Friday, May 2, 2008

ဆန္ဒခံယူပွဲရလာဒ်များကို ယင်းနေ့၌ပင် ထုတ်ပြန်ကြေညာမည်မဟုတ်ရန်ကုန်တိုင်း ကော်မရှင်အဖွဲ့ ဥက္ကဌ ဦးလှစိုးပြောဆို

ဖိုးဝအင်တာနက်စာမျက်နှာမှ-

လာမည့်မေလ(၁၀)ရက်နေ့တွင်ကျင်းပမည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲများကိုရေတွက်သွားမည်ဖြစ် သော်လည်း ရလာဒ်များကိုမူ (၁၉၇၄)ခုနှစ်ကကျင်းပခဲ့သည့် ဆန္ဒခံယူပွဲနည်းတူပင် အများပြည်သူသို့ ယင်းနေ့ မှာပင် ချက်ချင်းထုတ်ပြန်ပေးသွားမည်မဟုတ်ကြောင်း၊ ရန်ကုန်မြို့ဇေယျာသီရိဗိမာန်တွင်ကျင်းပခဲ့သည့် ဆန္ဒခံ ယူပွဲကျင်းပရေးနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိစီးပွားရေးလုပ်ငန်းရှင်ကြီးများသို့ ရှင်းလင်းပွဲတွင်ရန်ကုန်တိုင်း ကော် မရှင်အဖွဲ့ဥက္ကဌဦးလှစိုးက အတိအလင်းထုတ်ဖော်ပြောကြားသွားခဲ့တယ်လို့ ဖိုးဝအင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

အဆိုပါရှင်းလင်းပြောကြားပွဲသို့ စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များမှ စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရမ ဟုတ်သော အဖွဲ့အစည်း (NGO)များမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ရှိ တက္ကသိုလ်များမှ ပါမောက္ခများနှင့် သက်ဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးလှစိုးက ရန်ကုန်တိုင်းအတွင်း ဆန္ဒမဲ ပေးခွင့်ရှိသူ ၄.၆သန်း ရှိကြောင်းကိုလည်း ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

ထို့အပြင် ရပ်ကွက်ပေါင်း(၁၂၇၃)ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသောရန်ကုန်တိုင်းအတွက် မဲရုံပေါင်း (၂၅၀၀) ကျော်ကိုဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါမဲရုံများမှထွက်ရှိသောမဲများအား ‘ထောက်ခံမဲ‘၊ ‘ကန့်ကွက် မဲ‘၊ ‘ပယ်မဲ‘စသည်ဖြင့်စိစစ်ခွဲခြားကာ အဆင့်ဆင့်သော လုပ်ထုံးလုပ်နည်းများနှင့်အညီပင် ပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲကျင်းပရေးကော်မရှင်ထံသို့သာ တိုက်ရိုက်တင်ပြသွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြား ခဲ့တယ်လို့ အဆိုပါဖိုးဝအင်တာနက်စာမျက်နှာမှာ ရေးသားတင်ပြထားပါတယ်။

0 comments: