Saturday, January 12, 2008

အင်းစိန်ထောင်တွင်း နောက်ဆုံးအခြေအနေ

ကိုမင်းကိုနိုင် ၊ ကိုသိန်းဆွေ တို့ အခန်းမှာရေချိုးခန်းရှိတယ်။ ဒီတော့သူတို့ ကို အပြင်မထွက်ရဘူးဆိုပြီ နအဖ ကလုပ်ထားတယ်။ သူတို့ လမ်းလျှောက်ခွင့် လုံးဝမရကြဘူး။ အပြင်ကိုလုံးဝမထွက်ရဘူး။

အရှင်သုတဥာဏ.၊ ကိုကိုကြီး ၊ ကိုဌေးကြွယ် ၊ ကိုမြအေး ၊ ကိုမာကီး ၊ ကိုဂျင်မီ တို့ အခန်းတွေမှာတော့ ရေချိုးခန်းမရှိဘူး။ ဒီတော့သူတို့ ကိုအပြင်ထွက်ပြီးရေချိုးခွင့်ရကြတယ်။ ရေချိုးတဲအချိန်လေးမှာသူတို့ လမ်းလျောက်ခွင့် နည်းနည်းပါးပါးရတယ်။ မျက်နာသစ်ချိန် ၁၅ မိနစ်၊ ရေချိုးချိန်က ၁နာရီ။
ကိုလှမျိုးနောင်အခြေအနေက အဆိုးဝါးဆုံးဖြစ်နေတယ်။ သူရဲ့ ညဖက်မျက်လုံးက ကွယ်လုနီးပါးဖြစ်နေတယ်။ ဆေးဝါးကုသခွင့် မရဘူး။ ဆေးရုံတက်ဆေးကုသခွင့်မရဘူး။ သူကိုစစ်ကြောရေးလုပ်စဉ်က ရိုက်နက် ညင်းပန်းခဲ့ကြတယ်။သူထွက်ချက်တွေကို ရဲထောက်လှမ်းရေးခွေးတွေက လက်မှတ်ကိုအတင်းအကြပ်ထိုးခိုင်းတယ်။ သူကမထိုးပဲ ငြင်းဆန်ခဲ့တဲ့အတွက် သူမျက်နာကိုရိုက်နက်ခဲ့တယ်။ ညာဖက်မျက်စိ ထိခိုက်သွားပြီး ကွယ်မလိုဖြစ်နေပြီ။ ဒါဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်။ ဒီကိစ္စအတွက်တာဝန်အရှိဆုံးက ကတော့ နအဖ ဖြစ်တယ်။

0 comments: