Saturday, March 8, 2008

ဒီလှိုင်း၏ တဖန်


ရာဇ၀င်ကြည့်မှန်ထဲက
"ဖုန်းမော်" "တံ တားနီ"
"မြေနီကုန်း" "ရှစ်လေးလုံး"
"စက်တင်ဘာ" ဆုံးထိ၊

ကြည့် … …။

သံတိုင်နဲ့ နံရံ လေးဘက်ကြားက
တောတောင်၊ လျှိုမြှောင်တွေထဲက
ဟစ်ကြွေးသံ …

သားကောင်းမိခင်တွေရဲ့
ငိုရှိုက်သံ …

သက်မဲ့ ၀ိညဉ်တွေရဲ့
ကြိမ်းဝါးသံတွေကို နားစွင့်၊
ကြည်မြ ပီသဆဲ … …။

(ကဲ)
ပုန်းအောင်းသူတို့ မိုးပျံ
ပြည်ချစ်သူတို့ တွန်းလှန်
သမိုင်းကြွေး ဆပ်ရန်အတွက် … …။

နှစ်သစ် တပေါင်းမှာလှ
ခေတ်သစ် ပြောင်းရန်မို့
"ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူ၊
အားယူနှိုးထ တော်လှန်ကြ" ။

ရိုး(ခေတ္တရာ)

0 comments: