
ယုံကြည်ချက်ဟာ
လက်သည်းဖွက်ထားတဲ့ ကြောင်
တစ်သက်လုံးသူ့ကို
လှောင်ပိတ်ထားလည်း
သူ့မှာ လက်သည်းတွေရှိတယ်။
အခုအဲဒီ လက်သည်းတွေနဲ့
သံတိုင်တွေကို ကုတ်ခြစ်နေတယ်။
ကြောင်...
အဲဒီကြောင်ဟာ
ဘယ်တော့မှ သွေးမကြောင်ဘူး။
- နွယ်စိမ်းဝေ
bigbbrown.blogspot.com
1 comments:
Post a Comment