Sunday, March 16, 2008

နအဖကြေငြာချက်များအပေါ် ဂျပန်နိုင်ငံရှိ ဒီမိုကရေစီအင်အားစုများ ဆန့်ကျင်ကန့်ကွက်ပွဲပြုလုပ်

နအဖရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပါတ်သတ်၍ ထုတ်ပြန်ကြေငြာထားသည့် ကြေငြာချက်အမှတ်(၁/၂၀၀၈)နှင့် (၂/၂၀၀၈)တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှကြီးမှူး၍ ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲတရပ်ကို တိုကျိုမြို့၊ အီကဲဘုခုရိုရှိ ကူမင်းစင်တာ (၄)ထပ်တွင် ပြုလုပ်ကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဥက္ကဌ ဦးသန့်ဇင်ဦးမှ သဘာပတိအဖြစ်ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ဦးသောင်းမြင့်ဦးမှဆောင်ရွက်ကာ ဂျပန်ရှိ ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ တိုင်းရင်းသားအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်လာတာကို မြင်တွေ့ရပါတယ်။

တက်ရောက်လာကြသူများမှ နအဖစစ်အစိုးရ ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လာမည့်မေလတွင် လူထုဆန္ဒခံယူပွဲပြုလုပ်ရန်အတွက် ထုတ်ပြန်ကြေငြာခဲ့ခြင်းအပေါ် တရားမျှတမှုမရှိသည့်အပြင်၊ ပြည်သူ၏စစ်မှန်သောသဘောဆန္ဒမပါရှိသည့်အတွက် ယခုအခမ်းအနားတွင် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းဆောင်ရက်နေသူများမှ တညီတညွတ်တည်း ကြေငြာချက်တရပ်ထုတ်ပြန်၍ ဆန့်ကျင်ကန့်ကွက်ခဲ့ကြကြောင်း သတင်းရရှိသည်၊

သတင်းဓါတ်ပုံ-မင်းညိုဝမ်း(MTK)၊ သန့်မျိုးထွေး(MTK)

0 comments: