Sunday, January 27, 2008

ယမမင်းနှင့်အကုသိုလ်များ

မင်းရာမ

ယခုတလော ယမမင်းအလုပ်ရှုပ်နေသည်။ လူ့ပြည်မှ မိုးပြဲဒယ်များသစ်သားယောင်းမ၊ ဆီပုံး၊ ဖိုခနောက်နှင့် မီးသွေးများ ငရဲပြည်မှမှာနေရသည်။ လူ့ပြည်တွင် ရသလောက်လိုက်ဝယ်ရန် ညွှန်ကြား ထားပါလျက် အကုန်လည်း လိုက်ဝယ်ပါလျက် အရေအတွက်က မပြည့်သေးသဖြင့် လူယောင်ဖန်ဆင်း ထားသူ ယမမင်း. စေတမန်ကသတင်းပို့လာသည်။

လူ့ပြည်မှာ အခုကျနော်ဈေးလိုက်ဝယ်နေတုံး သံဃာတော်တွေကို သေနတ်နဲ့ပစ်နေသည်။ တုတ်နဲ့ရိုက်နေသည် မည်သို့လုပ်ရမည်နည်း။ ဟူ၏။ ထိုအခါ “ငရဲသနင်း” ယမမင်းက ငါသိတယ်။ ဒါ ကြောင့် အဲဒီကောင်တွေကို အ၀ီစိမှာ ကြော်ဖို့မင်းတို့ကို (ဒယ်အိုးတွေ Instruments) တွေ လိုက်ဝယ် ခိုင်းတာဟု ပြောလေ၏။

ယမမင်း. လူယုံသည် ဒယ်အိုးပေါင်း (၅၃၂၈၈၁၁) လုံးရပြီး စစ်တပ်က ငါးသိန်းပဲရှိတာဆို တော့ လောက်ပြီးလားဟု ဖုန်းဖြင့်အကြောင်းကြားသောအခါ ယမမင်းက ဟေ့ကောင် ရန်ကုန်နဲ့ပျဉ်းမ နားဧရိယာမှာ ဖုန်းမသုံးရဘူး သုံးရင်အန္တရာယ်ရှိတယ်ဆိုတာ မင်းမသိဘူးလား၊ ပြီးတော့ မင်းဝယ် ထားတဲ့ ဒယ်အိုးတွေက သံကြွပ်တွေ။ သံဒယ်အိုးဝယ်ပါဟု ညွှန်ကြားလေသည်။

နောက်ပြီး ဒယ်အိုးကမလောက်သေးဘူး၊ ရဲတွေ၊ ကြံ့ဖွံ့တွေ စွမ်းအားရှင်တွေ၊ အားလုံးအ၀ီစိ ကိုရောက်မှာဆိုတော့ လိုသေးတယ်ဟု အကြောင်းပြန်လိုက်လေ၏။

ထိုကာလမတိုင်ခင် သီတင်းကျွတ်က တပ်ချုပ်ကြီးက ဗိုလ်မောင်အေးကို ဘာဖြစ်လို့သီတင်း ကျွတ်မှာ မီးထွန်းရတာဟုမေးသောအခါ၊ ဂေါတမနတ်ပြည်ကနေ ပြန်ကြွလာမှာမို့လို့ပါဟု ပြော၏။ ဘာသွားလုပ်တာလဲဟု မေးသောအခါ မူးနေသောဗိုလ်မောင်အေးက မသိသဖြင့် Shopping ထွက် တာ၊ ဈေးဝယ်တာဖြစ်မှာပေါ့ဟု ဖြေ၏။ အပေါ်ကနေလာမှာဆိုတော့ မြေပြင်မှဝေဟင်ပစ်အမြောက် များနဲ့ ပစ်ခတ်ပါဟု လေတပ်ဦးစီးမှူး ဗိုလ်မှူးကြီးမောင်မောင်ကြည် (ဆေးခြောက် မောင်ကြည်) က ညွန်ကြားသဖြင့် မှော်ဘီမှဗိုလ်မှူးချုပ် ခင်မောင်တင် (ကျောက်ရူး) နှင့်မိတ္ထီလာမှ ဗိုလ်မှူးချုပ်ဇော်ထွန်း (နံရုံး ဇော်ထွန်း) တို့အလုပ်ရှုပ်ကုန်၏။ မိုးပေါ်သို့ ဘုရားလာမည့်ဘက်ကို လေယာဉ်ပစ်အမြောက်ကြီး များဖြင့် မိုးပေါ်သို့ ရမ်းသမ်းချိန်ရလေ၏။

ကာကွယ်ရေးဦးစီးချုပ်လုပ်သူ မြတ်ဟိန်း (လေမြတ်ဟိန်း) ခေါ် (အတောင်ပံ) ကမေးသောအ ခါ ကြည်း၊လေ ပူးပေါင်းစစ်ဆင်ရေးခံစစ်စီမံချက်ပါဟု ရမ်းသမ်းရွှီးရလေ၏။ ထိုကဲ့သို့ဖြစ်ရသော အကြောင်းရင်းတို၏ နောက်ခံသမိုင်းကား ဤသို့တည်း။

သံဃာတော်များကို ပခုက္ကူမြို့တွင် ရိုက်နှက်သဖြင့် ပေါ်ပေါက်လာသော တနိုင်ငံလုံးငြိမ်းချမ်း စွာ ဆ၌ပြပွဲကြီးကို နှိမ်နှင်းရန်အတွက် ဗိုလ်ချုပ်မောင်အေးက ဗိုလ်ချုပ်များကို အစည်းအဝေးခေါ်၏။ မည်သူမျှ မျက်တောင်မခတ်ရဲ၊ နားရွက်၊ အမြီးမလှုပ်ရဲ။ ကိုမောင်အေးက ဘုန်းကြီးတွေရဲ့ခေါင်းဆောင် ဘယ်သူလဲဟု မေးသောအခါ ဘယ်သူမှ ချက်ချင်းမဖြေနိုင်၊ အားလုံးငြိမ်နေသောအခါ၊ သက်သာလို သက်သာငြားဖြင့် ကိုရွှေမန်း(သူရရွှေမန်း)က ထောက်လှမ်းရေးက ဒုဗိုလ်မှူးကြီးတင့်ဆန်းကို မနက်ဖြန် သံဃာတွေရဲ့ခေါင်းဆောင် (၉) ဦးအမည်စာရင်း လိုချင်တယ်၊ အခုချက်ချင်းလုပ်၊ မနက်ဖြန်မနက် (၈) နာရီလိုချင်တယ်ဟု ညွှန်ကြားလေ၏။

နောက်နေ့မနက် (၈) နာရီထိုးသောအခါ ဒုဗိုလ်မှူးကြီးတင့်ဆန်းကဖိုင်တခုကို ဗိုလ်ချုပ်ရွှေမန်း သို့ပေး၏။ဗိုလ်ချုပ်ရွှေမန်းက ကိုမောင်အေးကိုပေး၏။ ကိုမောင်အေးက ဖွင့်ဖတ်မကြည့်ပဲ တပ်ချုပ်ကြီး စားပွဲပေါ်သို့ တင်ထားလိုက်၏။

(၁၅) မိနစ်ခန့်နေ၍ တပ်ချုပ်ကြီးရောက်၍ဖွင့်ကြည့်သောအခါ သံဃာတော်များ၏ ခေါင်း ဆောင် (၉) ဦးအမည်မှာ ဂေါတမ၊ ရှင်မဟာမောဂ္ဂလာန်၊ ရှင်သာရိပုတ္တရာ။ ရှင်မဟာကဿပ စသည် ဖြင့် ရဟန္တာကြီးများ၏ အမည်များကိုရေးထားသည်ကို တွေ့ရလေ၏။ ထောက်လှမ်းရေးက ကြံရာမရ သဖြင့် ထိုကဲ့သို့ရေးထားသည်ကိုတပ်ချုပ်ကြီးက အားလုံးကိုဖမ်းရန်ဟု ရေးကာလက်မှတ်ထိုးပေး လိုက်သဖြင့် ထောက်လှမ်းရေးများ အချင်းချင်းငိုရမလိုလို ရယ်ရမလိုလိုဖြစ်ကြကုန်၏။

ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာနမှ သင်္ကန်းအစုံ ၁၄၀၀ ကျော်ထုတ်၍ လေ့ကျင့်ရေးအရာ ရှိချုပ် ဒုဗိုလ်ချုပ်ကြီး အောင်ထွေး (စိန်နားကပ် အောင်ထွေး)က ဗထူးတိုက်ခိုက်ရေးကျောင်းမှ ဗိုလ်မှူး အေးသောင်း၏တပ်ဖွဲ့မှလူ ၂၀၀၊ ရေကြောင်းအင်ဂျင်နီယာမှ ဒုဗိုလ်မှူးကြီး ဇော်ဝင်း (ဗူးသီးကျော်ဝင်း) တပ်ဖွဲ့မှ လူ ၄၀၀၊ အင်းတကော်အခြေချယန္တာယားမှ ဗိုလ်မှူးခင်မောင်သိန်းတို့ထံမှ စစ်သားဒရိုင်ဘာ ၆၀၀ ကျော်တို့ကို ကတုံးတုံးကာ ဘုန်းကြီးအတုများလုပ်လေ၏။

စစ်တပ်မှ လွှတ်ထားသော ဘုန်းကြီးအတုများကို ရပ်ကွက်သူများက အစစ်များဟုထင်၏။ အမှန်တကယ်ဆန္ဒပြနေသော သံဃာတော်များ စာသင်သားဆရာတော်များကို ထောက်လှမ်းရေးနှင့် ရဲတပ်ရင်းများက အတုဟုထင်၏။ ရန်ကုန်တိုင်းရဲမင်းကြီးက ဘယ်သူ့ကို သာသနာဝင်မှတ်တမ်း စစ်ရ မှန်းမသိ။ နောက်တနေ့တွင် ရဲမှူးချုပ်သန်းဟန် (ခြောက်ကျပ်သန်းဟန်)က စစ်သားတဖြစ်လဲ သံဃာ တော်အတုများကို တုတ်ဖြင့်ရိုက်၏။ ရပ်ကွက်ထဲကလူများက ဒေါသထွက်ကာ အမှတ် (၆) ရဲတပ်ရင်း မှူးသိန်းထွန်း (၂ လုံးထီသိန်းထွန်း) နှင့်အဖွဲ့ကိုနပမ်းဝင်လုံးကြလေ၏။

အားလုံး ရှုပ်ထွေးကုန်ရခြင်းအကြောင်းရင်းမှာ အတုပြဿနာကြောင့်ဖြစ်၏။ နိုင်ငံခြားသတင်း ထောက်များကို ရဲများက ဓာတ်ပုံဆရာများဟု ထင်၏။ ကားသမားများကို ရဲများက ထောက်လှမ်းရေး သမားများဟု ထင်၏။ အရပ်ဝတ်ရဲများကို နိုင်ငံခြားသတင်းထောက်များက ဈေးသည်များဟု ထင်၏။ စစ်ထောက်လှမ်းရေးများက သံဃာတော်အစစ်များကို ဘုန်းကြီးအတုများဟုထင်၏။ ထိုအခါ အားလုံး ရှုပ်ကုန်လေတော့သည်။ ထိုသို့ဖြစ်နေသည်ကို အရက်သောက်ထားသော တပ်မ (၃၃) လက်အောက်ခံ ခလရ (၁၄)၊ ခလရ (၇၆)၊ ခမရ (၁၁) နဲ့ (၇၇) လက်အောက်ခံ ခမရ (၃၉၁) တို့မှ စစ်သည်များနဲ့ အမှတ် (၆) ရဲတပ်ရင်းမှ ရဲများက သေနတ်ဖြင့်တလစပ် ပစ်တော့လေသည်။

ကုလသမဂ္ဂမှ ဂမ်ဘာရီလာသောအခါ သူရရွှေမန်းက ဦးဇင်း (၂) ပါးချော်လဲတာပါဟု ဖြေ၏။ ဂျပန်ဝန်ကြီးချုပ်ကမေးသောအခါ ဂျပန်သတင်းထောက်သေတာ ဗိုက်အောင့်လို့ပါဟုဖြေ၏။ အာဆီယံ နိုင်ငံများကမေးသောအခါ အခုဖြစ်တာက ဘာမှမဟုတ်ပါဘူး၊ ဟိုဥစ္စာက ဒီဟာပါ၊ ကျနော်တို့ အမျိုး သားညီလာခံကြီးကို ပြီးအောင်လုပ်နေပါတယ်။ အခုဖြစ်တဲ့ဥစ္စာက ဘုန်ကြီး ၄- ၅- ၆ ပါး ပြဿနာ တက်တာပါ ဟီး… ဟီး… ဟီး… ဟု ကိုသိန်းစိန်က ဖြေရှာ၏။

ထိုသို့ ပြဿနာများဖြစ်နေရင်း- အကြမ်းပရမ်းနည်းဖြင့် ဖြေရှင်းနေရင်း ၀န်ကြီးချုပ်ဖြစ်သူ ကိုစိုးဝင်းသေ၍ ယမမင်းထံ ရောက်လာသောအခါ ယမမင်းက ချက်ချင်းကြိုးတုပ်၍ စစ်ကြောရေးပုံစံ ဖြင့်ရိုက်လေ၏။ ထို့နောက် ၃၆ နာရီခန့်ကြာသောအခါ စစ်ထောက်လှမ်းရေးတို့ထုံးစံအတိုင်း ကုလား ထိုင်ပေါ်တွင် ထိုင်ခိုင်းကာ ငရဲကြီး (၈) ထပ်စလုံးမှ ငရဲအရာများ တယောက်တလှည့် စိစစ်ကြလေ၏။ ထို့နောက် ထောင်ထဲက ပုံစံအတိုင်း ပုံစံထိုင်းကာ မဟာအ၀ီစိငရဲတခုလုံးရှိ ငရဲသားများအားလုံးကို “ဗိုလ်စိုးဝင်း”ဆိုတာသူပဲဟုခေါ်ပြလေသည်၊ အကုသိုလ်အများဆုံးထဲက တယောက်ပေါ့ဟု မိတ်ဆက် ပေး၏။

ငရဲပြည်ရောက် အ၀ီစိငရဲရှိ လူအားလုံးကို ကြည့်လိုက်သောအခါ ကိုစိုးဝင်းအလွန် ထိတ်လန့် အံ့သြသွားလေတော့သည်။ ဗိုလ်ချုပ်နေ၀င်း၊ ဗိုလ်ချုပ် သူရကျော်ထင်၊ ကိုစိန်လွင်၊ ဒေါက်တာမောင် မောင်၊ ဗိုလ်စောမောင်၊ ဗိုလ်မြင့်အောင် အပါအ၀င် ‚အကုန်လေးစားခဲ့ရသော ကြည်း၊ ရေ၊ လေမှ ဗိုလ်များနှင့် ရဲချုပ်များသည် မဟာအ၀ီစိငရဲတွင် စီနီယာငရဲသားများအဖြစ် ပြန်လည်တွေ့ဆုံရကြလေ သောကြောင့်ပင်တည်း။ အားလုံး ကုသိုလ်အပေါင်းနှင့် တွေ့ကြံကြပါစေ၊ အတုအစစ်ခွဲခြားနိုင်ကြပါစေ။

သဗ္ဗေသတ္တာ ကီးမားပလာတာ

0 comments: