Wednesday, August 13, 2008

ပျောက်ဆုံးသွားသော ကချင်ကျောင်းသူ အလောင်း စစ်တပ်ဂိတ်အနီး တွေ့ရှိ အရေးယူမှု မရှိသေး၍ ဒေသခံများ မကြေလည်

သတင်းနှင့်မီဒီယာ ကွန်ယက်။
သြဂုတ်လ ၁၁ ရက်၊ ၂၀၀၈ ခုနှစ်။

စစ်တပ်ဂိတ်အနီး အလောင်းပြန်တွေ့ခဲ့သည့် ကချင် ကျောင်းသူလေး သေဆုံးမှုနှင့် ပတ်သက်၍ ၁၀ ရက် ကျော် ကြာလာသော်လည်း သက်ဆိုင်ရာက ယခုချိန်ထိ ထိရောက် သော အရေးယူမှုများ မရှိသေးသဖြင့် ဒေသခံများ က အားမလို အားမရဖြစ်နေကြသည်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နန်ဆိုင်ကျေးရွာနေ အသက်(၁၅)နှစ်အရွယ်ရှိ ရှစ်တန်းကျောင်းသူ မအင်ခွန် ခေါင်ဒင်းသည် ဇူလိုင်လ(၂၇)ရက်နေ့က လယ်တောသို့ သွားစဉ် ပျောက်ဆုံးသွားသဖြင့် ဒေသခံလူထုက ရှာဖွေ ခဲ့ရာ ဇူလိုင်(၃၀)ရက်နေ့တွင် နအဖစစ်တပ်၏ ဂိတ်အနီး၌ မြေမြှုပ်ထားသော အလောင်းကို ပြန်တွေ့ခဲ့သည်။

ခမရ(၄၃၇)၏ အကောက်ခွန်ဂိတ်အနီးတွင် ဒဏ်ရာများဖြင့်သေဆုံးနေသည့် ရုပ်အလောင်း တွေ့ခဲ့ရသည်နှင့် ပတ်သက်၍ နန်ဆိုင်ရွာသားများနှင့်နီးစပ်သူ လိုင်ဇာမြို့မှ ကချင်လူငယ် တဦးက ယခုလို ပြောသည်။

“ရှာတွေ့တော့ အလောင်းက ခေါင်းမှာတွေလည်း ရိုက်ထားပြီး ကွဲနေတယ်။ မျက်စိတွေလည်း နှစ်ဖက် လုံးဖောက်ထားတယ်။ ချိုင်းကြားမှာတွေလည်း အချွန်တွေနဲ့ ထိုးထားတယ်။ အကုန်လုံးရစရာမရှိ အောင်လုပ်တယ်။ အခုအလောင်းကို ရှာရတဲ့နေရာက တရုတ်ပြည်ကို ကျွဲ၊ နွားတွေပို့တဲ့ လမ်းဘေး နားမှာ သူတို့နအဖစစ်တပ်ကနေ အကောက် ခွန်ကောက်တဲ့နေရာနဲ့ ပေနှစ်ရာ လောက်ဝေးတဲ့နေရာ မှာ မြုပ်ထားတာ တွေ့ရတယ်။ အဲဒီမနက်က စစ်သားနှစ်ယောက်က ရပ်နေတယ်။ အဲဒီပတ်ဝန်းကျင် ရှိမှာဘဲဆိုပြီး ရှာတယ်။ ရှာတော့ ဒီမှာက တွေ့နေတယ်။”

Please do not click on READ MORE if you are under age of 18 or have a heart condition.


အသတ်ခံလိုက်ရသူ ကချင်အမျိုးသမီး ပျောက်ဆုံးသည့် နံနက်ပိုင်းက လမ်းခုလတ်တွင် ခမရ(၄၃၇)စစ်တပ်မှ တပ်ကြပ် အေးသိန်းနှင့်စစ်သားနှစ်ဦး သူမအား နောက်မှ လိုက်နေသည်ကို ကျေးရွာသားအချို့က တွေ့ခဲ့ရသည် ဟု သူက ပြောသည်။

ကချင်အမျိုးသမီး အသတ်ခံရမှုနှင့်ပတ်သက်၍ မိုးမောက်ရဲစခန်းကို တိုင်တန်းထားသော်လည်း ခိုင်လုံသည့် သက် သေ မရှိ၍ ဆက်လက် အရေးယူခြင်းမရှိသည့်အကြောင်း ၄င်းက ဆက်ပြောသည်။

“အလောင်းကို တွေ့တဲ့နောက်ပိုင်းမှာ ရဲစခန်းကို သွားတိုင်တယ်။ ရဲစခန်းက သက်ဆိုင်ရာကို တင်ပြ တယ်။ တင်ပြတော့ သူတို့က သက်သေခံပြပါလို့ ပြောပြတယ်။ အဲဒါ ဘာမှ စစ်ဆေး အရေးယူခြင်း မရှိဘူး။ရွာသားတွေတွေ့တာကတော့ စစ်တပ်က လူတွေ လိုက်တယ်ဆိုတာတွေ့တယ်လေ၊ နောက်ဆုံး အခြေအနေက။”

အမျိုးသမီးမှာ အဓမ္မပြုကျင့်ခံရပြီးနောက် အသတ်ခံရခြင်းဖြစ်နိုင်သည်ဟု ဒေသခံများ အနေဖြင့် ယူဆနေသော် လည်း အာဏာပိုင်များ အနေဖြင့် လူသေအလောင်းအား ဆေးစစ်ဆေးမှုမရှိကြောင်း ဒေသခံများကပြောသည်။



ရက်စက်စွာမုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရသော ကလေးငယ် အင်ခွန်ခေါင်ဒင်း၏ အလောင်း

0 comments: