Friday, May 2, 2008

ဆန္ဒမဲပေးခွင့်ရှိသူစာရင်းကို ဆန္ဒခံယူပွဲမကျင်းပမှီ တစ်ပတ်အလိုတွင်ကြေညာမည်

နအဖတဖက်သတ်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နှင့်ပတ်သက်၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို လာမည့် မေလ ၁၀ ရက်(စနေနေ့)တွင်ကျင်းပမည်ဖြစ်ရာ ဆန္ဒခံယူပွဲမကျင်းပမီ တစ်ပတ်အလိုတွင် ဆန္ဒမဲပေး ခွင့်ရှိသူစာရင်းများကို အများပြည်သူတို့သိရှိနိုင်စေရန် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သည်ဟု ပြည်တွင်း ထုတ်ဂျာနယ်များတွင် ရေးသားဖော်ပြထားသည်။

ယင်းသို့ကြေညာရာတွင်လည်း ဆန္ဒမဲပေးခွင့်ရှိသူများသိသာနိုင်စေရန် အသံချဲ့စက်ဖြင့်ကြေညာပေးခြင်း ဖြင့်သော်လည်းကောင်း၊ မဲစာရင်းကပ်၍သော်လည်းကောင်း (သို့မဟုတ်) အခြားတစ်နည်းနည်းဖြင့်သော် လည်းကောင်း ကြေညာပေးသွားမည်ဖြစ်ကာ ဆန္ဒမဲပေးပွဲတွင် ပါဝင်ခွင့်ရှိပါလျှက် အဆိုပါမဲပေးခွင့်ရှိသူ စာရင်း တွင် မိမိအမည်ပါဝင်ခြင်းမရှိပါကလည်း ခုနစ်ရက်အတွင်းတွင် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများသို့တင်ပြ အကြောင်းကြားနိုင်ကြောင်းဖော်ပြထားသည်။

နအဖထုတ်ပြန်ထားသော မဲဆန္ဒပေးခြင်းဆိုင်ရာစည်းကမ်းဥပဒေစာအုပ်အစိမ်း အခန်း(၂) မဲစာရင်းများ ပြုစုခြင်း၊ နည်းဥပဒေပုဒ်မ(၄)အရ ဆန္ဒမဲပေးသူများ အနေဖြင့် ဆန္ဒမဲ လက်မှတ်ပေါ်ရှိ သတ်မှတ်နေရာများတွင် ထောက်ခံလျှင် (အမှန်အမှတ်အသား) ခြစ်၍သော်လည်းကောင်း၊ မထောက်ခံလျှင် (ကြက်ခြေခတ်အမှတ်အ သား)ခြစ်၍သော်လည်းကောင်း၊ လွတ်လပ်စွာမဲဆန္ဒပေးနိုင်ကြသည်ဟု ထုတ်ပြန်ထားသော်လည်း မထောက်ခံပဲ ကန့်ကွက်မဲပေးမည့်သူများကို ယခုကတည်းက ကြံ့ဖွတ်နှင့်စွမ်းအားရှင်တို့ကရန်ရှာခြိမ်းခြောက်လျှက်ရှိကြောင်း သိရသည်။

0 comments: