Tuesday, February 26, 2008

မန္တလေး- ရတနာပုံဈေး မီးလောင်၊



၂၅၊၂၊၀၀၈-
မီးသတ်တပ်ဖွဲ့ဝင်တွေ မစွမ်းနိုင်တဲ့ အလုပ်ကို စက်တင်ဘာတုန်းက စစ်အစိုးရကို ဆန့်ကျင်ကာ ပြည်သူတွေ အတွက် မေတ္တာဓာတ်တွေ ပို့သ စီတန်းလမ်းလျှောက်ခဲ့ကြတဲ့ ရဟန်းသံဃာတော်များက ဒီတစ်ခါ ရတနာပုံဈေး မီးလောင်ရာမှာ လည်း စွမ်းဆောင်ပြခဲ့ပါတယ်။ရဟန်းသံဃာတော်တွေဟာ မီးသတ်ကားတွေပေါ် တက်ရောက်ကာ မီးသတ်ပိုက်ကို ကိုင်စွဲလို့တစ်မျိုး၊ ရတနာပုံဈေး အထပ်မြင့်ကြီးပေါ်ထိ အသက်ကို ပဓာနမထားဘဲ ရဲရဲဝံ့ဝံ့ တက်ရောက်ကာ ပစ္စည်းများ ကူညီ၊ သယ်ထုတ်ပေးခြင်းက တစ်ဖုံအမျိုးမျိုး၊ အစုံစုံ ပြည်သူ့ဘက်က ရပ်တည်ခဲ့ကြပါတယ်။

0 comments: