Saturday, December 29, 2007

မြန်မာ့အလင်းသတင်းစာကို တရားစွဲဖို့ ဂျပန် APFသတင်းဌာန ပြင်ဆင်

စက်တင်ဘာအရေးတော်ပုံတွင် ပစ်သတ်ခံရသည့် ဂျပန်ဗွီဒီယိုသတင်းထောက် ကန်ဂျီနာဂါအိ

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၉) ရက်နေ့တုန်းက မြန်မာစစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာထဲမှာ ဆောင်းပါးရှင် ကျော်မင်းလူ (ရွှေပြည်သာ) ရေးသားခဲ့တဲ့ ဂျပန်သတင်းထောက် နာဂါအိ ခင်းဂျိအကြောင်း ရေးသားဖော်ပြချက်တွေဟာ သတင်းထောက် နာဂါအိနဲ့ သူအလုပ်လုပ်ခဲ့တဲ့ APF သတင်းဌာနရဲ့ ဂုဏ်သိက္ခာကို စော်ကားရေးသားထားတာ ဖြစ်တာကြောင့် တိုကျိုမြို့အခြေစိုက် APF သတင်းဌာနက မြန်မာ့အလင်းသတင်းစာကို တရားစွဲဖို့ပြင်ဆင်နေပြီဖြစ်ကြောင်း သိရှိရပါသည်။
နအဖ၏ တဖက်သက်ရေးချင်ရာရေးသော သတင်းစာမှ ဆောင်းပါးများသည် ပြည်တွင်းမှ တုံပြန်နိုင်စွမ်း မရှိသော မြန်မာ ပြည်သူများကို နအဖ၏ အကာအကွယ်ဖြင့် စွပ်ဆွဲချင်ရာ စွပ်ဆွဲပြီး၊ ရေးချင်ရာ ရေးနိုင်စွမ်းရှိခဲ့ပေမယ့် ကမ္ဘာ့ အသိုင်းအ၀ိုင်းသို့ စွပ်ဆွဲ ပုတ်ခတ်ရေးသားသောအခါတွင် တရားဥပဒေကို ရင်ဆိုင်လာရပေတော့မည်။
ဒီအကြောင်းတွေနဲ့ ပတ်သတ်လို့ APFသတင်းဌာနအကြီးအကဲ မစ္စတာ တိုးရု ယာမာ့ဂျိ နဲ့ RFA သတင်းဌာန ဆက်သွယ်မေးမြန်းချက်ကို နားထောင်နိုင်ပါတယ်။

0 comments: