Saturday, August 9, 2008

Google မှဂျပန်ရှိ လူနေအဆောက်အဦး၊လမ်းများ၊ဆိုင်များကို street view (မြင်ကွင်းကျယ်ဓာတ်ပုံ)ဖြင့်လှပစွာ မြင်နိုင်အောင် ပထမဦးဆုံးတီထွင်ခြင်း

Google ကုမ္မဏီမှ ဂျပန်နိုင်ငံတွင်နေထိုင်သူများအဆင်ပြေနိုင်ရေးအတွက် နေရာဒေသ ၊လူနေအိမ်၊ စားသောက်ဆိုင်၊ ကုမ္မဏီရုံးများအား အလွယ်တကူရှာဖွေနိုင်သော နောက်ဆုံးပေါ် street view (မြင်ကွင်းကျယ်ဓာတ်ပုံ) ဖြင့် လှပစွာမြင်နိုင်သော tokyo google map ကို တီထွင်လိုက်ပါသည်။ မိမိကိုယ်တိုင်အပြင်တွင်လမ်းလျှောက်၍ အိမ်။လမ်းနေရာကိုရှာဖွေနေသည်ဟု ထင်မှတ်မှားလောက်အောင် ဓာတ်ပုံနည်းပညာဖြင့် ဖန်တီးထားပါသည်။လောလောဆယ် တိုကျိုမြို့ ၂၃ရပ်ကွက် အတွင်းသာကြည့်နိုင်အောင် စီစဉ်ထားပါသည်။

ထပ်မံတိုးချဲ့၍ အခြားမြို့ကြီးများရှိနေရာများလည်း ကြည့်နိုင်အောင်လည်း စီစဉ် ပြုလုပ်နေသည်ဟုသိရပါသည်။ ဂျပန်နိုင်ငံသားများအတွက် ဂျပန်ဘာသာဖြင့်သာ Google web site (http://maps.google.co.jp/maps?hl=ja&tab=wl) တွင်ရှာဖွေနိုင်ရန်စီစဉ်ထားသောလည်း နိုင်ငံခြားသားများအတွက် search engine တွင် Romanji စာလုံးဖြင့် မိမိရှာဖွေလိုသော မြို့၊အိမ်နေရာနံမည်များကိုထည့်၍ အလွယ်တကူရှာဖွေနိုင်ပါသည်။

ဤကဲ့သို့ မိမိသွားရောက်ရှာဖွေလိုသောနေရာများကို လွယ်ကူစွာ သွားရောက်နိုင်၍ အဆင်ပြေလှသည်ဆိုသော်လည်း မကောင်းမှုပြုလုပ်လိုသူများ၊ ရာဇ၀တ်မှုပြုလုပ်လိုသူများ ဤတီထွင်ဖန်တီးမှုကို အခွင့်ကောင်းယူ၍ မကောင်းမှုများပြုလုပ်လာမည်ကို စိုးရိမ်ရကြောင်း သတင်းများအရသိရပါသည်။

မြန်မာလူမျိုးအများဆုံးနေထိုင်သော တိုကျိုမြို့ရှိမြန်မာများသိရှိနိုင်စေရန်အတွက် အသုံးပြုပုံ အဆင့်ဆင့်ကိုဖော်ပြလိုက်ပါသည်။ အသုံးပြုနည်းမှာလည်းလွယ်ပါသည်။

ပထမဦးဆုံး http://www.google.co.jp/ လင့်ခ်ကိုသွားပါ။ ထို့နောက် 地図 ဟုရေးထားသောနေရာကို နှိပ်ပါ။


ဥပမာအနေဖြင့် - takadanobaba ဟုရေး၍ အထက်ပါပုံတွင်ပြသထားသည့်အတိုင်းရေး၍ မိမိကွန်ပြူတာရှိ enter ခလုတ်ကိုနှိပ်ပါ။


ဂျပန်ဘာသာ kenji စကားလုံးဖြင့် 高田馬場駅(東京)ဖြင့် အထက်ပါပုံကဲ့သို့ ပေါ်လာပါလိမ့်မည်။ ၎င်းစကားလုံးကို နှိပ်ပါ။ နောက် စာမျက်နှာသို့ပြောင်းသွားပြီး သင်သွားရောက်လိုသော အနီးဆုံးနေရာကို မြေပုံဖြင့် ပြသပါလိမ့်မည်။

ထို့နောက် အထက်ပါမြေပုံအပေါ်ဘယ်ဖက်ဒေါင့်တွင်ရှိသော ストリートビューစာလုံးကိုနှိပ်ပါ။

အထက်ပါပုံကဲ့သို့ အ၀ါရောင်လူ (icon) လေးပေါ်လာပါလိမ့်မည်။ အဆိုပါ အ၀ါရောင်လူ iconလေးကို မိမိ၏ ဘယ်ဘက် mouse clip ဖြင့် မိမိသွားလိုရာနှိပ်ဆွဲပါ။

လှပစွာ လူသွားနေအိမ်လမ်းများကို ဓာတ်ပုံမြင်ကွင်းဖြင့် တွေ့မြင်နိုင်ပါသည်။ ထို့နောက် အထက်ပါပုံရှိ全画面表示 ကိုနှိပ်ပါ။ မြင်ကွင်းကျယ်ဖြင့် လှပစွာပေါ်လာပါလိမ့်မည်။ ထို့နောက်မိမိသွားလိုသောနေရာအတိအကျကို ပုံတွင်ပြထားသောမျှားကိုနှိပ်၍နှိပ်၍ လွယ်ကူစွာရှာဖွေသွားလာနိုင်ပါသည်။

0 comments: