Sunday, June 22, 2008

မုန်တိုင်းဘေးသင့်သူတွေကို ဆက်လက်ကူညီဖို့ သီတဂူဆရာတော်ကြီး တိုက်တွန်း


2008-06-21
ကမ္ဘာ့ကုလသမဂ္ဂနဲ့ စားနပ်ရိက္ခာအဖွဲ့က မြန်မာနိုင်ငံ မုန်တိုင်းဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှု ပြတ်လတ်တော့မှာဖြစ်တယ်လို့ ကြေညာပြီးနောက်ပိုင်းမှာ မုန်တိုင်းဒုက္ခသည်တွေအတွက် အကူအညီပေးရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေတဲ့ သီတဂူဆရာတော်က ပြည်တွင်း၊ ပြည်ပက အလှုရှင်တွေအနေနဲ့ ရေရှည် ဆက်လက်ပြီး ကူညီရေး၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေအတွက် ရေရှည် လှူဒါန်းမှုတွေ လုပ်ဆောင် သွားကြဖို့ လိုအပ်တယ်လို့ တိုက်တွန်း တော်မူလိုက်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး အာအက်ဖ်အေ ဒေါ်အင်ကြင်းနိုင်က သီတဂူဆရာတော် ဦးညာဏိဿရကို ဆက်သွယ်မေးမြန်း လျှောက်ထားတာကို နားဆင်နိုင်ပါတယ်။(RFA)


0 comments: