ကမ္ဘာကြီးပူနွေးလာနေမှုနှင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီးပြုန်းတီးနေမှုကို ထိန်းသိမ်းပြုလုပ်ဖို့ G-20 လို့အမည်တပ်ထားတဲ့ စက်မှုဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ ၂၀ ကျော်မှ နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးကို ဂျပန်နိုင်ငံ၊ ချီးဘခရိုင်ရှိ Makuhari International Conference Hallတွင် ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံရောက် မြန်မာဒီမိုကရေစီရေးလှုပ်ဆောင်နေကြသူများက မြန်မာပြည်တွင်း သဘာဝသစ်တောများ ခုတ်လှဲရောင်းစားခံနေရမှုနှင့်၊ သံလွင်မြစ်တလျှောက်ပတ်ဝန်းကျင်မှ သဘာဝအလှများ ဖျက်ဆီးခံနေရမှုများကို အကာအကွယ်ပေးရန် သွားရောက်လှုံ့ဆော်ခဲ့ကြပါတယ်။
အဆိုပါလှုံ့ဆော်ခဲ့ကြသူများက မြန်မာပြည်အခြေအနေအကြောင်းများ၊ သဘာဝသယံဇာတများနှင့် သစ်တောများကို စစ်တပ်အင်အားဖြည့်တင်းဖို့ တရုတ်နိုင်ငံသို့ လက်နက်နှင့်လဲလှယ်နေမှုများ၊ မဲခေါင်မြစ်ဝှမ်းတလျှောက် သဘာဝအလှများကို ဥပဒေမဲ့ဖျက်စီးနေများနှင့် တိုင်းရင်းသားလူမျိုးစုများကို နှိပ်စက်ညှင်းပန်းသတ်ဖြတ်နေမှုများအကြောင်းတို့ကို ဂျပန်-အင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးသား၍ ဖြန့်ဝေခြင်း၊ ပိုစတာများကိုင်ဆောင်၍ တောင်းဆိုခြင်းများပြုလုပ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
ပေးပို့သူ- မင်းညိုဝမ်း(MTK)
Sunday, March 16, 2008
G-20 အစည်းအဝေးတွင် မြန်မာပြည်အကြောင်း စာရွက်ဖြန့်ဝေ
သတင်းတင်သူ...
thanhtut
at
11:13 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment