Saturday, August 9, 2008

ငြိမ်းချမ်းရေး တိုက်ပွဲ (မွန်းအောင်) (ဂျပန်ဖျော်ဖြေပွဲ - ၂၀၀၆)




ငြိမ်းချမ်းရေးတိုက်ပွဲ သီချင်းကို ၁၉၈၀ ၀န်းကျင်မှာ နာမည်ကြီးတေးရေးဆရာတဦးးက ရေးသားခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများအကြားမှာ ရေပန်းစားခဲ့ပြီး ပြည်တွင်းမှာ ကိုမွန်းအောင်က သူ့တေးစုရဲ့ ခေါင်းစီးတေးသီချင်းအဖြစ် ဖြန့်ချိဖို့ စဉ်းစားခဲ့ဘူးပါတယ်။ ဒါပေမယ့် မထုတ်လုပ်ဖြစ်ခဲ့ပါဘူး။

ခေါင်းစီးကို လွန်ခဲ့သောနေ့ အမည် ပြောင်းလဲခဲ့ပြီး စာသားအချို့ကို ပြင်ဆင်ကာ ကိုခင်မောင်တိုးက သူ့ရဲ့တေးစုတခုထဲမှာ သီဆိုခဲ့ပါတယ်။

ကိုမွန်းအောင်ရဲ့ ပထမဆုံး တော်လှန်ရေးသီချင်း တေးစုကိုတော့ ငြိမ်းချမ်းရေးတိုက်ပွဲ အမည်နဲ့ ၁၉၈၉ ခုနှစ်က ထိုင်းနိုင်ငံမှာ ထုတ်လုပ်ခဲ့ပြီး ပြည်တွင်း ပြည်ပကို ဖြန့်ချိခဲ့ပါတယ်။

0 comments: