Wednesday, April 2, 2008

ဒီ T - shirts ကို ၀ယ်၍ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးကြစို့


Creator- Itoo seikoo

ဒီ T - shirts ကို ၀ယ်၍ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးကြစို့ဟူသော ခေါင်းစဉ်ဖြင့် ဂျပန်လူမျိုးတဦးဖြစ်သူ Mr. Itoo seikoo ( MAINICHI SHINBUN Company(Editor in chief) မှ ကိုယ်တိုင်ဖန်တီးဒီဇိုင်းပြုလုပ်ထားတဲ့ တီရှပ်အင်္ကျီကို ဂျပန်နိုင်ငံတွင် မြန်မာ့ဒီမိုကရေစီရေးအတွက် ရံပုံငွေအဖြစ် ရောင်းချသွားမည်ဖြစ်ကြောင်းသိရပါသည်။

သူဟာပြီးခဲ့တဲ့ နှစ် စက်တင်င်္ဘာလအရေးအခင်းမှာ စစ်အစိုးရက မြန်မာ သံဃာတော်များ၊ ပြည်သူများကို ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်နေတာကို ကိုယ်တိုင်မျက်ဝါးထင်ထင် သတင်းမီဒီယာမှ တွေ့ရှိခဲ့ပြီး သှူု့အနေဖြင့်တော်တော်ဒေါသထွက်ခြဲ့ပီးသူရဲ့ ကိုယ်ပိုင် ဘလော့မှာလည်း မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်ရေးသားထားကြောင်းပြောပြပါသည်။ ဒီတီရှပ်အင်္ကျီကို ဆိုဒ်အမျိုးမျိုးဖြင့် ဂျပန်ယန်းငွေ ယန်း (၃၈၀၀) ဖြင့် ရောင်းချမည်ဖြစ်ပြီး ရရှိသောငွေများကို နော်ဝေး အခြေစိုက် (Democratic Voice of Burma)သို့ ရံပုံငွေအဖြစ် လှူဒါန်းမည်ဖြစ်ပါသည်။


နောက်ထက်သတင်းအရ Mr. Itoo seikoo ဦးဆောင်ပြီး ဂျပန်မှ နံမည်ကြီး ဂျပန်အဆိုတော် PUFFUY ရဲ့ PRODUCERဖြစ်တဲ့ Okuda Tamioနဲ့ အတူ အဆိုပါ တီရှပ်အင်္ကျီကိုဝတ်ဆင်ပြီး၊တေး ဂီတ (live show)ပြုလုပ်မည်ဖြစ်ကြောင်းသိရပါသည်။
၂၀၀၇ခုနှစ် အောက်တိုဘာလကဖြစ်ပွားခဲ့တဲ့ မြန်မာပြည်က ရွှေဝါရောင်သံဃာသပိတ်မှာ နအဖ စစ်တပ်ရဲ့ ရက်ရက်စက်စက်ပစ်ခတ်နှိမ်နင်းမှုကြောင့် သံဃာတော်များ၊ ပြည်သူပြည်သားများနှင့် ဂျပန်လူမျိုးသတင်းထောက် နဂါအိခန်းဂျိလည်း အသက်ဆုံးရှုံးသွားရတဲ့အတွက် အခုလိုလှုပ်ရှားမှုကို ပြုလုပ်ဘို့ဆုံးဖြတ်ခဲ့တာပါလို့ ဒီလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ITO SEIkOO ကပြောဆိုပါတယ်။

0 comments: