Sunday, October 14, 2007

ယနေ့ မြန်မာ့နိုင်ငံရေးအခြေအနေ သုံးသပ်ချက် (ဘားမားတူဒေး)

ထွန်းအောင်ကျော် (ဥက္ကဌဟောင်း)
ကျောင်းသား တပ်မတော်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊၊


၁၉၈၈ခုနှစ်တုန်းက ပြည်သူတွေကို ကျောင်းသားတွေက ဦးဆောင်ခဲ့တယ်။ ယခု ၂၀၀၇ခုနှစ်မှာ ရဟန်းသံဃာ တော်တွေက ဦးဆောင်ခဲ့ပြန်တယ်၊၊ ဒါပေမယ့် ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်ရေးတွေ ရမ လာဘဲ ရဟန်းသံဃာတော်တွေ သွေးမြေကျခဲ့ရတယ်။ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးကို ဦးဆောင်မယ့် ပညာတတ် ကျောင်းသားတွေ ပညာအညွန့်ကျိုးခဲ့ရသလို တိုင်းသူပြည်သားတွေ အကျင့်စာရိတ္တ ကောင်းမွန်ရေးမှာ အဓိက သွန်သင် လမ်းပြမယ့် သံဃာတော်တွေ ခေါင်းကွဲ၊ လက်ကျိုး၊ ဘက်နက်နဲ့ထိုး ရက်ရက်စက်စက် ပစ်သတ်ခံခဲ့ရ တာဟာ ယနေ့မြန်မာနိုင်ငံမှာ အုပ်စိုးနေတဲ့ စစ်အာဏာရှင်စနစ်ရဲ့ ရက်စက်ဆိုးသွမ်းယုတ်မာတဲ့ ပြယုဂ်တခုအဖြစ် တွေ့ရမှာ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂမ်ဘာရီတွေ့ရင် အခြေအနေကောင်းများ ပေါ်လာလေမလား။ သန်းရွှေ၊ မောင်အေးတို့ ဆီက အလျှော့ပေးချက်များ ကြားရလေမလား။ မျှော်လင့်နေကြတဲ့သူတွေကို ရှင်းရှင်းတင်ပြပါ့မယ်။ ဂမ်ဘာရီ မ လာခင် သံဃာ့ဦးဆောင်သပိတ် မပေါ်ခင်ကတည်းက ဂမ်ဘာရီလာရင် ဘယ်လို လှိမ့်ရမယ်ဆိုတာကို သန်းရွှေတို့ က အကွက်ဆင်ပြီးသား ဖြစ်တယ်၊၊ ဂမ်ဘာရီနဲ့ သူတို့ ဇာတ်တိုက်ထားတဲ့သူတွေနဲ့ တွေ့ပေးဖို့ လွန်ခဲ့တဲ့ ဇွန်၊ ဇူ လိုင်လကတည်းက ဇာတ်တိုက်နေတဲ့ သတင်းရပြီးဖြစ်တယ်၊၊ ကျောင်းသားလိုင်းက ခြံခုန်လာတဲ့သူတွေ၊ အဲန် အယ်လ်ဒီအမတ်ကနေ အဲန်အယ်လ်ဒီကို ခြေကန်ပြီး အမျိုးသားညီလာခံတက်တဲ့လူတွေ အားလုံးကို ဘယ်လိုမေး ရင် ဘယ်လိုဖြေရမလဲဆိုတာ သင်တန်းပေးပြီးသား၊၊ ဒါ့ကြောင့် ဂမ်ဘာရီလာတာ အကျိုးမရှိတဲ့အပြင် အကျိုး တောင် ယုတ်နိုင်တယ်လို့ မြင်တယ်။

ဂမ်ဘာရီ ရောက်လာပုံကို ကြည့်ကြရအောင်၊၊ ဂမ်ဘာရီ ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာ သိရ တယ်။ နောက် နေပြည်တော်ကိုသွားပြီး သန်းရွှေကို တွေ့ဖို့စောင့်ရတယ်။ ရန်ကုန်မှာ ဂမ်ဘာရီကို ဖင်ပူအောင်မ ထားဘူး၊၊ နေပြည်တော်ကို ချက်ခြင်း ခေါ်သွားတယ်။ သန်းရွှေနဲ့လည်း ချက်ခြင်း တွေ့ခွင့်မရဘူး၊၊ နောက်ပြီး ဂမ် ဘာရီကို လားရှိုးမြို့ကို ခေါ်သွားတယ်။ အဲဒီမှာ အစိုးရထောက်ခံပွဲကြီးကို ကြည့်ရှုခိုင်းခဲ့တယ်။ ဂမ်ဘာရီဟာ သံ ဃာတော်တွေကိုတွေ့ဖို့ ကြိုးစားအားထုတ်ခဲ့တာ မရှိခဲ့ဘူး၊၊ အကျဉ်းကျ (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင် တွေကိုလည်း တွေ့ဖို့ မကြိုးစားခဲ့ဘူး၊၊ ဒါပေမယ့် ဝေးဝေးလံလံ လားရှိုးမြို့ဆီသွားပြီး လုပ်ပွဲကြီးကိုတော့ ကြည့်ရှု ခဲ့တာကိုကြည့်ရင် ဂမ်ဘာရီဟာ သူ့ကို ကမ္ဘာ့ကုလသမဂ္ဂက အပ်နှင်းထားတဲ့ အရှိန်အ၀ါကိုသုံးပြီး တွေ့သင့်တွေ့ ထိုက်တဲ့သူတွေကို တွေ့ဖို့ ကြိုးစားအားထုတ်မှု မလုပ်ဘဲ နအဖရဲ့ အစီအစဉ်အတိုင်း ရေသာခိုမျှောပြီး လိုက်သွား ခဲ့တာကို တွေ့ရတယ်။ ဒါကြောင့် ဂမ်ဘာရီဟာ ကောက်ကျစ်ယုတ်မာတဲ့ နအဖစစ်အစိုးရကို ကိုင်တွယ်နိုင် လောက်တဲ့ အရည်အချင်း မပြည့်ဝဘူးလို့ ယူဆရမှာဖြစ်တယ်။

မြစ်ကြီးနားမြို့မှာ ကြံ့ဖွတ်တွေဦးစီးပြီး နအဖထောက်ခံပွဲတွေကို လုပ်ခဲ့ရာမှာ ကျောင်းသားတစုက ဒို့အရေး၊ ဒို့အ ရေးလို့ အော်ပြီး ကြွေးကြော်ကြလို့ အစိုးရထောက်ခံပွဲ ပျက်သွားခဲ့တယ်။ အမေရိကရောက် မန္တလေးမစိုးရိမ် ကျောင်းတိုက် (တိုက်ဟောင်း) ဆရာတော်ကြီး ဦးကောဝိဒက “ဒီပွဲမှာ အလျှော့ပေးလိုက်ရင် မြန်မာလူမျိုးတွေ မိမိ လွတ်လပ်ခွင့်တွေ ဆုံးရှုံးရုံတင်မကဘူး။ သာသနာပါ ပျက်ကိန်းဆိုက်မှာ ဖြစ်တယ်” ဆိုတာ သွေးထွက်အောင်မှန် တယ်၊၊

နအဖဟာ လူမျိုးပျောက်လည်း အရေးမစိုက်၊ သာသနာပျောက်လည်း အရေးမစိုက်တဲ့ မျိုးချစ်စိတ်ဓာတ် လုံးဝမရှိ တဲ့ အာဏာရူးမိစ္ဆာကောင်တွေ ဖြစ်တာဆိုတာကို မျိုးချစ်စိတ်ရှိသူတိုင်း သိထားကြဖို့လိုတယ်။ သံဃာတော်တွေရဲ့ ရွှေဝါရောင်တော်လှန်ရေးဟာ အဆုံးမသတ်သေးဘူး၊၊ လက်နက်အားကိုးနဲ့ ဗိုလ်ကျနေတဲ့ လူမိုက်တွေဟာ တ ကယ်တော့ သတ္တိရှိသူတွေ မဟုတ်ဘူး၊၊ လက်နက်အားကိုးနဲ့ မိုက်နေကြသူတွေသာ ဖြစ်တယ်။ ဒါကြောင့် ရွှေဝါ ရောင်တော်လှန်ရေးကို အရှိန်မြင့်တင်ပေးဖို့ မျိုးချစ်စိတ်ရှိသူတိုင်း ကိုယ်နိုင်ရာအလုပ်ကိုလုပ်ကြဖို့ အချိန်ရောက် ပြီလို့ နှိုးဆော်လိုက်ပါတယ်။

ကျနော်တို့ဟာ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် လွပ်လပ်စွာ ဆွေးနွေးပိုင်ခွင့်၊ ရေးသားပိုင်ခွင့်၊ စုဝေးပိုင်ခွင့် စတဲ့ အခြေခံလူ့အခွင့်အရေးတွေ မြန်မာပြည်သူပြည်သားတိုင်း ရရှိစေဖို့ ကြိုးစားနေကြတဲ့သူတွေ ဖြစ်တယ်။ ဒီအ ခွင့်အရေးတွရှိမှသာ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် ညီညီညွတ်ညွတ်နဲ့ အများသဘောကျ လုပ်နိုင်ကြ မယ်လို့ ယုံကြည်တယ်။

မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် လွပ်လပ်ရေးတိုက်ပွဲကြီး အောင်မြင်စေချင်ရင်

၁၊၊ တက်တက်ကြွကြွ နိုင်ငံရေးလုပ်နေသူတွေကို ငွေကြေးပံ့ပိုးကူညီရေးဟာ အလုပ်တခုဖြစ်တယ်။
၂၊၊ ကိုယ်အားကိုယ်သုံးပြီး ချီတက်ပွဲတွေ၊ ဆန္ဒပြပွဲတွေမှာ ပါဝင်ခြင်းဟာလည်း အကျိုးပြုတဲ့ အလုပ်ဖြစ်တယ်။
၃၊၊ ကိုယ်ခင်ရာ မိတ်ဆွေသားချင်းတွေဆီက တိကျတဲ့သတင်း၊ အချက်အလက်တွေ ဓာတ်ပုံအထောက်အထား တွေကို စုဆောင်းပြီး ဦးဆောင်လုပ်နေသူအားလုံးကို သတင်းဖြန့်ဝေပေးခြင်းဟာလည်း အရေးကြီးတဲ့ အလုပ်တခု ဖြစ်တယ်။
၎၊၊ ကိုယ်တွေးမိ မြင်မိတာတွေကို ဆွေးနွေးတင်ပြခြင်းဟာလည်း အရေးကြီးတဲ့ ပံ့ပိုးကူညီမှုတခုလို့ မြင်တယ်။ တ ချို့အတွေးအခေါ်ကောင်းများ၊ အကြံအဉာဏ်ကောင်းများကို လူငယ်တွေထံက ရတတ်တာကို သတိပြုသင့်တယ်။
၅၊၊ နိုင်ငံခြားအစိုးရများ၊ နိုင်ငံခြား ဘာသာရေး၊ လူမှုရေး၊နိုင်ငံရေးအဖွဲ့အစည်းများ၊ ပညာရေးဌာနများ၊ သတင်းဌာ နများသို့ မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်သော အချက်အလက်များကို ရေးသားပေးပို့ခြင်း၊ ရှင်းလင်းတင်ပြ ဆွေးနွေးခြင်း၊ အစည်းအဝေးများတွင် တက်ရောက်ဟောပြောခြင်း၊ စာစောင် ထုတ်ဝေ ဖြန့်ချိခြင်းဖြင့် မြန်မာ့အ ရေးကို ကမ္ဘာကသိအောင် တတ်စွမ်းသမျှ ပါဝင်လုပ်ဆောင်ခြင်းဟာ အရေးကြီးတဲ့ လုပ်ငန်းစဉ်တခု ဖြစ်တယ်၊၊
၆၊၊ အရေးကြီးဆုံးအချက်က အလုပ်လုပ်နေတဲ့ တော်လှန်ရေးအုပ်စု အချင်းချင်း ညီညွတ်ရေးရရှိဖို့အတွက် ကြိုး စား ကူညီပေးခြင်း ဖြစ်တယ်။ အချင်းချင်း အထင်မှား၊ အမြင်မှားမှုတွေ နည်းနိုင်သမျှ နည်းအောင် ကြိုးစားခြင်း ဟာ အလွန်ပဲ အရေးကြီးတယ်လို့ ပြောချင်တယ်။

စစ်အာဏာရူးတွေ ပြုတ်ကျအောင်လုပ်ရမယ့် နည်း (၃)နည်းရှိတယ်။
၁၊၊ပြည်တွင်း အုံကြွမှုကြီးနှင့် မြို့ပြောက်ကျားတိုက်ပွဲ တွဲဖက်ဖေါ်ဆောင်ပြီး ပြည်သူ့တော်လှန်ရေးတရပ်ကို ဖန်တီး ဖြုတ်ချဖို့၊
၂၊၊ သန်းရွှေ၊ မောင်အေးဂိုဏ်းကို ၄င်းတို့ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို ဖွင့်ချပြီး နိုင်ငံတကာတရားရုံးမှာ ရာဇ ၀တ်ကောင်တွေအဖြစ် တရားစွဲပြီး အရေးယူအပြစ်ပေးခြင်းနည်းနဲ့ ဖြုတ်ချဖို့၊
၃၊၊နိုင်ငံခြားတိုင်းပြည် အထူးသဖြင့် အမေရိကန်၊ ဗြိတိသျှ၊ ဥရောပမဟာမိတ်တပ်များ အကူအညီနဲ့ ကုလသမဂ္ဂ တပ်ဖွဲ့အောက်မှာ အမည်ခံပြီး ၀င်ရောက်စွက်ဖက် ဖြုတ်ချဖို့ ဖြစ်တယ်။ တပ်ပြိုကွဲဖို့မှာ နိုင်ငံခြားဝင်ရောက်စွက် ဖက်မှု မပါဘဲ တပ်မှုးတွေ၊ ပြည်သူ့ဘက် ပြောင်းမလာနိုင်ဘူး၊၊ ခေတ်သစ် မြန်မာရာဇ၀င်ကို ပြန်ကြည့်ရင် သီပေါ မင်း ပြုတ်ကျတာ ဗြိတိသျှတပ်ဝင်လို့ ဖြစ်တယ်၊၊ တခါဗြိတိသျှတွေ မြန်မာပြည်က ထွက်သွားတာ ဂျပန်ဝင်လာလို့ ဖြစ်တယ်၊၊ တခါ ဂျပန်ပြေးတာကလည်း ဗြိတိသျှ ပြန်လာလို့ဆိုတာ တွေ့ရမယ်။ မြန်မာနိုင်ငံမှာ အစိုးရတွေ ပြုတ် ကျတာ နိုင်ငံခြားက ၀င်ရောက်စွက်ဖက်လို့ ဖြစ်တယ်ဆိုတာ ထင်ရှားစွာ တွေ့ရမှာ ဖြစ်တယ်။

ထိုနည်း (၃) နည်းထဲက နံပါတ်(၃)နည်းဟာ အမြန်ဆုံး အလွယ်ကူဆုံး ဖြုတ်ချနိုင်တဲ့နည်း ဖြစ်တယ်၊၊ ဒါကြောင့် ထိုနည်း (၃)နည်းစလုံးကို ကိုယ်သန်ရာသန်ရာ ၀ိုင်းဝန်း ကြိုးပမ်းကြဖို့ လိုပြီ၊၊

အရေးတော်ပုံ အောင်ရမည်။
ဒီမိုကရေစီ မုချရ ရမည်၊၊
စစ်အာဏာရှင်စနစ် လုံးဝ ကျဆုံးရမည်။

0 comments: