Thursday, August 30, 2007

Jim Carrey - Call to Action on Burma and Aung San Suu Kyi

Wednesday, August 29, 2007

မြန်မာပြည်လက်ရှိအခြေအနေအတွက် ကုလသမဂ္ဂ တွင် တောင်းဆိုလတ်မှတ်ထိုးပေးကြပါရန်

မြန်မာပြည်သူတစ်ယေက်အနေနဲ့  တောင်းဆိုစာလေးတော့ လက်မှတ်ထိုးပေးမလားဗျာ။ ဒီမှာပါဗျာ …
http://www.petitiononline.com/kha8954b/

ကိုထင်ကျော်အား နအဖလက်ပါးစေများမှအဓမ္မဖမ်းဆီး

Sunday, August 26, 2007

မင်းမဲ့စရိုက်

မင်းမဲ့စရိုက်။ ဟုတ်တယ်။ မင်းမဲ့စရိုက်။

မင်းမဲ့စရိုက်ဆိုတဲ့ အဓိပ္ပါယ်က ရှင်းနေတာဘဲ။ မင်းမဲ့နေတဲ့အချိန်ကာလမှာ တိုင်းပြည်မှာ ဖြစ်တတ်တဲ့ သောင်း ကျန်း မှုတွေ၊ အဓမ္မဆန်တဲ့ လုပ်ရပ်တွေ၊ အုပ်ချုပ်ထိန်းသိမ်းလို့ မရတဲ့ လုပ်ရပ်တွေ၊ သွေးထွက် သံယိုဖြစ်စေတဲ့ လုပ်ရပ်တွေ၊ ကြမ်းတမ်းတဲ့ ပြောဆိုမှု တွေ၊ အုပ်ချုပ်သူ တွေရဲ့ ခြစားမှုတွေ၊ အစိုးရမဆန်တဲ့ လုပ်ရပ် တွေ၊ တိုင်းသူ ပြည်သား တွေကို ညှင်းပမ်း နှိပ်စက်မှု တွေ ပေါ်ပေါက် နေတာဟာ မင်းမဲ့စရိုက်ဘဲ။

ဟုတ်ပြီ။ ဒါဆိုရင် မင်းမဲ့စရိုက် ဘယ်လို ပေါ်ပေါက်သလဲ။ မင်းမဲ့စရိုက်ကို ဘယ်သူတွေက ဖန်တီးသလဲ။ မင်းမဲ့စရိုက်ကို ဘယ်သူတွေက အကောင်အထည်ဖေါ်သလဲ။ မင်းမဲ့စရိုက်ကို ဘယ်သူတွေက ခံရသလဲ။

မင်းမဲ့စရိုက် ဘယ်လို ပေါ်ပေါက်သလဲဆိုရင် မင်းမရှိတဲ့အခါ ပေါ်သလို၊ မင်းရှိနေရက်နဲ့  လည်းပေါ်တယ်။ ဒါဆို လက်ရှိမြန်မာပြည်ရော။ နှစ်ခုလုံးကြောင့်လို့ ပြောလို့ ရတယ်။

အင်း။ မင်း မရှိဖူး။ မြန်မာပြည်မှာ ပြည်သူ့ က တရားဝင် ရွေးချယ်တင်မြောက်တဲ့ မင်းအနေနဲ့  မရှိနေဖူး။ န၀တ၊ နအဖက တရားဝင် မင်း တွေမဟုတ်ဖူး။ ဒါဆို မင်း ရှိတယ်ဆိုတာကရော။အင်း။ နအဖက တရားဝင် မင်း မဟုတ်ဘဲ မင်းလို အယောင်ဆောင်ပြီး အုပ်ချူပ်နေတာကို ပြောတာ။ ဒါကြောင့် မင်းမဲ့စရိုက်က နအဖကြောင့် ပေါ်ပေါက်နေတယ်ဆိုရင် ရှင်းသလား။

မင်းမဲ့စရိုက်ကို ဘယ်သူတွေက ဖန်တီးသလဲ။ မင်းမဲ့ စရိုက် ကို ပေါ်ပေါက် စေတဲ့ နအဖ နဲ့ နအဖ ရဲ့ လက်ပါးစေ တွေ က ဖန်တီးတယ်။ ဘယ်လိုဖန်တီးသလဲ။ ဒီလိုလေ။ လက်နက်ကိုင်အင်အားတွေကို တိုးချဲ့ ထားတယ်။ အကြမ်း ဖက် နှိမ်နင်းရေး သင်တန်းတွေ ပို့  ချတယ်။ အကြမ်းဖက် မှု အခြေအနေ တွေကို စတင် ပြုလုပ် တယ်။ အကြမ်း ဖက်လို့ ရအောင် အကွက်ဆင် ပေးတယ်။ အကြမ်းဖက်ခွင့် ပေးထားတယ်။ အကြမ်းဖက် ရဲအောင် အခွင့် အရေး တွေနဲ့  ပေးပြီး မြူဆွယ်တယ်။

မင်းမဲ့စရိုက်ကို ဘယ်သူတွေက အကောင်အထည် ဖေါ်သလဲ။ အကောင်အထည်ဖေါ်တဲ့ နေရာမှာတော့ အောက် ခြေအဆင့်ကနေစပြီး အပေါ်အဆင့်က နောက်ဆုံးမှ ၀င်ရောက်တဲ့ နည်းကို သုံးလေ့ရှိကြတယ်။ အောက်ခြေ လက်ပါးစေအဆင့်ကနေ အထက်အဆင့်ဖြစ်တဲ့ ခါးပိုက်ဆောင် လက်နက်ကိုင်အဖွဲ့ ထိပါတယ်။ ဥပမာ ပေးရရင် - မဆလခေတ်က လုံထိန်း (လုံခြုံမှုထိန်း သိမ်းရေးတပ်ဖွဲ့ ) ဆိုပြီး အောက်ဘက်အဆင့်အနေနဲ့ မွေးခဲ့တယ်။အခု နအဖက ကြံ့ ဖွတ်နဲ့  စွမ်းအားရှင်တွေကို မွေးတယ်။ သူတို့ ကို ဦးဆုံးအကြမ်းဖက် ခိုင်းတယ်။ ထိခိုက်နစ်နာ စရာရှိ ကျဆုံစရာရှိ ခံရစရာရှိရင် ထိုးကျွေးလိုက်တယ်။ နောက်ဆုံး အထက်အဆင့်အနေနဲ့  သူတို့ ရဲ့ ခါးပိုက် ဆောင်တပ်ကို သုံးတယ်။

အမိန့်  ဆိုတဲ့စကားလုံးနဲ့  မင်းမဲ့စရိုက် အကြမ်းဖက်မှုကို လှည့်ဖြားပြီး လုပ်ခိုင်းတယ်။ အခွင့်အရေးတွေ အများ ကြီးပေးပြီး ထိန်းထားတယ်။မင်းမဲ့စရိုက်ကို ဘယ်သူတွေ က ခံရသလဲ။ ရှင်းတယ်။ လက်ရှိ မြန်မာပြည် အခြေအနေနဲ့  ပြောရရင် -အများ ဆုံး ခံရတာ တိုင်းသူ ပြည်သား တွေဘဲ။ နအဖက မင်းမဲ့စရိုက် ကို ပေါ်ပေါက် စေတယ်။ မင်းမဲ့ စရိုက် ကို နအဖနဲ့ လက်ပါးစေတွေက ဖန်တီး တယ်၊ အကောင်အထည်ဖေါ်တယ်။ ဒီတော့ ခံရဖို့ ကျန်တာ ပြည်သူတွေဘဲ။နအဖက ကြံ့ ဖွတ်နဲ့  စွမ်းအားရှင်တွေကို ပထမဦးဆုံး အကြမ်းဖက်ခိုင်းတယ်။ နောက်ဆို လာတော့မယ် လက် နက်ကိုင်အင်အားစုတွေ။ မင်း က ခိုင်းနေတဲ့  မင်းမဲ့စရိုက် အကြမ်းဖက်မှု တွေလေ။မင်းတွေ ကိုယ်တိုင်လုပ်တဲ့ မင်းမဲ့စရိုက်ဘဲ။ တနည်းပြောရရင် မင်းကိုယ်တိုင်က မင်းပီသ ရမဲ့အချက် တွေမရှိဘဲ မင်းမဲ့ဆန်ဆန် လုပ်နေတဲ့ မင်းမဲ့စရိုက်ဘဲ။

ဒီတော့ ရှင်းပါတယ်။

မင်းမဲ့စရိုက်သည် နအဖကြောင့် ပေါ်ပေါက်နေခြင်းဖြစ်သည်။

မင်းမဲ့စရိုက်သည် နအဖက ဖန်တီးနေခြင်းဖြစ်သည်။

မင်းမဲ့စရိုက်သည် နအဖနှင့် လက်ပါးစေတွေကအကောင်အထည်ဖေါ်နေခြင်းဖြစ်သည်။

မင်းမဲ့စရိုက်ကို တိုင်းသူပြည်သားများက ခံနေရခြင်းဖြစ်သည်။


ပြည်သူများ၏လှုပ်ရှားမှုအပေါ် နားလည်စာနာရန် စွမ်းအားရှင်အဖွဲ့ကို ၈၈ မျိုးဆက်ကျောင်းသားများ တောင်းဆို

စွမ်းအားရှင်ဆိုသူများသည် ပြည်သူထဲမှ ပြည်သူများဖြစ်၍ ဆင်းရဲကြပ်တည်းမှုကို အရှိတရားကိုအရှိတရားအတိုင်း လက်ခံပြီး ၈၈ မျိုးဆက်ကျောင်းသားများနှင့်  ပြည်သူများ၏ လှုပ်ရှားမှုအပေါ် နားလည်စာနာပေးရန် မေတ္တာရပ်ခံ ပန်ကြား လိုက် သည်။၂၃.၈.၂၀၀၇ ရက်စွဲဖြင့် ထုတ်ပြန်သည့် ၈၈ မျိုးဆက် ကျောင်းသားများ ( ပြည်သူ့ ဆက်ဆံရေး ကော်မတီ) ၏ပန်ကြားချက် တွင် ၎င်းတို့ အနေဖြင့် အဖမ်းဆီးခံ ကျောင်းသား ခေါင်းဆောင်များ ပြန်လွတ်ရေးနှင့် ပြည်သူ့ တွက် ဆက် လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု ဖော်ပြခဲ့ပြီး အာ ဏာ ရ ရှိ ရေး အတွက် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ၀ါဒစွဲများဖြင့် ဆူပူအောင် လုပ်ဆောင်နေသူများ မဟုတ်ဟု ဆိုသည်။နိုင်ငံအနှံ့ ရဟန်းရှင်လူ ပြည်သူအပေါင်း လက်တွေ့ခံစားနေရသည့် အထွေထွေ စားဝတ်နေရေး အ ကြပ် အ တည်း နှင့် ကုန်ဈေးနှုန်းကြီးမြင့်သည့် ဒဏ်ကို စစ်အစိုးရအနေဖြင့် ဖြေရှင်းပေးရန် ပြည်သူ့အခွင့်အရေးနှင့်အညီ ပြည်သူနှင့်လက်တွဲကာ ဒီမိုကရေစီနည်းကျကျ ဆန္ဒဖော်ထုတ် တောင်းဆိုခြင်းဖြစ်သည်ဟု ဆိုသည်။စွမ်းအားရှင်ဆိုသူများသည်လည်း ပြည်သူတို့ ခံစားနေရသည့် အကြပ်အတည်းမှ ကင်းလွတ်ခွင့် ရ ကြသူများမဟုတ်ကြ၍ လူထုလှုပ်ရှားမှုအပေါ် စစ်အစိုးရအလိုကျ ဟန့်တားနှောင့်ယှက်ခြင်း၊ အင်အားသုံး အကြမ်းဖက်ခြိမ်းခြောက်ခြင်းများသည် ပြည်သူဘဝနှင့် ကင်းကွာသော လုပ်ရပ်ဟု နားလည်သဘောပေါက်ရန် လိုအပ်သည်ဟု ဖော်ပြထားသည်။စစ်အစိုးရအလိုကျ တနိုင်ငံတည်းသား အချင်းချင်းအပေါ် ရန်သူသဖွယ် ပြုမူနေခြင်းသည် ဝမ်း နည်း စရာ ကောင်းလှပြီး ပြည်သူလူထုအတွင်း အုပ်စုကွဲ ပဋိပက္ခများ ပေါ်လာပါကလည်း တိုင်းပြည်အတွက် အန္တရာယ်များလှသောကြောင့် ပြည်သူ့အခွင့်အရေး လှုပ်ရှားမှုအပေါ် နားလည်စာနာပေးကြပါရန် ၈၈ မျိုးဆက် ကျောင်းသားများ(ပြည်သူ့ဆက်ဆံရေးကော်မတီ) က တိုက်တွန်းလိုက်သည်။

၈၈ မျိုးဆက်ကျောင်သားများ(ပြည်သူ့ဆက်ဆံရေးကော်မတီ)

ဦးအုန်းသန်း၏ တကိုယ်တော်ဆန္ဒပြပွဲ

၈၈ ကျောင်းသားများ၏ ကြေငြာချက်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်နေသူများဖမ်းဆီးခြင်းနှင့် ပတ်သက်၍ သဘောထားကြေညာချက်

၂၂ ရက်၊ သြဂုတ်လ၊ ၂၀၀၇ ခုနှစ်

ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် မြန်မာပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ လူ့အခွင့်အရေး နှင့် နိုင်ငံသားအခွင့်အရေးများ ထွန်းကားနိုင်ရေးအတွက် ကြိုးပမ်းနေသူများ ဖြစ်သည်။ ထိုသို့ကြိုးပမ်းရာ၌ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းနိုင်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး အပေါ်တွင် အခြေခံ၍၁။ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် အဖြေရှာရေး၂။ ၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်အပေါ်တွင် အခြေခံရေး၊၃။ ဒီမိုကရေစီကို ဦးတည်သော ဖြေရှင်းမှုဖြစ်ရေး၊ဟူသော အခြေခံမှု ၃ ရပ်ပေါ်တွင် ရပ်တည်ဆောင်ရွက်ခဲ့သည်။ ယခု ၂၁ ရက်၊ သြဂုတ်လ၊ ၂၀၀၇ ခုနှစ် ညသန်းခေါင်၌ နအဖ စစ်အစိုးရမှ ၈၈ မျိုးဆက်ခေါင်းဆောင်များ၊ ဒီမိုကရေစီရေး ကြိုးပမ်း နေသူများအား မည်သည့်အကြောင်းပြချက်မှ မရှိဘဲ နေအိမ်များ၌ ၀င်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးခြင်း သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းနိုင်ရေး ကြိုးပမ်းမှုအပေါ်တွင် နိုင်ငံရေးအရ အကြမ်းဖက်ခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ ဖမ်းဆီးခြင်းအား ကျွန်ုပ်တို့ ၈၈ မျိုးဆက် ကျောင်းသားများမှ အပြင်းအထန် ကန့်ကွက်ရှုံ့ချသည်။ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုကိုကြီးတို့အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဒီမိုကရေစီရေး ဆောင်ရွက်နေသူများအား ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် မြန်မာ နိုင်ငံ၌ လက်ရှိကြုံတွေ့နေရသော စီးပွားရေး၊ နိုင်ငံရေးအကြပ်အတည်းများကို အမြန်ဆုံး ဖြေရှင်း ပေးရန် နအဖ စစ်အစိုးရအား အလေးအနက်တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ မိဘပြည်သူအပေါင်းနှင့် မျိုးဆက်ကျောင်းသားအပေါင်းကလည်း မြန်မာပြည် ဒီမိုကရေစီ ထွန်းကား ရေး ကြိုးပမ်းမှုအပေါ်တွင် ထက်သန် ညီညာစွာ ကျွန်ုပ်တို့နှင့်အတူ ရပ်တည်ဆောင်ရွက် ကြ ဖို့ ပန်ကြားအပ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ


Saturday, August 25, 2007

သာသနာဖျက်တဲ့ စစ်အာဏာရှင်များ ဟု ရဟန်းပျိုအဖွဲ့က ပြော

ပြည်သူကို ညှဉ်းပမ်းနှိပ်စက်၊ အမျိုးဘာသာ သာသနာကို ဖျက်ဆီးနေသည့် စစ်အာဏာရှင်များကို ဆက်လက် တိုက်ပွဲဝင်ရန် အတွက် ကြိုတင် ပြင်ဆင်ထားရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများ သမဂ္ဂ အဖွဲ့ချုပ်က ယမန်နေ့က သံဃာတော်များကို လျှောက်ထား နှိုးဆော်ခဲ့သည်။ မြန်မာပြည်တွင်းရှိ သံဃာတော် အဖွဲ့အစည်းတခုဟု ယူဆရသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများ သမဂ္ဂ အဖွဲ့ချုပ်၏ စာသင်သား သံဃာတော်များသို့ လျှောက်ထားချက်တွင် ရန်ကုန် ကမ္ဘာအေး ကုန်းမြေ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်တွင် ဆွမ်းမပြည့်စုံ၊ အ၀င်အထွက် တံခါးပေါက်ကြီး အချို့ အပိတ်ခံရမှု၊ အာဏာပိုင်များက ဒါယကာ ဒါယိကာမများကို စစ်ဆေး မေးမြန်းခြင်းများ အပြင် သံဃာတော်များကို အနီးကပ် ၀န်းရံ စောင့်ကြည့်နေသဖြင့် အကျယ်ချုပ်သဖွယ် ဖြစ်ပေါ်နေသဖြင့် ယခုလို ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။သည့်အပြင် ပြီးခဲ့သည့် ၁၆ ရက်နေ့က စာသင်သား ရဟန်းပျိုများက သာသနာ့ တက္ကသိုလ်ကို အာဏာပိုင်များမှ ၀င်ရောက် စွက်ဖက် ချယ်လှယ်မှုများကို ထုတ်ဖော် ရေးသားသည့် ကန့်ကွက်စာများကို တက္ကသိုလ်ဝင်း အုတ်တံတိုင်းပေါ်တွင် ရေးသား ဖော်ထုတ်ခဲ့ပြီး၊ အာဏာပိုင်များဘက်က ကျောင်းဝင်း အပြင်ဘက်တွင် လုံခြုံရေး အခြေအနေ တင်းကျပ်လာပြီးနောက် ကြေညာချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ “ရန်ကုန်သာသနာ့ တက္ကသိုလ်မှာ အစောင့်တွေ ချထားတာ ဟုတ်တယ်။ ကျောက်မျက်ရတနာ ခန်းမကနေပြီး ရေကူးထိ စစ်တပ်တွေရော၊ ရဲလက်နက်ကိုင်တွေရော စောင့်ကြည့်နေတာ တွေ့ရပါတယ်” ဟု ကျောင်းတိုက်အနီးရှိ ရန်ကုန် မြို့ခံတဦးက ပြောပြသည်။ အခြား ဒေသခံ တဦးကလည်း “အ၀င်တံခါးတွေကိုလည်း ပိတ်ထားတယ်ဆိုတာ ဟုတ်တယ်။ ကျောက်မျက်ရတနာ ခန်းမဘက်က တံခါးကိုတော့ ဖွင့်ထားပြီး လူအ၀င်အထွက်တွေကို သေချာ စစ်ဆေး မေးမြန်းတယ်။ ရဟန်းတွေနဲ့ တွေ့ချင်တာ ဆိုရင်လည်း ရဟန်းနာမည်ကိုလည်း တိတိကျကျ ပြောရတယ်။ ဘာကိစ္စ တွေ့ချင်တယ် ဆိုတာလည်း ပြောပြရတယ်။ တခြား တပေါက်ကတော့ လုံးဝကို ပိတ်ထားတယ်။ လူဝင်လူထွက် မရှိဘူး။ဒါယကာ၊ ဒါယိကာမတွေကို အခုလို ကျပ်လိုက်တော့ ဆွမ်းတွေလည်း နည်းသွားတယ်၊ မလုံလောက်တော့ဘူးပေါ့” ဟု ပြောပြသည်။ပြီးခဲ့သည့် လဆန်းပိုင်းတွင် သာသနာ့ တက္ကသိုလ်ကျောင်း အ၀င်ပေါက်များကို အာဏာပိုင်များက စောင့်ကြပ်လိုက်ကာ အ၀င်အထွက် ပြုသူများကို စစ်ဆေး မေးမြန်းမှုများ ပြုလုပ်သလို၊ အမေရိကန် သံရုံးမှ ပို့ချပေးသည့် ဘာသာစကားနှင့် ဗဟုသုတ သင်တန်းများကို မတက်ရောက်ရန် သင်တန်းဆရာ သံဃာတော်များမှတဆင့် ပိတ်ပင်ခြင်းများကို စစ်အာဏာပိုင်များက ဖိအားပေး ပြောဆိုခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာ သံဃာတော်များနှင့် မော်ကွန်းထိန်း ဆရာတော်တို့မှ အဆိုပါ ကိစ္စများကို ဖြေရှင်း ဆောင်ရွက်မှု မရှိရာမှ စာသင်သား သံဃာတော်များသည် စာတမ်းများ ရေးသားကာ ရှုတ်ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။အုတ်တံတိုင်းနံရံတွင် ‘တက္ကသိုလ်ဟာ ထောင်မဟုတ်ဘူး’၊ ‘လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ကြ’၊ ‘မော်ကွန်းထိန်း ဘာလဲ’၊ ‘ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ရေး’ အစရှိသည့် စာသားများကို အင်္ဂလိပ် သာဘာဖြင့် ရေးသားကြသလို၊ ‘ရဲရင့်ပါ၊ ညီညွတ်ပါ၊ တက္ကသိုလ်ကို ကာကွယ်ပါ၊ သွေးစည်းပါ’ စသဖြင့် မြန်မာလို ရေးသားခဲ့သည်။ယခုလို ထုတ်ပြန်လိုက်သည့် သံဃာတော်များ၏ လျှောက်ထားချက်နှင့် ပတ်သက်ပြီး အိန္ဒိယ အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများ သမဂ္ဂ ဥက္ကဌ ဦးပညာဝရက “ရဟန်းပျိုများသမဂ္ဂ အဖွဲ့ချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ပုဂ္ဂိုလ် တဦးတယောက် အနေနဲ့ရော၊ ဘာသာရေးသမား တဦးအနေနဲ့ရော၊ နိုင်ငံရေးသမား တဦးအနေနဲ့ရော ထောက်ခံတယ်။ ဘုရားက ရဟန်းတွေကို တခါတလေကျရင် မေးတော်မူတယ်။ မင်းတို့ ယူဆချက်က ဘယ်လိုရှိသလဲ၊ မင်းတို့ ဘယ်လို မြင်သလဲ ဆိုပြီးတော့ ကိုယ့်ရဲ့အမြင်ကို လွတ်လပ်ခွင့် ပေးတယ်လေ။ အာဏာပိုင်က ဒီအတိုင်းဆို ဒီအတိုင်းပဲ။ အဲလို အာဏာပိုင် အကြိုက် လုပ်ရမယ်လို့ ဟောထားတာ မဟုတ်ဘူး။ တရားနဲ့ညီရင် ဒါဟာ ထောက်ခံရမှာပဲ။ သူ့လုပ်ရပ်က တရားနဲ့ မညီရင်တော့ ဒါဟာ ထောက်ခံဖို့ မလိုဘူး” ဟု မိန့်ကြားလိုက်သည်။

မြန်မာနိုင်ငံ မြို့ကြီးများတွင် လုံခြုံရေးများ တင်းကျပ်စွာ ချထား

လောင်စာဆီ ဈေးနှုန်း ပြန်ချပေးရန် တောင်းဆိုသည့် လမ်းလျောက် ဆန္ဒပြပွဲများ ယခုရက်ပိုင်း ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားနှင့် အခြား မြို့ကြီး အချို့တွင် အာဏာပိုင်များက လုံခြုံရေးများကို နေရာအနှံ့ ချထားလိုက်သည်။ယခုလ ၁၉ ရက်နေ့တွင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ စတင်ကာ လောင်စာဆီ ဈေးနှုန်း ပြန်ချပေးရန် တောင်းဆို ဆန္ဒပြမှုများ နောက်ပိုင်း ရန်ကုန်မြို့ နေရာ အနှံ့တွင် ချီတက် ဆန္ဒပြပွဲများ ဖြစ်ပေါ်နေချိန်တွင် မြစ်ကြီးနား မြို့ပေါ်တွင် လူစည်ကားရာ ဈေး ရုပ်ရှင်ရုံများ၊ လမ်းများနှင့် ကားဂိတ် နေရာများတွင် ယနေ့မှ စတင်ကာ စစ်သားတဦးနှင့် လက်မောင်းတွင် စွမ်းအားရှင် လက်ပတ်အနီ တပ်ထားသူ ၄ ဦးတို့ကို တတွဲစီ လုံခြုံရေး ချထားလိုက်ခြင်း ဖြစ်သည်။“ဒီမှာကတော့ ဒီနေ့မှာ သိသိသာသာ လုံခြုံရေး ယူထားတယ် ခင်ဗျ။ လွန်ခဲ့တဲ့ နေ့တွေကတော့ မပခ (မြောက်ပိုင်းတိုင်း) တိုင်းမှူး အုန်းမြင့် ကိုယ်တိုင် မြို့ထဲ ပတ်နေတယ်လို့ လူတွေက ပြောနေတယ်။ ဒီနေ့ လမ်းတိုင်းမှာ စစ်တပ်က တယောက် အရပ်ဝတ်က ၄ ယောက် တတွဲစီ လုံခြုံရေးတွေ နေရာယူထားတာ တွေ့နေရတာပဲ” ဟု မြို့ခံတဦးက ပြောသည်။အလားတူပင် မကွေးတိုင်း အတွင်းက နယ်မြို့များတွင်လည်း ရဲ၊ ရယက၊ စွမ်းအားရှင် ပူးပေါင်း အဖွဲ့ဝင်များက မီးရထား ဘူတာရုံများနှင့် ကားဂိတ်များတွင် ယာဉ်ပေါ် ပါလာသည့် ခရီးသည်များကို ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု တောင်တွင်းကြီး ဒေသခံ က ပြောသည်။“စစ်နေတယ် ခရီးသည်တွေကို။ ဒီလ ၂၁ ရက်နေ့က စပြီး စစ်ဆေးနေတာပေါ့နော်။ ဒီနေ့အထိပဲ။ တောင်တွင်းကြီး ဘူတာတွေ၊ သာစည် ဘူတာတွေမှာ ပတ်ပြီးကိုရှာတာ။ တဖွဲ့ကို ရဲက ၃ ယောက်လောက်၊ အရပ်ဝတ်နဲ့က ၃-၄ ယောက်လောက်ပေါ့။ ပစ္စည်းတွေလည်း ရှာတယ်။ မှတ်ပုံတင်တွေလည်း စစ်တယ်။ ကားတွေလည်း ရပ်ခိုင်းပြီး ရှာတာပဲ” ဟု ဒေသခံက ပြောသည်။မြန်မာပြည် အလယ်ပိုင်း ဒေသများ ဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ မိတ္ထီလာ၊ မုံရွာ အစရှိသည့် မြို့ကြီးများတွင်လည်း လုံခြုံရေးကို တင်းကျပ်စွာ ချထားကြောင်းနှင့် မြို့ကို ဖြတ်သန်း သွားလာနေသည့် အဝေးပြေး ကားများကို ရပ်တန့်ကာ ရှာဖွေ စစ်ဆေးနေကြောင်း ဒေသတွင်းမှ ပြန်လာသည့် တရုတ်-မြန်မာ နယ်စပ်ရှိကုန်သည်များကပြောပြကြသည်။ယခုလို လုံခြုံရေးများ တင်းကျပ်ကာ အာဏာပိုင်များဘက်မှ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ လုံထိန်းနှင့် ရဲများကို အသုံးပြု၍ လောင်စာဆီ ဈေးနှုန်း ချပေးရေး တောင်းဆို ဆန္ဒပြနေသူများကို အကြမ်းဖက် ဖြိုခွဲ ဖမ်းဆီးမှုများ ပြုလုပ်နေသည့် ကြားမှပင် ယနေ့နံက်ပိုင်းက ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ ကုန်သည်လမ်းတွင် အန်အယ်ဒီ ပါတီဝင် ကိုအေးဝင်း၏ တကိုယ်တော် ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။သူက ‘လောင်စာဆီ ဈေးတက်၊ ပြည်သူ့ အခက်’ ဟု ရေးသားထားသည့် ဆိုင်းဘုတ် ကိုင်ဆောင်ကာ ယနေ့နံနက် ၉ နာရီခန့်တွင် ဆန္ဒပြခဲ့ရာ မိနစ် ၃၀ ခန့်အကြာတွင် ရဲတဦးမှ ဆိုင်ကယ်ပေါ် တင်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းနှင့် ဆိုင်ကယ်ပေါ်တွင် သူက ဆိုင်းဘုတ်ကို ဆက်လက် ကိုင်ဆောင်၍ လိုက်ပါသွားကြောင်း သိရသည်။