Saturday, April 26, 2008

မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ဂျပန်ရဲများ အဓိကရုဏ်းဖြစ်ပွား




video ။ ။ maungwto

မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ဂျပန်ရဲများ အဓိကရုဏ်းဖြစ်ပွားနေပုံကို ကြည့်ရူနိုင်ပါသည်။

ယနေ့နေ့နက်ပိုင်းမှစတင်၍ ဂျပန်နိုင်ငံ နအဖသံရုံးရှေ့တွင် မြန်မာ့ဒီမိုကရေစီအင်အားစုများစုရုံး၍ နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေအား ကန့်ကွက်ဆန္ဒပြခဲ့ကြပါသည်။ မြန်မာဒီမိုကရေစီ အင်အားစုများကလည်း မဲပေးနိုင်ရန်အတွက် မိမိတို့၏ pasportများဖြင့် ကန့်ကွက်မဲပေးရန် စံနစ်တကျတန်းစီစောင့်ဆိုင်းနေခဲ့ကြသော်လည်း ၀င်ခွင့်မရအောင် ဂျပန်ရဲများနှင့် သံရုံးဝန်ထမ်းများက လုပ်ဆောင်ခဲ့ကြပါသည်။ နေ့လည်ပိုင်း ၂-နာရီခန့်တွင် ဂျပန်ရဲများနှင့် အပြန်အလှန်စကားများကြပြီး ဂျပန်ရဲများက အင်အားသုံးလူစုခွဲရန်ပြုလုပ်စဉ် အပြန်အလှန် ကိုယ်ထိလက်ရောက် တွန်းထိုးတိုက်ခိုက်မှုများအထိ ဖြစ်ခဲ့ပါသည်။
ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်အတွင်း ဆန္ဒပြသူများအထဲမှ(၁၂)ယောက်မှာ မူးလဲမလိုဖြစ်နေပြီး ထိခိုက်ဒဏ်ရာရ၍ ဆေးရုံသို့ခေါ်ဆောင်သွားကြပါသည်။

ဆန္ဒမဲ လာပေးသူတို့ကို အင်အားသုံးလူစွဲခွဲခဲ့သဖြင့် မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူများက “နာဂအိကို သတ်တဲ့ ကိစ္စ မေ့သွားပြီလား” ၊ “ဂျပန်ရဲနဲ့ နအဖစစ်အစိုးရ အတူတူပဲ” စသည့် ကြွေးကြော်သံများအော်ဟစ်ကာ ဂျပန်ရဲများကို ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

တိုကျိုမြို့ မြန်မာသံရုံး၌ ဆန္ဒမဲ ပေးပွဲကို ဧပြီ (၂၆) နှင့် (၂၇) ရက်တို့တွင် နံနက် (၈) နာရီခွဲမှ ညနေ (၆) နာရီခွဲထိ မဲပေးနိုင်ပြီး မဲပေးရာတွင် သံရုံးမှ ပေးပို့သော ဆန္ဒမဲပေးရန် အကြောင်းကြားစာမူရင်းနှင့် မှတ်ပုံတင်သို့မဟုတ် ပတ်စ်ပို့ ယူဆောင်လာရမည်ဟု သံရုံးက ကြေညာ ထားသည်။ ။

နောက်ဆုံးရရှိသောသတင်းအရ အန်လ်ဒီ (L.A) မှ ကို လင်းအောင်အား ဂျပန်ရဲမှ ပြန်လည်၍ ကိုယ်ထိလက်ရောက်တိုက်ခိုက်သည်ဆိုပြီး ဖမ်းဆီးသွားကြောင်းသိရှိရပါသည်။ ဒီနေ့ဆန္ဒပြသူ စုစုပေါင်း အင်အား (၃၀၀)နီးပါးခန့်ရှိကြောင်း သိရှိရပါသည်။

1 comments:

myanmarpyi said...

ဂျပန်ရဲနှင့်မြန်မာများဆန္ဒပြရုံနှင့်ပြဿနာမတက်နိုင်ပါ ..
နိုင်ငံခြားရောက်မြန်မာများနှင့်နိုင်ငံခြားအစိုးရများကြားနားလည်မှုလွဲစေရန်
စစ်အစိုးရနှင့်သံရုံးများယုတ်မာစွာလုပ်နေပြီဟုထင်သည် ၊
(ဘာသာစကားကျွမ်းကျင်သူများ)
ဦးဆောင်ဖြေရှင်းပေးကြပါရန်myanmarpyi blog မှမေတ္တာရပ်ခံအပ်ပါသည် ၊