Sunday, October 28, 2007

ဂျပန်သတင်းထောက်mr. nagai kenji ၏ တလပြည့်အခမ်းအနား

နအဖစစ်သားမှ ဂျပန်သတင်းထောက် mr. nagai kenjiအား အနီးကပ်ရက်စက်စွာပစ်သတ်ခံရပြီး၁ လအကြာ မနေ့ကဂျပန်နိုင်ငံရှိ မြန်မာသံဃာတော်များ။ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ။ ဂျပန်နိုင်ငံသားများစုစုပေါင်း ၄၀၀ခန့်တက်ရောက်၍ mr.nagai kenji အပါအ၀င် အရေးအခင်းတွင် ပျံလွန်တော်မူသွားသောသံဃာကျောင်းသားပြည်သူများအား မေတ္တာပို့ခြင်း။ ဆွေးနွေးခြင်း အခမ်းအနားပြုလုပ်ခဲ့ပါသည်၊
အခမ်းအနားတွင် အရေးအခင်းအတွင်း နအဖ၏ စစ်သားများမှ ရဟန်းကျောင်းသားပြည်သူများအား မည်သို့မည်ပုံရက်စက်ကြမ်းကြုတ်စွာဖိနှိပ်သတ်ဖြတ်နေပုံကိုဂျပန်ပြည်သူများသိရှိစေရန် ရုပ်ရှင်ပိတ်ကားဖြင့်ပြသခဲ့ပါသည်၊
အစည်းအဝေးတွင် ဂျပန်အစိုးရအားယခုအချိန်အထိ မြန်မာစစ်အစိုးရမှ မြန်မာပြည်သူများအား ရက်စက်ကြမ်းကြုတ်စွာဖိနှိပ်နေမှုကို ရပ်တန့်သွားရန်နိုင်ငံရေးအရဖိအားပေးရန်၊ ODAအား လုံးဝထိန်းချုပ်ထားရန် တောင်းဆိုခဲ့ကြကြောင်းသိရပါသည်၊

0 comments: