Thursday, October 23, 2008

သမီးဖြစ်သူကို အဓမ္မပြုကျင့်ရန်ကြိုးစားသူ နစက တပ်ကြပ်ကို ကျေးရွာ ရယက ဥက္ကဌက ဓါးဖြင့် ခုတ်သတ်

22/10/2008
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် သမီးဖြစ်သူကို နစက တပ်ကြပ် တဦးမှ အဓမ္မပြု ကျင့်ရန် ကြိုးစားရာမှ ဖခင်ဖြစ်သူ ရယကဥက္ကဌက ဓါးနှင့် ခုတ်သတ်သည့် မူခင်းတခု အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပေါ်ပေါက်ခဲ့သည်။
အဆိုပါ မူခင်းမှာ မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာအုပ်စု ကံဘုကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဒေသအတွင်းက ပေးပို့သောသတင်းအရ ကံဘုကျေးရွာနေ ရယကဥက္ကဌ ဦးဟာဘီစူလာမှ သမီးဖြစ်သူအား နစက တပ်ကြပ်ဇော်ဝင်းမောင်မှ အဓမ္မပြုကျင့်ရန် ကြိုးစားနေသည်ကို ဖခင်ဖြစ်သူ တွေ့ရာမှ အနီးမှဓါးကိုဆွဲယူပြီး နစကတပ်ကြပ်အား ဓါးဖြင့် အချက်ပေါင်းများစွာ ခုတ်သတ်ခဲ့သည်။
ဇော်ဝင်းမောင်မှာ မောင်တောမြို့နယ် နစက အမှတ် (၇)နယ်မြေမှဖြစ်ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ကာ ယခုအခါ မောင်တောဆေးရုံတွင် တင်ထားရကြောင်း သိရသည်။
ဦးဟာဘီစူလာမှာ အဆိုပါ အခင်းဖြစ်ပွားပြီးနောက် တဘက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့သို့ ထွက်ပြေး တိမ်းရှောင် လာခဲ့သည်။
ဦးဟာဘီစူလာ မိသားစုအား ယခုအခါ နစကမှ ခေါ်ယူစစ်ဆေးနေကြောင်း သတင်းရရှိ သည်။
news by Niranjara

0 comments: