Sunday, June 22, 2008

ဧရာသတို့ သမီး နှလုံးသွေးပေါ်က လှေ အို တစင်း


အိပ်ပျော်နေဆဲ ဧရာသတို့ သမီးရဲ့ 
နလုံးသွေး မြစ်ပြင် ကြောမှာ
အတွေးအိုကပျက် နှစ်ချို့ ဝိုင်တကျိုက်နဲ့ 
လှော်ရင်း၊ မျောရင်း ၊ စားသောက်ရင်းပေါ့၊

မေးကြ ပြောကြ ၊ ရေးကြ တွေးကြ
ဆဲကြ ဆိုကြ ၊ငြင်းကြ ခုန်ကြ
ကွဲကြ ပြဲကြ .............
ကိုယ်သာတော် ခြေရင်လည်း အရင်ဦှး၊
အချင်းချင်းဂုဏ်တင် လှည့်လည် ယူ
တက်လူမရှိ ၊ နင်းချေကြရင်း
နံမည်ကို သတ် တံဆိပ်ကပ်ကြ
အချိန်တွေသာ တဖြေဖြေး ပြုန်း
အဖြေတွေလည်း ဝေးဝေးသာရှိတုံး
ညနေဦး လေပြေ ကြားမှာ ….ကြယ်တပွင့်ကြွေသွားတယ် ။

မိ နိုင်ငံဝယ်၊
အစာကပြတ်၊ ရေလည်းငတ်ကြ ၊
ပညာအငတ်၊ မျိုးလည်းပြုတ်ကြ
တွေးခေါ်နိမ့်ကျ၊ ဘ၀က ဆုံးပ
သေအံမှုးဆဲ၊ မီးဖွားမဲ့ သူ၊
နထ္ထိဆေးနဲ့  ဟချာလောင်း အတတ်
ဤကမ္ဘာမှာရှား၊ ဤ နိုင်ငံလား၊

ခေတ်ခေါင်းဆောင် နဲ့ က၀ိအိုလည်း
အခန်းကျဉ်းထဲ ၊ ဝှေ့ လည့်ရင်းပေါ့
မိုးသက်ပြင့်းတေးသံ၊ ညည်းဆိုရင်းနဲ့ 
ညနှောင်း အိပ်မပျော်ခြင်းတ၀က်မှာ.... .ကြယ်တပွင့် ကြွေသွားတယ်။

အလုပ်လုပ် နေကြတယ်၊ ဘာတွေလုပ်နေသလဲ …
စီမံကိန်းချ နေကြတယ် ၊ ဘယ်တော့ စမှာလဲ…
ပြည်ရဲ့အားက ပြည်တွင်းသာ
အားလုံးလာမယ် ၊ တောင့်ကာထားတဲ့ 
မြေပုံ တောင် မကျော် ၊ အသံတွေကျော်
ဘယ်ကို ဘယ်တော့ ရောက်မှာလည်း။

အသွင်မတူ ဆင်မယောင်နဲ့ ၊ ပုံစံမတူ၊ နည်းဟန်မထူး
လမ်းကြောင်း ထွေပြား ၊
မဝေးခရီး လျှောက်လမ်းခဲ့ ကြ၊
ပြန်တွက်ကြည့် မဝေးခရီး နှစ် ၂၀
ဘယ်မှာလည်းဟဲ့ တူတယ် ဆိုယုံ
ဖန်တစ်ရာပေ့ ညီညွတ်ရေး
ရှာရင်းဖွေရင်း ခရီးကမလှမ်းခင်
ညတစ်ညမကုန်ဆုံးသေး….ကြယ်တပွင့် ကြွေသွားတယ်။

ဒီခရီးသမိုင်း ၊ မင်း ၊ငါ ၊ သူ ကိုယ် ရေးလို မရ
သမိုင်း မော်ကွန်း၊ ရေးသူရှိရဲ့ 
လုပ်သူ မှ မရေး ၊ ရေးသူ ကိုယ်မသိ ၊
ကိုယ့်ကို ကိုယ် နိုးထကြလို့ 
အတွေးတွေထဲက အသိမြင်
မနာလို၊ မပြိုင်ဆိုင်ခြင်း၊ ဖယ် ခွာ ကာထုပ်
နိုးထခြင်းတွေက အိပ်ပျော်ယောင်မဆောင် ဖို့ 
ပူးပေါင်းခြင်း၊ တွဲခေါ်ခြင်း….
ဖေးမခြင်း၊ ဆေးကြောခြင်း ……
မင်းလား ငါလား သူတဲ့ လား…

မိုးသောက်ရောင်ခြည် နိုးထ အင်အားနဲ့ 
တန်ဖိုးရှိ တဲ့ ကြယ်တပွင့် ပြိုကျ မသွားခင်။

(စောသူဝေ)

0 comments: