Tuesday, April 29, 2008

မဲ ရုံမှုးတဦး ၏ဖွင့် ဟချက်




ရန်ကုန်မြို့ တွင်နေထိုင်ကြသောပြည်သူများနှင့့်အခြားပြည်နယ်နှင့် တိုင်းအသီးသီးမှ ဆန္ဒ မဲပေးကြမည့် ပြည်သူ အားလုံးသို့  အသိပေးလိုက်ပါသည်။လာမည့်မေလ (၁၀)ရက်နေ့ တွင် ထောက်ခံသည်ဖြစ်စေ ကန့်ကွက်သည် ဖြစ်စေကာမူ အခြေခံဥပဒေအား တတိုင်းပြည်လုံး အတိုင်းအတာဖြင့် ဆန္ဒသဘောထား စစ်တမ်းကောက်ယူရန်အတွက် ယခုအခါတွင်မြို့နယ်၊ ရပ်ကွက်အသီးသီးမှ ကျောင်းဆရာ၊ ဆရာမများကို အဓိကထား၍ အခြားသောဌာနများမှ ၀န်ထမ်းများအပါအ၀င် ထိုသူတို့ ကိုမဲရုံမှူးများအဖြစ် ခန့်အပ်ရန်အတွက် သင်တန်းများပို့ ချလျှက်ရှိပါသည်။ထိုသို့ မဲရုံမှူးသင်တန်းပို့ ချရာတွင် အချို့ သော ပို့ ချချက်များသည် နအဖ စစ်အစိုးရ၏ ကောက်ကျစ်သည့်  အချက်များ ပါဝင်နေကြောင်း အဆိုပါသင်တန်းတက်ခဲ့ ရသည့် ဆရာမတစ်ဦး ကဆိုပါသည် ။အဓိကအားဖြင့်မဲရေတွက်ရာတွင် အခြေခံဥပဒေအားထောက်ခံသည့် သင်္ကေတအဖြစ် အမှန်ခြစ် အမှတ်အသားအား ပုံတွင်ပါရှိသည့်အတိုင်း ဘောပင်မှင်ရာ မပီမပြင် မှုန်ဝါး ပြတ်တောက်နေစေကာမူ ထောက်ခံမဲ ဟုသတ်မှတ်ရမည် ဖြစ်ပြီး ကန့် ကွက်မဲ သင်္ကေတ အမှတ်အသား ဖြစ်သည့်  ကြက်ခြေခတ် အမှတ်သားအား အထက်ဖော်ပြပါ ပုံများအတိုင်းမှင်ရာပြတ်တောက်ခြင်း၊ ကြက်ခြေခတ်သော်လည်း အထက်ပါပုံများအတိုင်း မပီသသည့်အတွက် ပယ်မဲ အဖြစ် သတ်မှတ်မည်ဟု ပို့  ချချက်များ ပါဝင်နေပါသည်..။ကြက်ခြေခတ် အမှတ်အသား ပီပီပြင်ပြင်ပေါ်မှသာ ကန့် ကွက်မဲ အဖြစ် သက်မှတ်ရမည်ဟု ပါရှိပါသည် ။၎င်းသက်မှတ်ချက်များသည် အရေးမပါလှဟု ထင်ရသော်လည်း လွန်စွာအရေးကြီးပါသည် ။ အထက်ပါအချက်များ အတိုင်း သတ်မှတ်ချက်များ ရှိနေပါ၍ ကန့်ကွက်မဲများကို (မပီပြင်မထင်ရှား) ဟုဆိုကာ ပယ်မဲအဖြစ်သွတ်သွင်းကာ ၎င်းတို့ ဆက်လက် ရပ်တည်နိုင်ရေးအတွက် ထောက်ခံမဲများကို များသည်ထက်များအောင် နည်းမျိုးစုံဖြင့် လိမ်လည်ကာအနိုင်ရရန် ကြိုးပမ်းပေလိမ့်မည် ဖြစ်ပါသည်။သို့ ပါ၍ ဆန္ဒမဲပေးကြမည့် ပြည်သူအပေါင်းတို့ သည် ကြက်ခြေခတ်အမှတ်အသား( X ) ပီပီပြင်ပြင် ရေးခြစ်၍ ကန့် ကွက်ကြပါစို့ ဟု တိုက်တွန်းလိုက်ရပါသည်.။

0 comments: