပါတယ်။ (ကျွန်တော် ထိုပွဲကသူများကို ထိခိုက်စေလိုသော ဆန္ဒမရှိပါ။)

နှိုင်းယှဉ်ပြလိုသည်မှာ စိန်စီသောညကို ကြည့်မိသော လူတွေကို နိုင်ငံတော် အကြည်အညိုပျက်စေသော အမှုနဲ့ တရားဆွဲဆိုခြင်း ဖြစ်ပါတယ်။ ထိုအမှုမှာ ကြည့်မိသူများကို ထောင်ဒဏ် ၂ နှစ် အပြစ်ဒဏ်ပေးလိုက်ပါတယ်။

သို့သော် ဘာသာ သာသနာကို အကြည်အညိုပျက်အောင် လုပ်သော အငြိမ့်ပွဲများကို ဘာလို့ ဘာမှ ထိထိရောက်ရောက် တားမြစ်ပိတ်ပင် အရေး မယူရပါသလဲ။ အကယ်၍ ဦးသန်းရွှေ၏ မိသားစုကို ထိုသို့ ပျက်လုံးမျိုး ထုတ်မည်ဆိုလျှင် ဘယ်နှစ်နှစ် ထောင်ချနိုင်ပါသလဲ ..... ဗုဒ္ဓဘာသာနဲ့ ဦးသန်းရွှေ မိသားစု ဘယ်သူပိုမြတ်သလဲဆိုတဲ့ မေးခွန်းလေး ရင်ထဲမှာပေါ်လာပါတော့တယ်။

ထိုအချက်ကိုကြည့်လျှင် ဦးသန်းရွှေသည် ဗုဒ္ဓသာသနာကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာကို သိသာနိုင်ပါတယ် ခင်ဗျာ။

ဦးသန်းရွှေမိသားစုနဲ့ ဗုဒ္ဓဘာသာ ဘယ်သူ ပိုမြတ်ပါသလဲ ..........

ဒါမျိုး ခွင့်ပြုသင့်သလား၊ ခွင့်လွှတ်သင့်သလား။

ဦီးပညာစက္ကနှင့် ဦးပညာနန္ဒ အရိုက်ခံရမှု ပုံဖေါ်ချက်။ (ပခုက္ကူမြို့ )။

Sunday, September 16, 2007

ပတ္တနိက္ကုဇ္ဖန ကံဆောင်ခြင်း

ပတ္တနိက္ကုဇ္ဖန ကံဆောင်ခြင်း ဆိုသည်မှာ -

ရဟန်းတော်များမှ ရဟန်းတော်တွေကို ဖိစီးနှိပ်စက်တဲ့ ပုဂ္ဂိုလ်များကို ပစ္စည်းလေးပါးအလှူ မခံရ၊ တရားဟောပြောမှု မလုပ်ရ ဖြစ်သည်။

ပတ္တနိက္ကုဇ္ဖန ကံဆောင်ရခြင်း အကြောင်းရင်း (၈) ချက်မှာ -

(၁) ရဟန်းတွေကို ပစ္စည်းလေးပါး မရအောင်လုပ်ခြင်းကြောင့်၊

(၂) ရဟန်းတွေကို အကျိုးမဲ့ဖြစ်အောင်လုပ်ခြင်းကြောင့်၊

(၃) ရဟန်းတော်ကို နေရာမရအောင်လုပ်ခြင်းကြောင့်၊

(၄) ရဟန်းတွေကို ဆဲရေးခြိမ်းခြောက်တာလုပ်ခြင်းကြောင့်၊

(၅) ရဟန်းတော်တွေကို အချင်းချင်းကွဲပြားအောင်လုပ်ခြင်းကြောင့်၊

(၆) ဘုရားအား ကျေးဇူးမဲ့ပြောကြားခြင်းကြောင့်၊

(၇) တရားအား ကျေးဇူးမဲ့ပြောကြားခြင်းကြောင့်၊

(၈) သံဃာအား ကျေးဇူးမဲ့ပြောကြားခြင်းကြောင့် ပတ္တနိက္ကုဇ္ဖန ကံဆောင်ရခြင်း ဖြစ်သည်။

ပတ္တနိက္ကုဇ္ဖန ကံဆောင်ရန် လိုအပ်သော ရဟန်းသံဃာအရေအတွက် -

ရဟန်းသံဃာ အနည်းဆုံး (၄) ပါးဖြင့် ပတ္တနိက္ကုဇ္ဖန ကံဆောင်နိုင်ပါသည်။ ကံဆောင်ပြီးပါက အခြားသောကျောင်းတိုက်များသို့  ယခုကဲ့သို့  ကံဆောင်ထားပါကြောင်း အကြောင်းကြားလိုက်ပါက အခြားသောကျောင်းတိုက်များမှ ရဟန်းသံဃာတော်များပါ ပတ္တနိက္ကုဇ္ဖန ကံဆောင်ပြီးသွားဖြစ်သွားပါသည်။

နအဖစစ်အုပ်စုအပေါ် အဘယ်ကြောင့် ပတ္တနိက္ကုဇ္ဖန ကံဆောင်ရပါသလဲ -

(၁) နအဖမှ ရဟန်းသံဃာတော်များအား ဆွမ်းလောင်းလှူနေသောသူများ၊ ဆွမ်းလောင်းအသင်းများအား အကြောင်းမဲ့ ပိတ်ပင်တားဆီးခြင်းလုပ်ရပ် လုပ်ဆောင်ခြင်းကြောင့်၊

(၂) နအဖမှ ရဟန်းသံဃာတော်များ ဘေးရန်ဖြစ်စေသော နှိပ်စက်ညဉ်းပမ်းမှုများ လုပ်ဆောင်ခြင်းကြောင့်၊

(၃) နအဖမှ ရဟန်းသံဃာတော်များအား မိမိတို့ ကျောင်းတိုက်များတွင် သီတင်းသုံးခွင့်မရှိစေရန် ညွန်ကြားခြင်း တားဆီးခြင်းကြောင့်၊

(၄) နအဖမှ လူရမ်းကားလက်ပါးစေများမွေးကာ ရဟန်းသံဃာတော်များအား ဆဲဆိုခြိမ်ခြောက်မှုပြုလုပ်စေခြင်းကြောင့်၊

(၅) နအဖမှ ရဟန်းသံဃာတော်များအားအကြား သွေးစည်းညီညွတ်မှု ပြိုကွဲအောင် လာဘ်လာဘ တံစိုးလက်ဆောင်များပေးကာ သွေးခွဲခြင်းကြောင့်၊

(၆) နအဖမှ ရဟန်းသံဃာတော်များအားပုတ်ခတ်ပြီး မမှန်သတင်းများဖြင့် ကဲ့ရဲ့ ကာ သံဃာဂုဏ်ကျေးဇူးအား ထိခိုက်နစ်နစ်စေခြင်းကြောင့်၊

(၇) နအဖမှ တရားကျင့်ကြံအားထုတ်လျက်ရှိသော ရဟန်းသံဃာတော်များအား ထိခိုက်နစ်နစ်စေခြင်းသည် တရားတော်ဂုဏ်ကျေးဇူးအား စော်ကားခြင်းကြောင့်၊

(၈) နအဖမှ တရားတော်ဂုဏ်ကျေးဇူးနှင့် ရဟန်းသံဃာတော်များအား ထိခိုက်နစ်နာစေခြင်းဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးအား စော်ကားခြင်းကြောင့် - နအဖစစ်အုပ်စုနှင့် လက်ပါးစေများ အပေါ် ပတ္တနိက္ကုဇ္ဖန ကံဆောင်ရမည်ဖြစ်သည်။



သံဃာ့တပ်ပေါင်းစု အဖွဲ့ ကြီး၏ သပိတ်မှောက် ကံဆောင်ပွဲတွင် ပါဝင်ရန် သောတုဇနဘိက္ခု စာသင်သားရဟန်းများ၏ ကြေညာချက်။

သောတုဇနဘိက္ခု ကြေညာချက် (၂/၂၀၀၇)

ရက်စွဲ။ စက်တင်ဘာ (၁၅) ရက်၊ ၂၀၀၇ခုနှစ်။

(၁)။ အာဏာပိုင်များအနေနဲ့  သံဃာ့တပ်ပေါင်းစု အဖွဲ့ ကြီးမှ တောင်းဆိုထားသော အချက်များအား ချွင်းချက် မရှိ လိုက်နာတောင်းပန်ရန် ထပ်မံတောင်းဆိုလိုက်သည်။

(၂)။ အာဏာပိုင်များက လိုက်နာမှုမရှိပါက နောင်တော်တပ်ပေါင်းစုကြီးမှ ပတ္တနိက္ကုဇ္ဖန ကံဆောင်မည်ဆိုပါက မြန်မာတစ်ဝှမ်းလုံးရှိ စာသင်သား သောတုဇန ဘိက္ခုများအနေဖြင့် နောင်တော်များနှင့်အတူ ပူးပေါင်း ကံ ဆောင်ကြရန် ဆုံးဖြတ်လိုက်သည်။

(၃)။ အာဏာပိုင်များ လာဘ်ထိုးသည့် တံစိုးလက်ဆောင်များအား လက်ခံပြီး အောက်လက် သောတုဇန ဘိက္ခု များအား တင်းကြပ်သည့် ဥပဒေများ ထုတ်ပြန်သည့် ကျောင်းတိုက်များအားလုံးအား ပြင်းထန်စွာ ရှုတ် ချလိုက်သည်။

(၄)။ အာဏာပိုင်များ ကပ်သည့်ဆွမ်းကို ပယ်ချပြီး ဆွမ်းခံမထွက်သည့်ကျောင်းတိုက်များအားလုံးအား သာသနာ့ အာဇာနည်များ စံပျော်ရာ ကျောင်းတိုက်များအဖြစ် မှတ်တမ်းတင်လိုက်သည်။

(၅)။ သံဃာ့တပ်ပေါင်းစု အဖွဲ့ ကြီးမှ ကံဆောင်မည့် နေ့ ရက်ကို ကြေညာလိုက်သည်နှင့်တပြိုင်နက်၊ နယ်အသီး သီးရှိစာသင်သား သောတုဇန ဘိက္ခုများအနေနှင့် တချိန်တည်းတွင် နီးရာသိမ်များတွင် ပတ္တနိက္ကုဇ္ဖန ကံ ဆောင်ခြင်းအမှုကို ပြုကြရန် တိုက်တွန်းလိုက်သည်။

သောတုဇန ဘိက္ခုဖြန့် ဝေခြင်း -

(၁)။ သံဃာ့တပ်ပေါင်းစုအဖွဲ့ ဝင်အားလုံး။
(၂)။ စာသင်သား သောတုဇန ဘိက္ခုအဖွဲ့ ဝင်များအားလုံး (အထက်နှင့်အောက်မြန်မာပြည်)။

သောတုဇန ဘိက္ခုအဖွဲ့ 

စစ်တွေမြို့ အတွင်း (နအဖ)မှ သံဃာ့တပ်မတော်ကဲ့သို့  ဖွဲ့ စည်းကာလုံခြုံရေးချ။

ရခိုင်ပြည်နယ်။ စစ်တွေမြို့  တွင် လုံခြုံရေးအလွန်တင်းကြပ်စွာချ ထားသည့်အပြင် ကျောင်းထိုင်ဘုန်း တော်ကြီးများလည်း လုံခြုံရေးကင်းလှည့်နေရပြီး။ ဘုန်းကြီးကျောင်းတိုက်တိုင်းအားလည်း အမြဲမပြတ်စစ်ဆေး စောင့်ကြည့်လျှက်ရှိကြောင်းနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးဆန္ဒြပတောင်းဆိုမှုများတွင် ပါဝင်ပတ်သက်နေသော ရဟန်းတော်များနှင့်လူပုဂ္ဂိုလ်များအားလည်း ဖမ်းဆီးနိုင်ရန် ဆုကြေးငွေများ ထုတ်ပြန်ထားကြောင်း စစ်တွေမြို့ မှ အမည်မဖေါ်လိုသော ရဟန်းပျိုတစ်ပါးအား ဆက်သွယ်မေးမြန်းချက်အရသိရှိရသည်။

ဘုရားကြီးရှေ့  ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒြပတောင်းဆိုမှုဖြစ်ပွါးပြီးသည်မှစကာ စစ်တွေမြို့ အနှံ့  စစ်တွေ အခြေစိုက်။ တပ်နယ်မြေမှူး ကိုယ်တိုင်ဦးစီးပြီး လုံခြုံရေးအထူးတင်းကြပ်စွာ ယူထားလျှက်ရှိသည်။စင်တင်ဘာလ(၁၇)ရက်နေ့ ကို နောက်ဆုံးထားကာ (နအဖ)စစ်ခေါင်းဆောင်များက သံဃာတော်များအား ကိုယ်ထိလက်ရောက် ပြစ်မှားကျူးလွန်ပြီး၊ ကြီးမားသောကံထိုက်နေမှုအပေါ်ဝန်ချတောင်းပန်ရန်တောင်းဆိုချက် ထွက်ပေါ်လာပြီးနောက်၊ လုံခြုံရေးတပ်များအပြင်ဝါတော်ကြီးကျောင်းထိုင်ဆရာတော်ကြီးများပါမကျန် စက်တင် ဘာလ ဒုတိယအပါတ်ခန့် ကစကာ လုံခြုံရေးကင်းလှည့်ရန် စစ်တပ်မှအမိန့်ချခံထားရကြောင်းထို ရဟန်းပျိုမှ ပြောပြသည်။။ဘုရားကြီးစေတီနှင့် လောကာနန္ဒာစေတီတော်တ၀ိုက် ဆရာတော်ကြိးများ ကြီးကြပ်ကာ ကင်းလှည့်စောင့်  နေရခြင်း ဖြစ်ပြီး၊ ပြည်နယ်သံဃာကောင်စီဆရာတော်ကြီးများ ဖြစ်သော ရတနာကျောင်းတိုက် ဆရာတော်ဘုရားကြီးများ ကိုယ်တိုင်ကြီး ကြပ်နေရကြောင်း နှင့် ယခုကဲ့သို့ ကင်းလှည့်စောင့်ရှောက် နေ ရခြင်းမှာ သံဃာတော်များနှင့်ပြည်သူများ ဆူပူမှုဖြစ်ပွားလာက အချိန်မှီ ထိမ်းသိန်းနိုင်ရန်အတွက် ဖြစ်ကြောင်း၊၄င်းရဟန်းပျိုမှ ဆက်လက် ပြောပြသွားသည်။စစ်တွေမြို့  အမှတ်(၁)ပြည်သူ့ ရဲစခန်းမှူး ကိုကိုဦး ဦးစီးသည့်တပ်ခွဲတခွဲသည်လည်း ဘုန်းတော်ကြီး ကျောင်း တိုက်များသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်နှင့်သံဃာတော်များအား ပြည်ပ အတိုက်ခံအင်အားစု များမှသူများ အစိုးရဆန့် ကျင့်ရေးလှုပ်ရှားမှုများအား လှုံဆော်စည်းရုံးရန်ရောက်ရှိမှု ရှိမရှိ မေးမြန်းမှုများ ရှိသည့်အပြင် သံဃာတော်များ.လှုပ်ရှားမှုများအားလည်း မျက်ခြေမပြတ်စောင့်ကြည့်လျှက်ရှိကြောင်း ကို ထပ်မံ ပြောပြသည်။“ပြည်ပမှ အတိုက်ခံအဖွဲ့ အစည်းတွေကလူတွေ ၀င်ရောက်နေတယ်လို့  သူတို့  သတင်းရထားတဲ့ အဲဒီလူတွေရဲ့  ဓါတ်ပုံတချို့ ကို ပြပြီးတော့ သူတို့ ရောက်လားဆိုတာရယ်။ သူတို့ မြေးမြန်း နေတဲ့လူတွေကို သိမသိဆိုတာရယ်။စစ်တွေ ရူပမြောက်ရပ်ကွက်က ကိုနိုင်နိုင်ရဲ့ ဓါတ်ပုံကိုလည်း ထုတ်ပြပြီး တော့သိလားလို့ မေး တယ်”လို့  ပြောပြ သွားသည်။။ပြည်ပမှအတိုက်အခံအဖွဲ့ အစည်းများ နှင့် ပြည်တွင်းရှိ လက်ရှိကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒလှုပ်ရှား မှုများ တွင်ပါဝင်ပတ်သက်နေသော ရဟန်း လူပုဂ္ဂိုလ်များအား သတင်းပေးနိုင်လျှင်လည်းကောင်း၊ ပြပေးနိုင်လျှင် လည်းကောင်းကျပ်ငွေ(၃)သိန်းမှ (၅)သိန်းထိဆုငွေအဖြစ်ချီး မြှင့် ပေးမည်ဟုတပ်နယ်မြေမှူး -သန်းထွန်းအောင် မှ အမိန့်  ထုတ်ပြန်ထားကြောင်းကိုလည်း စုံစမ်းသိရှိရသည်။

Tuesday, September 11, 2007

ဝန်ကြီးဌာန (၄) ခုမှ ၀န်ထမ်းများ သပိတ်စမှောက်ပြီ။


Saturday, September 8, 2007

ပြည်သူတဦးမှ ပြည်သူများသို့ ပန်ကြားချက်


မနီလာသိန်းရဲ့ အင်တာဗျူးကို နားထောင်ပြီး ဒီပန်ကြားချက်ကို ကျမ ရေးဖြစ်တာပါ။ ၄လအရွယ် သမီးငယ်လေးနဲ့ ခွဲခွာနေရတဲ့ ဘ၀၊ နို့တိုက်ရမဲ့အချိန်မှာ နို့မတိုက်ရဘဲ နို့တင်းတဲ့ဒါဏ်ကို ခံစားနေရတဲ့ ဘ၀၊ တချိန်လုံး ရှောင် တိမ်းနေရပြီး ညကြီးမိုးချုပ်တောင် အိမ်ပေါ်မတက်နိုင်ဘဲ လျှောက်သွားနေရတဲ့ ဘ၀၊ စိတ်တထင့်ထင့်နဲ့ နေနေ ရတဲ့ ဘ၀၊ ဘယ်လောက်များ ဒုက္ခကြီးလိုက်သလဲနော်။ဒီအချိန်ဟာ သွေးနုသားနု မိန်းမတယောက်အဖို့ စိုးရိမ်စိတ်တွေ ကင်းဝေးပြီး အေးအေးချမ်းချမ်း နေနေရမဲ့ အ ချိန် ပါ။ သမီးလေးဟာလဲ မိခင်နို့ကို အပြည့် အ၀ သောက်သုံးပြီး မိခင်နဲ့ နွေးနွေးထွေးထွေး ရှိနေရမဲ့အရွယ်ပါ။မနီလာသိန်းဟာ ကလေးမွေးထားတာ မကြာသေးတဲ့ မိခင်တယောက်ပါ။ ငတ်မွတ်ခေါင်းပါးပြီး အရာရာ ချွတ်ခြုံ ကျနေတဲ့ ကျမတို့ပြည်သူတွေ ခံစား နေရတဲ့ ဒုက္ခတွေကို အုပ်ချုပ်တဲ့ မင်းအစိုးရများ သိအောင် သွေးနုသားနု မိန်းမသားတယောက်ဟာ ပြည်သူတွေရဲ့ကိုယ်စား ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့တာပါ။

အဲဒီလိုလုပ်ခဲ့တဲ့အတွက် မင်းအစိုးရတွေဟာ လူမိုက်တွေကို ငွေကြေးများ ပေးကမ်းပြီး သွေးနုသားနု မိန်းမ တ ယောက်ကို ဖမ်းဆီးနိုင်ဘို့ အငြိုးအတေးကြီးကြီးနဲ့ ကြိုးစားနေပါတော့တယ်။ နို့ဆာနေရှာတဲ့ သမီးငယ်လေးကို တည်ကြက်လုပ်ပြီး စစ်မြေပြင်မှာ ကင်းပုန်းဝပ်သလို နေ့ရော ညပါ စောင့်ကြည့် နေကြပါတယ်။ တခြား နေရာ တွေမှာလဲ ပိုက်စိပ်တိုက်လိုက်ပြီး အကြီးအကျယ်ကို ရှာဖွေမှုတွေ လုပ်နေပါတယ်။

ကျမတို့ပြည်သူတွေ တကယ်ဘဲ ဒုက္ခရောက်နေကြတာပါ။ ထမင်းကိုနပ်မှန်အောင် မစားနိုင်သူတွေ များလာပြီး အာဟာရချို့တဲ့ တဲ့ ကလေးတွေလဲ များလာနေပါတယ်။ ဘယ်လောက်များ ဆင်းရဲဒုက္ခ ရောက်နေကြလဲဆိုရင် အခု အကြမ်းဖက်နေတဲ့ လူတွေကို ကြည့်ရင်ဘဲ သိနိုင်ပါတယ်။ ဘ၀မှာ စီးပွားရေး၊ လူမှုရေး ကျဉ်းမြောင်း ကျပ် တည်း လွန်းအားကြီးတော့ ဗဟု သုတတွေ အားနည်း၊ အတွေးအခေါ်တွေ အားနည်းပြီး သူများကိုရိုက်ပုတ်ညှင်း ဆဲ ပြီးမှရတဲ့ ထမင်းတလုတ်ကို စားနိုင်လာ ကြတာပါဘဲ။ သိတ်ငတ်လာတဲ့အခါမှာ လူတွေဟာ အကျင့်စာရိတ္တ တွေ ပျက်စီးလာပြီး လူလူချင်း ခေါင်းပုံဖြတ်တာ၊ စာနာမှု ကင်းမဲ့ လာကြပါတယ်။

တိုင်းပြည်တခုမှာ အုပ်ချုပ်သူအစိုးရ ဆိုတာကို ကျမ ပြည်သူတယောက်အနေနဲ့ နားလည်တာက မိဘနေရာက နေ၊ ပြည်သူတွေကို ရင်ဝယ်သားလို စောင့်ရှောက်ဘို့၊ အကာအကွယ်ပေးဘို့ အတွက်ရပ်တည်နေတာလို့ နား လည်ပါတယ်၊ ဒါပေမဲ့ အခု အစိုးရက လူမိုက်တွေ မွေးပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို ဆဲဆို ရိုက် နှက် ဖမ်းဆီးခိုင်းနေတာဟာ တော်တော် အံ့သြစရာ ကောင်းပါတယ်။ ရက်စက်ယုတ်မာတဲ့ အစိုးရ၊ အောက် တန်းကျတဲ့ အစိုးရလို့ ကျမ မြင်မိပါတယ်။ တွေးလေ အော့နှလုံးနာလေ ပါဘဲ၊ မယုံနိုင်အောင်လည်း ဖြစ်မိပါ တယ်။

အခုဆိုရင် ၄ လသား အရွယ်ကလေးငယ်လေးရဲ့ မိခင်တယောက်၊ ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ကိုယ်စား ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့တဲ့ အမျိုးသမီးတယောက်ကို အမဲလိုက်သလို လိုက်နေတာဟာ ကျမတော့ ပြည်သူတယောက်အနေနဲ့ တကယ်ကို အံ့သြမိပါတယ်။

ကျမတို့ မြန်မာပြည်ဟာ တကယ့်ကို ဒုစရိုက်တွေ လွှမ်းမိုးနေတဲ့ မင်းမဲ့တိုင်းပြည် ဖြစ်နေပါပြီ။ အကာအကွယ်မဲ့၊ ခိုကိုးရာမဲ့ ဘ၀ကို ရောက်နေရပါပြီ၊၊ ဒီ အစိုးရဟာ ကျမတို့ပြည်သူတွေကို ဘာမှ မစဉ်းစားနိုင်အောင်၊ ဘာမှ မဝေဖန်နိုင်အောင် ၊ လူအချင်းချင်း လေးစားချစ်ခင်တာတွေ ပပျောက်အောင်၊ အကြောက်တရားတွေ လွှမ်းမိုး နေအောင် လုပ်နေတယ်လို့ ခံစားမိ ပါတယ်။ အစိုးရကိုလဲ အစိုးရအဖြစ် မမြင်နိုင်တော့ဘဲ ရူးနေတဲ့လူတွေလို့ ဘဲ မြင်မိပါတော့တယ်။ပြည်သူတွေ မြင်အောင် ကြည့်ကြပါ။ ကိုယ်ကိုယ်တိုင်ရော၊ ဘေးပတ်ဝန်းကျင်မှာရော လူတွေ ငတ်နေကြပါပြီ။ အဲဒီ အငတ် ဘေးကနေ နောက်ဆက်တွဲ အဖြစ်ဆိုးတွေ အများကြီး ဖြစ်လာနေပါပြီ။

ကိုယ့်ပြည်သူပြည်သားတွေရဲ့အပေါ် ဒီလောက် ရက်စက်ယုတ်မာတဲ့ အောက်တန်းကျတဲ့ လူတစုကို ဖယ်ပစ်နိုင် မှ ဒီ အဖြစ် ဆိုးကြီး၊ ဒီဘ၀ဆိုးကြီးကနေလွတ်ကင်း နိုင်မှာပါ။ အဲဒီလို လွတ်ကင်းနိုင်ဘို့ ဆိုတာကလဲမြန်မာပြည်ကြီး ကို ချစ်တဲ့၊ မြန်မာပြည်သားတွေကို ချစ်တဲ့ ကျမတို့ ပြည်သူတွေကဘဲ အဓိက ပါဝင် ကြမှဖြစ်မှာပါ။

ကျမတို့ရဲ့ ဘ၀က ကြောက်လေ ပိုဆိုးလေ ဖြစ်တော့မှာပါ။ ဒါကြောင့် ကိုယ်နိုင်တဲ့အားနဲ့ ပြည်သူတွေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်နေတဲ့၊ တိမ်းရှောင်နေနေရတဲ့ လူတွေကို ကူညီကြပါ၊ စောင့်ရှောက်ပေး ကြပါ၊ ပြည်သူအားလုံး ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။

လေးစားစွာဖြင့်
့်ပြည်သူတဦး
(၂-၉-၂၀၀၇)

လူထုတိုက်ပွဲ မြေအောက်လက်စွဲ

ဒီနေ့ဖြစ်နေတဲ့ လှုပ်ရှားမှုတွေတွေကို စစ်အစိုးရက အပြင်ထန်းဆုံး ဖိနှိပ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၈၈ က စတင်လာတဲ့ ဒီမိုကရေစီ တိုက်ပွဲဟာ အရေးအကြီးဆုံးပိုင်းကို တစတစ ရောက်ရှိလာနေလို့ ဖြစ်တယ်။ တိုက်ပွဲက ပိုပြီး ပြင်းထန် လာသလို၊ အကွေ့အကောက်တွေ များလာနိုင်တယ်။ လှုပ်ရှားမှုတိုင်းဟာ ဒီသဘောတွေ ဆောင်နေခဲ့တယ်။ လှုပ်ရှားမှု အသေးလေးတွေက လှုပ်ရှားမှုကြီး တခုလုံးကို အဆုံးအဖြတ် ပေးနိုင်တယ်။ ဒါကြောင့် ခေါင်းဆောင်မှု ဟာ အရေးကြီးလာပါတယ်။ ခေါင်းဆောင်တိုင်း သတိထားသင့်တဲ့ လူထုတိုက်ပွဲ နည်းနာတွေကို ကျနော်တို့ ၈၈ တိုက်ပွဲ ကာလက ရရှိခဲ့တဲ့ သင်ခန်းစာတွေ အပေါ် အခြေခံပြီး ဝေငှလိုက်ပါတယ်။

၁ - လုံခြုံရေး
၂ - ဆန္ဒပြခြင်း၊ ချီတက်ခြင်း
၃ - စည်းကို ကျော်ပေးရခြင်း
၎ - ယန္တရားများကို ဖြိုချခြင်း
၅ - အုပ်ချုပ်ရေးများ အစားထိုးခြင

်း၁။ လုံခြုံရေးကိုယ်ရဲ့ လုံခြုံရေးဟာ လှုပ်ရှားမှုရဲ့ လုံခြုံရေး ဖြစ်တယ်။လုံခြုံရေးကို ဂရုစိုက်တတ်နိုင်ရင် အဖမ်းမခံရအောင် ကြိုးစား။ကိုယ်လွတ်နေသမျှ တိုက်ပွဲတွေ ဆင်နွှဲနိုင်တယ်။

အခုဖြစ်နေတဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေမှာ အားနည်းချက် တချို့ကို ကျနော် လေ့လာ တွေ့ရှိရတယ်။ ဒါကတော့ တူညီဝတ်စုံ - ယူနီဖောင်း၊ အဖြူနဲ့ ကချင်ပုဆိုးတွေ ဝတ်ထားတာ၊ ပင်နီ တိုက်ပုံတွေ) ဝတ်ထားပြီး ဆန္ဒပြတာ အားနည်းချက် ရှိတယ်။ ဒီလို ဝတ်ထားခြင်းအားဖြင့် ပစ်မှတ်ကို အလွယ်တကူ ပေးထားသလို ဖြစ်နေတယ်။ လူထုထဲက ကြည့်နေတဲ့ သူတွေနဲ့ မိမိနဲ့ အဆင့်အတန်းတခု - Class တခုကို ခွဲခြားပေးထားသလို ဖြစ်နေတယ်။ လမ်းဘေးက ရပ်ကြည့်နေတဲ့သူ တဦးအနေနဲ့ ငါပါလို့ သူတို့က ကြိုက်ပါ့မလား။ (သူမှာက ယူနီဖောင်း မဝတ်ထားတဲ့ အတွက်) ငါ့ကို အစိုးရ လူတွေက စောင့်ကြည့်နေမလား ဆိုတဲ့ စိုးရိမ် သံသယတွေ ဖြစ်ပေါ် နေတတ်ပါတယ်။ ဒါကြောင့် ယူနီဖောင်း မဝတ်ဘဲ သူလို ကိုယ်လိုပဲ ဝတ်ထားရင် အရေးအကြောင်းမှာ လူထုထဲကို ဝင်ရောက်ပြီး ပုံဖျက်နိုင်တယ်။ လူထုတွေကိုလည်း ကိုယ့်လှုပ်ရှားမှုမှာ ဝင်ရောက်နိုင်ဖို့ တံခါးဖွင့်ပေးထားနိုင်တယ်။
အခုဖြစ်နေတဲ့ လှုပ်ရှားမှုဟာ ၁၉၇၄ ခုနှစ် အလုပ်သမား အရေးအခင်းနဲ့ သွားတူနေတယ်။ ၁၉၇၄ ခုနှစ် အလုပ်သမား အရေးအခင်းက ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကို မခံနိုင်လို့ အလုပ်သမားတွေ စတင် သပိတ်မှောက်မှုက စတင်လာခဲ့တယ်။ ဒါပေမယ့် အလုပ်သမား အရေးအခင်းဟာ အနှိမ်နင်းခံရတယ်။ဘာကြောင့်လဲ။ မဆလ အုပ်ချုပ်ရေး ယန္တရားဟာ ခိုင်မာနေသေးတယ်။ အလုပ်သမား လှုပ်ရှားမှုက လူထုနဲ့ မပူးပေါင်းနိုင်ခဲ့ဘူး။ ဒီနေရာမှာ လူထုနဲ့ မပူးပေါင်းနိုင်တာက ၁၉၇၄ ခုနှစ်က အလုပ်သမား သပိတ်တွေဟာ စက်ရုံတွေ၊ အလုပ်ရုံတွေထဲမှာပဲ ဖြစ်ခဲ့တယ်။ သပိတ်ကို ဦးဆောင်တဲ့ သူတွေက အလုပ်သမားတွေနဲ့ လူထုနဲ့ ပူးပေါင်းစေနိုင်တဲ့ နည်းနာကို မကျင့်သုံးနိုင်ခဲ့လို့ပဲ ဖြစ်တယ်။

၁၉၇၄ ခုနှစ် ကျောင်းသား လှုပ်ရှားမှုဟာလည်း အလားတူပဲ ဖြစ်ခဲ့တယ်။ ၁၉၈၈ ခုနှစ် ကျောင်းသား လှုပ်ရှားမှုရဲ့ ထူးခြားမှုကတော့ လူထုနဲ့ ပူးပေါင်း နိုင်ခဲ့တယ်။ ဒီလို ပူးပေါင်းနိုင်ခဲ့တာ အမှတ်မထင် တိုက်ဆိုင်မှု တခုတော့ မဟုတ်ခဲ့ပါဘူး။ ဒီလို ပူးပေါင်းနိုင်ဖို့ အတွက် စနစ်ကျတဲ့ နည်းစနစ် တချို့ကို တီထွင်နိုင်ခဲ့လို့ ဖြစ်တယ်။နောက် တိုက်ဆိုင်မှုတခုက အခု အခြေအနေက ၈၈ အစပိုင်းက အခြေအနေနဲ့ တူနေပါတယ်။ ဒီကာလတုန်းက ကျနော်တို့ဟာ လူထု မလိုက်ပါနိုင် ပါနိုင်ဆိုတာကို ပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ်နိုင်လောက်အောင်ကို ဖြစ်ခဲ့ရတယ်။
ဒီတော့ ကျနော်တို့ဟာ အချက် ၂ ချက်ကို အတိအကျ လုပ်ဆောင်နိုင်ခဲ့တယ်။
၁ - ကိုယ့်ရဲ့ အခြေအနေကို လုံခြုံအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ (တဖက်မှာလည်း မဆလက ထောက်လှမ်းရေး တင်ဦးနဲ့ ဖြုတ်ထုတ် ခံနေရမှုက ကျနော်တို့ကို အခွင့်သာစေခဲ့တယ်။ အခုလည်း ခင်ညွန့်နဲ့ အဖွဲ့ ဖြုတ်ထုတ် ခံနေရတာကို အခွင့်ကောင်းယူနိုင်ဖို့ ကျနော် တိုက်တွန်းလိုတယ်။)
၂ - လှုပ်ရှားမှုကို တပြည်လုံး ပြန့်နှံ့အောင် ကျနော်တို့ လုပ်ဆောင်နိုင်ခဲ့တယ်။ ကျနော်တို့ လူထု တိုက်ပွဲဝင်ခဲ့တဲ့ နည်းနာကတော့ ပြောက်ကျားသပိတ် နည်းနာကို ကျင့်သုံးခဲ့တယ်။ အခြေအနေ ပေးတဲ့ နေရာတွေမှာ အချိန် တော်တော်ကြာတဲ့ ချီတက် ဆန္ဒပြမှုကို ကျနော်တို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်။

အဲဒီကာလ စကားတခွန်း ဖြစ်ခဲ့တယ်။ ဒါကတော့ ပြောက်ကျားသပိတ် ဆိုတဲ့စကားပါပဲ။ ဒါက ဘာလဲဆိုတော့ ကျနော်တို့ဟာ လူစည်ကားတဲ့ နေရာတွေကို ရုတ်တရက် ရောက်လာတယ်။ တရားဟောတယ်။ စာဝေတယ်။ ပိုစတာတွေ ကပ်တယ်။ လုံထိန်းတွေ၊ ထောက်လှမ်းရေးတွေ ရောက်လာရင် လူထုထဲမှာ ကိုယ်ရောက်ဖျောက်ပြီး ထွက်ပြေးကြတယ်။ နောက်တနေ့ နောက်တနေရာမှာ ပြန်ပေါ်လာပြီး ဆက်လိုက် တိုက်ပွဲဝင်ရင်း လူထုကို အဆက်မပြတ် လှုံ့ဆော်ခဲ့တဲ့ နည်းစနစ်တွေကို သုံးခဲ့ခြင်း ဖြစ်ပါတယ်။နအဖကလည်း ဒီခြေအနေဟာ ၈၈ ကာလတုန်းကလိုပဲ ပြင်ဆင်နေတာ၊ တုံ့ပြန်နေတာကို ကြည့်ခြင်းအားဖြင့် အလေးအနက် ပေးနေတာကို သိနိုင်တယ်။ ခုကာလဟာ ၈၈ တုန်းက ဒေါက်တာ မောင်မောင် ကာလ ၁၉၉ဝ ရွေးကောက်ပွဲ ကာလတုန်းကလို မရောက်သေးဘူး ဆိုတာကို သတိပြုသင့်ပါတယ်။ ဒီကာလတွေတုန်းက ကျနော်တို့ တူညီ ယူနီဖောင်းတွေ ဝတ်ခဲ့တယ်။ ဒီလို တူညီ ယူနီဖောင်းဝတ် ဆန္ဒပြတာကို ကျနော်တို့ ဒီကာလ တွေမှာပဲ လုပ်ခဲ့တယ်။ ဒီလိုဝတ်ထားခြင်းအားဖြင့် အောင်မြင်ခဲ့တာတွေ ရှိသင့်သလောက်တော့ ရှိခဲ့ပါတယ်။ဆန္ဒပြပွဲ အစပိုင်းမှာ လုံခြုံရေးဟာ အထူး အရေးကြီးလှပါတယ်။ ကိုယ့်ရဲဘော်တယောက် အဖမ်းခံရခြင်းဟာ လှုပ်ရှားမှုအတွက် အောင်ပွဲအတွက် တဆင့် အားနည်းသွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လုံခြုံရေးကို အထူး ဂရုစိုက်ဖို့ လိုပါတယ်။ အဖမ်းမခံရအောင် ရှောင်တိမ်းနိုင်ဖို့ ပြင်ဆင်မှု ရှိစေချင်တယ်။ ၁၉၈၈ ခုနစ် မတ်လ ကနေ ၈၈ လှုပ်ရှားမှုကြီးအထိ ကျနော် အဖမ်းမခံရအာင် အစွမ်းကုန် လုပ်ဆောင်ခဲ့တယ်။

ကိုယ်လွတ်မြောက်နေသမျှ အာဏာရှင် စနစ်ကို နှောင့်ယှက် ဖျက်ဆီးနိုင်ပါတယ်။ ဒီနေရာမှာ အဖမ်းခံရတဲ့ ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်တို့နဲ့ တချို့ ခေါင်းဆောင်တွေကတော့ တက်ကြွ လှုပ်ရှားသူများလို ရှောင်တိမ်း လှုပ်ရှားနေလို့ မရပါဘူး။ သူတို့ဟာ မြေပေါ်မှာ ပြောင်တိုက်ပွဲဝင်ရမယ့် အနေအထားမျိုးကို ရင်ဆိုင် တိုက်ပွဲဝင်နေရသူတွေ ဖြစ်ပါတယ်။ လုံခြုံရေးကို အထူး ဂရုပြု လှုပ်ရှားနေရတဲ့ တက်ကြွ လှုပ်ရှားသူများ အတွက်သာ ဒီအကြံပြုချက်က အကျုံးဝင်ပါတယ်။လုံခြုံရေးနဲ့ လှုပ်ရှားမှု ဟန်ချက်ညီစေခြင်း ၈၈ တလျောက်လုံး ပေးခဲ့တဲ့ သင်္ခန်းစာအရတော့ လုံခြုံရေး ကင်းမဲ့မှု ဖြစ်တယ်။ ကျနော်တို့ ရဲဘော်တွေဟာ လှုပ်ရှားမှု တခုလုပ်ဖို့ အကြိမ်ကြိမ် ဆွေးနွေးတာ၊ လက်ဖက်ရည်ဆိုင် ထိုင်တာ၊ ကိုယ်က ဘာလဲဆိုတာကို ရန်သူက သိနေမှုဟာ အလွန် စိုးရိမ်စရာ ကောင်းတဲ့အချက် ဖြစ်ပါတယ်။ တချို့ နေရာတွေ ရန်သူက တော်လို့ မဟုတ်ဘဲ ကိုယ်ဘက်က ပေါ့ဆမှုတွေကြောင့် ပေါက်ကြားမှုတွေ ဖြစ်တာ၊ အဖမ်းခံရတာတွေ ဖြစ်ကုန်ကြရတာပါပဲ။

လှုံခြုံရေးအတွက် ကျနော်အကြံပြုစေချင်တာတွေကတော
့၁ - လက်ကိုင်ဖုန်းနဲ့ သတိထား စကားပြောဖို့ လိုတယ်။ လက်ကိုင်ဖုန်း တခါပြောတိုင်း ရန်သူ နားထောင်နေတယ် ဆိုတာကို သတိပြုပါ။ လက်ကိုင်ဖုန်းက ဈေးကြီးသလောက်၊ ရန်သူကို ဈေးအပေါဆုံး သတင်း ပို့ပေးနေသလို ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲ လက်ကိုင်ဖုန်းက FM ရေဒီယိုစနစ် ပုံစံမျိုးနဲ့ အသံလှိုင်းကို သယ်ယူသွားတာ ဖြစ်တဲ့အတွက် ရန်သူက နေရာအနှံ့ကနေ ကြားဖြတ် နားထောင် နေနိုင်လို့ပဲ ဖြစ်တယ်။ ကြားဖြတ် နားထောင်တဲ့ စခန်းကို အရင်က တိုးကြောင်လေး အနီးနားမှာ ရုံးဖွင့်ပြီး နားထောင်နေကြပါတယ်။
၂ - တနေရာတည်းမှာ အကြာကြီး မဆွေးနွေးကြဖို့ စကားမပြောကြဖို့ လိုတယ်။
၃ - တနေရာတည်းမှာ အမြဲတမ်း မအိပ်ဖို့ လိုတယ်။
၎ - ညအိပ်တဲ့အခါမှာ သတိဝီရိယ အမြဲ ရှိနေဖို့ လိုတယ်။
၅ - ထွက်ပေါက်ကို အမြဲတမ်း ကြိုတင် ကြည့်ထားဖို့ လိုတယ်။
၆ - ကားစီးတဲ့အခါ နောက်ဆုံး ထိုင်ခုံမှာ စီးပါ။ ကိုယ့်နောက်မှာ ဘယ်သူကိုမှ မထားပါနဲ့။ကိုယ်က အားလုံးကို ကြည့်နိုင်တဲ့ပုံစံ အမြဲ ရှိနေရပါမယ်။
၇ - ခရီးသွားတဲ့အခါ တနေရာရာကို ထွက်တဲ့အခါမှာ လူအုပ်ထဲမှာ အမြဲတမ်းနေပါ။
၈ - မသင်္ကာစရာ လှုပ်ရှားမှု တွေ့တာနဲ့ ခြေရာဖျောက်ပါ။
၉ - စာရွက်စာတန်း၊ စာစောင်၊ သတင်းစာ အဟောင်း နိုင်ငံရေးနဲ့ ပတ်သက်တာ အားလုံးကိုယ်နဲ့အတူ မထားပါနဲ့။ အိမ်ထဲမှာ မထားပါနဲ့။ ဝှက်စရာ နေရာတွေ အများကြီးရှိတယ်။ ရအောင် ဝှက်ပါ။
၁ဝ - ဆေးမင်၊ နာရီ၊ လက်စွပ်၊ ဆွဲကြိုးတွေ မဆွဲပါနဲ့။ ဆေးမင်ရှိရင် ဖုံးကွယ်ထားပါ။

အုပ်စု ၂ စု ခွဲပြီးလှုပ်ရှားခြင်း
ဆန္ဒပြတော့မယ် ဆိုတာနဲ့ ကိုယ်အင်အားကို ၂ စုခွဲပါ။ တစုက ပြောင်ဆန္ဒပြမယ့် အဖွဲ့၊ တဖွဲ့က လူထုထဲမှာ ရောနှောပြီး ကိုယ်ရောင် ဖျောက်ထားရမယ့် အဖွဲ့ ဖြစ်ပါတယ်။ ဒီစနစ်ကို ကျနော်တို့ ၈၈ ကတည်းက လုပ်ဆောင်ခဲ့တယ်။ ကျနော်တို့ လုပ်ဆောင်တုန်းက ကိုယ့်မှာ လူအင်အား ၁ဝ ယောက်ရှိရင် သုံးပုံတပုံက ပြောင်ဆန္ဒပြတဲ့ တာဝန်ကို ယူခဲ့တယ်။ ကျန်တဲ့ နှစ်ပုံ ၇ ယောက်ခန့်က လူထုထဲမှာ ရောပြီး ကိုယ်ရောင် ဖျောက်ထားတယ်။
ဒီအဖွဲ့ ၂ ဖွဲ့မှာ သီးခြား တာဝန်တွေကို လုပ်ကြတယ်။ ဆန္ဒပြတဲ့ အဖွဲ့က တရားဟောတယ်။ လှုံ့ဆော်တယ်။ ချီတက်တယ်။ သီချင်းဆိုတယ်။ အလံတွေကိုင်ပြီး ဝှေ့ယမ်းတယ်။ ကိုယ်ရောင်ဖျောက်ထားတဲ့ သူတွေရဲ့ တာဝန်က လူထုထဲမှာ ထောက်လှမ်းရေးတွေက ဘယ်သူတွေလဲ။ လူပ်ရှားမှုကို ထောက်လှမ်းရေးကို သတင်းပို့နေသူ၊ နှောင့်ယှက်မယ့်သူက ဘယ်သူတွေလဲ ဆိုတာကို သတိထား စောင့်ကြည့်တယ်။ အခွင့်အရေးရရင် အနီးကပ်ပြီး တိုက်ခိုက် ပစ်လိုက်တယ်။ ၈၈ မတ်လနဲ့ ဇွန်လ ကျောင်းသား လှုပ်ရှားမှုတုန်းက ကျောင်းသားတွေထဲမှာ မြှုပ်နှံထားတဲ့ ထောက်လှမ်းရေးတွေကို ဒီနည်းနဲ့ ဖော်ထုတ် နိုင်ခဲ့တယ်။ သူတို့ကို အလစ်မှာ ဖမ်းဆီးပြီး အမျိုးသား အိမ်သာထဲမှာ ဖမ်းချုပ်ထားရင်းနဲ့ လှုပ်ရှားမှုကို အသက်ဆက်ပေးနေခဲ့တယ်။တကယ်လို့ ထောက်လှမ်းရေးတွေ လုံထိန်းတွေက လာရောက် ရိုက်နှက်တဲ့အခါမှာ သူတို့က ပြန်လည် မခုခံရပါဘူး။ သူတို့က လူထုကို ကယ်ပါ ယူပါ အော်ဟစ် အကူအညီ တောင်းကြရမယ်။ ဒီအခါမှာ လူထုထဲမှာ မြှုပ်နှံထားတဲ့ ကိုယ့်လူတွေက စတင်ပြီး လူဆိုးလူမိုက်တွေ၊ ထောက်လှမ်းရေးတွေကို စတင် တိုက်ခိုက်လိုက်တဲ့ အခါမှာ လူထုက မခံမရပ်နိုင် ဖြစ်လာတဲ့ ပုံစံကို ရောက်လာတယ်။ နောက်တော့ တကယ်ပဲ လူထုက ဝင်ရောက် ကူညီလာတော့တယ်။

ဒီနေ့ဖြစ်နေတဲ့ လှုပ်ရှားမှုကိုကြည့်ရင် နအဖက လူဆိုးလူမိုက်တွေကို လူထုထဲမှာ ရောနှော ထည့်ထားတယ်။ ဒီလူတွေက ဘယ်သူတွေလဲ ဆိုတာ ကိုယ့်လူတွေက မသိနိုင်ဘူးလို့ လှုပ်ရှားမှုထဲမှာ ပါဝင်နေတဲ့ သူတဦးက ဆိုတယ်။ ဒီလို ဖြစ်ရတာကတော့ ကိုယ်ဘက်က – ကြိုတင်ပြီး လူထုတဲမှာ ရောနှော မမြှုပ်နှံထားနိုင်လို့ ဖြစ်တယ်။ သေသေချာချာမြှုပ်နှံပြီး လူအုပ်ထဲမှာ အကဲခတ်ကြည့်ရင် သာမဏေန သမဏေဏော၊ ဂေါဏေန ဂေါဏော ဆိုသလို သာမဏေက ဘယ်သူလဲ နွားက ဘယ်သူလဲ ဆိုတာကို ခွဲခြား သိနိုင်လိမ့်မယ်။ လူထုထဲမှာ ကိုယ်ရောင်ဖျောက် လှုပ်ရှားရတဲ့ သူတွေကို ကျနော်တို့ တာဝန်ပေးတဲ့ အခါမှာတော့ အားကောင်းမောင်းသန်တွေ၊ လက်စလက်န ရှိသူတွေ၊ ဆန္ဒပြတာ မလုပ်တတ်ပေမယ့် မတရားမှုတွေကို လက်ပိုက် မကြည့်လိုတဲ့ ရပ်ကွက်ထဲက လူငယ်လူရွယ်တွေဟာ ဒီလို လုပ်ငန်းမှာ အထူး သင့်တော်ကြတယ်။ သူတို့ကို ဦးစားပေးပြီး ကျနော်တို့ ရွေးချယ်ပေးခဲ့တယ်။ တခါတရံမှာ ကိုယ်ရောင်ဖျောက်ပြီး ဝင်ကူမယ့် သူတွေဟာ လေး ငါးဆယ်ခန့်အထိ ကျနော်တို့ သုံးခဲ့တယ်။ သူတို့ကို အုပ်စုလိုက်တွေ ဖွဲ့ပြီး တာဝန်တွေ ပေးခဲ့တယ်။ ဒါကြောင့် ဆန္ဒပြပွဲ လုပ်တော့မယ် ဆိုတာနဲ့ လူအုပ်စု ၂ စုခွဲပြီး လှုပ်ရှားတာဟာ အကောင်းဆုံး နည်းစနစ်တခု ဖြစ်တယ်လို့ အကြံပြုလိုတယ်။

၂။ ဆန္ဒပြချီတက်ခြင်း

က - ချီတက် ဆန္ဒပြရမယ်။
၁ - အရေးအကြီးဆုံးက လူအစည်းကားဆုံး နေရာဖြစ်ရမယ်။ အခြေခံ လူထုတွေ အများဆုံး ရှိတဲ့နေရာတွေ ဖြစ်ရပါမယ်။
၂ - ကြံ့ဖွံ့ သို့မဟုတ် အာဏာပိုင်များက လာရောက် တားမြစ်လျှင် ထိပ်တိုက် မရင်ဆိုင်ပါနဲ့ ထိုင်ပြီး ဆန္ဒပြပွဲ ဆက်လက် မဆင်နွှဲပါနဲ့ ချက်ချင်း လူစု ပြန်ခွဲလိုက်ပါ။ နောက်တကြိမ် ဆန္ဒပြနိုင်အောင် ပြင်ဆင်ပါ။ လူပြန်စု ပြန်ချီတက် ပြန်တိုက်ပွဲဝင်။
၃ - လမ်းဘေးမှ ရပ်ကြည့်နေတဲ့ လူထုတွေကို ပါအောင် စည်းရုံးပါ။ ဒီလို စည်းရုံးနိုင်ဖို့ကတော့ ကိုယ်ဘက်က ခုလို ပြင်ဆင်မှုတွေ လုပ်သင့်ပါတယ်။
က - လမ်းဘေးမှ ရပ်ကြည့်နေတဲ့ လူတွေထဲကို ကိုယ့်ရဲဘော် တချို့က ဝင်ရောက် ရောနှော နေရာယူ ထားဖို့ လိုပါတယ်။
ခ - လူထုတွေကို အလုပ်ပေးပါ။ (တာဝန်ပေးပါ။)
ဂ - အသင့်ပါလာတဲ့ စာရွက်တွေကို လူထုတွေကို ဝေခိုင်းပါ။
ဃ - လူထုတွေထဲကို ခွပ်ဒေါင်း တံဆိပ်ပါတဲ့ နဖူးစည်းများ ရပ်ကြည့်နေတဲ့ လူတွေကို ဖြန့်ဝေပေးဖို့ လိုတယ်။
င - မြေဖြူခဲ၊ မီးသွေးခဲ၊ ဆေးစုတ်တံ၊ ပိုစတာများကို လူထု လက်ထဲ ထည့်ပေးပါ။ ကြွေးကြော်သံတွေကို ရေးခိုင်းပါ။
စ - တိုက်နံရံများ၊ အုတ်နံရံများ၊ ကားလမ်းမများပေါ်မှာ ကြွေးကြော်သံများကို ရေးခိုင်းပါ။ ပိုစတာများ ကပ်ခိုင်းပါ။
ဆ - လူထုထဲမှာ ရှိနေတဲ့ ကိုယ့်လူတွေက လူထုကို ပူးပေါင်း ပါဝင်လာအောင် အနီးကပ် လှုံ့ဆော်ပေးနေရမယ်။
ဇ - တကယ်လို့ ဆန္ဒပြနေတဲ့ ကိုယ့်လူတွေကို ကြံ့ဖွံ့များ၊ လူဆိုးလူမိုက်များက တိုက်ခိုက်လာပါက၊ ဝင်ရောက် ကာကွယ် ပေးနိုင်ရမယ်။ ဟေ့ … ဒါမတရားဘူးကွ၊ ဒို့ လက်ပိုက် ကြည့်မနေဘူး။ သတ္တိရှိရင် ထိကြည့်ကွ စသဖြင့် ကိုယ်လူတွေက စတင် ပြောဆိုရမယ်။ လိုအပ်လာရင် ခွန်အားကို သုံးပြီး ဖြေရှင်းရပါမယ်။ဈ - တုတ်များ၊ ပုလင်းများ၊ အုတ်နီခဲများနဲ့ တိုက်ခိုက် ချေမှုန်းပစ်ရမယ်။ ဒီအခါမှာ လူထုက မခံမရပ်နိုင် ဖြစ်လို့ မိမိတို့နဲ့အတူ တိုက်ပွဲဝင်လာတဲ့ ပုံစံကို ထွက်လာပါတယ်။
ည - အာဏာပိုင်များက တိုက်ခိုက်လာတဲ့ ကိုယ့်လူတွေကို တုံ့ပြန်ရင်းနဲ့ လူထုကိုပါ တိုက်ခိုက်တဲ့ ပုံစံကို ရောက်လာလေ့ ရှိတယ်။ ဒီအခါမှာ အာဏာပိုင်တွေနဲ့ လူထုတိုက်ပွဲ စတင်လာသလို ဖြစ်လာတော့တယ်။ တိုက်ခိုက် ကာကွယ်ပေးတဲ့ ပုံစံ ဖြစ်လာတယ်။ လူထုတွေကလည်း ငါ့ဘေးက လူတွေတောင် ပါကုန်ပြီ၊ ငါလည်း ပါတော့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဖြစ်ပေါ်စေတယ်။ လူထုတွေမှာ Group Dynamic Behavior ရှိတယ်။ တယောက်က လုပ်ရင် ကျန်တဲ့လူကလည်း လိုက်လုပ်တဲ့ သဘောပဲ။ လုံခြုံမှု ရှိတယ်။ အောင်ပွဲခံမယ် ဆိုရင် လူတိုင်းက အားတက်သရော ပါချင်ကြတယ်။ ဒီတော့ ခေါင်ဆောင် လုပ်တဲ့သူက ဒီအခြေအနေကို မှန်မှန်ကန်ကန် အသုံးချတတ်ရမယ်။
ဋ - တကယ်လို့ ကိုယ့်မှာ အင်အား များလာတယ်ဆိုရင် ချီတက် ဆန္ဒပြနိုင်တယ်။ ဒါပေမဲ့ လူစည်ကားတဲ့ နေရာမှာပဲ ဖြစ်ရမယ်။

ခ - ကြွေးကြော်သံများ
ကြွေးကြော်သံတွေကို ချမှတ်ပေးတဲ့ နေရာမှာ နိုင်ငံရေး အခြေအနေ ဖြစ်ပေါ်ပြောင်းလဲမှုအလိုက် တဆင့်ပြီးတဆင့် မြှင့်တင်ပေးသွားဖို့ လိုတယ်။ လောလောဆယ်မှာ ဓာတ်ဆီ ဈေးနှုန်းတွေ ကျဆင်းရေး စွမ်းအင်နဲ့ ဘဏ္ဍာရေး ဝန်ကြီး နုတ်ထွက်ရေး စတဲ့ ကြွေးကြော်သံကို တင်သင့်တယ်။ အဆင့်မြင့်လာရင် ဗိုလ်ချုပ် သန်းရွှေ နုတ်ထွက် ပေးရေးနဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို ဆက်လက် တင်ရမယ်။ အမြင့်ဆုံးပိုင်းကို ရောက်လာရင် စစ်အာဏာရှင် စနစ် ဖျက်သိမ်းရေးနဲ့ ဒီမိုကရေစီ လူထုအစိုးရ တရပ် ဖွဲ့စည်းနိုင်ရေး အထိ ဆက်လက် တင်ပေးသွားဖို့ လိုတယ်။ လူထုတိုက်ပွဲရဲ့ အမြင့်ဆုံး ကြွေးကြော်သံကတော့ လူထုအစိုးရ ဖွဲ့စည်းရေး (ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးအထိ ဖြစ်ရမယ်။)

ဂ - စည်းကို ကျော်ပေးခြင်း

အာဏာပိုင်တွေက ဟိုဟာ မလုပ်ရဘူး။ ဒီဟာ မလုပ်ရဘူး။ ဟိုနေရာကို မသွားရဘူး။ ဒီနေရာကိုမသွားရဘူး။ လူမစုရဘူး စသဖြင့် မတရားတဲ့ ဥပဒေတွေကို ထုတ်ပြန်တတ်လေ့ ရှိပါတယ်။ဒေါ်အောင်ဆန်းစုကြည်က ‘မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ’ လို့ အမိန့် ရှိခဲ့ဖူးတယ်။ လူထုတိုက်ပွဲမှာ မတရားတဲ့ ဥပဒေတွေကို ထုတ်ပြန်လာတဲ့ အခါမှာ ကျနော်တို့က ဒါကို နည်းမျိုးစုံနဲ့ ချိုးဖောက်ပစ်ဖို့ လိုတယ်။ သူတို့ ဥပဒေတွေကို ဟာသ လုပ်ပစ်ရပါမယ်။ ဒါကို ကျနော်က စည်းကို ကျော်ပေးရတယ်လို့ သုံးချင်ပါတယ်။ အခွင့်အရေးရတာနဲ့ စည်းကို ကျော်ပေးဖို့ ကြိုးစားရပါမယ်။

ဃ - အရေးအကြီးဆုံး အချက်များ
၁ - အလံ
၂ - စကားပြောစက်
၃ - ရန်သူ့လူများ ထိုးဖောက်လာခြင်း

၁ - အလံက ကိုယ်လက်ထဲ သို့မဟုတ်၊ ကိုယ့်ရဲဘော် လက်ထဲမှာပဲ ဖြစ်ရမယ်။လူတွေရဲ့ ပင်ကိုဗီဇစိတ်က ဘဲတွေနဲ့တူတယ်။ ဆန္ဒပြပွဲတွေမှာ ရှေ့က တယောက်က ဦးဆောင်နေရင် ဦးဆောင်နေသူ နောက်ကိုပဲ တစွတ်ထိုး လိုက်တတ်တဲ့ အကျင့် ရှိတယ်။ ဒီအခါမှာ မသမာတဲ့ သူတွေက အလံကိုရအောင်ယူပြီး ချီတက်တဲ့ လမ်းကြောင်း ပြောင်းအောင် လုပ်လာနိုင်တယ်။ ဒါကြောင့် အလံကို ကိုယ့်လူ လက်ထဲမှာပဲ ရှိစေရမယ်။
၂ - အလံလိုပဲ အရေးကြီးတဲ့ အချက်တခုက အသံချဲ့စက် ဖြစ်တယ်။အသံချဲ့စက်ကို ကိုယ့်လူကပဲ ကိုင်ထားရမယ်။ တက်ကြွဖွယ် ကောင်းတဲ့ စကားတွေပြောပြီး လူထုကို လိုက်ပါအောင် လှုံ့ဆော်နေချိန်မှာ မသမာသူတွေက အသံချဲ့စက်ကို ရအောင်ယူပြီး ဆန္ဒပြပွဲကို ပျက်စီးစေတဲ့ စိတ်ဓာတ် ကျဆင်းဖွယ်ရာ စကားတွေ၊ အတွေးအခေါ် ရှုပ်ထွေးစေတဲ့ စကားတွေ၊ စည်းပျက်ကမ်းပျက် ဖြစ်အောင်၊ ဆန္ဒပြပွဲကို ထိန်းမနိုင် သိမ်းမရ ဖြစ်အောင် ပြောဆိုတာတွေကို လုပ်ဆောင်လေ့ ရှိတတ်ကြတယ်။
၃ - ရန်သူ့ လူများက ပုံစံအမျိုးမျိုးနဲ့ ထိုးဖောက် ဝင်ရောက်ပြီး အဖျက်လုပ်ငန်းတွေ လုပ်ဆောင်တတ်လေ့ ရှိတယ်။ ကျနော်တို့တုန်းက ရန်သူလူတွေက သပိတ်ကို ဦးဆောင်နေတဲ့ သူတွေကို စာရေးပြီး ခြိမ်းခြောက်တာ၊ လှုပ်ရှားမှုကို ရပ်တန့်ခိုင်းတာ၊ ခေါင်းဆောင်တွေနား ချဉ်းကပ်ပြီး လက်နက်တွေ ရလာပြီ ယူမလားဆိုပြီး လာခေါ်လေ့ ရှိတယ်။ လိုက်မသွားပါနဲ့။ အရေးကြီးတာ တိုင်ပင်ချင်လို့ဆိုပြီး လူပြတ်တဲ့ နေရာတွေကို ခေါ်ဆောင်လေ့ ရှိတယ်။ လိုက်မသွားပါနဲ့။ စစ်သားတွေကို ရန်သူ့လူတွေက ကိုယ့်လူပုံစံ ဖမ်းထားတဲ့သူတွေက စစ်သားတွေကို စတင် တိုက်ခိုက်ပြတာမျိုးတွေလည်း လုပ်လေ့ရှိတယ်။ ချီတက်ရာ လမ်းကြောင်းကို ပြောင်းအောင် လုပ်ဆောင်လေ့ ရှိတယ်။ သတ်ကွင်းကို ချီတက်နေတဲ့ လူထုကို ခေါ်ဆောင်သွားတာ လုပ်တတ်တယ်။ ဒါကြောင့် ချီတက်ရာကို ခေါင်းဆောင်နေတဲ့ သူတွေဟာ ကိုယ်လူတွေပဲ ဖြစ်ရပါမယ်။ အရေးအကြီးဆုံးက လူပြတ်တဲ့ သတ်ကွင်း ဖြစ်စေတဲ့ နေရာတွေမှာ ဆန္ဒပြပွဲ မလုပ်မိဖို့ အရေးကြီးတယ်။ မသွားသင့်ဆုံးနေရာက ရွှေတိဂုံဘုရား ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူပြတ်တဲ့နေရာ ဖြစ်နေလို့ ဖြစ်တယ်။
င - အလုပ်သမားတွေ သပိတ်ထဲ ပါလာအောင် ဘယ်လို လုပ်ခဲ့သလဲ၈၈ တုန်းက အလုပ်သမားတွေနဲ့ ရန်ကင်းစက်မှု ဝန်ကြီးဌာနက ဝန်ထမ်းတွေကို သပိတ်ထဲ ပါလာအောင် ကျနော်တို့ ကြိုးစားခဲ့တယ်။ ကန်ဘဲ့ အပ်ချည်လုံး စက်ရုံက အလုပ်သမားတွေကို ကျနော်တို့ သပိတ်ထဲမှာပါဖို့ သွားရောက် တရားဟောတယ်။ မပါဘူး။ ကျောင်းသားနဲ့ လူထုတွေ ၁ဝဝ လောက်က အလုပ်သမားတွေကို သပိတ်ထဲပါဖို့ နားချပေမယ့် အလုပ်သမားခေါင်း ၁ ယောက်က အပြင် မထွက်ရဘူး ဆိုပြီး တံခါးတွေ ပိတ်လိုက်တဲ့အခါမှာ အလုပ်သမားတွေဟာ နာခံသွားကြတယ်။
ဘာဖြစ်လို့လ
ဲ၁ - ကျောင်းသားတွေ ဦးဆောင် လှုပ်ရှားနေတဲ့ သပိတ်က နိုင်မှာမို့လို့လား
၂ - ငါအလုပ် ပြုတ်သွားရင် ငါ့ မိသားစုကို ဘယ်သူက စောင့်ရှောက်မှာလဲ
၃ - လူသားမှာ ဗီဇ အရိုးစွဲနေတဲ့ အထက်အရာရှိကို နာခံလိုမှု သဘောတရားတွေကြောင့်ဖြစ်နိုင်တယ်။ကျနော်တို့က ဘာလိုချင်တာလဲ။ ကျနော်တို့ လိုချင်တာက အလုပ်သမားတွေ အလုပ်သပိတ်ထဲ ပါဝင်ဖို့ အလုပ်မဆင်းဘဲ ကန့်ကွက် ဆန္ဒပြဖို့ ဖြစ်တယ်။ ဒီတော့ ကျနော်တို့က ဘာလုပ်ပေးခဲ့သလဲ။ ဘောက်ထော် ဘူတာနားက မီးရထား သံလမ်းတွေကို ဆွဲဖြုတ် ပစ်လိုက်ကြတယ်။ မော်တော်ကားလမ်းတွေကို ပိတ်ဆို့ပေး လိုက်တယ်။ ဒီတော့ အလုပ်သမားတွေ အလုပ်မဆင်းနိုင်တော့ဘူး။ သပိတ်ထဲ ပါဝင်သလို ဖြစ်လာတယ်။ လမ်းတွေ ပိတ်ကုန်တော့ အလုပ်သမားတွေ လမ်းလျှောက်လာရတယ်။ ဒီတော့ လမ်းပေါ်မှာရှိတဲ့ လူထုတွေ သံဃာတွေ၊ ကျောင်းသားတွေနဲ့ ပေါင်းမိလာတယ်။ (မီးရထား သံလမ်းတွေကို ဖြုတ်ပြီးတဲ့ အခါမှာတော့ ရန်ကုန် ဘူတာကြီးကို ဖုန်းဆက်ပြီး သံလမ်း ပျက်နေတယ်လို့တော့ ကျနော်တို့ အကြောင်းပေးခဲ့ပါတယ်။ မီးရထားနဲ့ ခရီးသွားသူတွေကို အန္တရာယ် မဖြစ်အောင်လို့ပါ။)၄။ ယန္တရားများကို ဖြိုချပေးခြင်း အစိုးရ ယန္တရားတွေထဲမှာ ဆက်သွယ်ရေး၊ အုပ်ချုပ်ရေး၊ ရဲစခန်း၊ ရပ်ကွက်ထဲမှာရှိတဲ့ သူတို့ရဲ့ ရုံးခန်းတွေကို ရပ်တန့်သွားအောင် နည်းမျိုးစုံနဲ့ နှောင့်ယှက်ပေးရတာ ဖြစ်တယ်။ ၈၈ တုန်းက စိန်လွင် တက်လာတဲ့ နောက်ပိုင်းမှာ ချီတက် ဆန္ဒပြတာတွေကို လုပ်ဆောင်ဖို့ အတော် ခက်ခဲလာခဲ့တယ်။ ဒါကြောင့် ကျနော်တို့က ကိုယ်နဲ့ အနီးစပ်ဆုံး ရှိနေတဲ့ မဆလ ရုံးခန်းတွေ၊ ရဲစခန်းတွေကို တိုက်ခိုက် ပေးခဲ့တယ်။ ဒီလို ဖြိုချတဲ့ နေရာမှာ အသုံးပြုရတဲ့ နည်းစနစ်ကတော့ ကြံ့ဖွံ့တွေကို နုတ်ထွက်ဖို့ ဖိအားပေးတာ၊ ခြိမ်းခြောက်စာ ရေးတာ။၈၈ တုန်းက ကျနော်တို့က မဆလ ပါတီဝင်တွေကို နုတ်ထွက်ပေးဖို့ ညဘက်မှာ လော်စပီကာငှားပြီး လိုက်လံ အော်ပြောခဲ့ပါတယ်။ ညဘက်က တိတ်ဆိတ်နေချိန်မှာ အမှောင်ထုကို ဖောက်ပြီး ထွက်လာတဲ့ ကိုယ့်ရဲ့ ကြေညာချက် အသံက မဆလ ဒေါက်တိုင်တွေကို ခြောက်ခြား စေခဲ့ပါတယ်။

ဒီတုန်းက ကျနော်တို့ သုံးခဲ့တဲ့ ကြေညာချက်ကတော့ တိုတိုနဲ့ လိုရင်း ရေးခဲ့ပါတယ်။
ဥပမာပြောရရင်
-ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ ရာဇသံမဆလ ပါတီဝင် အပေါင်းတို့ …
သင်တို့ မဆလ ပါတီဝင် အဖြစ်မှ နုတ်ထွက်ရန် ငါတို့ ပြည်သူ တရပ်လုံးက တောင်းဆိုသည်။
သင့်တို့ မတရားမှု လုပ်ဆောင်ချက်များကို ငါတို့ သည်းခံတော့မည်မဟုတ်။
မနက် နောက်ဆုံးထားပြီး သင့်တို့ မဆလပါတီဝင် ကတ်ပြားများကို ရဟန်းသံဃာများ ကျောင်းသား ပြည်သူများထံ လာရောက် အပ်နှံရမယ်။
မအပ်နှံပါက သင်တို့ အသက်အိုးအိမ် စည်းစိမ်ကို တာဝန်ယူမည် မဟုတ်။
ပုံ
ဗကသများအဖွဲ့ချုပ်ဆိုပြီး ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ ညဘက်မှာ လော်စပီကာကို ကားပေါ်၊ ဆိုက်ကားပေါ် တင်ပြီး ရပ်ကွက်တွေထဲမှာ လိုက်လံ အော်ခဲ့ကြတယ်။ ဒီအခြေအနေကို လူထုလှုပ်ရှားမှု အမြင့်ဆုံး အပိုင်းမှာ ကျနော်တို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။နောက်တခုကတော့ မဆလအစိုးရ သုံးတဲ့ တယ်လီဖုန်း လိုင်းတွေကို ဖြတ်တောက် ပြစ်လိုက်ခြင်း၊ လမ်းတွေကို ပိတ်ဆို့ပစ်ခြင်းတွေ ပြုလုပ်ခဲ့တယ်။ အဓိက လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ရန်သူရဲ့ အမိန့်ပေးစနစ် Commend and Control ကို ရပ်တန့် သွားအောင်လို့ ဖြစ်တယ်။ ၈၈ တုန်း ဒီလို ယန္တရားကို ထိထိရောက်ရောက် ဖြိုချနိုင်ခဲ့တဲ့ အတွက် မဆလ ပါတီဝင်တွေ သန်းနဲ့ချီပြီး မြို့နယ်တိုင်းမှာ နုတ်ထွက်လွှာတွေ လာရောက် တင်ခဲ့ကြတယ်။ မဆလပါတီ ထိပ်သီး ခေါင်းဆောင်တွေ အိမ်ထဲက အိမ်ပြင် မထွက်ရဲခဲ့ကြဘူး။ အမိန့်ပေး စနစ် တခုလုံး ဖြိုချတာ ခံခဲ့ရလို့ ဖြစ်တယ်။၅။ လူထု အုပ်ချုပ်ရေး အသစ်ကို အစားထိုးခြင်းတော်လှန်ရေးတခု အောင်ပွဲခံတယ် မခံဘူးဆိုတာဟာ အုပ်ချုပ်ရေး အသစ်တခုကို တည်ဆောက်နိုင်သလား မတည်ဆောက်နိုင်သလားနဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဗြိတိသျှ ထောက်လှမ်းရေး အကြီးအကဲဟောင်း တခုက တချို့သူပုန်တွေ အောင်ပွဲခံပြီး တချို့သူပုန်တွေ ဘာကြောင့် အောင်ပွဲ မခံရသလဲ ဆိုတာနဲ့ ပတ်သက်လို့ သုတေသန ပြုခဲ့တယ်။ သူရဲ့ တွေ့ရှိချက်အရ တချို့ သူပုန် အဖွဲ့တွေဟာ အစိုးရ အဖွဲ့တခုကို ဖြုတ်ချပစ်ဖို့ ကြိုးစားနေချိန်မှာ သူတို့ဟာ အစိုးရသစ် တခုကို ဖွဲ့စည်းနိုင်ဖို့ ပြင်ဆင်နိုင်ခဲ့ကြတယ်။ ဖွဲ့စည်း နိုင်ခဲ့ကြတယ်။
၈၈ ရဲ့ မဟာသွေး သင်ခန်းစာအရ ကျနော်တို့ဟာ လူထုတိုက်ပွဲရဲ့ အမြင့်ဆုံးအပိုင်းမှာ အစိုးရ တရပ်ကို ကျနော်တို့ မဖွဲ့စည်းနိုင်ခဲ့ပါဘူး။ ဦးနုက အစိုးရတရပ် ဖွဲ့စည်းဖို့ ကြိုးပမ်းခဲ့ပေမယ့် မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့၊ တတ်သိ ပညာရှင်များက မထောက်ခံခဲ့ကြပါဘူး။ ဒါကြောင့် ဦးနုရဲ့ စင်ပြိုင် အစိုးရ ဖွဲ့စည်းရေး စီမံကိန်းက ပျက်စီးသွားခဲ့ပါတယ်။ ဒါဟာ ကြီးမားတဲ့ ဆုံးရှုံးမှု တခုပါ။ ဒီကာလက ကျနော်တို့ အစိုးရ ဖွဲ့စည်းနိုင်ခဲ့ရင် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ထိုင်းနိုင်ငံနဲ့ အိန္ဒိယ နိုင်ငံတို့က ထောက်ခံဖို့ ကတိပြုခဲ့သော်လည်း၊ အမေရိကန် ရေတပ်သင်္ဘောက မြန်မာ့ ရေပိုင်နက်အထိ ရောက်ရှိနေခဲ့ပါသော်လည်း ကျနော်တို့ အောင်ပွဲ လက်တကမ်း အလိုကျမှ အရှုံးကို ရင်ဆိုင်ခဲ့ရတယ်။ ကျနော်တို့ အစိုးရကို မဖွဲ့စည်းနိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။ဒီနေ့ လူထုတိုက်ပွဲ အမြင့်ဆုံးပိုင်းကို ရောက်လာတဲ့နဲ့ တပြိုင်နက် ကျနော်တို့ဟာ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ ဦးဆောင်ပြီး ကြားဖြတ် အစိုးရ တရပ်ကို ဖွဲ့စည်းဖို့ လိုပါတယ်။ ဒါကို အားလုံးက ဝိုင်းထောက်ခံဖို့ လိုပါတယ်။ဒါကြောင့် ကျနော်တို့ဟာ ကိုယ့်ရပ်ကွက် ကိုယ့်မြို့ ကိုယ်ရွာတွေမှာ နအဖ အုပ်ချုပ်ရေးတွေကို နည်းမျိုးစုံ သုံးပြီး ဖြိုချဖို့ လိုလာတယ်။ နအဖ အုပ်ချုပ်ရေး နေရာတွေမှာ ဒီမိုကရေစီ လူထု အုပ်ချုပ်ရေးတွေနဲ့ အစားထိုးရမယ်။ကျေးရွာ ရပ်ကွက်အလိုက် ရဟန်းသံဃာများ၊ ကျောင်းသားများ၊ ရပ်မိရပ်ဖများ ဦးဆောင်တဲ့ ကော်မတီတွေကို ဖွဲ့စည်းရမယ်။ ရပ်ရွာ လုံခြုံရေး၊ ငြိမ်းချမ်းရေးတွေကို ချက်ချင်း ဆောင်ရွက်ပေးရမယ်။ လမ်းပန်း ဆက်သွယ်ရေးကို တာဝန် ယူပေးရမယ်။ တရား ဥပဒေ စိုးမိုးမှုကို အာမခံပေးရမယ်။ လူထုထဲအတွက် စားရေ ရိက္ခာများ ဖြန့်ဖြုး ပေးရမယ်။ ဒါကို ကျေးရွာ ရပ်ကွက် မြို့နယ် ကိုယ်နည်းကိုယ်ဟန်နဲ့ ဆောင်ရွက်ပေးရမယ်။ ရဲစခန်းတွေကို ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေး အောက်မှာ တည်ရှိစေရမယ်။
လူထုတိုက်ပွဲနဲ့ အောင်ပွဲကို အရယူကြ
မိုးသီးဇွန်ဒီမိုကရေစီ မဟာမိတ်များ အဖွဲ့ချူပ် (ဒမဖ)moetheezun@hotmail.com646-413-8631Skype ID - moetheezun