Friday, February 8, 2008

ကိုနေဘုန်းလတ်ကို ၅ ည တပ်

မဇ္ဈိမသတင်းဌာန၊ နန်းဒေဝီ/ ၆ ရက် ဇန်န၀ါရီ ၂၀၀၈ ခုနှစ် နယူးဒေလီ။ ။

ရန်ကုန်တိုင်းအတွင်းရှိ ဒဂုံမြို့နယ်ရဲစခန်းက ဘလောက်ဂါ နေဘုန်းလတ်အား အရေးပေါ် စီမံချက် ဥပဒေဖြင့် ပုဒ်မတပ်ကာ တရားစွဲဆိုလိုက်ပြီဟု မိသားစုနှင့် နီးစပ်သည့် မိတ်ဆွေများ အပြောအရ သိရသည်။ရဲက ဇန်နဝါရီလ ၂၉ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခဲ့သော စာရေးဆရာလည်းဖြစ်သူ နေဘုန်းလတ် (၂၈ နှစ်) အား ပုဒ်မ ၅ (ည) ဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားသူများနှင့် သဘောထား ကွဲလွဲသူများကို နှိမ်နင်းရာတွင် ပုဒ်မ ၅ (ည) သည် လက်နက်တခု ဖြစ်သည်။ ထိုဥပဒေအရ ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်သည်။“နိုင်ငံရေး မသင်္ကာမှုနဲ့ ဒဂုံမြို့ ရဲစခန်းကနေ ပုဒ်မ တပ်ထားတယ်။ တရားစွဲတာပဲ ဖြစ်သေးတယ်။ သူ့ကို ခေါ်သွားတဲ့ ရဲမှူးကြီး စိုးသိန်း (ရန်ကုန်တိုင်း အထူးရဲတပ်ဖွဲ့) ကနေတဆင့် ကျနော်တို့ သိရတာပါ။ ဟု သူက ပြောသည်။

အဖမ်းခံရစဉ်က နေဘုန်းလတ် မောင်းနှင်ခဲ့သည့် ဂျစ်ကားကိုမူ ရဲစခန်းမှ ယနေ့ ညနေ ၃ နာရီခန့်တွင် မိသားစုက ပြန်လည် ရရှိခဲ့သည်။“ကျနော်တို့ စောင့်ကြည့်နေတာပဲ ရှိသေးတယ်။ တလလောက်တော့ စောင့်ကြည့်မယ်။ လိုအပ်ရင် ကျနော်တို့ဘက်ကလည်း ရှေ့နေတွေနဲ့ ဥပဒေ လမ်းကြောင်းအတိုင်း လုပ်သွားဘို့တော့ အစီအစဉ် ရှိပါတယ်” ဟု အမည်မဖော်လိုသူ ကိုနေဘုန်းလတ်၏ မိတ်ဆွေတဦးက ပြောသည်။

0 comments: