Monday, December 31, 2007

၂၀၀၇ခုနှစ် ငြိမ်းချမ်းရေးသူရဲကောင်းများ

အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများအခြေအနေ

Talkyကျော်စိုး (ကိုကျော်စိုး) ကို ၂၇ ရက် ညပိုင်းက သီးသန့်ဆောင် မှ ပင်မဆောင်သို့ပြောင်း ၊
အဖမ်းခံရစဉ် ခေါင်းတွင်ထိခိုက်မှုကြောင့် ဒဏ်ရာရရှိ ၊ အာရုံကြောထိခိုက်နေ ၊
ကိုကျော်စိုး အပါအ၀င် ၆ ဦးမှာ ပါဆယ်သာပေးနိုင် ၊ လူချင်းမတွေ့ရ ။
ကိုမြင့်လွင်ဦး (ခ) သားကြီး ကို (၂၆)ရက်နေ့ က ရုံးထုတ် ။

ငွေကြာယံ ဆရာတော် ၅ ပါး (ဦးနန္ဓ ၊ ဦးဇာနည်ရ ၊ ဦးအဂ်ဂဓမ္မ ၊ ဦးအိမ်သရိယ ၊ ဦးလာသက) တို့ကို ပုဒ်မ - ၅၀၅/ခ ၊ ၂၉၅ ၊ ၁၄၃ နဲ့စွဲ ။
ကိုကျော်စွာဌေး - ပုဒ်မ - ၇ ။ ကိုထွန်းထွန်းနိုင် - ပုဒ်မ - ၅၀၅ ။
ကိုအောင်မင်းနိုင် - ရုံးချိန်းရက်ပေး ၊ ရုံးမထုတ်သေး ။
ကိုလှမျိုးနောင် - ပင်မဆောင်ဆေးရုံတွင်ရှိ ၊ ဆေးကုသမှုညံ့ဖြင်း ။
(၂၆) ရက်နေ့က ရှေ့နေချုပ်များ ၊ တရားသူကြီးများ အစည်းအဝေးလုပ် ၊
တော်တော်များများအား ရုံးမထုတ်ရန် ဆုံးဖြတ် ။

ကိုမင်းကိုနိုင် ၊ ကိုကိုကြီး နှင့် ကိုဌေးကြွယ် တို့ ဆုံးဖြတ်ချက် --
မိမိတို့ကို ထိန်းသိမ်းထားသည်မှာ (၄)လ နှင့် (၈)ရက် (ရက်ပေါင်း ၁၃၀) ရှိပြီ ၊
မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတကာ ဥပဒေ အရ ရက်ပေါင်း (၉၀) အတွင်း တရားစွဲဆိုရမည်ထက်
ပိုမိုကျော်လွန်လာပြီဖြစ်သည် ၊
မိမိတို့ကို တရားမစွဲဆိုပါက မိမိတို့၏ မိသားစုများမှ န.အ.ဖ ကို ပြန်လည် တရားစွဲဆိုပါမည် ၊
မိမိတို့ကို တရားစွဲဆိုမည် ဆိုပါက - ပြည်သူလူထု ရှေ့မှောက်တွင် စစ်မှန်၊တရားနည်းလမ်းကျစွာ
စစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်ရမည် ၊ထိုသို့မဟုတ်ဘဲ စစ်အစိုရထုံးစံ မမြင်ကွယ်ရာဆုံးဖြတ်ချက်ချပါက မိမိတို့ လုံးဝ လက်မှတ်ထိုးမည်မဟုတ် ။
သီးသန့်ဆောင် နှင့် ပင်မဆောင် မှ နိုင်ငံရေးအကျဉ်းသားအားလုံး ရေချိုးချိန် မှလွဲလျှင် အပြင်ထွက်(အဆောင်ပြင်) ခွင့်မရ ၊
ခေါင်းဆောင်ပိုင်းမှလွှဲလျှင် ကျန်လူငယ်အများစုအား စစ်ကြောရေးတွင် ရိုက်နှိုက်ညှင်းပန်းမှုများရှိ ။


Generation Wave

Sunday, December 30, 2007

စည်းလုံးကြပါ

2008 Jan 2 ရက်နေ့တွင် စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှ Mandarin Hotel, Orchard တွင်ပြုလုပ်မည့် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် ကပွဲ၌ Poly ကျောင်းသားဟောင်း/သစ်များ အပါအ၀င် န အ ဖ ကပ်ဖား ယပ်ဖား အောက်ဆွဲများ၊ မျိုးချစ်စိတ် ကင်းမဲ့သူများ ဖျော်ဖြေကပြ အသုံးတော်ခံရန် ရှိပါသည်။

န အ ဖ များကို ကပြဖျော်ဖြေမည့် အက၀ါသနာရှင်များ စက်တင်ဘာအရေးအခင်း အပါအ၀င် အရေးအခင်း တိုင်း မှာ ကျဆုံးသွားခဲ့သော ရဟန်း၊ ရှင်လူ ပြည်သူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ု န အ ဖ စစ်အာဏာရှင်တွေ ရဲ့ ရက်စက်ယုတ်မာမှုကို ဘယ်တော့မှမမေ့ပါနဲ့။လူတွေအကုန်လုံး ကြေကွဲစွာ ခံစားနေရချိန်မှာ န အ ဖ လို ကျက်သရေ တစ်စက်မှ မရှိတဲ့ လူ့မိစ္ဆာတွေရဲ့ဖျော် ဖြေခိုင်းမှုကို လက်ခံခြင်းမှာ န အ ဖ ၏လုပ်ရပ်တွေကို ထောက်ခံနေတာနဲ့ အတူတူပါပဲ။

ဒီတော့ မိမိတို့ဟာ ဘာလဲ။ န အ ဖ အောက်ဆွဲတွေလား။ ဒါဆိုရင်လည်း ရှင်းပါတယ်။ ဒါမှ မဟုတ်ဘူးဆိုရင် တော့ မိမိတို့ ဘာလုပ်သင့်တယ်ဆိုတာ အချိန်မနှောင်းခင် သေသေချာချာစဉ်းစားဆုံးဖြတ်ပါ။ လူ့အသိုင်းအ၀ိုင်း က စက်ဆုတ်ရွံရှာရတဲ့သူ မဖြစ်ပါစေနဲ့။

န အ ဖ စစ်အာဏာရှင်အုပ်စုတွေရဲ့ ဒီပွဲကို မပျက်ပျက်အောင် ဖျက်ဖို့ ၊နအဖစစ်အာဏာရှင်အုပ်စုကိုမထောက် ခံကြောင်း ပြသဖို့အတွက် လွတ်လပ်ရေးနေ့ တိုက်ပွဲအနေနဲ့ မျိုးချစ်စိတ်ရှိသူတိုင်း မိမိတတ်နိုင်ရာနေရာကနေ ပါဝင်ဆောင်ရွက်ကြပါ။ မိမိဝန်း ကျင်မှာ ရှိသောလူများ ထိုဖျော်ဖြေပွဲကို တက်ရောက်ဖို့အစီစဉ်ရှိပါက မတက်ရောက်ဖို့ ၊ ပါဝင် ဆောင်ရွက်ခြင်း မပြုကြဖို့ အချင်းချင်း လက်ဆင့်ကမ်း တိုက်တွန်းပေးကြပါ။

ဖိတ်ကြားထားခံရသော စီးပွားရေးလုပ်ငန်းရှင်များ ၊ ကျောင်းသူကျောင်းသားများ မျိုးချစ်စိတ်ဓါတ် ရှိတယ်ဆိုရင် မထောက်ခံကြောင်းဆန္ဒပြသောအနေနဲ့ မတက်ရောက်ကြပါနဲ့။ အားလုံးဟာ တစ်သွေးတစ်သားတည်း ၊ စည်းလုံးမှုရှိကြောင်း ပြကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

စစ်အာဏာရှင်ကိုဆန့်ကျင်သူများ

Saturday, December 29, 2007

ဘနာဇီယာ ဘူတို၏ နောက်ဆုံးအချိန်အတွင်း အသတ်ခံရပုံမြင်ကွင်း

ဘနာဇီယာ ဘူတို၏ နောက်ဆုံးအချိန်အတွင်း အသတ်ခံရပုံမြင်ကွင်းကို ကြေကွဲစွာတွေ့မြင်နိုင်ပါသည်။

သတင်း video ကို CNNမှ ရယူပါသည်၊

ဘနာဇီယာ ဘူတို၏ ပုံတူကို သဲပန်းပုဖြင့် ထုလုပ် ဂါရ၀ပြုနေစဉ်

မြန်မာ့အလင်းသတင်းစာကို တရားစွဲဖို့ ဂျပန် APFသတင်းဌာန ပြင်ဆင်

စက်တင်ဘာအရေးတော်ပုံတွင် ပစ်သတ်ခံရသည့် ဂျပန်ဗွီဒီယိုသတင်းထောက် ကန်ဂျီနာဂါအိ

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၉) ရက်နေ့တုန်းက မြန်မာစစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာထဲမှာ ဆောင်းပါးရှင် ကျော်မင်းလူ (ရွှေပြည်သာ) ရေးသားခဲ့တဲ့ ဂျပန်သတင်းထောက် နာဂါအိ ခင်းဂျိအကြောင်း ရေးသားဖော်ပြချက်တွေဟာ သတင်းထောက် နာဂါအိနဲ့ သူအလုပ်လုပ်ခဲ့တဲ့ APF သတင်းဌာနရဲ့ ဂုဏ်သိက္ခာကို စော်ကားရေးသားထားတာ ဖြစ်တာကြောင့် တိုကျိုမြို့အခြေစိုက် APF သတင်းဌာနက မြန်မာ့အလင်းသတင်းစာကို တရားစွဲဖို့ပြင်ဆင်နေပြီဖြစ်ကြောင်း သိရှိရပါသည်။
နအဖ၏ တဖက်သက်ရေးချင်ရာရေးသော သတင်းစာမှ ဆောင်းပါးများသည် ပြည်တွင်းမှ တုံပြန်နိုင်စွမ်း မရှိသော မြန်မာ ပြည်သူများကို နအဖ၏ အကာအကွယ်ဖြင့် စွပ်ဆွဲချင်ရာ စွပ်ဆွဲပြီး၊ ရေးချင်ရာ ရေးနိုင်စွမ်းရှိခဲ့ပေမယ့် ကမ္ဘာ့ အသိုင်းအ၀ိုင်းသို့ စွပ်ဆွဲ ပုတ်ခတ်ရေးသားသောအခါတွင် တရားဥပဒေကို ရင်ဆိုင်လာရပေတော့မည်။
ဒီအကြောင်းတွေနဲ့ ပတ်သတ်လို့ APFသတင်းဌာနအကြီးအကဲ မစ္စတာ တိုးရု ယာမာ့ဂျိ နဲ့ RFA သတင်းဌာန ဆက်သွယ်မေးမြန်းချက်ကို နားထောင်နိုင်ပါတယ်။

Friday, December 28, 2007

ဘယ်နာဇီဘူတို လုပ်ကြံသတ်ဖြတ်ခံရခြင်း

ပါကစ္စတန် နိင်ငံဝန်ကြီးချုပ်ဟောင်း ဘယ်နာဇီ ဘူတို Benazir Bhutto- ဘူတို ဟာ ဒီနေ့  ကြာသာပတေးနေ မှာ လုပ်ကြံသတ်ဖြတ်ခြင်းခံရပါတယ်။ အမည်မသိ အသေခံလူသတ်သမားက သတ်ဖြတ်ခဲ့ခြင်းဖြစ်တယ်။ ဗုံးနဲ့ ဖေါက်ခွဲ မသတ်ဖြတ်ခင်ကလေးမှာ သေနပ်နဲ့  ပစ်ခတ်ခဲ့တယ်။ နောက်တော့ ဗုံးကို ခွဲလိုက်ခြင်းဖြစ်တယ်။

အခင်းဖြစ်ပွားရာ မှ ၂ မိုင်ဝေးသော ရာဝါပင်တီ - Rawalpindi- အထွေထွေဆေးရုံကြီးကို ရောက်တဲ့အခါမှာ ဘူတို မှာ သေဆုံးနေပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ အဓိကရုဏ်းတွေဖြစ်မှာဆိုးတဲ့အတွက် လူတွေကို အိမ်မှာတွင်နေကြရန် ပါကစတန် ပုလိပ်က ပြည်သူကို သတိပေးထားသည်။
see detail
ဘယ်နီဇာဘူတို့  အထုပတ္တိ အကျဉ်း ။

ဘယ်နာဇီဘူတို ကို ၁၉၅၃ ဇူလိုင် ၂၁ ရက်နေ့ တွင် ပါကစတန်နိင်ငံ ကရာချီ မြို့ တွင်မွေးဖွားခဲ့ပါသည်။ အဖ ၀န်းကြီးချုပ်ဟောင်း ဇုသီကာ အလီဘူတို့  ဖြစ်ပါသည်။ ၁၉၆၉ ခုနစ်မှာ့ အမေရိကန် နိင်ငံ ဟားဗတ်တက္က သိုလ် ၁၉၇၃ မှာတော့ အင်္ဂလန် အောက်စပို မှာပညာသင်ကြားခဲ့ပါတယ်။ ဒီတက္ကသိုလ်တွေမှာ ဒသနိက၊စီးပွားရေးနိင်ငံရေး၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် သံတမာန်နည်းပညာတွေကို စည်းပူးလေ့လာခဲ့ပါသည်။ ၁၉၈၇ ခုနစ် တွင် အာဆစ်အလီ ဇာတီယီ နှင့် အိမ်ထောင်ပြု ခဲ့ပါသည်။ သားသမီး သုံးဦးကို မွေးဖွားခဲ့ပါသည်။
ဘာနာဇီဘူတို ရဲ့  ဖခင် ဇုသီကာ အလီဘူတို့  မှာလည့်း ဝန်ကြီးချုပ်ဟောင်းတဦးဖြစ်သည်။၁၉၇၅ခုနစ်တွင်း စစ်တပ်ကျောထောက်နောက်ခံပြုထားသော သမတဇီယာအူဟတ်က သူမဖခင် ၀န်ကြီးချုပ် အလီဘူတို့  အား ၀န်ကြီးချုပ်ရာထူးမှဖြုတ်ချခံရပြီး ၁၉၇၇ ခုနစ်မှာ ကြိုးပေးကွပ်မြစ်ခြင်းခံရပါသည်။
၁၉၈၈ နိုဝင်ဘာ၁၆ရက်နေ့မှာပထမဆုံးအကြိမ်လွတ်လပ်စွာကျင်းပတဲ့ရွေးကောက်ပွဲမှာ သူမပါတီက အမတ်နေရာအများဆုံးနဲ့နိင်ခဲ့သည်။ သူမအသက်၃၅ခုနစ်မှာ အသက်ငယ်ဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ထိုအပြင် သူမဟာ မူစလင် ကမ္ဘာရဲ့ ပထမဆုံးသောဝန်ကြီးချုပ်လည်း ဖြစ်လာခဲ့ရပါသည်။ ၁၉၈၈ ခုနစ်မှာ ကမ္ဘာကျော် People Magazine မှ ကမ္ဘာ့ အလှဆုံး အမျိုးသမီး ၅၀ စရာရင်းမှာ ထည့် သွင်းဖေါ်ပြခြင်းခံခဲ့ရပါသည်။ ၁၉၉၀ ခုနစ်မှာ သူမအာ ပါကစ္စတန် စစ်တပ်မှ လဒ်စား မှု ဖြင့် တရားစွဲဆို ခြင်းခံခဲ့ရပါသည်။ သူမအစိုးရအဖွဲ့ ဖျက်သိမ်းခြင်းခံရပါသည်။ စစ်ဗိုလ်ချုပ် ကြီး န၀ါရှာရစ် ( ဇီယာဟူဟတ် တပည့် ကျော် ) က ၀န်ကြီးချုပ်ဖြစ်လာပါသည်။ ဒါပေမဲ့ လဒ်စားမှု နဲ့ သူမပြစ်ဒဏ်ပေးခံခဲ့ရခြင်းမရှိခဲ့ပါ။
၁၉၉၃ ခုနစ် မှာ ရွေးကောက်ပွဲထပ်လုပ်ရာ သူမပါတီအနိင်ရခဲ့ပြန်ပြီး ၀န်ကြီးချုပ်ပြန်လည် တင်မြောက်ခြင်းခံရပြန်သည်။ ထိုအခါစစ်တပ်မှာ လဒ်စားမှု ဖြစ် တရားစွဲဆိုမူ ကိုခံခဲ့ရပြန်သည်။ သမတ က သူမအစိုးရကိုဖျက်သိမ်းခဲ့ပြန်သည်။ ၁၉၉၈ ခုနစ်တွင် ယူနိက်တက် အာရပ်စောဘွားများ နိင်ငံမှာ သူမ ဆန္ဒအလျောက်နေထိုင်ခဲ့ပါသည်။ ၂၀၀၇ခုနစ်မှာ ပါကစ္စတန် နိင်ငံ သို့ စစ်ဗိုလ်ချုပ်ကြီး မူရှာရစ် နှင့် နားလည်မူ ပြန်လည် ရခဲ့သဖြင့် နိင်ငံသို့  ပြန်လည် ခဲ့ပါသည်။ ၂၀၀၇ ခုနစ် ဒီဇင်ဘာ ၂၈ ရက်နေ့ မှာ သူမသည် မူစလင် အခြေခံဝါဒီအကြမ်းဖက်သမားများလက်ချက်ဖြင့်ကျဆုံးခဲ့ရပါသည်။


ဒီမိုကရေစီပြန်လည်တည်ဆောက်ရေးကြိုးပန်းနေစဉ်ကာလမှာ သူမကျဆုံးသွားသည့်အတွက် ကျနော်တို့မှအထူးကြေကွဲဝမ်းနည်းမိကြောင်း ဖေါ်ပြလိုပါသည်။ သူမရဲ့ဒီမိုကရေစီပြန်လည်ထွန်းကားရေးစွမ်းဆောင်ချက်များ အား ကျနော် တို့မှ ဦးညွတ်ဂုဏ်ပြုလိုက်ပါသည်။ အာရှတိုက်ဒီမိုကရေစီ ပြန်လည်ရှင်သန်နိင်ရေးအတွက် အစွမ်းကုန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သံဓိဌာန်ပြုပါသည်။

Thursday, December 27, 2007

သီးလေးသီး၏ ဆေးရောင်စုံ အငြိမ့် အစမှ အဆုံးကြည့်ချင်သူများအတွက်

ရန်ကုန်တွင် နယ်မြေခံထောက်လှမ်းရေးနှင့် ကြံ့ဖွတ်အဖွဲ့ဝင်များ၊ စွမ်းအားရှင်များမှ သီတဂူဆရာတော်၏ လူမိုက်တို့သွားရာလမ်း၊ ဧကရာဇ်မင်းကြီး၏ ဘ၀နိဂုံး၊ ဆေးရောင်စုံအငြိမ့်အခွေများကို လိုက်လံသိမ်းဆည်း၊ ဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။

သံဃာ တပ်ပေါင်းစုကြီး၏ ကြေငြာချက်


ကိုထိုက်ဘလော့ခ်မှ

Wednesday, December 26, 2007

သန်းရွေ ရဲ့ ရက်စက်ယုတ်မာမူများ မှတ်တမ်းခွေ အသစ်


video ကိုမိုးသီး ထံမှ ရယူထားပါသည်။
စက်တင်ဘာ လူထု လှုပ်ရှားမှုကြီးအား နအဖ မှ ရက်ရက် စက်စက် နိမ်နင်းခဲ့သည်များကို ဗီဒီယိုမှတ်တင်း တင်ထားသည့်  မှတ်တမ်းခွေ အသစ် တခု ဖြစ်ပါသည်။ မှတ်တမ်းကိုရိုက်ကူး ပြီး ပြည်သူလူထုသိရှိရန် တင် ပြပေးခဲ့တဲ့ Peacock 88 အားအထူးကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။

မြင်ကွင်းများကို မည်သည့် သတင်းဌာနတွင်မှ ဖေါ်ပြခြင်းမရှိသေးပါ။



Tuesday, December 25, 2007

သန်းရွေ ယုတ်မာပက်စက် နေပြန်ပြီ။

ရွေ တိဂုံဘုရားမှာ သန်းရွေ ကျောက်စိမ်းဘုရား တဆူ ကို လှူထားတယ်လို့ သိရတယ်။ ဘုရားပုံတော်ကိုသူမျက်နာနဲ့ တူအောင်ထုထားတယ်လို့ ဆိုတယ်။ ဘုရားကိုလူတွေကတော့သလို မျိုး သူကိုလူတွေက ကတော့အောင် မပုန်ကန်ရဲ အောင်လို့ ဆိုတယ်။ ဘုရားက ရုပ်ပွားတော်က ညဏ်တော် ၁ဒသမ ၅ မီတာမြင့်တယ်လို့ သိရတယ်။ ရွေတိဂုံဘုရား တောင်ဖက် မုဒ် အခြမ်းမှာရှိတယ်။ ဒီသတင်းကို အင်တာနက်မှတဆင့်ရရှိလို့ အများ ပြည်သူများသိရှိရန် တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။

Monday, December 24, 2007

မီဒီယာတိုက်ပွဲနှင့် မြန်မာဘလော့ဂ်များ ဘာလဲ ဘယ်လဲ (၂)

ရေးသားသူ :နယ်ခြားမဲ့မြန်မာဘလော့ဂါများBurmese Bloggers w/o Borders(http://bbwob.blogspot.com) ဘလော့ဂ်သင်တန်း
(ဓာတ်ပုံ-အရှေ့မြောက်တိုင်းစစ်ဌာနချုပ်)

ဤခေါင်းစဉ်ဖြင့် ရေးခဲ့သော ရှေ့ကဆောင်းပါးတွင် စစ်အစိုးရက မီဒီယာကို မီဒီယာဖြင့် တိုက်မည်ဟူသော ပေါ်လစီအရ ဘလော့ဂ်များကို ဘလော့ဂ်များဖြင့်ပင် တိုက်ခိုက် လာနိုင်ကြောင်း တင်ပြခဲ့ပါသည်။

ယခုရက်ပိုင်းတွင် စစ်အစိုးရ လိုလားသူများ သို့မဟုတ် စစ်အစိုးရက စီမံခန့်ခွဲထားသည်ဟု ယူဆနိုင်သော ဘလော့ဂ်များ တစ်ရာနီးပါး နေ့ချင်းညချင်း ပေါ်ထွက်လာသည်ကို တွေ့ရပါသည်။ လတ်တလော လည်ပတ်မိသရွေ့ သုံးသပ်ရမည်ဆိုပါက ထိုဘလော့ဂ်များကို အကြမ်းဖျဉ်း အနေဖြင့် အမျိုးအစား (၃) မျိုး တွေ့ရှိရပါသည်။

(၁) စစ်အစိုးရ အာဘော်များကို အတိအလင်း ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ရေးသားသော ဘလော့ဂ်များ။
(၂) ပြည်နယ်၊တိုင်းဖြစ်စေ တိုင်းရင်းသားဖြစ်စေ မြို့များဖြစ်စေ ကို ကိုယ်စားပြုသော ဘလော့ဂ်များ။ (မြို့အလှအပများ မြန်မာ့ ဓလေ့ထုံးတမ်းများကို ရေးကြသည်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း၏ လှုပ်ရှားမှုများ အနည်းငယ် ကြားညှပ် ဖော်ပြလေ့ရှိသည်။)
(၃) အဆိုပါ ဘလော့ဂ်များနှင့် ချိတ်ဆက်ကာ အချိန်အတူတူနီးပါး ပေါ်ပေါက်ခဲ့သော်လည်း ကိုယ်ရေးကိုယ်တာ အကြောင်းအရာများသာ ရေးသားနေသေးသော သာမန်ဘလော့ဂ်များ
ထိုဘလော့ဂ်များကို အသုံးပြုကာ အမျိုးအစား (၁) က ဒီမိုကရေစီ လိုလားသူ ဘလော့ဂ်များကို အတိအလင်း တိုက်ခိုက် ရေးသားခြင်း (သို့မဟုတ်) ပြန်လည်ချေပ ရေးသားခြင်း ပြုလာချိန်တွင် (၂) နှင့် (၃) အမျိုးအစား ဘလော့ဂ်များသည် လိုအပ်လာလျှင် စစ်အစိုးရ ဆောင်ပုဒ်များ ကြွေးကြော်သံများ တန်ပြန်တင်ရန် အသင့်ပြင်ထားသော ဘလော့ဂ်များဟု ယူဆရပါသည်။ ယခုအချိန်အထိ အားလုံးကို ပုဂ္ဂလိက ရေးသားသော ဘလော့ဂ်များ အသွင် ဆောင်ထားသည်ကို တွေ့ရသည်။
ဒီမိုကရေစီ လိုလားသူ ဘလော့ဂါများသည် တက်ကြွလှုပ်ရှားသူများရော ပြည်တွင်းပြည်ပ သာမန်ပြည်သူများပါ မိမိတို့ရင်တွင်းမှ အစစ်အမှန်ခံစားမှုများနှင့် မိမိကြားသိရသော သတင်းများကို စေတနာ့ဝန်ထမ်း ရေးသူများ ဖြစ်ကြသည်။ စစ်အစိုးရသည် ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များ သို့မဟုတ် ၀န်ထမ်းများကို အချိန်ရော နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုပါ အသေအချာပေးပြီး ညွှန်ကြားမှုတခု အောက်တွင် လုပ်ခိုင်းခြင်း ဖြစ်နိုင်ပါသည်။ ထိန်းချုပ်မှုအောက်မှ ထိုဘလော့ဂ်များ၏ အရည်အသွေးမှာ ကန့် သတ်ထားသော်လည်း ဆန္ဒထုတ်ဖော်သူ သံဃာများ ၂ ရာခိုင်နှုန်းသာ ရှိသည်ဟု မျက်နှာပြောင်တိုက် ပြောရဲသော စစ်အစိုးရ ဖြစ်သဖြင့် ထိုဘလော့ဂ်များ၏ အရေအတွက်ကိုလည်း စစ်အစိုးရက တနေ့နေ့တချိန်ချိန်တွင် စကားထဲ ထည့်သွင်းပြောလာနိုင်ပါသည်။
တချို့ဘလော့ဂ်များသည် သတင်းအမှန်ကို တင်သည်ဟု ကြွေးကြော်ကာ ဒီဗွီဘီ မဇ္ဇျိမ စသော သတင်းမီဒီယာများမှ သတင်းအချို့ကို လင့်ခ်ပေးခြင်း ဒီမိုကရေစီ ဘလော့ဂ် အချို့ကို လင့်ခ်ပေးခြင်းမျိုး ပြုလုပ်ကာ ၄င်းတို့ ဖော်ပြချင်သော သတင်းနှင့် ဆောင်းပါးများ အစိုးရအာဘော်များကိုလည်း ကြားညှပ်တင်ပြလာသော နည်းလမ်းဖြင့် ချဉ်းကပ်လာသည်ကို တွေ့ရပါသည်။ ဖတ်ရှုသူများ အနေဖြင့် ထိုကဲ့သို့သော ဘလော့ဂ်များသည် နှစ်ဖက်ကို မျှမျှတတ ရှိသည်ဟု ထင်မြင်စေကာ ၄င်းတို့ ရေးသားသော ဆောင်းပါးများအပေါ် အလေးအနက်ထား ဖတ်ရှုမိစေပါသည်။
နည်းပရိယာယ်မျိုးစုံဖြင့် လွတ်လပ်စွာ ရေးသားနိုင်သော ဘလော့ဂ်လောကတွင် ဤကဲ့သို့ ချဉ်းကပ်ပုံကို အပြစ်ဟု မဆိုနိုင်သော်လည်း ဒီမိုကရေစီ ဘလော့ဂ်များမှလည်း မိမိတို့ရရှိသော သတင်းအချက်အလက်များကို မြန်ဆန်ရုံသာမက တိကျမှန်ကန်မှုအတွက် ပိုမိုစေ့စပ်စွာ စစ်ဆေးတင်ပြကြရန် အရေးကြီးပါသည်။
မည်သည့် ရန်ငြိုးရန်စမှ မရှိဘဲ ဘလောဂါ့များကို အကြောင်းမဲ့ ဆဲဆို လာရောက်တိုက်ခိုက်သူများလည်း ရှိတတ်ပါသည် ။ သူတို့ ၏ ရည်ရွယ်ချက်မှာ ဘလော့ဂ်ရေးသားခြင်းကို ရပ်သွားစေရန်မှအပ အခြားမဖြစ်နိုင်ပါ။ စစ်အစိုးရလိုလားသူ ဘလော့ဂ်များ အများအပြား ပေါ်ပေါက်လာခြင်းနှင့် ဆက်စပ်ကြည့်လျှင် မသင်္ကာစရာ ကောင်းလှပါသည်။ ပြည်တွင်းတွင် ဆန္ဒဖော်ထုတ်သူများကို ဖမ်းဆီးကာ နအဖ ထောက်ခံပွဲများကို ခြိမ့်ခြိမ့်သဲ ကျင်းပ၍ ကမ္ဘာကိုလိမ်လည်ရန် ကြိုးစားသူ စစ်အစိုးရသည် ဘလော့ဂ်ထဲတွင်လည်း ဤနည်းနှင်နှင် မကြိုးစားဟု မပြောနိုင်ပါ။
ဆဲဆိုခြင်းကို မည်သူမည်ဝါက ပြုလုပ်သည်ဟု သက်သေ အထောက်အထားဖြင့် အတိအကျ ဖော်ထုတ်ရန် မလွယ်ကူသေးသော်လည်း ဤကဲ့သို့ တိုက်ခိုက်မှုမျိုး ပေါ်ပေါက်လာလျှင် ဘလော့ဂ်ကို အပြီး မပိတ်ဘဲ အဆင့်ဆင့် ကာကွယ်နိုင်သော နည်းလမ်းများ ရှိပါသည်။ C Box ခေါ် ဆီပုံးကို ခေတ္တပိတ်ခြင်း၊ အမည်မဲ့ မှတ်ချက်ရေးသားခြင်းကို ခွင့်မပြုခြင်း၊ မှတ်ချက်များကို စိစစ်ပြီးမှ တင်ခြင်း တို့ဖြစ်ပါသည်။ မိတ်ဆွေ ဘလော့ဂါများ၊ ဘလော့ဂ်ဖတ်သူများ အနေနှင့်လည်း ဆက်လက်လာရောက် ဖတ်ရှုပေးခြင်း မှတ်ချက်များတွင်သာ ပိုမိုရေးသားပေးခြင်းဖြင့် အတိုက်ခိုက်ခံရသူကို အားပေးနိုင်ပါသည်။
မည်သည့်အကြောင်းအရာကို ရေးသားသည် ဖြစ်စေ ဘလော့ဂ်ရေးသားခြင်းသည် (ထိန်းချုပ်မှုအောက်တွင် ဖိအားပေး ရေးသားခိုင်းခြင်းမျိုး မဟုတ်ပါက) လွတ်လပ်မှုကို ကိုယ်စားပြုပါသည်။ အသိဥာဏ် ဗဟုသုတ ပွင့်လင်းစေမည့် လမ်းပေါက်တစ်ခု ဖြစ်သည်။ ကျပ်တည်းပိတ်နှောင်သော စစ်အုပ်ချုပ်ရေး စနစ်ဆိုးကြီးအောက်တွင် ပြည်တွင်းပြည်ပ မြန်မာတို့အတွက် မိမိတို့၏ စိတ်သဘောထားကို လွတ်လပ်စွာ ဖော်ထုတ်နိုင်သည့် အခွင့်အရေးတစ်ရပ် ဖြစ်သည်။ မြန်မာဘလော့ဂ်များ များပြားလာရန်နှင့် မည်သည့် အကြောင်းအရာဖြစ်စေ ရေးသားမှုကို ရပ်တန့်မသွားကြစေရန် အရေးကြီးပါသည်။ မိမိ၏ ဘလော့ဂ်တစ်ခုသည် ပြည်သူတစ်ယောက်၏ အသံကို ကိုယ်စားပြုပါသည်။
ထို့အပြင် စစ်အစိုးရက ရည်ရွယ်ချက်တစ်ခုဖြင့် ၀န်ထမ်းများကို အင်တာနက်ပေါ် တင်ပေးလိုက်သည်ပင် ဖြစ်လင့်ကစား ထိုဘလော့ဂါများ သည် လွတ်လပ်စွာ လည်ပတ်ဖတ်ရှုခွင့်သာ ရခဲ့ပါက ၄င်းတို့ မျက်စိပွင့်လာနိုင်ရန် အခွင့်အလမ်း ဖြစ်နိုင်ပါသည်။ မြန်မာနိုင်ငံ အပြင်ဘက်တွင် မည်ကဲ့သို့ တိုးတက်မှုများ ဖြစ်နေကြောင်း မြန်မာနိုင်ငံ ဘာကြောင့် ပြောင်းလဲရန် လိုအပ်ကြောင်း အာဏာရှင်စနစ်၏ ဆိုးကျိုး စသည်တို့ကို ဖတ်ရှုလေ့လာမိပါက အမြင် ပိုမို ပွင့်လင်းလာနိုင်ပါသည်။ ထို့ကြောင့် မိမိစိတ်ရင်းဖြင့် ရေးသားနေသော ဘလော့ဂါများအနေဖြင့် ရေးသားမှုများ အရှိန်အဟုန် ကျမသွားရန် အရည်အသွေး ပိုမိုမြှင့်တင်ရန် လိုအပ်ကြောင်း အလေးအနက် တိုက်တွန်းအပ်ပါသည်။

Ashin Khay Mar sara's Speech

ရဟန်းပျိုများသမဂ္ဂအဖွဲ့ ဥက္ကဌ အရှင်ခေမာစာရ၏ မိန့်ကြားချက်

Father

နိုင်ငံရေးပြက်လုံးများပါသည့် အငြိမ့် ဗီစီဒီ ပျံ့နှံ့

နိုင်ငံရေးပြက်လုံးများပါဝင်သည့် “ဆေးရောင်စုံအငြိမ့်” အမည်ရှိ ၂ ချပ်တွဲ ဗီစီဒီ မြန်မာနိုင်ငံအတွင်း ပျံ့နှံ့လျှက် ရှိသည်။အဆိုပါအငြိမ့် ဗီစီဒီသည် တန်ဆောင်မုန်းလပြည့်ည (နိုဝင်ဘာလ ၂၄ ရက်) က ရန်ကုန်မြို့ ကန်တော်ကြီးရှိ မျှော်စင်ကျွန်း တွင်ကပြသည့် အငြိမ့်ခန်းဖြစ်ပြီး ပရိသတ်သောင်းချီကာ အားပေးခဲ့ကြသည်။၎င်းအငြိမ့်တွင် နိုင်ငံကျော်လူရွှင်တော်များဖြစ်ကြသည့် ဂေါ်ဇီလာ၊ ကင်းကောင်၊ ကျော်ထူးတို့အပါအ၀င် သီးလေးသီး လူရွင်တော်များဖြစ်သည့် ကြယ်သီး၊ ပန်းသီး၊ စိန်သီးနှင့် ဆီးသီးတို့ပါဝင်ကြသည်။ ကပြ အသုံးတော်ခံသည့် မင်းသမီးများမှာ ချောစုမျိုး၊ မြစပယ်ငုံနှင့် သစ်သစ်လွင်တို့ ဖြစ်ကြသည်။


၎င်းအငြိမ့်ခန်း၌ နိုင်ငံရေးပြက်လုံးများမပြက်ရန် သက်ဆိုင်ရာ အာဏာပိုင်များထံတွင် လူရွှင်တော် ဂေါ်ဇီလာက တာဝန်ခံ လက်မှတ်ထိုးထားရကြောင်း သိရသည်။
လူရွှင်တော်များက ဌာနဆိုင်ရာဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှုများမှစ၍ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီ၊ ကြံ့ဖွံ့အသင်း၊ ဦးတေဇပိုင် ပုဂံလေကြောင်းလိုင်းနှင့် အမျိုးသားညီလာခံ ထောက်ခံပွဲ အစရှိသည်များကို ပရိသတ်အများ တ၀ါးဝါးရယ်မောကြအောင် ပြက်လုံးထုတ်နိုင်ခဲ့သည်။
မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံသို့ရောက်ရှိစဉ်က ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းနှင့် တွေ့ဆုံ စကားပြောပုံများကို ပြက်လုံးထုတ်ခဲ့ကြသည်။
၂၀၀၆ ခုနှစ် နိုဝင်ဘာလ အတွင်းက လူရွှင်တော် ဂေါ်ဇီလာ ဒါရိုက်တာလုပ်၍ ရိုက်ကူးသည့် သီးလေးသီးနှင့် ဆေးရောင်စုံ အမည်ရှိ ဗီစီဒီ အငြိမ့်အခွေတွင် ပါဝင်သော လူရွှင်တော်ပြက်လုံးများသည် နိုင်ငံတော်ကို ထိခိုက်သည်ဟူသော အကြောင်း ပြချက်ဖြင့် ယင်းဗီစီဒီ ဖြန့်ချိခွင့်ကို အာဏာပိုင်များက ပိတ်ပင်ခဲ့သည်။
ယခင်ကလည်း နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာ၊ မန္တလေးမြို့မှ လူရွှင်တော် ပါပါလေးတို့ အပါအ၀င် အနုပညာရှင် တချို့ကို နိုင်ငံရေးအကြောင်းပြချက်ဖြင့် စစ်အစိုးရက အရေးယူမှုများရှိခဲ့သည်။

Friday, December 21, 2007

စစ်အာဏာရှင်ချုပ်ငြိမ်းရေး ပြည်သူတရပ်လုံးတိုက်ပွဲဝင်ရန် ဗိုလ်အောင်ကျော်နေ့၌ ဗကသနိုးဆော်

ဗကသကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုနှင့် ဆက်သွယ်မေးမြန်းချက် ဒီနေရာမှာနားထောင်ပါ၊၊
dvb (s0urce)

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချူပ်၏ ထုတ်ပြန်ကြေညာချက်။

Wednesday, December 19, 2007

မစ္စတာပင်ညဲရိုးတင်သွင်းတဲ့ ရွှေဝါရောင်တော်လှန်ရေး အစီရင်ခံစာ (မြန်မာပြန်)

မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေး စုံစမ်းလေ့လာသူ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် ပေါ်လိုဆာဂျီပီနဲရိုးရဲ့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်လှုပ်ရှားမှု အစီရင်ခံစာကို မြန်မာဘာသာ ပြန်ဆိုချက် ဖြစ်ပါတယ်။လူမဆန်တဲ့ အကြမ်းဖက် ရာဇ၀တ်မှုကြီးမှာ တိုက်ရိုက် တာဝန်ရှိသူတွေက သန်းရွှေ၊ အောင်သောင်း၊ မောင်သောင်း၊ ကျော်ဆန်း၊ ခင်ရီ နဲ့ ရွှေမန်းတို့ ဖြစ်တယ်လိုကိုမိုးသီးဇွန်ရဲ့ အမှာစာမှာ ဖော်ပြထားပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို အင်းစိန် သီးသန့်ထောင်မှ ထောင်မကြီးသို့ပြောင်းပြီး သာမန်ရာဇ၀တ် သားများနှင့်တွဲထား

(VOA SOURCE)
ကိုမင်းကိုနိုင်အပါအ၀င် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို အင်းစိန်ထောင်မကြီးကိုအာဏာပိုင်တွေက ရွှေ့ပြောင်းလိုက်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား သတင်းရပ်ကွက်က ပြောပါတယ်။ ကျောင်းသားခေါင်းဆောင်တွေကိုလည်း သီးခြားခွဲထားလိုက်တယ်လို့ ပြောပါ တယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက ဆက်ပြီးတင်ပြပေးထားပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို ညက အရင် သီးသန့်ထောင်တွေကနေ အင်းစိန်ထောင်မကြီးကို ပြောင်းလိုက်တယ်လို့ ထောင်ဝင်စာသွားတွေ့တဲ့ မိသားစု သတင်းရပ်ကွက်ကို ကိုးကားပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ မနီလာသိန်းက ပြောပါတယ်။ ကျောင်းသားခေါင်းဆောင်တွေကို အခြားရာဇ၀တ်သား တွေနဲ့တွဲပြီး ချုပ်နှောင်ထားတာဖြစ်တဲ့အပြင် ကျန်းမာရေးအတွက်လည်း စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်လို့ အခုလိုပြောပါတယ်။
“မနေ့ညက မိုးချုပ်မှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမားကီး၊ ကိုခင်ကျော်၊ ကိုမင်းမင်းတို့ကို သီးသန့်တိုက်ကနေ ထောင်မကြီးကို ပြောင်းရွှေ့သွားတယ်လို့ သိရပါတယ်။ ဒီနေ့ ကိုမင်းကိုနိုင်နဲ့ ကိုမြအေးတို့အိမ်ကနေ ထောင်ဝင်စာ သွားတွေ့တဲ့အခါမှာ ကိုမြအေးကို ကြိုးသမား criminal တယောက်နဲ့ထားတယ်လို့ သိရပါတယ်။ ကိုမင်းကိုနိုင်ကို ကိုးကန့် criminal တယောက်နဲ့ထားတယ်လို့ သိရပါတယ်။ အခန်းက အရမ်းကျဉ်းပြီး လမ်းလျှောက်လို့တောင်မရဘူးလို့ သိရတယ်။ ပြီးတော့ အရှေ့မှာ အခန်းတွေရှိတဲ့အတွက် လေ၀င်လေထွက်လည်းမရဘူးလို့ သိရပါတယ်။ အဲတော့ အားလုံးရဲ့ ကျန်းမာရေးအတွက် အထူးစိုးရိမ်စရာတွေ ဖြစ်နေပါတယ်” မနီလာသိန်းပြောပြသွားတာပါ။
ဒီလို ကျောင်းသားခေါင်းဆောင်တွေကို ထောင်မကြီးကို ပြောင်းပို့လိုက်တဲ့အတွက် စစ်အစိုးရ အာဏာပိုင်တွေဘက်က တရားစွဲဆိုပြီး ရုံးတင်စစ်ဆေးဖို့ ခြေလှမ်းပြင်တာများလားဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရန်ကုန် နိုင်ငံရေးအသိုင်းအ၀ိုင်းကြားမှာ ရှိနေပါတယ်။

မနီလာသိန်းကတော့ လောလောဆယ် အကျဉ်းထောင်ထဲမှာ နေနေရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ ကျန်းမာရေးအတွက် စစ်အစိုးရမှာ တာဝန်ရှိပြီး အခုလို ဖမ်းဆီးထားတာဟာ လူ့အခွင့်အရေးချိုးဖောက်တာလို့ ပြောဆိုပါတယ်။

“ကျမတို့နိုင်ငံမှာ အခုဖမ်းဆီးထားတဲ့လူတွေဟာ အပြစ်မဲ့ အဖမ်းခံထားရတဲ့လူတွေ ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေလည်း မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာ ဆန္ဒပြုတဲ့သူတွေဖြစ်ပါတယ်။ အဲဒီလူတွေကို အခု လူ့အခွင့်အရေးချိုးဖောက်ခံရပြီး လူသားချင်း စာနာမှုကင်းမဲ့စွာနဲ့ ဒီလိုမျိုးပြုလုပ်နေခြင်းဟာ တရားမဲ့ပြုလုပ်နေခြင်းဖြစ်ပါတယ်။ အဲဒီအတွက် အခုဖမ်းဆီးထားတဲ့လူတွေရဲ့ ကျန်းမာရေးဟာ အထူးစိုးရိမ်စရာ ဖြစ်နေပါတယ်။ ကိုမြအေးဆိုရင် နှလုံးရောဂါရှိပါတယ်။ ကိုမင်းကိုနိုင်မှာလည်း ရောဂါရှိပါတယ်။ အဲတော့ အားလုံးရဲ့ကျန်းမာရေးအတွက် အခုဆိုရင် အထူးစိုးရိမ်စရာကောင်းပါတယ်။ နေရတဲ့အခန်းကလည်း အရမ်းကျဉ်းပြီး ကိုယ့်ရဲ့ရဲဘော်ရဲဘက်တွေနဲ့ အတူမထားဘဲ တခြားသူများနဲ့ အတူထားခြင်းဟာ သူတို့အနေနဲ့ ခြိမ်းခြောက်မှု၊ နှိပ်ကွပ်မှုတမျိုး ဖြစ်ပါတယ်”

ကိုမင်းကိုနိုင်အပါအ၀င် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို အင်းစိန်ထောင်မကြီးကို လွှဲပြောင်းလိုက်တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး မနီလာသိန်း ပြောပြသွားတာပါ။

Tuesday, December 18, 2007

အာဆီယံပညာပေးထိခံရခြင်း။

အမေရိကန်နဲ့ အာဆီယံ ခေါင်းဆောင်တွေ ပူးတွဲ လုပ်မဲ့  အစည်းဝေးကို အမေရိကန်က ငြင်းလိုက်ပါတယ်။ ဒီအစည်းဝေး ကဆန်ဖရန်စ္စ ကို မြို့ မှာပြုလုပ်နေကြ ဖြစ်ပါတယ်။ အမေရိကန်သ မတ ဂျော့်ဘုရှ် က ဒီအစည်းဝေး ကို ပြုလုပ်ခွင့်  မပြုခဲ့ရတဲ့အကြောင်းကတော့နအဖ စစ်အစိုးရက သံဃာ နဲ့ ကျောင်းသား ပြည်သူတွေကို သွေးမြေကျသတ်ဖြတ်ခဲ့တဲ့ စက်တင်ဘာ ရွေ ၀ါရောင်တော်လှန်ရေးနဲ့  တိုက်ရိုက်ပတ်သက်နေလို့ ဖြစ်ပါတယ်။ အာဆီယံခေါင်းဆောင်တွေကို လည်း အမေရိကန် က ပညာ ပေး ဆုံးမ လိုက်တာဖြစ်ပါတယ်။ သတင်းအပြည့်  စုံ ကို အောက်ပါလင့်မှာ ဖတ်ရူနိင်ပါတယ်။

Sunday, December 16, 2007

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့မှာပြုလုပ်ခဲ့သော ပီနန်ဆရာတော်ဘုရားကြီး၏ တရားတော်

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့မှာ ပီနန်ဆရာတော်ဘုရားကြီး မိန့်ကြားခဲ့တာ နာယူနိုင်ပါတယ်၊

| Track details | eSnips Social DNA

ကိုအောင်သူ၏ ထောင်တွင်းအတွေ့ အကြုံ


ဘယ်မှ ညာသို့ အစဉ်အလိုက်ကြည့်ရူနားထောင်ပါ။

Crackdown (Repression of the 2007 Popular Protests in Burma)

Crackdown (Repression of the 2007 Popular Protests in Burma) အမည်နဲ့  Human Rights Watch လူ့ အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ မှ ရွှေဝါရောင် တော်လှန်ရေးအကြောင်း ဓါတ်ပုံများနှင့်တကွ ဖော်ထုတ်တင်ပြချက် ဖြစ်ပါတယ်။

Saturday, December 15, 2007

ကြောင်

လူထုဒေါ်အမာမွေးနေ့ပွဲနေ့- ကဗျာရွတ်ပွဲမှာ နွယ်စိမ်းဝေ ထ, ရွတ်ဆိုသော ကဗျာ)

ယုံကြည်ချက်ဟာ

လက်သည်းဖွက်ထားတဲ့ ကြောင

တစ်သက်လုံးသူ့ကို

လှောင်ပိတ်ထားလည်း

သူ့မှာ လက်သည်းတွေရှိတယ်။

အခုအဲဒီ လက်သည်းတွေနဲ့

သံတိုင်တွေကို ကုတ်ခြစ်နေတယ်။

ကြောင်...

အဲဒီကြောင်ဟာ

ဘယ်တော့မှ သွေးမကြောင်ဘူး။

- နွယ်စိမ်းဝေ
bigbbrown.blogspot.com

Friday, December 14, 2007

Breaking news from CNN( မြန်မာပြည်သူတို့မမြင်ရသေးသော အကြမ်းဖက်မှု ဗီဒီယိုများ )

Thursday, December 13, 2007

စက်တင်ဘာ ၂၇၊သံဃာအရေးတော်ပုံတွင် မန္တလေးရှိ စစ်တပ်ကအကြမ်းဖက် နှိမ်နင်းခဲ့သည့် သက်သေခံဓာတ်ပုံများ ထွက်ရှိလာပြီ





လက်နက်မဲ့ ပြည်သူများကို လမ်းမများပေါ်တွင် ရိုက်နှက်ခြင်း နှင့် စီးနင်းလာသော ဆိုင်ကယ်အား သိမ်းဆည်းခြင်းများ ပြုလုပ်နေသည်ကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားသည်ကို တွေ့ရပါသည်။ ပြည်တွင်းရှိ မန္တလေး လူကြုံများမှတဆင့် ရရှိပါသည်။ မြန်မာပြည်တ၀ှမ်းတွင် စစ်တပ်က အကြမ်းဖက်ခဲ့သမျှ သက်သေများ ပေါ်ထွက် လာနေဆဲ ဖြစ်ပါသည်။ သတင်းဓာတ်ပုံ-မိုးမခ

ပီနန်ဆရာတော်အား ပူဇော်ကန်တော့ပွဲ ဒီဇင်ဘာ (၁၆)ရက်နေ့ ကျင်းပမည်


Wednesday, December 12, 2007

Ryuhei Kawada (Japanese MP) - Solidarity Message for Burma


Ryuhei Kawada, a member of parliament in Japan, calls on people to join him in promoting freedom for Burma.
Read press release:http://www.burmainfo.org/politics/kaw...
Ryuhei Kawada Official Websitehttp://ryuheikawada.jp/

Tuesday, December 11, 2007

မြန်မာပြည်အရေး ဘယ်လောက်ကြာမှာလဲ (Burma How Long) ဆိုတဲ့ သီချင်းလေး။


Monday, December 10, 2007

လူသတ်အစိုးရကျဆုံးပါစေ ဟု ဆေးနီဖြင့် ရေးသားထား။

မနေ့က ပြည်တွင်းက မျိုးချစ် ပြည်သူတွေရဲ့ လူသတ် အစိုးရ ကျဆုံးပါစေ Poster တိုက်ပွဲ။ ဦးဝိစာရလမ်း Blazon ရှေ့ တွင် သွားရောက်ကြည့်ရှု နိုင်ပါတယ်။

Sunday, December 9, 2007

ယနေ့ပြုလုပ်သော ဂျပန်နိုင်ငံရှိ နိုင်ငံတကာလူ့အခွင့်အရေးနေ့ ချီတက်ဆန္ဒပြပွဲ

shibuyaမြို့ရှိ UN (ကုလသမဂ္ဂရုံး) ရှေ့မှ ဖြတ်နေစဉ်
၁၀ရက် ၁၂လပိုင်းတွင်ကျရောက်မည့် နိုင်ငံတကာလူ့အခွင့်အရေးနေ့အတွက် လူထုချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံတွင် ယနေ့ကျင်းပပြုလုပ်ခဲ့ပါသည်၊

ချီတက်ဆန္ဒပြပွဲကို လူစည်ကားရာနေရာဖြစ်သော တိုကျိုမြို့ ebisuဘူတာအနီးရှိ ebisuပန်းခြံအနီးမှ စုရပ်အဖြစ် နေ့လည် (၁)နာရီမှ စတင်ထွက်ခွာခဲ့ပါသည်၊ shibuyaမြို့ရှိ UN (ကုလသမဂ္ဂရုံး) ရှေ့မှဖြတ်ပြီး sendagaya ပန်းခြံသို့ရောက်ရှိပြီး နေ့လည်(၃)နာရီခန့်တွင် အခမ်းအနားပြီးဆုံးခဲ့ပါသည်၊။ ချီတက်ဆန္ဒပြပွဲသို့ ဂျပန်နိုင်ငံရှိ Amnestry internationl အဖွဲ့မှ ဂျပန်လူမျိုးများ၊ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ။မြန်မာတိုင်းရင်းသားများ၊ ဖိလစ်ပိုင်၊ လော၊ အင်ဒိုနီးရှား။တခြားနိုင်ငံခြားသားများ ရာနှင့်ချီ၍ ပါဝင်ခဲ့ကြောင်းသိရှိရပါသည်၊ Amnestry internationl အဖွဲ့မှ ကူမာဇာဝါမှ အမှာစကားပြောကြားနေစဉ်
ဖိလစ်ပိုင်အမျိုးသမီးမှ လူ့အခွင့်အရေးရရှိရေးအတွက်ပြောကြားနေစဉ်

ပြီးခဲ့သော နိုဝင်င်္ဘာလ(၂၆)ရက်နေ့က ဂျပန်နိုင်ငံတွင် အကြီးမားဆုံး တရားမ၀င်ငွှေလွှဲမှုမြေအောက်ဘဏ်လုပ်ငန်းဖြင့်(ရွှေလင်းယုံ)မြန်မာစတိုးဆိုင် ဖမ်းဆီးခံရခြင်း

ဂျပန်နိုင်ငံရောက် မြန်မာများနှင့်တကွ အာရှနိုင်ငံသားအချို့ပါ ၀ယ်ယူဆက်သွယ်အသုံးပြုနေသော ရွှေလင်းယုန်စတိုး (Golden Eagle) ဆိုင်ကို တရားမ၀င်ငွေလွှဲမှု(မြေအောက်ဘဏ်လုပ်ငန်း) လုပ်ဆောင်နေကြောင်း သတင်းရရှိတဲ့အတွက် နိုဝင်ဘာလ၂၆ရက် (တနင်္လာနေ့)က ဂျပန်ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးသွားခဲ့ပါတယ်၊
သွားရလွယ်ကူပြီး မြန်မာလူမျိုးစုအများစုနေထိုင်ရာဖြစ်တဲ့ တိုကျိုမြို့၊ ရှင်းဂျုဂုမြို့နယ်။ တကာဒါနိုဘာဘာ ဘူတာအနီးရှိ ဆိုင်ခန်းများဖွင့်လှစ်ထားသည့် အဆောက်အဦး (၈)ထပ်တွင် တည်ရှိနေသော မြန်မာအစားအစာများ၊ စာအုပ်နှင့် ကုန်ပစ္စည်းအစုံတင်၍ ရောင်းချပေးနေသော ရွှေလင်းယုန်စတိုးတွင် မြေအောက်ဘဏ်လုပ်ငန်းလုပ်ကိုင်နေသည်ဟူသော စွပ်စွဲချက်ဖြင့် မြန်မာလူမျိုး (၅)ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဂျပန်သတင်းစာများမှာ ဖော်ပြထားပါတယ်၊


ရုတ်တရက်ကြည့်လျှင် သာမန်ရောင်းဝယ်မှုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသည်ဟု
ုမြင်ရသောလည်း ငွှေလွှဲလုပ်ငန်းများအပါအ၀င်၊ ကားဟောင်းများဝယ်၍ မြန်မာပြည်ထဲသို့ပို့ကာ ရောင်းချနေလျက်ရှိပြီး အဆိုပါငွေများကို မြန်မာပြည်ရှိငွေလွှဲခိုင်းသည့် နေရာဌာနများကို ပေးပို့နေသည်ကို စုံစမ်းတွေ့ရှိသဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းလည်း ဆိုထားပါတယ်၊
ဘဏ်လုပ်ငန်းဥပဒေကို ဖောက်ဖျက်ခြင်းဖြင့် ဆိုင်ပိုင်ရှင်ဖြစ်သူ မျိုးခိုင်ဇော်နှင့် ဆိုင်မန်နေဂျာအဖြစ် ခန့်အပ်ထားသူ သန်းစိုးအပါအ၀င် စုစုပေါင်း (၅)ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ပါတယ်၊


ဂျပန်တီဗီသတင်းများ၏ ဖော်ပြချက်အရ ယခုနှစ် ဇွန်လပိုင်းမှ နိုဝင်ဘာလပိုင်း (၅)လအတွင်း မြန်မာပြည်တွင်းသို့ ဂျပန်ယန်း ၇၈ သောင်းကို မြန်မာနှစ်ဦးက ပို့ခဲ့သည့်သက်သေအထောက်အထားများ တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးတာဖြစ်တယ်လို့ ဆိုပါတယ်။အဆိုပါငွှေများကို အိုဆာကာ၇ှိ ကားအဟောင်းရောင်းဝယ်သောလုပ်ငန်း၌ ဘဏ်စာရင်းထုတ်သွင်းမှုများပြုလုပ်နေပြီး ၅နှစ်အတွင်း ဂျပန်ယန်း ၁၅ကုဋေ (၁၀၅ ဘီလီယန် ယန်း) ကျော် ဂျပန်နိုင်ငံရှိမြန်မာလူမျိုး (၅)ထောင်ကျော်ထံမှ ငွှေလွှဲမှုများပြုလုပ်ခဲ့တဲ့စာရင်းများလည်း သိမ်းဆည်းရှိမိတယ်လို့ ဖော်ပြထားပါတယ်။

အတည်ပြုလို့မရသေးသော သတင်းများအရ ဖမ်းဆီးခံရသူ ဆိုင်ပိုင်ရှင် မျိုးခိုင်ဇော်မှာ မြန်မာ နအဖ စစ်အုပ်စုနှင့် ဖက်စပ်စီးပွားရေးလုပ်ဆောင်နေမှုကြောင့် အခုလိုဖမ်းဆီးခံရတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်၊ဘာကြောင့်လည်းဆိုတော့ မြန်မာပြည်ထဲသို့ ငွှေလွှဲသည့်လုပ်ငန်းလုပ်ဆောင်နေတာကို ဂျပန်အစိုးရအနေနှင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကတည်းက သိရှိနေတာဖြစ်ပြီး ဂျပန်သတင်းထောက် နာဂါးအိခန်ဂျိဆန် သေဆုံးပြီးကတည်းက မြန်မာ နအဖနှင့် ဖက်စပ်စီးပွားရေးလုပ်ဆောင်နေသည့် လုပ်ငန်းရှင်များကို စီးပွားရေးအရ အရေးယူနေကြောင်း ပြသလိုသည့်အတွက် အခုမှ တရားမ၀င်ငွှေလွှဲသည်ဆိုသော အကြောင်းပြချက်နှင့် ၀င်ရောက်ဖမ်းဆီးခြင်းဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်၊

Saturday, December 8, 2007

မဂ္ဂင်ကျောင်းတိုက်မှ အရှင်ဃောသိတက

စက်တင်ဘာ ၂၆ ရက် ရွှေတိဂုံဘုရားခြေရင်းအောက်မှာ နအဖရဲ့ စစ်ခွေးရိုက်နှက်လို့ ဦးခေါင်းမှာသွေးစက်တွေနဲ့ သံဃာတော်တစ်ပါးရဲ့ပုံကို ဘလော့တွေမှာ၊ သတင်းဌာနတွေမှာ အကြိမ်ကြိမ်ဖော်ပြခဲ့ကြပါတယ်။ အဲ့ဓါတ်ပုံထဲက သူရဲကောင်းဟာ ယခုလွတ်မြောက်လာပြီး ထိုင်းနယ်စပ်ကိုရောက်ရှိနေပါပြီ။

ဘွဲ့တော် အရှင်ဃောသိတ၊ သက်တော် ၂၈နှစ်၊ သီတင်းသုံးခဲ့သောကျောင်းတိုက် သင်္ကန်းကျွန်းမဂ္ဂင်ကျောင်းတိုက်။သူရဲ့စိတ်ဓါတ်တွေ၊ သတ္တိတွေဟာ ယခုထိ သံမဏိလိုခိုင်မာနေဆဲ။ “ရွှေဝါရောင်တော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ပြည်သူတွေရဲ့ သွေးတွေဟာ ဘယ်တော့မှ ခန်းခြောက်သွားမှာမဟုတ်ဘူး။ သူတို့ရဲ့စိတ်ဓာတ်ဟာ အမြဲတမ်းရှင်သန်နေမှာပါ။ နအဖစစ်အစိုးရကို ဒီမိုကရေစီရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်” လို့ မကြာသေးခင်ရက်များက သတင်းထောက်တွေကို သူမိန့်ကြားခဲ့ပါတယ်။

ဆက်လက်၍၎င်းက “ဦးဇင်းတို့သံဃာတော်တွေရဲ့ လှုပ်ရှားမှုဟာ အစပိုင်းပဲရှိပါသေးတယ်။ပြည်တွင်းမှာ သံဃာတော်တွေဟာ ကနေ့အထိ သပိတ်ကံဆောင်တုန်းပဲရှိပါသေးတယ်။ အကုန်လုံးက ဆက်လက်ပြီးတော့ လှုပ်ရှားကြမှာပါ။ ပြည်ပမှာရောက်ရှိနေတဲ့ ရွှေဝါရောင် တော်လှန်ရေးအင်အားစုတွေ အခြားအဖွဲ့အစည်းတွေနဲ့ စည်းစည်းလုံးလုံး ဒီ နအဖ စစ်အုပ်စုကို အစီအစဉ်တွေချမှတ်ပြီး ရအောင်တော်လှန်မှာဖြစ်ပါတယ်" ဟု မိန့်ကြားသည်။
မြန်မာပြည်သူလူထုအနေနှင့်လည်း ကိုယ့်အခွင့်အရေးကို ကိုယ်တိုက်ယူမှရမည်ဖြစ်သည့်အတွက် တဖက်တလမ်းမှ ကူညီကြရန်လိုအပ်ကြောင်း၊ ပြည်သူများက အဓိကကျကြောင်း အရှင်ဃောသိတက မိန့်ကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာ (၂၇) ရွှေဝါရောင်တော်လှန်ရေး၌ ရွှေတိဂုံဘုရားခြေရင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် အရိုက်ခံခဲ့ရပြီး ဦးခေါင်းသွေးမြေကျခဲ့ရသည့် ကိုယ်တော်ဖြစ်သည်။ ၎င်းအရိုက်ခံရပြီး ဦးခေါင်းသွေးမြေကျခဲ့ရသည့် ဗွီဒီယိုမှတ်တမ်းအား ကမ္ဘာ့သတင်းဌာနကြီးများနှင့် နိုင်ငံတကာမီဒီယာများတွင် ထိပ်တန်းသတင်းအဖြစ် ထုတ်လွှင့်ပြသခဲ့သည်။

ပြည်သူ့ အတွက်အရေး ရွှေဝါရောင်တော်လှန်ရေး ။

Friday, December 7, 2007

ပျံသန်းနေဆဲ ခွပ်ဒေါင်းများသို့ 


သီချင်းသံစဉ်ဓါတ်ပုံကို မူရင်းရေးသားသီဆိုသူ မျိုးချစ်မြန်မာ မှယူသည်

Thursday, December 6, 2007

ကျပ် ၂၀ တန်ငွေစက္ကူများတွင် အစိုးရဆန့်ကျင်ရေးစာများ ရေးသားပြီး စစ်တွေတွင် ဖြန့်ဝေ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အမည်မသိသူ လူတစုမှ ကျပ်ငွေ ၂၀ တန် စက္ကူပေါ်တွင် စစ်အစိုးရ ဆန့်ကျင်ရေး စာများ ရေးသားပြီး ဖြန့်ဝေ နေကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ ကြားရတာက ရဟန်းတော် အဖွဲ့ တဖွဲ့က လုပ်တယ်လို့ ကြားပါတယ်။ ဖြန့်ဝေတဲ့ ငွေစက္ကူ ၂၀ တန်တွေပါဘဲ။ တော်တော်များများ စစ်တွေတွင် ပြန့်နှံ့နေပါတယ်။ လူတွေကတော့ အစိုးရ ဆန့်ကျင်ရေး စာတွေ ပါတဲ့အတွက် သုံးတဲ့လူလည်းသုံး ၊ ကြောက်တဲ့လူတွေကလည်း လက်ဝယ် မထားရဲဘူးပေါ့။ ဒါမျိုးတွေတော့ ဖြစ်နေတယ်လို့ ကြားရပါတယ်။” ဟု အမည်မဖေါ်လိုသူ ကုန်တန်း ရပ်ကွက်က ဆိုင်ရှင် တဦးက ပြောသည်။

လက်ရှိဖြန့်ဝေနေသော ငွေစက္ကူမှာ ၂၀ ကျပ်တန်ဖြစ်ပြီး စာအား ရခိုင်လို ရေးထားကာ စာပါအကြောင်းအရာမှာ “ကမ္ဘာမှာ ဆဒမ်ဟူစိန်၊ ဟစ်တလာတို့ထက်ဆိုးတဲ့ လူသတ်ကောင် နအဖ စစ်အစိုးရကျဆုံးပါစေ။ ပြည်သူတွေ ကြောက်နေဖို့ အချိန် မဟုတ်တော့ဘူး။ လမ်းထွက် ဆန္ဒပြကြဖို့နဲ့ ရဲရဲတောက် တိုက်ပွဲဝင်ကြပါလို့” ရေးသားထားကြောင်း သိရှိရသည်။
အဆိုပါ စာပါ ငွေစက္ကူများမှာ စစ်တွေတွင် နိုဝင်္ဘာလလယ်ပိုင်းလောက် ကတည်းက ပြန့်နှံ့နေခြင်း ဖြစ်ပြီး စစ်ထောက်လှမ်းရေးမှ အဆိုပါ လုပ်ရပ်အား မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို သိရှိလိုသဖြင့် သဲလွန်စများကို အနှံ့ခံလိုက်နေကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ စစ်အစိုးရ ဆန့်ကျင်ရေးစာများ ဖြန့်ဝေခြင်း၊ ငွေစက္ကူများတွင် ရေးသားခြင်းနှင့် အရေးကြီးသောနေရာများတွင် ချိတ်ဆွဲထားခြင်းများကြောင့် နောက်ထပ် တကြိမ် စစ်တွေတွင် ဆန္ဒပြမည်ကို စိုးရိမ်သဖြင့် နအဖ စစ်အာဏာပိုင်များက စစ်တွေတွင် လုံခြုံရေးကို ရုတ်သိမ်းခြင်း မရှိဘဲ ဆက်လက် တိုးချဲ့ ချထားကြောင်းသတင်းရရှိသည်။

Wednesday, December 5, 2007

ဂျပန်နိုင်ငံတွင် မြန်မာအများစုတက်ရောက်ဆင်နွှဲခဲ့သည့် TANAKASAN တို့၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲ

မြန်မာပြည်လွတ်မြောက်ရေးအတွက် ကားမောင်းခရီး ထွက်ခြင်း

http://drivingforburma.blogspot.com
ကိုစည်သူရဲ့  မြန်မာပြည်လွတ်မြောက်ရေး ကားမောင်းခရီး စတင်လျက်ရှိပါသဖြင့် လမ်းခရီးစဉ်တစ်လျှောက်တွင် အားပေးဂုဏ်ပြုပေးကြပါရန်။






ပြည်သူချစ်သော အနုပညာရှင်များ။

Sunday, December 2, 2007

မြန်မာ့သတင်းစာတွင် ကြော်ငြာခွင့် ပိတ်ပင်ခံရတဲ့ ရုပ်ရှင်မင်းသား ကိုကျော်သူ၊ မရွှေဇီးကွက်တို့ရဲ့သမီး မမြင့်မိုရ်ဦး (Dimple Kyaw) နဲ့ ကိုကျော်ကိုကိုဇင် (Dicky Zin) တို့ရဲ့ မင်္ဂလာဆွမ်းကျွေး ဖိတ်ကြားလွှာ

Operation "Termination of three sons"

Operation Code of Recent Military Junta suppression of Saffron revolution was Operation "Terminiation of Three Sons" (In Burmese.. "Thar Thone Thar Shin Lin Yae") . The Operation name was given and advised to carry out by the infamous "Kyat Khat Wyne" monastery head monk.

The direct meaning of "Thar Thone Thar Shin Lin Yae" is..

Thar = Son

Thone= Three

Thar = Classifier noun(eg. Three dogs = in burmese, we say "khwayThone kaung" - kaung is classifier noun, khway = dogs, thone = three)

Shin Lin Yae = termination or getting rid

The infamous Kyat Khat Wyne monk advised the junta to get rid of "Thar Thone Thar"(three sons)

Phayar Thar = sons of Buddha(in Burma sometimes we mentioned the monks as Buddha's sons.) = monks

Kyaung Thar = sons of school = Students

Sis Thar = sons of war = soldier

So the Operation Termination of Three sons = Getting rid of Monks, Students and Soldiers

Why soldiers? .. Because they are "witness" .... according to that infamous monk, first getting rid of monks and students by ordered the soldiers to kill them, then getting rid of the "WITNESS" by Killing the soldiers who shot monks and students.

In a cartoon the General is thinking of.. " Operation Terminations of Three Sons".. mean they already killed monks and students and now it is the soldiers to be killed.
http://baydah.blogspot.comမှ/

Saturday, December 1, 2007

သီတဂူဆရာတော်ကြီးရဲ့  လိပ်ကလေးလိုနေ တရားတော်

မြန်မာပြည်တွင်းမှာ သီတဂူဆရာတော်ကြီးသာမက အခြားဆရာတော်ကြီးများရဲ့  ဒီလိုတရားခွေတွေကို လက်ဝယ်ပိုင်ဆိုင်ထားရင် ထောင်ဒဏ်ချမှတ်မယ်လို့  သိရှိရပါတယ်။

လူငယ် တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း (စာအုပ်)

၁၉၈၈ခုနှစ်၊ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ကျနော်တို့ တောင်းဆိုခဲ့တာဟာ လွတ်လပ်မှု၊ တရားမျှတမှု၊ ဘ၀လုံခြုံမှုနဲ့ ကြောက်ရွံ့ခြင်းက ကင်းလွတ်ပြီး လူ့ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့ ဘ၀တွေ ရှိခံစားကြနိုင်ဖို့ ဖြစ်ပါတယ်။ အဲဒါတွေဟာ ကမ္ဘာပေါ်က တခြားနိုင်ငံသားတွေ ရရှိ ခံစားနေကြရတဲ့ မထူးဆန်းတဲ့၊ လူ့မွေးရာပါ အခွင့်အရေးတွေလည်း ဖြစ်ပါတယ်။ အဲဒီ အခွင့်အရေးတွေ ရရှိဖို့အတွက် တရားနည်းလမ်းကျစွာ၊ ငြိမ်းချမ်းစွာ၊ ဘယ်ဘာသာတရား၊ ဘယ်လူ့ယဉ်ကျေးမှု အဆုံးအမကပဲ ဖြစ်ဖြစ် ခွင့်ပြုနိုင်တဲ့၊ တကမ္ဘာလုံးက နိုင်ငံသူ နိုင်ငံသားတွေ လက်သင့်ခံနိုင်တဲ့ နည်းလမ်းတွေနဲ့သာ ကျနော်တို့ တောင်းဆိုခဲ့ကြတာပါ။

ဒါပေမယ့် ကျနော်တို့ လက်ခံရရှိလိုက်တာကတော့ လူ့ဂုဏ်သိက္ခာ အချိုးနှိမ်ခံရမှု၊ အကျဉ်းထောင်၊ သံခြေကျင်း၊ ညှဉ်းပန်း နှိပ်စက်မှုနဲ့ သေခြင်းတရားတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လို ဆင်းရဲဒုက္ခနဲ့ပဲ ကြုံကြုံ `အမှန်တရားဟာ ရှုံးနိမ့်ဖူးတယ်လို့ ရာဇ၀င်မှာ သင်တို့ ဖတ်ဖူးပါစ´ ဆိုတဲ့ ကဗျာ တပုဒ်လိုပါပဲ။ မှန်ကန် တရားမျှတပြီး အားကောင်းတဲ့ ကျနော်တို့ရဲ့ ယုံကြည်ချက်နဲ့ အသံတွေ တိတ်သွားအောင် ဘယ်အကျဉ်းထောင် နံရံနဲ့မှ ပိတ်လှောင်ထားလို့ မရသလို ဘယ်စစ်အစိုးရရဲ့ စစ်ဖိနပ်တွေကမှလည်း ပျောက်ပျက်သွားအောင် နင်းချေ မပစ်နိုင်ပါဘူး။ စစ်အာဏာရှင်စံနစ်အောက် စစ်ကြောရေးအကျဉ်းထောင်စခန်းများတွင် လူမဆန်စွာ ကိုယ်တွေ့ကြုံခဲ့ရသော ကိုဝင်းနိုင်ဦး၏ ကိုယ်တိုင်ရေးသားသော လူငယ် တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်းကို ဒီနေရာမှာဖတ်နိုင်ပါတယ်။

လာဖတ်ကြသူ မိတ်ဆွေအားလုံးကိုလည်း မေတ္တာရပ်ခံချင်တာကတော့ ဒီမှတ်တမ်းကို လက်လှမ်းမီရာ အချင်းချင်း ဖြန့်ဝေခြင်း၊ E-book Corner မှာ တင်ဆက်ခြင်းများနဲ့ လက်ရှိ မြန်မာအာဏာပိုင်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို မြန်မာပြည်သူတွေပိုမိုသိရှိလာအောင် ကူညီ

ဖော်ထုတ်ပေးကြပါခင်ဗျာ။
ကိုကလိုစေးထူးထံမှ ရရှိပါသည်၊

မဂ္ဂင်ကျောင်းတိုက်ကို စစ်အာဏာရှင်များ ချိတ်ပိတ်ခြင်း သာသနာ့မောဠိ အဖွဲ့ချုပ်က ကန့်ကွက်

http://sasanamoli.blogspot.com/ မှယူသည်

မြန်မာနိုင်ငံမှ internetသုံးသူများအတွက်

မြန်မာနိုင်ငံမှာ internet သုံးတဲ့သူတွေမှာ အတားအဆီးတွေအမျိုးမျိုး တွေ့ကြုံနေရပါတယ် ၊။ ဒီပြဿနာတွေကိုဖြေရှင်းနိုင်မယ့် ခုံပျှံကျော်လွှား လုံခြုံစွာကြည့်ရူနိုင်မယ့်download linksများ ကို သိရှိနိုင်စေရန် ဖော်ပြလိုက်ပါသည်။ http://www.mediafire.com/?b1xju2of3yl

http://www.proxifier.com/download.htm

http://www.wujie.net/downloads/ultrasurf/u.exe