Saturday, May 10, 2008

လေဘေးဒုက္ခသည်များထံ ထောက်ပံ့သောစားနပ်ရိက္ခာများမရောက်ရှိခြင်း




nadis မုန်တိုင်းကြောင့် သိန်းပေါင်းများစွာသော ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ ပြီး လူပေါင်းတသိန်းနီးပါးခန့်သေဆုံးခဲ့ရသောအဖြစ်အပျက်အပြီး တပတ်ခန့်အကြာတွင် လေဘေးဒုက္ခသည်များမှ မိမိတို့ထံစားနပ်ရိက္ခာများ လုံးဝရောက်ရှိမလာ၍ စားရေးသောက်ရေး အခက်အခဲအရမ်းဖြစ်နေလျှက်ရှိပါသည်။
လက်ရှိဒုက္ခသည်များ၏ ရင်ဖွင့်သံ။ ။ ကျမ မိသားစုရဲ့ အလောင်းကို ပြန်မတွေ့ရတော့ဘူး။ အသက်လျှင်လျှက်ဆိုလို့ ကျမနဲ့ ကလေးတယောက်ဘဲကျန်တော့တယ် ၊ အခု အိပ်စရာနေရာလည်းမရှိ ဟု ၀မ်းပမ်းတနည်းငိုကြွေးပြောဆိုပါသည်။

နောက် ဒုက္ခသည်တဦးကတော့ နေစရာမိမိအိမ်ပျက်ဆီးသွား၍ မပျက်ဆီးဘဲကျန်ရှိနေသော မိမိ၏ ၀က်ထည့် သော ၀က်အိမ်ကလေးတွင်နေထိုင်ရကြောင်းဝမ်းပန်းတနည်းပြောပါသည်။

နောက်တဦးကတော့ “ကျနော်တို့ မနက်အိပ်ယာထမိုးလင်း လို့ စားလိုက်ရတဲ့ အစာ ဟာ ဒီနေ့အတွက် နောက်ဆုံးအစားအစာပါ။ ဒီညစားဖို့ လုံးဝစားစရာမရှိပါဘူး ” ဟုပြောခဲ့ပါသည်။

လက်ရှိတွင် စစ်အာဏာရူးအစိုးရသည် ငွေနှင့် အထောက်အပံ့ပစ္စည်းများ စားနပ်ရိက္ခာများကို လက်ခံပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လိုသော အမေရိကန်အပါအ၀င် အနောက်နိုင်ငံရှိလူများအား ပြည်တွင်းသို့ဝင်ရောက်မလာစေရန် အသည်းအသန်ကြိုးပမ်းလျှက်ရှိသည်။

အဘယ့်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ချင်သူများအား မြန်မာပြည်တွင်းသို့ ပေးမ၀င်ချင်ရခြင်းအကြောင်းရင်းတရပ်မှာ မနက်ဖြန် (၁၀)ရက်နေ့တွင်ပြုလုပ်မည်ဖြစ်သော ဆန္ဒခံယူပွဲ တွင် နိုင်ငံခြားတိုင်းပြည်ပြင်ပမှလူများ မဲဆန္ဒပေးပွဲသတင်းများ၊ မသမာမှုများကို မျက်မြင်တွေ့ရှိ သတင်းရယူမည်ကို မလိုလားသောကြောင့်ဖြစ်သည်။ လက်ရှိတွင် အမေရိကန် ရေတပ်ကယ်ဆယ်ရေးအဖွဲ့မှလည်း မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ကယ်ဆယ်ခွင့်ရရန် တောင်းဆိုလျှက်ရှိပါသည် ။ အမေရိကန်အစိုးရဖက်မှ ပေးလှူမဲ့ ဂျပန်ယန်းငွေ (၃) ကုဋေနဲ့ညီမျှတဲ့ အကူအညီ ကို လက်ခံရန် ငြင်းပယ်ခဲ့ပါသည်။ ဒီလို လက်မခံချင်းဟာ အမေရိကန်ကို မဟာရန်သူတော်တိုင်းပြည်အဖြစ် သတ်မှတ်ထားတာကြောင့်ဟု ယူဆပါသည်။

မှတ်ချက်။ ။ဂျပန်သတင်းဌာနမှ သတင်းကို မြန်မာဘာသာဖြင့် ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

0 comments: