...အငြိမ့်ခွေလေး တစ်ခု ကြည့်မိလိုက်ပါတယ်။ သီတဂူ ဆရာတော်ရဲ့ မွေးနေ့ပွဲမှာ ကကြတဲ့ အငြိမ့်ပေါ့။ အဲဒီမှာ ပျက်လုံးတွေက ဆရာတော်ကြီး တစ်ပါးရဲ့ မွေးနေ့မှ ဟုတ်ပါလေစ။ ညစ်ညမ်းပြီး ဗုဒ္ဓဘာသာကို အကြည်ညို ပျက်စေနိုင်တဲ့ ညစ်ညမ်းမူတွေပါ ပါနေပါတယ်။ (ကျွန်တော် ထိုပွဲကသူများကို ထိခိုက်စေလိုသော ဆန္ဒမရှိပါ။)နှိုင်းယှဉ်ပြလိုသည်မှာ စိန်စီသောညကို ကြည့်မိသော လူတွေကို နိုင်ငံတော် အကြည်အညိုပျက်စေသော အမှုနဲ့ တရားဆွဲဆိုခြင်း ဖြစ်ပါတယ်။ ထိုအမှုမှာ ကြည့်မိသူများကို ထောင်ဒဏ် ၂ နှစ် အပြစ်ဒဏ်ပေးလိုက်ပါတယ်။သို့သော် ဘာသာ သာသနာကို အကြည်အညိုပျက်အောင် လုပ်သော အငြိမ့်ပွဲများကို ဘာလို့ ဘာမှ ထိထိရောက်ရောက် တားမြစ်ပိတ်ပင် အရေး မယူရပါသလဲ။ အကယ်၍ ဦးသန်းရွှေ၏ မိသားစုကို ထိုသို့ ပျက်လုံးမျိုး ထုတ်မည်ဆိုလျှင် ဘယ်နှစ်နှစ် ထောင်ချနိုင်ပါသလဲ ..... ဗုဒ္ဓဘာသာနဲ့ ဦးသန်းရွှေ မိသားစု ဘယ်သူပိုမြတ်သလဲဆိုတဲ့ မေးခွန်းလေး ရင်ထဲမှာပေါ်လာပါတော့တယ်။ထိုအချက်ကိုကြည့်လျှင် ဦးသန်းရွှေသည် ဗုဒ္ဓသာသနာကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာကို သိသာနိုင်ပါတယ် ခင်ဗျာ။ဦးသန်းရွှေမိသားစုနဲ့ ဗုဒ္ဓဘာသာ ဘယ်သူ ပိုမြတ်ပါသလဲ ..........
Post a Comment
အီးမေးလ် လိပ်စာ ဖြည့်ပါ။
0 comments:
Post a Comment