Friday, February 29, 2008

ပြတ်ပြတ်သားသား ကန့်ကွက်ကြပါ

အဖွဲ့ ချုပ်အထူးကြေညာချက် ၂၊၀၂၊၀၈

Thursday, February 28, 2008

ခေတ်ပေါ်နားပန်ဆံသီချင်း

Wednesday, February 27, 2008

အမေရိကန် ဒဏ်ခတ်အရေးယူသည့် စီးပွားရေးသမားစာရင်းထဲ လော်စစ်ဟန် သားအဖ ထပ်တိုး

အေးရှားဝါးလ်ဒ်ကုမ္ပဏီပိုင်ရှင် လော်စစ်ဟန်နဲ့ သားဖြစ်သူအပါအ၀င် သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေ၊ ကုမ္ပဏီတွေကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပါပြီ။ ဒါဟာ ဦးတေဇအပါအ၀င် သူနဲ့ ဆက်စပ်သူတွေ၊ စီးပွားရေးလုပ်ငန်းတွေကိုဖေဖော်ဝါရီလ ၅ ရက်နေ့က ဒဏ်ခတ်အရေး ယူလိုက်ပြီးတဲ့နောက် ရက် ၂၀ အတွင်း ဒုတိယမြောက် ဒဏ်ခတ်အရေးယူတာဖြစ်ပါတယ်။ ဦးကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

ခုတကြိမ်မှာလည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အချက်အလက် အသေးစိတ် အပြည့်အစုံနဲ့အတူ ဒဏ်ခတ်အရေးယူတဲ့စာရင်းကို ထုတ်ပြန်ခဲ့တာပါ။ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထွက်လာပြီးမရှေးမနှောင်းမှာပဲ အမေရိကန်သမ္မတရဲ့ ထုတ်ပြန်ချက်လည်း အိမ်ဖြူတော်ကနေ ထွက်လာခဲ့ပါတယ်။

သမ္မတရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ရာမှာ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဂေါ်ဒွန်ဂျွန်ဒရိုး (Gordon Johndroe) က ဒီမိုကရေစီနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စစ်အစိုးရက လိုအပ်တာတွေ မလုပ်ဆောင်ဘူးဆိုရင် နောက်ထပ် ဒဏ်ခတ် အရေးယူတာတွေ ထပ်လုပ်သွားမယ်လို့ ပြောပါတယ်။“သမ္မတဘုရှ်ရဲ့ ထုတ်ပြန်ချက်က အင်မတန်ရှင်းပါတယ်၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဒီမိုကရေစီ အသွင်ကူးပြောင်းတာကို သူက မြင်တွေ့ချင်တာပါ။ မြန်မာစစ်အစိုးရဟာ မြန်မာပြည်သူလူထုအတွက် မှန်ကန်တဲ့လုပ်ရပ်တွေကို လုပ်ဆောင်လိမ့်မယ်လို့ကျနော်တို့ တကယ့်ကို မျှော်လင့်ပါတယ်။ ကိုယ့်ပြည်သူလူထုအတွက် လိုအပ်တာကို လုပ်ဆောင်ရမှာက မြန်မာစစ်အစိုးရပါ။ မြန်မာလူထု ဘ၀တိုးတက်ဖို့ လိုအပ်တဲ့လုပ်ဆောင်မှုတွေကို မလုပ်ဘူး၊ ဒီမိုကရေစီကို ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးလိုအပ်တာတွေ မလုပ်ဆောင်ဘူးဆိုရင် နောက်ထပ် ဒဏ်ခတ်အရေးယူမှုတွေလုပ်ဖို့ အမေရိကန်ပြည်ထောင်စုက ပြင်ဆင်ထားသလို ကုလသမဂ္ဂမှာလည်း အရေးယူ လုပ်ဆောင်သွားပါမယ်။

”မြန်မာပြည်သူလူထုဟာ စစ်အစိုးရရဲ့ မှားယွင်းချွတ်ချော်တဲ့ အုပ်ချုပ်မှုအောက်မှာ ဘေးဒုက္ခရောက်နေရချိန် စစ်အစိုးရအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့အပေါင်းပါတွေကတော့ချမ်းသာသထက် ချမ်းသာလာကြတာကြောင့် အဲဒီလူပုဂ္ဂိုလ်တဦးချင်းစီကို တိုက်ရိုက်ပစ်မှတ်ထားပြီး အမေရိကန်ပြည်ထောင်စုက အရေးယူတာဖြစ်တယ်၊ ဒါဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေကို မြှင့်တင်ရေး အမေရိကန်မူဝါဒရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့ အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ဖြော်ပထားပါတယ်။

မြန်မာစစ်အစိုးရက ကိုယ့်ပြည်သူလူထုကို အကြမ်းဖက် ဖိနှိပ်အုပ်ချုပ်တာကို မရပ်ဆိုင်း ဘူးဆိုရင်တော့ အဲဒီလိုအုပ်ချုပ်မှုကို ခိုင်မြဲအောင် ကျားကန်ပေးနေပြီး အဲဒီကနေအကျိုးအမြတ်တွေ မတရားရယူနေတဲ့ စတီဗင်လောလို လူမျိုးတွေကို တိုက်ရိုက်ပစ်မှတ်ထားပြီး ဆက်အရေးယူသွားမယ်လို့ အကြမ်းဖက်မှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စတူးဝပ်တ် လီဗေး (Stuart Levey)ကလည်း ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

အခုချမှတ်တဲ့ စီးပွားရေးဒဏ်ခတ်မှုတွေဟာ လူတဦးချင်းစီကို တိုက်ရိုက် ပစ်မှတ်ထား တာဖြစ်တဲ့အတွက် လူထုများရာစုကြီးကို ထိခိုက်မှုမရှိဘဲ ပစ်မှတ်ထားသူတွေကိုသာ ထိခိုက်ပါတယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့(USCB) ရဲ့ မူဝါဒရေးရာညွှန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပါတယ်။“ဒီစီးပွားရေးပိတ်ဆို့မှုက ပုဂ္ဂိုလ်တယောက်ချင်းရဲ့ ကြွယ်ဝချမ်းသာမှုကို ပစ်မှတ်ထားတာကိုး။ လော်စစ်ဟန်တို့ စတီဗင်လောတို့ သူတို့မှာ မသမာတဲ့နည်းနဲ့ ရရှိထားတဲ့ငွေကြေးဥစ္စာ အမြောက်အမြားရှိတယ်။ အဲဒီငွေကြေးတွေကိုလည်း နိုင်ငံပြင်ပမှာ၊စင်ကာပူ၊ ထိုင်း အစရှိတဲ့ နိုင်ငံတွေမှာ ဟန်ပြကုမ္ပဏီတည်ထောင်ပြီး၊ ငွေစာရင်းတွေဖွင့်ပြီး မြှုပ်နှံစုဆောင်းထားတာရှိတယ်။ အဲဒီစုဆောင်းမှုတွေနဲ့ပဲ နအဖဗိုလ်ချုပ်တွေကို သူတို့က ငွေရေးကြေးရေး ထောက်ပံ့တယ်။ လိုအပ်ရင် လိုအပ်သလို လက်နက်တွေဝယ်ယူပေးတယ်။ စသဖြင့် နအဖဗိုလ်ချုပ်တွေအတွက် သူတို့က အလုပ်အကြွေးပြုနေကြတာကိုး။ အခုလို ပုဂ္ဂိုလ်တယောက်ချင်းရဲ့ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားပြီးအရေးယူပိတ်ဆို့တာအားဖြင့် အများပြည်သူကို ဘယ်လိုမှ ထိခိုက်မှာမဟုတ်ပါဘူး။

”တိုက်ရိုက်ပစ်မှတ်ထားတဲ့ စီးပွားရေးသမားတွေအပြင် ဒီစီးပွားရေးသမားတွေနဲ့ဆက်စပ်နေတဲ့၊ ဒီစီးပွားရေးသမားတွေကြောင့် ချမ်းသာကြွယ်ဝနေတဲ့ မြန်မာစစ်ဗိုလ် ချုပ်တွေကိုလည်း ဒီလို ဒဏ်ခတ်အရေးယူမှုတွေက ထိခိုက်စေပါတယ်လို့ ဦးအောင်ဒင်က ဆက်ပြောပါတယ်။“နအဖစစ်ခေါင်းဆောင်တွေရဲ့ စီးပွားရေး၊ ကြွယ်ဝချမ်းသာမှုကို အခုက ပိုပြီး ပစ်မှတ်ထားပါတယ်။ အခု မြန်မာနိုင်ငံတွင်းမှာ နအဖစစ်ခေါင်းဆောင်တွေ၊ သူတို့ရဲ့မိသားစုဝင်တွေ ကလေးတယောက်ရဲ့ တနေ့မုန့်ဖိုးတောင်မှ သိန်းနဲ့ချီသုံးနေကြတာ။ အာရှနိုင်ငံတွေကိုလည်း လွယ်လွယ်ကူကူ ခရီးထွက်ပြီး ခရက်ဒစ်ကတ်နဲ့ ထင်သလို ချယ်လှယ်သုံးစွဲနေတာမျိုး။ ဒီလောက်ကြွယ်ဝချမ်းသာမှု အများကြီးကို နအဖစစ်ခေါင်းဆောင်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ ရရှိလာတာပါ။ သူတို့ရရှိနေတဲ့ နိုင်ငံတော်ကပေးတဲ့ လခနဲ့ သူတို့ ဒီလိုနေလို့မရဘူး။ အခုလို သူတို့ကို အလုပ်အကြွေးပြုနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ကျနော်တို့က ပိတ်ဆို့ဟန့်တားခြင်းအားဖြင့် ဒီစီးပွားရေးလုပ်ငန်းရှင်တွေက နအဖဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကိုထောက်ပံ့နေရတဲ့ အတိုင်းအတာက ခါတိုင်းထက်ပိုပြီးတော့ လျော့နည်းလာမှာသေချာပါတယ်။”အခုလို အမေရိကန်ပြည်ထောင်စုကချမှတ်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေကနေတဆင့်နိုင်ငံတကာက တညီတညွတ်တည်းချမှတ်တဲ့ အရေးယူမှုတွေ ဖြစ်လာနိုင်ပါတယ်လို့လည်း ဦးအောင်ဒင်က ပြောပါတယ်။

မနေ့ကထုတ်ပြန်ခဲ့တဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဒဏ်ခတ်အရေးယူမှုစာရင်းထဲမှာ လော်စစ်ဟန် (Lo Hsing Han)၊ သူ့ရဲ့သားဖြစ်သူ စတီဗင်လော(Steven Lo)၊ စတီဗင်လောရဲ့ဇနီးဖြစ်သူ စီစီလီယာလော (Cecilia Lo) နဲ့ သူတို့တွေ လည်ပတ်လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေပါဝင်ပါတယ်။အဲဒီထဲမှာ အေးရှားဝါးလ်ဒ် ကုမ္ပဏီလီမိတက်၊ အေးရှားလိုက်တ်ကုမ္ပဏီလီမိတက်၊အေးရှားဝါးလ်ဒ်ကုန်ထုတ်လုပ်ငန်း၊ အေးရှားဝါးလ်ဒ် ဆိပ်ကမ်းစီမံခန့်ခွဲမှုလုပ်ငန်းတို့အပြင် စီစီလီယာလော စီမံခန့်ခွဲလုပ်ကိုင်နေတဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီဆယ်ခုလည်း ပါဝင်ပါတယ်။ဒါ့အပြင် ဦးတေဇပိုင် အော်ရီယမ်ပဲလေ့စ် (Aureyn Palace) ဟိုတယ်နဲ့ အပန်းဖြေစခန်းနဲ့ မြန်မာ Treasure အပန်းဖြေစခန်းတို့ကိုလည်း အခုဒဏ်ခတ်မှုစာရင်းထဲမှာ ထပ်မံထည့်သွင်းထားပါတယ်။

မကြာသေးခင်ကလည်း မြန်မာပြည်တွင်း ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေကဦးတေဇပိုင် စီးပွားရေးလုပ်ငန်းတွေအပြင် မြန်မာစစ်ခေါင်းဆောင်တွေ၊ သူတို့မိသားစုတွေနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ကြဖို့ မြန်မာပြည်သူလူထုကို နှိုးဆော်ထားခဲ့တာဖြစ်ပါတယ်။

သင့်အားတပ်မတော်မှအလိုရှိသည်

Tuesday, February 26, 2008

ပြတ်ပြတ်သားသား ကန့်ကွက်ကြပါစို့

Read this doc on Scribd: Reject Sham Constitution F1[1]

မန္တလေး- ရတနာပုံဈေး မီးလောင်၊



၂၅၊၂၊၀၀၈-
မီးသတ်တပ်ဖွဲ့ဝင်တွေ မစွမ်းနိုင်တဲ့ အလုပ်ကို စက်တင်ဘာတုန်းက စစ်အစိုးရကို ဆန့်ကျင်ကာ ပြည်သူတွေ အတွက် မေတ္တာဓာတ်တွေ ပို့သ စီတန်းလမ်းလျှောက်ခဲ့ကြတဲ့ ရဟန်းသံဃာတော်များက ဒီတစ်ခါ ရတနာပုံဈေး မီးလောင်ရာမှာ လည်း စွမ်းဆောင်ပြခဲ့ပါတယ်။ရဟန်းသံဃာတော်တွေဟာ မီးသတ်ကားတွေပေါ် တက်ရောက်ကာ မီးသတ်ပိုက်ကို ကိုင်စွဲလို့တစ်မျိုး၊ ရတနာပုံဈေး အထပ်မြင့်ကြီးပေါ်ထိ အသက်ကို ပဓာနမထားဘဲ ရဲရဲဝံ့ဝံ့ တက်ရောက်ကာ ပစ္စည်းများ ကူညီ၊ သယ်ထုတ်ပေးခြင်းက တစ်ဖုံအမျိုးမျိုး၊ အစုံစုံ ပြည်သူ့ဘက်က ရပ်တည်ခဲ့ကြပါတယ်။

Monday, February 25, 2008

ပြည်သူလူထု စည်းလုံးညီညွတ်ကြပါ။


ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဂျပန်နိုင်ငံရှိ့ မြန်မာနိုင်ငံသားများ တွေ့ဆုံဆွေးနွေးပွဲ


၂၄ရက် ဖေဖေါ်ဝါရီလ၊ ၂၀၀၈ခုနှစ်

(၈၈) အရေးတော်ပုံအတွင်းမှာ ဦးဆောင်လှုပ်ရှားခဲ့ပြီး လက်ရှိ ပြည်ပနိုင်ငံ အသီးမှာ ရောက်ရှိနေကြတဲ့ ၈၈ ကျောင်း သား ခေါင်းဆောင်တချို့နဲ့ ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများ တွေ့ဆုံ ဆွေးနွေးပွဲတခု ကို ဖေဖေါ်ဝါ ရီလ ၂၄ရက် နေ့က တိုကျို။ အိခဲဘုကုရို ကုမင်းစင်တာ မှာ ညနေ ၅နာရီခွဲမှ ည ၉နာရီခွဲ အထိ ကျင်းပပြု လုပ်သွားခဲ့ကြ ပါတယ်၊

အခမ်းအနားကို အခမ်းအနားမှူး ဦးကိုကိုအောင်(DFB)မှ ဖွင့်လှစ်ပေးခဲ့ပြီး သဘာပတိအဖြစ် ဦးကျော်ကျော်စိုး (မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်) မှ တာဝန်ယူ ဆောင်ရွက်ပေးသွားခဲ့ပါ တယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံ၊ တိုက်ပွဲဝင်ခွပ်ဒေါင်းအလံ၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်များ နှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးသွားကြသော အာဇာနည်များကို အလေးပြုခြင်း များပြု လုပ်ခဲ့ပြီး အခမ်းအနားမှူးဖြစ်သူမှ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြတဲ့ ကိုထွန်းအောင်ကျော်၊ ကိုမိုးသီးဇွန်၊ ကိုကိုလေး၊ ကိုမူးသာတို့နှင့် တက်ရောက်လာသူများနှင့် မိတ် ဆက်ပေး ခဲ့ပါ တယ်၊

အခမ်းအနားမှာ ဂျပန် မှ မြန်မာ့ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေးအတွက် လှုပ်ရှား နေကြတဲ့ အဖွဲ့ အစည်းမှ တာဝန်ရှိသူတွေက မြန်မာပြည်အရေးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်သွားခဲ့ကြသလို ၈၈ကျောင်း သား ခေါင်းဆောင်များ(ပြည်ပ)ဘက်မှလည်း ဆွေးနွေးစကားပြောကြားခဲ့ကြပါတယ်၊အဲဒီဆွေးနွေးပွဲမှာ ၈၈မျိုးဆက် ကျောင်းသားများ (ပြည်ပ)၏ နိုင်ငံရေး သဘောထား ထုတ်ပြန်ချက်၁/၂၀၀၈ ကိုဖြန့်ဝေပေးသွားခဲ့ကြပြီး လက်ရှိ အာဏာရှင် စစ်အစိုးရရဲ့ တစ်ဖက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကို အတည်ပြု ဘို့အတွက် ၂၀၀၈ခုနှစ် မေလမှာ လူထုခံယူပွဲကျင်းပပြုလုပ်ပြီး ၂၀၁၀ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကြီးကိုကျင်းပပြုလုပ်ပြီး စစ်အစိုးရအသွင်မှ အရပ်သား အစိုးရ အဖြစ်သို့ ပြောင်းလဲမည့် ကြော်ငြာချက်ပေါ် ပြင်းထန်ထန်ကန့်ကွက်ထားသလို လူထုလှုပ်ရှားမှူကြီးဖြင့် တိုက်ပွဲဝင်သွား ကြဖို့လှုံ့ ဆော်ထားပါတယ်၊

အခမ်းအနားကို မြန်မာ့အရေး စိတ်ဝင်စားသူတွေ ၃၅၀ကျော်ခန့်  က တက်ရောက် ခဲ့ကြပြီး စစ်အစိုးရ ရဲ့ တစ်ဖက်သတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းနှင့် အရပ်သားအဖြစ် အသွင်ကူးပြောင်းမယ့်ရွေး ကောက် ပွဲစီမံကိန်းကို ဂျပန်မှာရှိနေတဲ့အင်အားစုတွေက ပြင်းပြင်းထန်ထန် ကန့်ကွက် တိုက်ပွဲဝင် သွားမယ် လို့ သိ ရှိရပါတယ်၊

Marylebone Road protest against Total Oppression in Burma



Ten protesters held a demonstration at Dorset House Total petrol station at 170-172 Marylebone Rd on Thursday calling on the French oil company to stop fuelling oppression in Burma with hundreds of millions of pounds a year to the brutal regime. Total has for many years been the largest western supporter of the military regime. Villagers forced as slave labour to build Total's gas pipeline nicknamed the soldiers oppressing them as the "Total Battalions".


A large "BEEP 4 BURMA. BOYCOTT TOTAL" banner was displayed for the heavy traffic along the Marylebone Road. Many vehicles beeped in support showing that they had not forgotten the suffering in Burma. The protesters also handed out leaflets and passers-by also gave their support in signing a petition.


Sunday, February 24, 2008

ထိုးစစ်ဆင်မှု၊ မြေမြုပ်မိုင်းများနှင့် တိုင်းရင်းသားများ၏ဘဝ


မူရင်းကိုhttp://khingkhant.blogspot.com/မှ ကူးယူပြီး အပိုင်း(၁) အပိုင်း(၂) ပေါင်းစပ်ထားပြီး တဆက်တည်းကြည့်ရူနိုင်ပါသည်။အပိုင်း(၁)ပြီးပါက more ကို တခါထပ်နှိပ်ပါ။ အပိုင်း(၂) ဆက်လက်ကြည့်ရူနိုင်ပါသည်။

စစ်အစိုးရ၏ ရက်စက်ယုတ်မာသောထိုးစစ်ဆင်မှုများ ကြောင့်ဒုက္ခ၊ သောကပေါင်းများစွာကိုခါးစီးခံစားနေရ သောကျွန်တော်တို့၏ ချစ်လှစွာသောတိုင်းရင်းသားညီအကိုမောင်နှမများ၏ ဘ၀လူ့အခွင့်အရေးဆုံးရှုံးနေသည့် ကျွန်တော်တို့တိုင်းပြည်မြန်မာနိုင်ငံတွင်လူဖြစ်လာမည့် ကျွန်တော်တို့၏မျိုးဆက်သစ်များအတွက် မိမိရောက်ရာဒေသမှ မိမိတတ်နိုင်တာထက်ကျွန်တော်တို့တိုင်းပြည်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် စုစည်းညီညွတ်စွာဖြင့် တိုက်ပွဲဝင်ကြပါစို့။

ကရင်အမျိုးသားခေါင်းဆောင်ပဒိုမန်းရှာ အောက်မေ့ဘွယ်အခမ်းအနားဂျပန်နိုင်ငံ၌ ယနေ့ပြုလုပ်


မြန်မာဒုက္ခသည်များ အကျိုးဆောင်ရှေ့နေ Shoogo Watanabe မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှ ထိုင်းနယ်စပ်သို့သွားရောက်ပြီး ပဒိုမန်းရှာနှင့် လုပ်ကြံခြင်းမခံရမှီ တွေ့ဆုံခဲ့ရပုံ ၊၀မ်းနည်းကြေကွဲကြောင်းအမှတ်တရ ပြောကြားနေပုံ။
Nhk ဂျပန်သတင်းထောက် ဦးရွှေဘမှ ၀မ်းနည်းကြောင်းပြောကြားနေစဉ်



ပဒိုမန်းရှာ ၀မ်းနည်းခြင်း အခမ်းအနားသို့ ဂျပန်နိုင်ငံသို့ရောက်ရှိနေသော ကိုထွန်းအောင်ကျော်၊ ကိုမိုးသီးဇွန်တို့လည်း လာရောက်တက်ရောက်ခဲ့ပါသည်။

သွေးသစ္စာ


ပဒိုမန်းရှာ
သူသေရှာပြီ။

သူသေသည်မှာ
“လူသေ”သေခြင်းဖြစ်ပါ၏။

လူသေခြင်းသည်
“မူ”သေခြင်းလည်းမဟုတ်ပါ။

လူသာသေလည်း
နာမည်သေမည်မဟုတ်ပါ။

လူကိုခွေးသတ်
ဇာတ်ကြောင်းထပ်လည်း
သတ်သူသာသေ၊ သေသူရှင်မည်
အာဇာနည်မျိုး သေရိုးမရှိ
ခေတ်၏ဆောင်ပုဒ်၊ အသစ်ထုတ်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခန်းမှ
မန်းရှာလာဖန်း၊ လုပ်ကြံခန်းထိ
သွေးလမ်းကြီးသည်၊ ခရီးရှည်ခဲ့
မညီသမျှ မဆုံးနိုင်။

ပဒိုမန်းရှာ၊ သွေးသစ္စာဖြင့်
ငါတို့လူထု၊ သစ္စာပြုစို့
ပြည်ထောင်စုဒီမိုကရေစီ
အောင်ရမည်။

သွေးစည်းညီညီ၊ ဆောင်ကြမည်။

(မောင်စွမ်းရည်)

ဆင်ဆာ အပိတ်ခံရသော သီချင်းတပုဒ်

အောက်တွင် နားထောင်ကြည့်ပါ။

ဘုရားစူးလိမ့်မယ်.mp3

ဤသီချင်းသည် နိုင်ငံရေးသီချင်းမဟုတ်ပါပဲ အဘယ်ကြောင့် ဆင်ဆာတင်ခွင့် မရသည်ကို သီဆိုသူမနွယ်နွယ်အားမေးမြန်းခဲ့ရာကျမတို့က နိုင်ငံရေးသီချင်းဆိုတာမဟုတ်ပါဘူး၊ ကျမတို့က နိုင်ငံရေးသီးချင်းဆိုခဲ့ရင်လည်း ဆင်ဆာတင်မှာမဟုတ်ပါဘူး အခုဟာက ဘာကြောင့်ဒီလိုဖြစ်မှန်မသိပါဘူးဟုဖြေကြားပါတယ်။

အခုလိုဆင်ဆာအပိတ်ခံရတာဘာကြောင့်လို့ ထင်ပါသလဲခင်ဗျာ
''မနွယ်နွယ်'' အခုဟာက ဆင်ဆာအပိတ်ခံရတယ်လို့လဲ ပြောဖို့ခက်ပါတယ်။ သူတို့က ဒီသီချင်းကို ဆင်ဆာမတင်ပါနဲ့လို့ ပြောတယ်၊ ဘာကြောင့်လဲလို့မေးတော့လဲ အထက်က မတင်ဖို့ပြောတာပါတဲ့ ဆင်ဆာပိတ်တာတော့ မဟုတ်ပါဘူးလို့ပြောတယ်။ ဒီသီချင်းထဲမှာ နိုင်ငံရေးနဲ့ပတ်သက်တာ လုံးဝမပါပါဘူး။ ဒါပေမယ် သီးချင်းနာမည်ကတော့ ဘုရာဆူးလိမ့်မယ် အဲဒါကြောင့်မို့လို့ထင်တယ်။ နောက်တစ်ခုက ကျမတို့က ၀ါသနာအရ ရေးကြ၊ ဆိုကြလုပ်တာဆိုတော့ ဆင်ဆာတင်တဲ့ အချိန်မှာလည်း တခြားသူတွေလို မလုပ်နိုင်တာတွေလည်း ရှိပါတယ်။

အခုဒီသီချင်းကို အပိတ်ခံရတာနဲ့ပါတ်သက်လို့ရော ဘာများပြောချင်ပါသလဲ
ဒီသီချင်းက ကျမ တို့ရဲ့ အကြိုက်ဆုံးသီချင်းတွေထဲမှာတော့ မပါပါဘူး။ ဒါပေမယ် ကိုလုပ်ထားတဲ့ အရာတစ်ခုကို အခုလို အလုပ်ခံရတာတော့ စိတ်ထဲမှာ တစ်မျိုးပေါ့နော်။ အဲဒါကြောင့် ကျန်တဲ့သီချင်းတွေကိုလည်း ဆက်မထုတ်တော့ဘူးလို့စိတ်ကူးထားတယ်။ဒီသီချင်းကို ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာကို ပြည်သူအများစုက ဆုံးဖြတ်ပေးကြပါ။ ကျန်တဲ့သီချင်းတွေက ဒီထက်ကောင်းပါတယ်အဲဒီသီချင်းတွေကိုလည်း ကျမတို့ဘက်က ရောက်အောင်ပို့ပေးပါမယ်။ အများပြည်သူနာဆင်နိုင်အောင်ဆောင်ရွက်ပေးပါလို့ပဲပြောချင်ပါတယ်။

Saturday, February 23, 2008

မဲဆောက်တွင် ဗုံးကွဲ၊ လူ ၁၃ ဦး ပြင်းထန်စွာ ဒဏ်ရာရ

မဇ္ဈိမသတင်းဌာန

Friday, 22 February 2008 12:14 - မြန်မာစံတော်ချိန

ချင်းမိုင်။ ။ ထိုင်းနိုင်ငံ နယ်စပ်မြို့တခုဖြစ်သော မဲဆောက်တွင် ဗုံးတလုံး ပေါက်ကွဲရာ မြန်မာနိုင်ငံသား ၁၃ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်။မြန်မာနိုင်ငံ မြဝတီမြို့နှင့် မျက်နှာချင်းဆိုင် ထိုင်းနိုင်ငံ မဲဆောက်မြို့ အပြင်ဘက်ရှိ အမှိုက်ပုံကြီးတွင် ယနေ့နံနက် ၈း၃၅ ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်သည်။

“နံပါတ် (၃) ကား၊ အမှိုက်သွန်ပြီး (၅) မိနစ်လောက်မှာ ဖြစ်တာ၊ အမှိုက်ကောက်တဲ့လူ (၃ဝ) လောက် ရှိတယ်။ အဲဒီမှာ ပေါက်ကွဲမှု ဖြစ်တယ်။ တော်တော် ပြင်းထန်တယ်။ မျက်စိ ထိတဲ့လူ ထိတယ်၊ မျက်နှာပိုင်း ထိတဲ့လူ (၄) ဦး။ တော်တော် ပြင်းပြင်းထန်ထန်” ဟု အခင်းဖြစ်ပွားရာ ရောက်ရှိခဲ့သည့် မဇ္ဈိမ ဓာတ်ပုံသတင်းထောက် ကိုအောင်တင်က သတင်းပေးပို့သည်။

ထိခိုက်ဒဏ်ရာ ရသူများမှာ ဇော်မင်းထွန်း (၂၅နှစ်)၊ ဒေါ်မီး (၅ဝနှစ်-ပြင်းထန်)၊ ဇော်ဦး (၃၁နှစ်)၊ စောထွေး (၂ဝနှစ်-ပြင်းထန်)၊ ခင်သန္တာဦး (၁၆နှစ်)၊ အောင်မိုး(၈နှစ်)၊ ဖိုးဒါး (၃ဝနှစ်-မျက်လုံးဒဏ်ရာပြင်းထန်)၊ ချိုòပံး (၂၈နှစ်)၊ သန်းငွေ (၄၅နှစ်)၊ ချစ်သဲ (၁ဝနှစ်၊ ဒဏ်ရာပြင်းထန်)၊ ဒေါ်နွဲ (၅ဝနှစ်)၊ ကိုဝင်းကို (၃၉နှစ်)နှင့် အသက် (၆ဝအရွယ် အမျိုးသားတဦး) တို့ဖြစ်ကြပြီး၊ မဲဆောက်ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ပို့ဆောင် ထားရကြောင်းသိရသည်။

ခန့်မှန်းခြေ (၄) ဧကခန့် အကျယ်အဝန်း ရှိမည့် အမှိုက်ပုံသည် မဲဆောက်တမြို့လုံးမှ အမှိုက်များကို စွန့်ပစ်ရာ နေရာဖြစ်ပြီး အနီးအနားတွင် နေထိုင်သော မြန်မာမိသားစုများက အမှိုက်အတွင်းမှ ပလတ်စတစ်နှင့် သံတိုသံစများကို ရှာဖွေ ကောက်ယူခြင်းကို အသက်မွေးကြောင်းအဖြစ် လုပ်ကိုင်ကြသည်။အမှိုက်ပုံသို့ ည (၁၂) နာရီမှ မနက် (၈) နာရီအထိ နေ့စဉ် အမှိုက်ကား (၈) စီး ရောက်လာလေ့ ရှိသည်။

အမှိုက်ပုံ အနီးအနားတွင် အမှိုက်ပုံကို မှီခိုနေထိုင်သော မြန်မာမိသားစု၊ အိမ်ခြေပေါင်း (၇၄) အိမ်ရှိပြီး လူဦးရေ (၃ဝဝ) ဝန်းကျင် ရှိသည်ဟု သိရသည်။ အများစုသည် ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်ဘက်မှ ရောက်လာသူများ ဖြစ်ပြီး အမှိုက်ပုံအနီးတွင် အခြေချ နေကြသူများ ဖြစ်သည်။

မဲဆောက်မြို့တွင် ကရင်အမျိုးသားခေါင်းဆောင် ပဒိုမန်းရှာသည် ဖေဖော်ဝါရီ ၁၄ ရက်နေ့က နေအိမ်တွင်ပင် မသမာသူ ၂ ဦး၏ သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံသတ်ဖြတ် ခံခဲ့ရသည်။

Friday, February 22, 2008

ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်မပြုခြင်းသည် မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေကို ဖျက်ဆီးခြင်းဖြစ်

အေဖက်ဖ်ပီ၊ ဘန်ကောက် ၂၀၊ ၂၊ ၂၀၀၈။

“စစ်အစိုးရ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မရှိဘူးဆိုတဲ့ စစ်အစိုးရရဲ့ ရုတ်တရက် ဆုံးဖြတ်ချက်ဟာ၎င်းတို့ကြေငြာထားတဲ့ လမ်းပြမြေပုံအပေါ်မှာရှိတဲ့ယုံကြည်မှု တွေကို ဖျက်ဆီးလိုက်တာဘဲ” လို့ မြန်မာ့အရေးလေ့လာသူတစ်ဦးက ဗုဒ္ဓဟူးနေ့ကပြောဆိုလိုက်ပါတယ်။စစ်အစိုးရက အံ့သြစရာကောင်းတဲ့ကြေငြာချက်တစ်ခုကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ကြေငြာ လိုက်ပါတယ်။

အဲဒီကြေငြာချက်အရ လာမယ့်မေလအတွင်းမှာ ၄င်းတို့ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ်ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ပြီး၊ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့အချက်ပါဘဲ။ ဒါဟာ အနှစ်နှစ်ဆယ်အတွင်းမှာ စစ်အစိုးရဘက်က ရွေးကောက်ပွဲနဲ့ပက်သက်လို့ ပထမဆုံးအကြိမ်ကြေ ငြာတဲ့အချက်ပါဘဲ။

ဒါပေမယ့်ပြီးခဲ့တဲ့ အင်္ဂါနေ့နောက်ပိုင်းမှာ စင်္ကပူမှာ ကျင်းပပြုလုပ်တဲ့ ဒေသဆိုင်ရာအစည်းအဝေးတစ်ခုမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက “ဖွဲ့စည်းပုံအခြေခံဥပဒေသစ် မူကြမ်းကတော့ပြီးပါပြီ။ ဒါပေမယ့် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မပြုဖို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ အရ တားမြစ်ထားပါတယ်” လို့ပြောသွားပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ သုတေသီတစ်ဦးဖြစ်သူ ဆူနိုင်းဖာဆက် က အဲဒီကိစ္စနဲ့ပက်သက်ပြီး“သူတို့ခေါင်းထဲထည့်ထားတာ တစ်ခုပဲရှိတယ်။ အဲဒါ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရဲ့ နေရာယူမှာကို ကြောက်လို့ တားမြစ်ပိတ်ပင်တာပဲါဖြစ်တယ်။ သူမကို ရွေးကောက်ပွဲမှာ ပါဝင်မလာအောင်၊် အကြောင်းပြချက် အမျိုးမျိုးပေးလို့ရအောင် ဥပဒေတွေထဲမှာ ထည့်သွင်းရေးဆွဲထားပြီးဖြစ်တယ်၊ တကယ်လို့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် နဲ့ စေ့စပ်ဆွေးနွေးမှု မလုပ်ဘဲ သူတို့ ဒီပုံစံအတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ လမ်းပြမြေပုံဟာလည်း ရှေ့ဆက်သွားလို့ရတော့မှာ မဟုတ်ဘူး”“ဒါဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေ အနေဟာ တိုးတက်လာတယ်လို့ ဆိုလို့မရပါဘူး။ ဘာကြောင့်လဲဆို တော့ ဒီမိုကရေစီအင်အားစုတွေကို ချန်လှပ်ထားပြီး၊ ညှင်းပန်းနှိပ်စက်မှုတွေ ဆက်လက်ပြုလုပ်နေလို့ဘဲ ဖြစ်တယ်။
“ရွေးကောက်ပွဲ ကျင်းပခဲ့မယ်ဆိုရင်တောင် ၁၉၉၀ မှာ အင်န်အယ်လ်ဒီ ပါတီ အနိုင်ရခဲ့တဲ့ ရွေးကောက် ပွဲရ လာဒ်ကို အရင် အကောင်အထည်ဖော်ရမှာပါ။” လို့ အေဖက်ဖ်ပီကို ပြောသွားပါတယ်။

စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မူကြမ်းကို ၁၄ နှစ်ကြာကြာရေးဆွဲခဲ့ပြီး စက်တင်ဘာလမှာအပြီး သတ်ခဲ့ပါတယ်။ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားသားတစ်ယေက်ကို လက်ထက်လို့ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရှိဘူးလို့ စစ်အစိုးရဘက်က ဆိုပါတယ်။သူမရဲ့ခင်ပွန်းဟာ လွန်ခဲ့တဲ့ ၉ နှစ်က ကင်ဆာရောဂါ နဲ့ ကွယ်လွန်ခဲ့ပြီး၊ သူမရဲ့သားနှစ်ယေက်ဟာလည်း အင်္ဂလန်နိုင်ငံသားတွေပါ။ပြီခဲ့တဲ့နှစ်က သံဃာတော်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နှင်းမှုပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကြားကဘဲ မြန်မာစစ်အစိုးရဟာ လမ်းညွှန်ချက်တွေပေးပြီး ရှေ့ကို ဆက်သွားနေပါတယ်။

စက်တင်ဘာလ ဆန္ဒပြပွဲတွေဟာ ရာစုနှစ်နှစ်ခုအတွင်းမှာ စစ်အစိုးရကို အကြီးမားဆုံး စိန်ခေါ်မှုတွေဖြစ်ခဲ့ ပါတယ်။ စစ်သားတွေကလည်း ဆန္ဒပြလူအုပ်ကြားထဲ သေနတ်တွေနဲ့ ပစ်ခတ်နှိမ်နှင်းခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ ဆန္ဒပြပွဲမှာ ပစ်ခတ်သတ်ဖြတ်ခံရ သူ အနည်းဆုံး ၃၁ ယောက် ရှိပါတယ်။

အဲဒီလိုအကြမ်းဖက်နှိမ်နှင်းပြီးနောက်ပိုင်းမှာပဲ စစ်အစိုးရဟာ ကုလသမဂ္ဂကို အထူးအခွင့်အရေးတွေ ပေးသယောင်နဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် အေဗရာဟမ် ဂမ်ဘာရီကို မြန်မာနိုင်ငံကို နှစ်ကြိမ်လည် ပတ်ခွင့်ပေးခဲ့ပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေးဖို့ ဆက်သွယ်ရေးအရာရှိတစ်ယောက် ခန့်ခဲ့ပါသေးတယ်။“အဲဒါတွေဟာ စစ်အစိုးရရဲ့ ၎င်းရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်မှာ အများစိတ်ဝင်စားလာအောင် သွေးဆောင်ဖြားယောင်းခြင်းဘဲဖြစ်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရှိဘူးလို့ အတည်ပြုပြောကြားချက်ဟာ၊ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ အင်န်အယ်လ်ဒီ တောင် ပါဝင်ခွင့် မရှိဘူးဆိုတာအသိပေးလိုက်တာပါဘဲ” လို့ ဘန်ကောက်အခြေစိုက် မြန်မာ့အရေးလေ့လာသူ ကိုဝင်းမင်းက ပြောသွားတာပါ။

ဂမ်ဘာရီက တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောသွားရာမှာ သူဟာ မြန်မာပြည်ကို မကြာခင်မှာ သွားခွင့်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆိုပါတယ်။ ဒါပေမယ့် မြန်မာ့အရေးလေ့လာသူများ က ဂမ်ဘာရီဟာ စစ်အစိုးရကို သဘောထားပြောင်းလဲသွားအောင် စည်းရုံးနိုင်ပါ့မလားဆိုတဲ့ သံသယတွေ တော့ ရှိနေပါတယ်။“ကျနော်ကတော့ စစ်အစိုးရ ဟာ သူ့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ချပြလိမ့်မယ်လို့ မမြင်ဘူး။ ပြီးတော့ ဂမ်ဟာရီဟာ စစ်အစိုးရကို ခက်ခက်ခဲခဲကိုယ်တွယ်နေတယ်။ သူ့လုပ်ဆောင်ချက်တွေကတော့ ကောင်းပါတယ်။ ဒါပေမယ့် သူ့မှာ မြန်မာနိုင်ငံရေးအခြေအနေကို ပြောင်းလဲသွားအောင် လုပ်ဆောင်နိုင် စွမ်းတော့ သိပ်မရှိပါဘူး။” လို့ နိုင်ငံတကာ အကြပ်အတည်းလေ့လာရေးအဖွဲ့၊ အရှေ့တောင်အာရှ စီမံကိန်း ဒါရိုက်တာဖြစ်သူ ဂျွန်ဗားဂိုးက ပြောပါတယ်။ ၎င်းကပင်ဆက်လက်ပြီး “မေးစရာမေးခွန်းကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီအင်အားစုတွေက စစ်အစိုးရ နဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေး ဖို့ နည်းလမ်း တစ်ခုကို ရှာတွေ့ဖို့ ဘယ်လောက် အချိန်ယူမှာလဲ၊ မြန်မာစစ်အစိုးရရဲ့ လမ်းပြမြေပုံမှာ သင်တို့ အသုံးချနိုင် တဲ့ အချက်အလက်တွေပါရဲ့လားဆိုတာပါဘဲ။” လို့ မေးခွန်းသဘောမျိုး သုံးသပ်ပြသွားပါတယ်။

အခုအချိန်မှာတော့ အင်န်အယ်လ်ဒီ အနေနဲ့ ပြည်သူ့ဆန္ဒခံယူပွဲကို စောင့်ကြည့်နေရတာပဲရှိပါတယ်။ ဒါပေမယ့် အင်န်အယ်လ်ဒီက မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်လဲရေးအတွက် ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကိုတော့ စစ်အစိုးရအနေနဲ့ လေးစားရမယ်လို့ သတိပေးပြောကြားပြီးဖြစ်ပါတယ်။အင်န်အယ်လ်ဒီ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ တရာမျှတမှု ရှိမှာ မဟုတ်ကြောင်း နဲ့ စစ်အစိုးရက ပြည်သူ့ ဆန္ဒခံယူပွဲရလာဒ်ကိုတောင် မသိသေးပဲ ရွေးကောက်ပွဲလုပ် ဖို့ ပြင်ဆင် နေခြင်းကို ၎င်းအနေ နှင့် ရှုံ့ချကြောင်း ပြောကြားလိုက်ပါတယ်။

Bangkok, AFP
20.02.2008

သူငယ်တန်းဖတ်စာသစ်


မြန်မာအမျိုးသမီးများ အထူးသတိပြု


Thursday, February 21, 2008

တရုပ်အိုလံပစ် လူသတ်ပြိုင်ပွဲတွင် မြန်မာစစ်ဗိုလ်များ ဗိုလ်စွဲ



နအဖက ဒေါ်အောင်ဆန်းစုကြည် ကိုရွေးကောက်ပွဲ ၀င်ခွင့်မပြုလို့ ပြောနေပြီ ။

ရန်ကုန် (အေအက်ဖ်ပ)ီဖေဖေါ်ဝါရီ - ၁၉

နအဖ ရဲ့ အခြေခံဥပဒေအရ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ကို ရွေးကောက်ပွဲမ၀င်နိင်အောင် တားမြစ်လိုက်ပါတယ်။ အခြေခံဥပဒေကိုသာအတည်ပြုပြဌာန်းလိုက်မယ်ဆိုရင် ရွေးကောက်ပွဲကို ၂၀၁၀ မှာ လုပ်မယ်လို့  နအဖက ပြင်ဆင်နေပါတယ်။
နိင်ငံခြားရေးဝန်ကြီး ဥာဏ်ဝင်းက စကာင်္ပူနိင်ငံမှာ ပြုလုပ်တဲ့ဒေသဆိုင်ရာ အစည်းဝေးတခု မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲကိုဝင်လို့ရမှာမဟုတ်ဘူး ဘာဖြစ်လို့ လည်းဆိုတော့ နိင်ငံခြားသားကို ယူထားလို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အန်အဲလ်ဒီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက တော့ ရွေးကောက်ပွဲအတွက်အခြေခံဥပဒေတောင်မှမရှိသေးပဲနဲ့  စစ်အစိုးရက ရွေးကောက်ပွဲအကြောင်းကိုပြောတာ တရားမျှတမှုမရှိဘူးလို့ ဆိုပါတယ်။ လို့ ဆိုပါတယ်။ စင်္ကပူ နိင်ငံခြားရေးဝန်ကြီး ဂျော်ယို ကတော့ ဦးညဏ်ဝင်းပြောတာရှင်းပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ မိုက်ကယ်အဲရစ်နဲ့ ယူထားတယ်။ သူနဲ့ရတဲ့သားနစ်ယောက်ရှိနေတယ်။ ကလေးတွေကလည်း မြန်မာနိင်ငံသားတွေမဟုတ်ဘူး။ဒါကြောင့် မြန်မာလူမျိုးတယောက်က နိင်ငံခြားသားနဲ့ ယူထားတယ်ဆို၁၉၇၄ ခုနစ်အခြေခံဥပဒေတုံးကလိုပဲ ရွေးကောက်ပွဲဝင်ဖို့ အတွက် စည်းမျဉ်းတွေနဲ့  မကိုက်ညီ ဘူး လို့  ပြောပါတယ်။ ဒါကတော့ သူတို့ နိင်ငံ၊ သူတို့ သမိုင်း ကျနော်တို့ က ဘာလုပ်နိင်မှာလည်း။

Wednesday, February 20, 2008

သီးလေးသီး နှင့် မင်္ဂလာဒိုး (ဂျပန်)


မြန်မာဒုက္ခသည်များကိုလက်ခံပေးမည်ဟု ဂျပန်နိုင်ငံကပြောကြား

အာဆာဟိ ရှင်ဘွန်း
ဖေဖေါ်ဝါရီ - ၁၈

ဂျပန်နိုင်ငံမှထိုင်းနိုင်ငံတွင်ရောက်ရှိခိုလှုံနေသောမြန်မာလူမျိုးဒုက္ခသည် များ အားလက်ခံရန် အတည် ပြုပြောကြားလိုက်သည်၊ မြန်မာလူမျိုး ဒုက္ခသည် ၁၄၀,၀၀၀ မှ တချို့ အား လက်ခံရန်များ လက်ခံရန်နှင့် ထို နိုင်ငံရေးခိုလှုံရန် လျှောက်ထားခြင်းကို အထူး ကြပ်မတ်ဆောက်ရွက်နေကြောင်း တနင်္လာနေ့ထုတ်ဂျပန်နိုင်ငံ သတင်းစာတွင်ဖေါ်ပြသည်၊ ထိုင်းနိုင်ငံတွင် ရှိသောမြန်မာဒုက္ခသည် အရေအတွက် ဆယ်ဂဏန်းမျှကို နောင် လာမဲ့နှစ် မှာ စတင် လက်ခံပေးမည်ဟု ဖြစ်သည်၊ မြန်မာဒုက္ခသည် တို့ သည် လုပ်ကိုင် စားသောက် ခွင့်မရှိခြင်း၊ ကြောက်ရွံခြင်း၊ မတရား အသတ်ဖြတ်ခံရမှုများကို ပြည်တွင်းတွင် မရင်ဆိုင်နိုင်တော့သောကြောင့် ထိုင်းနိုင်ငံသို့  ထွက်ပြေး တမ်းရှောင်လာသူများ ဖြစ်ကြသည်ဟု ရိုမှုရီ ရှင်းဘွန်းကပြောသည်။

အတည်ပြုချက်မပေးနိုင်သေးသော လုဝင်မှုကြီးကြပ်ရေးအနေနဲ့ မည်သို့ မည်ပုံလုပ်ဆောင်မှုတွေ၊ ကိုမစီိစဉ် ရသေးကြောင်းသိရပါတယ်၊ ဂျပန်နိုင်ငံအစိုးရ အနေနှင့် ဒုက္ခသည်များကို လက်ခံရေး ၊ နေထိုင်ခွင့် ပေးရေး အ တွက် တော်တော်လေးကို စည်းမျဉ်းတွေများပြီး မနှစ်က နိုင်ငံရေး ဒုက္ခသည်အဖြစ်လျှောက်ထားသူ ၈၁၆ယောက်မှ ၄ယောက်ကိုနိုင်ငံရေးဒုက္ခသည်အဖြစ်အသိမှတ်ပြုခိုလှုံနေထိုင်ခွင့်ပြုပြီး ၊ ၈၈ယောက်အား လုသားချင်းစာနာသောလူမှုဆိုင်ရာအကြောင်းကိစ္စ နှင့် ခွင့်ပြုခဲပါသည်။ ထိုကဲ့သို့ မနှစ်ကထိ တခြားကမ္ဘာ နိုင်ငံ အသီးသီးသို ဒုက္ခသည်များကိုလက်ခံနေရာချထားပေးခြင်းကိုပြန်လည်ပြီးကြည့်ပါလျှင် ပြင်သစ်နိုင်ငံမှ ၁၀၉၀၀.ဗြိတိန်နိုင်ငံ မှ ၆၃၀၀ ၊ အမေရိကန်နိုင်ငံမှ ၂၃၂၉၆ တို့ဖြစ်ကြောင်း ကုလသမဂ္ဂမှတ်တမ်းများအရ သိရသည်၊ မည်သို့ပင်ဆိုစေကာမှုတိုးတက်သောစက်မှုနိုင်ငံကြီး တနိုင်ငံဖြစ်သော ဂျပန်နိုင်ငံ၏ လူသားချင်း စာနာထား ခြင်းဖြင့် ကူညီသောဒုက္ခသည်များ လက်ခံကာ ပေးခြင်း အလွန့် လွန်မဆို သလောက်ဖြစ်သည်၊ ပြီးခဲ့ သော အပါတ်က မြန်မာလက်နက်ကိုင် သူပုန်ခေါင်းဆောင် မန်းရှာ ကိုသူရဲ့နေအိမ်ရှိရာ မဲဆောက်မှာ သေဆုံး သွားပါ တယ်၊ မဲဆောက်မြို့ဟာ ထိုင်းမြန်မာနယ်စပ်မြို့ ဖြစ်ပြီး မြန်မာ့ ဒုက္ခသည် တွေအတွက်တော့ ခိုလှုံရာ နေရာအိမ် ဖြစ်နေခဲ့ပါတယ်၊ ကုလသမဂ္ဂရဲ့စာရင်းအရ ထိုင်းနိုင်ငံနယ်စပ်တွင် မြန်မာဒုက္ခသည် ဦးရေပေါင်း ၁၄၀,၀၀၀ နေထိုင်နေကြပါတယ်၊

အဲပုဂံလေယာဉ်တစင်း ပူတာအိုတွင် ပျက်ကျ

မြန်မာ့ ဂုဏ်ဆောင် ပု ဂံ လေကြောင်း မှ ရွှေ အခေါင်းပျံ ဖြင့် ပို့ဆောင်ပေးနေပါသည်။
20/2/2008မောင်ဒီး Mizzima

နယူးဒေလီ။ ။ ကချင်ပြည်နယ် ပူတာအိုမြို့မှ မြစ်ကြီးနားသို့ ပျံသန်းလာသည့် အဲပုဂံ လေယာဉ်တစင်း စက်ချို့ယွင်းမှုကြောင့် ယနေ့ညနေ ၃ နာရီခန့်တွင် ပျက်သွားခဲ့သည်။

“ပူတာအိုကနေ ဒီကို ပျံသန်းတဲ့အခါမှာ လေယာဉ်ကွင်းကနေ စထွက်ပြီး ၁ ဖာလုံလောက် အကွာမှာ ပျက်ကျတာ။ ယောက်ျားက ၃၆ ယောက်၊ မိန်းကလေးက ၁၈ ယောက်၊ ကလေး ၂ ယောက်၊ နိုင်ငံခြားသား ၄ ယောက် တယောက်မှ မထိဘူး” ဟု လေကြောင်းလိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

ခရီးသည် ၆ဝ ကို တင်ဆောင်လာသည့် အဲပုဂံလေယာဉ်မှာ လေယာဉ်ကွင်းမှ စတင်ထွက်လာစဉ် စက်ချို့ယွင်းသွားပြီး လေယာဉ်ကွင်းအနီးရှိ လယ်မယ်ဝါချီ ကျေးရွာအနီးတွင် ပျက်ကျသွားခြင်း ဖြစ်သည်။“လေယာဉ်က အလယ်ကနေ ကွဲထွက်သွားတယ်။ အတောင်တွေလည်း ကျိုးသွားတယ်။ အဲဒါကို လူတယောက်မှ မသေဘူးလို့ ကြားတယ်။ ပထမတော့ ပျံဖို့ လုပ်တယ်။ ဒုတိယအနေနဲ့ ဂီယာထိုးတာ မဝင်ဘူးလို့ ပြောတာပဲ” ဟု ပူတာအိုမြို့ခံတဦးက ပြောသည်။

လေယာဉ်ပျက်ကျပြီး သေဘေးမှ လွတ်မြောက်လာသူများကို ဒေသ အာဏာပိုင်များနှင့် ရွာသူရွာသားများက ဆေးဝါး ကုသပေးခြင်းနှင့် လိုအပ်သည့် အကူအညီများ ဆောင်ရွက် ပေးခဲ့ကြသည်။လွန်ခဲ့သည့် ၁၉၈ဝ ခုနှစ်ကျော်ကလည်း လယ်မယ်ဝါချီ ရွာအနီးတွင် ကုန်ပစ္စည်းများ တင်ဆောင်သည့် အစိုးရပိုင် Charter လေယာဉ်တစင်း စက်ချို့ယွင်းမှုဖြစ်ကာ ပျက်ကျခဲ့ရာ လေယာဉ်မှူး အပါအဝင် လူ ၄ ဦး သေဆုံးခဲ့သည်။

Tuesday, February 19, 2008

သံဃာသတ်တဲ့ နအဖကို စီးပွားရေးသပိတ် ၀ိုင်းမှောက်ကြစို့ ။




ပေးပို့သူ။ ။ ကိုမျိုး

ကရင်အမျိုးသားခေါင်းဆောင် ပဒိုမန်းရှားလားဖန်း၏ ဈာပနာအခမ်းအနား



ကရင်အမျိုးသားခေါင်းဆောင် ပဒိုမန်းရှားလားဖန်း အသက်၆၅နှစ်၏ ဈာပနာအခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ထိန်းချုပ်ရာနယ်မြေတွင် တနင်္လာနေ့ကကျင်းပစဉ်။ ကရင်အမျိုးအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာ လားဖန်းကို လူသတ်သမား၂ သီးက နေအိမ်တွင်ပင် လာရောက်လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။
ဓာတ်ပုံ သတင်း။ ။ မဇ္စျိမ

Monday, February 18, 2008

ဖထီး ဖဒိုမန်းရှ လုပ်ကြံခံရပုံ


တရုပ်အားကိုး ခွေးသူခိုး


ဗြဟ္မာ့ ဦးခေါင်းများ နှင့် အနာဂတ်မြန်မာပြည်

ဤစာကိုရေးလျှင် ဖြစ်လာမည့် အကျိုးဆက်များ အား ကြိုတင်တွေးတော ကာ တာဝန်ယူမည် ဖြစ်လာသမျှ မိမိတဦးတည်း ခံမည်ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့်ရေးပါသည် သမိုင်းတရားခံအဖြစ်လက်ညှိုးလဲ ထိုးခံလာရကောင်း ထိုးခံလာရမည် ဆိုသည့်အဆင့်အထိ ကြိုတွေးပြီး တိုင်းပြည် ကောင်းကျိုးရှေးရှု ၍ ရေးလိုက်ပါကြောင်း ကနဦး အသိပေးလိုပါသည်။

န.အ.ဖ စစ်အာဏာရှင်က မေလတွင် ဆန္ဒခံယူပွဲလုပ်မည်ဖြစ်ကြောင်း ကမ္ဘာကိုကြေငြာခဲ့ပြီးဖြစ်သည်။အစောပိုင်း တွင်လဲ အကျဉ်းကျခံရဆဲ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က အကောင်းဆုံးကို မျှော်လင့်၊ အဆိုးဆုံးအတွက်ပြင်ဆင်ဆိုသည်နှင့်တကွ သူမ၏ ဗဟိုဦးဆောင်ကော်မတီကို ဝေဖန် သတိပေး ပြောဆို အားပေးခဲ့ပြီးဖြစ်သည်။

တဖက်က န.အ.ဖ က လဲ ၄င်းတို့ ရွှေရောင်အိပ်မက်ကို တရုတ်အား ၊ရုရှအား ၊ အာစီယံနိုင်ငံများ အားဖြင့် အပြင်းအထန်တက်သုတ်ရိုက်အကောင်အထည်ဖော်ရေးအတွက် လူထုကြားထဲတွင် ကြံ့ဖွတ်နှင့် စွမ်းအားရှင်တို့ တအိမ်တက်ဆင်း စည်းရုံးရေးဆင်းနေကြသည် … သူတို့ ကတော့ လူသတ်လက်နှင့် မျက်နှာချိုပြန်သွေးနေသည်။

န.အ.ဖ သည် ၁၉၈၈အရေးတော်ပုံကို ပစ်ခတ်သတ်ဖြတ်ဖြိုခွင်းကာ န.၀.တ အနေဖြင့် တိုင်းပြည်ကို အဓမ္မကျင့်ခဲ့သည့်ကာလမှ စ၍ ယခု န.အ.ဖ အထိ ဘက်ပေါင်းစုံက ၄င်းတို့ အာဏာတည်မြဲရန် နေ့စဉ်နှင့်အမျှ ပြင်ဆင် ခဲ့ပြီးဖြစ်သည်… ။

စက်တင်ဘာ ၂၀၀၇ သံဃာတော်များ သွေးမြေကျရသော လူထုအရေးတော်ပုံ တွင် ကောက်ကျစ်ရက်စက်သော Rules of Engagement (ROE) ဖြင့် ဖြိုခွင်း သုတ်သင်ချေမှုန်းခဲ့သည် Psychological warfare ကို လည်း ထိရောက်စွာသုံးနိုင်ခဲ့သည်…။ပြည်သူလူထုဖက်ရပ်တည်သော အင်အားစုများအနေဖြင့် အဆင်သင့်မရှိခဲ့ တပ်ဦး ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၏ ခေါင်းဆောင်မှု သည် frozen ဖြစ်နေခဲ့သည်။ကိုမင်းကိုနိုင်၊ ကိုကိုကြီး ၊ ကိုဌေးကြွယ် ၊ဂျင်မီ တို့ အား န.အ.ဖ က ဖမ်းဆီး ချုပ်နှောင် လိုက်သည်နှင့် ထွန်းမြင့်အောင် တို့  နီလာသိန်းတို့ ရှောင်တိမ်းလိုက်ရသည်နှင့် တိုက်ပွဲ ၏ ဦးဆောင်နိုင်မှုနှင့် လုပ်ငန်းစဉ်များ တိုက်ပွဲ အရှိန်အဟုန်များ သည် စွမ်းအားရှင် ၏ ဒုတ်ချက်အောက် စစ်တပ်၏ သေနတ်ကျည်ဆံအောက်တွင်ပျောက်ဆုံးသွားခဲ့ရ၏။

အကယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦးဆောင်ကော်မတီများအနေဖြင့် မလှုပ်မရှုပ် မပြုတ် တာဝန်မဲ့ ရပ်တည်မှုဖြင့် မနေခဲ့ပါလျှင် ဤ ကဲ့သို့ အခြေအနေဆိုးများဖြင့် တိုင်းပြည် နစ်မွန်းရမည်မဟုတ် ။ အမှန်ဆိုလျှင် ဂန္ဓီခန်းမ ညီလာခံကြီးကတည်းက စစ်အာဏာရှင်စနစ်ဆိုးကိုအပြီး အမြစ်ပြတ်သုတ်သင်လိုက်နိုင်ရင်း ထို ဆယ်စုနှစ် နှစ်ခုနီးသောကာလတွင် တိုင်းပြည်သည် တည်ငြိမ် အေးချမ်းလျှက် ဒီမိုကရေစီ အုတ်မြစ် ခိုင်ခန့် သင့်သလောက်ခိုင်ခန့် ကာ တပ်မတော်သည်လဲ လက်တဆုပ်စာ န.အ.ဖ အထက်ပိုင်းအား ကာကွယ် စောင့်ရှောက် အသက်ပေးနေရသော ခါးပိုက်ဆောင် လက်နက်ကိုင် လူစုလူဝေးကြီး အနေအထားမှ နိုင်ငံ သားကောင်းများဖြင့် တိုင်းပြည်ကိုကာကွယ်ရေးအတွက် အဆင်သင့်ဖြစ်နေသောအင်အားစုအဖြစ်ဖြင့် သိက္ခာရှိရှိ ရပ်တည်နိုင်ခဲ့လိမ့်မည်….။တောကြိုအုံကြားတွင် တိုင်းပြည်ချစ်သော တိုင်းရင်းသားပေါင်းစုံပြည်သူလူထုထဲမှ လူကြီးလူငယ်များ အသက်ပေးတိုက်ပွဲဝင်စရာမရှိ…။ မလိုအပ်ပဲ အသက်များသွေးများ ဆုံးရှုံး ခံ ရလိမ့်မည်မဟုတ်…။ တိုင်းပြည်၏ ကုန်ထုတ်စွမ်းအား ဉာဏစွမ်းအားများ လူသားအရင်းအမြစ်များ ကုန်ခန်းစရာမရှိ…။

ယခုတကြိမ်တွင်လဲ ပြည်သူ့ ရန်သူ စစ်အာဏာရှင် တစု ဖက်မှ အစီအစဉ်ရှိရှိ ခြေလှမ်းရှိရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့်တကွ စစ်မှန်ငြိမ်းချမ်းသော တိုင်းရင်းသားပေါင်းစုံ တန်းတူစွာ ဥမကွဲသိုက်မပျက် ချစ်ကြည်ရင်းနှီး နားလည်စွာ အတူတကွနေထိုင်ရေးကိုလိုလားသည့်ပြည်သူလူထုတရပ်လုံးကိုထာဝရ လည်မျိုနင်းကာ တရားဝင် အနိုင်ကျင့်ရေးဖြစ်သည့် လူထု ဆန္ဒခံယူပွဲ အား ဗြောင် တင်လာသည့်အနေအထားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ မလှုပ်မရှုပ်မပြုတ် ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၏ ခေါင်းဆောင်ဟောင်းများလဲဖြစ် တပ်မတော်၏ တပ်မှူးဟောင်းများလဲဖြစ်သော ဦးအောင်ရွှေ ၊ ဦးလွင် ၊ ဦးညွန့်ဝေ ၊ဦးလှဖေ နှင့် ၄င်းတို့ ကဲ့သို့ သော ဗဟိုဦးဆောင်ကော်မတီများ ပါတီ ၏ ဦးဆောင်မှုအခန်းကဏ္ဍ မှ တရားဝင် အနားယူကာ အသေဖြောင့်ရေးကိုသာ အာရုံစိုက်ကြသင့်တော့၏။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အောက်ခြေ တိုင်းနှင့်ပြည်နယ်များမှလဲ ဗဟိုဦးဆောင်ကော်မတီ Reform ပြုလုပ်ရန် မြန်နိုင်သမျှ မြန်မြန်ဆောင်ရွက်ရင်း န.အ.ဖ ၏ စီးချင်းထိုး အပြတ်ဖြတ် အပြုတ်တိုက်ရေး လမ်းစဉ်ကို နည်းနာကြွယ်ဝပြီး လူထု အကျိုးစီးပွားနှင့် အနာဂတ် မျိုးဆက်များ မျက်နှာကိုထောက်ထားလျှက် လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်သင့်နေပြီဖြစ်ပါသည်။

တပ်မတော်တွင်းမှလည်း ပြည်သူလူထု၏ ဆိုးဝါး လှ သော နေ့ စဉ် နေထိုင်မှုဘ၀များ ကူးစက်ပျံ့  ပွားမှု မြန်မြန်ဖြင့် ပျံ့  ပွားနေသော ရောဂါဆိုးများ ငတ်မွတ်ချွတ်ချွံကျ လူ စဉ်မမှီရသော အခြေအနေများအားလျစ်လျူရှုကာ တဘို့ ထဲကြည့် ငါနဲ့ ငါ့မိသားစု ကောင်းစားလျှင်ပြီးရောဆိုသောစိတ်ထားများဖြင့် ဥပေက္ခာပြုရင်း တပ်မတော်သားကောင်းတာဝန် နိုင်ငံသားကောင်းတာဝန်မဲ့မှုဖြင့် ကိုယ်ကျိုးစီးပွားရှေ့ တန်းတင်ခြင်းတို့အား ပြန်လည်ဆန်းစစ်ကာ ပြည်သူလူထုနှင့် နိုင်ငံတော် ကမ္ဘာ့အလည် မျက်နှာငယ် မွဲပြာကျနေ သလောက် န.အ.ဖ အထက်ပိုင်း ဗိုလ်ချုပ်ကြီးများ က မောက်မာ ရိုင်းစိုင်းစွာ လုပ်ချင်တိုင်းလုပ် နေသည်များအား လိုက်လံအကောင်အထည်ဖော် ရက်စက်နေရမှုများအား ရပ်တန်းကရပ်ကာ တိုင်းပြည်ကို ၀ိုင်းဝန်း ထူထောင်လိုသည့်မျိုးချစ်စိတ်ဖြင့် တခုတည်းသောအမျိုးသားနိုင်ငံရေးဖြစ်သည့် ဒီမိုကရေစီရေး ၊ ငြိမ်းချမ်းရေး၊ တန်းတူရေး ၊သွေးစည်းရေး ၊ လူထုဘ၀ သာယာဝပြော ရေးအတွက် ပြတ်ပြတ်သားသား လုပ်ဆောင်သင့်ကြပြီဖြစ်သည်။

ပြည်သူလူထုအနေဖြင့်လည်း မိမိတို့၏ ဘ၀ ချွတ်ချွံကျ မျက်ဖြူဆိုက်ရမှုများအား ခါးစည်းခံနေကြရင်း ညှိုးငယ် သိမ်ဖျင်းသော လူ့ဖြစ်စဉ်ဖြင့် အသက်ရှင်သည်ဆိုယုံရှင်သန်နေရသော စစ်အာဏာရှင်စနစ်ဆိုး၏ သားကောင်များ ဘ၀ ဖြင့် အမျိုးသားရေး ဒုက္ခတွင်းမှ အပြီးအပိုင် ရုန်းထွက် ကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဦးဆောင်မှုအသစ်နှင့်တကွ တိုင်းပြည်ချစ်မြတ်နိုးသော အင်အားစုအားလုံးနှင့် တက်ညီလက်ညီ တိုင်းပြည်နှင့်လူမျိုးအား တနိုင်တပိုင် ကိုယ်တိုင် တာဝန်ယူမှုများဖြင့် ၀ိုင်းဝန်းလုပ်ဆောင်ကြသင့်ပြီဖြစ်ပါသည်။ထိုကဲ့သို့ လုပ်ဆောင်ကြရာတွင်လည်း အသီးသီးသော ပုဂ္ဂိုလ်များ အဖွဲ့အစည်းများ အင်အားစုများအနေဖြင့် အခက်အခဲများ ပေးဆပ်ရမှုများ အနစ်နာခံရမှုများ ပြတ်ပြတ်သားသားပြောဆို ဆောင်ရွက်ရမှုများ ရှိလာမည်မှာမလွဲပါ… ။ ထိုအခြေအနေများအတွက်လဲ စိတ်မပျက်နောက်မတွန့်ပဲ မိမိတို့ကိုယ်တိုင်နှင့် အနာဂတ် မျိုးဆက်တို့၏ အေးချမ်းသာယာလှပသော မိမိတို့ မြန်မာပြည်လေး ပြည်လည်လှပ အေးချမ်းသာယာဝပြောရေးအတွက် မတွေဝေစတမ်း စစ်အာဏာရှင်၏ နောက်ဆုံးထွက်သက်တွင်မက်သော ရွှေရောင်အိပ်မက်ကို ရွှေဝါရောင် တော်လှန်ရေးဖြင့် ပြတ်သားစွာ နိဂုန်းချုပ် အမြစ်ဖြတ်ရမည်မှာ နိုင်ငံသားတိုင်း နိုင်ငံသားတိုင်း၏ သမိုင်းပေးတာဝန်ဖြစ်သကဲ့သို့ နေ့စဉ်ဘ၀ ရှင်သန်စိုပြေရေး ကိစ္စတခုအဖြစ် သတိရှိရှိ ပိုင်းဖြတ်ချက်ရှိရှိအကောင်အထည်ဖော်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။

ရဲဘော်ငြိမ်း မျိုးချစ်ဒီမိုကရက်တစ်တပ်ပေါင်းစု


Sunday, February 17, 2008

ဂျပန်သတင်းထောက် အသတ်ခံရမှု စုံစမ်းစစ်ဆေးရေး ဂျပန်အရာရှိတွေ မြန်မာနိုင်ငံကို သွားမည်

လွန်ခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ သံဃာတော်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲမှာ မြန်မာစစ်အစိုးရရဲ့ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကြောင့် သေဆုံးခဲ့ရတဲ့ ဂျပန်သတင်းထောက် ခန်းဂျိနာဂါ့အိ ကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးစုံးစမ်းမှုတွေ ပြုလုပ်ဖို့အတွက် ဂျပန်နိုင်ငံ အမျိုးသားရဲတပ်ဖွဲ့နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ ရှေ့လာမယ့် အပတ်ထဲမှာ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။ အကြောင်းစုံကို ဒေါ်ညိုညိုလွင်က တင်ပြထားပါတယ်။
အခုလို ဂျပန်နိုင်ငံက သွားရောက်ပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ အကြောင်းအချက်တွေကို လျှို့ဝှက်မှုများ မရှိဘဲ တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးနိုင်ရေး အတွက် ကမ်းလှမ်းချက်ကို မြန်မာနိုင်ငံက လက်ခံခဲ့ပါတယ်။
ဒီလို မြန်မာစစ်အစိုးရက လက်ခံလိုက်မှုအပေါ် ဂျပန်နိုင်ငံက သတင်းထောက် တဦးဖြစ်တဲ့ ဦးရွှေဘ ကတော့ အခုလို သုံးသပ်ပြပါတယ်။
“အခုအထိ မြန်မာအစိုးရက ဂျပန်အစိုးရ ထပ်ခါထပ်ခါ မေတ္တာရပ်ခံတာတွေကို အထက်ပိုင်းကို ပြောပြပါ့မယ် ဘာညာဆိုပြီး အဲသလို ဖြေလိုက်တာပေါ့နော်။ ဒါပေမယ့် ဒီတခါ အဖွဲ့ကို လက်ခံလိုက်တယ် ဆိုတော့ ဒါက ကျနော့အထင်၊ မေလမှာကျင်းပဖို့ ပြည်သူ့ဆန္ဒခံယူပွဲ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ အဲဒါနဲ့လည်း ပတ်သက်ဖို့ ရှိပါတယ်။ အခုလောလောဆယ် သူတို့ စစ်အစိုးရက သူတို့ အစီအစဉ်အတိုင်း၊ သူတို့ပြောနေတဲ့ ဒီမိုကရေစီ ဖေါ်ဆောင်ရေးအတွက် ဆက်လုပ်ဖို့ရှိတယ် ထင်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ ပြစ်တင် ဝေဖန်တာကို ရှောင်ဖို့ဆိုပြီးတော့ ဒီတခါ ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျပန်အစိုးရရဲ့ မေတ္တာရပ်ခံချက်ကို လက်ခံတယ်လို့ ကျနော် ယူဆပါတယ်။ ဒါ ဆက်နွယ်မယ်လို့ အခုကျနော် ယူဆပါတယ်ခင်ဗျား။”
ဂျပန်သတင်းထောက် ခန်းဂျိနာဂါ့အိ ဟာ စက်တင်ဘာ အရေးအခင်းကာလ သတင်းမှတ်တမ်း ရိုက်ကူးစဉ် မြန်မာစစ်အစိုးရ လုံခြုံရေးတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာပါ၊ ဂျပန် ရဲထောက်လှမ်းရေးဖက်ကတော့ ခန်းဂျိနာဂါ့အိဟာ အနီးကပ် ပစ်ခတ်ခံရတာ ဖြစ်တယ်လို့ စုံစမ်းထုတ်ဖော် ပြောဆိုခဲ့ပြီး မြန်မာစစ်အစိုးရဖက်ကတော့ ဒီပစ်ခတ်ခံရမှုဟာ မတော်တဆ ဖြစ်ပွားရတာဖြစ်ပြီး ခန်းဂျိနာဂါ့အိဟာ တရားဝင် သတင်းထောက်ဗီဇာနဲ့ မြန်မာပြည်ထဲကို ၀င်ရောက် လာတာမဟုတ်ဘဲ သာမန် ခရီသွားဧည့်သည် ဗီဇာနဲ့ ၀င်ရောက်လာတာ ဖြစ်တယ်လို့ ဖြေရှင်း ပြောဆိုခဲ့ပါတယ်။

s0urce: voa news

Saturday, February 16, 2008

နအဖ က ရန်ကုန်တိရိစ္ဆာန် ဥယျာဉ်က တိရိစ္ဆာန် တွေကို ရွေ့ ကုန်ပြီ။

ရန်ကုန် - အေပီ။

ပထမဆုံး အစိုးရ၀န်ထမ်းတွေဟာ နအဖကောင်းမှု ကြောင့် ပျဉ်းမနား ကိုရွေ့ ပြောင်းခံရ။ ခုတော့ ကြံတွေ၊ ဆင် တွေ အလှည့် ပဲ။ ဒီအပတ်ကနေ စပြီး ဆင်တွေ ၊ ကြံ့ တွေ၊ ၀က်ဝံတွေ၊ မျောက်တွေ၊ သမင်တွေကို ထရပ် ကား တွေ ကရိမ်းတွေကိုသုံးပြီး ရန်ကုန်မြို့ ကနေ ရွေ့ ပြောင်းခံနေရပါပြီ။ တိရိစ္ဆာန်တွေ ပြွတ်သိပ်တင်ထား ထရပ် ကား (၁၄ ) စီးဟာ မိုင် (၂၅၀) ကျော် ဝေးတဲ့ ပျဉ်းမနားကို စတင်ရွေ့ပြောင်းနေရပြီဖြစ်ပါတယ်။ ဆင်ကြီးတွေ က ရန်ကုန် ကနေပြောင်းရွေ့ခံရတာကို စိတ်မကောင်းဖြစ်ကြတယ်။ ပြောင်းရွေ့ဖို့ ဆင်ကြီးတွေကို အုပ်စုခွဲလိုက် ကြတဲ့အခါမှာ ဆင်ကြီးတွေက မပြောင်းလိုကြောင်း ငြင်းဆန်ကြတယ်၊ စားသောက်တာတွေရပ်တယ်။ အော်ဟစ် ကုန်ကြတယ်လို့  တိရိစ္ဆာန်ရုံမှာ တာဝန်ယူနေတဲ့ ကိုသီဟဇော်က ပြောပြပါတယ်။ မြင်ရတာ တကယ် စိတ်ထိ ခိုက် ဖို့ ကောင်းပါတယ် ဗျာ သူတို့ သူငယ်ချင်းတွေကို ခေါ်သွားတဲ့အခါမှာ အော်ဟစ်ကြတယ်ဗျ လို့ သူကဆက် ပြော ပါတယ်။

ဝက်ဝံတကောင်ကို ရွေ့ တဲ့အခါမှာတော့ တိရိစ္ဆာန် တွေဟာမူလနေရာနေ မရွေ့ ပြောင်း မမှန်းဆနိင်တဲ့ ဘေး အန္တရာယ် တွေ ကို သူတို့  စိုးရိမ်ပူပန်မှုရှိကြောင်း သဘာဝ ကို ၀န်ထမ်းတွေက ရိပ်မိလာကြပါတယ်။ “တိရိစ္ဆာန် ကြီးတွေကို လှောင်ချိုင့်တွေထဲ ထည့် ပေးတာကို မြင်ရတာ စိတ်ဆင်းရဲ ဖို့ ကောင်းလိုက်တာဗျာ” မျက်မြင် သက်သေတစ်ဦးက ဆိုပါတယ်။ ဘာကြောင့် တိရိစ္ဆာန်ရုံကို ရွေ့ ပြောင်းရတာလည်းဆိုတာနဲ့ ပတ်သက်လို့အစိုးရက ထုတ်ဖေါ်ခြင်းမရှိဘူး ။ လျှပ်တပြက်မဂ္ဂဇင်း အယ်ဒီတာမြတ်ခိုင်က “သိတယ်မဟုတ်လားဗျာ၊ သူတို့  ကိုယ် သူ တို့ မြို သစ်တည်တဲ့မင်းကြီးကြားကြီးလို ပေါ့။ မြို့ တော်မှာ တိရိစ္ဆာန်ရုံရှိရမယ်လို့ သူတို့ ကယူဆကြတယ်လေ။ တိရိစ္ဆာန်တွေကို အစိုးရက ၀၀လင်ကျွေးတာမဟုတ်ဘူး ဗိုလ်ချုပ်တွေက သူတို့  ပဲ စားနေတာလေ” လို့  မြတ်ခိုင်က အေပီ ကို ဆက်ပြောပါတယ်။ “ဒီ တိရိစ္ဆာန်တွေကို ပျဉ်းမနားက တိရိစ္ဆာန်ရုံ သစ်မှာထားမယ်။၂၇ ဧက ရှိတယ်။ မတ်လ ၂၇ ရက်နေ့ မှာဖွင့်ဖို့ လုပ်နေတာဗျ။ ဟိုမှာ ဘာမှ ပြင်ဆင်မှု ရှိတာ မဟုတ်ဘူး။ သဘ၀အတိုင်းပြင်ဆင်ထားတာမဟုတ်ဘူးဗျ၊ ထောင်တွေလိုလုပ်ထားတာ၊ ရှားပါး သတ္တ၀ါ တွေ သေကုန်နိင်တယ်ဗျ ၊ လူတွေတောင်စားစရာရှိတာမဟုတ်ဘူး ”လို့  သူကဆက်ပြောပါတယ်။




Rambo sends Myanmar message


Rambo is back and this time the action comes with a message about insurgency in Myanmar.
CNN's New

Friday, February 15, 2008

ပဒိုမန်းရှာ သို့ ကြေကွဲအမှတ်တရရုပ်ပုံလွှာ

အထူးကြေကွဲဝမ်းနည်းမှုမှတ်တမ်း။


ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ တော်လှန်ရေးတိုက်ပွဲကာလအတွင်း လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် ကျဆုံးသွားခြင်းအား အထူးကြေကွဲဝမ်းနည်းရပါကြောင်း၊

Thursday, February 14, 2008

London မှ မျိုးချစ်မြန်မာများ ၏ Rambo ကိုထောက်ခံမှု

<

စစ်အာဏာရှင်စနစ်ကို ပြည်သူ့ အားနဲ့ ချေမှုန်းကြ

Wednesday, February 13, 2008

မနိုင်မချင်းလုပ်မယ့် ရွေးကောက်ပွဲကြီး ပြန်စပါတော့မယ်

မြန်မာပြည်တွင်း ပြည်ထောင်စုနေ့လှုပ်ရှားမှု ဓာတ်ပုံသတင်း


ဒို့ အရေး။

Tuesday, February 12, 2008

မျိုးဆက်သစ်လူငယ်များ အစည်းအရုံး၏ ပြည်သူလူထုအား တိုက်တွန်းချက်


မြင်ကွင်းကျယ် ကြည့်ချင်လျှင် ပုံကို click

လုပ်သားပြည်သူအပေါင်းအား လေးလေးနက်နက် ပန်ကြားခြင်း

လူငယ်တော်တော်များများသည်ပြောခွင့်ကြုံရသောအချိန်တွေအများကြီးရှိခဲ့ပါသည်။ထိုသိုမြင်သောအကြောင်းအားလုံးမှာကြိုတင်ကာကွယ်ခြင်းထက်ဖြစ်နိုင်လျှင်ဖြစ်နိုင်၏ ၊ မဖြစ်နိုင်လျှင်မဖြစ်နိုင်ဘူးဟုပြတ်ပြတ်သားသားနှင့်ပြောဆိုခြင်းပင်ဖြစ်ပါသည်၊ စောင်ကြည့်ခြင်း၊ ဒါတွေကဒီလိုရှိတယ်၊ဒါတွေကဟိုလိုရှိတယ်၊ နိုင်ငံရေးကိုဒီလိုလုပ်လို့ မရဘူး၊ ဘာဘူး၊ဘာဘူးဆိုတာတွေ၊သမိုင်းနဲ့အခြေအနေကဘယ်လို၊ ခေတ်ရေစီးကြောင်းကဘယ်လို၊ ပြုပြင်ပြောင်းလဲရေးကိုယ်လုပ်ဆောင်သွားကြသောဟိုနိုင်ငံတွေ၊ဒီနိုင်ငံတွေရဲ့ လုပ်ဆောင်ချက်ကဒီလို၊အစအစသဖြင့် ၊ဝေဖန်ရေးတွေသုံးသပ်ချက်တွေကြားမှာလက်ပစ်ကူးရင်းရာစုများစွာရှိနေခဲ့တာကို ကြည့်ရင်း သက်ပြင်းမောတွေများလာကြတာကတော့ပြည်တွင်းမှာရှိသော တက်ကြွလူငယ်၊လူကြီးတွေတော်တော်များ၊ပြည်ပတွင်ရှိသောတက်ကြွလူငယ်၊လူကြီးတော်တော်များများမှာရှိနေမှာကတော့အသေအချာပါ။

ကျွန်တော်မြင်တာကတော့ အားလုံနဲ့ဆန်ကျင်ဖက်တွေဖြစ်နေနိုင်သလို၊သိပ်ပြီးတော့အနုစိတ်ဆန်သောအကြောင်းရာတစ်ခုမှသိပ်မရှိပါ၊ ဘာလိုလည်းဆိုတော့၊ ရတယ်၊ မရဘူးကြိုက်တယ်၊မကြိုက်ဘူး၊ ရှင်းနေလို့ ပါ၊ဒီနေရာမှာကဒီတက်နဲ့ လှော်ဟိုနေရာကိုဟိုတက်နဲ့ လှော်ဆိုသောနိုင်ငံရေးဥပဒေသထက်နိုင်ငံရေးကစားကွက်ကိုလည်းဝင်မပါချင်သလို၊ နိုင်ငံရေးကစားခြင်းကိုလည်းပြတ်ပြတ်သားသားတုံးတိဖြတ်တောက်ချင်တာလည်းပါဝင်ပါသည်၊

ကျွန်တော်မြင်တာကတော့ အားလုံနဲ့ဆန်ကျင်ဖက်တွေဖြစ်နေနိုင်သလို၊သိပ်ပြီးတော့အနုစိတ်ဆန်သောအကြောင်းရာတစ်ခုမှသိပ်မရှိပါ၊ ဘာလိုလည်းဆိုတော့၊ ရတယ်၊ မရဘူးကြိုက်တယ်၊မကြိုက်ဘူး၊ ရှင်းနေလို့ ပါ၊ဒီနေရာမှာကဒီတက်နဲ့ လှော်ဟိုနေရာကိုဟိုတက်နဲ့ လှော်ဆိုသောနိုင်ငံရေးဥပဒေသထက်နိုင်ငံရေးကစားကွက်ကိုလည်းဝင်မပါချင်သလို၊ နိုင်ငံရေးကစားခြင်းကိုလည်းပြတ်ပြတ်သားသားတုံးတိဖြတ်တောက်ချင်တာလည်းပါဝင်ပါသည်၊ကျွန်တော်လိုရင်းတိုရှင်းကိုပြောချင်တင်ပြချင်သည်မှာ၁၉၉၀ ရွေးကောက်ပွဲကို လုံးဝလုံးဝမယုံပါ၊ ဘာကြောင့်လည်းဆိုတာကို ပြောရန်တစ်ခုတည်းသောအဖြေမှာ စစ်တပ်ကပြောဆိုလုပ်ကိုင်ခြင်းဖြစ်လိုပါဟု လွယ်လွယ်ကူကူဘဲအဖြေပေးပါရစေ၊ ( အဲဒီအချိန်တုံးကတော့ရှည်ဝေးသောအကြောင်းတွေ၊ရှင်းပြချက်တွေ၊ ကိုးကားချက်တွေကိုပြောဆိုပြီးတင်ပြလည်းနောက်ဆုံးအဖြေနှင့်ရလဒ်မှာ မယုံကြည်ခြင်းဆိုတာကို ကိုးကားပြောဆိုခဲ့တာပါ်။ အဲတစ်ခုတော့ရှိပါသည်၊ရှင်းပြ၊ကိုးကားပြောဆို၊ထောက်ပြခြင်းကြောင့်၊နားလည်သွားကြသည်မှာမသိသေးသောအတွင်းရေးအကြောင်းများကိုဘယ်လိုရှင်းခဲ့ကြသည်ကိုသိသွားကြသည်သာဖြစ်ပါသည်။ )မည်သို့ ပင်ဆိုစေကာမှု အားလုံးသောသူတော်တော်မျာများမှာ လွယ်လွယ်ကူကူနှင့်တော့ဟုတ်တယ်၊ ကျွန်တော်တို့ အားလုံးဒါဆိုမလုပ်တော့ဘူးဆိုတာတော့မဟုတ်ပါဘူး၊ကျွန်တော်တို့ဒီလိုတွေတင်ပြမယ်၊ထောက်ပြမယ်၊ ကမ္ဘာကလည်းသိတာဘဲ၊ ကုလသမဂ္ဂလည်းရှိတာဘဲဒီလောက်တော့စစ်တပ်ကမလုပ်နိုင်ပါဘူးလို့ ပြောဆိုခဲ့ကြပါတယ်။

သို့ သော်လည်း ၁၉၉၀ ရွေးကောက်ပွဲကိုအသာလေးခေါက်ပြီးတော့လုပ်ချင်ရာကိုလုပ်သွားခဲ့တာကို နှစ်၂၀ရှိသွားခဲ့ပါတယ်။ရှင်းရှင်းပြောရရင် ပြည်သူအားလုံးကိုသဘောတူတူ၊မတူတူ၊ကြိုက်ကြိုက်၊မကြိုက်ကြိုက်၊ ရိုင်းရိုင်းစိုင်းစိုင်းပါဘဲကုတင်ပေါ်ခေါ်ပြီးဆက်ဆံသွားကာ ၄င်းတို့ စိတ်ဆန္ဒပြည့်မြောက်အောင်လုပ်ဆောင်ခြင်းနှင့်လုပ်ဆောင်ပေးခံရခြင်းဟုသာမြင်ပါသည်။

ယခုလည်းလာပါပြီ။ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၀၈ မေလ။ အခြေခံဥပဒေ၊ ဟိုဟာ၊ဒီဟာဆိုသောတင်ပြချက်တွေ၊ထောက်ပြချက်တွေအမြင်တွေများလိုက်တာဝေေ၀ဆာဆာပါဘဲ၊ ကျွန်တော်မြင်တာကတော့ အားလုံးမှာဇတ်ကားတကားကိုမတိုက်ဘဲအလိုလျှောက်ဝိုင်းပြီးညီတူမျှတူရေးဆွဲနေသည်ဟုပင်ထင်ရအောင်ကိုဖြစ်သွားနေရပါသည်၊

အဲဒီအကြောင်းအရာကို ပထမဆုံးလုပ်ဆောင်နေကြသော၊ တော်လှန်ရေးကိုကြာရှည်အောင်လုပ်နေကြသောသူမှာမြန်မာနိုင်ငံမှာစစ်တပ်နှင့်၎င်းတို့ ၏အသိုင်းဝိုင်းတစ်စုလုံးဖြစ်ပါသည်။ ထိုမှတဆင့်တတ်၍ပြောသောနောက်ထက်၎င်းတို့ နှင့်အသိုင်းဝိုင်းမဟုတ်သော၊ အသိုင်းဝိုင်းဟုပင်မခေါ်ရနိုင်လောင်သော သူတွေကတော့ဆင်ခြေရှင် မြန်မာ့နိုင်ငံရေးကိုလုပ်နေကြသောပြည်တွင်းပြည်ပခေတ်ဆွေး နိုင်ငံရေးသမားတွေ၊ ပြည်တွင်း၊ပြည်ပဟိုမကျ၊ဒီမကျ နိုင်ငံရေးသဘောထားမကြေလည်သောအဖွဲ့ တွေတိုင်းမှာရှိသောနိုင်ငံခေါင်းဆောင်ဆိုသူတွေ၊ ပညာရှင်တွေ၊စစ်ရေးဆိုတာကို ၄င်း မြန်မာ့နိုင်ငံရေးရာကို၎င်းလေ့လာနေပါသည်၊သုတေသနပြုနေပါသည်ဟုဆိုသောကျွမ်းကျင်သူဆိုသူသောမြန်မာလူမိုးများနှင့် ဖော်လံဖားနိုင်ငံခြားသားများနှင့်၎င်းတို့ ၏နိုင်ငံအတွက်ဘဲသေသေချာချာအကွက်ချပြီးကြည့်တတ်ကြသောနိုင်ငံခေါင်းဆောင်အသီးသီးများတို့ ပင်ဖြစ်ပါသည်။

ထိုသို့လုပ်ဆောင်ရန်ဝိုင်းဝန်းပိုဆောင်သူများကိုသော်၎င်း၊ အခင်းအကျင်းကိုယူဆောင်သူတွေကိုအရင်ကတော့ခွဲခြားပြီး တော့မြင်ကြည့်ပေးပါသည်၊သို့ သော်ယခုတော့ မမြင်နိုင်တော့ဘူးဟုပြတ်ပြတ်သားသားပင်ပြောရတော့ပါမည်။ဘာကြောင့်လည်းဆိုတော့ ၂၀၁၀ဆိုတာလည်း မလိုချင်တော့ပါ၊နောင်သုံးလတွင်ကျင်းပမည်ဟုပြောထားသော ဆန္ဒခံယူအတည်ပြုခြင်းလည်းထည့်ပြီးစကားမပြောချင်တော့ပါ၊

မြန်မာနိုင်ငံတွင်နေထိုင်ကြသော၊တိုင်းရင်းသားအားလုံး၊ဘာသာအားလုံး၊ လူမျိုးအားလုံးသည်၊လွတ်လပ်ခြင်း၊တရားမျှတခြင်း၊ညီမျှခြင်း၊ဥပဒေစိုးမိုးခြင်း၊ကိုယ်ပိုင်ယဉ်ကျေးမှုထွန်းကားခြင်းကိုရလိုချင်သည်၊ပြည်သူအာဏာနှင့်ပြည်သူကတင်မြှောက်သောပါလီမန်ဒီမိုကရေစီအစိုးရပေါ်ထွန်းဖို့ ရာမှာတစ်ခုတည်းသာရှိပါသည်၊ ၄င်းမှာပြည်သူအပေါင်း ပြတ်ပြတ်သားသားနှင့် လမ်းမပေါ်ဆင်းကာစစ်တပ်အစိုးရကိုဖြုတ်ချပြီးပြည်သူကြားဖြတ်အစိုးရကိုသော်၎င်း ၁၉၉၀ပြည့်တုံးကပြည်သူတွေကနေပြည်သူတွေကိုယ်တိုင်တင်မြှောက်ထားသောကိုယ်စားလှယ်တွေကနေပြန်လည်တင်မြှောက်သောဦးဆောင်ကော်မတီမှာတိုင်းပြည်အစိုးရအဖြစ်အုပ်ခူပ်နိုင်အောင်ဝိုင်းဝန်းလုပ်ဆောင်မှာသာလျှင် ကျွန်တော်တို့ လိုလားသောအစိုးရတစ်ရပ်ကို ရမည်ဟုယုံကြည်သည်။ထိုမှလွဲပြီးမည်သို့ သောအကြောင်းမှစစ်တပ်ကို၎င်းတို့ ၏နေရာမှန်ကို ပြန်သွားခြင်းမရှိဘဲ အကြောင်းမိုးများစွာကိုကြည့်နေမည်၊တွေနေအုံးမည်ဆိုပါက ကျွန်တော်တို့ နိုင်ငံတွင်မည်သို့ သောအခါမှစစ်အာဏာရှင်အောက်မှလွတ်မြှောက်နိုင်ခြင်းမရှိသည်အပြင်၊ ဆိုးဝါးသောလူမှုရေးပြောင်းလဲခြင်းနှင့်ယဉ်ကျေးမှုပြောင်းလဲနှိမ့်ကျခြင်း၊အပြင်ယခုတွေ့ ကြုံရသောအခြေအနေထက် အဆ၁၀၀ဆိုးသောအခြေအနေသည်ကျွန်တော်တို့ ၏မိုးဆက်တို့  ခံစားရမည်မှာအသေအချာဖြစ်ပါသည်ဟုယုံကြည်ပါသည်။


လူငယ်တွေကော၊ ကျွန်တော်တို့ အားလုံး အလွန်ကိုသတိထားပြီးတော့လုပ်ရမည့်အချက်ကတော့ကျွန်တော်ပြောသည်မှာမှားသည်မှန်သည်ခံယူသူပေါ်မှာသာမှုတည်ပါသည်၊ဘာကြောင့်လည်းဆိုတော့၊ကျွန်တော်၏အမြင်သာဖြစ်သောကြောင့်ဖြစ်ပါသည်၊တူလျှင်လည်းထိုအကြောင်းကိုလုပ်ဆောင်ရန်မိတ်ဆွေဖြစ်သကဲ့သို့ ၊မတူညီလျှင်လည်းဒီမိုကရေစီပန်းတိုင်ကိုလျှောက်သောအသွင်မတူသောမိတ်ဆွေအနေနှင့်သာရှိပေမည်။

စိုင်းမွန်

Monday, February 11, 2008

မြန်မာ့ဂန္ထ၀င်အနုပညာရှင်မာမာအေး၏ ပြည်ထောင်စုနေ့အမှတ်တရ တေးလက်ဆောင်သစ်

မြန်မာ့ဂန္ထ၀င်အနုပညာရှင်မာမာအေးသည်အအေးမိ၍ဖျားနာနေသည့်ကြားမှ ထိုသီချင်းသစ်အား အသံသွင်းယူခဲ့ခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီရေးအတွက်လက်နက်တော်လှန်ရေးဆင်နွှဲနေသည့် သားမောင်များနှင့်မိခင်များအတွက် ရည်ရွယ်ထားကြောင်း သတင်းရရှိပါသည်။



DID ဘလော့မှ ရယူပါသည်။

ဗိုလ်ချုပ်၏ မွေးနေ့အမှတ်တရ

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အဆိုးဆုံးကိုတိုက်ပွဲဝင်ရင်ဆိုင်ရန် သက်စွန့်စံဖျားး မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံ ရှိဇူအိုခခရိုင် သို့ရောက်ရှိပြီး နောက်စစ်ပညာသင်ကြားခဲ့ရပုံ မြန်မာ့လွတ်လပ်ရေးအတွက် မဆုတ်မနစ်ကြီုးစားအောင်မြင်ခဲ့ပုံများကို ကြည့်ရူနိုင်ပါသည်။

လက်ရှိ စစ်အာဏာရှင်အောက်ရှိ အနာဂတ်မြန်မာလူငယ်များအနေနှင့်လည်း ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သည့်အတိုင်း အဆိုးဆုံးကို ရင်ဆိုင်တိုက်ပွဲဝင်ဖို့ သတိထားကြိုတင်ပြင်ဆင်ရင်း ဗိုလ်ချုပ်၏ မွေးနေ့အမှတ်တရအဖြစ် တင်ပြလိုက်ပါသည်။
မှတ်ချက်။ ။ဂျပန်သတင်းဌာနမှ ထုတ်လွှင့်သော သတင်းဖြစ်ပါသည်။

Sunday, February 10, 2008

န.အ.ဖ ၏ ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ ...

န.အ.ဖ ထောင်တက်မယ့် လှေကားအဖြစ်ခံမလားန.အ.ဖ စစ်အာဏာရှင်စနစ် နိဂုံးချုပ်အောင် ပြတ်သားစွာ မြေမြှုပ်သုတ်သင်မလား …

ရဲဘော်ငြိမ်း (မျိုးချစ်ဒီမိုကရက်တစ်တပ်ပေါင်းစု)


န.အ.ဖ ရဲ့ ကြေညာချက်တွေကို ဆန်းစစ်ကြည့်လိုက်တဲ့အခါ …
(၁) ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ရန် ကြိုးစားခြင်း
(၂) ရွေးကောက်ပွဲအနိုင်ရ ပါတီမှ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအ၀င် ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးအား လျစ်လျူရှုခြင်း
(၃) ၁၉၈၈ လူသတ်မှု၊ ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှု၊ စက်တင်ဘာ အရေးအခင်းတွင် သံဃာတော်များနှင့် လူထုအား သတ်ဖြတ်သည့် တာဝန်ရှိသူများအား ပြင်းထန်စွာ အရေးမယူခြင်း
(၄) ကျောင်းသားတပ်မတော် ၊ ကေအန်ယူနဲ့ အားလုံးသော လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနဲ့ အကြွင်းမဲ့ အပစ်အခတ်ရပ်စဲရေးကို လျစ်လျူရှုခြင်း

အထက်ပါ အချက်လေးချက်အရ န.အ.ဖ လုပ်မယ့် ဆန္ဒခံယူပွဲဟာ ၁၉၇၄ ခုနှစ် မ.ဆ.လ ပါတီက လုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲထက် ဆိုးတဲ့ကိစ္စတရပ်ဖြစ်တယ်။

ဒါဟာ န.အ.ဖ ဘက်က ပြည်သူလူထုကို တဖက်သတ် အနိုင်ကျင့် စော်ကားမှုတွေ အားလုံးနဲ့အတူ ထပ်မံပြီး ထမ်းခိုင်းမယ့် ၀န်ထုပ်ဝန်ပိုး တစ်ခုသာဖြစ်တယ်။ ဒီဆန္ဒခံယူပွဲက နိုင်ငံတကာနဲ့ ကုလသမဂ္ဂကို ထုံးစံအတိုင်း ညာပြီး ပြတဲ့ပွဲ၊ လူထုကို သေနတ်နဲ့ချိန်ပြီး ပြတဲ့ သွေးသံရဲရဲထဲက မျက်လှည့်ပြပွဲ တစ်ခုဖြစ်တယ်။ မြန်မာပြည် ပြည်သူလူထုဟာ ညံ့ဖျင်းနုံနဲ့ပြီး ငါတို့လုပ်တိုင်းရတယ်ဆိုတဲ့ န.အ.ဖ ရဲ့ သူတို့ကိုယ်သူတို့ အထင်ကြီးမှုနဲ့ တဘက်က ပြည်သူလူထုအပါအ၀င် နိုင်ငံရေးပါတီတွေနဲ့တကွ တိုင်းရင်းသားတော်လှန်ရေးအင်အားစု အသီးသီး ဒီမိုကရေစီအင်အားစု အသီးသီးကို နားမလှည့်ဘဲ မျက်နှာချင်းဆိုင် လည်ဂုတ်ဆွဲပြီး ပါးရိုက်လိုက်တာပဲဖြစ်တယ်။

န.အ.ဖ ဟာ ပြည်တွင်းပြည်ပ အကြပ်အတည်းတွေ အားလုံးကို လက်ပူတိုက် လိမ်ညာ ခြိမ်းခြောက် သတ်ဖြတ် လာဘ်ထိုး ချော့မော့ လုပ်ကြံခြင်းတွေနဲ့ သက်ဆိုးရှည်ခဲ့တာ နှစ်ပေါင်းနှစ်ဆယ်ထဲကို ချည်းနင်းဝင်ရောက်လာပြီ ဖြစ်တယ်။ ပြည်သူလူထုတရပ်လုံးအနေနဲ့ န.အ.ဖ စစ်အာဏာရှင်လုပ်မယ့် လူထုဆန္ဒခံယူပွဲဆိုတာရဲ့ အနှစ်သာရကို ကောင်းကောင်း နားလည်ပြီးသား ဖြစ်တယ်ဆိုတာ ယုံမှားသံသယဖြစ်ဖွယ် မရှိဘူး။

စစ်အုပ်စုဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုသာ နိုင်ငံတော်အာဏာ အပ်ရမှာဖြစ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အနေနဲ့သာ ဦးဆောင်လုပ်ရမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စတွေဖြစ်တယ်။ ဒါဟာ နားလှည့်ပါးရိုက်ဖို့ တိုင်းရင်းသားတွေကို လိမ်ညာ သုတ်သင်ချင်တဲ့ န.အ.ဖ ရဲ့ အလုပ်မဟုတ်ဘူး။ စစ်တပ်ဟာ စစ်တန်းလျားမှာပဲ ရှိနေရမယ်။ အမျိုးသားနိုင်ငံရေးဆိုတဲ့ စကားတစ်ခွန်းနဲ့ ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးဥသျှောင်ကြီးတွေလိုသေနတ်ခါးချိတ်ထားတဲ့ အာဏာရှင်တွေ အနားယူကြဖို့ အချိန်တန်ပြီ။ စစ်အုပ်စုရဲ့ အထက်ပိုင်း ခြောက်ဆယ်ကျော်တဲ့ ဗိုလ်ချုပ်တွေအကုန်လုံး အငြိမ်းစားယူသင့်ပြီ။

တပ်မတော်ကို ကမ်းကုန်အောင် ဖျက်ဆီး စရိုက်ဆိုးတွေ သွတ်သွင်းပြီး ခါးပိုက်ဆောင်တပ်အနေနဲ့ ကိုယ့် ရဲဘော်ရဲဘက် အငယ်တွေကို ညီရင်းအကို စိတ်မထားဘဲ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ရင် ကာကွယ်၊မကာကွယ်ရင် ပက်ပက်စက်စက် လုပ်ရက်တဲ့ ဗိုလ်ချုပ်တွေကို တပ်မတော်ထဲက ထုတ်ပယ်အရေးယူဖို့ အချိန်တန်ပြီ။

တပ်မတော်တွင်းက ဗိုလ်ချုပ်ကြီးများက စလို့ တပ်သားအထိ အမျိုးသားနိုင်ငံရေးကို လုပ်ချင်ရင် တပ်မတော်က အငြိမ်းစားယူပြီး ပါတီတစ်ရပ် အဖွဲ့အစည်းတခုကို ဦးဆောင်ပြီး လုပ်ရမှာဖြစ်တယ်။ သေနတ်တကားကားနဲ့ ဗိုလ်ကျအနိုင်ကျင့်တာဟာ အမျိုးသားနိုင်ငံရေးမဟုတ်ဘူး၊ အမျိုးသားကျွန်ပြုရေး ဖြစ်တယ်။ တပ်မတော်ဆိုတာ နိုင်ငံတော်ကို ပြည်ပရန်က ကာကွယ်ဖို့ပဲ ဖြစ်တယ်။ တရားမျှတတဲ့နည်းနဲ့ ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့ အရပ်သား အစိုးရတစ်ရပ်သာလျှင် တိုင်းပြည်ကို ဦးဆောင်ရမှာဖြစ်တယ်။

မိန်းကလေးတယောက်ကို အတင်းဗလက္ကာရ ပြုပြီးမှ မယားတော်ပါ့မယ် ဆိုတဲ့အချိုးနဲ့ နိုင်ငံတော်နဲ့ ပြည်သူကို စော်ကားမော်ကား လုပ်လာခဲ့တာတွေကို ရပ်တန့်စေဖို့ ပြည်သူလူထုအနေနဲ့ ဘက်ပေါင်းစုံက ၀ိုင်းဝန်းကြိုးပမ်းရမှာ ဖြစ်တယ်။ န.အ.ဖ ရဲ့ ဆန္ဒခံယူပွဲကို လူထုကြီးတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်ကြမယ် ဆိုတာကို န.အ.ဖ ဟာ ကျိန်းသေသိတယ်။ ဒီတော့ န.အ.ဖ ဟာ လူထုကို ချော့တခါ ခြောက်တလှည့်နဲ့ သတ်ဖြတ် ဖမ်းဆီးသင့်တဲ့ အစိတ်အပိုင်းကို သတ်ဖြတ်ဖမ်းဆီးမယ်။ ယခုလည်း ဖမ်းဆီးနေဆဲဖြစ်တယ်။ လိမ်ညာချော့မြှူ သိမ်းသွင်းရမယ့် အပိုင်းကို လိမ်ညာချော့မြှူ သိမ်းသွင်းမယ်။သူတို့လုပ်နေကျဖြစ်တဲ့ ကြံ့ဖွတ်ဦးဆောင်တဲ့ အတုအယောင် အင်အားပြပွဲကြီးတွေကို ယခုကစပြီး အရှိန်အဟုန်မြှင့် လုပ်သွားကြမှာဖြစ်တယ်။

တကယ်တန်း န.အ.ဖ ဟာ ရှေ့ကိုတိုးတိုး နောက်ကိုဆုတ်ဆုတ် သူတို့အတွက် အ၀ီစီပဲ ရှိတယ်ဆိုတာကို သိလို့ ရှိနေတဲ့နေရာက အထက်ကိုတက်ဖို့ လှေကားထောင်လိုက်တာ ဖြစ်တယ် ။ ဒါပေမယ့် သူတို့ လွတ်မြောက်ချမ်းသာ စည်းစိမ်တည်မြဲရေး လမ်းကြောင်းအတွက် ထောင်တဲ့လှေကားဟာ ရဟန်းရှင်လူ ကျောင်းသား ပြည်သူလူထုနဲ့ တပ်မတော်သားတွေရဲ့ အရိုးတွေဖြစ်တယ်၊ အသက်တွေဖြစ်တယ၊် သွေးချွေးတွေ ဘ၀တွေဖြစ်တယ်။

ဒီတော့ ကျနော်တို့တတွေဟာ န.အ.ဖ ထောင်တက်မယ့် လှေကားအဖြစ်ခံမလား ... န.အ.ဖ စစ်အာဏာရှင်စနစ် နိဂုံးချုပ်အောင် ပြတ်သားစွာ မြေမြှုပ်သုတ်သင်မလား ...။ နိဂုံးချုပ်အနေနဲ့ ပြန်ပြီး ကိုးကားလိုတာကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ စကားပဲ ... ကျနော်တို့ အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်ကြပါစို့ ...။

ရဲဘော်ငြိမ်း (မျိုးချစ်ဒီမိုကရက်တစ်တပ်ပေါင်းစု)

Saturday, February 9, 2008

ငါးမူးတန်းမှ ရုပ်ရှင်ကြည့်သော ဗိုလ်ချုပ်အောင်ဆန်း


ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ

သန်းရွှေကို ကြိုဆိုနေသော စီးပွားရေးလုပ်ငန်းရှင်တေဇ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကြိုဆိုနေသော စီးပွားရေးလုပ်ငန်းရှင်ဦးတေဇ။
အမေရိကန်ပြည်ထောင်စုက ဖေဖော်ဝါရီလ ၅ရက်၊ ၂၀၀၈ခုနှစ်မှစ၍ ဦးတေဇနှင့် အပေါင်းပါများ၏ ဘဏ်အပ်နှံငွေများနှင့် ငွေလွှဲခြင်းများကို ထိန်းချုပ်တားမြစ်ကာ ပိတ်ဆို့အရေးယူမှု တိုးမြှင့်လိုက်သည်။ ဦးတေဇနှင့် သူ၏စီးပွားရေးလုပ်ငန်းများသည် စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အားပေးအားမြှောက် ပြုလုပ်လျှက်ရှိသည်ဟုစွတ်စွဲခံထားရသည်။
ဓာတ်ပုံ သတင်း။ ။ မဇ္ဈိမ

တေဇ၏ စီးပွားရေးကွန်ရက် (ဖေဖော်ဝါရီ၊ ၂၀၀၈)

ဖေဖော်ဝါရီ(၁၃) ဗိုလ်ချုပ်မွေးနေ့အကြိုအမှတ်တရ

လူထုအပေါ် မောက်မာသည့် ပြည်ခိုင်ဖြိုးတဦး ခေါင်းဖြတ်ခံရ


အေးလွင် အုပ်စု ကို သတိထားကြ။ ဆန့်ကျင်ကြ

အဖွဲ့ ခေါင်းဆောင် အေးလွင် (၀ဲ ) နှင့် သန်းဌေး ( ယာ) မှာ နအဖ အလို ကျ အမေရိကန်ဆန်ကျင်ရေး လှုပ်ရှားမှု များကိုလုပ်ဆောင်နေစဉ် တွေ့ ရပုံ
အေးလွင် ဟာ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းတဦးဖြစ်ပါတယ်။ အခုသူက ဟာ နအဖ နဲ့ ပေါင်းပြီး လမ်းမှားကိုရောက်သွားပါတယ် ။ သူကိုသတိထားကြပါ။ ဆန်ကျင်ကြပါလို့ တိုက်တွန်းလိုပါတယ်။ သူဟာ ၈၈ မျိုးဆက်ကျောင်းသားမဟုတ်တော့ဘူး။ သူဟာ နအဖလက်ကိုင်တုတ်လုံးလုံးဖြစ်နေပြီ။ လက်ရှိသူအဓိကလုပ်နေတာကတော့

၁- အမေရိကန် အစိုးရစီးပွားရေးပိတ်စို့ တာကို ဆန်ကျင့်နေပါတယ်။
၂- ဒေါ်အောင်ဆန်းစုကြည်ကိုဆန်ကျင်တိုက်ခိုက်နေပါတယ်။
၃- နအဖရဲ့ လမ်းပြမြေပုံကို ထောက်ခံပေးနေပါတယ်။
၎- အခြေခံဥပဒေကိုထောက်ခံနေပါတယ်။
၅- နအဖ ထံမှာ ငွေ၊တိုက်ခန်း၊ ကား၊ လက်ကိုင်ဖုန်းစသည့် အကျိုးအမြတ်များကို ရရှိနေကြပါတယ်။

၆ - အီးမေးလ်များမှ တဆင့် နအဖ သတင်းစာများကို အဆက်မပြတ်ပို့ နေခြင်း။ သူတို့ လှုပ်ရှားမှု သတင်းများကို ပို့ လေ့ရှိကြပါတယ်။သူတို့ အုပ်စုမှာ အဓိကလှုပ်ရှားသူတွေက ဘယ်သူတွေလဲ။
၁- အေးလွင်
၂- ၀င်းမောင်
၃- ကျော်သူရ၀င်း
၎- စိုးပိုင်
၅- ရဲ မျိုးခိုင်
၆- ကျော်လ
၇- သူရအောင်
၈- ကံကြီးမောင်
၉- မျိုးဇော်ဦး
၁၀- ကျော်ကျော်ခိုင်
၁၁- ထိန်မင်းတို့ ဖြစ်ပါတယ်။
နအဖ မှ အေးလွင်ကို သိန်း ၅ ငါးထောင်ပေးထားတယ်လို့ သတင်းထွက်နေပါတယ်။

ပုလဲ ကွန်ဒိုမီနီယံမှာ တိုက်ခန်းပေးထားပြီး ရုံးဖွင့်လှုပ်ရှားနေကြပါတယ်။ ကားနဲ့ မိုးလ်ဘိုင်းဖုံးများ လစဉ်ထောက်ပံ့ငွေများ ရနေ
ကြပါတယ်။
ဂျပန်ကိုလာရောက်ပြီး ဂျပန်အစိုးရပိုင်းကို စည်းရုံးဖို့ အစီအစဉ်များလည်း

ပြုလုပ်နေကြောင်းသတင်းရပါတယ်။ သူတို့ ကိုလှုပ်ရှားမှု ကို တုန်ပြန်ရန်လိုအပ်ပါတယ်။

၁- သူတို့ အီးမေးလ်ကို လက်မခံပဲ ပိတ်စို့ ထားနိင်ပါတယ်။ သူတို့ ဆီမှာအီးမေးလ် များကို လက်မခံပဲ ပိတ်ဆို့မှုများပြုလုပ်နိင်ပါတယ်။
၂-သူတို့အီးမေးလ်တခုလာတိုင်းကျနော်တို့ဖက်မှာကုလသမဂ္ဂအစီရင်ခံစာများ။လူအခွင့်အရေးချိုးဖေါက်ခံသတင်းများကို တန်ပြန်ပေးပို့ နိင်ပါတယ်။


၃- သူတို့  နဲ့ အုပ်စုက ခေါ်တဲ့ အစည်းဝေးတွေကို မတက်ရောက်မိဖို့ သတိပေးကြပါ။

၎- သူ တို့ အုပ်စုနဲ့ နိင်ငံရေးမဆွေးနွေးပါနဲ့ အေးလွင်အုပ်စုဟာ နအဖ လက်ကိုင်ဒုတ်တွေ ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါတယ်။

(မိုးသီးဇွန်)

Friday, February 8, 2008

ကျောင်းသားလုပ်တဲ့ နိုင်ငံရေး

ဗသြ

ကျောင်းသားတွေကို နိုင်ငံရေးမလုပ်နဲ့၊ စာပဲသင်ကြလို့ ပြောတဲ့လူတွေရှိကြတယ်။ ရည်ရွယ်ချက်အမျိုးမျိုး၊ စေတနာ အမျိုးမျိုး နဲ့ပဲ၊ ဒီအထဲမှာ အုပ်စိုးသူတွေက အပြောဆုံး။ အင်္ဂလိပ်ကိုလိုနီတွေကနေ ကနေ့ နအဖ အထိ။

ကျောင်းသားတွေလုပ်တယ်ဆိုတဲ့ နိုင်ငံရေးဟာ အာဏာကိုလိုချင်လို့ အာဏာ ရရေးလုပ်တာလား။ ကိုယ့်ကိုထိလာလို့ လုပ်တာလား။ ကျောင်းသား အကျိုးနဲ့သက် ဆိုင်လို့လုပ်တာလား သမိုင်းကို သေချာပြန် ကြည့်ရင် အရှင်းသိနိုင်တယ်။

ဗမာပြည် ကျောင်းသားသမိုင်းမှာ အစောဆုံးတိုက်ပွဲလို့ဆိုနိုင်တဲ့ ရှိခိုးပြဿနာ ကိစ္စကိုပဲကြည့်။ ၂၀ ရာစုနှစ်ထဲဝင်ကာစ၊ ၁၉၀၃ ခုနှစ်ဆီက၊ ကျောင်းသားတွေဟာ ကိုယ့်ဟာကိုယ် အေးအေးကျောင်းတက်နေ တာ။ ဒီလိုအခါမှာ အဲဒီတုန်းက ပညာဝန် အင်္ဂလိပ်လူမျိုး မစ္စတာကော့က ကျောင်း သားတွေဟာ ဆရာများနဲ့ပညာရေးဌာနက အရာရှိတွေကို ရှိခိုးအရိုအသေပြုရမယ်လို့ အမိန့်ထုတ်ပြန်လိုက်တယ်။ ဒါဟာ ဗမာ ဘုရင်တွေလက်ထက်တုန်းက ဗမာဘုရင် တွေကို သူတို့ အနောက်နိုင်ငံသားတွေက ရှိခိုးရတာကို ပြန်ကလဲ့စားချေတာဖြစ်တယ်။ နောက်ပြီး တချိန်မှာ ဗမာနိုင်ငံသားထဲက အထက်ပိုင်းရောက်လာမယ့် အရာရှိတွေ ဖြစ်လာမယ့် အေလိ(တ်) (elite) လောင်း လေးတွေကို ကြိုပြီးနံနှိမ်ထားတာဖြစ်တယ်။ ဒ်ီနည်းက နအဖ စဉ်းစားနည်းအတိုင်းလုပ်တာ ပဲ။

ကျောင်းသားတွေဘက်ကနေ ဘယ် လိုရှိခိုးရမှာလဲလို့ သေချာအောင် ထပ်မေး တော့ လက်အုပ်ချီပြီးနဖူးနဲ့ထိ ရှိခိုးရမယ်လို့ အတိအကျ ပြန်ပြောတယ်။ သေနတ်စ ဖောက်တာဟာ အာဏာပိုင်တွေဘက်က ဖောက်တာပဲ။ ဒါကို ငုံ့ခံနေရမှာလား။ အဲဒီ တုန်းကသာ အလျှော့ပေးလိုက်ရင် သခင် အောင်ဆန်းတို့၊ သခင်ဗဟိန်းတို့။ မစ္စတာ ကော့ကို လက်အုပ်ချီရတာဖြစ်တော့မှာပဲ၊ နောက်ပြီး န၀တ၊ နအဖ စစ်ဗိုလ်တွေလည်း သိပ်ကို သဘောကျလိုက်မယ့်ဖြစ်ခြင်း။

ဒါမျိုးမှာဆုတ်လို့၊ တွန့်လို့မရဘူး၊ တန်ဘိုး ဘယ်လောက်ပေးရ။ ပေးရ ဆန့်ကျင် ရမှာပဲ။ ကျောင်းသားအရေးလို့လည်း ပြော လို့ရတယ်။ အမျိုးသားဂုဏ်၊ အမျိုးသား မာန်နဲ့ ဆက်နေတယ်လို့လည်း ပြောလို့ရ တယ်။ ဒါဟာ ဗမာပြည်သားအားလုံးကို စော်ကားတာ။ သူတို့အင်္ဂလိပ်ချင်းမှာ ဒီလို အစဉ်အလာမရှိဘူး။ ဒါကြောင့် ကျောင်း သားနဲမိဘတွေဟာ ၀ိတိုရိယဟောလ(ဂလုပ်ရုံ-နောင်မှာဂုဏ်ရုံ) မှာ အစည်းအ ဝေးကျင်းပပြီး ကော့ရဲ့အမိန့်ဟာ မဆီလျော် ကြောင်း၊ ဒါကြောင့် ဆန့်ကျင်ကန့်ကွက် ကြောင်း ဆုံးဖြတ်ကြတယ်။ သူတို့ရဲ့အယူ အဆကို အဲဒီတုန်းက တက္ကသိုလ်ကျောင်း အုပ်ဖြစ်တဲ့ အင်္ဂလိပ်လူမျိုး မစ္စတာဝေးလ် ရစ်ကတောင်မှ စာနာထောက်ခံတယ်။

ဒီလိုနဲ့ အဲဒီအမိန့်ပြန်ရုပ်သိမ်း လိုက်ရတယ်။ကျောင်းသားသမိုင်းရဲ့ ပထမဦးဆုံး လို့ဆိုရမယ့်တိုက်ပွဲဟာ အောင်ပွဲနဲ့မင်္ဂလာ ယူခဲ့တယ်။၁၉၃၅-၃၆ တိုက်ပွဲများဟာ ကိုနုနဲ့ ကိုအောင်ဆန်းကို ကျောင်းကထုတ်လိုက်ရာ ကနေ တက္ကသိုလ်ကောလိပ်ကျောင်း သား တွေရော၊ အထက်တန်းကျောင်းသားတွေပါ ပါဝင်တဲ့ဆန္ဒပြမှုကြီးအဖြစ် ကြီးထွားလာ တယ်။ ၁၉၃၆ခု၊ ဖေဖော်ဝါရီလကနေ မေလ ၆ ရက်နေ့အထိ ဖြစ်ခဲ့တဲ့ ဒီတိုက်ပွဲများက နေ အမျိုးသားကောလိပ်နဲ့ အမျိုးသား ကျောင်းတွေ ပေါ်ထွက်ခဲ့တယ်။ ဗမာပြည် ပြည်သူတွေရဲ့ အမျိုးသားရေးနဲ့ နယ်ချဲ့ဆန့် ကျင်ရေးစိတ်ဓာတ်ကို တဆင့် တိုးမြှင့်ပေး နိုင်ခဲ့တယ်။ ကိုနုနဲ့ကိုအောင်ဆန်းကိုသာ ကျောင်းက ထုတ်မပစ်ခဲ့ရင် ဒီတိုက်ပွဲပေါ်မှာ မဟုတ်ဘူး။

မန္တလေးအာဇာနည် ၁၇ ဦး ကျဆုံး ခဲ့ရတဲ့ ကျောင်းသားများနဲ့ ရဟန်းသံဃာ များရဲ့ဆန္ဒပြပွဲဟာလည်း ကိုလိုနီအာဏာ ပိုင်တွေက ဗိုလ်အောင်ကျော်ကိုသတ်လို့ ပေါ်ထွက်လာတဲ့ တိုက်ပွဲပဲ။ ဗိုလ်အောင် ကျော်ကို သတ်တာကရော။ ကျောင်းသား တွေဟာ ၁၃၀၀ ပြည့် အရေးတော်ပုံတပ် သားတွေ ရေနံချောင်းက ချီတက်လာတာကို အင်္ဂလိပ်က လမ်းမှာအနုနည်းရော၊ အကြမ်း နည်းပါသုံးပြီး ဖြိုခွဲနေတာမို့ အတွင်းဝန်ရုံးကို ၀ိုင်းပြီးဆန္ဒပြကြတာ။ အေးအေးချမ်းချမ်း ဆန္ဒပြကြတာ။ ဒါကို ရက်ရက်စက်စက် လူသေတဲ့အထိ နှိပ်ကွပ်တယ်။၇ ရက် ဇူလိုင် အရေးအခင်းဆိုရင် လည်း ဗိုလ်နေ၀င်းတို့ဟာ ပထမဆုံးအာ ဏာသိမ်းတယ်၊ နိုင်ငံတော်ရဲ့အာဏာကို သိမ်းတယ်ဆိုတာ နိုင်ငံသားတွေဖြစ်တဲ့ ကျောင်းသားတွေကို အန္ဒရာယ်ပြုတာပဲ။ ၁၉၆၀ ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ကျောင်း သားတွေ နည်းမှမနည်းပဲ။

အဲဒီ ဆန္ဒဖော် ပြမှုတွေကို ငြင်းပယ် ရုံမက အာဏာသိမ်းတဲ့ နေ့ မှာပဲ ၈ တန်းကျောင်းသားငယ် စ၀်မီမီ သိုက်ကို မတရား ပစ်သတ်ခဲ့တယ်။ ဒါဟာ ကျောင်းသားတွေကိုရော တပြည်လုံးက ပြည်သူတွေကိုပါ လူသတ်ပြပြီး ခြိမ်းခြောက် လိုက်တာဖြစ်တယ်။ အဲဒီနောက်မှာ ဘယ် တုန်းကမှမရှိဖူးတဲ့ အဆောင်စည်းကမ်းတွေ ချမှတ်လာတယ်။ ဒါကိုက ကျောင်းသား တွေကို တမင်နံနှိမ်လိုက်တာဖြစ်တယ်။ သူတို့မှာ တဆင့်ပြီးတဆင့် ဦးချိုးသွားဖို့ အစီအစဉ်ရှိတယ်။ ဒီလိုအချိန်မှာ ကျောင်း သားတွေ ငုံ့ခံနေလိုက်ရင် ဘာဖြစ်သွားမလဲ။ ဦးကျိုး ပြီဆိုပြီး ဆက်နင်းလာမှာ သေချာတယ်။ ဒါကြောင့်မို့ လူတရာကျော် အသတ် ခံရတဲ့ ၇ ရက်ဇူလိုင် အရေး တော်ပုံကြီး ပေါ်ပေါက်လာ တာဖြစ်တယ်။ ရှစ်လေးလုံး အရေးတော်ပုံကိုလည်း ပြန် ပြီးသုံးသပ်လိုက်ပါ ပြဿနာကို စတာဟာ စစ်အစိုးရဘက်ကပဲ။ တိုင်းပြည်ကို ဒေ၀ါလီ ခံရအောင်လုပ်တာ၊ ငွေစက္ကူတွေ တရားမ၀င် ကြောင်း ကြေငြာတာ။ ကိုဖုန်းမော်ကို သတ်တာ။ ဒါတွေအားလုံးဟာ ကျောင်းသား တွေနဲ့မဆိုင်တဲ့ကိစ္စတွေလား။ကျောင်းသား တွေရဲ့ နေထိုင်စားသောက်ရေးနဲ့ ပညာသင် ကြားရေးတို့ကို မထိခိုက်တဲ့ကိစ္စတွေလား။ ဒါကြောင့် ဒီအရေးတော်ပုံကြီးဟာလည်း မဆလ စစ်အစိုးရဘက်က သေနတ်စဖောက် လို့ ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲကြီးပဲ။

နောက်ပြီး ဒီနေ့ဗမာပြည် အခြေ အနေလိုဟာမှာ ဒီမိုကရေစီအရေးက အစ ဖောင်တိန်တချောင်း ၀ယ်ရရေးအထိ၊ ဘာ အရေးအတွက်ပဲဖြစ်ဖြစ် ဆန္ဒပြတယ်ဆိုရင် ပြတဲ့လူတွေဟာ မှန်တယ်။ ဘာကြောင့်လဲ ဆိုတော့ စစ်အစိုးရက တိုင်းသူပြည်သား တွေကို အဖက်ဖက်ကချို့တဲ့အောင် တမင် လုပ်ထားလို့ပဲ။

ဒါကြောင့် ကျောင်းသားလှုပ်ရှားမှုနဲ့ ကျောင်းသား တိုက်ပွဲဆိုတာတွေဟာ သမိုင်း မှာရော၊ အခုလက်ရှိမှာရော ဖိနှိပ်သူ အုပ်စိုး သူတွေက မတရားဖန်တီးလို့ ပေါ်ပေါက်ရ တာချည်းပဲဖြစ်တယ်။ ခြွင်းချက်မရှိဘူး။ မတရားမှုတွေရှိသရွေ့ နောင်လည်း ပေါ်နေ အုန်းမှာပဲ။ဒါကို နိုင်ငံရေးလုပ်တယ်လို့ ခေါ်ချင်၊ ပြောချင်တယ်ဆိုရင်လည်း ခေါ်နိုင်၊ ပြောနိုင် တယ်။

မျိုးချစ် ဒီမိုကရက်တစ် ၂၀၀၈

လူထုရှေ့ဆောင်
တိုင်းပြည်ကောင်းကျိုး
စနစ်ဆိုးဖျက
ချီတက်ဦးတည
ငိမ်းချမ်းပြည်သစ
နှစ်ထောင့်ရှစ်...။

ကိုနေဘုန်းလတ်ကို ၅ ည တပ်

မဇ္ဈိမသတင်းဌာန၊ နန်းဒေဝီ/ ၆ ရက် ဇန်န၀ါရီ ၂၀၀၈ ခုနှစ် နယူးဒေလီ။ ။

ရန်ကုန်တိုင်းအတွင်းရှိ ဒဂုံမြို့နယ်ရဲစခန်းက ဘလောက်ဂါ နေဘုန်းလတ်အား အရေးပေါ် စီမံချက် ဥပဒေဖြင့် ပုဒ်မတပ်ကာ တရားစွဲဆိုလိုက်ပြီဟု မိသားစုနှင့် နီးစပ်သည့် မိတ်ဆွေများ အပြောအရ သိရသည်။ရဲက ဇန်နဝါရီလ ၂၉ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခဲ့သော စာရေးဆရာလည်းဖြစ်သူ နေဘုန်းလတ် (၂၈ နှစ်) အား ပုဒ်မ ၅ (ည) ဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားသူများနှင့် သဘောထား ကွဲလွဲသူများကို နှိမ်နင်းရာတွင် ပုဒ်မ ၅ (ည) သည် လက်နက်တခု ဖြစ်သည်။ ထိုဥပဒေအရ ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်သည်။“နိုင်ငံရေး မသင်္ကာမှုနဲ့ ဒဂုံမြို့ ရဲစခန်းကနေ ပုဒ်မ တပ်ထားတယ်။ တရားစွဲတာပဲ ဖြစ်သေးတယ်။ သူ့ကို ခေါ်သွားတဲ့ ရဲမှူးကြီး စိုးသိန်း (ရန်ကုန်တိုင်း အထူးရဲတပ်ဖွဲ့) ကနေတဆင့် ကျနော်တို့ သိရတာပါ။ ဟု သူက ပြောသည်။

အဖမ်းခံရစဉ်က နေဘုန်းလတ် မောင်းနှင်ခဲ့သည့် ဂျစ်ကားကိုမူ ရဲစခန်းမှ ယနေ့ ညနေ ၃ နာရီခန့်တွင် မိသားစုက ပြန်လည် ရရှိခဲ့သည်။“ကျနော်တို့ စောင့်ကြည့်နေတာပဲ ရှိသေးတယ်။ တလလောက်တော့ စောင့်ကြည့်မယ်။ လိုအပ်ရင် ကျနော်တို့ဘက်ကလည်း ရှေ့နေတွေနဲ့ ဥပဒေ လမ်းကြောင်းအတိုင်း လုပ်သွားဘို့တော့ အစီအစဉ် ရှိပါတယ်” ဟု အမည်မဖော်လိုသူ ကိုနေဘုန်းလတ်၏ မိတ်ဆွေတဦးက ပြောသည်။

Thursday, February 7, 2008

ရန်ကုန်တိုင်း လူထုလှုပ်ရှားမှုအဖွဲ့ ကြေညာချက်


နေဘုန်းလတ်သို့ …

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီး နေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့ မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့ မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း (၃၆၅)ရက်အတွင်းမှာ သူ့မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ်၊ ရသလမ်းတွေ ဆန်းလာခဲ့တယ်၊ ပညာမီးတွေ လင်းပလာခဲ့တယ်။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။ဘလော့ဂ်ဂါတွေအတွက် ပထမဆုံးဆိုတဲ့ စကားလုံး တော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့ မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့် စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူအစွမ်းကုန် ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက် တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံး ကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်း တစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်။ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်။ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့် ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ် ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလော်ဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ "မြို့စားကြီး" လို့ စနောက်ကြဖို့ စောင့်နေကြတယ်။ ဇန်နဝါရီ (၂၉) ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ …။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလော်ဂါ့ရပ်ဝန်းမှညီအကို မောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။