Sunday, January 27, 2008

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ပြင်းထန်တဲ့စကားလုံးတွေသုံးပြီး ဖိလစ်ပိုင်သမတပြောသွား

ဖိလစ်ပိုင်သမတ မစ္စ်အာရိုယိုက ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗ်စ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးရာညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ပြောဆိုသွားတာပါ။

သူမအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် အကြိမ်ကြိမ်ပြောဆိုခဲ့ဘူးတာဖြစ်ပေမဲ့ အခုတကြိမ်ပြောဆိုရာမှာ ပြင်းထန်တဲ့စကားလုံးတွေ သုံးသွားတာဖြစ်သလို၊ အာဆီယံအဖွဲ့နဲ့ဒေသတွင်းအခြေအနေတွေကိုပါ ထင်ဟတ်ပေါ်လွင်စေတဲ့စကာလုံးတွေကို ပြောဆိုသွားတာဖြစ်တယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလွဲမှု အမြန်ဆုံးမြင်ချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွတ်ပါလို့ ပြောပါတယ်။ ဒီအခြေအနေတွေဖြစ်လာဖို့ အာဆီယံအနေနဲ့ မိမိရပ်တည်ရမဲ့ အနေအထားကိုလည်း သိနေပြီးသားပါလို့ ဆိုပါတယ်။

အာဆီယံဒေသတွင်း အများကောင်းဖို့ ၀ိုင်းသန်းဆောင်ရွတ်တဲ့နေရာမှာ လူ့အခွင့်အရေးနဲ့ပတ်သတ်တဲ့ ဒီမိုကရေစီနည်းလမ်းကျအဆင့်တခုကတော့ အာဆီယံအနေနဲ့ထားရှိဖို့လိုကြောင်း မြန်မာနိုင်ငံမှာ စစ်မှန်တဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်မလာဘူးဆိုရင် ဖိလစ်ပိုင်အနေနဲ့ အာဆီယံအဖွဲ့ ရေးဆွဲပြီးစီးသွားပြီဖြစ်တဲ့ ပဋိဥာဉ်စာတမ်းကို အတည်ပြုဖို့ လတ်မှတ်ရေးထိုးမှာ မဟုတ်ဘူးလို့ပါ သတိပေးလိုက်ပါတယ်။

အာဆီယံအဖွဲ့ ပီပီပြင်ပြင်ဖြစ်လာရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ခက်ခဲတဲ့နည်းလမ်းတွေကို စုပေါင်းရွေးချယ်ကြဖို့လိုအပ်နေပါပြီလို့လည်း သမတ အာရိုယိုက ပြောဆိုသွားပါတယ်။

0 comments: