Thursday, March 27, 2008

မြေအောက်လှုပ်ရှားမှုကို ၈၈မျိုးဆက် ဆက်လက်လုပ်ဆောင်မည်

တချို့ ခေါင်းဆောင်တွေ အဖမ်းခံရပြီး တချို့ ခေါင်းဆောင်တွေ တိမ်းရှောင်နေ နေရပေ မဲ့ လည်း မြေအောက် လှုပ်ရှားမှုကို ဆက်လက် လုပ်ဆောင် သွားမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။မြန်မာ နိုင်ငံ တွင်း လျှို့ဝှက် လှုပ်ရှားနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောငိ တဦးဖြစ်သူ ကိုထွန်းမြင့်အောင်က ဗန်ကောက် အခြေစိုက် အေအက်ဖ်ပီ သတင်းဌာန ရဲ့ ဆက်သွယ်မေးမြန်းချက်ကို မြန်မာနိုင်ငံတွင်း တနေရာက တယ်လီဖုန်းနဲ့ ဖြေကြားရာမှာ အခုလို ပြောဆိုလိုက်တာပါ။

မိမိတို့ပြောကြားလိုတဲ့ သတင်းစကားတွေ ၊ အကြောင်းအရာတွေကို စာရွက်စာတမ်းတွေ။တီရှပ်တွေ၊အီးမေး တွေက တဆင့် လူထုထဲရောက်အောင် ဖြန့်ချီနေတယ်လို့လည်းသူကပြောဆိုပါတယ်၊လူထုကြားထဲလူထုကြားထဲ စကားပြောခွင့် မရပေမဲ့ ဗွီဒီယို ရိုက်ကူးပြီး စီဒီခွေတွေနဲ့ ဖြန့် ချီနေတယ်လို့လည်းဆိုပါတယ်။

လာမဲ့ ဆန္ဒခံယူပွဲမှာ လူထု အနေနဲ့ မဲရုံကိုသွားရောက်ပြီးရဲရဲဝံ့ဝံ့ ကန့်ကွက်မဲပေးဘို့နှိုးဆော်နေကြောင်းလည်း ကိုထွန်းမြင့်အောင်က အေအက်ဖ်ပီ သတင်းဌာန ကိုပြောဆို ပါတယ်၊ ကန့်ကွက်မဲပေးခြင်းအားဖြင့် အာဏာပိုင်တွေ အနေနဲ့ ပြည်သူလူထုကို ဖမ်းဆီးခွင့် မရှိကြောင်း လည်း သူကပြောဆိုပါတယ်။
ဒီအတော အတွင်း ၂၆ ရက်နေ့ နေ့စွဲနဲ့၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့နဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ သံယာ့ တပ်ပေါင်းစု တို့က ပူးတွဲကြေညာချက် တစောင်ထုတ်ပြန်လိုက် ပါ တယ်၊ အဲ့ ဒိကြေညာချက် မှာ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ အနေနဲ့ သူ့ရဲ့ခရီးစဉ်နဲ့ ပတ်သက်လို့လုံခြုံ့ရေးကောင်စီကို မတ်လ ၁၈ ရက်နေ့ က အစီရင်ခံ စာတင်သွင်းရာမှာ ပကတိ အခြေအနေမှန်အတိုင်း လုပ်ငန်းစဉ် မအောင်မြင်ကြောင်း တင်ပြရမဲ့ အစား လုံခြုံ့ရေးကောင်စီကို လမ်းကြောင်း သွေဖီစေပြီး စစ် အစိုးရ အပေါ် သက်သက် ညှာညှာ သဘောထား၊ ထားရှိစေခဲ့ကြောင်း၊ ဒီအတွက် မစ္စတာ ဂမ်ဘာရီရဲ့ လုပ်ရပ်ကို ကန့်ကွက်ကြောင်း ဖော် ပြထားပါတယ်။
ဒါ့ အပြင်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေ နဲ့မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ မလုပ်ဆောင်နိုင်ခြင်းအပေါ်လည်း စိတ်ပျက်မိကြောင်း ဖော်ပြထားပြီး၊ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ လုံခြုံ့ရေးကောင်စီ ကို မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မလိုက်နာမနေရ လိုက်နာရမဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပေးဘို့တောင်းဆိုခြင်းမရှိတာကိုလည်း စိတ်ပျက်လက်ပျက်ဖြစ်ရကြောင်း ဖော်ပြပါရှိပါတယ်။
source ။ ။ rfa

0 comments: