Sunday, January 13, 2008

ဗုံးကွဲ ပြန်ပြီ

ဇန်န၀ါရီလ ၁၃ ရက် နေ့  ၇ နာရီ ခန့် တွင် ဖြူးမြို့ ညောင်ပင်သာ ဘောလုံးကွင်း မှာ အလွန်ပြင်းထန်တဲ့ ဗုံးတလုံးပေါက်ကွဲသွားခဲ့ပါတယ်။ ပျဉ်းမနားမှာ စေလွတ်ထားတဲ့ စွမ်းအားရှင် အဖွဲ့ ဝင် ၄ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့နအဖကိုယ်စားလှယ်ဗိုလ်မူးချုပ်အောင်ကြည်တို့တွေ့ဆုံမှုဖြစ်ပြီးမကြာခင်မှာခုလိုဗုံးကွဲမှုဖြစ်ပွားလာတဲ့အတွက်နိင်ငံရေးအကဲခတ်များကနအဖလက်ချက်လားလို့သံသယရှိနေကြပါတယ်။နအဖကနိင်ငံတော်လုံခြုံရေးမကောင်းသေးလို့  အကြောင်းပြပြီး တွေ့ ဆုံဆွေးနွေးပွဲကို အချိန်ဆွဲလေ့ရှိလို့ ဖြစ်ပါတယ်။ ဒီဗုံးကွဲ မှု နဲ့ ပတ်သက်ပြီး ကေအင်ယူ တပ်မဟာ၃၊တပ်ရင်း၈မှာတပ်ကြပ်စောဒီသောမူးလက်ချက်လို့စွပ်စွဲထားပါတယ်။ကေအင်ယူတပ်မဟာသုံးလှုပ်ရှားတဲ့နယ်မြေကဖြူးကိုလက်လှမ်းမီနိင်တဲ့အနေထားမှာရှိတဲ့အတွက်ကေအင်ယူကိုစွပ်စွဲတာဖြစ်နိင်ပါတယ်။ ဒါဟာ တပတ်အတွင်းမှာ ဒုတိယအကြိမ်မြောက်ဗုံးပေါက်ကွဲခြင်းဖြစ်ပါတယ်။ ပထမအကြိမ်ဗုံးပေါက်ကွဲမှု က နအဖ အမာခံနယ်မြေဖြစ်တဲ့ ကြပ်ပြေး မြို့  မှာပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

0 comments: