Wednesday, February 20, 2008

အဲပုဂံလေယာဉ်တစင်း ပူတာအိုတွင် ပျက်ကျ

မြန်မာ့ ဂုဏ်ဆောင် ပု ဂံ လေကြောင်း မှ ရွှေ အခေါင်းပျံ ဖြင့် ပို့ဆောင်ပေးနေပါသည်။
20/2/2008မောင်ဒီး Mizzima

နယူးဒေလီ။ ။ ကချင်ပြည်နယ် ပူတာအိုမြို့မှ မြစ်ကြီးနားသို့ ပျံသန်းလာသည့် အဲပုဂံ လေယာဉ်တစင်း စက်ချို့ယွင်းမှုကြောင့် ယနေ့ညနေ ၃ နာရီခန့်တွင် ပျက်သွားခဲ့သည်။

“ပူတာအိုကနေ ဒီကို ပျံသန်းတဲ့အခါမှာ လေယာဉ်ကွင်းကနေ စထွက်ပြီး ၁ ဖာလုံလောက် အကွာမှာ ပျက်ကျတာ။ ယောက်ျားက ၃၆ ယောက်၊ မိန်းကလေးက ၁၈ ယောက်၊ ကလေး ၂ ယောက်၊ နိုင်ငံခြားသား ၄ ယောက် တယောက်မှ မထိဘူး” ဟု လေကြောင်းလိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

ခရီးသည် ၆ဝ ကို တင်ဆောင်လာသည့် အဲပုဂံလေယာဉ်မှာ လေယာဉ်ကွင်းမှ စတင်ထွက်လာစဉ် စက်ချို့ယွင်းသွားပြီး လေယာဉ်ကွင်းအနီးရှိ လယ်မယ်ဝါချီ ကျေးရွာအနီးတွင် ပျက်ကျသွားခြင်း ဖြစ်သည်။“လေယာဉ်က အလယ်ကနေ ကွဲထွက်သွားတယ်။ အတောင်တွေလည်း ကျိုးသွားတယ်။ အဲဒါကို လူတယောက်မှ မသေဘူးလို့ ကြားတယ်။ ပထမတော့ ပျံဖို့ လုပ်တယ်။ ဒုတိယအနေနဲ့ ဂီယာထိုးတာ မဝင်ဘူးလို့ ပြောတာပဲ” ဟု ပူတာအိုမြို့ခံတဦးက ပြောသည်။

လေယာဉ်ပျက်ကျပြီး သေဘေးမှ လွတ်မြောက်လာသူများကို ဒေသ အာဏာပိုင်များနှင့် ရွာသူရွာသားများက ဆေးဝါး ကုသပေးခြင်းနှင့် လိုအပ်သည့် အကူအညီများ ဆောင်ရွက် ပေးခဲ့ကြသည်။လွန်ခဲ့သည့် ၁၉၈ဝ ခုနှစ်ကျော်ကလည်း လယ်မယ်ဝါချီ ရွာအနီးတွင် ကုန်ပစ္စည်းများ တင်ဆောင်သည့် အစိုးရပိုင် Charter လေယာဉ်တစင်း စက်ချို့ယွင်းမှုဖြစ်ကာ ပျက်ကျခဲ့ရာ လေယာဉ်မှူး အပါအဝင် လူ ၄ ဦး သေဆုံးခဲ့သည်။

0 comments: