Sunday, October 21, 2007

စင်္ကာပူနဲ့ အဆက်အသွယ်ရှိတဲ့ ကုမ္ပဏီ ၃ ခု နောက်ဆုံး အရေးယူမှုမှာပါဝင်

တေဇနဲ့ သူပိုင်လေယာဉ်တစီး
မြန်မာစစ်အစိုးရအပေါ် အမေရိကန် ပြည်ထောင်စုရဲ့ အသစ်ချမှတ်လိုက်တဲ့ စီးပွားရေး ပိတ်ဆို့မှုအရ နာမည်ပျက် စာရင်းဝင် စီးပွားရေးလုပ်ငန်း ၇ ခုထဲမှာ စင်္ကာပူနဲ့အဆက်အသွယ် အခိုင်အမာရှိတဲ့ ကုမ္ပဏီ ၃ ခု ပါဝင်နေပါ တယ်။
အဲဒီကုမ္ပဏီကတော့ Pavo ကုမ္ပဏီလီမိတက်၊ Air Bagan ကုမ္ပဏီလီမိတက်နဲ့ ထူး ကုမ္ပဏီလီမိတက်တို့ဖြစ်ကြပါ တယ်။ ဒီကုမ္ပဏီတွေဟာ စင်္ကာပူနိုင်ငံမှာ အခြေစိုက်တာရှိသလို၊ စင်္ကာပူနဲ့အခိုင်အမာ ဆက်သွယ်နေတာလည်း ရှိပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က ကြေညာခဲ့တဲ့ အမေရိကန်ပိတ်ဆို့မှုဟာ စစ်အစိုးရနဲ့ပတ်သက်မှုရှိတဲ့ အဖွဲ့အ စည်းတွေကို ပစ်မှတ်ထားပြီး ပုံဖေါ် ထားတာဖြစ်ပါတယ်။ သူတို့အနေနဲ့ စစ်အစိုးရကို ဖိအားပေးဖို့ အမေရိကန်က မျှော်လင့်ပါတယ်။
ဘန်ကောက်မြို့မှာရှိတဲ့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာဒေ့ဗ် မ သီဆန်က အခုအချိန်ဟာ အမေရိကန် ပြည်ထောင်စုက အခုလိုမျိုး တခုခုလုပ်ရမယ့် အချိန်ပါ၊ ဒါဟာ မြန်မာစစ်အ စိုးရရဲ့ အကျိုးစီးပွား ထိခိုက်ဖို့ သက်သက်လောက်သာ မကပါဘူး၊ စင်္ကာပူကိုလည်း လှန့်နှိုးလိုက်တာပါလို့ဆိုပါ တယ်။
ပြီးခဲ့တဲ့လက Air Bagan ကုမ္ပဏီလီမိတက်က စင်္ကာပူကို သူ့ရဲ့ ဒုတိယ နိုင်ငံတကာ လေကြောင်းလိုင်းအဖြစ် ပြေးဆွဲခဲ့ပါတယ်။ အမေရိကန် သမ္မတမစ္စတာဘွတ်ရှ် ကြေညာခဲ့တဲ့ နာမည်ပျက် စာရင်းဝင် လူပုဂ္ဂိုလ် ၁၁ယောက် စာရင်းသစ်ထဲမှာ Air Bagan လေကြောင်းလိုင်းရဲ့ ဥက္ကဌဖြစ်သူ ဦးတေဇ ပါဝင်ခြင်းမရှိပါဘူး။ Air Bagan ကုမ္ပဏီ နဲ့ တခြားနာမည်ပျက် စာရင်းဝင် ကုမ္ပဏီနှစ်ခုဟာ စင်္ကာပူရဲ့ စီးပွားရေး အချက်အခြာ ရပ်ကွက်တခုက အ ဆောက်အဦးတခုရဲ့ ၂၄ထပ်မှာ ရုံးခန်းဖွင့် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
ဒါပေမယ့် ဘေးနားနီးချင်း ရုံးခန်းတွေကတော့ ဒီကုမ္ပဏီတွေမှာ လူတွေဝင်ထွက် သွားလာနေတာ တွေ့ရပေမယ့် ဘာလုပ်ငန်းတွေ လုပ်ကိုင်နေမှန်း မသိပါဘူးလို့ဆိုကြပါတယ်။ Pavo ကုမ္ပဏီကို ဖုန်းခေရင်၊ အီးမေးပို့ရင်လည်း ချက်ခြင်း အကြောင်းပြန်တာမျိုး မရှိဘူးလို့သိရပါတယ်။ Pavo Trading ကုမ္ပဏီဟာ ထူး ကုမ္ပဏီအုပ်စုတွေနဲ့ ညီ အမ ကုမ္ပဏီဖြစ်ကြောင်း၊ ၁၉၉၉ ခုနှစ်မှာ စတင်တည်ထောင်ကြောင်း၊ အဲဒီကုမ္ပဏီရဲ့ အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတရာပြောဆိုနိုင်သူ စင်္ကာပူအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် တစုံတယောက် နဲ့မှ ဆက်သွယ်လို့မရသေးကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

0 comments: