Sunday, April 27, 2008

ဂျပန်နအဖစစ်အခွန်ရုံးရှေ့တွင် ဆန္ဒမဲပေးပွဲကျင်းပပြုလုပ်

တရားဝင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားကြသော ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတိုင်းရင်းသားညီ အကိုမောင်နှမများနှင့် နအဖစစ်အခွန်ရုံးမှဖိတ်စာပေးပြီး ရွေးချယ်ခေါ်ယူထားသော ကျောင်းသားကျောင်း သူများ၊ အလုပ်သင်ဗီဇာနှင့်ရောက်ရှိနေသူများကပါ မိမိတို့စိတ်တိုင်းကျ လွတ်လပ်စွာဆန္ဒမဲပေးခြင်းကို ယနေ့(ဧပြီလ ၂၇ ရက်၊ တနင်္ဂနွေနေ့)တွင် နံနက် ၉ နာရီမှ နေ့လယ် ၁၂း၃၀ အထိကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံအလုပ်သမားအဖွဲ့အစည်းမှတာဝန်ခံများ၊ နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဆရာမတဦးနှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ တာဝန်ခံတဦးတို့ကဦးဆောင်ပြီး ပြုလုပ်ပေးခဲ့ပါတယ်။



အခုလိုမပြုလုပ်မီ နအဖအခွန်ရုံးသို့ တရားဝင်အကြောင်းကြားကာ ဖိတ်ခေါ်ခဲ့ပြီး၊ တစုံတရာအကြောင်းပြန်ဆိုခြင်းမရှိသဖြင့် ဆန္ဒမဲပေးချင်ကြသော မြန်မာနိုင်ငံသူ/သားများအတွက် အခုလိုကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ ကျင်းပရေးတာဝန်ခံဂျပန်လူမျိုးများက သတင်းထောက်များ၊ လုံခြုံရေးရဲများနှင့် ဂျပန်တီဗွီသတင်းဌာနများ၏မေးမြန်းမှုများကို စိတ်ရှည်လက်ရှည်ရှင်းလင်းပြောကြားပါတယ်။

ဆန္ဒမဲပေးသူတချို့က မိမိတို့ကို အခွန်ရုံးမှမဲလာထည့်ရန် ဖိတ်ကြားထားသောစာရွက်စာတမ်းများကို ပြသခဲ့ပြီး မိမိတို့စိတ်တိုင်းကျ ဆန္ဒမဲပေးကြပါတယ်။


ရလာဒ်မှာ နအဖဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းထောက်ခံမဲ ၆ မဲ

ကန့်ကွက်မဲ ၂၂၄ မဲနှင့်

ပယ်မဲ ၂ မဲတို့ဖြစ်ပါတယ်။


မနေ့ကဖြစ်ပွားခဲ့သော ဆန္ဒမဲပေးမည့်သူများကို ဂျပန်ရဲများမှအင်အားသုံးဖြေရှင်းခဲ့မှုမှာ နအဖစစ်အခွန်ရုံးမှ ဆန္ဒပြကြမည့်သူများ သံရုံးကိုဝိုင်းထားကြောင်းနှင့်၊ ကားဝင်ကားထွက်လုပ်မရကြောင်း၊ ၀တ္တရားနှောက်ယှက်မှုဖြင့် အရေးယူပေးပါရန်ဖုန်းဆက်ပြောဆိုလာသဖြင့် ဆန္ဒစောပြီးအကြမ်းဖက်ခဲ့သလိုမျိုးဖြစ်ပွားခဲ့သည့်အတွက် တောင်းပန်စကားများပြောဆိုခဲ့ကာ ဆန္ဒမဲပေးပွဲကိုလည်း လွတ်လွတ်လပ်လပ်ပေးနိုင်အောင် လုံခြုံရေးတာဝန်ယူပေးခဲ့ပါတယ်။

နအဖစစ်အခွန်ရုံးကတော့ ထောက်ခံမဲပေးမည့်သူများကိုသာ တရားဝင်လက်ခံ၍ မဲထည့်ခိုင်းပြီး မဲထည့်နေစဉ်အချိန်တွင်လည်း စောင့်ကြည့်ခြင်းခံရကြောင်းလည်း သတင်းထောက်များ၏မေးမြန်းမှုများကို အမည်မဖော်လိုပဲဖြေဆိုသွားကြပါတယ်။

2 comments:

sndjapan said...

ပြန်ဝေခွင့်ပြုပါခင်ဗျာ..
ကျေးဇူးတင်ပါတယ်

MelodyMon said...

ဂျပန်တွေကစာအုပ်ကြီးအတိုင်းလုပ်တာထုံးစံဘဲလေ။ ဒီလိုသတ်မှတ်ထားတယ်ဆိုရင်ဒီလိုဘဲလုပ်ရတယ်။ Movieထဲမှာသူတို့ပြောတာကိုနားထောင်ကြည့်တော့၊ သံရုံးက ကားမို့လို့သံရုံးထဲကိုဝင်တာဝင်ခွင့်ရှိတယ်။ သင်တို့တွေကလမ်းဖယ်ပေးရမယ် လို့ပြောတယ်။ အားလုံးကိုယ့်ဖက်ကကြည့်ရင်မှန်နေတာဘဲနော်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် (မနေ့ကဆန္ဒစောပြီးအကြမ်းဖက်ခဲ့သလိုမျိုးဖြစ်ပွားခဲ့သည့်အတွက် တောင်းပန်စကားများပြောဆိုခဲ့ကာ ဆန္ဒမဲပေးပွဲကိုလည်း လွတ်လွတ်လပ်လပ်ပေးနိုင်အောင် လုံခြုံရေးတာဝန်ယူပေးခဲ့ပါတယ်။) ဆိုတော့တော်သေးတာပေါ့။