Tuesday, February 12, 2008

လုပ်သားပြည်သူအပေါင်းအား လေးလေးနက်နက် ပန်ကြားခြင်း

လူငယ်တော်တော်များများသည်ပြောခွင့်ကြုံရသောအချိန်တွေအများကြီးရှိခဲ့ပါသည်။ထိုသိုမြင်သောအကြောင်းအားလုံးမှာကြိုတင်ကာကွယ်ခြင်းထက်ဖြစ်နိုင်လျှင်ဖြစ်နိုင်၏ ၊ မဖြစ်နိုင်လျှင်မဖြစ်နိုင်ဘူးဟုပြတ်ပြတ်သားသားနှင့်ပြောဆိုခြင်းပင်ဖြစ်ပါသည်၊ စောင်ကြည့်ခြင်း၊ ဒါတွေကဒီလိုရှိတယ်၊ဒါတွေကဟိုလိုရှိတယ်၊ နိုင်ငံရေးကိုဒီလိုလုပ်လို့ မရဘူး၊ ဘာဘူး၊ဘာဘူးဆိုတာတွေ၊သမိုင်းနဲ့အခြေအနေကဘယ်လို၊ ခေတ်ရေစီးကြောင်းကဘယ်လို၊ ပြုပြင်ပြောင်းလဲရေးကိုယ်လုပ်ဆောင်သွားကြသောဟိုနိုင်ငံတွေ၊ဒီနိုင်ငံတွေရဲ့ လုပ်ဆောင်ချက်ကဒီလို၊အစအစသဖြင့် ၊ဝေဖန်ရေးတွေသုံးသပ်ချက်တွေကြားမှာလက်ပစ်ကူးရင်းရာစုများစွာရှိနေခဲ့တာကို ကြည့်ရင်း သက်ပြင်းမောတွေများလာကြတာကတော့ပြည်တွင်းမှာရှိသော တက်ကြွလူငယ်၊လူကြီးတွေတော်တော်များ၊ပြည်ပတွင်ရှိသောတက်ကြွလူငယ်၊လူကြီးတော်တော်များများမှာရှိနေမှာကတော့အသေအချာပါ။

ကျွန်တော်မြင်တာကတော့ အားလုံနဲ့ဆန်ကျင်ဖက်တွေဖြစ်နေနိုင်သလို၊သိပ်ပြီးတော့အနုစိတ်ဆန်သောအကြောင်းရာတစ်ခုမှသိပ်မရှိပါ၊ ဘာလိုလည်းဆိုတော့၊ ရတယ်၊ မရဘူးကြိုက်တယ်၊မကြိုက်ဘူး၊ ရှင်းနေလို့ ပါ၊ဒီနေရာမှာကဒီတက်နဲ့ လှော်ဟိုနေရာကိုဟိုတက်နဲ့ လှော်ဆိုသောနိုင်ငံရေးဥပဒေသထက်နိုင်ငံရေးကစားကွက်ကိုလည်းဝင်မပါချင်သလို၊ နိုင်ငံရေးကစားခြင်းကိုလည်းပြတ်ပြတ်သားသားတုံးတိဖြတ်တောက်ချင်တာလည်းပါဝင်ပါသည်၊

ကျွန်တော်မြင်တာကတော့ အားလုံနဲ့ဆန်ကျင်ဖက်တွေဖြစ်နေနိုင်သလို၊သိပ်ပြီးတော့အနုစိတ်ဆန်သောအကြောင်းရာတစ်ခုမှသိပ်မရှိပါ၊ ဘာလိုလည်းဆိုတော့၊ ရတယ်၊ မရဘူးကြိုက်တယ်၊မကြိုက်ဘူး၊ ရှင်းနေလို့ ပါ၊ဒီနေရာမှာကဒီတက်နဲ့ လှော်ဟိုနေရာကိုဟိုတက်နဲ့ လှော်ဆိုသောနိုင်ငံရေးဥပဒေသထက်နိုင်ငံရေးကစားကွက်ကိုလည်းဝင်မပါချင်သလို၊ နိုင်ငံရေးကစားခြင်းကိုလည်းပြတ်ပြတ်သားသားတုံးတိဖြတ်တောက်ချင်တာလည်းပါဝင်ပါသည်၊ကျွန်တော်လိုရင်းတိုရှင်းကိုပြောချင်တင်ပြချင်သည်မှာ၁၉၉၀ ရွေးကောက်ပွဲကို လုံးဝလုံးဝမယုံပါ၊ ဘာကြောင့်လည်းဆိုတာကို ပြောရန်တစ်ခုတည်းသောအဖြေမှာ စစ်တပ်ကပြောဆိုလုပ်ကိုင်ခြင်းဖြစ်လိုပါဟု လွယ်လွယ်ကူကူဘဲအဖြေပေးပါရစေ၊ ( အဲဒီအချိန်တုံးကတော့ရှည်ဝေးသောအကြောင်းတွေ၊ရှင်းပြချက်တွေ၊ ကိုးကားချက်တွေကိုပြောဆိုပြီးတင်ပြလည်းနောက်ဆုံးအဖြေနှင့်ရလဒ်မှာ မယုံကြည်ခြင်းဆိုတာကို ကိုးကားပြောဆိုခဲ့တာပါ်။ အဲတစ်ခုတော့ရှိပါသည်၊ရှင်းပြ၊ကိုးကားပြောဆို၊ထောက်ပြခြင်းကြောင့်၊နားလည်သွားကြသည်မှာမသိသေးသောအတွင်းရေးအကြောင်းများကိုဘယ်လိုရှင်းခဲ့ကြသည်ကိုသိသွားကြသည်သာဖြစ်ပါသည်။ )မည်သို့ ပင်ဆိုစေကာမှု အားလုံးသောသူတော်တော်မျာများမှာ လွယ်လွယ်ကူကူနှင့်တော့ဟုတ်တယ်၊ ကျွန်တော်တို့ အားလုံးဒါဆိုမလုပ်တော့ဘူးဆိုတာတော့မဟုတ်ပါဘူး၊ကျွန်တော်တို့ဒီလိုတွေတင်ပြမယ်၊ထောက်ပြမယ်၊ ကမ္ဘာကလည်းသိတာဘဲ၊ ကုလသမဂ္ဂလည်းရှိတာဘဲဒီလောက်တော့စစ်တပ်ကမလုပ်နိုင်ပါဘူးလို့ ပြောဆိုခဲ့ကြပါတယ်။

သို့ သော်လည်း ၁၉၉၀ ရွေးကောက်ပွဲကိုအသာလေးခေါက်ပြီးတော့လုပ်ချင်ရာကိုလုပ်သွားခဲ့တာကို နှစ်၂၀ရှိသွားခဲ့ပါတယ်။ရှင်းရှင်းပြောရရင် ပြည်သူအားလုံးကိုသဘောတူတူ၊မတူတူ၊ကြိုက်ကြိုက်၊မကြိုက်ကြိုက်၊ ရိုင်းရိုင်းစိုင်းစိုင်းပါဘဲကုတင်ပေါ်ခေါ်ပြီးဆက်ဆံသွားကာ ၄င်းတို့ စိတ်ဆန္ဒပြည့်မြောက်အောင်လုပ်ဆောင်ခြင်းနှင့်လုပ်ဆောင်ပေးခံရခြင်းဟုသာမြင်ပါသည်။

ယခုလည်းလာပါပြီ။ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၀၈ မေလ။ အခြေခံဥပဒေ၊ ဟိုဟာ၊ဒီဟာဆိုသောတင်ပြချက်တွေ၊ထောက်ပြချက်တွေအမြင်တွေများလိုက်တာဝေေ၀ဆာဆာပါဘဲ၊ ကျွန်တော်မြင်တာကတော့ အားလုံးမှာဇတ်ကားတကားကိုမတိုက်ဘဲအလိုလျှောက်ဝိုင်းပြီးညီတူမျှတူရေးဆွဲနေသည်ဟုပင်ထင်ရအောင်ကိုဖြစ်သွားနေရပါသည်၊

အဲဒီအကြောင်းအရာကို ပထမဆုံးလုပ်ဆောင်နေကြသော၊ တော်လှန်ရေးကိုကြာရှည်အောင်လုပ်နေကြသောသူမှာမြန်မာနိုင်ငံမှာစစ်တပ်နှင့်၎င်းတို့ ၏အသိုင်းဝိုင်းတစ်စုလုံးဖြစ်ပါသည်။ ထိုမှတဆင့်တတ်၍ပြောသောနောက်ထက်၎င်းတို့ နှင့်အသိုင်းဝိုင်းမဟုတ်သော၊ အသိုင်းဝိုင်းဟုပင်မခေါ်ရနိုင်လောင်သော သူတွေကတော့ဆင်ခြေရှင် မြန်မာ့နိုင်ငံရေးကိုလုပ်နေကြသောပြည်တွင်းပြည်ပခေတ်ဆွေး နိုင်ငံရေးသမားတွေ၊ ပြည်တွင်း၊ပြည်ပဟိုမကျ၊ဒီမကျ နိုင်ငံရေးသဘောထားမကြေလည်သောအဖွဲ့ တွေတိုင်းမှာရှိသောနိုင်ငံခေါင်းဆောင်ဆိုသူတွေ၊ ပညာရှင်တွေ၊စစ်ရေးဆိုတာကို ၄င်း မြန်မာ့နိုင်ငံရေးရာကို၎င်းလေ့လာနေပါသည်၊သုတေသနပြုနေပါသည်ဟုဆိုသောကျွမ်းကျင်သူဆိုသူသောမြန်မာလူမိုးများနှင့် ဖော်လံဖားနိုင်ငံခြားသားများနှင့်၎င်းတို့ ၏နိုင်ငံအတွက်ဘဲသေသေချာချာအကွက်ချပြီးကြည့်တတ်ကြသောနိုင်ငံခေါင်းဆောင်အသီးသီးများတို့ ပင်ဖြစ်ပါသည်။

ထိုသို့လုပ်ဆောင်ရန်ဝိုင်းဝန်းပိုဆောင်သူများကိုသော်၎င်း၊ အခင်းအကျင်းကိုယူဆောင်သူတွေကိုအရင်ကတော့ခွဲခြားပြီး တော့မြင်ကြည့်ပေးပါသည်၊သို့ သော်ယခုတော့ မမြင်နိုင်တော့ဘူးဟုပြတ်ပြတ်သားသားပင်ပြောရတော့ပါမည်။ဘာကြောင့်လည်းဆိုတော့ ၂၀၁၀ဆိုတာလည်း မလိုချင်တော့ပါ၊နောင်သုံးလတွင်ကျင်းပမည်ဟုပြောထားသော ဆန္ဒခံယူအတည်ပြုခြင်းလည်းထည့်ပြီးစကားမပြောချင်တော့ပါ၊

မြန်မာနိုင်ငံတွင်နေထိုင်ကြသော၊တိုင်းရင်းသားအားလုံး၊ဘာသာအားလုံး၊ လူမျိုးအားလုံးသည်၊လွတ်လပ်ခြင်း၊တရားမျှတခြင်း၊ညီမျှခြင်း၊ဥပဒေစိုးမိုးခြင်း၊ကိုယ်ပိုင်ယဉ်ကျေးမှုထွန်းကားခြင်းကိုရလိုချင်သည်၊ပြည်သူအာဏာနှင့်ပြည်သူကတင်မြှောက်သောပါလီမန်ဒီမိုကရေစီအစိုးရပေါ်ထွန်းဖို့ ရာမှာတစ်ခုတည်းသာရှိပါသည်၊ ၄င်းမှာပြည်သူအပေါင်း ပြတ်ပြတ်သားသားနှင့် လမ်းမပေါ်ဆင်းကာစစ်တပ်အစိုးရကိုဖြုတ်ချပြီးပြည်သူကြားဖြတ်အစိုးရကိုသော်၎င်း ၁၉၉၀ပြည့်တုံးကပြည်သူတွေကနေပြည်သူတွေကိုယ်တိုင်တင်မြှောက်ထားသောကိုယ်စားလှယ်တွေကနေပြန်လည်တင်မြှောက်သောဦးဆောင်ကော်မတီမှာတိုင်းပြည်အစိုးရအဖြစ်အုပ်ခူပ်နိုင်အောင်ဝိုင်းဝန်းလုပ်ဆောင်မှာသာလျှင် ကျွန်တော်တို့ လိုလားသောအစိုးရတစ်ရပ်ကို ရမည်ဟုယုံကြည်သည်။ထိုမှလွဲပြီးမည်သို့ သောအကြောင်းမှစစ်တပ်ကို၎င်းတို့ ၏နေရာမှန်ကို ပြန်သွားခြင်းမရှိဘဲ အကြောင်းမိုးများစွာကိုကြည့်နေမည်၊တွေနေအုံးမည်ဆိုပါက ကျွန်တော်တို့ နိုင်ငံတွင်မည်သို့ သောအခါမှစစ်အာဏာရှင်အောက်မှလွတ်မြှောက်နိုင်ခြင်းမရှိသည်အပြင်၊ ဆိုးဝါးသောလူမှုရေးပြောင်းလဲခြင်းနှင့်ယဉ်ကျေးမှုပြောင်းလဲနှိမ့်ကျခြင်း၊အပြင်ယခုတွေ့ ကြုံရသောအခြေအနေထက် အဆ၁၀၀ဆိုးသောအခြေအနေသည်ကျွန်တော်တို့ ၏မိုးဆက်တို့  ခံစားရမည်မှာအသေအချာဖြစ်ပါသည်ဟုယုံကြည်ပါသည်။


လူငယ်တွေကော၊ ကျွန်တော်တို့ အားလုံး အလွန်ကိုသတိထားပြီးတော့လုပ်ရမည့်အချက်ကတော့ကျွန်တော်ပြောသည်မှာမှားသည်မှန်သည်ခံယူသူပေါ်မှာသာမှုတည်ပါသည်၊ဘာကြောင့်လည်းဆိုတော့၊ကျွန်တော်၏အမြင်သာဖြစ်သောကြောင့်ဖြစ်ပါသည်၊တူလျှင်လည်းထိုအကြောင်းကိုလုပ်ဆောင်ရန်မိတ်ဆွေဖြစ်သကဲ့သို့ ၊မတူညီလျှင်လည်းဒီမိုကရေစီပန်းတိုင်ကိုလျှောက်သောအသွင်မတူသောမိတ်ဆွေအနေနှင့်သာရှိပေမည်။

စိုင်းမွန်

0 comments: