Sunday, April 6, 2008

နအဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲသို့ ဂျပန်လွှတ်တော်အမတ်များအသင်းမှ သွားရောက် လေ့လာမည်




လာမည့်မေလတွင်ကျင်းပမည့် နအဖ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ လူထူဆန္ဒခံယူပွဲကို ဂျပန်လွတ်တော်အမတ်များအသင်းမှ အလွှတ်သဘောအနေဖြင့် သွားရောက်လေ့လာမည်ကြောင်း ဂျပန်လွှတ်တော်အမတ်များအသင်း၏ အထွေအထွေအတွင်းရေးမှူးလည်းဖြစ်၊ အောက်လွှတ်တော်အမတ်လည်းဖြစ်သူ Mr.Masaru Nakagawaက ယနေ့(မတ်လ ၆ ရက်နေ့)တွင်ပြုလုပ်သည့် တိုကျိုမြို့၊ ရှီဘူယအရပ်ရှိ အအိုးယာမ တက္ကသိုလ်တွင် မြန်မာဒုက္ခသည်ဆိုင်ရာဆွေးနွေးပွဲတရပ်ပြုလုပ်၍ ပြောကြားလိုက်သည်၊

၎င်းတို့အနေဖြင့် သံဃာသပိတ်တော်လှန်ရေးအပြီး လူ့အခွင့်အရေးချိုးဖောက်မှု များနှင့် ဂျပန်သတင်းထောက် Kanji Nakai Sanအသတ်ခံရမှုကိစ္စနှင့်ပါတ်သတ်၍ မြန်မာနိုင်ငံသို့သွားရောက်ရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ထို့ကြောင့် ထိုင်နိုင်ငံမှတဆင့် မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများသို့သာ သွားရောက်လေ့လာခဲ့ရကြောင်း၊ ယခုမေလတွင်ကျင်းပပြုလုပ်မည့် နအဖစစ်အုပ်စု၏ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လူထူဆန္ဒခံယူပွဲပြုလုပ်မည်ဖြစ်ရာ ၄င်းတို့ဂျပန်လွတ်တော်အမတ်များအသင်းမှ အလွတ်သဘောအနေဖြင့် သွားရောက်လေ့လာမည် ဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲတွင်ပြောကြားခဲ့သည်၊ရွှေဝါရောင်တော်လှန်ရေးအပြီး နယ်စပ်သို့ထွက်ပြေးတိမ်းရှောင်လာသူများနှင့် တိုင်းရင်းသားဒုက္ခသည်များကို နိုင်ငံတကာမှခေါ်ယူလျှက်ရှိရာ ဂျပန်နိုင်ငံအနေဖြင့်လည်း နိုင်ငံတကာနည်းတူ ခေါ်ယူရန် ထိုင်းမြန်မာနယ်စပ်သို့ ဂျပန်လွှတ်တော်အမတ်များအသင်းနှင့် ဂျပန်အလုပ်သမားသမဂ္ဂတို့မှ သွားရောက်စစ်ဆေးခဲ့ပြီး ဥပဒေတရပ်ရေးဆွဲပြဌာန်းကာ ခေါ်ယူနိုင်ရန်ကြိုးပမ်းလျှက်ရှိကြောင်း သတင်းရရှိသည်၊

ပေးပို့သူ-သန့်မျိုးထွေး(မိုးသောက်ကြယ်)

0 comments: