Saturday, March 8, 2008

တို့တာဝန်

လူထုကိုယ်စားလှယ် မဆွဲ
အခြေခံဥပဒေ ဆန္ဒခံယူပွဲ
မဲသွားမပေးကြလေနဲ့။

နိုင်လည်း မဟန်
ရှုံးလည်း ခံမို့
ငြင်းဆန်ရမှာ တို့တာဝန်ကွဲ့
တရားခံအဖြစ်မခံကြနဲ့။

စစ်ခွေးတွေရဲ့ အကောက်ဉာဏ်
တွန်းလှန်ဖို့ရာ ၀ိုင်းသပိတ်မှောက်ဟဲ့။

၉၀ ပြည်သူ့ရလဒ်ပဲ
အစဉ်တစိုက် တို့ကိုင်စွဲ
တောင်းမြဲ ဆက်တောင်းဆိုသင့်ရဲ့။ ။

မောင်လူထု (တိုက်ပွဲပျော်)

0 comments: