Wednesday, April 30, 2008

မစိုးရိမ် ဆရာတော် ဦးကောဝိဒ ပျံလွန်တော်မူပြီ

နအဖစစ်အစိုးရကိုထောက်ခံရင်ကံကြီးထိုက်မယ်။
နိုင်ငံရေးသမားတွေဟန်ဆောင်လေးဖြစ်ဖြစ်ညီညွတ်ကြစမ်းပါလို့


မိန့်မှာစကားဟောကြားခဲ့သော သက်တော် ၈၁ နှစ်ရှိပြီဖြစ်တော် မစိုးရိမ်ဆရာတော်ဦးကောဝိဒဘိဝံသသည် သီတင်းသုံးနေထိုင်ရာ နယူးယောက်မြို့၌ ဧပြီလ ၂၉ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်က နှလုံးရောဂါဖြင့် ဘ၀နတ်ထံပျံလွန်တော်မူသွားကြောင်း ၀မ်းနည်းသတင်းကြားသိလိုက်ရပါတယ်။

Tuesday, April 29, 2008

ဒီလိုရေးလဲ X ဘဲ


ှဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ထောက်ခံရန် လှုံ့ဆော်သည့် ဆိုင်းဘုတ်ကြီးတခုကို ရန်ကုန်မြို့ ယုဇနပလာဇာရှေ့တွင်တွေ့ရစဉ်။ သမာသမတ်ကျစွာ အခြေခံဥပဒေအပေါ် သဘောထားကောက်ခံသည့် ဆန္ဒခံယူပွဲကို ကျင်းပပေးရမည်ဖြစ်သောလည်း ထောက်ခံမဲပေးရန် လှုံ့ဆော်မှုများ၊ ဖန်တီးမှုများ၊ ခြိမ်းခြောက်မှုများ စစ်အစိုးရက ပြုလုပ်နေသည်။

ဓာတ်ပုံ သတင်း။ ။ မဇ္စျိမ

Vote No ( 3 crows)




VOTE NO ! song by 3 Crows

VOTE NO ! song by 3 Crows

…လာပါသူငယ်ချင်းရေ မဲရုံဆီကိုသွားကြပါစို့ လေ…
လာကြဟေ..ကန့် ကွက်မဲတွေပေးကြပါစို့ လေ….

…. ဒိုး…ဒိုး…ဒိုး….ဒိုး အာဏာရှင်တွေ…ဒိုးကြ…ဟေ…..

အာဏာရှင် ပါဝါရှင် ကောင်းစားရေးအတွက် ( ကန့် ကွက် )
လူမဆန်တွေ မူမမှန်တွေ အုပ်ချုပ်မှုကို ( ကန့် ကွက် )
ပြည်သူတွေ ခိုင်မာစေ အမျိုးသားရေး ဒီစိတ်ဓာတ်
ဒီအချိန်မှာ အဖြေမှန်ဟာ လွတ်မြောက်ဖို့ အတွက် ( ကန့် ကွက် )

CHO:( Vote – No- Vote – No ကန့် ကွက်မဲတွေပေးကြ) ၃
Vote – No - Vote – No ကန့် ကွက်မဲတွေပေးကြ …( ဟေ)…

အာဏာရှင် ပါဝါရှင် ကောင်းစားရေးအတွက် ( ကန့် ကွက် )
လူမဆန်တွေ မူမမှန်တွေ အုပ်ချုပ်မှုကို ( ကန့် ကွက် )
ပြည်သူတွေ ခိုင်မာစေ အမျိုးသားရေး ဒီစိတ်ဓာတ်
ဒီအချိန်မှာ အဖြေမှန်ဟာ လွတ်မြောက်ဖို့ အတွက် ( ကန့် ကွက် )

[ အခြေခံမူ အခြေခံမတူ နအဖရဲ့  ကလိန်ကြံမူ အာဏာရူးတွေ အာဏာရူးနေ ခင်ဗျားတို့ မဲပွဲ
ဘယ်သူအတွက်လဲ ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ် ဘယ်အရာမှ နင်အပြီးမသတ်ခဲ့ ဟိုလူ
မဲဆွယ် ဒီလူမဲဆွယ် ဘယ်မဲက ပြည်သူ့အတွက်လဲ ဗိုလ်ဂျွတ်တွေ ဗိုလ်ဂျက်တွေ ခင်ဗျားတို့
Road Map နှုတ်ဆက် အခွင့်ထူးခံ အခွင့်အရေးတွေ မင်းတို့ ဘဝတွေကောင်းစားဖို့ အတွက်
ဖွဲ့ စည်းပုံ အဖွဲ့ အစည်းအကုန် အလိုရှိသလို မင်းတို့ ရေးဆွဲ လူထုမှာရင်ထုစရာ လူ့အခွင့်ရေးတွေ အကုန်လုံး စုတ်ပဲ့…………….အကုန်လုံး စုတ်ပဲ့……………………]

( ကဲ…ဒီအချိန်မှာ ကျုပ်တို့ အားလုံး ဘာလုပ်ကြမလဲ စဉ်းစား)

CHO:( Vote – No- Vote – No ကန့် ကွက်မဲတွေပေးကြ) ၃
Vote – No - Vote – No ကန့် ကွက်မဲတွေပေးကြ …( ဟေ)…


စစ်မှန်တဲ့  ဒီမိုကရေစီ ရရှိဖို့ အတွက် ( ကန့် ကွက် )
လက်တဆုပ်စာ လူတစုရဲ့ ဖိနှိပ်မှုကို ( ကန့် ကွက် )
လူအမျိုးနွယ် ဘာသာရေးတွေ ထွန်းကားဖို့ အတွက် ( ကန့် ကွက် )
ရဟန်းရှင်လူ ပြည်သူများရဲ့  သွေးစက်များအတွက် ( ကန့် ကွက် )

နိုင်ငံအရေးဟာ ပြည်သူအရေးပါ ကိုယ့်လူမျိုးကောင်းစားရေးအတွက် အကြောက်တရားတွေ
ခေါက်ထားဟေ့ စစ်ကျွန်ဘဝ လွတ်မြောက်ဖို့ အတွက် ကန့် ကွက်မဲကို အကန့် အသတ်မ နည်းဖို့ သတိမူကာ ထည့်လိုက်ကြဟေ… ပြည်လုံးကျွတ် ကန့် ကွက် မဲ ( ကန့် ကွက် .. မဲ )
ကိုယ့်ဆရာစဉ်းစား အခုနေ အချင်းပွား ရှင်းပြဖို့ အချိန်မရဘူး တိုင်းပြည်ရဲ့ ဘဝစစ်နွံထဲကျ ကျုပ်တို့ ဘဝအဖြေမလှဘူး Nobel ဆုရှင် Global ဆုရှင် ဘယ်ရှင်မှ စောက်ဂရုမစိုက်ဘဲ ဟိုဟာဖြစ်တယ် ဒီဟာဖြစ်တယ် ဖင်ပိတ်ကာရှောက်လို့ မငြင်းနဲ့  ကမ္ဘာသိတယ် လူတကာ သိတယ် ခင်ဗျားတို့ရဲ့လှည့်ကွက်ထဲ ပြန်ပြောရင်ကျုပ်မောတယ် အာဏာရူးတို့  လုပ်ဇာတ်ပွဲ လုပ်ဇာတ်မဲပွဲ )

( ကဲ…ဒီအချိန်မှာ ကျုပ်တို့ အားလုံး ဘာလုပ်ကြမလဲ စဉ်းစား)

CHO:( Vote – No- Vote – No ကန့် ကွက်မဲတွေပေးကြ)
Vote – No - Vote – No ကန့် ကွက်မဲတွေပေးကြ …( ဟေ)…

+++++ ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူအပေါင်းတို့ခင်ဗျာ စစ်အစိုးရက ခင်ဗျားတို့အားလုံးကို သားစဉ်မြေးဆက်ကျွန်ဇာတ်သွင်းဖို့ ဆန္ဒခံယူပွဲကျင်းပတော့ မည်ဖြစ်ပါသဖြင့် နအဖရဲ့ဖွဲ့စည်းပုံနဲ့မဲရုံတွေကို မီးဝိုင်းရှို့ကြပါရန်နှင့် မနေနိုင်လို့ မဲရုံကိုသွားရောက်ပါက ပက်ပက်စက်စက်ကန့်ကွက်မဲတွေပေးကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါ သည်ခင်ဗျား++++++ Vote – No- Vote – No ။ ။

( ကျီးဖြူ၊ကျီးမဲ၊ကျီးညိုတို့ ပါဝင်သည့် ကျီးသုံးကောင် ဖန်တီးဟစ်ကြွေးထားသည်။)


ဂျပန်မှာဒီလိုဘဲ(၀လုံး-မဖမ်းမချင်း တိုကျို)




ဂျပန်နအဖစစ်အခွန်ရုံးမှ တာဝန်ရှိသူတဦးနှင့် မြန်မာနိုင်ငံသားမှန်လျှင် မဲပေးခွင့်ရှိကြောင်းပြောပြနေခြင်း


video ။ ။mg mg htein (B.D.A groups)

သံရုံးအမှုထမ်းအားလုံးသို့ မေတ္တာရပ်ခံချက်

နိုင်ငံတကာရှိ မြန်မာသံရုံးများတွင် အမှုထမ်းနေကြသော သံရုံးအမှုထမ်းအားလုံးသို့
သီရိလင်္ကာရောက် မြန်မာ ကျောင်းသား ရဟန်းတော်များအဖွဲ့အနေဖြင့် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
သင်တို့သည် နိုင်ငံရပ်ခြားတိုင်းတပါးတွင် တာဝန်ထမ်းဆောင်နေသူများပီပီ ကမ္ဘာ့အခြေအနေ အရပ်ရပ် ကို
နားလည် သဘောပေါက်သည်-ဟု ယုံကြည်ပါသည်။ မည်သူမှန်သည်၊ မှားသည်-ဟု မပြောလိုပါ။
လူတိုင်း၏ မွေးရာပါအခွင့်အရေးအရ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။ သို့သော် သင်တို့သည် ပြည်သူတို့၏
ဘဏ္ဍာကို စားသုံးနေကြသည့် ပြည်သူ့ဝန်ထမ်းများဖြစ်ကြသည်-ဆိုတာကို မမေ့သင့်ကြပါ။
နိုင်ငံတစ်နိုင်ငံတွင် တာဝန်ထမ်းဆောင်ခွင့်ရနေခြင်းသည် မိမိနိုင်ငံသားတို့၏ ကောင်းကျိုးကို ဆောင်
ရွက်ဖို့ ဖြစ်ပါသည်။ ပြည်သူကို ဒုက္ခပေးရန် မဟုတ်ပါ။အမှန်မှာ ပြည်သူ့ဝန်ထမ်းသည် ပြည်သူတို့၏
“အရှင် သခင်” လုံးဝမဟုတ်ပါ။
ပြည်သူတို့၏ “ကျွန်” ဖြစ်သည်-ဆိုသည်ကို သတိချပ်သင့်ပါသည်။ သင်တို့သည် ပြည်သူ့ကျွန်
ဖြစ်ရမည့်အစား လက်တဆုပ်စာ န အ ဖ-စစ်အာဏာရှင်တို့၏ စစ်ကျွန်ဖြစ်နေခြင်းသည် သင်တို့ အတွက်သာ
မကသင်တို့၏ သားစဉ်မြေးဆက်အတွက်ပါ ရင်နင့်ဖွယ်ဖြစ်နေပါသည်။ သင်တို့သည် ခေတ်ပညာတတ်
သံတမန်များပီပီ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးတွင် သင်တို့ တာဝန် ထမ်းဆောင်နေကြသည့် နိုင်ငံများနှင့်
ကောင်းသောအရာတို့တွင် ရင်ဘောင်တန်းနိုင်ရန် တစ်ထောင့်တစ်နေရာ မှပါဝင်ဆောင်ရွက်နိုင်မည်-ဟု
အလေးအနက် ယုံကြည်ပါသည်။ ယခုအခါ အချို့နိုင်ငံများရှိ သံရုံးအမှုထမ်းတို့ သည် ပြည်သူ့မျက်နှာကို
မကြည့်ပဲ အာဏာရှင်အလိုကျ မောက်မာစွာ ပြုမူဆက်ဆံနေသည်ကို ကြားသိရသဖြင့် အလွန်ပင်
စိတ်မချမ်းမြေ့ ဖြစ်ရပါသည်။ ထို့ကြောင့် သင်တို့သည် န အ ဖ-စစ်အာဏာရှင်အလိုကျ ပြည်သူများအပေါ်
မောက်မာစွာ ဆက်ဆံ ခြင်း၊ မချေမငံ ပြုမူပြောဆိုခြင်းများကို ရှောင်ကြဉ်ပြီး ယခုဖြစ်ပေါ်နေသောအခြေအနေတွင်
အမှန်တရားဘက်မှ ပြတ်သားစွာ ရပ်တည်ပေးခြင်းဖြင့် ပြည်သူ့အကျိုး သည်ပိုးပေးပါရန် အလေးအနက်
မေတ္တာရပ်ခံအပ်ပါသည်။


သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့

{MSMA}

မဲ ရုံမှုးတဦး ၏ဖွင့် ဟချက်




ရန်ကုန်မြို့ တွင်နေထိုင်ကြသောပြည်သူများနှင့့်အခြားပြည်နယ်နှင့် တိုင်းအသီးသီးမှ ဆန္ဒ မဲပေးကြမည့် ပြည်သူ အားလုံးသို့  အသိပေးလိုက်ပါသည်။လာမည့်မေလ (၁၀)ရက်နေ့ တွင် ထောက်ခံသည်ဖြစ်စေ ကန့်ကွက်သည် ဖြစ်စေကာမူ အခြေခံဥပဒေအား တတိုင်းပြည်လုံး အတိုင်းအတာဖြင့် ဆန္ဒသဘောထား စစ်တမ်းကောက်ယူရန်အတွက် ယခုအခါတွင်မြို့နယ်၊ ရပ်ကွက်အသီးသီးမှ ကျောင်းဆရာ၊ ဆရာမများကို အဓိကထား၍ အခြားသောဌာနများမှ ၀န်ထမ်းများအပါအ၀င် ထိုသူတို့ ကိုမဲရုံမှူးများအဖြစ် ခန့်အပ်ရန်အတွက် သင်တန်းများပို့ ချလျှက်ရှိပါသည်။ထိုသို့ မဲရုံမှူးသင်တန်းပို့ ချရာတွင် အချို့ သော ပို့ ချချက်များသည် နအဖ စစ်အစိုးရ၏ ကောက်ကျစ်သည့်  အချက်များ ပါဝင်နေကြောင်း အဆိုပါသင်တန်းတက်ခဲ့ ရသည့် ဆရာမတစ်ဦး ကဆိုပါသည် ။အဓိကအားဖြင့်မဲရေတွက်ရာတွင် အခြေခံဥပဒေအားထောက်ခံသည့် သင်္ကေတအဖြစ် အမှန်ခြစ် အမှတ်အသားအား ပုံတွင်ပါရှိသည့်အတိုင်း ဘောပင်မှင်ရာ မပီမပြင် မှုန်ဝါး ပြတ်တောက်နေစေကာမူ ထောက်ခံမဲ ဟုသတ်မှတ်ရမည် ဖြစ်ပြီး ကန့် ကွက်မဲ သင်္ကေတ အမှတ်အသား ဖြစ်သည့်  ကြက်ခြေခတ် အမှတ်သားအား အထက်ဖော်ပြပါ ပုံများအတိုင်းမှင်ရာပြတ်တောက်ခြင်း၊ ကြက်ခြေခတ်သော်လည်း အထက်ပါပုံများအတိုင်း မပီသသည့်အတွက် ပယ်မဲ အဖြစ် သတ်မှတ်မည်ဟု ပို့  ချချက်များ ပါဝင်နေပါသည်..။ကြက်ခြေခတ် အမှတ်အသား ပီပီပြင်ပြင်ပေါ်မှသာ ကန့် ကွက်မဲ အဖြစ် သက်မှတ်ရမည်ဟု ပါရှိပါသည် ။၎င်းသက်မှတ်ချက်များသည် အရေးမပါလှဟု ထင်ရသော်လည်း လွန်စွာအရေးကြီးပါသည် ။ အထက်ပါအချက်များ အတိုင်း သတ်မှတ်ချက်များ ရှိနေပါ၍ ကန့်ကွက်မဲများကို (မပီပြင်မထင်ရှား) ဟုဆိုကာ ပယ်မဲအဖြစ်သွတ်သွင်းကာ ၎င်းတို့ ဆက်လက် ရပ်တည်နိုင်ရေးအတွက် ထောက်ခံမဲများကို များသည်ထက်များအောင် နည်းမျိုးစုံဖြင့် လိမ်လည်ကာအနိုင်ရရန် ကြိုးပမ်းပေလိမ့်မည် ဖြစ်ပါသည်။သို့ ပါ၍ ဆန္ဒမဲပေးကြမည့် ပြည်သူအပေါင်းတို့ သည် ကြက်ခြေခတ်အမှတ်အသား( X ) ပီပီပြင်ပြင် ရေးခြစ်၍ ကန့် ကွက်ကြပါစို့ ဟု တိုက်တွန်းလိုက်ရပါသည်.။

Sunday, April 27, 2008

ရန်ကုန်။ ။ ဧပြီ ၂၇

ယနေ့တွင် NOCampaign လုပ်မည်ဟုသတင်းများထွက်နေသဖြင့် ရန်ကုန်မြို့အတွင်းတွင် လူအသွားအလာနည်းပါးသည်။ ဆူးလေနှင့်မြို့တော်ခန်းမအနီးတွင်ရဲကားများ လူစုခွဲရန်မီးသက်ယဉ်များ၊၀တ်စုံပြည့်ဖြင့်အရံမီးသတ်အထူးတပ်ဖွဲ့ဝင်များ၊ စွမ်းအားရှင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ဆိုင်ကယ်စီးအထူးရဲ (S B)များနေရာအနှံ့ချထားသည်။သို့သော်မည်သည့်ထူးခြားလှုပ်ရှားမှုမှ မတွေ့ရှိရပါ။

ရွှေပြည်သာမြို့နယ်ရှိ ကျေးရွာများတွင်မဲလာမပေးကထောင်(၁၄)နှစ်၊ ကန့်ကွက်မဲပေးကထောင်(၃)နှစ်ချမည်ဟုကျေးရွာအာဏာပိုင်များကပြောကြောင်းသိရသည်။

မင်္ဂလာဒုံတွင်မဲရုံဆောက်ရန်လူထုထံမှငွေကောက်ခံသဖြင့်တိုင်ထားကြောင်းသိရသည်။

သတင်း။ ။ mandalay gazete

ဂျပန်နအဖစစ်အခွန်ရုံးရှေ့တွင် ဆန္ဒမဲပေးပွဲကျင်းပပြုလုပ်

တရားဝင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားကြသော ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတိုင်းရင်းသားညီ အကိုမောင်နှမများနှင့် နအဖစစ်အခွန်ရုံးမှဖိတ်စာပေးပြီး ရွေးချယ်ခေါ်ယူထားသော ကျောင်းသားကျောင်း သူများ၊ အလုပ်သင်ဗီဇာနှင့်ရောက်ရှိနေသူများကပါ မိမိတို့စိတ်တိုင်းကျ လွတ်လပ်စွာဆန္ဒမဲပေးခြင်းကို ယနေ့(ဧပြီလ ၂၇ ရက်၊ တနင်္ဂနွေနေ့)တွင် နံနက် ၉ နာရီမှ နေ့လယ် ၁၂း၃၀ အထိကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံအလုပ်သမားအဖွဲ့အစည်းမှတာဝန်ခံများ၊ နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဆရာမတဦးနှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ တာဝန်ခံတဦးတို့ကဦးဆောင်ပြီး ပြုလုပ်ပေးခဲ့ပါတယ်။



အခုလိုမပြုလုပ်မီ နအဖအခွန်ရုံးသို့ တရားဝင်အကြောင်းကြားကာ ဖိတ်ခေါ်ခဲ့ပြီး၊ တစုံတရာအကြောင်းပြန်ဆိုခြင်းမရှိသဖြင့် ဆန္ဒမဲပေးချင်ကြသော မြန်မာနိုင်ငံသူ/သားများအတွက် အခုလိုကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ ကျင်းပရေးတာဝန်ခံဂျပန်လူမျိုးများက သတင်းထောက်များ၊ လုံခြုံရေးရဲများနှင့် ဂျပန်တီဗွီသတင်းဌာနများ၏မေးမြန်းမှုများကို စိတ်ရှည်လက်ရှည်ရှင်းလင်းပြောကြားပါတယ်။

ဆန္ဒမဲပေးသူတချို့က မိမိတို့ကို အခွန်ရုံးမှမဲလာထည့်ရန် ဖိတ်ကြားထားသောစာရွက်စာတမ်းများကို ပြသခဲ့ပြီး မိမိတို့စိတ်တိုင်းကျ ဆန္ဒမဲပေးကြပါတယ်။


ရလာဒ်မှာ နအဖဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းထောက်ခံမဲ ၆ မဲ

ကန့်ကွက်မဲ ၂၂၄ မဲနှင့်

ပယ်မဲ ၂ မဲတို့ဖြစ်ပါတယ်။


မနေ့ကဖြစ်ပွားခဲ့သော ဆန္ဒမဲပေးမည့်သူများကို ဂျပန်ရဲများမှအင်အားသုံးဖြေရှင်းခဲ့မှုမှာ နအဖစစ်အခွန်ရုံးမှ ဆန္ဒပြကြမည့်သူများ သံရုံးကိုဝိုင်းထားကြောင်းနှင့်၊ ကားဝင်ကားထွက်လုပ်မရကြောင်း၊ ၀တ္တရားနှောက်ယှက်မှုဖြင့် အရေးယူပေးပါရန်ဖုန်းဆက်ပြောဆိုလာသဖြင့် ဆန္ဒစောပြီးအကြမ်းဖက်ခဲ့သလိုမျိုးဖြစ်ပွားခဲ့သည့်အတွက် တောင်းပန်စကားများပြောဆိုခဲ့ကာ ဆန္ဒမဲပေးပွဲကိုလည်း လွတ်လွတ်လပ်လပ်ပေးနိုင်အောင် လုံခြုံရေးတာဝန်ယူပေးခဲ့ပါတယ်။

နအဖစစ်အခွန်ရုံးကတော့ ထောက်ခံမဲပေးမည့်သူများကိုသာ တရားဝင်လက်ခံ၍ မဲထည့်ခိုင်းပြီး မဲထည့်နေစဉ်အချိန်တွင်လည်း စောင့်ကြည့်ခြင်းခံရကြောင်းလည်း သတင်းထောက်များ၏မေးမြန်းမှုများကို အမည်မဖော်လိုပဲဖြေဆိုသွားကြပါတယ်။

Saturday, April 26, 2008

မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ဂျပန်ရဲများ အဓိကရုဏ်းဖြစ်ပွား




video ။ ။ maungwto

မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ဂျပန်ရဲများ အဓိကရုဏ်းဖြစ်ပွားနေပုံကို ကြည့်ရူနိုင်ပါသည်။

ယနေ့နေ့နက်ပိုင်းမှစတင်၍ ဂျပန်နိုင်ငံ နအဖသံရုံးရှေ့တွင် မြန်မာ့ဒီမိုကရေစီအင်အားစုများစုရုံး၍ နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေအား ကန့်ကွက်ဆန္ဒပြခဲ့ကြပါသည်။ မြန်မာဒီမိုကရေစီ အင်အားစုများကလည်း မဲပေးနိုင်ရန်အတွက် မိမိတို့၏ pasportများဖြင့် ကန့်ကွက်မဲပေးရန် စံနစ်တကျတန်းစီစောင့်ဆိုင်းနေခဲ့ကြသော်လည်း ၀င်ခွင့်မရအောင် ဂျပန်ရဲများနှင့် သံရုံးဝန်ထမ်းများက လုပ်ဆောင်ခဲ့ကြပါသည်။ နေ့လည်ပိုင်း ၂-နာရီခန့်တွင် ဂျပန်ရဲများနှင့် အပြန်အလှန်စကားများကြပြီး ဂျပန်ရဲများက အင်အားသုံးလူစုခွဲရန်ပြုလုပ်စဉ် အပြန်အလှန် ကိုယ်ထိလက်ရောက် တွန်းထိုးတိုက်ခိုက်မှုများအထိ ဖြစ်ခဲ့ပါသည်။
ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်အတွင်း ဆန္ဒပြသူများအထဲမှ(၁၂)ယောက်မှာ မူးလဲမလိုဖြစ်နေပြီး ထိခိုက်ဒဏ်ရာရ၍ ဆေးရုံသို့ခေါ်ဆောင်သွားကြပါသည်။

ဆန္ဒမဲ လာပေးသူတို့ကို အင်အားသုံးလူစွဲခွဲခဲ့သဖြင့် မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူများက “နာဂအိကို သတ်တဲ့ ကိစ္စ မေ့သွားပြီလား” ၊ “ဂျပန်ရဲနဲ့ နအဖစစ်အစိုးရ အတူတူပဲ” စသည့် ကြွေးကြော်သံများအော်ဟစ်ကာ ဂျပန်ရဲများကို ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

တိုကျိုမြို့ မြန်မာသံရုံး၌ ဆန္ဒမဲ ပေးပွဲကို ဧပြီ (၂၆) နှင့် (၂၇) ရက်တို့တွင် နံနက် (၈) နာရီခွဲမှ ညနေ (၆) နာရီခွဲထိ မဲပေးနိုင်ပြီး မဲပေးရာတွင် သံရုံးမှ ပေးပို့သော ဆန္ဒမဲပေးရန် အကြောင်းကြားစာမူရင်းနှင့် မှတ်ပုံတင်သို့မဟုတ် ပတ်စ်ပို့ ယူဆောင်လာရမည်ဟု သံရုံးက ကြေညာ ထားသည်။ ။

နောက်ဆုံးရရှိသောသတင်းအရ အန်လ်ဒီ (L.A) မှ ကို လင်းအောင်အား ဂျပန်ရဲမှ ပြန်လည်၍ ကိုယ်ထိလက်ရောက်တိုက်ခိုက်သည်ဆိုပြီး ဖမ်းဆီးသွားကြောင်းသိရှိရပါသည်။ ဒီနေ့ဆန္ဒပြသူ စုစုပေါင်း အင်အား (၃၀၀)နီးပါးခန့်ရှိကြောင်း သိရှိရပါသည်။

ဂျပန်ရောက် မြန်မာနိုင်ငံသားများရဲ့ ပထမရက်မဲပေးပွဲအခြေအနေ

အသည်းကောင်းလို့ မဲတောင်းတဲ့ပွဲကို ဂျပန်နိုင်ငံမှာ ယနေ့(ဧပြီလ ၂၆ ရက်၊ စနေနေ့) စတင်ပြုလုပ်ပါတယ်။ ဆန္ဒမဲပေးမယ့် ဂျပန်ရောက်မြန်မာတိုင်းရင်းသားညီအကိုမောင်နှမများဟာ နံနက် ၈ နာရီမထိုးခင်ကတည်းက နအဖစစ်အခွန်ရုံးရှေ့မှာ စည်းကမ်းတကျတန်းစီစောင့်ဆိုင်းပါတယ်။ မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ကြောင်း မြန်မာ နိုင်ငံကူးလက်မှတ်များကိုင်ဆောင်ထားကြပြီး တချို့ကလည်းအမျိုးသားမှတ်ပုံတင်ကဒ်များပါကိုင်ဆောင်ထား ကြပါတယ်။

စောင့်ဆိုင်းနေကြသူများအားလုံးဟာ‘NO’စာတမ်းပါ တီရှပ်အင်္ကျီများဝတ်ဆင်ထားကြပြီး တချို့ကလည်း ‘NO’ ဆိုတဲ့စာလုံးကို မိမိတို့ရဲ့ရင်ဘတ်များမှာကပ်ထားကြပါတယ်။ နအဖအခွန်ရုံးက ဒီလောက်အထိမဲပေးကြလိမ့်မယ်လို့မတွက်ထားသလို၊ အမှန်တကယ်မဲပေးမယ်လည်းဆိုရော တံခါးပိတ်ထားပါတယ်။

ထိုင်စောင့်ရင်းနဲ့ ‘ပြန်‘ဆိုတဲ့အမိန့်ရလို့ လှည့်ပြန်ကုန်ကြသော စာအုပ်အစိမ်းရောင်ကိုင်ထားသူများ
ဖိတ်စာရလို့ နယ်ကနေတကူးတကလာကြတဲ့ ကျောင်းသားကျောင်းသူများနဲ့၊ နိုင်ငံကူးလက်မှတ်စာအုပ် အစိမ်းကိုင်ဆောင်ထားကြသော ပညာတော်သင်နှင့်အလုပ်သင်များဟာ အခွန်ရုံးအ၀ကနေ ဖုန်းနှင့်ဆက်သွယ် ကြပေမယ့် ဘာမှအဖြေပြန်မလာဘဲ တချို့လူများကိုတော့ ဒီနေ့(စနေနေ့)မလာခိုင်းပဲ မနက်ဖြန်(တနင်္ဂနွေနေ့)မှ လာဖို့ ပြန်လည်ဖြေကြားတယ်လို့လည်း အမည်မပြောလိုသူကျောင်းသူတဦးကရှင်းပြလို့သိရပါတယ်။


ဘယ်နိုင်ငံမှာမှမပြုလုပ်သေးသော ကားပေါ်တွင်ထောက်ခံမဲပေးခိုင်းသည့်စနစ်

နောက်ဆုံးသိရသောသတင်းများအရ နယ်ကနေ ရထားတစ်တန်၊ ကားတစ်တန်လာပြီး ထောက်ခံမဲပေးလို့ ကျိန်းသေပေါက်တွက်ထားတဲ့ စာအုပ်အစိမ်းကိုင် ပညာတော်သင်နှင့်အလုပ်သင်များကို စစ်အခွန်ရုံးမှ တောင်း အေ့စ်ကားနှစ်စင်းထုတ်ပြီး ကားပေါ်တွင်မဲပုံးထောင်၍ မဲပေးခိုင်းကြောင်းသိရှိရပါတယ်။

မနက်ဖြန်ကျရင် ဂျပန်မှာ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်ကဦးစီးကျင်းပမယ့် ၁၇ ကြိမ်မြောက် မြန်မာရိုးရာအတာ သင်္ကြန်ကိုကျင်းပမှာဖြစ်ပါတယ်။ ဂျပန်ရောက်မြန်မာတိုင်းရင်းသားညီအကိုမောင်နှမများကတော့ အဓိကနဲ့ သာမညကိုခွဲခြားဆုံးဖြတ်ပြီး အသည်းကြားကမဲတပြားကို မရရအောင်ပေးကြမယ်လို့ ဆုံးဖြတ်ထားကြ ကြောင်းလည်း သိရှိရပါတယ်။


သတင်းမှတ်တမ်းဓါတ်ပုံများပေးပို့သော မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများအဖွဲ့မှ ဦးသန်းဝင်းနှင့်တကွ အဆုံးအဖြတ်မဲအတွက် ဇွဲသတ္တိရှိရှိစောင့်ဆိုင်းနေကြသော မြန်မာ့နိုင်ငံသားတိုင်းရင်းသားညီအကိုမောင်နှမများ ကို အထူးလေးစားပါကြောင်း။

ပေးပို့သူ။ ။မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများ

ကန့်ကွက်မဲဖြင့် အနိုင်ယူပါ






Friday, April 25, 2008

သြစတြေးလျမှ ဆန္ဒပြပွဲသို့




ပေးပို့သူ ။ ။ thomas soe

မြန်မာသံရုံး ၀န်ထမ်းအများစုကန့်ကွက်မဲပေးပြန်ခေါ်လျှင် နိုင်ငံရေးခိုလှုံခွင့် တောင်းမည်

NEJ/ ၂၄ ဧပြီ ၂၀၀၈

နိုင်ငံခြားမြန်မာသံရုံးများတွင် တာဝန်ထမ်းဆောင်နေသည့် သံရုံးအရပ်သား ၀န်ထမ်းအတော် များများက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈) အတွက် ကန့်ကွက်မဲ ပေးကြသည်ဟု အမည် မဖော်လိုသည့် သံရုံးဝန်ထမ်းတဦးက ပြောသည်။

နိုင်ငံခြားရှိ မြန်မာသံရုံး အရပ်သားဝန်ထမ်းများကို ကန့်ကွက်မဲပေးသည့်အတွက် မြန်မာနိုင်ငံ သို့ပြန်ခေါ်လျှင် သက်ဆိုင်ရာနိုင်ငံများတွင် နိုင်ငံရေးခိုလှုံခွင့်တောင်းမည့် အလားအလာရှိသည် ဟုပါ ဥပရောပအခြေစိုက် မြန်မာသံရုံးနှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။ အထူးသဖြင့် ရာထူးငယ်သည့် နိုင်ငံခြားမြန်မာသံရုံး အရပ်ဘက်ဝန်ထမ်းများက ကန့်ကွက်မဲ ထည့်ကြသည်ဟု ပြောသည်။


ပြည်ပရောက် မြန်မာများ ပြည်ပရှိ မြန်မာသံရုံးများ၌ မဲပေးရာတွင် ဧပြီ (၂၃) မှ (၂၅) ရက်
အတွင်း အပြီးဆောင်ရွက်သည့် သံရုံးများရှိသကဲ့သို့ အချို့မြန်မာသံရုံးများက ဧပြီ (၂၇) အထိ မဲပေးနိုင်သည်ဟု နေပြည်တော်သတင်းရပ်ကွက်က ပြောသည်။ မဲပေးရာတွင် မြန်မာသံ
အမတ်ကြီးများအနေဖြင့် တတ်နိုင်သမျှ ထောက်ခံမဲရရေး စည်းရုံးရန်အတွက်ပါ နိုင်ငံခြားရေး
ဝန်ကြီးဌာနက လျှို့ဝှက်ညွှန်ကြားထားသည်ဟု စုံစမ်းသိရသည်။

ဥရောပနိုင်ငံအတော်များများရှိ မြန်မာသံရုံးများ၌ ပြည်ပရောက် မြန်မာများ၏ (၈၀) ရာနှုန်းကျော် က ကန့်ကွက်မဲပေးသည်ဟု အမည်မဖော်လိုသည့် သံရုံးသတင်းရပ်ကွက်တခုက ပြောသည်။

မြန်မာနိုင်ငံဖြစ် စက္ကူပါးပါးပေါ်တွင် အမှားအမှန် ခြစ်ခိုင်းသည့်အတွက် ထောက်ခံမဲ၊ ကန့်ကွက်မဲ ကို မြင်နေရသည်။ သို့သော် သံအမတ်ကြီးများက မဲရေတွက်ခွင့်မရှိဘဲ နေပြည်တော် တိုက်ရိုက် ပို့ရမည် ဖြစ်သည့်အတွက် နောက်ဆုံး မည်သို့ အဖြေထွက်မည်ကို မသိနိုင်ပါဟု အဆိုပါ သတင်း ရပ်ကွက်က ပြောသည်။

သံရုံးဝန်ထမ်းများသည် နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ ၀န်ထမ်းများဖြစ်ပြီး နေပြည် တော်ပြောင်းရွှေ့ရပြီးနောက်ပိုင်း စစ်အစိုးရအပေါ် နာကြည်းစိတ် ပိုများလာခြင်းဖြစ်သည်ဟု နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ထမ်းတဦးက ပြောသည်။ စစ်တပ်က ခန့်ထားသည့် မြန်မာသံအမတ်ကြီး အတော်များများ အဂတိလိုက်စားသည်ကို မြင်သိနေသည့်အတွက် သံရုံး
ဝန်ထမ်းများ ပို၍ မကျေမနပ်ဖြစ်ရသည်ဟုပါ ၎င်းက ဆက်လက်ပြောသည်။

နေပြည်တော် ပြောင်းရွှေ့ရသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ထမ်းများ သောက်ရေမသန့်၍ ကျန်းမာရေး ချို့တဲ့နေချိန်တွင် ထိပ်ပိုင်းစစ်ခေါင်းဆောင်များက သောက်ရေသန့်ဖြင့် ရေချိုး သည်ကို သိရသဖြင့် ၀န်ထမ်းများကြား ပို၍ မကျေနပ်မှုများလာသည်ဟု နေပြည်တော်မှ အရာရှိ တဦးက ပြောသည်။ ။

Thursday, April 24, 2008

လူထုဆန္ဒခံယူပွဲကို လေ့လာစောင့်ကြည့်ခြင်း

နအဖဟာ ၂၀၀၈ ခုနှစ်မေလထဲမှာ ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကျင်းပပြီး သူရေးဆွဲပြင်ဆင်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုတော့မယ်လို့ ကမ္ဘာကိုကြေငြာလိုက်ပါတယ်။ အဲဒီအတွက် ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ လှုပ်လှုပ်ရှားရှားနဲ့ မေးကြ။မြန်းကြ. လေ့လာဆွေးနွေးကြ၊ ပြင်ကြဆင်ကြ ဖြစ်လာပါတယ်။



ထောက်ခံရင် သားစဉ်မြေးဆက် ကြမ္မာငင်မယ်


ပုံကို Clickပါ။

မိမိကိုယ်ကို မီးရှို့ဆန္ဒပြသူ ကွယ်လွန်

မဇ္ဈိမသတင်းဌာန၊ ဧပြီ ၂၃ ရက် ၂၀၀၈ချင်းမိုင်။ ။

ရွှေတိဂုံဘုရားပေါ်တွင် မိမိကိုယ်ကို မီးရှို့ခဲ့သဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားသူ လူငယ်သည် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ပြီးခဲ့သည့်ရက်ပိုင်းက သေဆုံးသွားပြီ ဖြစ်ကြောင်း ရန်ကုန်မှလာသော အေပီ သတင်းတပုဒ်က ဆိုသည်။ဆေးရုံမှ အရာရှိတဦးကို ကိုးကားသော သတင်းအရ ခန္ဓာကိုယ်တွင် (၆၀) ရာခိုင်နှုန်းကျော် မီးလောင်ခံထားရသူ အသက် (၂၆) နှစ်အရွယ် ကိုကျော်ဇင်နိုင်သည် ယခုလ (၁၇) ရက်နေ့ ကတည်းက သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ဇာတိဖြစ်သူ ကိုဇင်နိုင်သည် မတ်လ (၂၁) ရက်နေ့၊ သောကြာနေ့က ရွှေတိဂုံ ဘုရားပေါ်တွင် လူစည်ကားချိန်၌ ဓာတ်ဆီလောင်းပြီး မိမိကိုယ်ကို မီးရှို့ဆန္ဒပြရာ လုံခြုံရေးများက ၀ိုင်းဝန်း ဆေးရုံပို့ခဲ့သည်။

မျက်မြင်သက်သေများကို ကိုးကားသော အစောပိုင်း သတင်းများအရ ကိုကျော်ဇင်နိုင်သည် ကိုယ်ကို မီးရှို့ခြင်း မပြုလုပ်မီတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် စားဝတ်နေရေး အခက်အခဲများကို ရေရွတ် ပြောဆိုပြီးနောက် "စစ်အစိုးရ ကျဆုံးပါစေ" ဟု အော်ဟစ်ခဲ့သည်ဟု ဆိုသည်။

စစ်အစိုးရ အုပ်ချုပ်သော မြန်မာပြည်တွင် ကုန်ဈေးနှုန်းကြီး ကျဆင်းရေး ဆန္ဒပြမှုများ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဆက်တိုက် ဖြစ်ပွားခဲ့သည်။သို့သော် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ တိုင်းပြည်တွင် အစိုးရအပေါ် မကျေနပ်ရာမှ ယခုကဲ့သို့ မိမိကိုယ်ကို သေကြောင်း ကြံစည်သည်အထိ စွန့်စားမှုမျိုးသည် ပထမဦးဆုံး ဖြစ်သည်။

Tuesday, April 22, 2008

မြန်မာနိုင်ငံ ၂၀၀၈ ဖွဲ့စည်းပုံအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၏ လှည့်ကွက်များ

မြန်မာနိုင်ငံ ၂၀၀၈ ဖွဲ့စည်းပုံအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၏ လှည့်ကွက်များ ကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှင့် ပတ်သတ်၍ တင်ပြဆွေးနွေးချက်များကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

အိုလံပစ်မီးရှူးတိုင် တိတ်တဆိတ်အခိုးခံရကြောင်း သတင်းထွက်ပေါ်နေ

Stolen torch of Christopher Benjakul is returned

An Olympic torch that was snatched from a runner on Saturday is found left in front of the National Olympic Office on Monday.
Somebody grabbed the torch from the hand of Christopher Benjakul, a runner, after he passed the flames to next runner during the torch relay run on Saturday.
The torch was found on Monday in front of the National Olympic Office on Monday.

Original link... http://www.nationmultimedia.com/breakingnews/read.php?newsid=30071204

Sunday, April 20, 2008

ဂျပန်နိုင်ငံမှာလည်း အသည်းကောင်းလို့ မဲတောင်းပွဲ ပြုလုပ်တော့မည်။

နအဖရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပေးဖို့ကို ဧပြီလ ၂၆ ရက်(စနေနေ့)နှင့် ၂၇ ရက်(တနင်္ဂနွေနေ့)များတွင် နံနက် ၀၈း၃၀ နာရီမှ ညနေ ၁၈း၃၀ နာရီအထိ ၂ ရက်ဆက်တိုက်ပြုလုပ်မှာဖြစ်ပြီး ဂျပန်ရောက်မြန်မာများ တညီတညွတ်ထဲခေါ်ဝေါ်ပြောဆိုနေကြတဲ့ ‘နအဖဆက်ကြေးရုံး‘မှာ ကျင်းပမှာဖြစ်ပါတယ်။

ဧပြီ ၂၆ ရက်(စနေနေ့)ဟာ သွေးစွန်းနေတဲ့ပီကင်းအိုလံပစ်မီးရှူးတိုင် တိုကျိုမြို့နှင့်မိုင်ပေါင်းထောင်ချီဝေးကွာသော နာဂါနိုမြို့မှာ လှည့်လည်မှာဖြစ်ပါတယ်။

ဧပြီ ၂၇ ရက်(တနင်္ဂနွေနေ့)ဟာ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်က နှစ်စဉ်စီးဦးကျင်းပနေကြ ၁၇ ကြိမ်မြောက် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကိုကျင်းပကြမှာဖြစ်ပါတယ်။

တိုက်ဆိုင်မှုလား… ဒါမှမဟုတ် မတိုက်တိုက်အောင် တမင်တကာပဲအကွက်ချပြုလုပ်တာလား…ဆိုတာကိုမသိရပေမဲ့ အသည်းကောင်းလို့ မဲတောင်းပွဲရလာဒ်အဖြေများကို ငွေရောင်စာမျက်နှာများပေါ်တွင် ဆက်လက်ရှုစားကြပါ…

အမေရိကန်ကွန်ဂရက်တွင် ပြောကြားသည့် ဦးကောဝိဒ၏ မိန့်ခွန်း

မြန်မာဘာသာဖြင့် ဒီနေရာမှာ ဖတ်ပါ။

Respected Congressmen, staff members, Ladies and Gentlemen.

I would like, first of all, to offer my sincere THANKS to all of you who have given me a chance to share what I have experienced and those who are here to listen and pay attention to what I have to say.Secondly, I would like to thank the President of the United States and the American people for giving me this opportunity to explain the predicament and dire situation the people are facing in Burma on behalf of our leader Daw Aung San Suu Kyi and the oppressed Burmese.

I am, as you all know, one of the participants during the so-called “Saffron-Revolution” in September 2007. Burma is infamous for its violation of Basic Human Rights, disrespect to the freedom of religion, one of the least developed and poorest countries in the world with the lowest living standard where the civil war has been going on for the past 50 years.

These are the reason why we, people of Burma, have wanted a change in the government system. We have wanted to have a higher living standard, and lived in a better and developed country. The people in Burma have struggled and fought for change since 1962. We have struggled and fought to achieve such change throughout the history and the demonstrations and protests in 1962, 1974, 1988, 1996, 2003, and 2007 are significant. But all of our voices, pleas and struggles were answered by the brutality of the military government which used weapons, brutal suppressions, torture, and imprisonments.

The international community witnessed the brutal suppression of monks who demonstrated peacefully in September 2007. But there have been many incidents of oppressions, violation and torture that have been going on inside Burma without anyone knowing for many decades.

What I would like to point out here in the harmless and helpless Burmese have very high hope and are depending on the assistance and intervention from the United Nations and the international community in the past 20 years. Sadly and unfortunately, there hasn’t been any positive effect on the people of Burma. There were so many decisions by the United Nations. There were many UN representatives who have visited Burma, but the future looks bleak. We were greatly discouraged by the fact that the Security Council merely suggested the military which was killing its own people and monks, to engage in talks. What I am saying to you now is exactly what the people of Burma would like to speak out.

Ladies and gentlemen, the people of Burma are not only suffering from extreme poverty, hardship, sub-standard in health care, education and social services but also facing oppression by the military government on a daily basis. When monks in Burma understood, realized, and felt the hardship the people had to go through, we decided to protest peacefully on behalf of the people. And everyone knows how we were dealt with. We appreciate that you are trying to oppose the constitution drafted by the military and its hand-picked representatives. We strongly support your effort at the UN to reject any referendum and constitutions without the participation of all people concerned.

Right now the military government is planning to have a constitutional referendum in May. In many areas in Burma, people are illegally forced as well as offered financial incentives to vote. In other area, people are threatened. Some of the activists were brutally beaten up by unknown assailants very recently. The closer the May referendum is, the more scared and concerned the people are about their safety and security. Securities have been tightened inside Rangoon. Police and security forces are deployed on the main streets of Rangoon.

Ladies and gentlemen, I would like to emphasize the fact that we need help and assistance in order to change the government system in Burma. We cannot accept the constitutional referendum and planned general election in 2010 organized by the military government which totally ignored the results of people voices in 1990 general election, and whose sole aim is to prolong and ensure the military influence in Burma politics for many more years to come. We strongly urge you to reject any effort by the military government to legitimize itself.

In conclusion, I would like to thank once again the international community, governments and administrations, respected congressman as well as the people who love democracy and who are supporting our course. I thank the Refugee International to facilitate my appearance here at the congress.

U Kovida
10,April,2008

ကန့်ကွက်မဲပေးကြစို့


တရုတ်လုံခြုံရေးသမားများကိုလက်မခံနိုင်ကြောင်း နာဂါနိုရဲများပြောဆို(JAPAN TODAY NEWS


ဧပြီလ ၇ ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် အိုလံပစ်မီးရှူးတိုင်ကို အပြာရောင်ဝတ်စုံအင်္ကျီတူညီဝတ်ဆင် ထားသောတရုတ်များက ၀ိုင်းရံထားပုံ(ဓါတ်ပုံ-အေအက်ပီ)

ပီကင်းအိုလံပစ်မီးရှူးတိုင်ကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ တရုတ်အစိုးရမှ လက်ရွေးစင် ရွေးချယ်သတ်မှတ်ပေးထားသော တရုတ်လုံခြုံရေးသမားများကို နာဂါနိုမြို့ရှိ ရဲတပ်ဝင်များက လက်ခံမှာမဟုတ် ကြောင်း ဧပြီလ ၁၉ ရက်(စနေနေ့)က ပြောကြားလိုက်ပါတယ်။

ဒါဇင်နဲ့ချီရှိသော အပြာရောင်ဝတ်စုံအင်္ကျီကိုတူညီဝတ်ဆင်ထားသည့် ပီကင်းအိုလံပစ်မီးရှူးတိုင်ကာကွယ်သူများ မှာ လုပ်ပိုင်ခွင့်ထက်ကျော်၍နိုင်ငံတနိုင်ငံ၏လုံခြုံရေးကို ကျူးလွန်တယ်လို့ယူဆတဲ့အတွက် လာရောက်ကြည့် ရှုကြမယ့် ဂျပန်ပြည်သူများဟာ အားပေးရာမရောက်ဘဲ ဝေဖန်ကဲ့ရဲ့မှာဖြစ်မည်ကိုမလိုလားတဲ့ အခုလိုတားမြစ် လိုက်ရခြင်းဖြစ်ကြောင်းလည်းဆိုပါတယ်။

ဂျပန်အစိုးရရဲ့ နံပါတ်(၂)အဆင့်ရှိသူလည်းဖြစ် ပြောရေးဆိုခွင့်ရှိသူတဦးလည်းဖြစ်သော ၀န်ကြီးများရုံးဝန်ကြီး နောဘုနာကာ မချီမူရ(Chief Cabinet Secretary Nobutaka Machimura)ကလည်း `ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးများဟာ ဥပဒေကိုနားလည်ကြသူများဖြစ်ပြီး၊ အိုလံပစ်ပွဲတော်ကိုလည်း ၂ ကြိမ်တိုင်တိုင်ကျင်းပခဲ့ သောနိုင်ငံတခုဖြစ်ကြောင်း၊ လာမည့် ၂၀၁၆ ခုနှစ်တွင်လည်း အိမ်ရှင်နိုင်ငံအဖြစ် နောက်တကြိမ်ထပ်မံ ကျင်းပမှာဖြစ်ကြောင်း၊ လုံခြုံရေးအကြောင်းပြဖြင့် တခြားနိုင်ငံမှဝင်ရောက်စွက်ဖက်တာကို လက်ခံမှာမဟုတ်ကြောင်း`ကိုလည်း ဧပြီလ ၁၇ ရက်(ကြာသာပတေးနေ့)က ပြောဆိုထားပါသေးတယ်။

ဧပြီလ ၂၆ ရက်နေ့ကျရင် အိုလံပစ်မီးရှူးတိုင်ဂျပန်နိုင်ငံသို့ဖြတ်သန်းမယ့်ကိစ္စအပေါ် နာဂါနိုမြို့ရှိ အထင်ကရ ဘုရားကျောင်းနှင့် ဘုန်းတော်ကြီးများမှလက်ခံကြိုဆိုဖို့ငြင်းဆိုထားပြီး၊ ဂျပန်ပြည်သူအများစုက ၀မ်းပန်းတသာ ကြိုဆိုတဲ့အသွင်သဏ္ဍန်မပြသေးပဲ တိဗက်ဘုန်းတော်ကြီးများ အကြမ်းဖက်နှိပ်စက်ခံနေရမှု၊ အိုလံပစ်မီးရှူးတိုင် ကို နိုင်ငံတကာမှဆန့်ကျင်ကန့်ကွက်နေမှုများကိုသာ ဂျပန်တီဗွီဌာနများနှင့် သတင်းစာများမှာ နေ့စဉ်လိုလို အသားပေးဖော်ပြနေပါတယ်။

မိုးသောက်ကြယ်

Saturday, April 19, 2008

ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ဆန္ဒခံယူပွဲဆိုင်ရာ ဆွေးနွေးခန်း


မြန်မာ့ဖွဲ့စည်းပုံ ဥပဒေရေးရာ ဆွေးနွေးပွဲကို မောင်စွမ်းရည် (ကဗျာဆရာ)၊ ဆလိုင်းထွန်းသန်း (ရေဇင်းတက္ကသိုလ် အငြိမ်းစား ပါမောက္ခ)၊ ဆရာတော် အရှင်နာယက (ကိုလမ်ဘီယာ တက္ကသိုလ်၊ ဧည့်ပါမောက္ခ)၊ ဦးဝင်းဖေ (ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ၊ ပန်းချီဆရာ) ပါဝင်ဆွေးနွေးကြပြီး ဗွီအိုအေမြန်မာပိုင်း အစီအစဉ် အယ်ဒီတာ ဦးကျော်ဇံသာ အစီအစဉ်မှူးအဖြစ် ဆောင်ရွက်သည်။

doucement video ကို mandalay tube.com မှ ရယူပါသည်။





သွေးစွန်းနေတဲ့အိုလံပစ်မီးရှူးတိုင် လက်မခံနိုင်ကြောင်း ဂျပန်ဘုရားကျောင်း ပြောဆို

အေအက်ပီ

ဂျပန်နိုင်ငံ နာဂါနိုမြို့ရှိ မဟာယနဗုဒ္ဓဘာသာဘုရားကျောင်းတခုဖြစ်သော ဇန်ကိုဂျီကျောင်းတော်(Zenkoji Temple)သည် တိဗက်ဘုန်းတော်ကြီးများ၏ဆန္ဒပြမှုကို ကရုဏာသက်ထောက်ခံသည့်အနေဖြင့် ပီကင်းအိုလံ ပစ်မီးရှူးတိုင်ကို လက်ဆင့်ကမ်းလက်ခံယူမည့်အစီအစဉ်အားငြင်းဆန်ကြောင်း ဧပြီလ ၁၈ ရက်(သောကြာနေ့) က သတင်းစာရှင်းလင်းပွဲလုပ်ပြီးပြောကြားလိုက်ပါတယ်။

”ပီကင်းအိုလံပစ်မီးရှုးတိုင်ကို ကျောင်းတော်ကနေလက်ခံဖို့ငြင်းဆန်ရတာကတော့ တရုတ်အစိုးရဟာ တိဗက်ဘုန်းတော်ကြီးတွေကို အကြမ်းဖက်နှိမ်နှင်းသတ်ဖြတ်နေတယ်။ ဒါဟာ ဗုဒ္ဓသာသနာတော်ကို စော်ကားတာပါ။ ဒီလိုမျိုး အယူဝါဒမတူပေမဲ့ ဗုဒ္ဓသာသနာကိုစော်ကားနေတဲ့ တရုတ်အစိုးရရဲ့ ပီကင်း အိုလံပစ်မီးရှူးတိုင်ကို လက်ခံမယ်ဆိုရင် အားပေးရာရောက်နေပါတယ်။ ဒါကြောင့် လက်ခံဖို့ငြင်းဆန် ရတာပါ…”ဟု ဇန်ကိုဂျီကျောင်းတော်ရဲ့ ကျောင်းထိုင်ဆရာတော်တပါးဖြစ်သူ Shinsho Wakaomiက သတင်းထောက်များကို ရှင်းပြပါတယ်။


တရုတ်စစ်တပ်၏ ရက်စက်ရမ်းကားမှု တစိပ်တဒေသမှတ်တမ်းများ

ယခုလို ဇန်ကိုဂျီကျောင်းတော်မှ ဧပြီ ၂၆ ရက်နေ့ အိုလံပစ်မီးရှူးတိုင် လွှဲပြောင်းလက်ခံပွဲအတွက် စတင်လက်ခံမည့် နေရာအဖြစ် တာဝန်ယူရမည့် အစီအစဉ်ကို ငြင်းဆန်လိုက်သဖြင့် နာဂါနိုမြို့ရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ၊ ကူနီဟီကို ရှီနိုဟာရာ(Kunihiko Shinohara)က ဘုန်းတော်ကြီးများရဲ့ဆန္ဒကို လေးစားလိုက်နာသည့်အနေဖြင့် အစီအစဉ်ပြောင်းလဲမှာဖြစ်ကြောင်း ပြောဆိုပါတယ်။ ဂျပန်ဝန်ကြီးချုပ် ယဆုအို ဖူကုဒါ(Yasuo Fukuda)ကလည်း ”ဘုန်းတော်ကြီးတွေကိုယ်တိုင်က လက်ခံဖို့ငြင်းဆန်နေမှတော့ အတင်းအကျပ်တိုက်တွန်းလို့မရပါဘူး။ ဒါကြောင့်မို့လို့ လက်ခံနိုင်မယ့်နေရာကို အမြန်ဆုံးရှာဖွေ ဆုံးဖြတ်ဖို့ဘဲရှိပါတယ်…”ဟုဆိုပါတယ်။

အိုလံပစ်မီးရှူးတိုင်ကို ဇန်ကိုဂျီ ကျောင်းတော်မှစတင်ပြီး နာဂါနိုမြို့ကို ဖြတ်၍ ၁၈ ဒသမ ၅ ကီလိုမီတာခရီး လက်ကမ်းသယ်ဆောင်သွားရန် မူလ စီစဉ်ထားသော်လည်း ကန့်ကွက်ဆန္ဒပြမှုများကြောင့် မြို့လုံခြုံရေးနှင့် ဘုန်းတော်ကြီးများ၏ ညိုငြင်မှုဖြစ်မှာကို အထူးစိုးရိမ်ကြောင်းလည်း ပြောဆိုပါတယ်။

ဇန်ကိုဂျီကျောင်းတော်ဟာ ၁၉၉၈ ခုနှစ်၊ နာဂါနိုအိုလံပစ်ပွဲတော်(1998 Nagano Games)နှင့် ၁၉၆၄ ခုနှစ်၊ တိုကျို နွေရာသီအိုလံပစ်ပွဲတော်(1964 Tokyo Summer Olympics)ကျင်းပနိုင်ဖို့အတွက် အိုလံပစ်မီးရှူးတိုင်ကို လက်ခံထွန်းငြိကျင်းပခဲ့တဲ့ ကျောင်းတော်ဖြစ်ပါတယ်။ အဆိုပါကျောင်းတော်ကို ၇ ရာစုကတည်းက တည်ဆောက်ထားခဲ့တာဖြစ်ပြီး နှစ်စဉ် လူ ၆ သိန်းကျော် လာရောက်ဝတ်ပြုဆုတောင်းနေတဲ့ အထင်ကရဘုရားကျောင်းတော်တခုဖြစ်ပါတယ်။

ဥရောပနှင့် အမေရိကတို့တွင် အရှက်တကွဲနှင့်မျက်နှာငယ်ခဲ့ရသော ပီကင်းအိုလံပစ်မီးရှူးတိုင်ဟာ အာရှနိုင်ငံသို့လှည့်လည်နေပြီဖြစ်ပြီး ယခုအခါမှာတော့ ထိုင်းနိုင်ငံသို့ရောက်ရှိနေပြီဖြစ်ပါတယ်။

မိုးသောက်ကြယ်ဘလောက်မှ ရယူပါသည်။

ပြောပါ

“အခက်အခဲတော့ရှိတာပေါ့။ ပို့ပေးတဲ့ငွေရတော့ ခမျာများ ကျေးဇူးတင်ရှာပါတယ်။ ဆေးဖို့းစုစုပေါင်းကတော့ ငါးသိန်းကျော်လောက်ကုန်သွားတယ်။ အဆင်တော့ပြေသွားတာပေါ့။ ပုံမှန်ထောင်ဝင်စာတွေ့တဲ့အခါ လိုတာတွေကို စီစဉ်ပေးပါတယ်။ ကိုအောင်ထွန်းတို့ကလဲ တော်လှန်ရေးနေ့ ရုံးရှေ့ကိစ္စနဲ့ ချိတ်ပြီး ဖမ်းခံလိုက်ရတယ်။ စုစုပေါင်း ၁၂ယောက်။ ထောင်ဝင်စာအတွက် အားလုံးခက်ခဲကြတယ်။ ဒီအထဲက ထွန်းလင်းကျော်ဆိုတဲ့ ကောင်လေးကတော့ ဆေးရုံကြီးတင်လိုက်ရတယ်။ သွေးတွေအန်လို့။ နဂိုက သူ့မှာ အဆုပ်ရောဂါရှိတယ်။ ဖမ်းခံလိုက်ရတော့ ပိုဆိုးသွားပုံရပါတယ်။”

ကိုယ်တိုင် သွေးအန်နေသလိုပဲ ခံစားလိုက်ရတယ်။

သူတို့ကို မမြင်မသိခဲ့ဖူးပေမယ့် မလေးရှားထောင်ထဲမှာ လူမျိုးခြား မြန်မာ(ဗမာလို့ မသုံးတာက ခံလိုက်ရတိုင်း ညီအကိုတိုင်းရင်းသားတွေက အမြဲပါနေကျမို့ပါ)တွေရဲ့ အချိုးခံ အနှိမ်ခံ အဖဲ့ခံ ဘဝတွေ ကိုယ်တိုင်ရင်ဆိုင် ကြုံခဲ့ရဖူးတယ်လေ။ အထူးသဖြင့် အောင်ဆန်းစုကြည်အဖွဲ့(မလေးထောင်ရဲတွေက သံရုံးရှေ့ အမျိုးသားညီလာခံဆန့်ကျင်ကန့်ကွက်ဆန္ဒပြကြရင်း ဖမ်းခံရတဲ့သူတွေကို စုကြည်ရဲ့လူတွေလို့ ခေါ်တတ်ကြပြီး စုကြည် ကိုယ်တိုင်တောင် အဖမ်းခံထားရတာ မင်းတို့ကဘာလုပ်နိုင်မှာမို့လဲနဲ့ လှောင်မေးမေးလေ့ရှိပါတယ်)တိုင်းကို တခြား ထောင်ကျ မြန်မာများထက် ပိုပြီးတော့
ပြင်းပြင်းထန်ထန် နှိပ်ကွပ်ပါတယ်။ သွေးထွက်ကွဲပြဲ အားရအောင်ထိုးကျိတ်ကန်ကျောက်ရိုက်နှက်နှိပ်စက်ပြီးမှတိုက်ပိတ်ဆောင်ဘက် ဆွဲထုတ်ခံသွားရတာမှာ ခံရတဲ့သူတွေဘက်က သူများနိုင်ငံထဲ တရားမဝင်ခိုးနေတဲ့ ကလေကချေတွေဘဝမို့ခါးခါးသီးသီး အံကြိတ် လို့သာ ခံခဲ့ကြရတာပါ။

ကိုယ်ပိုင်ဆိုင် တဲ့ အမိမြေနဲ့ အဖနိုင်ငံတော်ကြီးကို ကျတော့ တရားမဝင်သူတွေက ခပ်တည်တည် တက်အုပ်ထားတာခံပြီး တရားဝင်နိုင်ငံသားတွေဖြစ်တဲ့ တိုင်းရင်းသားအပေါင်းက တပါးသူစိမ်းတွေရဲ့မြေမှာ တရားမဝင် အဖြစ်ခံလို့(တချို့များဆိုပျော်လို့ပါးလို့၊ တချို့တွေလဲ သေကြကြေကြပေါ့လေ)နေရတဲ့ ပုံတွေပြောပါတယ်။ ဒီစကားကို ဖိနှိပ်မှုတွေခံမနိုင်ကြတော့တဲ့အဆုံး ထောင်ထဲ အစာငတ်ခံဆန္ဒပြကြစဉ်နဲ့ တရားရုံးချိန်းတခုမှာ ကျနော်တို့ဟာ အပြစ်သားတွေမဟုတ်ကြောင်း ရင်ကော့ ပြောခဲ့တုန်းက အဲဒီမြန်မာစကားမတတ်တဲ့ မလေး၊ တရုတ်၊ ကုလား နိုင်ငံခြားသားများက တလေးတစား စဉ်းစားနားလည်ပေးကြတယ်။အဲဒီရဲ့နောက်ပိုင်းမှာတော့ မလေးထောင်ဝန်ထမ်းတွေဘက်က မစရဲတော့ဘူး။ မြန်မာ့နိုင်ငံရေးအခြေအနေတွေနဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကိုယ်၌က ထောင်ပါအကျခံပြီး ဆန့်ကျင်ခဲ့ကြတဲ့ အဲဒီရှုတ်ရှက်ခတ်နေတဲ့ ရုတ်မတ်ခုနှစ်ချက်ရဲ့
အန္တရာယ်ကြီးမားပုံကို မင်းတို့နောက်ထပ် ဗမာဘယ်နှစ်သန်းလောက် ထပ်ပြီးလက်ခံနိုင်သေးလို့လဲဆိုတဲ့ နိမိတ်ပြမေးခွန်းတခုထဲနဲ့တင် ကောင်းကောင်းကြီးသိနားလည်သွားစေတဲ့ သူတို့ရဲ့ အစိုးရဌာနပိုင် ဝန်ကြီးအဆင့်တွေကနေ သက်ဆိုင်ရာ ထောင်ပိုင် ထောင်ချုပ်တွေဆီကို ဖုန်းဆက်ပြောဆိုလာရကုန်သည်အထိ ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ သိသိသာသာမဟုတ်ပေမယ့် ပေါ်ပေါ်ထင်ထင်ကြီးတော့ အသလွတ် ရိုက်နှက်နှိပ်စက် တိုက်ပိတ်တာတွေ မလုပ်ကြတော့ဘူး။

ဆိုလိုချင်တာက သူတို့လူမျိုး သူတို့နိုင်ငံတွေက သူတို့တိုင်းပြည် ဒုက္ခရောက်မှာကို စိုးရိမ်ပူပန်တတ်ကြသလောက် ကိုယ့်လူမျိုးသား တနိုင်ငံတည်းအတူတူမှာကျတော့ အမလေးဟဲ့လို့ပဲ အမေတွေကိုတပြီး အော်နိုင်တော့တယ်။ ဗမာစကားကို ဗမာလိုပြောတာ
တပြည်ထောင်တည်းသား မြန်မာအချင်းချင်း နားမလည်ကြတော့ဘူးတဲ့လား။

လုပ်ရက်ကြပုံတွေပြောပါတယ်။ သူရို့ စစ်ခေါင်းဆောင်တွေကို ဘယ်ပြည်သူကမှ အဲဒီလောက် ဒုက္ခအရောက်ခံပြီး အုပ်ချုပ်ခိုင်းမထားပါဘူးနော်။ တရားဝင် နိုင်ငံသားလက်မှတ်ကိုင်ထားတဲ့ ပြည်သူတွေနဲ့ အဲဒီပြည်သူများရဲ့ ရွေးချယ်တင်မြှောက်ထားခြင်းကို ခံရတဲ့ အစိုးရလွှတ်တော်အမတ်များက တရားမဝင် ဖမ်းဆီးခံရ၊ သတ်ဖြတ်ညှင်းပမ်းနှိပ်စက်ခံရ၊ အိမ်နီးချင်းနိုင်ငံတွေထဲ တရားမဝင်ခိုးကြောင်ခိုးဝှက်နဲ့ နေရစဉ်မှာ ဒီအာဏာရှင်စောက်ရူးတွေက အတည်ပေါက်နဲ့ လူထုကိုတပြန် ဖြဲဟောက်နေသေးတယ်။ အရှက်မရှိတဲ့ အာဏာသူခိုးတွေပါ။ သူခိုးဆိုမှတော့လဲ အရှက်ကဘယ်ရှိချင်တော့မလဲလေ၊ နော့။
အများကြီးပဲ။ သူခိုးတွေ၊ သူခိုးသားမယားတွေနဲ့ သူတို့ရဲ့နောက်လိုက်တွေ...။

တနိုင်ငံလုံးမှာ ကျန်နေတဲ့ လူကောင်းများက အခုလို ထောင်ထဲတွေမှာ၊ ရိပ်သာ၊ ဘုန်းကြီးကျောင်းနဲ့ တရားစခန်းတွေမှာ၊ လမ်းတွေပေါ်မှာနဲ့ ရေမလာ မီးမရတဲ့ ပိန်းပိန်းပိတ် အမှောင်ထုဖုံးလွှမ်းတဲ့ တိုက်ခန်းငယ်တွေမှာ မျှော်လင့်ချက်မဲ့စွာ...။

တိုင်းပြည်ဟာ ကံကြမ္မာရဲ့လက်ထဲ ကျရောက်လို့နေပါပြီ...။ ဥပဒေအကာအကွယ်မဲ့နေရတဲ့ ပြည်သူတွေခမျာ ဘယ်တော့ လုယက်သတ်ဖြတ်ခံရမလဲ ဆိုတာပဲ တွေးကြောက်နေရှာရတော့မယ်။ လူထုဟာ လုံခြုံရာမဲ့ခံစားလာရချိန် ကံကိုသာလျှင် ပုံချပြီးတော့ ဖြစ်လာသမျှဘာမဆိုကိုလက်ခံသွားရတော့မှာလား။ ဆရာတော်ဘုရားများ ဟောကြားခဲ့သလို ရတနာသုံးပါးဂိုဏ်းဝင် ရဟန်းမြတ်သံဃာတော်တွေကို ညင်းပမ်းနှိပ်စက် စော်ကားသတ်ဖြတ် မောင်းထုတ်ခဲ့မှုတွေရဲ့ အကြောင်းကြောင့် ဖြစ်လာမယ့် အကျိုးဆက်ရလဒ်က တိုင်းပြည်ပျက်သုန်းခြင်းပဲဖြစ်မလား။ ဆိုးဆိုးဝါးဝါး သဘာဝဘေးဒဏ်တွေ ကျရောက်လာမယ်။ သမိုင်းမှာ မဖြစ်စဖူး မိုးခေါင်ရေရှား ရာသီဥတုတွေ ဖေါက်ပြန်လို့ စားနပ်ရိက္ခာရှားပါးမှုတွေ ကြုံလာမယ်။ လူလူချင်း အနိုင်ကျင့်ညှင်းပမ်းနှိပ်စက်သတ်ဖြတ်တာတွေ ပေါလာမယ်။

ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတခုမို့ ဒီလောက်ဒုက္ခရောက်ရဖို့ရှိမလားဆိုရင် ဘာလို့ ဒီ ရဟန်းသံဃာ ရှင်သာမဏေနဲ့ သီလရှင်သူတော်စင်တွေ သွေးမြေကျ ပျံလွန် ညှင်းပမ်းနှိပ်စက်မှုကြီးတွေ ပြုခဲ့ရတာလဲ၊ ပြုခွင့်ကိုပေးခဲ့ကြတာလဲ ဆိုတာက အဖြေပဲ ဖြစ်မှာပါ။ သွေးနဲ့ရေးတဲ့ သာသနာမှာ သနပ်ခါးလိမ်း ပန်းပန်ပြီး ဆန္ဒမဲသွားထည့် ကန့်ကွက်ခဲ့ရုံနဲ့ ရလိမ့်မယ်လို့ထင်ရင် လုပ်ကြည့်ပေါ့။ နိုင်ငံတော် အကြီးအကဲတွေဖြစ်တဲ့ တိုင်းပြည်ဥသျှောင်ပါတီ ကိုယ်စားပြု ဒီမိုကရေစီအမတ်များနဲ့ သခင်ခေါင်းဆောင်ကြီး စစ်စစ်များကလဲပဲ သိက္ခာနဲ့ ရိက္ခာကို မျှတဆင်ခြင်ကြည့်မနေပဲနဲ့တာဝန်ရှိတဲ့အလျှောက် ဆင်းရဲသားကျောမွဲ ပြည်သူတွေရဲ့ ငယ်နေတဲ့ မျက်နှာကို ထောက်လို့ ထောင်ကျကျ တန်းကျကျ လိုအပ်သလို ပြက်ပြက်သားသား အရေးယူ ကိုင်တွယ်ဆောင်ရွက်သင့်ပါပြီ။

ဒီအတိုင်းသာသွား၊ ခင်ဗျားတို့အားလုံး တနေ့သေလိမ့်မယ် ဆိုရင် ပြောတဲ့သူကို ရန်ရှာချင်လိမ့်မယ်။ သေရင်ပြီးပြီလို့ ကိုယ့်ကိုကိုယ်ထင်နေတဲ့ ဘာသာမဲ့တွေအတွက် ဘုန်းကြီးတို့ဘက်ကလဲ သရဏဂုံတင်ပေးဖို့ မလိုပါဗျာ။ နောင်တချိန် ပြည်သူလူထုရဲ့ မေတ္တာစူးလို့ လောကနဲ့ ဓမ္မက ဒဏ်ခတ်တဲ့အခါ ဒီလိုလူမဆန်သူတွေရဲ့ အသုဘရှုဆွမ်းသွတ်မျိုးတော့ ဆောရီးပဲဒကာလို့သာ ငြင်းလွှတ်ဖို့ ပြည်သူ့ဘုန်းဘုန်းများအားလည်း ဒီစာလက်ခံရရှိကြသူများကနေတဆင့် ကြားဖြတ်လျှောက်ထားလိုပါတယ်ဘုရား။ နောက်ထပ်ပြီးတော့ ဒီလိုလူစားမျိုးတွေအတွက် ပြောစရာက မသေခင်
ထမင်းဝဝစားထားကြဦးပေါ့လို့ပဲ။ အသလွတ်ကြီး ကျိန်းတယ်လို့ စိတ်တော့မခုကြနဲ့နော်။ ဒီကတရားစကားနဲ့ သံဝေဂယူနိုင်ဖို့ ပြောတာပါ။

သူရဲကောင်းဆိုတာ ခေတ်ကာလရဲ့တောင်းဆိုမှုနဲ့ သမိုင်းရဲ့လိုအပ်ချက်အရသာ ပေါ်ထွက်လာရစမြဲပဲဖြစ်တယ်။ တိုင်းပြည်မှာ လွန်လွန်မင်းမင်း နောက်ထပ်လိုအပ်နေသေးတဲ့ သူရဲကောင်းတွေအဖြစ် ၈၈လွန် ကာလတွေထဲက တံခွန်ထူခဲ့သူတွေက ဘယ်သူလဲ။ ကံမကောင်းလှစွာပဲ ကိုယ်တော့မဟုတ်ခဲ့ဘူး။ ပေါက်ပါတယ်နော်။ မြှောက်ပေးနေတာလဲမဟုတ်ဘူး။ ၁၉၉၀ပြည့်နှစ် သမိုင်းကရွေးချယ်ပေးအပ်ထားတဲ့ တာဝန်အရနဲ့ အဲဒီပြည်သူက လှိုက်လှိုက်လှဲလှဲ ပေးအပ်ခဲ့တဲ့ ပြောဆိုလုပ်ကိုင်ပိုင်ခွင့်တွေက ဘယ်သူ့ဆီမှာလဲ။ ဘာဖြစ်လို့ နှစ်နှစ်ဆယ်ကြာမှ ပြည်သူလူထုလက်ထဲ မလှိမ့်တပတ်နဲ့ ပြန်ထိုးအပ်ပြီးတော့ ခင်ဗျားတို့ပဲ ကန့်ကွက်လိုက်ပါ၊ ဒီဟာခင်ဗျားတို့ ပြည်သူလူထုရဲ့ တာဝန်တွေချည်းပါပဲ လုပ်နေရတာလဲ။ ပြည်သူလူထုသာ အခရာ အဓိကအကျဆုံးလို့ဆိုရင် ဘုံရန်သူတွေနဲ့ အနီးကပ်ဆုံး ရင်ဆိုင်နေရတဲ့ ကိုယ့် လူမျိုး ကိုယ့်ပြည်သူတွေအတွက် အနည်းဆုံး
ရင်းနှီးပေးဆပ်မှုလေးတခုခုတော့ တိုင်းရင်းသား မိဘပြည်သူအသီးသီးရဲ့ ခေါင်းဆောင်တွေအနေနဲ့ အားနာပါးနာလေးပဲဖြစ်ဖြစ် လုပ်ပြသင့်ပါတယ်။ လုပ်ကြဖို့အချိန်တန်ပြီလို့လဲ ထင်ပါတယ်။

ကိုယ်ကပြည်ပနိုင်ငံတွေမှာ ရှာဖွေထောက်ပံ့နိုင်လို့ ကိုယ့်တမိသား ချမ်းသာရာရပြီး ကုသိုလ်ကံတွေကောင်းမယ်လို့ ထင်ထားရင်အဲဒီစားနိုင်သောက်နိုင်နေတဲ့ မိသားစု ဆွေမျိုးတစုတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေက စစ်ဗိုလ်ချုပ်ကြီးများနဲ့ သူတို့ရဲ့သားမယားဆွေမျိုးသားချင်းများလို မပွန်းမပဲ့ လုံခြုံစိတ်ချစွာ ရှိနေမှာ သေချာလား။

ဇာနေယျ
(Ref: Hotel Rwanda)

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB)မှ ပေးပို့သော နှစ်သစ်ကူးသ၀ဏ်လွှာ

မြန်မာနိုင်ငံသားတစ်ဦးမှ မေတ္တာရပ်ခံချက်

မှတ်ချက်။ ။ ပြည်တွင်းရှိ e mail မှတဆင့် ရရှိသော စာကိုပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
စင်ကာပူနိုင်ငံရှိ မြန်မာများခင်ဗျာ

အနာဂါတ် မြန်မာနိုင်ငံသားများအတွက် အရေးပါသော အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို မေလ (၁၀)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တပ်မတော်အစိုးရ ကြေငြာခဲ့သည်ကို စင်ကာပူရောက် မြန်မာများသိရှိပြီးဖြစ်ပါသည်။ ဒါပေမယ့် မြန်မာနိုင်ငံအတွင်းရှိ ၅၀%ကျော်သော ပြည်သူလူထုက အခုထိမသိရှိသေးပါဘူး။ မြန်မာနိုင်ငံအခြေအနေဟာ ဒီလိုအခြေအနေမျိုး ရောက်နေပါပြီ။ နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှုအလွဲများ၊ ညံ့ဖျင်းမှုများ၊ စီးပွားရေးကြပ်တည်းမှုများကြောင့် မြန်မာပြည်သူလူထုတစ်ချို့ဟာ အနိမ့်ဆုံးလိုအပ်တဲ့ အာဟာရဓါတ်မပြည့်မှီရာကနေ၊ ဦးနှောက်ဖွံ့ဖြိုးမှု နည်းပါးတဲ့ အခြေအနေတစ်ချို့ကိုရောက်ခဲ့ပါတယ်။ ဒီလိုမိဘများက မွေးဖွားလာပြီး အဆင်ပြေသလို ရှာဖွေစားသောက်နေထိုင်ရင်းက အနိမ့်ဆုံးလူတွေ မြန်မာပြည်မှာ တိုးတိုးလာနေပါပြီ။

စင်ကာပူနိုင်ငံဟာ First World Country လို့နားလည်ရပါတယ်။ မြန်မာနိုင်ငံကတော့ Third World Country ရဲ့အောက်ဆုံးမှာရှိနေမှာပါ။ ၁၉၅၀ လွန်နှစ်များက စင်ကာပူကမြန်မာပြည်ကို အားကျလို့လာလေ့လာတယ်လို့ ကြားဖူးခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ ကျော်ကြာပြီးတဲ့အခါ အခုခင်ဗျားတို့သိနေရတဲ့ အခြေအနေဖြစ်နေပါပြီ။ အခုဆိုရင် အခြေခံဥပဒေမူကြမ်း ဆိုတာဘာမှ မသိတဲ့၊ ကြက်ခြေခတ်ရမလား (X)၊ အမှန်ခြစ်ရမလား (Â) မသိတဲ့၊ တနည်းအားဖြင့် ကိုယ့်လို ဘ၀တူပြည်သူလူထုအတွက် ထောက်ခံရမလား၊ ကန့်ကွက်ရမလားမသိတဲ့ မြန်မာတွေ ဖြစ်ကုန်ပါပြီ။ ဘွဲ့ရပြီးပြီ ဘာမှမသိပါဘူးဆိုတဲ့ မြန်မာတွေများတဲ့ခေတ် ရောက်နေပါပြီ။ ကြပ်တည်းလွန်းလို့ ဒုက္ခရောက်မှာသိရဲ့သားနဲ့ အခုထက်တော့ပို ကောင်းမလားဆိုတဲ့ အတွေးနဲ့ အိမ်နီးနားချင်း တိုင်းပြည်တွေကို စွန့်စွန့်စားစားထွက်ပြီး အလုပ်လုပ် ကြတော့အခုဆိုရင် Thai မှာ 1.8 million, Malaysia မှာ 0.8 million ဆိုတာသိကြမှာပါ။ 2008 April ( ) ရက်နေ့က Thai နိုင်ငံ ရနောင်းနားမှာ Thai ကိုခိုးဝင်ရင်း အအေးခန်းကားပေါ်မှာ အသက်ရှုကြပ်ပြီး သေသွားခဲ့တဲ့ မြန်မာနိုင်ငံသား (၅၇)ဦး အဖြစ်အပျက်ဟာ ရက်ပိုင်းပဲရှိပါသေးတယ်။ ဒါက လူသိတဲ့အဖြစ်အပျက်ပါ၊ လူမသိတဲ့ ကျနော်တို့ နိုင်ငံသားတွေရဲ့ ဆိုးဝါးတဲ့အဖြစ်အပျက်တွေ ဘယ်လောက်များ များနေပြီလဲ။


အပြစ်တင်တာများတယ်လို့ ယူဆကောင်းယူဆနိုင်ပါတယ်။ တကယ်လက်တွေ့က ဒီထက်ပိုဆိုးပါတယ်။ ကျနော့်အနေဖြင့် မြန်မာနိုင်ငံသားတစ်ဦးဖြစ်လို့ Third World Country ရဲ့ အနိမ့်ဆုံးကနေ ပိုပြီးတိုးတက်စေချင်ပါတယ်။ ဒါပေမယ့် ဒီလိုအခြေခံဥပဒေမျိုးနဲ့တော့ တိုးတက်ဖို့ မမြင်ပါဘူး။ ဒီအတွက် အခုမေတ္တာရပ်ခံစာကို ပေးပို့ရခြင်းဖြစ်ပါတယ်။

စင်ကာပူရောက်တဲ့ မြန်မာတွေ WP နဲ့နေနေ၊ EP နဲ့နေနေ၊ PR နဲ့နေနေ citizen ခံခံ မြန်မာဟာ မြန်မာပဲလို့ ယုံကြည်ပါတယ်။ အားလဲကိုးပါတယ်။ ကမ္ဘာပေါ်မှာ မြန်မာအများဆုံး ရောက်နေတဲ့ First World Country၊ မြန်မာပြည်နဲ့အနီးဆုံး၊ မြန်မာပြည်နဲ့ဆက်သွယ်မှု့ အများဆုံး၊ ပညာတတ်မြန်မာအများဆုံး၊ အမှန်တရားကို လိုလားတဲ့မြန်မာလူငယ်တွေ အများဆုံးရောက်နေတဲ့ နိုင်ငံပါ။ ခင်ဗျားတို့ ပြန်လာသည်ဖြစ်စေ ပြန်မလာသည်ဖြစ်စေ မြန်မာဖြစ်တယ် ဆိုတာနဲ့ ဒီအခြေခံဥပဒေဟာ တနည်းမဟုတ် တနည်းပတ်သက်နေရမှာပါပဲ။ အနည်းဆုံးခင်ဗျားတို့ရဲ့ မိဘဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေ မြန်မာပြည်မှာ ကျန်နေရင် ပတ်သက်ရမှာပါပဲ။

ခင်ဗျားတို့ ဘာတွေလုပ်ပေးနိုင်ပါသလဲ
2008 April 25th, 26th, 27th, 28th, 29th, မှာစင်ကာပူ မြန်မာသံရုံးမှာ မြန်မာများ ကြိုတင်မဲပေးလို့ ရပြီလို့ သိရပါတယ်။ မဲသွားပေးစေချင်ပါတယ်။ တကယ်ပဲကောင်းတယ်လို့ ယူဆပြီး ထောက်ခံမဲ (Â)ပေးရင်လဲ လူကြီးမင်းတို့သဘောပါ။ ကျနော့်အနေနဲ့ ကောင်းမွန်တဲ့ community မှာနေနေရတဲ့ စင်ကာပူရောက် မြန်မာအများစုအနေနဲ့ မြန်မာနိုင်ငံကိုလဲ ဒီလိုကောင်းမွန်တဲ့ community ပဲဖြစ်စေချင်တယ်။ အခုမဲပေးရမယ့် အခြေခံဥပဒေမျိုးကို မကြိုက်တဲ့ လူတွေလို့ပဲ နားလည်ပါတယ်။ ကြိုက်လို့ပဲ ထောက်ခံမဲ(Â) ပေးပေး၊ မကြိုက်လို့ပဲ (X) ကြတ်ခြေခတ်ခတ် သွားပေးစေချင်ပါတယ်။ ခင်ဗျားတို့ ပေးတဲ့ ကန့်ကွက်မဲ (X) တွေထောက်ခံမဲ (Â) ဖြစ်သွားခဲ့ရင်တောင်ခင်ဗျားတို့ တာဝန်မဟုတ်ပါဘူး။ တပ်မတော် အစိုးရ၊ သံရုံးကလူတွေ၊ ကော်မရှင်တွေရဲ့ တာဝန်သာဖြစ်ပါလိမ့်မယ်။ ခင်ဗျားတို့ သမိုင်းပေး တာဝန်ကိုသာ ကျေပွန်ပါစေလို့ မေတ္တာရပ်ခံအပ်ပါတယ်။

ပြီးရင် ကန့်ကွက်မဲတွေ ဘယ်လောက်ဆိုတာအတတ်နိုင်ဆုံး စုစည်းပြီး Blog များ website များမှာ တင်စေချင်ပါတယ်။ 25၊ 26၊ 27၊ 28၊ 29၊ ကိုအသံလွှင့်ဌာနများကလည်း စိတ်ဝင်တစား ဖော်ပြမယ်လို့ ယုံကြည်ပါတယ်။ ကျနော်အနေနဲ့တော့ စင်ကာပူက မဲပေးတဲ့လူအများစုဟာ ကန့်ကွက်မဲ (X) ဖြစ်မယ်လို့ ယူဆရပါတယ်။ ခင်ဗျားတို့ရဲ့ အသံဟာ မြန်မာပြည်မှာ ပြန်ဟိန်းနိုင်ပါတယ်။ လူသန်း (၅၀)လုံး မသိရင်တောင်မှ လူ (၅သိန်း) (၁သန်း) ကိုသိစေနိုင်ပါတယ်။ တပ်မတော် အစိုးရသိစေနိုင်ပါတယ်။ ပြည်သူလူထုထဲက တချို့ဖြစ်တဲ့ စင်ကာပူကလူအများစုကတော့ မကြိုက်ကြောင်း သူတို့ကို သိစေနိုင်ပါတယ်။ ခင်ဗျားတို့သည် မြန်မာပြည်ရဲ့ အကြိုမဲပေးခြင်းဆိုတာ မမေ့ကြစေလိုပါ။ အလေးအနက်ထားကြစေချင်ပါတယ်။ မြန်မာပြည်ကလူတွေကစင်ကာပူမှာ ကျောင်းနေခွင့်ရတဲ့လူတွေ၊ စင်ကာပူ မှာအလုပ်လုပ်ခွင့်ရတဲ့ လူတွေကိုဆိုရင်အထင်ကြီး တတ်ကြပါတယ်။ ခင်ဗျားတို့က No (X) ဆိုရင် သူတို့လဲ ခင်ဗျားတို့ပေါ် အထင်ကြီးမှု့၊ အားကျမှု့နဲ့ ဘာထည့်ရမလဲ ဝေခွဲမရတာကနေ No (X) ဖြစ်နိုင်ပါတယ်။

စင်ကာပူက မြန်မာအများစုက mail တွေသုံးနိုင်ကြပါတယ်။ စင်ကာပူက လူငါသောင်း (၅၀၀၀၀)က တစ်ဦးကို မြန်မာပြည်က မိတ်ဆွေ၊ သူငယ်ချင်း ဆွေမျိုး (၁၀)ဦးကိုပဲ mail ပို့နိုင်တယ် ဆိုရင် မြန်မာ (၅)သိန်း ခင်ဗျားတို့ message ကိုရနိုင်ပါတယ်။ သူတို့သဘောတူရင် သူတို့က တီးတိုး ပြန်ပြောတဲ့ မြန်မာ (၅)ဦးစီ ထပ်ပြန့်သွားရင် မြန်မာ နှစ်သန်းခွဲ (၂.၅)သန်း ထံကိုပြန့်နိုင်ပါတယ်။ ပြန့်သွားမယ့် သူအားလုံး No (X) မယ်လို့မဆိုလိုပါ။ ခင်ဗျားတို့ message ရောက်သွားမှာတော့ အမှန်ပါပဲ။ သူတို့အတွက် စဉ်းစားစရာတော့ ရမှာပါ။

အခြားနိုင်ငံများက ရွှေမြန်မာများကို မအားကိုးလို့ မဟုတ်ပါ။ အားလုံးကိုအားကိုးပါတယ်။ အားလုံးလုပ်နိုင်လေလေ ကောင်းလေလေပါပဲ။ စင်ကာပူလို ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံတစ်ချို့ကတော့ USA, JAPAN, KOREA, UK နဲ့ နိုင်ငံတစ်ချို့ဖြစ်နိုင်ပါတယ်။ သူတို့လဲ email (သို့) fax (သို့) ph သုံးပြီး ကူညီနိုင်ကြပါတယ်။ စင်ကာပူကတော့ သေးသေးကျဉ်းကျဉ်း မြန်မာတွေ နီးနီးကပ်ကပ်ပိုရှိလို့ပါ။ သံရုံးကို မဲသွားပေးမယ်ဆိုရင်လဲ ပေးနိုင်ချေရှိတဲ့ အနေအထားရှိလို့ပါ။

First world Country မှ ရွှေမြန်မာများခင်ဗျား Third World Country ကမြန်မာများကို စာနာသောအားဖြင့် 25th,26th, 27th, 28th, 29th, မှာ စင်ကာပူမြန်မာသံရုံးကိုသွားပြီး vote No ကန့်ကွက်မဲ(X) ပေးပေးကြပါခင်ဗျား။

အားကိုးယုံကြည်စွာဖြင့်

မြန်မာနိုင်ငံသားတစ်ဦး

(သဘောသူတဲ့သူများက အခြားမြန်မာများကို mail ဆက်ပို့ပေးပါခင်ဗျာ)





Thursday, April 17, 2008

အထိန်းသိမ်းခံ နိုင်ငံရေး ခေါင်းဆောင်များ ဆန္ဒခံယူပွဲ မဲပေးခွင့်ရှိကြောင်း NLD ပြောဆို

16 April 2008
အောင်လွင်ဦး - အစီအစဉ်ကိုရယူရန် (MP3)

အောင်လွင်ဦး - နားဆင်ရန် (MP3)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထိန်းသိမ်းခံ နိုင်ငံရေး လှုပ်ရှားသူတွေ အနေနဲ့ မြန်မာစစ်အစိုးရရဲ့ သတ်မှတ်ပြဋ္ဌာန်းချက်တွေအရ မကြာခင် ကျင်းပ ပေးဖို့ရှိတဲ့ ဆန္ဒခံယူပွဲမှာ မဲပေးပိုင်ခွင့်ရှိတာကြောင့် သူတို့ကို ထိန်းသိမ်းထားရာက ပြန်လွှတ်ပေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က တိုက်တွန်းလိုက်ပါတယ်။ မနက်ဖြန်ကျရောက်တော့မယ့် မြန်မာ့ရိုးရာနှစ်သစ်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရှေ့ရှုပြီး ဆောင်ရွက်ဖို့ကိုလည်း အန်အယ်လ်ဒီက ပြောဆိုလိုက်တာပါ။ အကြောင်းစုံကို ဦးအောင်လွင်ဦး က တင်ပြပေးပါတယ်။

ရှေ့လ (၁၀) ရက်နေ့ ကျင်းပမယ့် လူထုဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရက ထုတ်ပြန် ကြေငြာထားတဲ့ ပြဋ္ဌာန်းချက်တွေအရ မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ ထိန်းသိမ်းခံ ထိပ်တန်း ခေါင်းဆောင်တွေ၊ နောက် ၈၈ မျိုးဆက်ကျောင်းသားတွေအပါအ၀င် နိုင်ငံရေး လှုပ်ရှားသူတွေ အနေနဲ့ ဆန္ဒမဲပေးဖို့ အခွင့်အရေးတွေ ရှိတယ်လို့ ပြောဆိုလိုက်တာပါ။

“ဒေါ်အောင်ဆန်းစုကြည်ရော ဦးတင်ဦးအပါအ၀င် နိုင်ငံတော် နှောက်ယှက်ဖျက်ဆီးခြင်းဆိုတဲ့ ဥပဒေအရ အိမ်မှာ ထိန်းသိမ်းထားခံရတဲ့သူတွေဟာ ထောင်ကျ အကျဉ်းသားမှ မဟုတ်ဘဲ။ ထောင်ကျ အကျဉ်းသမားမဟုတ်တဲ့သူ အားလုံးဟာ ဒီ ဆန္ဒမဲပေးပိုင်ခွင့်မှာ မဲပေးပိုင်ခွင့်ရှိပါတယ်။ အခုမှ ထောင်ကျ အကျဉ်းသားဆိုတာကို မပေးရဘူးလို့ ကန့်သတ်တာကို။ တကယ်ဆိုရင် ဟိုအရင် (၇၄)တုန်းကဆိုရင် သာသနာ့ဘောင်ဝင်ထားတဲ့ သူနဲ့ စိတ်ပေါသွပ်သူမှ တပါး ကျန်သူ အားလုံးကို မဲပေးခွင့်ပြုခဲ့တာပဲ။ ဥပမာ ပြစ်မှုတခုကြောင့် တရားရေးရုံး အမိန့်အရ၊ စီရင်ချက်အရ ထောင်ဒဏ် ကျခံနေရသူများ၊ ပြည်ပသို့ တရားမ၀င်ရောက်ရှိနေသူများ၊ နိုင်ငံခြားသားများဆိုတာ အခုမှ ပါလာတာကိုး။ ဒီအပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးတင်ဦးတို့တောင် မဟုတ်ပါဘူး။ မင်းကိုနိုင် တို့၊ ကိုကိုကြီးတို့ ကျောင်းသားခေါင်းဆောင်တွေလည်း ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးလို့ရပါတယ်။”

အန်အယ်လ်ဒီရဲ့ အထူးပြန်ကြားရေးအဖွဲ့ဝင် တဦးဖြစ်သူ ဦးသိန်းညွန့် ဖြစ်ပါတယ်။ ဒီလို သတ်မှတ် ပြဋ္ဌာန်းချက်တွေအရ ဆန္ဒမဲပေးပိုင်ခွင့် ရှိတယ်ဆိုပေမယ့် တကယ်တမ်း လွတ်လွတ်လပ်လပ် ဆန္ဒမဲ ပေးပိုင်ခွင့်တွေ ရှိမရှိကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့်လည်း မြန်မာ စစ်အစိုးရဖက်က သူတို့ကိုယ်တိုင် သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့အညီ မဆောင်ရွက်ဘူး ဆိုရင်တော့ ဆန္ဒခံယူပွဲအပေါ် အများပြည်သူက ယုံကြည်လက်ခံဖို့ ပိုလို့သာ ခက်ခဲစေလိမ့်မယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

“မဲပေးခွင့်ပြုရမှာကတော့ သူတို့ ဥပဒေအရရော၊ ထုတ်ပြန်ထားတဲ့ အသစ်ဥပဒေအရရောက ပေးကိုပေးရမှာပဲ။ မပေးဘူးဆိုရင် ဆန္ဒခံယူပွဲနဲ့ ပတ်သက်ရင် လူတွေရဲ့ ယုံကြည်မှုဟာ ပို၍ပို၍ လျော့သွားမှာပေါ့။ သူတို့ကို မဲပေးခွင့် ပြုလားမပြုလားဆိုတာ သူတို့ ပြဒါန်းထားတဲ့ ဥပဒေကို သူတို့ အတိအကျ ကျင့်သုံးသလား မကျင့်သုံးဘူးလား၊ ဒီဆန္ဒခံယူပွဲရဲ့ ယုံကြည်မှု ဘယ်လောက်ရှိလဲဆိုတာ ဖော်ပြမဲ့ သက်သေခံချက်တွေဖြစ်သွားမှာပါ။”

တကယ်တော့ အခြေခံဥပဒေမူကြမ်းတရပ်ကို အတည်ပြုနိုင်ဖို့ အခုလို ဆန္ဒခံယူပွဲတရပ်ကို မြန်မာ စစ်အစိုးရက ကျင်းပပေးမယ့် အပေါ် အန်အယ်လ်ဒီ အပါအ၀င် ဒီမိုကရေစီလိုလားသူတွေက ဆန့်ကျင်ကန့်ကွက်ထားကြတာပါ။ တိုင်းပြည်မှာ လက်တွေ့ကြုံနေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အထွေထွေ ပြဿနာတွေကို ကျော်လွှားနိုင်ဖို့ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်မှသာ အောင်မြင်မယ်လို့ အန်အယ်လ်ဒီ ဖက်ကယုံကြည်ထားကြောင်းလည်း ဦးသိန်းညွန့် က ပြောပါတယ်။ အထူးသဖြင့် ရိုးရာအတာသင်္ကြန်ကုန်ဆုံးပြီး နှစ်သစ်ကူးအခါသမယမှာ ဒီလို အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ပါလို့လည်း ဦးသိန်းညွန့် က တိုက်တွန်းလိုက်တာပါ။

“အမျိုးသား ပြန်လည်သင့်မြတ်ရေး ဘောင်အတွင်းကနေ တွေ့ဆုံဆွေးနွေးရေး မလုပ်ဘဲနဲ့ အခု ပုံစံအတိုင်း တဖက်သက် ဆောင်ရွက်မယ်ဆိုရင် ပြဿနာရဲ့ အဖြေရမှာ မဟုတ်ဘူး။ အကြပ်အတည်းကိုသာ နောက်ထပ် မွေးထုတ်တာပဲ ရမှာပဲ။ မြန်မာနှစ်သစ် အခါသမယ မနက်ဖြန် မှာ အမျိုးသား ယဉ်ကျေးမှုအရ ဘေးမဲ့ပေးရတဲ့ အလုပ်၊ သတ္တ၀ါတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရတဲ့ အလုပ်ဟာ ကျွန်တော်တို့ အမျိုးသားအစဉ်အလာပါ။ အဲဒီတော့ ကျွန်တော်တို့ဟာ ကိုယ့်အမျိုးသား ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းတယ်၊ အမျိုးသားချင်း ပြန်လည်သင့်မြတ်စေချင်တယ်ဆိုရင် အကောင်းဆုံးကတော့ နှစ်သစ်မှာ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ နောက်တခါ နှစ်ပေါင်းများစွာ ထောင်ကျပြီးမှ ဆက်လက်ဖမ်းဆီးထားတဲ့ ဒေါက်တာဒေါ်မေ၀င်းမြင့်တို့၊ ဒေါက်တာ သန်းငြိမ်းတို့ အပါအ၀င် အားလုံးသော နိုင်ငံရေး ခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ အကုန်လုံးကို အချုပ်ခန်းတံခါးတွေ၊ ထောင်တံခါးတွေကို ဖွင့်ပြီးတော့ မိဘရင်ခွင်၊ မိသားစု ရင်ခွင်ကို ပြန်ပို့်ပြီး တော့ တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ အတူလက်တွဲလုပ်ရမယ့် အင်အားစုတွေ အဖြစ် ဖိတ်ခေါ်နိုင်မယ်၊ ကမ်းလှမ်းနိုင်မယ်၊ လမ်းဖွင့်ပေးနိုင်မယ်ဆိုရင် လာမယ့် နှစ်သစ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံ တမျိုးသားလုံးအတွက် မင်္ဂလာလဲ ရှိပြီးတော့ အားလုံး ကြည်နှူးပျော်ရွှင်ရမယ့် နှစ်သစ်ဖြစ်မှာပါ။”

အန်အယ်လ်ဒီရဲ့ အထူးပြန်ကြားရေးအဖွဲ့ဝင် တဦးဖြစ်သူ ဦးသိန်းညွန့် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို နှစ်သစ်အခါသမယမှာ အမြန်ဆုံး ပြန်လွှတ် ပေးဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ဖို့ မြန်မာစစ်အစိုးရကို သူက တိုက်တွန်းသွား ခဲ့တာပါ။

source: VOA

Tuesday, April 15, 2008

ဒုတိယအကြိမ်မြောက် မဟာအတာသင်္ကြန်ပွဲတော် ကျင်းပခြင်း

မလေးရှားနိုင်ငံ၊ ကွာလာလမ်းပူမြို့လယ်ရှိ လူသိများသော ကိုတာရာယာကုန်တိုက်ဘေးတွင်ရှိသော (SM) ကုန်တိုက် ၆ထပ်တွင် ဒေသစံတော်ချိန် နံနက် ၁၁နာရီ မိနစ် ၃၀ မှ ညနေ ၅း၀၀ နာရီအချိန်ထိ NLD(LA)Malaysia မှ ကျင်းပသော ဒုတိယ အကြိမ်မြောက် မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်ကို အဖမ်းအဆီး များကြားထဲမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ဤပွဲသို့ လာရောက်ကြည့်ရှု့သူများမှာလည် များသောအားဖြင့် over still များဖြစ်ကြပြီး မြန်မာအတာသင်္ကြန်ပွဲတော်ကို ချစ်မြတ်နိုးလွန်းသည့် အတွက် စွန့်စွန့်စားစားဖြင့် လာရောက်ကြည့်ရှု့ အားပေးကြခြင်း ဖြစ်ပါသည်။


အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို (လွတ်မြောက်နယ်မြေ) မလေးရှား ဌာနခွဲ ဥက္ကဌ ကိုကျော်ကျော် မှ ပြောကြားပြီး အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ ပါတီအလံတော်အား အလေးပြုခြင်း နှင့် ပါတီ သစ္စာအဓိဌာန် (၄) ချက် ရွတ်ဆိုပြီး ကိုကျော်ကျော်မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။
အခမ်းအနား အစီအစဉ်များကို (န.အ.ဖ) လက်ထက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်များတွင် ပျောက်ကွယ် လုနီးပါး ဖြစ်သော သင်္ကြန် (သံကြပ်)၊ သင်္ကြန် ယိမ်းအကများ၊ တေးသီချင်းဖျော်ဖြေခြင်း၊ တစ်ခန်းရပ်ပြဇာတ်နှင့် တေးသရုပ်ဖော် အစီအစဉ်တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။


ကိုမင်းမင်း သီဆိုသော (ကြွကြွ ငရဲပြည်ကိုကြွ) တေးသီချင်းနှင့် အတူ NLD (LA) Malaysia ရဲဘော်များ ၀တ်ဆင်ထားသော (န.အ.ဖ) ဗိုလ်ချုပ်ကြီးများ၏ စစ်အင်္ကျီနှင့် ထမီဝတ်ပြီး ကပြဖျော်ဖြေသော (န.အ.ဖ) ယိမ်းတွင် လာရောက်ကြည့်ရှုသော ပရိတ်သတ်များ၏ လက်ခုပ်သံများသည် အခမ်းအနားကျင်းပသော ဇာတ်ရုံကြီးတစ်ခုလုံး ဖုံးလွှမ်းသွားသည်အထိ အားပေးခဲ့ပါသည်။
တစ်ခန်းရပ်ပြဇာတ်ဖြစ်သော “ ပြတ်ပြတ်သားသား ဆန့်ကျင့် ကန့်ကွက်ကြ” ပြဇာတ်တွင် ရဟန်း၊ရှင်လူ၊ ကျောင်းသား ပြည်သူများအား နအဖ စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းခဲ့သည့် သရုပ်ဖော်ပြကွက်တွင် ပရိတ်သတ်များသည် နအဖ စစ်အာဏာရှင်အပေါ် ပိုမိုစက်ဆုပ်ရွံရှာမှုများနှင့်အတူ ဒေါသပေါက်ကွဲသံများထွက်ပေါ် လာအထိ ဇာတ်ရုံကြီးတခုလုံး ဆူညံသွားခဲ့ပါသည်။

အခမ်းအနားကို နှစ်ပိုင်းခွဲကာ ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပထမပိုင်းအစီအစဉ် အပြီးတွင် ပွဲကို ခေတ္တရပ်နားကာ မြန်မာရိုးရာ သင်္ကြန်အစားအစာဖြစ်သော မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ သာကူကျောက်ကြောတို့နှင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။

နောက်ဆုံးအစီအစဉ်တွင် “အရေးကြီးပြီ ညီနောင်အပေါင်းတို့” သီချင်းဖြင့် ဖျော်ဖြေခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာအဆုံးသတ်ခဲ့ပါသည်။ ယင်းအခမ်းအနားသို့ မလေးရှားသို့ရောက်ရှိနေသော ရွှေမြန်မာများက အခက်အခဲမျိုးစုံကြားမှပင် လူပေါင်း ၇၀၀ ကျော် တက်ရောက်အားပေးခဲ့ပါသည်။


ပြည်တွင်းမှ ပေးပို့စာ

မှတ်ချက်။ ။ Email မှတဆင့် လက်ခံရရှိသောစာကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

2008 April 10 ရက်နေ့ အထိ ပြည်တွင်းအနေအထား

April 9 ရက်နေ့ မှာအစိမ်းရောင်စာအုပ်ဖုံးနဲ့ အခြေခံဥပဒေမူကြမ်းစာအုပ်ကို အများပြည်သူသို့ ရောင်းပါပြီ။ February လလယ်မှာ ရိုက်နှိပ်ခဲ့ပြီးပေမယ့် အဲဒီတုန်းက Gumbari, NLD, ဌာနဆိုင်ရာအကြီးအကဲများလောက်သာ ဝေခဲ့ပါသည်။ အများပြည်သူလူထု စာဖတ်ရလေ အခြေခံဥပဒေရဲ့ အားနည်းချက်တွေ ပိုသိတာများလေ ဖြစ်မှာစိုးလို့စောစောမရောင်းတာ ဖြစ်နိုင်ပါတယ်။ အခြေခံရမယ့်မူများနဲ့ကွဲလွဲပြီး ပြင်ဆင်ရေးခဲ့တဲ့ အခန်း (၁၂)မှာ အပိုဒ်တပိုဒ် အချက် တချက်ကိုတော့ ပြန်ပြင်ထားပါတယ်။ ပြင်တာကလဲ ပြီးစလွယ် နောက်ဆုံးမှာ စာရွက်ပိုင်းငယ်လေးကပ်ပြီး ဖော်ပြခဲ့ပါတယ်။ ဒါကတော့ ပုဒ်မ ၄၃၆(က)မှာ

``…ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ဆန္ဒမဲဖြင့်သာပြင်ဆင်ရမည်´´ဆိုသည့်စာကြောင်းကို ``…ဆန္ဒပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲ ဖြင့်သာပြင်ဆင်ရမည်´´ ဖြစ်သွားပါသည်။ (ထက်ဝက်ကျော် ထောက်ခံမဲဟု ရေးမထားပါ)



အခန်း (၁၄)က အပိုဒ်တပိုဒ် အချက် (၂)ချက်ကိုတော့ ပြန်မပြင်တော့ပဲ အခြေခံရမယ့် မူများနဲ့ ကွဲလွဲစွာ ဖော်ပြထားပါတယ်။ မူလအခြေခံမူဖော်ပြချက်က

``ဤဖွဲ့စည်းပုံအခြေခံဥပဒေသည်ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ထောက်ခံဆန္ဒမဲဖြင့် အတည်ပြုပြဌာန်းသည့် နေ့မှစ၍ နိုင်ငံတော် တစ်ဝှမ်းလုံး၌ အာဏာတည်သည်``ဟု ပါရှိပြီး

ပြန်မပြင်တော့သည့် ယခုပုဒ်မ (၄၄၁)မှာ

``ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲပေးသည့် ဆန္ဒမဲ၏ မဲအများဖြင့် အတည်ပြုပြဌာန်းလိုက်သည့် ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်အစည်းအဝေး စတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော်တစ်ဝှမ်းလုံး၌ အာဏာတည်သည်´´ ဟုဖော်ပြထားပါသည်။

ဒါကြောင့်ဆန္ဒမဲပေးခွင့်ရှိသူအားလုံးရဲ့ ၅၀%ကျော်မဲပေးမှ အထမြောက်မယ်။ မဲလာပေးတဲ့လူ ၅၀%မကျော်ရင်အထမမြောက်ဘူး။လာပေးတဲ့၅၀%ကျော်ထဲကထောက်ခံမဲတစ်ဝက်ကျော်ရမှအတည်ဖြစ်မယ်။ တနည်းအားဖြင့် ဆန္ဒမဲပေးခွင့်ရှိသူအားလုံးရဲ့ ၂၅.၀၂%ခန့် ထောက်ခံမဲရရင် အခြေခံ ဥပဒေအတည် ဖြစ်သွားပါမယ်။

၂၀၀၈ ဧပြီလ ၉ရက်နေ့ က ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေနဲ့ တာဝန်ရှိသူများက ရန်ကုန်တိုင်းက လူအများအပြားကိုဖိတ်ပြီးထောက်ခံမဲများများရဖို့ခေါ်ပြောတယ်လို့သိရပါတယ်။အဲဒီပွဲမှာ တာဝန်ရှိသူတစ်ဦးက အထက်ဖော်ပြခဲ့တဲ့ မဲလာပေးသူ ၅၀%ကျော်ဖို့ နဲ့ အတည်ပြုဖို့ ၂၅%ကျော် လိုကြောင်းရှင်းပြတယ်လို့ ဆိုပါတယ်။

ထပ်သိရတဲ့ထဲမှာ အရေးကြီးတဲ့ အချက် (၂)ချက်ပါတယ်။

(၁) မဲရေတွက်မှု့ ကိုနောက်ဆုံးမဲလာပေးသူ ၁၀ဦးရှေ့ မှာ ရေတွက်မယ်လို့ ပြောပါတယ်။ ဆန္ဒခံယူပွဲ ဥပဒေမှာ ဖော်ပြတာက ဆန္ဒမဲပေးခွင့်ရှိသူ အနည်းဆုံး (၁၀)ဦးရှေ့ တွင် ရေတွက်ရမယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းမှာ ရှင်းတာက နောက်ဆုံး (၁၀)ဦးကလွဲရင် မဲရေတွက်တာ မကြည့်ရဘူးလို့ ဆိုလိုပြီး ဥပဒေမှာက (၁၀)ဦးကျော်ကိုကျော်ရမယ်။ (၅၀)လည်းရတဲ့သဘောလို့ နားလည်ရပါတယ်။ မဲပေးခွင့်ရှိသူ ၄သန်းကျော်ရှိတဲ့ ရန်ကုန်တိုင်းမှာ ဒီလိုကျင့်သုံးမယ်လို့ ကြေညာရင် ကျန်ပြည်နယ်တိုင်းများလည်း ဒီလိုဖြစ်သွားနိုင်ပါတယ်။ ဒါကိုပြည်သူလူထုက ဥပဒေအတိုင်း မဲရေတာကိုဝင်ပြီး ကြည့်ကြဖို့လိုပါတယ်။

(၂) မဲရေတွက်ပြီးရင် ရတဲ့ Result ကိုအဲဒီမဲရုံမှာ မကြေညာဘူးလို့ ရှင်းပြကြောင်း ပြန်လည်သိရှိရတယ်။ ထောက်ခံမဲဘယ်လောက်၊ ကန့်ကွက်မဲဘယ်လောက်၊ ပယ်မဲဘယ်လောက် ဆိုတာမကြေညာဘူးဆိုရင် ပိုပြီး မရိုးသားတဲ့ သဘောဆောင်သွားပါမယ်။ ဒီလိုပဲ ရပ်/ကျေး၊ မြို့ နယ်၊ ခရိုင်၊ တိုင်း အဆင့်များမှာလည်း မကြေညာပဲ အားလုံးပေါင်းပြီးမှ ဗဟိုတစ်ခုထဲကပဲ ကြေညာမယ်လို့ သိရှိရပါတယ်။

မဲထည့်ပြည်သူလူထုက ကိုယ့်မဲရုံအခြေအနေကို လူတိုင်းသိချင်ကြမှာပါပဲ။ တစ်ကမ္ဘာလုံးမှာ အခြေခံလုပ်ထုံးလုပ်နည်းကို မြန်မာပြည်မှာ မလုပ်တဲ့သဘောပါပဲ။ မြန်မာ့တပ်မတော်ရဲ့ SPDC က free and fair လို့ ကြေညာပြီး တကယ်လုပ်နေတာ တလွဲပါပဲ။ တပ်မတော်အတွက်တော့ မကောင်းပါဘူး။ အာဖရိကတိုက်က ဇင်ဘာဆွေမှာတောင် ဒီထက်ပိုကောင်းတဲ့ အခြေအနေရှိတယ် ဆိုတာကို ပြည်သူလူထုနဲ့တပ်မတော်သားများသိရှိအောင် ၀ိုင်းဝန်းရှင်းပြစေလိုပါတယ်။

ဒီမိုကရေစီလိုလားသူများကဖြစ်နိုင်သမျှ နောက်ဆုံး(၁၀)ဦးထဲမှာ ပါအောင်ဆောင်ရွက်ကြဘို့၊ သိရတဲ့ မိမိရဲ့ ရပ်/ကျေးမဲစာရင်းများကို တဆင့်စကားတစ်ဆင့်နား ဖြန့် ချိဘို့ ၊ သိရှိရတဲ့ မဲစာရင်းများကို website များ blogger များထံပေးပို့ ဘို့ ကြိုတင်ပြင်ဆင်သင့်ပါပြီ။ website များ၊ blogger များနဲ့ အသံလွှင့် ဌာနများကလည်း အချင်းချင်း အပြန်အလှန်လဲလှယ် စုဆောင်းပြီး အနီးစပ်ဆုံးဖော်ပြကြဖို့ လိုပါတယ်။

ရပ်ကွက်မဲစာရင်းတွေ သင့်သလောက်ရရင်၊ အဲဒီမြို့ နယ်ရဲ့ မဲစာရင်းအသင့်အတင့်ရပါမယ်။ ဒီထက် ပိုကောင်းတဲ့နည်းတွေလည်း ရှိနိုင်ပါတယ်။ ၀ိုင်းစဉ်းစားစေချင်ပါတယ်။

ကျွန်တော်တို့ အားလုံး ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ယခုအခြေခံ ဥပဒေကတော့ မြန်မာများနှင့် ပက်သက်ရမှာ ဖြစ်ကြောင်း၊ ဒါကြောင့်သေသေချာချာ စဉ်းစားပြီး မိမိဆန္ဒကို ဖော်ပြဘို့ သိပ်ကိုအရေးကြီးကြောင်း ဆိုတဲ့ချဉ်းကပ်မှုနဲ့ အသံလွှင့်ဌာနများ၊ website များ၊ blogger များက ယခုဆောင်ရွက်နေတာထက် ပိုပြီး ကျိုးစားဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ Singapore, Thai, Malaysia, Korea, US, UK, India အစရှိတဲ့ မြန်မာအများစုရောက်နေတဲ့ နိုင်ငံများမှ ဒီမိုကရေစီရေး လိုလားသူအားလုံး မြန်မာပြည်ထဲက မိမိတို့ ရဲ့ မိတ်ဆွေ၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်းများကို email, fax, phone, စာတိုက်ကစာထည့် (သို့မဟုတ်) အခြားသင့်တော်တဲ့ နည်းများနဲ့ ပြန်ရှင်းပြစေလိုပါတယ်။ ထပ်ဆင့်ထပ်ဆင့် လုပ်နိုင်ရင်ပိုကောင်းပါမယ်။ ပိုမိုဆောင်ရွက်နိုင်တဲ့ အုပ်စုများက May watch အုပ်စု အသွင်များနဲ့ ဆောင်ရွက်လို့ လဲရနိုင်ပါတယ်။

အချိန်အများကြီး မရှိတော့တာရယ် ၁၉၉၀နောက်ပိုင်း မြန်မာပြည်သူလူထုဆန္ဒကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖော်ထုတ်နိုင်တဲ့တခုတည်းသော အခွင့်အရေးဖြစ်လို့ ၀ိုင်းပြီးကြိုးစားပေးစေလိုပါတယ်။ ပြည်တွင်းကလူများလဲ သူတို့လုပ်နိုင်သလောက်လုပ်နေပါပြီ။အားလုံး``ပြိုင်တူတွန်းလျှင်ရွေ့ နိုင်ပါသည်´´ လို့ မီးမောင်းထိုးပြပါရစေ။

အရင်ကတော့ No Vote, Vote No ငြင်းနေတာ ကိစ္စမရှိပါဘူး။ အခု NLD ပြောသလိုပဲ မဲရုံကို သွားပြီး အခြေခံဥပဒေကို မကြိုက်သူများက (X) ကန့်ကွက်မဲပေးဖို့ကိုပဲ ရှေ့ရှုစေလိုပါတယ်။ ဒီမိုကရေစီစနစ်မှာ သဘောထားကွဲလွဲတာ လက်ခံပေမယ့် ဒီအချိန်မှာ တွေဝေကုန်ရင် ပြည်သူလူထုအတွက် အကျိုးမရှိပါ။ USDA, စစ်တပ်၊တစညနဲ့ကိုအေးလွင်တို့လိုအုပ်စုများကတော့မဲရုံကိုအသေအချာသွားပြီး၊(ì) ထောက်ခံမဲပေးကျမှာ ဖြစ်လို့ မပေါ့ဆကျစေလိုပါ။

သံဃာတော်များကလည်း တပည့်ဒါယကာ၊ ဒါယကာများကို အတတ်နိုင်ဆုံး ရှင်းပြစေလိုပါတယ်။ ရဟန်း၊ သံဃာ ၄သိန်းခန့် ဆိုတဲ့ အင်အားက အတော့်ကိုကြီးမားပါတယ်။ ဂုဏ်သိက္ခာရှိပြီး၊ ပြည်သူလူထု လက်ခံနိုင်သူများရဲ့ ``ပြည်သူလူထုသို့……´´ ``တပ်မတော်သားများသို့…´´ ``ကော်မရှင်အဖွဲ့ ၀င်များသို့ ……´´``သံဃာတော်သို့များသို့…..´´စတဲ့ပန်ကြားချက်များလဲများများရရှိအောင်ကြိုးစားပေးပါ။ ကျွန်တော်အနေနဲ့သေချာပေါက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ (ဆရာ လူထုဦးစိန်ဝင်း၊ ရှမ်းခေါင်းဆောင် ဦးရွှေအုံးတို့ ရဲ့ အသံဟာ သင့်သလောက်အကျိုးရှိပါတယ်။)

နယ်တစ်ချို့မှာတော့ သက်ဆိုင်ရာ ရရကများ၊ USDA များ၊ တချို့နေရာမှာ တပ်မတော်သား တချို့က မဲပေးကိုပေးရမယ်၊မဲမပေးရင်(ထောက်ခံမဲမပေးရင်)ထောင်ချမယ်ဆိုတဲ့ခပ်တည်တည်ဟောက်စားတချို့ လဲစနေ ပါပြီ။ NLD လဲလှုပ်ရှားဘို့ မလှယ်လို့ ကိုယ့်အားကိုယ်ကိုးရပါလိမ့်မယ်။ ကိုယ်အားဆိုတာ ပြည်တွင်းမှ မြန်မာများ ပြည်ပမှ မြန်မာများနှင့် မြန်မာအသံလွှင့်ဌာနများနှင့် media များကိုဆိုလိုကြောင်းပါခင်ဗျာ။


(ပြင်ပမှ ယခုဆောင်ရွက်ပေးနေတာကို ကျေးဇူးတင်ပါတယ်။ ဒီထက်ပိုပြီး အားထည့်ပေး စေလိုတဲ့အတွက် အားကိုးရေးသားရခြင်းဖြစ်ပါတယ်။)


Monday, April 14, 2008

ကန့်ကွက်မဲသီချင်း


ကမ္ဘာကျော် Golden Gate Bridge တွင် တိဘက်-မြန်မာများ စုပေါင်းဆန္ဒပြခြင်း

ပြီးခဲ့သည့် ဧပြီလ(၁၀)ရက်နေ့က အမေရိကန် San Franciscoရှိ ကမ္ဘာကျော် Golden Gate Bridge တွင် တိဘက်၊ မြန်မာ များ ဘုန်းတော်ကြီးများ လူ(၅၀၀)ကျော်ခန့် တရုတ် Olympic အား သပိတ်မှောက် ချီတက်ဆန္ဒပြကြပါသည်။ မြန်မာ့ဒီမိုကရေစီလိုလားသူများက "Long live Aung San Suu Kyi , long live Aung San Suu Kyi ,"၊ "Free, Free, Free Burma! Free, Free, Free Burma!" ဟူသော ကြွေးကြော်သံများဖြင့် ချီတတ်ဆန္ဒပြကြကြောင်းသိရှိရပါသည်။

Sunday, April 13, 2008

ရွှေဝါရောင် သံဃာတော်များနှင့် အမေရိကန်အမတ်များတွေ့ဆုံ

ဓာတ်ပုံသတင်း - မိုးမခ

(ဧပြီ ၁၂၊ ၂၀၀၈)၂၀၀၈၊ ဧပြီ ၁၀ ရက်နေ့က၊ ဆီနိတ်တာ မစ်ခ်ျမက္ကောနာနှင့် ရွှေဝါရောင်သံဃာ ၂ ပါးတို့ ၀ါရှင်တန် လွှတ်တော်ရုံးခန်းတွင် တွေ့ဆုံကြသည်။ ထို့နောက်တွင် ဆီနိတ်တာ ရစ်ချတ် ဒါဘင် (လက်ထောက် ဆီနိတ်လူ များစုခေါင်းဆောင်)နှင့် တွေ့ဆုံခဲ့ကြသည်။ ၂၀၀၈၊ ဧပြီ ၁၁ ရက်နေ့က၊ ခရစ်တိုဖာဟီးလ်၊ ဒေးဗစ် ကရိမ္မာ (ဒုတိ ယ နိုင်ငံတော်အတွင်းဝန်များ)၊ စကော့ မားစီအဲလ် (အာဆီယံနိုင်ငံများဆိုင်ရာ သံအမတ်) တို့နှင့် ရွှေဝါရောင်သံဃာတော် (၂)ပါးနှင့် တွေ့ဆုံခဲ့သည်။ အမေရိကန် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က ကိုအောင်ဒင် က အဆိုပါ အစီအစဉ်များအတွက် ၀ိုင်းဝန်းဆောင်ရွက်ပေးခဲ့သည်။

Saturday, April 12, 2008

အခြေခံဥပဒေသုံးသပ်ချက်ဆိုင်ရာ စာရွက်စာတမ်းများ ပျံနှံ့နေ

မြန်မာနိုင်ငံအတွင်း လျှို့ဝှက်ဖြန့်ဝေနေကြသော စာအုပ်ငယ်များ။
ပုံတွင် တွေ့ရသော စာအုပ်ငယ် ၂အုပ်တွင် စာမျက်နှာ ၃၃ မျက်နှာစီပါရှိပြီး၊ စစ်အစိုးရ စိတ်တိုင်းကျ ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအကြောင်း ဝေဖန်သုံးသပ်ထားသည့် ပြတ်ပြတ်သားသား ဆန့်ကျင်ကြပါစို့အမည်ရှိ စာတမ်းတစ်စောင်ကို ထည့်သွင်းပုံနှိပ်ထားသည်။ မျက်နှာဖုံးတွင် သာသနာဖျက်အာဏာရှင်အစိုးရကို ဆန့်ကျင်ကြ၊လူသတ်သမားအာဏာရှင်အစိုးရကို ဆန့်ကျင်ကြကျောင်းသားလူငယ်များ ဒီမိုကရက်တစ်အစည်းအရုံး(မြန်မာနိုင်ငံ) စသဖြင့် ဖော်ပြထားသည်။ (ဓာတ်ပုံ-မိုးမခ)

၂၀၀၈ သင်္ကြန်စာ


မိုးသောက်ကြယ်

ကန့် ကွက်မဲပေးကြစို့  (Vote No)




http://jp.youtube.com/user/thadarmayမှ ကူးယူဖော်ပြပါသည်။