Monday, January 14, 2008

စစ်အစိုးရရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဘွဲ့တံဆိပ်များ

စက်တင်ဘာအရေးအခင်းနဲ့ ပြည်တွင်းပြည်ပမှာ ဂုဏ်သိက္ခာ အကြီးအကျယ်ကျဆင်းခဲ့ရတဲ့ စစ်အစိုးရဟာ ၀ါဒဖြန့်ချီရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးအတွက် လူမှုထူးချွန်ဆုများအပါအ၀င် ဘွဲ့တံဆိပ် အမျိုးမျိုးကို မကြာသေးမီကပေးအပ်ခဲ့ပြီး၊ ဘွဲ့တံဆိပ်ရရှိသူများကို နိုင်ငံတော်သတင်းစာများမှ ၀မ်းမြောက်ဝမ်းသာ ဂုဏ်ယူကြောင်း ကြော်ငြာထည့်သွင်းဖော်ပြဖို့ အတင်းအကြပ်ဖိအားပေးခဲ့တယ်လို့သိရပါတယ်၊

ဘွဲ့တံဆိပ်ချီးမြှင့်ခံရသူများက ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြမှုများကို သတင်းစာများမှာ နေ့စဉ်တွေ့မြင်ရခြင်းက ပြည်သူများအနေနှင့် စစ်အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ ၀န်ထမ်းများကြား ယုံကြည်မှု ခိုင်မာနေတယ်လို့ ထင်မြင်အောင် ယခုလိုပြုလုပ်ခြင်းဖြစ်တယ်လို့ ဆိုကြပါတယ်။

တဆက်တည်းမှာဘဲ လူထုကို နှိပ်စက်သူများအား နအဖမှ လူမှုထူးချွန်ဆုတွေပေးအပ်တယ်လို့သိရပါတယ်၊ မြို့ နယ်များထဲမှ လမ်းမတော်မြို့နယ်ရှိ ကြံ့ဖွတ်စွမ်းအားရှင် နိုင်ထွန်းဆိုသူသည် စက်တင်ဘာလတွင် ရဟန်းသံဃာများနှင့် ပြည်သူများအား ရိုက်နှက်ရာတွင် စွမ်းစွမ်းတမံ ဦးဆောင်ခဲ့၍ ယခုနှစ်တွင် လူမှုထူးချွန် တတိယအဆင့် ပေးအပ်ခြင်းခံရသည်။ ၎င်းသည် လမ်းမတော်မြို့နယ် ၁၄ လမ်း၊ အိမ်အမှတ် (၆၉)၊ ဒုတိယထပ်တွင် ဖွင့်လှစ်ထားသော သံစဉ် Beauty Saloon ဟု အမည်ခံထားသော ပြည့်တန်ဆာလုပ်ငန်းတွင် အစုရှယ်ယာများ ထည့်ဝင်ထားပြီး အကာအကွယ်ပေးထားကြောင်း သိရှိရပါသည်။
source မိုးမခ


0 comments: