Saturday, December 8, 2007

မဂ္ဂင်ကျောင်းတိုက်မှ အရှင်ဃောသိတက

စက်တင်ဘာ ၂၆ ရက် ရွှေတိဂုံဘုရားခြေရင်းအောက်မှာ နအဖရဲ့ စစ်ခွေးရိုက်နှက်လို့ ဦးခေါင်းမှာသွေးစက်တွေနဲ့ သံဃာတော်တစ်ပါးရဲ့ပုံကို ဘလော့တွေမှာ၊ သတင်းဌာနတွေမှာ အကြိမ်ကြိမ်ဖော်ပြခဲ့ကြပါတယ်။ အဲ့ဓါတ်ပုံထဲက သူရဲကောင်းဟာ ယခုလွတ်မြောက်လာပြီး ထိုင်းနယ်စပ်ကိုရောက်ရှိနေပါပြီ။

ဘွဲ့တော် အရှင်ဃောသိတ၊ သက်တော် ၂၈နှစ်၊ သီတင်းသုံးခဲ့သောကျောင်းတိုက် သင်္ကန်းကျွန်းမဂ္ဂင်ကျောင်းတိုက်။သူရဲ့စိတ်ဓါတ်တွေ၊ သတ္တိတွေဟာ ယခုထိ သံမဏိလိုခိုင်မာနေဆဲ။ “ရွှေဝါရောင်တော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ပြည်သူတွေရဲ့ သွေးတွေဟာ ဘယ်တော့မှ ခန်းခြောက်သွားမှာမဟုတ်ဘူး။ သူတို့ရဲ့စိတ်ဓာတ်ဟာ အမြဲတမ်းရှင်သန်နေမှာပါ။ နအဖစစ်အစိုးရကို ဒီမိုကရေစီရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်” လို့ မကြာသေးခင်ရက်များက သတင်းထောက်တွေကို သူမိန့်ကြားခဲ့ပါတယ်။

ဆက်လက်၍၎င်းက “ဦးဇင်းတို့သံဃာတော်တွေရဲ့ လှုပ်ရှားမှုဟာ အစပိုင်းပဲရှိပါသေးတယ်။ပြည်တွင်းမှာ သံဃာတော်တွေဟာ ကနေ့အထိ သပိတ်ကံဆောင်တုန်းပဲရှိပါသေးတယ်။ အကုန်လုံးက ဆက်လက်ပြီးတော့ လှုပ်ရှားကြမှာပါ။ ပြည်ပမှာရောက်ရှိနေတဲ့ ရွှေဝါရောင် တော်လှန်ရေးအင်အားစုတွေ အခြားအဖွဲ့အစည်းတွေနဲ့ စည်းစည်းလုံးလုံး ဒီ နအဖ စစ်အုပ်စုကို အစီအစဉ်တွေချမှတ်ပြီး ရအောင်တော်လှန်မှာဖြစ်ပါတယ်" ဟု မိန့်ကြားသည်။
မြန်မာပြည်သူလူထုအနေနှင့်လည်း ကိုယ့်အခွင့်အရေးကို ကိုယ်တိုက်ယူမှရမည်ဖြစ်သည့်အတွက် တဖက်တလမ်းမှ ကူညီကြရန်လိုအပ်ကြောင်း၊ ပြည်သူများက အဓိကကျကြောင်း အရှင်ဃောသိတက မိန့်ကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာ (၂၇) ရွှေဝါရောင်တော်လှန်ရေး၌ ရွှေတိဂုံဘုရားခြေရင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် အရိုက်ခံခဲ့ရပြီး ဦးခေါင်းသွေးမြေကျခဲ့ရသည့် ကိုယ်တော်ဖြစ်သည်။ ၎င်းအရိုက်ခံရပြီး ဦးခေါင်းသွေးမြေကျခဲ့ရသည့် ဗွီဒီယိုမှတ်တမ်းအား ကမ္ဘာ့သတင်းဌာနကြီးများနှင့် နိုင်ငံတကာမီဒီယာများတွင် ထိပ်တန်းသတင်းအဖြစ် ထုတ်လွှင့်ပြသခဲ့သည်။

0 comments: