
(၁၉၉၁)ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် အဖမ်းဆီးခံရနေရစဉ် ကမ္ဘာ့ နိုဘယ်ငြိမ်းချမ်းရေးဆုရရှိခဲ့သည့်အကြောင်း၊ သူမ၏ မြန်မာ့ဒီမိုကရေစီအရေး၊ မြန်မာနိုင်ငံလွတ်မြောက်ရေးအတွက်မဆုတ်မနှစ်၊ အနှစ်နာခံကြိုးပမ်းလုပ်ဆောင်မှုများကို ဂုဏ်ပြုသောအားဖြင့် ၎င်းကာတွန်းကို ၁၉၉၄ခုနှစ်က ရေးဆွဲခဲ့ကြောင်း Akazu Mizuhaကပြောပါသည်။
အနှစ် (၂၀) ကျော် ကြာခဲ့ပြီဖြစ်သောလည်းယခုအချိန်ထိ နိုင်ငံရေးအကျဉ်းသားထောင်ပေါင်းများစွာ၊ ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ်တွင် အဖမ်းဆီးခံရဆဲဖြစ်သည်။
ယခုအခါတွင် ၎င်းစာအုပ်ကို အင်္ဂလိပ်ဘာသာပြန်၍ ပထမဦးဆုံးပြန်လည်ထုတ်ဝေမည်ဖြစ်ပါသည်။ Fighting Peacock ကို ဖတ်ရူအားပေးလိုသူများ ဧရာဝတီ Online မှတဆင့် (၃)ဒေါ်လာဖြင့် ၀ယ်ယူအားပေးနိုင်ပါသည်။ စာအုပ် ရောင်းချရရှိသောငွေများအား မြန်မာ့ဒီမိုကရေစီရေးအတွက် ရံပုံငွေအဖြစ်သုံးမည်ဖြစ်ကြောင်းသိရှိရပါသည်။
source ။ ။ Iraawaddy
0 comments:
Post a Comment