Sunday, February 24, 2008

သွေးသစ္စာ


ပဒိုမန်းရှာ
သူသေရှာပြီ။

သူသေသည်မှာ
“လူသေ”သေခြင်းဖြစ်ပါ၏။

လူသေခြင်းသည်
“မူ”သေခြင်းလည်းမဟုတ်ပါ။

လူသာသေလည်း
နာမည်သေမည်မဟုတ်ပါ။

လူကိုခွေးသတ်
ဇာတ်ကြောင်းထပ်လည်း
သတ်သူသာသေ၊ သေသူရှင်မည်
အာဇာနည်မျိုး သေရိုးမရှိ
ခေတ်၏ဆောင်ပုဒ်၊ အသစ်ထုတ်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခန်းမှ
မန်းရှာလာဖန်း၊ လုပ်ကြံခန်းထိ
သွေးလမ်းကြီးသည်၊ ခရီးရှည်ခဲ့
မညီသမျှ မဆုံးနိုင်။

ပဒိုမန်းရှာ၊ သွေးသစ္စာဖြင့်
ငါတို့လူထု၊ သစ္စာပြုစို့
ပြည်ထောင်စုဒီမိုကရေစီ
အောင်ရမည်။

သွေးစည်းညီညီ၊ ဆောင်ကြမည်။

(မောင်စွမ်းရည်)

0 comments: