Friday, June 27, 2008

မြို့တော်ခန်းမအနီး ဆန္ဒပြသူအမျိုးသမီး (၁) ဦးဖမ်းဆီးခံရ

NEJ / ၂၆ ဇွန် ၂၀၀၆

ရန်ကုန်မြို့လယ်၌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တကိုယ်တော် တောင်းဆိုဆန္ဒပြသည့် အမျိုးသမီးတဦးကို ရဲက ဖမ်းဆီး လိုက်သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။

အဆိုပါအမျိုးသမီး မည်သူမည်ဝါဆိုသည်ကို မသိရှိရသေးသော်လည်း သူမသည် မြို့တော်ခန်းမ အနီး လူစည်ကားရာနေရာ၌ ယမန်နေ့ မွန်းလွဲပိုင်းက (၁၀) မိနစ်ခန့် ကြွေးကြော်သံများ အော်ဟစ်၍ တကိုယ်တော် ဆန္ဒပြခဲ့ပြီးနောက် ရဲ၏ ဆွဲခေါ်ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု မျက်မြင် သက်သေတို့၏ ပြောဆိုချက်ကိုကိုးကားပြီး သတင်း၌ ဖော်ပြသည်။

ဆန္ဒပြသည့်သတင်းကို ကြားသိရသော်လည်း ဆန္ဒပြသူအမျိုးသမီးသည် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဝင် ဟုတ်မဟုတ် မသိရှိရသေးဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

မြန်မာစစ်အစိုးရသည် ဆန္ဒပြသူများကို ပြင်းထန်စွာအရေးယူလေ့ရှိပြီး ယမန်နှစ် သြဂုတ်လက အမေရိကန်သံရုံးရှေ့၌ တကိုယ်တော်ဆန္ဒပြခဲ့သည့် ဦးအုန်းသန်းကို ထောင်ဒဏ်တသက် တကျွန်းချမှတ်ခဲ့ပြီး စစ်ကိုင်းတိုင်းရှိ ခန္တီးထောင်၌ အကျဉ်းချထားခဲ့သည်။

0 comments: