Wednesday, March 5, 2008

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားခြင်း

ဒီတနင်္လာနေ့ ညနေပိုင်း ကဖြစ်တောင့်ဖြစ်ခဲ သေနတ်ပစ်ခတ်မှု တစ်ခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုအကျဉ်းချထားရာ နေအိမ်အနီး ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း မှာ ဖြစ်ပွားခဲ့ပါတယ်။ အစိုးရဧည့်ဂေဟာ အနီး မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုဧည့်ဂေဟာ မှာ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရ တွေ့ဆုံရေး ဝန်ကြီး တွေ့ဆုံဆွေးနွေးလျင် အသုံးပြုနေကြ နေရာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ရဲ့ အိမ်နဲ့ မလှမ်းမကမ်းမှာ ရှိပြီး အစိုးရ မှ အမြဲတန်း အစောင့်ချထားသော နေရာလဲ ဖြစ်ပါတယ်အမည်မဖေါ်လိုတဲ့ အနီးပတ်ဝန်းကျင် မှ သူများ ပြောပြချက်အရ ဘာဖြစ်တယ် ဆိုတာတော့ အသေအချာ မပြောနှိုင်သေးပါဘူး Fuji House coffee shop ရဲ့ ပိုင်ရှင်ဖြစ်သူ ဥိးသူဇော်ရဲ့ နေအိမ်ဖြစ်ပါတယ်။

မနေ့ ညနေက ဦးသူဇော် ၄င်းရဲ့ အိမ်ကိုပြန်ချိန်မှာ ယောက္ခထီးဖြစ်သူ ဦးစောကြည်ဖေ၊ ယောက္ခမဖြစ်သူ ဒေါ်နန်းစန်းမြ၊ မိန်းမဖြစ်သူ မမြစန္ဒာ၊ ခယ်မဖြစ်သူ မနှင့်ပွင့်အေးနဲ့  အိမ်ဖေါ်ဖြစ်သူ မနော်အေးဖူးတို့  သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာတွေ့ ရတာဖြစ်ပါတယ်။ အိမ်ရှိ အတွင်းပစ္စည်းများကိုလဲ အကုန်ယူသွားတယ်လို့ သိရတာကြောင့် ဓါးပြမှု တခုလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။

နအဖစစ်အုပ်စု၏ အစောင့်အကြပ်တပ်များ ထူထပ်ရာ အရပ်သားများ သေနတ်ကိုင်ဆောင်ခွင့်မပြုသော မြန်မာပြည်ထဲတွင် အခုလို သေနတ်ပစ်ခတ်သတ်ဖြတ်မှုမှာ အံသြသင့်စရာကောင်းလှပြီး ဒေါ်အောင်ဆန်းစုကြည်၏အသက်အန္တရာယ်အတွက်လည်း စိုးရိမ်စရာကောင်းလှပါတယ်။ နောက်ဆုံးသိရသော အင်တာနက်သတင်းများအရ တရားခံကိုမဖမ်းမိသေးဘူးလို့ သိရှိရပါတယ်။

0 comments: