နိုင်ငံတကာမှ မြန်မာ့အရေး လှုံ့ဆော်ဆောင်ရွက်မှု များစွာရှိသည့်အနက် ထူးခြားသည့် လှုပ်ရှားမှုတစ်ခု အရှိန်ရ နေသည်။ အမျိုးသမီးများက ၄င်းတို့၏ အတွင်းခံဘောင်းဘီ၊ အင်္ကျီများကို မိမိတို့နှင့်အနီးဆုံး မြန်မာသံရုံးများသို့အရောက်ပို့ရမည့် လှုပ်ရှားမှုဖြစ်သည်။"ငြိမ်းချမ်းရေးအတွက် အတွင်းခံ အ၀တ်အစား" ဟူသော စီမံကိန်းကို ထိုင်းနိုင်ငံ ချင်းမိုင်(ဇင်းမယ်)မြို့ အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်သူများက Lanna Action for Burma အမည်ဖြင့် စီစဉ်လုပ်ဆောင် နေခြင်းဖြစ်သည်။ ထိုလှုပ်ရှားမှုနှင့် ပတ်သက်၍ http://lannaactionforburma.blogspot.com/ တွင် ဖတ်ရှုနိုင်သည်။မြန်မာနှင့် အရှေ့တောင် အာရှနိုင်ငံများတွင် ဤကဲ့သို့အတွင်းခံ အ၀တ်အစားများ ပေးပိုခြင်းမှာ အလွန့်အလွန် ပြင်းထန်သည့် ဖော်ပြချက်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိအမျိုးသမီးများက သတင်းဌာနများသို့ ပြောကြား ကြသည်။ အဆိုပါအဖွဲ့က မြန်မာပြည်တွင် မကြာသေးမီက ပြုလုပ်ခဲ့သော သံဃာတော်များအား ချေမှုန်းနှိပ်ကွပ်မှု အပါအ၀င် အကြမ်းဖက် ဖမ်းဆီး၊ သတ်ဖြတ်မှုများ၊ ထောင်သွင်း အကျဉ်းချမှုများကို ကန့်ကွက်လျက်ရှိသည်။"ဒီနေ့ကစပြီး အနီးဆုံး မြန်မာသံရုံးကို ရှင်တို့ရဲ့ အတွင်းခံ အ၀တ်အစားတွေ ပို့လို့ရပြီ၊ သွားပေးလို့ရပြီ။ မြန်မြန်ပို့ပါ၊ ခဏခဏ ပို့ပါ" ဟု အဆိုပါ အင်တာနက်စာမျက်နှာတွင် လှုံ့ဆော်ထားသည်။ မြန်မာသံရုံးတွေကတဆင့် နေပြည်တော်သို့ ပေးပို့ကြ
















0 comments:
Post a Comment